(၁)
လေနုအေးသည်၊ တနွဲ့နွဲ့ မော့နေဆဲကို...။
ဆရာဖြစ်သင် ကောလိပ်ကျောင်းဝင်းအတွင်းရှိ မြင့်မားလှသော မန်ကျည်းပင်၊ ပိတောက်ပင်၊ မရမ်းပင်များသည် လေအယဉ်တွင် တသွင်သွင် လှုပ်ရှားလျက်ရှိလေသည်။ အမြင့်ဝယ်၊ သစ်ရွက်သစ်ကိုင်း များအကြားကိုဝှေ့၍ လေခတ်သဖြင့် တရှီရှီမြည်နေလေသည်။ စောစောက နှင်းတွေ တမှုံမှုံမှုံကျထားသဖြင့် ဂွမ်းဆိုင်များလို အဆုပ်လိုက် အခဲလိုက် အိနေသော နှင်းပွင့်များမှာ သစ်ကိုင်းအခက် အလက်ဝယ် တွဲလဲခိုကာ နောက်ဘက် အင်းလျားလမ်းဆီမှ ထိုးလာသော နေရောင် ခြည်ဦးဝယ် ငွေသွေးအလှကို ရွှေရေးပြနေကြလေသည်။ အမှန်မှာ နှင်းများသည် နွေဦးမယ်ကိုကြိုဆို၍ ဆောင်းကို နှုတ်ဆက်ကန်တော့သော နှင်းကြွင်းများ ဖြစ်ကြလေသည်။
ထုကြီးထည်ကြီးနှင့် ခံ့ခံ့ခံ့ရန့်ရန့်ရှိနေသော ကျောင်း အဆောက် အဦများမှာ ကောင်းကင်အပြာကို နောက်ကျောခံလျက် ‘ဝင်ဒါမီယာ ဘက် စိမ်းစိမ်းညိုသော တောရိပ်တောင်ရိပ်မှ အထင်းသား၊ အတွင်း သားပေါ်နေလေသည်။ ပြည်လမ်းမကြီးပေါ်မှ လော်ရီများ၊ ကားများ၊ ဘတ်များ စသော ရထားဘော်တို့ ဝေါခနဲ ဝေါခနဲ တရိပ်ရိပ်ဖြတ် သွားကြသော်လည်း၊ ဆရာဖြစ်သင် ကောလိပ်ကျောင်းကြီးမူကား နေမြဲနေမြဲပင် တည်ရှိလျက်။ ပကတိတည်ငြိမ်သော ဣသမတ် ဝင်ကာ ရံဖန်ရံခါမျှသာ ပြောင်းလဲမှု၏ ပဲ့တင်သံ ဝေ့လာလေသည်။
နှင်းနုနုဝယ် အားလုံးသော သစ်ပင်ဟူသမျှသည် ကြော့ကြော့ ဝင်းနေသည်။ ပိုးသားလို တလွင်လွင် အိနေသည်။ ဆေးချယ်ထား သလို စိမ်းစိမ်းစိုနေသည်။ သို့ရာတွင် ကြော့ရာ, လွင်ရာ စိမ်းရာ မဟုတ်သော နွေဦးပေါက်လာသဖြင့် နွေဦးပေါက် ရှေ့တော်ပြေး နတ်သမီးများမှာလည်း က၍နေကြလေသည်။ သစ်ရွက်ခြောက်များသည် လေရူး၏ စည်းဝါးချက်အတိုင်း အကိုင်းအလက်တို့မှ ဝေ့လည် ဝေ့လည်နှင့်ကြွေကျကာ မြေပေါ်တွင် နှစ်ပတ်၊သုံးပတ်လိမ့်၍ သွား ကြသည်။ ကျောင်းအတွင်းရှိ လမ်းငယ်ပေါ်တွင် သစ်ရွက်ခြောက်များ၊ ပန်းပွင့်အခြောက်များ ပြန့်ကြဲလျက်ရှိလေသည်။ သစ်ရွက်ခြောက်များ အပင်မှ ထွက်ခွာလာကြသော အချင်းအရာမှာ ကျောင်းသား၊
ကျောင်းသူများအတွက် အတိတ် နိမိတ်ဖြစ်လေသည်။ အကြောင်းမှာ တစ်နှစ်ကုန်ပြန်၍ နွေကျောင်းပိတ်ရက်အတွက် နေရပ်သို့ ပြန်ရန် သိပ္ပံကျောင်းကြီးမှ ထွက်ခွာကြသည့်အခါ ဖြစ်သောကြောင့်တည်း။ သစ်ပင်ကြီးငယ်များပေါ်မှ ကျေးငှက်အပေါင်းတို့မှာ တစ်ကိုင်းမှ တစ်ကိုင်းကိုကူးကာ နှုတ်ဆက် တေးလင်္ကာကို သီဆိုလျက် ရှိကြသည်။
အထူးသဖြင့်ကား မိန်းကလေးကျောင်းဆောင် အရှေ့ မျက်နှာစာရှိ ပန်းရုံတွင်းမှ ပန်းများသည် သူတို့၏ ရိုးညှာတံကို အောက်သို့ကိုင်းညွတ်ကာ ဝတ်ရည်အစအနကလေးများ စိုစုစေလျက်။ နေရပ်သို့ ပြန်သွား ကြမည့် ကျောင်းသူများအား အောက်မေ့နေကြဟန် ရှိလေသည်။ အချို့ပန်းများသည် သူတို့၏ ချပ်လွှာကို ကော့ရရော့ဖြစ်စေလျက် ဝန်စည်စလယ်များကို ကားနှင့်တင်ကာ တစ်ဦးပြီးတစ်ဦး ကျောင်းဆောင်မှ ထွက်ခွာသွားကြသော စာသင်သူများအား ကြည့်နေသည့် အသွင်ကို ဆောင်နေကြလေသည်။ အချို့ အားငယ်သော ပန်းများသည် စာသင်သူများနှင့် ခွဲခွာရမည်ကို အောက်မေ့လွန်းလှသဖြင့် မကြည့်ရက်, မမြင်ရက် ဘိအလား၊ ပွင့်ချပ်ကားကားကြီးများနှင့် ကွယ်ကာ ပုန်း၍ မျက်စိလွှဲထားကြလေသည်။ မာနကြီးသော ပန်းပွင့်များမှာ သူတို့နှင့်အလှချင်း ပြိုင်ကြသော ကျောင်းသူများ သွားကြတော့မည်ကို ကြိတ်၍ ဝမ်းသာကာ၊ ဝတ်မှုံလှလှကလေးများကို ဆော့ကစားကာ ပျော်၍နေကြလေသည်
အမှန်မှာ ပန်းပွင့်ကလေးများသည် ကျောင်းဆောင်အတွင်းရှိ ကျောင်းသူများ၏ အရိပ်ဖြစ်လေသည်။ ပန်းပွင့်လေးများ အလှရှုပါ ရုံကို မက်သလို သူတို့လည်း အလှရူပါရုံကို မက်ကြသည်။ ပန်းပွင့်ကလေးများ အလှကြိုက်သလို သူတို့လည်း အလှကြိုက် ကြသည်။ ပန်းပွင့်ကလေးများ လှဂုဏ်တိုးသလို သူတို့လည်း လှဂုဏ် တိုးကြသည်။ ပန်းပွင့်ကလေးများ မာနကြီးသလို၊ သူတို့လည်း မာနကြီးကြသည်။ ပန်းပွင့်ကလေးများ ချစ်ဖွယ်ကောင်းကြသလို သူတို့လည်း ချစ်ဖွယ်ကောင်းကြသည်။ ပန်းပွင့်ကလေးများ အယုအယ ခံချင်သလို သူတို့လည်း အယုအယခံချင်ကြသည်။ ပန်းပွင့်ကလေးများ
အားငယ်၍ အလဟဿစိတ်များသလို၊ သူတို့လည်းအားငယ်၍ အလဟဿ စိတ်များကြလေသည်။ ကျောင်းသူ ပန်း၊ ပန်း ကျောင်းသူ ခြားနားခြင်းမှာ သက်ရှိနှင့် သက်မဲ့သာဖြစ်လေသည်။
ပန်းပွင့်ကလေး တစ်ပွင့်သည် မိန်းကလေးကျောင်းဆောင် အထက်ထပ်၊ ဝင်ဒါမီယာဘက်သို့ မျက်နှာပြုနေသော အခန်းတစ်ခန်း တွင်းရှိ မှန်တင်ခုံ၌ရပ်ကာ အလှပြင်လျက်ရှိလေသည်။ ထိုပန်းပွင့် ကလေးမှာ မခင်စီဟု ခေါ်သော သက်ရှိ ပန်းပွင့်ကလေးဖြစ်လေသည်။ ခါတိုင်းကဲ့သို့ အောက်ထပ်ဧည့်ခန်းဆောင်မှ စန္ဒရားသံကိုလည်း
ကြားရ။ ခါတိုင်းကဲ့သို့ ဓာတ်စက်သီချင်းဖွင့်သံ၊ ရေဒီယိုသံတို့ မှာလည်း အပေါ်သို့ သဲ့သဲ့မျှပျံ့လွင့်၍မလာ။ ခါတိုင်းကဲ့သို့ ကျောင်း သူတွေကစားကြသော ချောက်ချောက်ချက်ချက် အသံတွေကိုလည်း နားမစွင့်မိ။ သူ့နားထဲတွင် သူငယ်ချင်း တစ်တွေ ပြန်လှန်နှုတ်ဆက် ကြသော အသံဗလံတွေကိုသာ ကြားနေရလေသည်။ သူသည်အလှပြင် ပြီးလျှင် စားပွဲပေါ်ရှိ စာအုပ်တစ်အုပ်နှစ်အုပ်ကို သိမ်းဆည်းကာ ထင်းရှူးသေတ္တာထဲသို့ ထည့်လေသည်။ နောက် အပြီးမသတ်တတ် သေးသော နှုတ်ခမ်းဆိုးဆေးနှင့် နှုတ်ခမ်းကို ချယ်လှယ်နေပြန် လေသည်။ သူ၏စိတ်သည် အတည်တကျ မရှိ။ လုပ်သမျှတို့တွင် လည်း တစ်ခုပြီးတစ်ခု အစီအစဉ်နှင့်မလုပ်။ တဖန်သူသည် ပြတင်း ပေါက်မှကျော်ကာ အပြင်သို့ ငေးနေပြန်သည်။“ဥသြ ဥသြ” ဟု ... ဥဩသည် နွေဦးကို ကြိုလေသည်။
အခန်းဝ ဇာခန်းဆီး လိမ္မော်ရောင်အကြားမှ မိန်းမ တစ်ဦး၏ သဏ္ဍာန်ပေါ်လာလေသည်။
“ဝင်ခဲ့လေ”
မိန်းမပျိုတစ်ဦး ဝင်လာသည်။ မခင်စီသည် သူ့ဆီ ပြေးလာ လေသည်။
“ဪ...မေပါကလား၊ နှုတ်ဆက်မလို့ လာတာလား.....”
