ဝသန်လေချိန်မှန်ကူး - တက္ကသိုလ်ဘုန်းနိုင်

 


သစ္စာ


ငါ့စာဖတ်၍၊ မမြတ်တိုင်စေ၊ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်၊ တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ၊ တွေ့ငြားပေမူ၊ စာပေကျေးကျွန်၊ ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ်၊ ခေါင်းကိုကျော်၍၊ ငါသော်ဆရာ၊ မလုပ်ပါတည်း။


တက္ကသိုလ်ဘုန်းနိုင်


+ + + ပန်းမာလ်ဝေဆာဖူး + + + ရွှေညှာခိုင်ရည်လူး


+++ “ဝသန်လေချိန်မှန်ကူး” ပဇ္ဇုန်ကြူ းပျော်မြူ းစရွှင်၊ ဆော်ပဉ္စင်ရိုက်ညောင်း၊ နွေရာသီပြောင်း ခါမှီဝယ် +++


(မြိုင်ဂန္ဓမာယိုးဒယား)


    *** ဝသန်လေ ချိန်မှန်ကူး ***

    တက္ကသိုလ်ဘုန်းနိုင်

    

    အခန်း (၁)


လမိုက်သောညမှာ သဲသဲမဲမဲရွာနေသော မိုးကြောင့် ပိန်းပိတ်အောင် မှောင်နေသည်။


လေသံကလည်း ပြင်းလှသည်။ လေကို ခွင်းလျက် အရှိန်တကြီး ဖြတ်ဆင်း လာသော မိုးသီ မို ပေါက်တို့၏ အသံကလည်း စူးစူးရှရှ အဆက်မပြတ် မြည်နေသည်။ လျှပ်စီးတို့ တဝင်းဝင်းလက်နေသည်။ လျှပ်လက်ပြီးတိုင်း မိုးချုန်းသံတို့ တစ်လောကလုံးကိုလွှမ်းကာ တဝုန်းဝုန်း မြည်ဟည်းနေ၏။ ခပ်လှမ်းလှမ် ရှိ ရွာမွန်သာ ချောင်းတွင်းမှ တဝေါဝေါ ရေစီးသံတို့သည် မိုးသံလေသံတို့နှင့် ရောလျက်ဆူညံနေ၏။ ညွန့်မေ၏ တစ်ကိုယ်လုံးမှာ မိုးရေတို့ဖြင့် ရွှဲရွဲစိုနေသည်။ ခိုက်ခိုက်တုန် အောင်လည်း ချမ်းလှသည်။ မျက်နှာနှင့်လက်မောင်းများပေါ် လာမှန်သော မိုး သီး မိုး ပေါက် တို့၏ဒဏ်ကိုလည်း ခပ်စပ်စပ်ခံနေရ၏။


“ဘုရား ... ဘုရား”


လျှပ်စီ တစ်ချက် ရှည်စွာ လက်လိုက်သောကြောင့် ညွန့်မေသည် ထိတ်လန့်စွာ ရေရွတ်လိုက်သည်။ ရှည်ကြာသော လျှပ်ရောင်တွင် နုနုငယ်တို့၏အိမ်ပျက်ကြီးကို ထီးထီးမားမားကြီး ခေတ္တမြင်လိုက်ရ၏။ ကြောက်စိတ်သည် ညွန့်မေ၏ သန္တာန်ကို လွှမ်းခြုံလာသည်။


ညွန့်မေသည် ရှေ့ဆက်လျှောက်သည်။ စိတ်က ပြေးချင်နေသော်လည်း ပြေး၍ကမရ။ လူသည် ခြေက သယ်သမျှသာ ရွေ့လျားနေရ၏။


မကြာမီ ရေးရေးမြင်နေရသော ခင်တန်း ဆီရောက်လာ၏။ ခင်တန်း၌ ရှိသမျှသစ်ပင်တို့သည် ယိမ်းယိုင်လှုပ်ရှားကာ တဟဲဟဲတရှိရှိ အော်မြည်နေကြ၏။ လက်ပံပင်ကြီးက သီးသန့်ပေါ်လွင်နေသည်။ အခြားအပင်တို့ကဲ့သို့ ပင်စည် သည်မယိမ်းမယိုင်၊ လက်တံရှည်ကြီးများ နှင့်တူသော အကိုင်းများကိုသာ ဆန့်တန်းလျက်ခါးတစ်ဝက်လည်ချီတန့်ချီ ဖြစ်နေ၏။


တုန်လှုပ်စွာရပ်ရင်း ညွန့်မေက အသံပြုသည်။ 


“နုနုငယ်၊ နုနုငယ် ရောက်နေပြီလား”


ဖြေသံမကြားရ၊ သို့ရာတွင် လက်ပံပင်အောက် မှောင်ရိပ်၌ တစ်စုံတစ်ရာ လှုပ်ရှားလေသည်ကို တွေ့ လိုက်ရ၏။


ထိုစဉ် လျှပ်တစ်ချက်ပြက်သည်။ လျှပ်ရောင်၌ နုနုငယ်၏ သဏ္ဌာန် ထင်ရှားစွာ မြင်ရ၏။


လက်ပံပင်ရင်း၌ ပင်စည်ကို ကျောပေးလျက် နုနုငယ်ကရပ်နေသည်။ နုနုငယ်၏ အသားလေးများ သည် ဆွတ်ဆွတ်ဖြူအောင်ဖွေးနေ၏။ နက်မှောင် သောဆံပင်များသည် လေဝယ်ဝဲကာ နောက်သို့ ပျံ့လွင့်နေကြ၏။


" နု…နု…နုနုငယ်လား” 


လက်ပံပင်ရိပ်ရှိ သဏ္ဌာန်ဆီမှ ဖြေသံပေါ်လာသည်။


“ဟုတ်ပါတယ် မမညွန့်၊ နုငယ်လေ၊ နုငယ်ရယ်ပါ”


လျှပ်ရောင်မရှိပြီ၊ သို့ရာတွင် ထူးဆန်းစွာပင် နုနုငယ်၏ သဏ္ဌာန်လေးမှာ ထင်ရှားစွာ ပေါ်လွင်လျက်တည် ။


အသားလေးများက ဆွတ်ဆွတ်ဖြူလျက်၊ အို … အဝတ်အစားများကလည်း ဆွတ်ဆွတ်ဖြူလျက်။ နက်မှောင်သော ဆံပင်များကလည်း လေဝယ်ဝဲကာ ပျံလွင့်နေ ကြလျက်။


ညွန့်မေသည် ယခုမှ တစ်စုံတစ်ခုကို သတိရသွားသည်။ သတိရမိသည့် ခဏ၌ ကြက်သီးတို့လည်း ဖြန်းဖြန်းထသွား၏။ ထိန်း၍ မရအောင် တုန်ယင်သော အသံဖြင့် ပြန်မေးသည်။


“အို… ဒါပေမဲ့ ဒါပေမဲ့ … နု … နု၊ နုနုငယ်က သေပြီးပြီ မဟုတ်လား” 


ရယ်သံသဲ့သဲ့က အလျင်ပေါ်လာ၏။ ထိုနောက်မှဖြေသံ


“ဟုတ်ပါတယ်၊ သေပြီးပါပြီဒါပေမဲ့ ဒီနေရာက နုငယ်စောင့်နေတယ်။လာလေ မမညွန့်၊ နုငယ်ဆီလာလေ”


နုနုငယ်က ကြိုဆိုသည့်ဟန် လက်ကလေးနှစ်ဖက်ကို ဆန့်တန်းပြရှာ၏။ ညွန့်မေက ငြင်းပယ်သော စကားကို ဆိုကြည့်၏။ အသံက ထွက်မလာ၊ ခေါင်းသာ အကြိမ်ကြိမ်ခါနိုင်၏။ ခေါင်းခါရင်းလည်း ကိုယ်မလှည့်ဘဲ နောက်ပြန် ဆုတ်၏။


လက်ပံပင်အောက်မြေမြင့်မှ နုနုငယ်က ဆင်းလိုက်လာသည်။ အသားလေး များက ဆွတ်ဆွတ်ဖြူ ဆဲ ဖြူလျက်။ အဝတ်အစားများကလည်း ဆွတ်ဆွတ်ဖြူဆဲ ဖြူလျက်။ အို နက်မှောင်သောဆံပင်များကလည်း လေဝယ် ဝဲကာပျံလွင့်မြဲ ပျံလွင့် လျက်။


ကိုယ်မလှည့်ဘဲ ညွန့်မေက နောက်သို့သာ ဆုတ်နေသည်။ လက်ကလေးနှစ်ဖက် ရှေ့ထုတ်ဆန့်တန်းရင်း နုနုငယ်ကလည်း ဖြည်းညင်းစွာ လိုက်လာနေသည်။


ညွန့်မေသည် ကိုယ်ကိုနောက်သို့ လှည့်လိုက်သည်။ ပြေးရန်လည်း ပြင်လိုက် သည်။ ထိုစဉ်ပင် ခြေတစ်ဖက်က တွင် တစ်ခုတွင်း ကျွံမိပြီး လဲကျသွား၏။


ပြင်းထန်သော မိုးချုန်းသံ တစ်ခုကိုလည်း ကြားလိုက်ရသည်ထင်၏။ ညွန့်မေသည် ကြောက်အားလန့်အားနှင့် အော်သည်။


“ကိုဘခက် ကိုဘခက်၊ ညွန့် ညွန့် ညွန့်ကို”


ညွန့်မေသည် စကားမဆုံးနိုင်၊ သို့ရာတွင် ခိုင်မာမြဲမြံသော လက်တစ်ခုက မိမိ၏လက်မောင်းကို ဆုပ်ကိုင်ထားမှန်း ခံစားမိသည်။ ခိုင်မာမြဲမြံ၍ ပူနွေး မှန်ကန်သောလက်တစ်ခု။


အသံကလည်း ပေါ်လာ၏။


“ညွန့် ညွန့်မေ ဘာဖြစ်သလဲ၊ အိပ်မက်မက်သလား" 


စိတ်အစဉ်၏ အလွန်တိုတောင်းသော ခဏသာဖြစ်သတည်း၊ ရင်ပေါ်၌ရုပ်ဝတ္ထုကြီးတစ်ခုပမာ လေးလံစွာဖိထားသော အလုံးကြီးသည် ကျသွား၏။ ရေနစ်ရာမှ ပြန်ပေါ်လာသူကဲ့သို့ ညွန့်မေသည် လေကို တအာ ရှူရှိုက်လိုက်၏။ မိမိ၏လက်မောင်းကို ခိုင်မာမြဲမြံစွာ ဆုပ်ကိုင်ထားသော ချစ်လင်၏ လက်မှပူနွေးခြင်းကိုပိုမိုသိသာစွာ ခံစားရ၏။ ညွန့်မေသည် အသာပြုံးလိုက်ပြီး စကားဆို၏။


“ဟုတ်တယ်၊ အိပ်မက်မက်လို့ ကိုဘခက်ကို ကျွန်မခေါ်လိုက်ရတာလေအကြာကြီးပဲ၊ မကြားဘူးလား” 


“မကြားပါဘူးကွာ၊ ကြားတာကတော့ အွန့် အွန့် အိအိ အော့အော့နဲ့”


“ဒါပေမဲ့ ရှင်နိုးတယ်နော်”


 “ဟ နိုးလို့ မေးတာပေါ့ကွ၊ နိုးလို့ မေးတာပေါ့”


ညွန့်မေသည် ဒုတိယအကြိမ် ပြုံးမိပြန်သည်သူ့ကိုယ်ကို သိမ် ဖက်ပွေ့ ယူ ထားသော ဘခက်၏ လက်မောင်းတစ်ဖက်ကို ညင်သာယုယစွာ ပွတ်ရင်း ချိုသာစွာ ပြော၏။


“ရှင်သိပ် အအိပ်ဆတ်တာပဲနော်”


“ဟယ် အအိပ်ဆတ်တာပေါ့၊ ကိုယ်တို့က တပ်မတော်ကလာတာ၊ အအိပ် ဆတ်တယ်စားလည်းသတိ၊ သွားလည်းသတိအိပ်လည်းသတိအစစအရာရာ သတိနဲ့ချည်းပဲ”


“ဒါပေမဲ့ ရှင် အိပ်ပျက်တာ သုံးည ဆက်တိုက်ရှိပြီပဲ”


“တရုတ်ဖြူတွေနဲ့ တိုက်တုန်းက ဆယ့်ငါးရက်တိတိ၊ ဘုရားစူး လွတ်ရုံ အိပ်ဖူးတယ်၊ ဒါလည်း မင်းကို ပြောဖူးသားပဲ၊ ထားပါတော့လေ၊ ညွန့် ဘာအိပ်မက်မက်သလဲ၊ နေဦး ကိုယ်မီးအိမ် မြင့်လိုက်ဦးမယ်” 


ဘခက်သည် ခုတင်ပေါ်မှဆင်းပြီး မှိန်မှိန်သာထွန်းကာပိုမိုအလင်းရောင်ရရန် မီးစာမြှင့်လိုက်၏။ ထားသော ရေနံဆီမီးအိမ်ကို အပြင်ဘက်၌ မိုးသဲသဲရွာနေမှန်၊ ညွန့်မေ သတိပြုမိသည်။ လျှပ်တို့လည်းဝင်းနေ၏။ မိုးတို့လည်း ချုန်းနေ၏။


ခုတင်ထက်သို့ ဘခက်ပြန်ရောက်လာသည်။ 


“ကဲ ဆိုစမ်း ဘာအိပ်မက် မက်သလဲ”


ညွန့်မေက အသာအယာရယ်၏။


“ညွန့် ဘာရယ်တာလဲ”


“ညွန့်ပြောရင် ရှင်လည်းရယ်မှာပဲ” 


“ရယ်စရာဆိုလဲ ရယ်ပါမယ်၊ မရယ်စေချင်ဘူးဆိုလည်းမှာသာ ပြောပါဦး”


ညွန့်မေသည် ဆက်မပြောဘဲ ရယ်ပြန်သည်။


“ရော ရယ်နေပြန်ပါပြီ၊ ဘာသဘောကျလို့လဲ” 


"အိပ္မက္ကို သေဘာက်လို့ပါ”


“ဘာမက္လို့လဲ”


“နုနုငယ်ကို”


“ဟေနုနုငယ်ကို”


ညွန့်မေသည် အိပ်မက်ကို ပြန်လည်ပြောပြ၏။ ညွန့်မေ စကားဆုံးသောအခါ ဘခက်က တည်ငြိမ်စွာ မှတ်ချက်ချ၏။ 


“ညွန့်က စိတ်စွဲလို့ပါကွာ၊ အင်းလေ မိနုငယ်ကို တို့ဘယ်လိုမေ့နိုင်ပါ့မလဲ၊ညွန့်လည်း မမေ့နိုင်ဘူး၊ ကိုယ်လည်း မမေ့နိုင်ဘူး၊ ဟိုကောင်နှင်းငွေဆိုရင်တော့ဘယ်လိုရှိရှာမယ်မသိဘူး” 


ညွန့်မေသည် ဘခက်၏ရင်ခွင်၌ ခေါင်းအပ်လျက် တိုးတို ဆိုသည်။


“ညွန့်ကတော့ တစ်မျိုး ထင်တယ်”


“ဘယ်လို ထင်လို့တုံ”


“နုနုငယ် မကျွတ်ဘူးထင်တယ်”


“ဟေ”


“ဟုတ်တယ်၊ အိပ်မက်ထဲမှာ နုငယ်ကသေသေချာချာကို . ပြောတယ်၊ ကျွန်မနားထဲမှာ ကြားယောင်တုန်းပဲ၊ ဘာတဲ့ အဲဟုတ်ပါတယ်၊ သေပြီးပါပြီ၊ ဒါပေမဲ့ ဒီနေရာက နုငယ်စောင့်နေတယ်၊ အဲဒီလို ပြောတယ် ကိုဘခက်ရဲ့” 


ဤတစ်ကြိမ်တွင်မူ ဘခက်သည် သူ့ဓလေ့အတိုင်း အော်ရယ်တော့၏။


“ကြည့် ရှင်ရယ်တယ်၊ ကျွန်မစကားက ဘာရယ်စရာကောင်းလို့တုံး” 


“ရယ်စရာကောင်းတာပေါ့၊ တခြားလူက ပြောရင် ကိုယ်ရယ်ချင်မှရယ်မယ်၊ ညွန့်လို ဘီအီးဒီဘွဲ့ ရထားတဲ့ ဆရာမကြီးကပြောတော့ ရယ်တာပေါ့”


 “ဘာဆိုင်လို့တုံး”


“ဟောဗျာ၊ နို့ ညွန့်ပဲပြောတယ်၊ ညွန့်တို့စိတ်ပညာ သင်ခဲ့ရတယ်၊ ကမ္ဘာကျော် ခွဲခြမ်းစိတ်ဖြာ စိတ်ပညာဆရာကြီး ဒေါက်တာဖရွိုက်က အိပ်မက်ဆိုတာကို စိတ်စွဲလမ်း မှုရဲ့ အကျို လို့ ရှင်းပြတယ်၊ ဘာတဲ့ အဲတိုက်ရိုက် စိတ်စွဲလမ်းမှုကြောင့် မက်တာကတစ်မျိုးမသိစိတ်ရဲ့ စွဲလမ်းမှုကြောင်း ခိုးကြောင်ခိုးဝှက် ရုပ်ဖျက်ထွက်လာတဲ့ အိပ်မက်ဆိုတာက တစ်မျိုး၊ ဟုတ်စ ဆရာမကြီး ” 


ညွန့်မေက သဲ့သဲ့ရယ်၏။ အတန်ကြာမှ စဉ်းစားပြီး ဖြေသည်။


“ပါမောက္ခ ဖရွိုက်ပြောတာကလည်း ပြောတာပေါ့လေ၊ ပါမောက္ခဖရွိုက်ပြော တာသာ အမှန်လို့ ကျွန်မ ဘယ်တုန်းကမှ မပြောခဲ့ရပါလား၊ ဘုရားဟောကလည်း ရှိသေးတယ် မဟုတ်လား” 


“အိပ်မက်နဲ့ ပတ်သက်ပြီး ဘုရားဟောတာတွေတော့ ကိုယ်ဘုန်းကြီးကျောင်းသားဘဝထဲက သိပြီးပဲ၊ ပါမောက္ခဖရွိုက်ပြောတဲ့ စိတ်စွဲလမ် လို့ သွေးလေချောက်ချားလို့ မက်တဲ့ အိပ်မက်မျိုးဆိုတာလည်း ဘုရားက ဟောပြီးသားပဲ၊ အဲ …. ကိုယ်တို့ ဉာဏ် မမီလို့ ယုံရခက်တဲ့ အိပ်မက်မျိုးတွေလည်း ရှိချင်ရှိမှာပေါ့ကွာ”


“ကျွန်မလည်း အဲဒါမျိုး ပြောပြနေတာ”


“ဘာပဲဖြစ်ဖြစ် ညွန့်အိပ်မက်ကိုတော့ ပါမောက္ခဘခက် ဖတ်တတ်ပါတယ်” 


“ဖတ်တတ်ရင် ဖတ်ပြလေ”


“လွယ်လွယ်လေးပါ၊ သွေး လေ ချောက်ချာ တာလည်းပါတယ်၊ စိတ်စွဲလမ်း လည်း ပါတယ်၊ ဟိုဒင်း ဒွေးရော ဥပဒ်ရောဆိုတာလေ”


“ဆက်ပြောလေ”


“ဟိုတစ်နေ့က တံတားကြီးကျိုးပြီး လမ်းရေလျှံထဲက ညွန့်ရော ကိုယ်ရောပင်ပန်းနေခဲ့ကြရတယ်၊ ပြီးတော့ ညွန့်က အခုကျန်းကျန်းမာမာမှ မဟုတ်ဘဲ”


 “ကျွန်မ ကျန်းမာပါတယ်”


“အို ကိုယ်ပြောတာက အခုပါ၊ ပြီးတော့လည်း ညက မအိပ်ခင် ဟိုကောင့် အကြောင်း ပြောကြသေးတယ်မဟုတ်လား၊ နွေတုန်းက ရွာဝင်ပြီး ရန်ကုန်ထွက်သွား တယ်၊ အပြန်ဝင်ဦးမယ်ဆိုပြီး ပေါ်မလာဘူး၊ ဒီကနေ စကားစပ်ပြီး မိနုငယ်အကြောင်း ဆီလည်း ရောက်သွားကြတယ် မဟုတ်လား” 


ညွန့်မေသည် ဘခက်၏ ရင်ခွင်တွင် ခေါင် အပ်လျက်က စဉ်းစားရင် ငြိမ်နေသည်။


“ညွန့် ဘာငြိမ်နေတာလဲ”


“ဪ.. ကိုဘခက် ပြောတာက သဘာဝကျတော့ ကျပါတယ်၊ ဒါပေမဲ့ ကျွန်မတစ်ခု စဉ်းစားမိသေးတယ်”


“ဘာစဉ်းစားမိသလဲ”


“ဟိုဒင်းဘယ်လိုပြောရမလဲမသိဘူး”


“အို... ကိုယ်စဉ်းစားမိတာ ကိုယ်မပြောတတ်ဘူး” 


“ဆုံးအောင် နားထောင်ပါဦး၊ စကားကို လုလုပြောတယ်...”