မေသည် ခေါင်းကို ပိတ်လေသည်။ မေသည် မခင်စီကို ကြည့်၊ ပြတင်းပေါက်ဘက်သို့သာ နေလေသည်။ အပြင်ဘက် ကောင်းကင်အကြာတွင် တိမ်တိုက်အဖြူများ လွင့်ပါးနေသည်ကို မ မြင်ရလေသည်။
“ဟုတ်တယ်၊ စိုကို နှုတ်ဆက်မလို့လာတာ” ကို
မေသည် ခုတင်ပေါ်တွင် ဝင်ထိုင်လိုက်လေသည်။ မခင်စီ သည် သူ့ဘက်သို့လှည့်၍ “ဘယ်တော့သွားမှာလဲ”ဟု မေး၏။
“အို မေတော့သိပ်ကြောက်တာပဲ၊ ခုလေးပဲသွားရမှာ”
မေသည် ကြမ်းပြင်ကို ကြည့်ကာ “ခုလေးပဲ နေရမှာ၊ တော်တော်ကြာ မေတစ်ယောက်ထဲ ရှိတော့မှာပဲ” ဟု ဆက်ပြောလေ သည်။ | မခင်စီမှာ ဝမ်းနည်း၍သွားကာ “မေရယ် ဒီလိုမပြောပါနဲ့ ကွယ်၊ ဘာမှအားငယ်စရာ မဟုတ်ပါဘူး ... မေဟာလဲ တစ်ယောက် ထဲ၊ အဖော်မဲ့မှာ မဟုတ်ဘူး။ တော်ကြာ မေ့ကို ခင်လာကြမှာပါ။ စီ မေ့သဘောကို သိပါတယ်။ မေ အခုသွားပြီး ဆရာမ လုပ်ရမယ့် အိမ်က အိမ်သူအိမ်သားတွေအကြောင်းကိုတော့ ဘာမှမသိဘူးပေါ့။ ဒါပေမယ့် သူတို့ဟာ စိတ်ကောင်းရှိကြမှာပါပဲ။ မေကလဲ ဖော်ဖော် ရွေရွေဆိုတော့ သူတို့နဲ့ခင်မင်ပြီး ပျော်နေမှာပါးစီ သိပါတယ်..."
မေ၏ မျက်လုံးများသည် အရောင်လက်၍လာ၏။ “မေ အဖော်အပေါင်းတွေနဲ့ ခင်မင်ပြီး ပျော်နေမယ်ဟုတ်လား။ မေ့အပေါ်ကို
တကယ်ကောင်းတာ စီပဲရှိတယ်။ စီတစ်ယောက်ပဲ မေ့ကို တကယ်ကြင်နာတယ်”
“မဟုတ်သေးဘူး မေ၊ မေဟာ ဘယ်သူ့ကိုမှ မုန်းတတ်တာ မဟုတ်ဘူး၊ မေက အင်မတန် ချစ်တတ်ခင်တတ်တာ၊ မေက စီလို မဟုတ်ဘူး”
“ဟုတ်ပါတယ်၊ မေ သိပါတယ်။ ဒါပေမယ့် မေနဲ့စီနဲ့ ဟာ မတူဘူး။ စီမှာဆိုလျှင် ကြင်နာတဲ့ အဖေတို့ ... ယုယတဲ့ အမေတို့ ...အလိုလိုက်တဲ့ အစ်ကိုတို့နဲ့ သိပ် နေရာကျတယ်။ မေ့မှာ ဆို ဘာမှမရှိဘူး၊ လောကမှာ မေ တစ်ယောက်ထဲရယ်။ နောက်ပြီး ပိုက်ဆံအတွက် ဆိုရင်ကော...”
မေသည် လက်နှစ်ဖက်ကို ပတ္တာဆက်သလို ဆက်နေ၏။
“အခုဆိုရင် လက်ထဲမှာ ငွေနှစ်ဆယ်ပဲရှိတယ်။ ဒါနဲ့ပဲ လောကကြီးမှာ နေရမှာ”
မခင်စီမှာ မျက်ရည်ကလေးလည်နေရှာလေသည်။ မခင်စီနှင့် မေမှာ အတော်ချစ်ကြသည်။ သူတို့သည် အတော်ကြာ ငြိမ်သက်၍ နေကြ၏။
“မေ့ လိပ်စာပေးပါဦး၊ မေ အခုသွားပြီး ဆရာမလုပ် ရမယ့် အိမ်လိပ်စာကို ပေးရမှာပေါ့ နော်” ဟု မေ့ကို မကြည့်ဘဲ မခင်စီက မေး၏။
“ဦးဘမောင်၊ မြေပိုင်ရှင်နှင့် သမာဓိမြို့ ဝန်၊ လိပ်ပြာကန်၊ ပဲခူးမြို့ ကတစ်ဆင့် မေ ဆိုလျှင်ရောက်မှာပေါ့”
မခင်စီသည် လိပ်စာကို ကူးယူရင်း “နားထောင်လို့ အကောင်းသား” ဟု ပြော၏။
“အို မေတော့ ပျော်မှာ မဟုတ်ဘူး၊ အရှင်လတ်လတ် မြေမြှုပ်ခံရမလိုနေမှာပဲ” ဟုပြောပြီး မေ၏ မျက်လုံးများသည် တောက်
ပြောင်၍ လာပြန်သည်။
“မေကလည်းကွာ၊ ဒါချည်း ထပ်ထပ်ပြောနေတာပဲ။ အဆောင်မှူး ဒေါ်သက်တင်ကို ပဲခူးမှာ ဆရာမလုပ်မယ့် အကြောင်း
ပြောသေးလား”ဟု မခင်စီက အိပ်ရာလိပ်ကို လက်နှင့်ပုတ်ကာ ဖုံခါ ရင်းမေး၏။
“ပြောတယ်။ ဒေါ်သက်တင်နဲ့ ဦးဘမောင်ဇနီးနဲ့ သိကြ တယ်တဲ့။ မေက တစ်မျိုးစီရဲ့ ၊ မိန်းမတွေကို အားကြီး မုန်းတယ်၊ ရွံတယ်။ စီနဲ့မေနဲ့ မေတ္တာနှောင်ကြိုးကတော့ ဘယ်တော့မှ မပြတ်ဘူး။
မေ၏ မျက်နှာပုံပန်းသည်မကြည်လင်သော အသွင် ဆောင်နေ၏။ သူတို့သည် ခွဲရမှာ ဝမ်းနည်းနေကြ၏။
“စီကော မြို့ထဲဘယ်တော့ပြောင်းမလဲ”ဟု မေက မေး၏။ မခင်စီမှာ ရန်ကုန်မြို့ထဲ ကန်တော်ကြီးအနီးပတ်လမ်းတွင်နေ၏။ သို့ရာတွင် ကျောင်းဆောင်မှ ကျောင်းတက်၏။
“ညနေ အိမ်ကကား လာခေါ်မယ်”
သူတို့သည် စကားရပ်သွားကြပြန်၏။ အတော်ကြာမှခွဲရန် တော်ပြီဟု အောက်မေ့သဖြင့် မေသည် မခင်စီ၏လက်ကိုဆုပ်ကာ 'ကဲ မေသွားတော့မယ်နော်၊ နှုတ်ဆက်တာပဲ”ဟု မျက်ရည်စနှင့် ပြူ၍ဆိုလေသည်။
မခင်စီသည် မေ့အနားသို့ ကပ်လာကာ ခေါင်းကို အသာ ညိတ်လေသည်။ နောက် သူတို့သည် တစ်ယောက်ကို တစ်ယောက် ဖက်ကာ နမ်းကြလေသည်။
“စီ မေ့ကို ဘယ်တော့မှ မမေ့ဘူး”ဟူ၍သာ မခင်စီက ပြန်ပြောနိုင်အားသည်။ စကားဆုံးလျှင် မေသည် သူ့အား ပြန်မကြည့်ဘဲ တစ်ခါတည်း အခန်းထဲမှ ထွက်ခွာသွားလေသည်။ မခင်စီမှာ တံခါးပေါက်ကိုမှီရင်း ကော်ရစ်ဒါ အချိုးတွင်ကွယ်သွားသော မေ့ကို
ကြည့်ကာ တစ်ချက်ရှိုက်လိုက်သည်။ သူ၏ ရှိုက်သံမှာ မေတ္တာ စောင်းကြိုးကို တီးခတ်မိသောအသံ ဖြစ်လေသည်။) ,
မေမှာ တစ်ကောင်ကြွက်ဖြစ်လေသည်။ ငယ်စဉ်ကတည်းက သူ့အမေဆုံး၍ သူ့အဖေလက်ထဲတွင် ကြီးပြင်းလာရသည်။ သူ့အမေ မှာ ကချေသည်ဖြစ်၍ အဖေမှာ စန္ဒရားဆရာဖြစ်လေသည်။ သူ့အဖေ သည် ဂုဏ်သရေရှိ သားသမီးများကို စန္ဒရားအတီး သင်ပေးရသော အခငွေဖြင့် သမီးကို စောင့်ရှောက်လေသည်။ ထိုအခါက ဂုဏ်သရေရှိ သားသမီးများမှာ စန္ဒရားတီးတတ်မှ ဂုဏ်ရှိသည် ထင်မှတ်သော ကာလဖြစ်လေရာ ဝင်ငွေ အတော်ဟန်ကျသဖြင့် သမီး ကို ရန်ကုန် ဒိုင်အိုမိန်းကလေးကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ထားနိုင်လေသည်။ သူ့အဖေ၏ သဘောမှာ သူ့သမီးကို အမေလို လည်း အက,မကောင်းစေချင်။ သူလိုလည်း စန္ဒရားအတီး မတော် စေချင်။ လောကအလယ်တွင် တင့်တယ်စွာသာ နေစေချင်သည်။ သို့ရာတွင် မေမှာ စန္ဒရားကောင်းကောင်းတီးတတ်လေသည်။ (၁၀) တန်းအောင်သောအခါ သူ့အဖေက ဆရာဖြစ်သင်ကောလိပ်
ကျောင်းတွင်နေစေလေသည်။ ဆရာ ဖြစ်လက်မှတ်ရလျှင် ဆရာမ လုပ်၍ သူ့ဘဝကို ခရီးသွားရန်ဖြစ်လေသည်။ သို့ရာတွင် သူ့ အဖေ မှာ မေကောလိပ်ရောက်သည့် ပထမနှစ်ကပင် ဆုံးသွားလေရာ ၊ မေမှာ လောကကြီးအလယ်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့လေ သည်။ သူ့အဖေထားခဲ့သောငွေမှာ ဒုတိယနှစ်စာသင်ချိန်နှစ်အပြီး အထိသာခံလေသည်။ စာမေးပွဲတွေပြီး၍ ကျောင်းပိတ်သည့်အခါ မေ့လက်ထဲတွင် ငွေနှစ်ဆယ်ကျော်ကျော်သာ ကျန်ရစ်လေသည်။ ကံအားလျော်စွာ ပဲခူးမြို့ မြေပိုင်ရှင်ဦးဘမောင်၏ သမီးနှစ်ယောက် ကို အင်္ဂလိပ်စာသင်ပေးရန်နှင့် စန္ဒရားသင်ပေးရန် ဆရာမအလုပ် ရလေရာ ယခု ကျောင်းပိတ်ပိတ်ချင်း ပဲခူးသို့အလုပ်ဝင်ရမည်။
မေသည် သူ့အခန်းထဲ ရောက်လျှင်ရောက်ချင်း အိပ်ရာလိပ် သေတ္တာစသည်ကို အပြီးအစီးတုပ်နှောင်နေလေသည်။ သားရေသေတ္တာ ကိုမူ မပိတ်သေးဘဲ စားပွဲပေါ်တချို့၊ အံဆွဲပေါ်တချို့ ကျန်နေသောပစ္စည်းကလေးများကို သိမ်းဆည်းနေ၏။ အံဆွဲထဲမှ ဖဲပွင့်အစိမ်းနု ကလေး လည်ပင်းစီး၍ သက္ကလပ်နှင့်လုပ်ထားသော ကြောင်နက်ရုပ် ကလေးကိုယူကာသေတ္တာထဲသို့ထည့်လေသည်။ သူသည်ကြောင်များ ကို အလွန်ချစ်၏။ ကြောင်များသည် သူ့ကို ဘယ်တော့မှ မကုတ်ကြ။ သူ့ပေါင်ပေါ်တွင်လာထိုင်ကာ ချစ်ဖွယ်ဂီတသံ ငြိမ့်ငြိမ့် ကလေးနှင့် ချွဲနွဲ့နေတတ်ကြ၏။ နောက်ဆုံးတွင် မေသည် သူ့ကို ပိုးနေသော ပန်းချီဆရာတစ်ဦး ပုံတူရေးဆွဲပေးသော ပုံကားကို စားပွဲမှယူကာ ကြည့်လေသည်။ ပန်းချီဆရာပျိုမှာ မေ့အား မြတ်နိုးသမျှ၊ ချစ်သမျှ အရာကို ပန်းချီဆေးပေါ်တွင် အနုပညာဖြင့် ရှုံးသထားဟန် တူလေ သည်။ မေသည် ပုံကားကိုကြည့်၍ပြုံးကာ သေတ္တာထဲသို့ ထည့်လိုက် လေသည်။ သိမ်းဆည်း၍ပြီးလေပြီ။ အိပ်ရာလိပ်၊ စာအုပ်သေတ္တာ၊ သားရေသေတ္တာတို့ကို စီး၍ ထားပြီးလေပြီ။
မေသည်အဆောင်မှူးဆရာမကြီး ဒေါ်သက်တင်ကို နှုတ်ဆက် ရန်အောက်ထပ်သို့ ဆင်းသွားလေသည်။ ဆရာမကြီးမှာ သူ့ရုံးခန်းတွင် စာရင်းတစ်ခုကို ကြည့်လျက်ရှိလေသည်။ မေသူ့အခန်းထဲသို့ ဝင်လာ
လျှင် ဆရာမကြီးသည် မော့ကြည့်လေသည်။ )
“ဪ... မေပါကလား”
ကျွန်မ ဆရာမကြီးကို နှုတ်ဆက်ဖို့လာပါတယ်”ဟု မေက ၏။
“အေး အေး တစ်ခါတည်း ပဲခူးသွားရမှာပဲမဟုတ်လား”
“အေး ဂေဇက်ကိုတော့ ဟိုကပဲသတင်းစာထဲမှာ ကြည့် ပေါ့။ အောင်ပါလိမ့်မယ်ကွယ်၊ အောင်ပါတယ်” အ မေသည် နောက်ထပ်ပြောရန် မရှိသဖြင့် အခန်းထဲမှ
ထွက်သွားရန် ခြေလှမ်းလေသည်။
“ဟေး ခဏလာပါဦးကွယ်”ဟု ဆရာမကြီးက ထပ်ခေါ် သဖြင့် မေသည် ပြန်လာရပြန်လေသည်။
“ဒီစာကို ဦးဘေမောင် ဇနီး ဒေါ်ငြိမ်းခင်ကို ပေးတာပေါ့။ မင့်အတွက်ထောက်ခံစာပဲ၊ အေး အေး နောင်ကိုကြီးပွားဖို့ ဆရာမကြီး ဆုတောင်းပါတယ်” ဟုပြောကာ မေ့လက်ထဲသို့ စာအိတ်တစ်ခုထည့် လေသည်။ ဆရာမကြီးသည် ပြောရန်ပြီး၍ မေ့ဘက်သို့ ကျောပေးစဉ် မေလည်း ထွက်လာခဲ့လေသည်။
မေသည် သူ့အခန်းထဲသို့ရောက်လျှင် ရောက်ချင်း ပထမ ပြုလုပ်သောအရာမှာ ဆရာမကြီး၏စာကို အသာခဲတန်နှင့် နေရာ မပျက်အောင် ဖွင့်ဖောက်၍ဖတ်ခြင်းဖြစ်လေသည်။
.......................
ဆရာဖြစ်သင်ကောလိပ်ကျောင်း
ပြည်လမ်း၊ ရန်ကုန်၊
ချစ်စွာသော မငြိမ်းခင်...
မေ့အား မငြိမ်းခင်တို့ အိမ်အတွက် ဆရာမ လုပ်ရန်ကို ကျွန်မက မိတ်ဆက်ပေးသည်။ ကိစ္စမှာ တာဝန်ရှိသလောက်တော့ ရှိသည်ကို ကျွန်မ သိပါသည်။ ကျွန်မတစ်ခု ထောက်ခံချင်တာကတော့ မဟော မငြိမ်းခင်တို့ ဆန္ဒအတိုင်းသာ မဖြစ်ဘူးလို့ထင်ရင် အခုလို မေ့အတွက် စာရေးပေးမှာမဟုတ်ဘူးတဲ့။
“ကျောင်းဆောင်မှာ ကျွန်မ မေနဲ့ အခန့်မသင့်တာ တွေ့ရ မယ့်၊ သူ့သဘောသကာယမှာကြီးလေးတဲ့ အပြစ်တော့ မမြင်မိဘူး။ နောက်ပြီး ကျွန်မဝန်ခံရမှာက မေဟာ ဉာဏ်ပါးတဲ့ ကျောင်းသူတစ်ဦး တဲ့။ ပညာဘက်မှာ တော်ပါတယ်။ သူ အင်္ဂလိပ်စကားကို နားထောင် ကောင်းလောက်အောင်ပြောတတ်တယ်။ ဒိုင်အိုဆီစင် ကျောင်းထွက် ဆို
တော့ သွက်လက်တာပေါ့၊ မေ ဆိုတဲ့ နာမည်ဟာလည်း ဗမာ နာမှ မဟုတ်ဘဲ၊ အင်္ဂလိပ်နာမည် May ပဲ။ ပညာအရည်အချင်းနဲ့ ပတ်သက်လို့တော့ ဆိုစရာတစ်ကွက်မရှိပါဘူး။ -
စန္ဒရားအလွန်တီးကောင်းတယ်၊ မြန်မာသီချင်းသံကြီး သီချင်းခံကို ကျကျနန ကျွမ်းကျင်တယ်။ အထူးသဖြင့် ပတ်ပျိုးကို နိုင်တယ်။ အင်္ဂလိပ် သီချင်းအသင့်အတင့်တတ်တယ်။ ဂီတဘက်မှာ အရွယ်နဲ့ မလိုက်အောင် တော်ပါတယ်။
ပထမ သူ့ကို စတွေ့ခါစတော့၊ ဘော်ကျော့ မိန်းကလေး လို့ ထင်မလားမပြောတတ်ဘူး။
ဒါပေမယ့် အရေလည်လာတဲ့ အခါမှာ ဒီလောက် မဆိုးဘူး ဆိုတာ တွေ့ရပါလိမ့်မယ်။
မငြိမ်းခင်တို့ အိမ်သား အားလုံး သမီးနှစ်ယောက်ပါ ကျန်းကျန်းမာမာရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်၊ ဆုလည်းဆု
တောင်းနေပါသည်။ ။
သော်...တစ်ခုမေ့နေတယ်။ မေဟာ ကြောင်တွေကို အင်မ တန် ချစ်တတ်တယ်၊ ချစ်တာမှ လွန်လွန်ကဲကဲကို ချစ်တယ်။ .
ခင်သက်တင်
...................
မေသည် စာကိုအပြန်အလှန်ဖတ်ပြီး လက်ပေါ်တွင် မေးတင် လျက် အတန်ကြာနေလေသည်။ နောက် သူသည်တစ်ချက်ရယ် - ကာ စာကို အစုတ်စုတ်အမွှာမွှာဖြစ်အောင် ဆုပ်ကာ အောက်သို့ လွှင့်ပစ်လိုက်၏။ စက္ကူအပိုင်းအစများသည် ဈာန်ယဉ်သတ်ကာ မြေပေါ်တွင် သစ်ရွက်ခြောက်များနှင့်အတူ ရောလျက်ရှိလေသည်။
(၂)
ထိုညနေ၌ ဦးဘေမောင်သည် ပျံ့ပျံ့ပြူးသော လမ်းကလေး ပေါ်တွင် အညောင်းပြေလမ်းလျှောက်၍နေလေသည်။
သူသည် ဘုရားလူကြီးတစ်ဦးဖြစ်လေသည်။ အနောက် တက်သစ်ပင်ရိပ်အကြားမှ ဖြာ၍လာသော ရွှေရောင်ခြည်သည် သူ၏ စိမ်းသော ကတုံးကိုပြောင်စေလေသည်။ နွေအခါဖြစ်လေရာ အပူရှိန် ငွေ့သည် နေစောင်းသည့်တိုင်အောင် ပျံ့လွင့်လျက်ရှိသဖြင့် အိုက်စေ ရာ သူသည် အိတ်ထဲမှ ပုဝါဖြူကိုထုတ်ကာ မျက်နှာမှ ချွေးများကိုသုတ်၏။ လက်ကိုင်ပုဝါနှိုက်ရာ၌ အိတ်ထဲတွင် ဆေးပြင်းလိပ်ကိုပါ စမ်းမိသဖြင့် ဆေးလိပ်သောက်ချင်သောစိတ်ပါပေါ်လာ၏။ သူသည် ဆေးလိပ်ကို မီးချစ်နှင့်အတူ ထုတ်ဆဲ၊ တူရူမှ သူ့ဆီသို့လာနေသော ဆိုင်ပိုင်ရှင်တရုတ်၏မိန်းမ, မကျင်မယ်ကို မြင်ရလေသည်။ သူသည် မမြင်ဟန်ပြုကာ ဆေးလိပ်ကို အိတ်ထဲသို့ ပြန်ထည့်လျက်လမ်းဘေးရှိ စကားဝါပန်းရုံဘက်ကို စိတ်ဝင်စား၍ နေလေသည်။ စကားဝါပွင့်ကား ဖုံထူသောလမ်းဘေးဝယ် ရွှေအိုရောင်တောက်နေကြ၏။ | မကျင်မယ်သည် သူ့အနားသို့ရောက်လျှင် “သြော် ဦးဘေမောင်
လမ်းလျှောက်မှတ်တယ်”ဟုသူ့ကို နှုတ်ဆက်လေသည်။
သူသည် စကားဝါရုံမှခွာကာ သူမဘက်သို့ လှည့်၍ “မကျင်မပါကလား”ပြန်၍နှုတ်ဆက်လေသည်။သူနှင့်လမ်းလျှောက်
တိုင်း ဆုံတတ်သည်။
“ညနေက သိပ်လှတာပဲ၊ တော်တော်လှတာပဲ” သူသည် ပြောပြီးလျှင် စကားရပ်သွား၏။ နောက်ထပ် ဆက်ရန် စကားလုံး ရှာမတွေ့။
“ဟုတ်တယ်မဟုတ်လား မကျင်မယ်”
“ဟုတ်ကဲ့ရှင်၊ လှပါတယ်။ မနက်ခင်းမှာလည်း ညနေလို လှတာပါပဲ” စကားပြတ်သွားကြ၏။ ဦးဘေမောင်သည် အိတ်ထဲမှ ဆေးလိပ်ကိုထုတ်ကာ မီးညှိလေသည်။ သူသဘောမှာ မကျင်မယ် ပြန်စေချင်၏။ သို့ရာတွင် ရပ်မြဲရပ်နေလေသည်။
“မကျင်မယ်တို့ဆိုင်ကာ အတော်ရောင်းကောင်းမှတ်တယ်” သူသည် တုတ်ကောက်ကို ဝှေ့ရင်းမေးလိုက်၏။
“ကောင်းလှတယ်လို့မဟုတ်ပါဘူးရှင်းဘီယာကတော့ ရောင်း