ဘခက်သည် ဘာမျှပြန်မပြောဘဲ တဟဲဟဲသာ ရယ်နေသောကြောင့် ညွန့်မေကလည်း ပြုံးလိုက်ရပြီး ဆက်ပြော၏။


“ဒီလို ကိုဘခက်ရဲ့၊ နုနုငယ်များ ကျွန်မတို့နဲ့ လာနေချင်လားမှ မသိဘဲ”


 “ဘယ်လို ဘာပြောတယ် ညွန့်”


“ဟိုဒင်းလေ၊ နုနုငယ်က ကျွန်မ ကျွန်မ”


ညွန့်မေသည် စကားမဆက်ဘဲ ရပ်သွား၏။ ခေတ္တတွေနေရာမှ ဘခက်သည် သဘောပေါက်သွား၏။ သူသည် အော်ရယ်ဦးမည်ကြံ၏။ သို့ရာတွင် ရင်ခွင်တွင်းမှချစ်ဇနီး၏မျက်နှာလေးကို ငုံ့ကြည့်မိလျက်သား ရှိနေသည်။ ညွန့်မေ၏ အသားကလေးများမှာ ခါတိုင်းကဲ့သို့ပင် ညို၍ ညက်နေ၏။ ပို၍ထူးခြားသည်မှာ ညို၍ညက်သောအသားလေးများသည် စိုလန် ပြာမွတ်လျက် မဝင်းပပ ဝင်းပပလည်း ရှိနေသည်။ မမှိန်လွန်း မလင်းလွန်းသည့် မီးအိမ်မှ အရောင်ကြောင့် ချစ်ဇနီး၏ ဤအလှကို သူတွေ့ ရလေသည်။


ရွှေကျီးညိုမလေးဟု ငယ်စဉ်ကလေးဘဝကတည်းမှ သူမြတ်နို ခဲ့ရသော အချစ်ဦး ချစ်ဇနီး၊ သူ့ချစ်ဇနီးသည် ယခုည သို့မဟုတ်၊ နံနက်၌ ခါတိုင်းထက်ထူး၍ သိမ်သိမ်မွေ့မွေ့ လှနေ၏။


ဘခက်သည် ညွန့်မေ၏နဖူးကလေးကို ယုယစွာနမ်းလိုက်၏။ ဆံပင်များကို ပွတ်ရင်းလည်း တိုးတိုးညင်သာပြော၏။


“ညွန့်ပြောတာ ကိုယ်နားလည်ပါတယ်။ ဒါပေမဲ့ ညွန့်ရင်သွေး ကိုယ့်ရင်သွေးက လေးလ ရှိနေပြီ မဟုတ်လား၊ တစ်ယောက်အတွက် နေရာဘယ်လိုလုပ် ပေးနိုင်မလဲ၊ နေရာမရှိမှန်း သိလျက်က တစ်ယောက်ကကော မလာပါဘူး၊ စိတ်စွဲလမ်းတုန်း သွေးလေချောက်ချားတုန်း မက်တဲ့အိပ်မက်ကို မေ့ပစ်လိုက်ပါညွန့်၊ မနက်ဖြန်မှာ ဆက်လုပ်စရာတွေ ရှိသေးတယ်၊ ဒါထက်.. ညွန့်နက်ဖြန် ကျောင်းပိတ်တယ်နော်”


“ပိတ်ပါတယ်၊ ဒါပေမဲ့ ကျောင်းက ဆရာဆရာမတွေရော၊ ကျောင်းသူ ကျောင်းသားတွေရော ဒီမှာလာ လုပ်အားပေးကူညီကြမယ်၊ ခုနစ်နာရီမှာ ချိန် ထားတယ်၊ သူတို့ကို ရွာထိပ်က ကြိုရဦးမယ်”


“ဟုတ်သားပဲ၊ ကိုယ်သတိလစ်သွားတယ်၊ ဪ... ညွန့်ရေ ရောင်နီလာနေပြီ” 


အခန်းတွင်းမှ မီးရောင်သည်ဖျော့နေ၏။ အပြင်မှ အလင်းရောင်များ ထိုးဝင် လာနေပေပြီ။


ဘခက်သည် ခုတင်ပေါ်မှဆင်းပြီး ပြတင်းတံခါးတစ်ခုကို ဖွင့်လိုက်၏။ အပြင်၌ မိုးစဲနေပြီ၊ ရှမ်းတောင်တန်းကြီးများ၏ ဟိုမှာဘက် အဘယ်မျှ ဝေးသည်ဟု မသိနိုင်သော နေရာဆီ၌သာ အားပျော့သော လျှပ်ရောင်များကို တွေ့ ရ သည်။ မိုးတို့လည်း မချုန်ုး ပြီ။


နေရောင်ထိန်ထိန်ကို မမြင်ရ၊ သို့ရာတွင် မိုးစင်စင်ကာ လင်းပေပြီ။ သော၊ လတ်ဆတ်သော၊ ရေနံ့၊ မိုးနံ့ပါသောလေသည် ပြတင်းမှဖြတ်ဝင်လာ၏။ လေ၏ရနံ့ကို ရှူရခိုက်တွင် တဟဲဟဲ ဒေါမာန်ကြီးစွာ စီးဆင်းလာသော ချောင်းရေသံကိုလည်းကြားရလေသည်။


သဘာဝ၏ သာယာသော နံနက်ခင်းကို ကြည့်ရင်းသဘာဝ၏ ရိုင်းစိုင်းမှုဖြစ်သော ချောင်း ရေ၏ ဒေါသသံကို ကြားရင်း ဘခက်၏ ရင်တွင်း၌ ခံစားမှုမျိုးစုံ ပေါ်လာသည်။ ဦးနှောက်တွင်း၌လည်း အတွေးမျိုးစုံပေါ်လာ၏။ ပင်ပန်းမှုနှင့် အိပ်ပျက်ခြင်းတို့ကြောင့် နွမ်းနယ်မှုကို ခံစားနေရ၏။ အနည်း ငယ်ပင် မူးရိပ်မူးရီ ဖြစ်နေသည်။ ကိုယ်လက်အကြောအခြင်တို့မှာ အောင့်တောင့် တောင့် နာတာတာဖြစ်နေသည်။ သို့ရာတွင် နွမ်းနယ်သောခန္ဓာကိုယ်သည် ထူးဆန်းစွာ အားမူမလျော့၊ ခေါင်းတွင်း၌ မူးရိပ်မူ ရီလိုလို ဖြစ်နေသော်လည်း အာရုံအသီးသီးက လန်းဆန်း ထက်မြက်နေပြန်၏။ ပင်ပန်းနွမ်းနယ်နေဆဲမို့ နံနက်ဦး၏ အေးချမ်းသာယာမှုကို ပိုမို ထိတွေ့ ခံစားနိုင်လေသည်လော မသိ။ နံနက်ခင်း ၏အေးချမ်းသာယာမှု။ သူ့စိတ်တွင် ဤစကာ ပေါ်လာသောအခါ ဘခက်သည်ပြု မိ၏။


ချောင်း ရေ၏ ဒေါသသံကို ကြားနေရသောကြောင့် နံနက်ခင် ၏အေးချမ်း သာယာမှုဟူသော စကားသည် ရာခိုင်နှုန်းပြည့်မမှန်ဟု ဘခက်ထင်မိသည်။ ကားလမ် ပြတ်သွားပြီဖြစ်သောကြောင့် ရွာမွန်သာ တံတားကြီး၏ ဟိုဖက်သည် ဖက်တွင် ရပ်ထားကြရသည့် ကားများ၊ ရွာတွင်းရွာပြင်တွင် မိမိတို့တတ်နိုင်သမျှ နေရာချထားပေးရသော ခရီးသည်များ တံတားကြီး အချိန်မီ ပြင်ပြီး၍ လမ် ပြန်ဆက်ရန် နေ့ရောညဉ့်ပါ ကြိုးစားနေကြသော ပြည်သူ့ လုပ်ငန်းဌာန အလုပ်သမားများ၊ လုပ်အား ပြည်သူလူထုများ၊ လုံခြုံရေးတာဝန်ခံ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အားလုံးသည် မိမိနည်းတူ ပင်ပန်းနွမ်းနယ်နေကြမည်။ ပင်ပန်းနွမ်းနယ်နေကြသော် လည်း လုပ်ငန်းမှန်သမျှကို ကိုယ့်တာဝန် ကိုယ်ကျေအောင် ဆောင်ရွက်ကြရဦးမည်။ အားလုံးသည် နံနက်ခင်း၏ အေးချမ်းသာယာမှုကို သတိပြုမိကြပါလေမည်လော။


ဘခက်သည် ဒုတိယအကြိမ် ပြုံးမိပြန်ပါ၏။


နွေတုန်းက နှင်းငွေနှင့် ပြန်ဆုံမိစဉ် မိမိကကြွားဝင့်စွာ ပြောခဲ့၏။


“စမုန်ကို တို့ဆည်တော့မယ်၊ တို့အားလုံးရဲ့ လုပ်အားနဲ့ပဲ ဆည်ပစ်လိုက်မယ်” 


ထိုစဉ်တုန်းကတော့ မာန်နှင့်အားနှင့် ကြုံးဝါးခဲ့သည်။ အမှန်မှာ အပြုလုပ်ငန်း တစ်ခုကို လုပ်ရသည်မှာ မလွယ်ပါလေ၊ ဆန္ဒစောရုံနှင့်လည်းမပြီး၊ ကာယလုပ်အား တစ်ခုတည်းနှင့်ကလည်း မပြီးနိုင်၊ မြစ်ကြီးတစ်ခုကို ဆည်ရန်မဆိုထားနှင့်၊ ချောင်းငယ် တစ်ခုကို ဆည်ရန်ကပင် ပြဿနာတို့ရှိနေ၏။ ဉာဏ အစွမ်းကလည်း လိုနေသေး၏။ ကာယအားနှင့် ဉာဏအစွမ် ကို အမြင့်ဆုံး ထိရောက်အောင် အသုံးပြုနိုင်ရေး အတွက် ဘဏ္ဍာငွေကြေးကလည်း ထင်သည်ထက် ပိုလိုနေသေး၏။ ထိုထက် ခက်သည်မှာ လူမှုရေးပြဿနာပင်ဖြစ်သည်။ အများကောင်းအောင်လုပ်တိုင်း အများကကောင်းသည်ဟု ထင်ချင်မှထင်သည်။