ဒဂုန်တာရာ ကောင်းပါရဲ့၊ နေ့တိုင်းလိုပဲတွင်ပါတယ်။ ဦးဘေမောင်တို့လို သူဌေး တွေက အားပေးမှပေါ့ရှင်”
“ဟာ.. ကျုပ်မသောက်တတ်ပါကလား”
“ဟုတ်တယ်လေ ဘီယာတော့ ဘယ်သောက်မလဲ၊ ဘရန်ဒီ ကြိုက်တယ်မဟုတ်လား"ဟု မကျင်မယ်က ပြုံးကာမေးလေသည်။ ဦးဘမောင်သည် ဘရန်ဒီကို သူ့ယောက်ျား တရုတ်ထံမှဝယ်သည်ကို သူ သိလေသည်။ ဦးဘေမောင်မှာလည်း မသောက်ဟု ငြင်းမည်မဟုတ်ပေ။
“ဘရန်ဒီဆိုလို့ဗျာ အိမ်မှာတောင် အခု ကုန်နေပြီ၊ ဒါဇင်ဝက် လောက်တော့လိုချင်တယ်”ဟု နောက်ဆုံး ဦးဘေမောင်က ဆို၏။
“ဟုတ်ကဲ့ရှင် ... မနက်ဖြန်တော့ အိမ်ကို အပို့လွှတ်လိုက် ပါ့မယ်”ဟု မကျင်မယ်က ကိုယ်ကိုအနည်းငယ်ကြို၍ ယဉ်ကျေးစွာ
ပြောလေသည်။
“ဟုတ်တယ်ဗျ နေမကောင်းရင် ဘရန်ဒီက အင်မတန်နေရာ ကျတယ်။ တလောကလေးကလည်း မငြိမ်းခင် မမာလို့ ဒီဘရန်ဒီပဲ” တိုက်ရတာပဲ။ တကယ်ဆိုတော့ ဘရန်ဒီဟာ အားဆေးတစ်မျိုးပဲ လူကို အားပြည့်ပြီး ရွှင်လန်းစေတယ်။ အထူးသဖြင့်ငှက်ဖျား အင်မတန် ကောင်းတယ်။ ကျုပ်ကလည်း ငှက်ဖျားသမား ဆိုတော့ ဘရန်ဒီနဲ့ တဲ့တာပေါ့”
“ဟုတ်တယ်၊ ငှက်ဖျားတော့ကောင်းတယ်”ဟု မကျင်မယ် က ထောက်ခံ၏။
“ဒါပေမယ့် အခုလို လှပသာယာတဲ့ ညနေခင်းများမှာ ဘယ်ပါ့မလဲ.. အခုလို ပန်းတွေနဲ့ဆိုရင်”
သူသည် စကားဝါပွင့်များ ရှိရာသို့ လက်ကိုညွှန်ပြလေသည်။ ကားဝါပန်းများမှာ လန်းလန်းကြီး ပွင့်နေကြသည်။ သူပြောသည်ကို ကျင် မယ်ကလည်းသဘောတူသည်။
“မလှလားဗျာ၊ ပန်းတွေ” မှန်ပါသည်။ ပန်းအလှတွေကို မြင်ပါသည်။ “မမွှေးလားဗျာ၊ ပန်းရနံ့တွေက" မှန်ပါသည်။ ရနံ့မွှေးတွေ ကြိုင်နေပါသည်။ “ဒီတော့ မသာယာဘူးလားဗျာ”
မကျင်မယ်သည် စကားဝါပန်း၏ အလှအပတွေကို သူတတ် နိုင်သလောက် မြင်အောင်ကြည့်လေသည်။
“ဒီတော့ ဒီလိုသာယာမှုတွေပေးနေတဲ့၊ အလှတန်ဆာဆင် နေတဲ့အရာတွေကို ကျေးဇူးတင်ရမှာပေါ့။ ဒီစကားဝါပန်းရုံ၊ ဟောဟို ဘက်က လယ်ကွင်းကြီး၊ ဟိုဘက်က တောရိပ် တောင်ရိပ်ကလေး” သူ ၏မျက်စိသည် လမ်းပေါ်သို့ရောက်သွားလေသည်။ “နောက်ပြီး ဟောဒီ ဖြူးနေတဲ့လမ်းကြီးကိုကောပေါ့၊ လမ်းကိုလည်း ကျုပ်တို့ ကျေးဇူးတင်ရမှာပေါ့”
မကျင်မယ်သည် ဒီညအဖို့ လမ်းကိုကျေးဇူးတင်ပြီးလျှင် ဦးဘေမောင်ကို နှုတ်ဆက်၍ ဆက်လက်ထွက်သွားလေသည်။ သူတို့
ကျေးဇူးတင်ကြသောလမ်းမှာ ပျံ့ပြူး၍ ချိုင့်ခွက်၊ အဖုအထစ်မရှိ ညီညာဖြူဖွေးသော လမ်းကလေးဖြစ်ပါသည်။
ဦးဘေမောင်အဖို့ကား ဆိုင်သွား၍ မမှာကြားရဘဲ ဘရန်ဒီ လင်းများ နက်ဖြန်ရောက်လာမည်ဖြစ်၍ ကျေနပ်ကာ သူ့အိမ်ဘက် သို့ဆက်လက်လမ်းလျှောက်သွားလေသည်။အလင်းရောင်မှာ အားနည်းစပြုလေပြီး၊ ငှက်တော်ပဇင်းတို့လည်း “ကျီကျီကျီ.. ကျီ” အော် ကာ အမှောင်လွှမ်းနေသော လယ်ကွင်းဘက်ဆီသို့ ပျံသွားကြလေ သည်း လေမှာ အနည်းငယ်နွေးလျက် ပန်းပေါင်းစုံရနံ့ဖြင့် မွှေးလှိုင်နေ လေသည်။ ခပ်လှမ်းလှမ်း လယ်ကွင်းဆီမှ ရိုးပြတ်တို့ အနံ့မှာလည်း သင်း၏။
သူသည် အခုမှသတိရကာ စောစောက အိတ်ထဲထည့်ထား သော ဆေးပြင်းလိပ်ကိုထုတ်ကာ မီးညှိ၍ဖွာနေလေသည်။ သူသည် မီးခြစ်ပြီး၍ မီးခြစ်ဆံကို လွှင့်ပစ်လိုက်စဉ် အဝေးမှ သူ့အိမ်ဆီသို့လာ နေသော ကားတစ်စင်းကို သူမြင်လေသည်။
ကားမှာ အငှားမော်တော်ကားဖြစ်၍ အတွင်း၌ မိန်းမပျို တစ်ယောက်ပါသွားလေသည်။ ဆရာမအသစ်ကလေး မေပင် ဖြစ် ဟန်တူသည်။ သူသည် ကားကို စိတ်ဝင်စားစွာ ကြည့်လေသည်။ ကားကိုရပ်၍ မေ့ကို နှုတ်ဆက်ရလျှင် နေရာကျမည်။ မေ့ကို ညနေ ခင်း အလှအပအကြောင်း ညွှန်ပြလိုက်နိုင်မည်။ သို့မဟုတ် အိမ်ကျ မှပင် အေးအေးဆေးဆေးတွေ့ရမည်လား၊ သူသည် နောက်ဆုံးအကြံ ကို ပို၍ နှစ်သက်လေသည်။ သူသည် သူ့အပါးမှ ကားဖြတ်မောင်းသွား သည်ကို အလျင်းဂရုမစိုက်ဘဲ ဆက်၍လမ်းလျှောက်သွား၏။ သို့ရာ တွင် ညနေခင်း ဝင်ဆဲနေရောင်ခြည်ထက်ပင် ဝင်းလက်ရွှန်းတင့်သော မေ၏ ဆံပင်များကို သတိထားမိလေသည်။
သူအိမ်တွင်းသို့ရောက်သည့်အခါ အတော်မှောင်နေပြီဖြစ် ၍ မီးထွန်းထားပြီဖြစ်လေသည်။ ဆင်ဝင်ဝဧည့်ခန်းတွင် သူ့ဇနီး ဒေါ်ငြိမ်းခင်ကို တွေ့၏။ ဇနီးသည်မှာ မျက်နှာထားတင်း၍ အစစ အရာရာ သြဇာပေးတတ်၏။ တွင်တွင်ကျယ်ကျယ် စီမံအုပ်ချုပ်
တတ်၏။ လင်သည် ပျော့၍ ချိုသလောက်၊ ဇနီးသည်မှာ မာ၍ တည်လေသည်။
ဦးဘေမောင် အိပ်ရာလိပ်၊ သားရေသေတ္တာတို့ကို တွေ့၍ “ဟေး.. မငြိမ်း ဒါ ဘယ်သူ့ပစ္စည်းတွေလဲ”ဟု အံ့အားသင့်သလို
မေး၏။
“မေ အခုပဲ ရောက်တယ်...”ဟု ဒေါ်ငြိမ်းခင်က အေးဆေးစွာဖြေ၏။
“မေ ..မေ” သူသည် နာမည်ကို စဉ်းစားနေလေသည်။
“ဒီက ခေါ်ထားတဲ့ ဆရာမကလေးလေ၊ အခုပဲ ရန်ကုန်က ရောက်လာတာကိုး။ မောင်နဲ့ ရှေ့ဆင့် နောက်ဆင့်ပဲ၊ လမ်းမှာ သူ့ကားနဲ့ မတွေ့ဘူးလား”
“ဟုတ်လား၊ မသိပါဘူးကွယ်။ ညနေခင်းက သိပ်သာယာ နေတော့ ဘယ်ဟာမှ သတိမရပါဘူး” ဟု ပြောကာ သူ့နှာခေါင်းထဲတွင် စကားဝါပန်းရနံ့တွေ မွှေးလာသည်ဟု မှတ်ထင်လေသည်။
“ဟုတ်တယ်၊ ညနေခင်းက သိပ်သာယာတာ၊ နှင်းတောင် လမ်းလျှောက်ထွက်မလို့ဟာ နောက်တော့ ဆရာမ ကလေးရောက်တာ မသိမှာစိုးတာနဲ့”
“ဆရာမ ကလေးက ဘယ့်နှယ့်လဲ”
“သဘောကောင်းပုံရပါတယ်။ ကလေးမက ရုပ်ရည်သနားကမား မျက်လုံးပြာကလေးနဲ့ ချစ်စရာ”
“ကောင်းတယ်၊ ကောင်းတယ်” ဟုပြောပြီး ဦးဘေမောင် သည် သူ့ အခန်းသို့သွားလေသည်။ ။
အပေါ်ထပ်တွင်ကား ရုပ်ရည်သနားကမား၊ မျက်လုံးကလေးနှင့် ချစ်စရာ ဆရာမသည် ပတ်ဝန်းကျင်ကို အကဲခတ်နေ
လေသည်။ သူ့အဖို့ မှာ မြေပြောင်း၊ လေကြောင်း ဖြစ်၍ ဆန်းသစ်နေ၏။ ဦးဘေမောင်တို့အိမ်မှာ ဝင်းနှင့်ခြံ၊ မြေနှင့် မြို့အစွန်တွင် ဆောက် ထားလေရာ ခပ်လှမ်းလှမ်း လယ်ကွင်းမှ ရိုးပြတ်များ၏ ရနံ့သင်းသင်း နှင့် နွေဦးပေါက်ပန်းများ၏ ရနံ့မွှေးများကို သူ ရှူရှိုက်မိလေသည်။ ဘူတာရုံမှအိမ်သို့ အလာလမ်း, ကားပေါ်တွင် သူလုပ်ရမည့်ဆရာမ အလုပ်ကို စဉ်းစားကြည့်၏။ သူသည် ပိပိရိရိ အပြစ်ကင်းအောင်နေရ မည်။ အကယ်၍ ဤဒေသ၊ ဤအရပ်တွင် သူ့အားချစ်မည့်ကြိုက်မည့် ယောက်ျားတစ်ဦးတွေ့လျှင် ချစ်မိကြိုက်မိမည်ဖြစ်၏။ သို့ရာတွင် မေသည် လက်ထပ်ယူရန် ရည်ရွယ်ချက်မရှိပေ။ လင်ယူမည့်ကိစ္စကို လည်း သူတွေး၏။ သူ့အဖို့မှာ တိုင်ပင်စရာ အမေလည်းမရှိ။ အဖေ လည်းမရှိ။ တကယ့်အရေးကျလျှင် သူ့ဦးနှောက်နှင့်သာ တိုင်ပင်ရမည်။ အဖော်ပြုရမည်ဖြစ်လေသည်။ သူကိုယ်ကိုသာသူ အားကိုးရမည် ဖြစ်၏။