ဘခက် အတွေးကောင်းနေခိုက် နောက်ပါးမှ ညွန့်မေ၏ အသံပေါ်လာ၏။


“စောစောစီးစီး ဘာတွေတွေးပြီး ခေါင်းရှုပ်နေသလဲဆရာကြီး၊ မျက်နှာသစ်ဖို့ ပြင်ပြီးပြီ”


ထိုအခါမှ ဘခက်သည် ပြတင်းမှခွာပြီး အောက်ထပ်သို့ ဆင်းလာခဲ့၏။


အောက်ထပ်စာကြည့်တိုက်က ဖွင့်ပြီးပြီ၊ စာပွဲခုံများကို ဖုန်သုတ်နေသော သျှောင်တစောင်းနှင့် ဦးကြီးကို ဘခက်က နှုတ်ဆက်၏။


“အလို ဦးကြီးထွန်း၊ စောလှချည်လား”


“မစောလှပါဘူးဦးဘခက်ရာ၊ ကျုပ်အမြဲ ဒီအချိန်ဖွင့်တာပဲ” 


“ဟုတ်ပါတယ်လေ၊ ဒါပေမဲ့ တံတားကျိုးလို့ ဦးကြီးထွန်းလည်း တစ်ညလုံးပင်ပန်းခဲ့တာ၊ တစ်ခါတလေ နောက်ကျဖွင့်လို့ ကိစ္စမရှိပါဘူး”


“ဟာ ကိစ္စရှိတာပေါ့၊ စာကြည့်တိုက်ဆိုတာ လူတွေရဲ့ မျက်လုံးပဲ၊ လူတွေ မျက်လုံးဖွင့်တဲ့အချိန်မှာ စာကြည့်တိုက်လည်း ဖွင့်ပြီး ဖြစ်ရမယ်”


ဦးကြီးထွန်း၏စကားကြောင့် ဘခက်သည် သဘောကျပြီး ရယ်သည်။ ဤစကားကို ဦးကြီးထွန်းထံမှ ဘခက်မကြာခဏ ကြားရပြီးဖြစ်သည်။ ကြားရတိုင်းလည်း သဘောကျ၏။


ဘခက် ရယ်နေခိုက် ဦးကြီးထွန်းက သတင်းစာများကို ပြ၏။ 


“ညက အလုပ်မျာ းနေတာနဲ့ ကျုပ်ဒါတွေ မဖတ်ရသေးဘူး၊ အခု စောစောစီးစီး ဖတ်ချင်တယ်၊ ကျုပ်လိုပဲ တခြားလူတွေလည်း ဖတ်ချင်မှာပေါ့”


ရန်ကုန်မှ မီးရထားနှင့်ပါလာသော နေ့စဉ်သတင်းစာများသည် မြင်းလှည်းကြုံ နှင့် သာစည်မှ ရွာမွန်သာသို့ မိုးချုပ်မှ ရောက်လာရို ဖြစ်သည်။ ဦးကြီးထွန်းသည် အနည်းဆုံးသတင်းစာနှစ်စောင်ခန့်ဖတ်ပြီးမှ စာကြည့်တိုက်ပိတ်လျက် အိမ်ပြန်ရို ဖြစ်သည်။ မနေ့ညက တံတားကျို ကိစ္စ၌ ဝင်လုံးပန်းနေရသောကြောင့် သူ သတင်းစာ မဖတ်ခဲ့ရ၊ သူ့လို မဖတ်ရသေးသူများအတွက်လည်း သူကိုယ်ချင်းစာသည်။ဦးကြီးထွန်း၏ ယင်းစေတနာနှင့်ဆန္ဒကို ဘခက်ကောင်းစွာ သဘောပေါက်မိ၏။


ဘခက်သည် မျက်နှာသစ်ရန် ဆက်ထွက်လာသည်။ မျက်နှာသစ်ရန် နေရာသို့ အရောက်၌ ဘခက်သည် ပြု မိပြန်၏။ ပြုံးမိရာမှ ရင်သည် နင့်တင့်တင့်ဖြစ်သွားလျက် အပြုံ ရပ်မိပြန်သည်။


အမိုးအကာနှင့် ရေချိုးခန်းသည် သပ်ရပ်နေ၏။ ရေချို ခန်းတွင်း၌ ရေကြည် ပြည့်သောအုတ်ကန်ရှိနေသည်။ ရေချိုးခန်း၏ နောက်တွင် ဒန့်ဒလွန်ပင်တို့က စိမ်း လဲ့လဲ့လွင်နေသည်။ သင်္ဘောပင်တို့က စိမ် မြမြ မှောင်နေ၏။ ရွက်ရင့်နှင့် ရွက်နုရောသော ပျဉ်းတော်သိမ်ပင်တို့မှ အနံ့တသင်းသင်း တို့ကိုပင် ရသည်ဟု ထင်မိသည်။


ယခင်ကမူ ဤနေရာ၌ ဆိတ်ခြံသာရှိခဲ့သည်။ ဆိတ်ချေ နှင့် ဆိတ်သေးနံ့တို့က ဟောင်နေခဲ့၏။ ရေချိုးခန်းလည်းမရှိ။ ရေလှောင်ကန်လည်းမရှိ၊ ရေအိုးတစ်လုံး သာ ရှိခဲ့၏။ မိမိမိုက်နေစဉ်က အမေဒေါ်မြ ပင်ပန်းစွာ ဖြည့်ခဲ့ရသော ရေအိုတစ်လုံး ၊ အမေဒုက္ခိတဖြစ်ချိန်၌ လိမ္မာလာသော မိမိဖြည့်ခဲ့ရသော ရေအိုးတစ်လုံး၊ တစ်နွေ၌မိမိနှင့် နှင်းငွေတို့ အတူမျက်နှာသစ်ခဲ့ကြသော ရေအို တစ်လုံ၊ ထိုနွေက နှင်းငွေနှင့် အတူမိမိသည် ရွာကစွန့်ခွာ ပြေးခဲ့ရဖူးသည်။


ကြာခဲ့ပြီဖြစ်သောနှစ်များ၊ စိတ်ပျက်စိတ်ညစ်ဖွယ်လွမ် ဖွယ်ဖြစ်သောနှစ်များ ။


ယခု အမေမရှိတော့ပြီ၊ ဆေးကုမရသော ဒုက္ခိတအမေကို နောက်ပိုင်း၌ မိမိနှင့်ညွန့်မေသည် တာဝန်ကျေပွန်စွာ တတ်နိုင်သမျှ ချမ်းသာအောင် ပြုစုကံ ကြုံခဲ့ ရသေး၏။ ဤအတွက်မူ စိတ်ချမ်းသာ ရသေးသည်။ မည်သို့ဖြစ်စေ ယခုအချိန်၌ အမေတော့ မရှိတော့ပြီ။


ဪ မိနုငယ်လည်းမရှိတော့ပြီ၊ ယခင်ကအရာတို့သည် ယခုမရှိတော့ပြီ။ ယခင်အရာတို့ ယခုမရှိသော်လည်း ယခင်ဆိုသော အတိတ်သည် ရင်၌ဘာကြောင့် ရှိနေရသေးပါသနည်း။


ယခင်ကအကြောင်း များ၊ အမေ့အကြောင် များ၊ မိနုငယ်အကြောင်းများ ဒါတွေက ရင်မှာ ရှိနေသေးသည်။ ယနေ့ နံနက်၌ ပို၍ရှိနေသေးသည်။ နံနက်မလင် မီ ညွန့်မေ ထပြောသော တောက်တီးတောက်တက် အိပ်မက်ကြောင့် ပို၍ရှိနေလေ သေးသည်။ ဘခက်သည် ခေါင်းကို ခါယမ်းလိုက်ပြီး မျက်နှာသစ်ရန် ပြင်၏။ မျက်နှာသစ်ရန် ရေးချိုးခန်းတွင်းသို့ ဝင်ရန်မလိုပါ။


ရေချို ခန်းအပြင်၌ သစ်သား စင်ကလေးတစ်ခုရှိသည်။ စင်ပေါ်၌ ရေဇလုံတစ်ခု လည်းရှိသည်။ ရေဖလား တစ်လုံးလည်းရှိသည်။ ဆပ်ပြာခွက်လည်း ရှိသည်။ သွားတိုက် တင်ပြီးသား သွားပွတ်တံလည်း အဆင်သင့်၊ ရေချိုးခန်းမှသည် ဒန့်ဒလွန်ပင်ဆီ သွယ်တန်းထားသော သွပ်နန်းကြိုးပ်ါလည်း မျက်နှာသုတ်ပဝါတစ်ထည်က အဆင်သင့်။


ဘခက်သည် ကျေနပ်သွားသည်။ မိမိဘဝကိုလည်း ကျေနပ်သွားသည်။တာဝန် ကျေလှသော ချစ်ဇနီး ညွန့်မေကိုလည်း ကျေနပ်သွားသည်။ နှင်းငွေသာ အနီးရှိလျှင် “ဟေ့ကောင် နှင်းငွေ၊ ကြည့်စမ်း ကြီးပွားနေလိုက်တာ၊ ကြီးပွားနေလိုက်တာ၊ ကိုဘခက် တို့ ကြီးပွားနေပုံကလေးတွေက”ဟု ပြောချင်သည်။ ဤသို့ပြောလျှင်လည်း ကောင်း မည်မထင်။ မိမိက ရွှေကျီးညိုမကလေး၏ သက်ထား သခင်ချစ်သောလင်၊ နှင်းငွေခမျာမှာမူ။


ယုန်ဖြူမလေး နုနုငယ် မရှိပြီ။ ဆပ်ပြာဝင်သွား၍ စပ်သောမျက်လုံ ကိုပွတ်ရင်း ဘခက်သည် ရေရွတ်လိုက်၏။


“ဟယ် နှင်းငွေနဲ့ မိနုငယ်ကလည်း ခေါင်းထဲရောက်လာပြန်ပါပြီ” 


ဘခက်သည် မျက်နှာသုတ်ပဝါနှင့် မျက်နှာသုတ်လိုက်၏။ မျက်နှာသုတ်ပဝါကို လည်ပင်းတွင်ပတ်လျက် အောက်ထပ်စာကြည့်တိုက်ဆီ လာခဲ့၏။ ဦးကြီးထွန်းက သတင်းစာတစ်စောင်ကို အားရပါးရထိုင်ဖတ်နေ၏။ ဖတ်ရင်းကလည်း အလွန်သဘောကျဟန် တစ်ချက်တစ်ချက် တခွိခွိရယ်နေ၏။ စားပွဲပေါ်တွင် လက်ဖက်ရည်ကြမ်းတစ်အိုးနှင့် ပန်းကန်လုံးများ ရှိနေ၏။


ဦးကြီးထွန်းက သတင်းစာမှ မျက်နှာခွာကာ ဘခက်ကို လှမ်းပြော၏။


 “သောက်ဗျ ဦးဘခက်၊ ဦးဘခက်ရော ဆရာမကြီးရော အိပ်ရာထ နောက်ကျမှာကျုပ်သိလို့ အဖန်ကို ကျုပ်အိမ်က ကျိုလာတာ” 


“ဟုတ်လား၊ ကျေးဇူးပါပဲဦးလေးထွန်း၊ နို့ဦးလေးထွန် ကော မသောက်ဘူးလား"


“မသောက်သေးဘူး၊ ဒီမှာ ကောင်းခန်းလေး ရောက်နေလို့” 


“ဘာကောင်းခန်းလဲ”


“သိပ်ကောင်းတဲ့အခန်း၊ သိပ်ကောင်းတဲ့ငဒိုး၊ သာဂဒိုး ဆိုတဲ့ အကောင်လေ၊ သူ နာမည်ကလဲ တို့ရွာမှာရှိတဲ့ နာမည်မျိုးဟ၊ ပြီးတော့ တို့လိုပဲ သူ့ စကားပြောတတ် တယ်၊ တကယ့်အကောင်ကွာ၊ တို့အကြောင်းတွေလည်း သူတော်တော်သိတယ်၊ အဟုတ်”


ဦးကြီးထွန်းသည် သူ့သတင်းစာမှာ သူချစ်လှသော ငဒိုး၏ ဆောင်းပါးကို မြိန်ရေရှက်ရေ ဆက်ဖတ်နေလေ၏။


အပေါ်ထပ်မှ ညွန့်မေဆင်း လာ၏။ညွန့်မေလက်တွင်း၌ ပန်းကန်စောက် ဆီဆမ်းထားသော ပဲပြုတ်နှင့်ကြက်သွန်နီနံ့ မွှေးနေ၏။


“ကိုဘခက်ရေ... ပဲပြုတ်ဆီဆမ်းပဲစားတော့၊ ထမင်းကြော်ဖို့ အချိန်မရဘူး”


 “ပဲပြုတ် ဆီဆမ်းရရင်လည်း ပြီးတာပဲ၊ လာလေ … ညွန့်ပါဝင်စား”


“ဟင့်အင်း ကျွန်မ ဘုရားရှိခိုး ဦးမယ်၊ ကိုဘခက် စားနှင့်လေ” 


ညွန့်မေသည် အပေါ်ထပ်သို့ ပြန်တက်သွားသည်။


ပြည့်ဝတောင့်တင်းသော ချစ်ဇနီး၏နောက်ပိုင်းကို လှမ်းကြည့်လျက် ဘခက် သည် ဒုတိယအကြိမ် ဘဝကို ကျေနပ်မိပြန်၏။


ပဲပြုတ်ဆီဆမ်း တစ်စွန်းစားလိုက်၊ လက်ဖက်ရည် တစ်ကျိုက်စုပ်လိုက်နှင့် ဘခက်ဇိမ်တွေ့ နေ၏။


အပေါ်ထပ်မှ ကြေးစည်သံလွင်လွင်ပေါ်လာ၏။ ထို့နောက် ကြားနေကျဖြစ်သော်လည်း မရိုးနိုင်သည့် ညွန့်မေ၏ ဘုရားရှိခိုးသံ။ ထိုစဉ် ဦးကြီးထွန်းက ကပ်လာ၏


“လာ … ဦးကြီးထွန်း၊ ပဲပြုတ်ဆီဆမ်းစားဦး”


“စားပါ့မယ်၊ ဒါထက် ကဆ ဆိုတဲ့ ငနဲက ဘယ်သူလဲ”


“ဘသူ" “ဘိုးဘိုးပြောင် ကာတွန်းဆွဲတဲ့ ငတိဟာလေ”


"ကဆ”


“ဪ ကဆ၊ သိပြီ၊ သူ့နာမည် ကျော်ဆန်းတဲ့၊ ကျွန်တော်နဲ့ကြီးမှခင်ပါတယ်။ ဒေါက်တာနှင်း ငွေနဲ့တော့ ကောလိပ်ထဲက သိကြသတဲ့” 


“နေဦး ဒေါက်တာနှင်းငွေဆိုတာ ဟို တစ်နေ့က အိမ်ဆိုးဘက် သွားတဲ့သူငယ်လား”


“ဦ ကြီးထွန်းက မှတ်မိသားပဲ၊ ဟုတ်တယ် ကိုကျော်ဆန်းက တက္ကသိုလ်မှာ ဘိုင်အကျဆုံးကျောင်းသားတဲ့၊ ဒီကြားထဲက ထမင်းအငတ်ခံပြီး စွယ်စုံကျမ်းကို ငွေတစ်ထောင်နဲ့ ဝယ်သတဲ့၊ နှင်းငွေပြောပြဖူးတယ်”


“စွယ်စုံကျမ်းကို ငွေတစ်ထောင်နဲ့ ထမင်းအငတ်ခံဝယ်တယ်။ ကဆ ဆိုတဲ့အကောင်ကလေလပေးနဲ့ ဒီကောင်မဝယ်ဘူးလား”


“ဟာ ဦးကြီးပြောတာက အခု မြန်မာ့စွယ်စုံကျမ်းကြီး၊ အဲဒီခေတ်တုန်းက မပေါ်သေးဘူး၊ အင်္ဂလိပ်လို ရေးထားတဲ့ စွယ်စုံကျမ်းပဲရှိသေးတယ်၊ ဘိလပ်ပြန် တစ်ယောက်စီက သူဝယ်တာ”


“ကာတွန်းဆရာက ဘာလို့ စွယ်စုံကျမ်း ၁ယ်ရတာလဲ”


“ကာတွန်းဆရာဆိုတာက လူပြက်မဟုတ်ဘူး၊ လက်ရှိလူ ဘောင်မှာ မဟုတ်က ဟုတ်က ဖြစ်တောတွေကို တိုတိုတုတ်တုတ်နဲ့ ထိအောင်မိအောင် ဖော်ပြရတဲ့ ပညာရှိ အကောင် စား လေးမျိုးတစ်မျိုးအဲဒါကြောင့် သူစွယ်စုံကျမ်းဝယ်တာ ဖြစ်မှာပေါ့"


 ဦးကြီးထွန်းသည် ခေါင်းတညိတ်ညိတ်နှင့် စဉ်းစားပြီးနောက် “ဒီလိုဆိုတော့ ကာတွန်းဆရာဖြစ်ဖို့ကလည်း မလွယ်ပါလား”ဟု မှတ်ချက်ချသည်။


ဘခက်က ပဲပြုတ်ဆက်စားသည်ဦးကြီးထွန်းလည်း ဝင်စားသည်စားရင်းမှ ဦးကြီးထွန်းက ကောက်ကာ ငင်ကာ မေးသည်။ 


“ခုနက ဦးဘခက်ပြောတဲ့ ဒေါက်တာနှင်းငွေဆိုတာဟာ ဟို သေသွားတဲ့ကောင်မလေး နုနုငယ်ရဲ့ ရည်းစားလား” 


“အင်း ဟုတ်ကဲ့ ဟုတ်ပါတယ်၊ သူက အခု ဘိလပ်ပြန် ဆရာဝန်ကြီး”


“တော်တော် သနားစရာကောင်းတဲ့ သူငယ်ပဲ၊ သံယောဇဉ် အတော်ကြီးရှာပုံ ရတယ်၊ အဲဒီတုန်းက ကျုပ်နဲ့ အရင်တွေ့ တာ၊ ဘာတဲ့ အဲကျွန်တော် နုနုငယ်တို့အိမ်ကို သွားပါမယ်။ ဦးကြီးခင်ဗျာ တဲ့၊ သူ ထွက်သွားတော့ ရွှေမိကလဲ အူလိုက်တာ၊ မကောင်းဆိုးဝါးတွေ့တဲ့ အတိုင်းပဲကျောက်ခဲကလည်း သူ့ကို နာနာဘာဝ ထင် တာ၊ အင်း ဒါပေမဲ့ ဟိုဂူကို တွေ့ပြီးမှ အဲဒီသူငယ်တော့ နောက်တစ်ခါ ဒီရွာပြန် လာမယ် မထင်ပါဘူး။ ဘယ့်နှယ်လဲ”


“ကျွန်တော်တော့ သူပြန်လာမယ် ထင်တာပဲ”


“ဘာပြုလို့”


ဘခက်မဖြေလိုက်ရ၊ အိမ်ရှေ့ သဲလမ်း ပေါ်တွင် ဖီ ယက်ကား ကလေးတစ်စီ ထိုးဆိုက်လာ၏။


ကားပေါ်မှ လူရွယ်တစ်ဦး ဆင်းလာ၏။ သူက ဘခက်ကို လှမ်း၍ နှုတ်ဆက်သည်။


“ဘခက်ရေ၊ ဒီတစ်ခါတော့ မင်းတို့အိမ်မှာ ငါ ညအိပ်ရလိမ့်မယ်၊ ကျေနပ်ရဲ့လား”


ဘခက်က ဝမ်းသာအားရစွာဖြင့် သူ့ထံပြေးလာဆီ ကြိုသည်။ ဦးကြီးထွန်းက ထိတ်လန့်အံ့သြစွာ ရေရွတ်၏။ 


“မြတ်စွာဘုရား၊ ဟိုသူငယ် အဲ …ဒေါက် … ဒေါက် … ဒေါက်တာနှင်းငွေ ပါကလား”


•••••••••••

PDF>> https://1drv.ms/b/s!ApI9pTaAYa6fyV9keYtT50byTZWp

ရသလွင်ပြင် Facebook Page က ကူးယူဖော်ပြသည်။

ဆက်လက်ဖတ်ရန်

*** ဝသန်လေချိန်မှန်ကူး ***

တက္ကသိုလ်ဘုန်းနိုင်


       အခန်း-၁မှ၂၅ထိ( စဆုံး )