ဒေါငြိမ်းခင်အတွက်မှာလည်း “ငါ ဒီမိန်းမကိုတော့ ဘာမျှ ကြောက်စရာမရှိဘူး”ဟု သူ့ကိုယ်သူ ပြောမိလေသည်။ မေ့ အဖို့မှာ လည်း သူ့သမီးနှစ်ယောက်အကြိုက်လိုက်၍ မြှောက်ပင့်နေလိုက်လျှင် ဟန်ကျမည်ဖြစ်၏။ ဆယ့်လေးနှစ်နှင့် ဆယ့်ငါးနှစ်သမီးနှစ်ယောက်မှာ ဖြူဖြူကျစ်ကျစ်ကလေးများဖြစ်ကြ၏။ ပထမ မေ့ကို သူတို့ ရှက်နေကြလေသည်။ နောက် မေက သူတို့၏ ဗိုလ်ခွေးကလေးနှစ်ကောင်ကို ချစ်သည့်ဟန်ပြလိုက်သဖြင့် သဘောကျသွားကြလေသည်။ ဘော်ဘီနှင့်
တော်မီသည် တွေ့စက မေ့ကို ဟောင်ကြ၏။ အမှန်မှာ မေသည် ခွေးများကို မချစ်ချေ။ မေသည် ကြောင်များကိုသာ ချစ်လေသည်။
မေသည် အခန်း အနေအထားကိုကြည့်ကာပြုံးလေသည်။ နံရံများမှာ ဆေးဖြူသုတ်ထား၍ ပြတင်းပေါက်မှာ လယ်ကွင်းဘက်သို့ မျက်နှာပြု၏။ အခန်းထောင့်ရှိ သူအိပ်ဖို့ ခုတင်မှာ ကျွန်းသားဖြင့် ပြုလုပ်၏။ အဝတ်ထည့်သည့် ဗီရိုတစ်ခုမှာ ခုတင်နှင့် မျက်နှာချင်း ဆိုင်နံရံတွင် မှန်တင်ခုံနှင့်အတူကပ်ထား၏။ အခန်းမှာ အတော်ကလေး ကယ်၏။
ပြီးလျှင်မေသည် အောက်ထပ်သို့ဆင်းလေသည်။ ဧည့်ခန်းသို့ ငင်လျှင် ပက်လက်ကုလားထိုင်တွင်နေသော ဦးဘေမောင်ကို တွေ့ရ
လေသည်။ သူ့ကိုမြင်၍ မေသည် တုန့်သွား၏။
“လာပါ... လာပါ ကိစ္စမရှိပါဘူး”ဟု သူ့ကို ဖိတ်ခေါ် လေသည်။
မေသည် ကုလားထိုင်တစ်ခုပေါ်တွင် ဝင်ထိုင်လိုက်ရလေသည်။ မေသည် မျက်လွှာကို အောက်သို့ချလျက်နေ၏။
“မေဆိုတာထင်ပါရဲ့” “မှန်ပါတယ်” မေသည် သူ့မကြည့်ဘဲ ဖြေလေသည်။ “ဘယ်တုန်းက ရောက်သလဲ”
“ခုနကလေးတင်ပါပဲ၊ လမ်းမှာတောင် ဦးကိုတွေ့မိတယ် မှတ်ပါတယ်”
“ဪ.. ဟုတ်လား၊ မသိပါဘူးကွယ်၊ သတိမထားလိုက်မိဘူး"
မေသည် ဦးဘေမောင် အမှန်မပြောသည်ကိုသိလေသည်။ ကား သူ့အနားဖြတ်လေသောအခါ သူ့ကို သေသေချာချာကြည့် သည်ကို မေ ကောင်းစွာ သတိထားမိသည်။
“သမီးနှစ်ယောက်နဲ့ကော တွေ့ပြီးပြီမဟုတ်လား” “ဟုတ်ကဲ့ တွေ့ပြီးပါပြီရှင်” မေသည် ယဉ်ကျေးစွာ ဖြေကြား၏။
“ကောင်းတယ်၊ ကောင်းတယ်၊တော်ကြာသူတို့နဲ့ ခင်မင်သွား ပြီး မေလည်းပျော်လာမှာပဲ၊ နှစ်ယောက်စလုံးကို အစိုးရကျောင်း က ခြောက်တန်းနဲ့ နှုတ်ထားရတာကိုး၊ ကောင်မလေးတွေက ချစ်တတ် ခင်တတ်ပါတယ်။ စာကိုလည်း အင်မတန် သင်ချင်ကြ၊ တိရစ္ဆာန် ဆိုလည်း ချစ်တတ်ကြရဲ့၊ ခွေးကလေးတွေ”
ဘော်ဘီနှင့် တော်ကို မေမြင်ပြီးဖြစ်လေသည်။
“နောက်ပြီး ကြောင်ကလေးတွေ”
ထိုအခိုက် ကြောင်နက်ကလေးတစ်ကောင် အခန်းထဲသို့ ဝင်လာလေသည်။ ဦးဘေမောင်မှာ သူပြောသည်မှာ မှန်ကန်ကြောင်း ထောက်ခံသည့်အလား၊ ကြောင်နက်ကလေးကို လက်ညှိုးညွှန်ပြ လေသည်။
“လာ လာ ပူခံ ပူစီ”ဟု သူသည် လက်ကိုလှုပ်၍ ခေါ်လေ သည်။ သို့ရာတွင် ကြောင်ကလေးမှာ သူ့ဆီသို့မလာဘဲ မေရှိရာသို့ အမြီးကလေးတစ်ချက်ကော့ကာသွားလေသည်။မေသည် အသာတယာကြောင်ကလေးကို ပွေ့ယူလိုက်ဆဲ ဒေါငြိမ်းခင်နှင့်အတူ သမီးနှစ်ယောက် အခန်းထဲဝင်လာကြလေသည်။ သူတို့၏ အမည်များမှာ အငယ်က ဝင်း၊ အကြီးက နှင်းဟု မေ သိပြီးဖြစ်လေသည်။ မေ သည် ကြောင်ကလေးကိုပွေ့ထားရာမှ ကြမ်းပြင်ပေါ်သို့ အသာချလိုက်လေသည်။
ဒေါငြိမ်းခင်သည် မေ့အား“အတော်ယဉ်ကျေးတဲ့မိန်းကလေး” ဟု အောက်မေ့မိလေသည်။
“သြော် ကိုမောင်နဲ့ မေ တွေ့ကြပြီကို”
မေသည် ဝန်ခံလေသည်။
“ကဲ..ကဲ... မေလာ ထမင်းစားကြရအောင်။ နှင်းနဲ့ ဝင်း က ဆရာမကို လက်တွဲပြီး ထမင်းစားခန်းခေါ်ခဲ့ကြ” -
မေသည် နှင်းတို့ ဝင်းတို့ တစ်ဖက်တစ်ချက် ခြံရံလျက် ထမင်းစားခန်းထဲသို့ ရောက်လာလေသည်။ မေက ဦးဘေမောင်နှင့် ဆက်ဆံရာ၌ လွယ်ကူမည်ဟု တွေးထင်လေသည်။ ထမင်းစားခန်းမှာ အတော်ကလေးကျယ်၍ သပ်သပ်ရပ်ရပ်ရှိ၏ ။ စားပွဲထိပ်၌ ဦးဘေမောင် ထိုင်သည်။ “မေ ဘာမှအားမနာနဲ့၊ ကိုယ့်အိမ်လို သဘောထားစား၊ နောက်လဲ ဒီအိမ်သားဖြစ်မှာပါပဲ”ဟု ဒေါ်ငြိမ်းခင်က အားမနာအောင် ပြောလေသည်။
“ဆိတ်သားဟင်းကနည်းနည်းမငံဘူးလား”ဟု ဦးဘေမောင် က ဟင်းကို နယ်ရင်းပြော၏။
“ကျုပ်ကတော့ ပေါ့တောင် ပေါ့သေးတယ် ထင်တယ်”ဟု ဒေါ်ငြိမ်းခင်က သဘောမတူသောအချက်ကို ဖော်ပြလေသည်။
“မေကော ဘယ့်နှယ့်လဲ”ဟု ဦးဘေမောင်က မေ့ဘကီသို့ လှည်၍မေး၏။ မေ ကား၊ မည်သူ့ဘက် လိုက်ပြောရမည်ကို မတွေး တတ်။ ဝင်း၏သဘောမှာ ငံသည်ဟု သဘောရသည်။ နှင်းကမူ မ၏အဝတ်အစားကိုသာ ကြည့်နေ၏။ မေမှာ သူပေးရမည့်အဖြေ အရေးကြီးကြောင်းသူသိ၏။
“မေ သိပ် မသိဘူး။ မေတော့ စားလို့ရတာပဲ။ နောက်ပြီး ကျောင်းမှာဆို ဆိတ်သား တယ်စားရတာမဟုတ်ဘူး”
က ဒဂုနတာရာ မေသည် မုသားသုံးလိုက်သည်။ ကျောင်းမှာ ဆိတ်သား မကြာခဏပင်စားရသည်။ ဒေါ်ငြိမ်းခင်မှာ မေ၏အဖြေကိုများစွာကျေနပ်လေသည်။ ဦးဘေမောင်မှာမူ ဟင်းသည် ငံသည်ကို အရေးမထား။ မေ၏ ငွေဆည်းလည်းသံလို ချိုနွဲ့သော အသံကိုသာ နားစွင့် နေ၏။
“ဝအောင်စား မေ...၊ ဝအောင်စား”ဟု ဒေါ်ငြိမ်းခင်က မေ မရှက်ရအောင် စကားပြောလေသည်။
သူတို့သည် ထမင်းစားပြီးလျှင် အိမ်မှာဖျော်သော သံပုရာ အဖျော်ရည်ကို သောက်ရင်း ဟိုအကြောင်း၊ ဒီအကြောင်း စကားပြော ကြလေသည်။ မေက သူတို့ မေးသမျှကို ဖြေကြားလေသည်။
"မေ ဒီလာတော့ မေ့ မိဘများ ဘယ်မှာနေရစ်ကြမလဲ”
“မေ့မှာ အဖေ၊ အမေ မရှိပါဘူး။ မေ့မှာ ဆွေမျိုးလည်း မရှိပါဘူး” ။
“ သူတို့သည် မေ့ကို သနားသွားကြ၏။ ဦးဘေမောင်မှာ ၍နားထောင်နေ၏။ ဝင်းမှာ သူ့ဆရာမကို သနား၍ မျက်ရည် လည်မလာအောင်စိတ်ကိုထိန်းနေ၏။ နောက် သူတို့သည် ဆရာဖြစ် သင်ကောလိပ်ကျောင်းအကြောင်းကိုမေးသဖြင့် မေက စိတ်ရှည်၊ လက်ရှည်ပြောပြလေသည်။ အိမ်သားအားလုံးကပင် မေ့ကို ချစ်ခင် လာကြလေသည်။ မေ မျှော်လင့်သည်ထက်ပင် ဟန်ကျလာလေသည်။
“စာကို တစ်နေ့ ဘယ်အချိန်လောက် သင်ကြမှာလဲ”
“တစ်နေ့ ငါးနာရီဆိုရင် တော်လောက်ပြီထင်တယ်” ဟု ဦးဘေမောင်က အကြံပေးလေသည်။ အားလုံး သဘောတူကြ၏။
“အင်္ဂလိပ်စာ နှစ်နာရီ ရာဇဝင် တစ်နာရီ၊ ဂဏန်း သင်္ချာ