၁။https://www.facebook.com/108529964142302/posts/404628991199063/

၂။ https://www.facebook.com/108529964142302/posts/404700937858535/     

၃။https://www.facebook.com/108529964142302/posts/404773261184636/

၄။https://www.facebook.com/108529964142302/posts/405269361135026/

၅။https://www.facebook.com/108529964142302/posts/405380777790551/

၆။https://www.facebook.com/108529964142302/posts/405408517787777/

၇။https://www.facebook.com/108529964142302/posts/405547801107182/

၈။https://www.facebook.com/108529964142302/posts/405938757734753/

၉/၁၀။https://www.facebook.com/108529964142302/posts/406028437725785/

၁၀/ခ။https://www.facebook.com/108529964142302/posts/406121384383157/

၁၀/ဂ။https://www.facebook.com/108529964142302/posts/406170261044936/

၁၁/က။https://www.facebook.com/108529964142302/posts/406594257669203/

၁၁/ခ။https://www.facebook.com/108529964142302/posts/406695184325777/

၁၂။https://www.facebook.com/108529964142302/posts/406764710985491/

၁၃/က။https://www.facebook.com/108529964142302/posts/407215554273740/

၁၃/ခ။https://www.facebook.com/108529964142302/posts/407268937601735/

၁၄။https://www.facebook.com/108529964142302/posts/407826404212655/

၁၅။https://www.facebook.com/108529964142302/posts/407891810872781/

၁၆။https://www.facebook.com/108529964142302/posts/408343274160968/

၁၇။https://www.facebook.com/108529964142302/posts/408429977485631/

၁၈။https://www.facebook.com/108529964142302/posts/408485204146775/

၁၉။https://www.facebook.com/108529964142302/posts/408924777436151/

၂၀။https://www.facebook.com/108529964142302/posts/408978924097403/

၂၁/၂၂။https://www.facebook.com/108529964142302/posts/409013240760638/

၂၃။https://www.facebook.com/108529964142302/posts/409053377423291/

၂၄။https://www.facebook.com/108529964142302/posts/409091410752821/


                 ( ဇာတ်သိမ်း )

                 အခန်း (၂၅)


ရွှေတောင်မြို့ အထွက်သည် လမ်းခွဲလမ်းဆုံဖြစ်၏။ အရှေ့ဘက်လမ်းက ပေါင်းတည်ဘက်ဆီသွား၏၊ အနောက်ဘက်လမ်းက ရွှေနတ်တောင်နှင့် ညောင်စာရေးဖက်သို့ သွား၏။ဖီးယက်ကားပေါ်၌ နှင်းငွေကမေး၏။ 


“ကိုထွေးရင် ဒီလမ်းတွေမောင်း ဖူးသလား”


“မောင်း ဖူးပါတယ်ဆရာ၊ အဲ ... ဒီလမ်းဘက်မရောက်တာတော့ ၁၀ နှစ်လောက် ရှိပြီ၊ ဒါပေမဲ့ ကျွန်တော် လမ်းမှတ်မိပါတယ်”


ဖီးယက်ကားကလေးသည် အရှိန်မြန်မြန်ဖြင့် ဆက်ပြေးလာ၏။ ကုန်းမော့ကလေးများကိုလည်း တွေ့ရ၏။ ကုန်းကွေ့ ကလေးများကိုလည်းကြုံရ၏။


ရွာလေးတစ်ရွာသို့ ရောက်၏၊ ဘုရားတစ်ဆူကိုလည်း ဖူးမြင်ရ၏။ 


“ဘာရွာတဲ့လဲ ကိုထွေးရင်”


“ပျော့ခေါ်ရွာတဲ့ ဆရာ၊ ဘုရားကလဲ ပျော့ခေါ်ဘုရားတဲ့” 


“ဘာလို့ ပျော့ခေါ်ရွာလို့ ခေါ်ရတာလဲ”


“ဇာတ်လမ်းက ရှည်တယ်ဆရာ၊ သရေခေတ္တရာခေတ်က ဒွတ္တပေါင်မင်းကြီး နဲ့ ဗိဿနို မိဖုရားဆီအထိ ပြန်ပြောရမှာပဲ”


 “ပြောလဗျာ ကိုထွေးရင်” 


“ကြားဖူးသမျှ ပြောရတာဆရာ၊ ဒွတ္တပေါင်မင်းကြီးကို ဗိဿနိုး မိဖုရားကစိတ်ကောက်ပြီး ဒီဘက်ထွက်လာတယ်၊ အဲဒါ ဒွတ္တပေါင်မင်းကြီးက ချော့တော့ မိဖုရားပျော့သွားတယ်၊ အဲဒီရွာကို ပျော့ခေါ်လို့ ခေါ်တယ်၊ ပျော့ရုံတွင် မကဘူး၊ လင်နောက် ကောက်ကောက်ပါသွားတဲ့ တစ်နေရာကိုတော့ မယားပါရွာလို့ ခေါ်တယ်”


“ကိုထွေးရင်ရေ”


“ခင်ဗျာ”


“သိပ်နိမိတ်ကောင်း တယ်ဗျ”


“ခင်ဗျာ“


“သိပ်နိမိတ်ကောင်းတယ်၊ ဆက်မောင်း ကိုထွေးရင် ဆက်မောင်း” 


ကိုထွေးရင်သည် သူ့ဆရာကို လှည့်ကြည့်၏။


သူ့ဆရာကို အေးချမ်းတည်ငြိမ်၍ ဣန္ဒြေကြီးသူတစ်ယောက်အဖြစ် ယခင် အခါများက ကိုထွေးရင် တွေ့ရမြဲ ဖြစ်၏။ ယခုမူ သူ့ဆရာသည် တုန်လှုပ်နေ၏၊ မျှော်လင့်မှုတစ်ဝက်၊ စိုးရိမ်မှုတစ်ဝက်နှင့် မျက်နှာထားသည်လည်း မတည်ငြိမ်ရှာ။ “ကိုထွေးရင် နှေးတယ်ဗျာ၊ နည်းနည်းပိုမြန်မြန်မောင်းစမ်းပါ”


ကားသည် တစ်နာရီ ၃၅ မိုင်နှုန်းဖြင့် မှန်မှန်ပြေးနေခြင်းဖြစ်သည်၊ အလွန် ကောင်းလှသော မင်္ဂလာဒုံနှင့် ရန်ကုန်ကြား လမ်းမကြီးပေါ်တွင်ပင် ဤနှုန်းထက်မြန် ၍ ကိုထွေးရင် ဘယ်သောအခါကမျှ မမောင်းဖူး၊ သူ့ဆရာကလည်း ကိုထွေးရင် မောင်းသောနှုန်းကို ဘယ်သောအခါကမျှ မပြင်ခိုင်းဖူး၊ ယခုမူ သူ့ဆရာက ကား အရှိန်ကို မြှင့်ခိုင်းလေပြီ။


သူ့ဆရာစိတ်လှုပ်ရှားနေသည်ကို ကိုထွေးရင် သိသည်။ စိတ်လှုပ်ရှားလည်း လှုပ်ရှားထိုက်ပေသည်၊ သို့ရာတွင် မိမိကတော့ တည်ငြိမ်ရပေမည်။ ကိုထွေးရင်သည် သူ့ဆရာ ကျေနပ်ရုံ လီဗာကို အနည်းငယ် ပိုနင်းလိုက်


သည်ကား၏ ပြေးနှုန်းသည် တစ်နာရီ ၄၅ မိုင်ဆီသို့ တက်သွား၏။


စိတ်ပင်ပန်းမှုကို ဖြေလိုက်ဟန်နှင့် သူ့ဆရာသည် သက်ပြင်းရှိုက်လိုက်သည်၊ ထိုင်ခုံနောက်မှီထက် ခေါင် ကို လှမ် တင်လိုက်၏၊ မျက်စိကိုလည်း မှိတ်ထားလိုက်၏။ ကိုထွေး ရင်သည် မသိမသာ တိတ်တိတ်ခိုး၍ ကားအရှိန်နှုန်း ကို တစ်နာရီ ၃၅ မိုင်ဆီသို့ ပြန်ချလေ၏။


******

မနီး မဝေးရှိ တောင်ကုန်းမြင့်ပေါ်တွင် ရွှေနတ်တောင်စေတီတော်သည် သစ်လွင် နီရဲသော တန်ဆောင်းများ ခြံရံလျက် သပ္ပာယ်ဖွယ်ရာ ရွှေရောင်တဝင်းဝင်းဖြင့် တပ်တည်စံနေတော်မူ။


အင်ပင်၊ ဗန့်ဗွေးပင်၊ ပိန္နဲပင်ကြီးများတို့ကြောင့် အရိပ်အာဝါသကောင်း လှသော သာသနာရိပ်သာတစ်ခုအတွင်းသို့ ဖိနပ်ချွတ်ပြီး နှင်းငွေသည် ဝင်လာခဲ့၏။


ဟိုဟိုသည်သည် လှမ်းမျှော်ကြည့်သော နှင်းငွေသည် စံပယ်ပင်တန်းများကို ရေဖျန်းနေသော ကိုရင်လေးတစ်ပါးကို သွားမြင်၏။


နှင် းငွေ သည် ကိုရင်လေးထံ ချဉ်းကပ်သွား၏။ကိုရင်လေးကို နှင်း ငွေ ကမေးသည်။ 


“ဒါဟာ ခေမာသီရိချောင်မဟုတ်လား”


နှင် းငွေ ကို တစ်ချက် အကဲခတ်ကြည့်ပြီး ကိုရင်လေးကလည်း ငြိမ်စွာဖြေ၏။

  

 “ဟုတ်ပါတယ်”


“ဒါဖြင့်ရင် ဦးပဏ္ဍဝဆိုတာ ဒီမှာ သီတင်းသုံးပါသလား"


“ဦးပဏ္ဍဝတွေအများကြီး၊ ဘယ်ဦးပဏ္ဍဝလဲ”


နှင်းငွေ မည်သို့ဖြေရမှန်းမသိ၊ အတန်ကြာ စဉ်းစားပြီးမှ ဆို၏။ 


“ဒီမှာလာတရား အား ထုတ်နေတဲ့ မုံရွာဘက်က ဦးပဏ္ဍဝပါ၊ သူ့မှာ သမီ လေး တစ်ယောက်လဲပါလာတယ်လေ”


ကိုရင်လေးသည် မျက်မှောင်ကြုတ်ပြီး နှင်းငွေကို ကြည့်လျက်ဖြေ၏။ 


“အဲဒီဦးပဏ္ဍဝက လူတွေသူတွေနဲ့ အတွေ့မခံဘူး ဒကာကြီး"


စိတ်ပျက်သွားရာမှ နှင်းငွေသည် အကြံထုတ်၊ကာ ထို ့နောက် ပြုံးပြီးဆို၏။


“အဲဒါကို တပည့်တော် သိပါတယ်၊ ဒါပေမဲ့ ကိုရင် တပည့်တော်ဟာ ဆရာဝန်ကြီးတစ်ဦးပါ၊ ဆရာဝန်တစ်ဦးကိုတော့ ဆရာတော်ဟာ လက်ခံတွေ့ဆုံပါ လိမ့်မယ်”