တစ်နာရီ၊ စန္ဒရားအတီးသင်တာတစ်နာရီ” ဟု ဒေါ်ငြိမ်းခင်က အချိန် ကိုတွက်ပြ၏။
“ဟုတ်တယ်၊ဒါကောင်းတယ်” ဟု ဦးဘမောင်ကသဘော တူ၏။ နှင်းနှင်းဝင်းတို့မှာ လူကြီးများပြောသမျှကို နားထောင်နေ ကြ၏။
“အချိန်ရသလောက်တော့ မေ ကြိုးစားပြီး သင်ပေးပါ့မယ်” ဟု မေက ဖြည့်စွက်လေ သည်။
“စာသင်ချိန်ရော အားလပ်ချိန်ရော မျှတလို့ပေါ့၊ စာချည်း သင်နေလို့လည်း အညောင်းမိနေကြပါမယ်။ ကိုယ်လက်လှုပ်ရှား ကစားဖို့လည်း အရေးကြီးတယ်။ နှင်းနဲ့ ဝင်းကတော့ လမ်းလျှောက် အတော်ဝါသနာပါကြသားပဲ”
“ဟုတ်ကဲ့ ကိုယ်လက်လှုပ်ရှားကစားတာ အင်မတန် အရေး ကြီးတယ်၊ မေတို့ ကျောင်းကတော့ ကစားတာကို အထူးပဲလေ့လာ ရတယ်”ဟု မေက ပြောပြလေသည်။ နှင်းနှင့် ဝင်းတို့မှာ ကျန်းမာရေး ကစားနည်းများ မေ့ထံမှတောင်းမည်ဟုကြံနေကြ၏။ ဦးဘေမောင်မှာ မူ မေ၏တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်ကိုသာ တွေးနေလေသည်။
“စန္ဒရားသင်ရင် ဘာကစ,သင်မလဲ။ သီချင်းကြီးလား... ကာလပေါ်လား”ဟု ၄င်းက မရဲတရဲနှင့် မေကိုမေးလေသည်။
မေက ပြုံးကာ သီချင်းကြီးရော၊ ကာလပေါ်ရောပေါ့” ဟု ဖြေလေသည်။
“အရင်က ကျွန်မတို့သင်တဲ့ဆရာကတော့ ကာလပေါ်က အလကားဆိုပြီး မသင်ပေးဘူး”ဟု နှင်းနှင့်ဝင်းက ပြောပြန်၏။
“ဟုတ်တယ် တချို့က အယူသီးကြတယ်၊အမှန်ကတော့ နားဝင်ချိုစေတဲ့အသံဟာ ဂီတပေါ့”
. “စန္ဒရားဆိုလို့ အိမ်က စန္ဒရားကြီး တီးကြည့်ပါလား” ဟု ဒေါ်ငြိမ်းခင်က အကြံပေး၏။
သူတို့သည် စန္ဒရားထားရာအလယ်ခန်းသို့ သွားကြလေ သည်။ မေသည်စန္ဒရားကို စမ်းကာ သီချင်းတစ်ပုဒ် ကောက်တီးလေ သည်။ နှင်းမှာ မေ၏ ကျက်သရေရှိစွာ လှုပ်ရှားသော လက်ချောင်း ကလေးများကို ကြည့်ကာ အံ့ဩနေလေသည်။ ဝင်းမှာ မဟာဂီတကို လှန်၍ သီချင်းကို တိုးတိုးဆိုကြည့်၏။ ဦးဘေမောင်သည် ဆေးပြင်း လိပ်ကိုပါးဆောင်တွင်ခဲ့ကာ ပက်လက်ကုလားထိုင်မှ ဇိမ်နှင့် စန္ဒရား သံကို နားထောင်လေသည်။
ပြီးလျှင် မေသည် ခရီးပန်းနေသည်ဟု အကြောင်းပြကာ အိပ်ခန်းသို့ ပင်သွားလေသည်။
“ဆရာမကလေးက တော်သားပဲ၊ စန္ဒရားလည်း အတီး ကောင်းတယ်၊ ပညာလည်းကောင်းပုံရတယ်၊ ဘယ့်နှယ့်သဘောရလဲ
ကိုမောင်”
“အေးကွယ်၊ တို့တော့ ဒီလိုဆရာမကလေးရတာ ကံကောင်း တာပဲ”ဟု ဦးဘေမောင်က ပြောလေသည်။
။ ။ ။
မေ အစောကြီး အိပ်ရာဝင်သွားခြင်းမှာ အိပ်ခန်းထဲတွင် လွတ်လွတ်လပ်လပ် တွေးရ၊ တောရအောင် ဖြစ်လေသည်။
မေသည် သူ့ကိုယ်သူ များစွာကျေနပ်၍ နေလေသည်။ ဦးဘေမောင်နှင့် ဇနီး ဒေါ်ငြိမ်းခင်ကလည်း သူ့ကို ယုံကြည်နေပြီ။
နှင်းနှင့်ဝင်းတို့ကလည်း သူ့ကို ချစ်ခင်နေပြီ။ အမှန်မှာ သူသည် နှင်းနှင့်ဝင်းတို့ကို တကယ်မချစ်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ရှေ့အဖို့ဟန်ကျတော့မည်။ ပဲခူးမှာပဲဖြစ်ဖြစ်၊ လောကကြီးမှာပဲ ဖြစ် ဖြစ်။ ။
သူသာ ပြတင်းပေါက်အနီးတွင် ရပ်လျက်ရှိ၏။သူ့ အိပ်ခန်း ထဲသို့ ဝင်မိကတည်းက ဒေါ်ငြိမ်းခင်တို့ အိမ်သားတွေအကြောင်းကို မေ့ပစ်လိုက်ပြီဖြစ်၏။ သူတွေးနေသော အိပ်မက်များ၏ အလင်းရောင် အမှောင်တို့ကိုသာ သူမြင်၏။ သူသည် ဆရာဖြစ်သင်ကောလိပ်
ကျောင်းတွင် နေရသည်များကို တွေးမိ၏။ အားလပ်သည်ဆိုလျှင် ဧည့်ခန်းဆောင်တွင် မခင်စီနှင့်အတူ စန္ဒရားတီးကြ၏။ တနင်္ဂနွေနေ့ ဆိုလျှင် မြို့ထဲထွက်၍ ရုပ်ရှင်ကြည့်ကြ၏။ ညနေအေးတွင် အညောင်း
ပြေ လမ်းလျှောက်ရင်း အင်းလျားလမ်းအနီး (ဂရင်းဘရှိဘူးသီးကြော် ဆိုင်သို့သွားကြ၏။ တစ်ဖန် သူ့အတိတ်သည် အဝေးသို့ လွင့်သွားပြန် ၏။ သူသည် ဒိုင်အိုဆီစင် မိန်းကလေးကျောင်းတွင်နေစဉ်က အပူ အပင် အကြောင့်အကျမရှိ။ ကပွဲတွေ၊ မိတ်ဆက်ပွဲသဘင်တွေ တက်၏။ ထိုအခါက မေသည် အတော် အကကောင်း၏။ ကပြား
ဘွေ သူနှင့်တွဲကကြ၏။ ယခုမူ လယ်ကွင်းတွေဘေး သာယာအေးမြ
သော ပဲခူးတွင်ရောက်လေနေပြီ၊ တောဓလေ့ကို တွေ့ရလေပြီ။
ထို နွေဦးပေါက်ညတွင် မေသည် ပျော်၏။ လွတ်လပ်၏။ ပြတင်းပေါက်မှ ညှင်းညှင်းညံ့ညံ့ကလေး ဝင်လာသော လေကိုရှူရှိုက် ၏။သူ့ဟဿယတွင် ပီတိဟုန်ကြွနေ၏။ အောက် ပန်းခြံမှ ပန်းရနံ့များ သည်လှိုင်နေလေသည်။အဝေး ပဲခူး-ရန်ကုန်လမ်းမကြီးပေါ်မှ ဝေါခနဲ ဝေါခနဲ ဖြတ်သွားကြသော မော်တော်လော်ရီများ၏ အသံသည်
ဒဂုန်တာရာ ပြတင်းပေါက်မှ အခန်းဆီးကို အသာလက်ဖြင့် ဖယ်လိုက်လေသည်။
မေသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ ပပဝင်းနေသော လမင်းကိုနှုတ်ဆက်၍ ကောင်းကင်တိမ်တိုက်တွေကြား၌ကား လနတ် သမီးသည် ငွေရောင်ခြည်၊ မြရောင်ခြည် တန်ဆာကိုဝတ်ဆင်ကာ၊ က၍နေလေသည်။ လနတ်သမီးသည် လက်ချောင်းများကို ကြာဖူး သိန်ယှက်ကာသက်လှယ်လမင်းကိုကန်တော့၏။ လနတ်သမီးမှာ မေပင် ဖြစ်နေလေသည်။ ဖြိုးဖြိုး ပြက်ပြက်နှင့် လနတ်သမီးမှ ဖြာ ထွက်သော အရောင်များမှာ သူ၏ စိတ်တန်ခိုးများဖြစ်လေသည်။
ဤကဲ့သို့သော အလှအပသည် ပဉ္စလက်နည်းဖြင့် သူ့ကိုယ် တွင်းသို့ ဝင်လာမည်ဆိုလျှင်သူကိုယ်တိုင်သည် အလှအပကို ကမ္ဘာကြီး အား ဖြန့်ဝေရာ လက်နက်ဖြစ်နေမည်လောဟု မေသည် မှုန်မှိုင်းစွာ တွေးထင်လျက်ရှိလေသည်။ သူ့အသံကို လူအများ နားထောင်လိုက် နာရ၍ သူ့စိတ်ကိုယ်သည် တပ်မက်ခြင်း၊ စည်းဝါးချက်အတိုင်း
သီသော ဆေးများတီးခတ်ရာ စောင်းတူရိယာပင်ဖြစ်နေတော့ မည်။ အလှအပကို သူကောင်းကောင်းမြင်၍၊အလှအပသူ့တွင် ရှိရမည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် အလှအပ၏ ဆွဲဆောင်ရာသို့သာ လိုက်ကြသောကြောင့်ဖြစ်လေသည်။ ။
သို့ရာတွင် သူသည် ပန်းချီဆရာလို ချစ်ဖွယ်နှစ်သက်ဖွယ် -သော အာရုံတွင် မည်မျှပင်ထက်သန်လျက်ရှိသော်လည်း တစ်ဒင်္ဂမျှပင် စိတ်သည် ပျက်ပြယ်လျော့ရဲသွားခြင်းမရှိ။ ပုလဲရောင်နှင့် ငွေရောင် တွဲစပ်ထားသော နောက်ခံကားတွင်သူသည် အကောင်းချည်း အလှ ချည်းမြင်နေလေသည်။ တကယ်ဆိုလျှင် သူ့ဘဝမှာ မေတ္တာနှင့် အောင်မြင်မှုတို့ဖြင့် ပြည့်စုံတော့မည်ဟု တွေး၍ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးကလေး ပေါ်လာလေသည်။ လှပကြည်ဝင်းသော လရောင်နှင့် အရိပ်များသာဖြစ်၍ ဘယ်တော့မှ နေ့ခင်း၏ တောက်ပခြင်း မဖြစ် နိုင်ပေ။
................
(၃)
ပဲခူးမြို့၊ မတ်လ ၂၉-ရက်၊ ၁၉. ခု အချစ်ဆုံးစီရေ
“ ဒီကနေ့မနက် စိမ်းစိမ်းဝါနေတဲ့ လယ်တောဘက်ဆီက ကလေး ထွက်ပြူစ သိပ်သာယာနေတုန်းပေါ့၊ မေ တပည့်မ နှစ်ယောက် အပြင်လမ်းလျှောက်ထွက်နေတုန်း သူတို့လည်း တော် တော်ကြာမှာမို့ အားတဲ့အချိန်ကလေးမှာ ပုံဆီကို စာရေးလိုက်ရတာပဲ။ မနက်စာ ထမင်းစားပြီးတယ်ဆိုလျှင် စာသင်ရမှာနဲ့ အားတော့မှာ မဟုတ်ဘူး။ ရုံအခန်းလာပြီး မေနှုတ်ဆက်လာတုန်းက ကြာကြာမနေဘဲ တစ်ခါတည်း ထွက်သွားတာသိလား။ စီက သိပ်ဝမ်းနည်းတတ်တာ နဲ့ စီငိုမှာကို မေသိလို့ မေ ခပ်မြန်မြန် ထွက်သွားလိုက်ရတာ၊ စီငိုတာမြင်လျှင် မေလည်း ငိုမိပြီး သိပ် စိတ်မကောင်းဖြစ်မိမှာ။
မေအခု ပဲခူးမှာ အသားကျနေပြီဆိုပါတော့၊ မေအစက ကြောက်သလိုတော့ မဟုတ်ပါဘူး။ မဆိုးလှပါဘူး။ ဦးဘေမောင်ဇနီး ဒေါ်ငြိမ်းခင်ဆိုတာကလည်း သဘောကောင်းပါတယ်။ သနားကြင်နာ တတ်တယ်။ နည်းနည်းတော့ သြဇာပေးတတ်တယ်။ မေနဲ့တော့ လေပေးဖြောင့်ပါတယ်။ လေပေးမပြောစရာလည်း အကြောင်း မရှိပေ ဘူး။ မိန်းမကြီးက ခပ်ဝဝ ဖြူဖြူ ခန့်ခန့်ကြီး၊ သူဌေးကတော်ကိုက် ပေါက်တယ်၊ ခါးကြားမှာ သော့တွဲကြီး အမြဲချိတ်ထားတယ်၊ခါးကချတယ် မရှိဘူး။
သူ့ယောက်ျား ဦးဘေမောင်ဆိုတာကတော့ ပိန်ပိန်နွဲ့နွဲ့ အသက်(၄၅)နှစ်လောက်ရှိပြီ။ သူ့ဂုဏ်ဝိသေသနကတော့ မြေပိုင်ရှင်၊ သမာဓိမြို့ဝန်၊ ဘုရားလူကြီးဆိုပါတော့၊ သမာဓိရှိတယ် မရှိဘူး၊ ဘာသာတရား ကြည်ညိုတယ်၊ မကြည်ညိုဘူးကိုတော့ မေမသိဘူး။ ဒါပေမယ့် မြို့ပေါ်မှာတော့ ဂုဏ်သရေရှိလူကြီးတစ်ဦးပဲ။ သူတို့က အတော်လေးချမ်းသာတယ်။ လယ်တွေ၊ မြေတွေလည်း ရှိတယ်။
သူတို့အိမ်မှာ ဟင်းကောင်း၊ ကျွေးကောင်းတော့ အမြဲချက် တယ် မေအဖို့မှာတော့ ကျောင်းကနေပြီး အိမ်ရောက်သွားတယ် ဆိုတော့ စားလို့ သောက်လို့တော့ အင်မတန်ကောင်းတယ်။ မေလည်း အစားကြီးလာပြီကွဲ၊ စီလည်းအိမ်ရောက်တော့ နှင်းကြိတ်မှာပေါ့ ဟုတ်လား၊ ဦးဘေမောင်က ဟင်းကောင်း အင်မတန်ကြိုက်တယ်။ ထမင်းစားပြီးလည်း ဖျော်ရည်တစ်ခုသောက်ရမှ။
မေနေတဲ့အခန်းကလေးက အပေါ်ထပ်၊ လယ်ကွင်းဘက်ကို မျက်နှာပြုနေတယ်။ ပြတင်းပေါက်ဖွင့်ပြီး မျှော်ကြည့်မယ်ဆိုလျှင်
ဘာရဲ့ ကျက်သရေအလှကို ကောင်းကောင်းတွေ့ရတာပဲ။ လေက လည်း အင်မတန်မွှေးတယ်၊ လသာတဲ့ညများဆို စီရယ်၊ အို ... သိပ်ပြီးကောင်းတာပဲ။
မေအခု စာသင်ရတဲ့ နှင်းနဲ့ဝင်းဆိုတဲ့ ကောင်မလေး နှစ်ယောက်ဟာ သင်လို့တယ် မတတ်လွယ်ကြဘူး။ နည်းနည်းဉာဏ် ထိုင်းတယ်ဆိုရမှာပေါ့၊ အင်္ဂလိပ်စာကို (၆) တန်းအထိ သင်ဖူးတာကိုး အဲဒါ တချို့ အသံထွက်တွေကမှားနေလို့ ခဏခဏ ပြင်ဆိုခိုင်းရတာပဲ။ တစ်ခုရှိသေးတယ်စီရဲ့။စန္ဒရားသင်ချိန်မှာဆို ဒေါ်ငြိမ်းခင်က အမြဲလိုလို
အနားလာပြီး နားထောင်လေ့ရှိတယ်။ တချို့နေရာများမှာ သူကိုယ် တိုင်ဝင်တဲ့ပြီး “ဟဲ့ ဝင်း... သေသေချာချာ ဒရန့်ကို ပြီးအောင်တီး၊ ဒရန့်ဟာ အင်မတန်အရေးကြီးတယ်၊ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်ကို စုံအသံ(၃)မျိုးထွက်အောင် စန္ဒရားခလုတ်ကို ခတ်လိုက်ရတယ်” အဲဒီလိုပြောပြီး တီးပြတတ်တယ်။နောက် “ဆရာမ ဆက်သင်ပေးပါ၊ ကျုပ် ငယ်ငယ်တုန်းကတော့ အတော်တီးတတ် တယ်။အခု မရတော့ပါဘူး၊ မေ့ကုန်ပါပြီတဲ့”အမှန်ကတော့ ရှေးက သင်လက်ထင်ပါရဲ့၊ နားထောင်လို့ မကောင်းပါဘူး။ မဟာဂီတကတော့ အမျိုးစုံရှိတယ်။ သားရေဖုံးပြီး “မငြိမ်းခင်” လို့ ရွှေစာလုံး ထိုးထားတယ်။ ငယ်ငယ်က ဂီတအတော်ဝါသနာပါဟန် တူပါရဲ့။ စန္ဒရားကြီးက ဂျာမနီလုပ် “တလူသ်နာ”ဆိုတဲ့အမျိုးပေါ့။ အသံ အတော်ကောင်းတယ်။ မြန်မာသီချင်းရော အင်္ဂလိပ်သီချင်းရော တီးလို့ကောင်းတယ်၊ ခလုတ်တွေက တို့ရုံနဲ့အသံမြည်တယ်။
ဒီလိုဆိုတော့ စီက မေဟာသိပ်ပျော်နေတယ်၊ ကျေနပ်နေတယ် အောက်မေ့မှာပဲ၊ ဒါပေမယ့် စီရယ်၊ မေဟာ အခုထက် ထိုက် တန်သင့်တယ်လို့ မေထင်တယ်။ စီလည်း သိတဲ့အတိုင်း၊ မေဟာ အရောင်အသွေးတွေ၊ ဂီတသံတွေ တောက်တောက်ပြောင်ပြောင်တွေ၊ ပြုံးပြုံးရီရီတွေကို အင်မတန်မျှော်လင့်တာ၊ မေကဒီဟာတွေနဲ့ တော့နေချင်တာ၊ ဒါတွေကို မေဘယ်တော့မှမရဘူး။နောက်ပြီး မေ့မှာ အဖော် လည်းမရှိဘူး။ မေ့မှာ မိတ်ဆွေဆိုလျှင် စီကလွဲလို့ တစ်ယောက်မှ မရှိဘူး။ ဒီပြင် မိန်းကလေးတွေလို သူများ ဂရုစိုက်ခံရတာမဟုတ်ဘူး။ ဒါတွေများ တွေးမိရင်လေ မေတော့ ရူးချင်လာတာပဲ။ စီနဲ့မေတို့
ခဏခဏဆိုကြတဲ့ ဟောဒီကဗျာကို သွားသတိရတယ်။
လဲ့ကြည်လဲ့ကြည် ငွေခြည်လှိုင်းသား၊
ငွေကွပ်နားနှင့် အိလားပိုးလွှာ၊
မိုယ်အပြာလျှင် ပွေ့ကာပိုက်ထွေး၊
ရင်ဝယ်မှေးသည်
လကွေးတိမ်ဝယ် ပြုံးပြုံးတကား။ ။
ဖူးငုံဖူးငုံ ဝတ်မှုန်တင့်ထူး၊
ပွင့်တော်ဦးရှင့် ရွှေဖူးတံထိပ်၊
စိမ်းရွက်ပိတ်၍ ချစ်မိတ်တုံ့လှယ်
ကြင်မည်ရွယ်သည် ရွက်ဝယ်ပန်းပွင့်
ဖုံးဖုံးတကား။ ။
တင့်ဟန်တင့်ဟန်
ပြာလွှဲတိမ်တိုက်၊ လကိုပိုက်၍
ဖူးကိုက်စိမ်းရွက်၊ ပွင့်ကိုဘက်၍
ချစ်လက်ကြစေ၊ ကံမွဲမေမှု
ကြင်သက်က မုန်းမုန်းတကား။
အဲဒီကဗျာရှင်နဲ့ မေနဲ့ အဖြစ်ချင်းတူနေပြီ၊ စီ ဘယ်တော့ ပဲခူးကို လာလည်မလဲ၊ စီ လာလည်ချင်တယ်ဆိုတာ မေ သိပါတယ်။ စီတို့ကတော့ အစ်ကိုနဲ့ သိပ်ဟန်ကျတာပဲ။ သူ့ကိုပါ စီခေါ်လာနိုင်တာပဲ။ စီလို သူသဘောကောင်းလျှင် ဟန်ကျမှာပေါ့။ ဒါပေမယ့် စီ သူ့ကိုခေါ်လာရင်တော့ မေရှက်နေမှာပဲ။တော်ဦးမယ်နော်၊ ကျန်းမာကြပါစေ ...။
စီချစ်စွာသော မေ
..................