“ဪ … ဆရာဝန်ကိုး၊ ဒီလိုဆို ခဏစောင့်ဦး၊ ဆရာတော်ကို သွားလျှောက် လိုက်ဦးမယ်”


ကိုရင်လေးသည် မလှမ်းမကမ်းရှိ တစ်ထပ်ကျွန်းကျောင်းဆီသို့ ထွက်ခွာ သွား၏။ကျောင်းတွင်းသို့ ကိုရင်လေး ဝင်သွားသည်အထိ နှင်းငွေသည် ဣန္ဒြေမပျက်ငြိမ်၍ရပ်ကြည့်နေ၏။


ကိုရင်လေးကျောင်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလျှင် သွားချင်း နှင်းငွေ သည် ခြေလှမ်းကျဲများဖြင့် ကျောင်းဆီသို့ သွက်သွက်လျှောက်လာခဲ့၏။ ကျောင်းတွင်းသို့ နှင်းငွေ ဝင်လိုက်သည်။


ကျောင်းတွင်း ဖျာတစ်ချပ်ပေါ်၌ တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်ရင်း ပုတီး စိပ်နေသော ရဟန်းတော်တစ်ပါးကို ဖူးတွေ့ ရ၏။


ခြေသံကြောင့် ကိုရင်လေးသည် နှင်းငွေကို လှည့်ကြည့်၏၊ ထိုနောက် ဒေါသသံနှင့် ခပ်ကျယ်ကျယ်လေး ပြော၏။


“ဒကာကြီးကို ကျုပ် အပြင်မှာ စောင့်ခိုင်းထားတယ် မဟုတ်လား၊ အခုဘာဖြစ်လို့ လိုက်လာရတာလဲ”


ကိုရင်၏ အသံကြောင့် ရဟန်းတော်သည် မျက်စိဖွင့်ကြည့်၏။


နှင်းငွေ သည် ကိုရင်လေးကို ပြိုင်၍မပြောတော့ဘဲ ကြမ်းပြင်တွင် ပုဆစ်တုပ် ထိုင်ချလိုက်၏။ ထို့ နောက် ရဟန်းတော်ကို ရိုသေစွာ ဦးသုံးကြိမ်ချ၏။ရဟန်းတော်ထံမှ အေးချမ်းတည်ငြိမ်လှသော အသံတော်ပေါ်လာ၏။ 


“ဆရာတော်အခွင့်မပြုဘဲ ဘာကြောင့် ဘာကိစ္စနဲ့ ဝင်လာရသလဲ ဒါယိကာ” 


နှင်းငွေသည် ရဟန်းတော်အား မော့ဖူးလိုက်သည်၊ ရိုသေနှိမ့်ချစွာလည်းလျှောက်တင်၏။    


  “ရင်မှာပူလောင်နေတဲ့ဒုက္ခရှင်မို့ လာရပါတယ်ဘုရား၊ မေတ္တာရှေ့ထားပြီး တပည့်တော်ကို ခွင့်လွှတ်တော်မူပါ” 


ရဟန်းတော်သည် နှင်းငွေ၏ မျက်နှာကို တည်ငြိမ်သော မျက်လုံးတော်များဖြင့် စိုက်ကြည့်၍ အကဲခတ်၏။ ရဟန်းတော်၏မျက်နှာသည် ငွေ႔ ငွေ႔ လှုပ်ရှားသွား၏။


ရဟန်းတော်က ကိုရင်ကလေးကို အသာအယာလက်ပြပြီး ထွက်သွားခိုင်း၏။ကိုရင်ကလေး ထွက်သွားသည်။


နှင်းငွေက လျှောက်တင်၏။


 “တပည့်တော်ကို မှတ်မိပါသလားဘုရား”


“အေး … မှတ်မိပြီ၊ မှတ်မိပြီ၊ ဒုက္ခရှာပြီး ဘာကြောင့် ဒီကို လိုက်လာရ သလဲ ဒယိကာလေး မောင်နှင်းငွေ”


“ဒုက္ခကို တပည့်တော်မရှာပါဘူး အရှင်ဘုရား၊ ကံဆိုးတဲ့ တပည့်တော်ဟာအစကတည်းက ရင်မှာ ဒုက္ခကို ပိုက်ထားရသူပါ”


 “ဒယိကာကလေးကို ဒီဒုက္ခ မရောက်စေချင်လို့ ဆရာတော် အတန်တန် ကြိုးစားခဲ့တယ်ကွယ်”


“အရှင်ဘုရားရဲ့ စေတနာကို တပည့်တော် နားလည်ပါတယ်ဘုရား၊ ဒါပေမဲ့သံသရာနယ်ထဲက မထွက်နိုင်သေးတဲ့ တပည်,တော် ပုထုဇဉ်ကို သနားတော်မူပါဘုရား”


ရဟန်းတော်သည် နှင်းငွေ၏ မျက်နှာကို စိုက်ကြည့်ပြန်၏၊ နှင်းငွေ၏ မျက်လုံးများမှ ကျဆင်းလာနေသော မျက်ရည်များကို မြင်တော်မူ၏။ ရဟန်းတော်သည် မိမိကိုယ် မိမိမစကားပြောဟန်ဖြင့် ညည်းတော်မူ၏။


 “သံသရာနယ်ထဲက မထွက်နိုင်သေးတဲ့ ပုထုဇဉ်၊ အင်း အင်း သံသရာနယ်ထဲက မထွက်နိုင်သေးတဲ့ ပုထုဇဉ်” 


ရဟန်းတော်သည် မျက်လွှာချကာ ကြမ်းပြင်ကို အတန်ကြာစွာ စိုက်ကြည့်နေ၏၊ မျက်လွှာမပင့်ဘဲ ဖြည်းညင်းညင်သာစွာ မေး တော်မူ၏။


“ဒယိကာလေးကို ဆရာတော် ဘာကူညီရမလဲ” 


“နုနုငယ် မသေတာကို တပည့်တော် ခိုင်ခိုင်လုံလုံသိပြီးပါပြီဘုရား၊ တပည့်တော်ကို သနားသောအားဖြင့် နုနုငယ်နဲ့ တွေ့ခွင့်ပြုပါ” 


ဆရာတော်သည် သတိထားသူမှ မြင်နိုင်ရုံ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ 


“ကောင်းပါပြီ ဒယိကာလေး၊ ကံကြမ္မာဖန်လာတာကို ဘုရားသော်မှ မတား နိုင်ဘူး၊ ဆရာတော်လဲ ဘယ်တတ်နိုင်တော့မလဲ၊ ဆရာတော့်မေတ္တာကို တကာလေး နားလည်အောင် နည်းနည်းတော့ ပြောပြလိုက်မယ်”


“အမိန့်ရှိပါဘုရား” 


“ကြီးမားတဲ့အိမ်ထောင်ဒုက္ခဝန်ကို ဆရာတော် ပြင်းပြင်းထန်ထန် ခံစားခဲ့ရဖူး   တယ်၊ ဒီဒုက္ခမျိုး ဒယိကာလေး မခံစားပါရစေနဲ့ ဆိုတဲ့ စေတနာနဲ့ လူဝတ်ကြောင် ဘဝတုန်းက ဒါယိကာလေးကို ဆရာတော် လိမ်ခဲ့ဖူးတယ်၊ ဒီအတွက်လဲ ခွင့်လွှတ် ပါ ဒါယိကာလေး၊ အမှန်က သူ့အမေလို မဖြစ်အောင် နုနုငယ်ကို ဆရာတော် စိတ်ရောဂါကုဆေးရုံပို့ပြီး နှစ်ကြိမ်ကုသပေးပါတယ်။ ပထမအကြိမ်အပြီး နုနုငယ်ကို ချုပ်ချယ်ထားတာကတော့ ဆရာတော်ရဲ့ အမှားပါ၊ အမှားဆိုလဲဟုတ်တယ်၊ စေတနာ ဆိုလဲ ဟုတ်တယ်၊ ဒါယိကာလေး နားလည်လိမ့်မယ် ထင်တယ်”


“တပည့်တော်နားလည်ပါတယ်ဘုရား”


“ဒုတိယအကြိမ် စိတ်ရောဂါကုဆေးရုံကြီးက ဆင်းပြီး ရောဂါလုံးဝပျောက် တဲ့ အချိန်မှာ ဇာတ်မြှုပ်နေတာကတော့ ဆရာတော်ရဲ့ ပယောဂ လုံးဝမပါလေဘူး၊ ဒါယိကာလေးရေ ပယောဂမပါဘူး ဆိုတဲ့စကားထက် တိုက်တွန်းမှုမပါဘူးလို့ ဆရာတော် ပြောရလိမ့်မယ်ထင်တယ်၊ နုနုငယ်ဟာ သူ့ဘာသာသူ အေးအေးချမ်းချမ်းပဲ နေချင် တော့တယ်၊ ဒါယိကာလေးကိုလဲ ဆရာတော် ခံစားခဲ့ရတဲ့ ဒုက္ခမျိုး နုနုငယ်က မခံ စားစေလိုဘူး၊ နုနုငယ်က သံယောဇဉ်ပြတ်အောင် ကြိုးစားနေပေမဲ့ ဒါယိကာလေးက မပြတ်နိုင်ရှာပဲကိုး၊ သာဓုမခေါ်နိုင်တဲ့ ကိစ္စမို့ ဆရာတော် သာဓုမခေါ်ဘူး၊ အံ့တော့ အံ့ဩမိတယ်၊ ဒါယိကာလေး၊ အေး ကိုယ့်ပြဿနာကိုယ်သာ ဖြေရှင်း ကြတော့၊ ဒီကိစ္စမှာ ဆရာတော် နောက်ထပ် မပါချင်ပြီ”


ဆရာတော်သည် ကြမ်းပြင်ကို လက်ဝါးနှင့် ပုတ်လိုက်၏။ အတွင်းခန်းမှ ဝတ်ဖြူစင်ကြယ် ဝတ်ထားသော အသက်ငါးဆယ်ခန့်ရှိ ကပ္ပိယတစ်ဦး ထွက်လာ၏။


“ဦးဘိုအိ ဟောဒီ ဒါယိကာလေးကို မဓမ္မစာရီရဲ့ ကျောင်းတိုက်ဘက်ခေါ်သွား” 


ကိစ္စပြီးပြတ်ဟန်နှင့် ဆရာတော်သည် မျက်လုံးများကို မှိတ်ကာ ပုတီးဆက်၍စိပ်နေတော့၏။


မဓမ္မစာရီ၊ ထိတ်လန့်သောရင်ဖြင့် နှင်းငွေသည် ဆရာတော်ကို မော့ဖူး၏။ ဆရာတော်က မတုန်လှုပ်တော့၊ ပိတ်ထားသော မျက်လွှာများကိုလည်းမဖွင့်တော့ပြီ။


နှင်းငွေသည် ဆရာတော်ကို ဦးချပြီး ကပ္ပိယကြီး၏နောက်သို့ လိုက်လာခဲ့ရ၏။


ကပ္ပိယကြီးသည် နှင်းငွေကို ရှောက်ပင်၊ မာလကာပင်၊ ငှက်ပျောပင်များ အောက်မှ ဖြတ်၍ခေါ်သွား၏။


သည်မှာဘက် ဘုန်းကြီးကျောင်းဝင်းနှင့် နယ်နိမိတ်ခြားထားသော ပုဏ္ဏရိတ် စည်းရိုးအနီးတွင် ကပ္ပိယကြီးက ရပ်လိုက်၏။


“ဟောဟိုမှာ ဒေါ်ဓမ္မစာရီ သွားပေတော့ မောင်ရေ” 


ပုဏ္ဏရိတ်စည်းရိုးတန်းကို ကျော်ပြီး နှင်းငွေသည် ကြည့်လိုက်၏။ ပုဏ္ဏရိတ်စည်းရိုးတန်း ၏ ဟိုမှာဘက်၌ မြေပြင်ထက် မြေဖိုမြှင့်တင်ထားသော  ကမူတစ်ခုရှိ၏။


ကမူထက်တွင် မယ်သီလရှင်တစ်ပါးသည် နှင်းငွေရှိရာဘက်သို့ ကျောပေး၍ထိုင်နေ၏။


နှင်းငွေ ၏နှလုံးသည် အခုန်ရပ်လုနီးပါးဖြစ်သွား၏၊ မျှော်လင့်ချက်တို့လည်းကုန်လေပြီ။


ထိုအခိုက်တွင်ပင် မယ်သီလရှင်သည် နှင်းငွေကို လှည့်ကြည့်၏။ 


“အို...”


ထိတ်လန့်စွာဖြင့် နှင်းငွေ ရေရွတ်မိသည်။ မယ်သီလရှင်၏မျက်နှာမှာ ဝါဝင်းလှသော်လည်း ပါးရေတို့တွန့်ပြီး အိုမင်းလှလေပြီ။


မြေကမူအောက် မြေပြန့်တွင် ပုဆစ်တုပ်ထိုင်နေလေသော သဏ္ဌာန်လေး တစ်ခုကို နှင်းငွေ မြင်သွား၏။


မြင်သည်ခဏ၌ပင် နှင်းငွေ သည် ပုဏ္ဏရိတ်တန်းကို ကျော်ပြီး ပြေးသွား၏။ ပြေးရင်းလည်း လက်များကို ဆန့်တန်းလျက် ခေါ်မိ၏။ 


" နုငယ်ရေ ကိုယ့်ကို နုငယ် မှတ်မိသေးရဲ့လား”


ပုဆစ်တုပ်ထိုင်နေသော နုနုငယ်က အပြင်းအထန် တုန်လှုပ်သွားပြီး သူ့ကိုလှမ်းကြည့်ရှာ၏။


အို ဘာမျှ မပြောင်းလဲဟန်ပါတကား...။


နုနုငယ်၏ အသားလေးများသည် ဖွေးဖွေးနုနု ဖြူစင်မြဲ ဖြူစင်နေ၏၊ လည်တိုင်ရှင်းရှင်းလေးကလည်း ရှင်းမြဲရှင်း၊ လှမြဲလှလျက် ပါ ပြင်နှင့် လည်တိုင်မှ အကြောစိမ် ကလေးများကလည်း စိမ်းမြဲစိမ်း၊ လန်းမြဲလန် လျက်။ သူက နုနုငယ်၏ လက်ကလေးကို ဆွဲယူပြီးထူသော် ထိုင်ရာမှ နုနုငယ် ထရ ရှာ၏။


သူက နုနုငယ်၏ ကိုယ်လေးကို ရင်ခွင်တွင်း သွင်းပြီး တင်းကျပ်စွာဖက် ပွေ့ထားလိုက်၏။ ရဲရဲနီသော ပါး ကလေးများကိုလည်း ယုယစွာ နမ်းမိ၏။ နုနုငယ်ကလည်း သူ့ကို ပြန်ဖက်သည်၊ ဖက်ရုံမက သူ့လည်ပင်းကို သွယ်မောင်းပြည့်ဝန်းသော လက်ကလေးများဖြင့် ရစ်ပတ်ခိုစီး။


 “ကိုယ် … ကိုယ်… ဘယ်က ပေါ်လာတာလဲ ဟင်”


“အို … နုငယ်ရယ်၊ နုငယ်ကို ကိုယ်က အမြဲရှာနေရတယ်၊ အိပ်မက်ထဲ မှာတောင် ရှာနေရတယ်၊ ဒေါ်မိုးသူဆိုတဲ့ မိုးနတ်ဒေဝီတစ်ဦးက နုငယ် ဘယ်မှာရှိတယ် ဆိုတာ ကိုယ့်ကို ညွှန်လိုက်တယ်၊ နုငယ်ရေ ဒီတစ်ခါတော့ ရှောင်မပုန်း လေနဲ့၊ ပြေးလို့လဲ မလွတ်တော့ဘူး၊ မောင့်အသက်ဖူး နုငယ်ရယ်နုငယ်လေးရယ်” 


သီလရှင်ကြီး ဒေါ်ဓမ္မစာရီက ချောင်းဟန့်ပြီး နေရာမှ ထ၏။


 “ဘယ်လိုလဲ … ဘယ်လိုဖြစ်ကြတာလဲကွယ်တို့”

 

 ယခုမှ သတိရပြီး နှင်းငွေသည် သီလရှင်ကြီးကို ထိုင်ကန်တော့၏။


 “ခွင့်လွှတ်တော်မူပါ ဆရာကြီး၊ ဆရာတော် ဦးပဏ္ဍဝရဲ့ ခွင့်ပြုချက်နဲ့ တပည့်တော် နုနုငယ်ကို လာခေါ်ပါတယ်၊ သက်သေအဖြစ် ဟောဟိုမှာ ကပ္ပိယကြီး ရှိပါတယ်”


သီလရှင်ကြီးက ကပ္ပိယကြီးကို လှမ်းကြည့်၏၊ ကပ္ပိယကြီးက ခေါင်းညိတ်ပြ၏။ သက်ပြင်းရှိုက်ပြီး သီလရှင်ကြီးက ဆို၏။


“ဖြစ်ရပလေ မမြတ်သောင်းရေ၊ မင်းကလေးတစ်ယောက် ဒီဒုက္ခဘောင်က လွတ်တော့မယ် ဆရာကြီး ထင်ခဲ့တယ်၊ အခုတော့ ပိုးဖလံမျိုးဟာ မီးကို ပြန်တိုးပေါ့လား၊ အေး ဆရာကြီးသွားပြီ”


မယ်သီလရှင်ကြီး ထွက်ခွာသွား၏၊ မယ်သီလရှင်ကြီးနောက်မှ ကပ္ပိယကြီးလည်း လိုက်သွား၏။


နုနုငယ်က အားငယ်သောမျက်လုံးများနှင့် နှင်းငွေကို မော့ကြည့်၏။ 


“ဒီလိုအားငယ်ပြီး ကိုယ့်ကို မကြည့်နဲ့ နုငယ်၊ နုငယ် ဘာမှ အားငယ်ဖို့ မလိုတော့ဘူး၊ ကိုယ်ဟာ ဆရာဝန်ကြီးပါ၊ နုငယ်အမိန့်အတိုင်း ကိုယ် ဆရာဝန်ကြီး လုပ်ခဲ့ရသူပါ၊ ကဲ သွားကြစို့ နုငယ်”


“ဘယ်ကိုသွားကြမှာလဲ ကို ရဲ့”


“နုငယ့်ဖေဖေကို သွားကန်တော့ကြမယ်၊ ပြီးတော့ ကိုယ်ခေါ်ရာ နုငယ် လိုက်ခဲ၊ သံသရာရှည်သမျှ နုငယ်နဲ့ ကိုယ် ဆက်လျှောက်ကြမယ်”


 “ဪ … နုငယ်ရေ ဟိုမှာကြည့်စမ်း” 


“နေကြီးက ဝင်တော့မလိုပဲ၊ ဒါပေမဲ့ သူမဝင်ပါဘူး၊ နုငယ်ပြောသလိုပဲ ကမ္ဘာရဲ့ တစ်နေရာမှာ သူသွားပေါ်နေမှာပဲ၊ မနက်ပြန်ဆို သူပြန်ပေါ်လာဦးမယ်၊ နုငယ်ဆီ ကိုယ်ပြန်ပေါ်လာသလို သူပြန်ပေါ်လာဦးမယ်၊ ဒီလိုပဲ တိမ်တွေ မိုး တွေ ဟာ မှန်မှန်ပြန်လာပြီ. လောကကို သာယာအောင် ပြုပေးကြဦးမယ်၊ နုငယ်နဲ့ကိုယ်ရဲ့ နွေကန္တာဦးဇာတ်လမ်းဟာ ဆုံးပါပြီ၊" ဝသန်လေချိန်မှန်ကူး" ပြီး သီတင်းတောင် ကျွတ်ပြီ နုငယ်ရေ ဟော ... . ပြောရင် ဆိုရင် နှုတ်ဆက်မိုး ရွာချလာပြီ”


နုနုငယ်နှင့် နှင်းငွေသည် တစ်ဦး၏ ခေါင်းကို တစ်ဦးဖက်ပြီး ဦးမြတ်မင်း (ဝါ) ဦးပဏ္ဍဝ၏ကျောင်းဆီ ပြေးလာကြ၏။


သီတင်းကျွတ်ပြီးမှ ရွာသောမိုးသည် ဖွဲဖွဲကလေးသာ ကျနေ၏။ တောတန် ထိပ်မှ နေလုံးကြီးသည် မိုးဖွဲများကို ပြုံးပြုံးကြီးကြည့်နေလေဟန်သာတကား။


ပြီးပါပြီ။

***********

မေတ္တာရည်၍ 

တက္ကသိုလ်ဘုန်းနိုင်

၁၉-၁၁-၉၆


( နောက်အလျဉ်းသင့်တဲ့အခါ တက္ကသိုလ်ဘုန်းနိုင်ရဲ့ top10ထဲမှာပါတဲ့ မျက်ရည်လောကများ၏ဟိုမှာဘက် ကို တင်ပေးပါဦးမယ်။ဆက်ပြီး မြနှောင်းညို တစ်ပုဒ်တင်ပေးဖို့ ရွေးချယ်ထားပါတယ် စာချစ်သူများ )



Related Posts

No comments:

Post a Comment