မခင်စီသည် မေ့စာကို ဖတ်ပြီးလျှင် မျက်ရည်ကလေးလည်နေ၏။ မေကလည်းစီဖတ်လျှင် မျက်ရည်လည်မည်ဟု ထင်လေ သည်။မခင်စီသည် မေ့စာကို သူ့အစ်ကို ကိုကျော်မြင့်အား ပြလေသည်။
“သူငယ်ချင်းက သနားစရာပဲ၊သူ့ခမျာ သိပ်ပြီး တစ်ယောက် တည်း ဖြစ်နေတယ်ထင်တယ်”ဟု ကိုကျော်မြင့်က ပြောလေ၏။
မခင်စီက ခေါင်းညိတ်လေသည်။ “မေကအင်မတန် ဖော်ရွေတာ၊ တော်တော်ကြာ ချစ်တဲ့ခင်တဲ့လူပေါ်လာမှာပါ"
“မေက ချောသလား”
“သိပ်ချောလှတယ် မဟုတ်ဘူးကိုကိုရဲ့၊ ဒါပေမယ့် ကြည့်လို့ ကောင်းတယ်၊ ဆံပင်က အတွန့်အရွန့်ကလေးတွေနဲ့ သိပ်ဗိုလ်ဆန် တယ်၊ မျက်လုံးပြာကလေး၊ အသားကလည်း ဝင်းဝင်း၊ တစ်ခုက သူ့မှာ အဝတ်အစား ကောင်းကောင်းမရှိဘူး”
“ဒါဖြင့်-စီက လက်ဆောင်ဝယ်ပေးပါလား"
ကိုကျော်မြင့်ကား ဆရာမကလေး မေ၏ ပုံပန်းကို စိတ်ကူး ဖြင့် မှန်းကြည့်လေသည်။ သူ့စိတ်ပုံကားထဲ၌ မေသည် အရပ်မြင့်မြင့် ဗိုလ်ဆန်ဆန် အပျိုမကလေးဖြစ်လေသည်။ မခင်စီကား သူ့အစ်ကို ပြောမှပင် လက်ဆောင်ပေးရမည်ကို သတိရလေသည်။
“စီ စဉ်းစာနေတာက မေ့ဆီလက်ဆောင်ပို့လျှင် ကြိုက်မှ ကြိုက်ပါ့မလား မသိဘူး။ မေက နည်းနည်း မာနကြီးတယ်ထင်တယ်။ သူများက ပေးတာ, ကမ်းတာလို့ ထင်ပြီး ဝမ်းနည်းချင်ဝမ်းနည်းမှာ”ဟု မခင်စီက တွေး၍ပြော၏။
ကိုကျော်မြင့်က ရယ်လေသည်။ “ဘာဆိုင်လဲ စီရဲ့၊ မေနဲ့ ဒီဟာ သိပ်ချစ်တဲ့ သူငယ်ချင်းပဲ၊ ဘယ်နှယ့် သူမကြိုက်ဘဲ ရှိပါ မလဲ”
“လက်ခံလျှင်တော့ သိပ်ကောင်းမှာပဲ ကိုကို”
“ပြောနေကြာတယ် စီ၊ ဒီကနေ့ပဲ သွားဝယ်ရအောင်၊ ကိုကို လည်း မြို့ထဲသွားစရာရှိတယ်”
မောင်နှမနှစ်ယောက်ကား၊ အဝတ်အစားလဲကာ မြို့ထဲ ထွက်သွားကြလေသည်။ သူတို့ နှစ်ယောက်မှာ သူငယ်ချင်းများလို ရောရောဝင်ဝင် ချစ်ကြသည်။ မြန်မာအစ်ကိုလို နှမဣနြေကြီးတွေ နှင့် မဟုတ်ကြ။ တစ်ယောက်အရေး တစ်ယောက် ဖွင့်ပြောတတ်ကြံ သည်။
သူတို့သည် စကော့ဈေး (ဗိုလ်ချုပ်ဈေး)ရှိ ပိုးတိုက်များတွင် ဝင်ကာ မေ့ဖို့အဆင်ရွေးကြလေသည်။ ကျော်မြင့်က အပြာရင့်ရောင် များများပါသော အကွက်အသွေးကိုရွေးသည်။
သူ့အကြောင်းပြချက်မှာ မေသည် ဗိုလ်ဆန်ဆန်ချောသည်ဟု ဖြစ်လေသည်။ မီးခိုးရောင် သက္ကလပ်ကွတ်အင်္ကျီတစ်ထည်လည်း ချုပ်ကြသည်။
“ကိုကို စီတို့ တစ်နေ့ ပဲခူးသွားလည်ကြရအောင်နော်၊ မေ သိပ်ပျင်းနေရှာမယ်။ စုံကိုလည်း သူ တွေ့ချင်မှာပဲ”
“ဟုတ်တယ်သွားလည်ဖို့ကောင်းတယ်၊ ဒရိုင်ဘာ မခေါ်ဘဲ ကိုကို မောင်းပို့နိုင်တာပဲ”
ဤသို့ဖြင့် သူတို့သည် ပဲခူးမြို့ရှိ ဆရာမကလေး မေထံသို့ အလည်သွားကြရန် ဆုံ ဖြတ်ကြလေသည်။
xxx
လက်ဆောင်ပစ္စည်းများမှာ မေ့ထံသို့ အချိန်တန်လျှင် ရောက်သွားကြလေသည်။ မေသည် သူ့အိပ်ခန်းသို့ အလုပ်ကို ယူသွားကာ ခုတင်ပေါ်တွင်ထိုင်ရင်း ဖြေကြည့်လေသည်။ မေသည် သူ့ဖို့ ကုတ်အင်္ကျီ၊ မန္တလေးပိုးအဆင်ဆန်း၊ ချိတ်ထမီများကို ရင်ခွင် တွင် ပိုက်ကာ နှစ်သိမ့်ကျေနပ်လေသည်။ နောက် သူသည် အခေါက်ကို ဖြန့်ကာ မှန်ရှေ့သွားလျက် သူ့အသားနှင့် ကပ်ကြည့်၏။ ကုတ်အင်္ကျီကို လည်းဝတ်ကြည့်၏။သူသည် ပြုံးကာ လက်ဆောင်များကို တရိုတသေ သူ့ အဝတ်သေတ္တာထဲသို့ ထည့်လေသည်။ လက်ဆောင်ပေးရာ၌ မခင်စီ၏ အစ်ကို ပယောဂလည်းပါမည်ဟု သူတွေးလေသည်။ နောက် တစ်ခုမှာ မခင်စီတို့ မောင်နှမ လာလည်မည့်ကိစ္စပင်ဖြစ်လေသည်။ တဖြည်းဖြည်းရက်များလည်း ကြာသွားကာ မေမှာ ပဲခူးတွင် အတော်ပင် ဟန်ကျနေလေပြီ။ ဦးဘမောင်တို့ အိမ်သို့လာလည်ကြသော သူများမှာ “မငြိမ်းတို့တော့ ရတနာပိုက်မိတာပဲ"ဟုပြောကြလေသည်။
ပဲခူးတွင် မျက်နှာကြီးထဲကဖြစ်သော မင်းတိုင်ပင် အမတ် ဟောင်းကတော် ဒေါ်အေးရှင်ကပင် မေ့ကိုသဘောကျကာ နောင်အလုပ် သစ် လျှောက်လိုလျှင် ထောက်ခံစာရေးပေးမည်ဖြစ်ကြောင်း ပြောလေ သည်။ ပဲခူးတွင် မင်းပွဲထိုးပွဲများတွင် သူအမြဲပါရာ၊ သတင်းစာထဲတွင် သူ့နာမည် ခဏခဏပါ၍ သူ့ကိုယ်သူ နာမည်ကြီးဟု ထင်မှတ်လေ သည်။ မေ ကျေးဇူးတင်ကာ နောက်ကိုပြောပါမည်ဟု ကတိပေးလေ သည်။ဒေါ်အေးရှင်သည် မေ့အကြောင်းကို သူ့တူ အလုပ်လက်မဲ့ မောင်ချစ်မောင်ကို ပြောပြလေသည်။
“ဒေါ်လေး ပြောသလိုဖြင့် ဦးဘေမောင်တို့အိမ်က ဆရာမ ကလေးက အတော်တော်တာပေါ့”ဟု မောင်ချစ်မောင်က အကြားနှင့် တစ်ဆင့် ချီးမွမ်းလေသည်။ ။
မုဆိုးမဝန်ထောက်ကတော်ဒေါ်မြင့်မြင့်မှာ ကွန်ဗင့် မယ်သီရင် ကျောင်းထွက်ဖြစ်ရာ မေတို့ဆီလာတိုင်း မေနှင့်အင်္ဂလိပ်စာပေ အကြောင်းပြောကာ၊ သူဖတ်ဖူးသော လင်္ကာများကို ဆွေးနွေးတတ်လေသည်။ ဒေါ်မြင့်မြင့်က မေ့ကို“မေဟာ အင်္ဂလိပ်စာလည်း အတော် ဖတ်တာပဲ” ဟု ချီးမွမ်းကာ “စန္ဒရားအတီးမှာတော့ တကယ်ရှားပါး တယ်၊ လက်ကျ လက်နကလဲ ပိ၊ အခု အဘက်တွေကလည်း ကောင်း၊ ဟန်တို့ မှင်တို့ကလည်းရှိ၊ အတော့်ကို တော်ပါတယ်၊ ကျုပ်တို့တော့ ဝန်ထောက် ဆုံးသွားကတည်းက ပီယာနိုတီးတာ အခုထက်တိုင်ပဲ။ တီးချင်တဲ့စိတ်လည်းမရှိတော့ပါဘူး”ဟု ဆိုလေသည်။ ဤအချက်သို့ ရောက်လျှင် ဒေါ်မြင့်မြင့်မှာသွားလေသူ ဝန်ထောက်ကြီးအား သတိရ သည့်တန်ဖြင့် မျက်ရည်လည်လာတတ်လေသည်။
ဦးဘေမောင်မှာ မေ့ကို အတိအလင်းချီးမွမ်းလေသည်။ ထို့ကြောင့်ပင် ဒေါ်ငြိမ်းခင်က “အိမ်က ကိုမောင်ကတော့ ဆရာမ ကလေးကို အတော်သဘောကျတာပဲ”ဟု ဒေါ်မြင့်မြင့်ကို ပြောလေသည်။
နှင်းနှင့်ဝင်းတို့ကို စာသင်နေသည့်အခါများ၌ ဦးဘေမောင် သည် အနားသို့လာရပ်ကာ မေနှင့်စကားစမြည်ပြောတတ်၏။ မနက် ထမင်းစားပြီးသည့်အခါတွင်လည်း “မေ စားလို့မြိန်ရဲ့ လား”ဟု မေး တတ်၏။ ရက်များသည် တဖြည်း ဖြည်းကြာသွားကာ မေမှာ အိမ် သားတစ်ယောက်အဖြစ် ရင်းနှီးလာလေသည်။ မေသည် ညနေ၌ နှင်း,ဝင်းတို့နှင့်အတူ လမ်းရှောက်တတ်လေရာ ဦးဘေမောင်လည်း မေ့ဘေးကလိုက်ပါလေသည်။ သမီးနှစ်ယောက်ကို အရှေ့တွင်ကျော် သွားစေ၍ အနောက်မှ သူနှင့် မေမှာ စကားပြောရင်းလာလေသည်။ မေမှာ သူပြောသမျှကို မျက်လွှာချကာနားထောင်လေသည်။ မေ့အဖို့မှာ အတော် အရေးကြီးသည်။ ဦးဘေမောင်ကို အရောမဝင်၍မဖြစ် ဒေါ်ငြိမ်းခင်နှင့်လည်းသင့်မြတ်ရမည်၊ ဒေါ်ငြိမ်းခင်ကများ သူ့ယောက်ျား နှင့် မသင်္ကာလျှင် သူ အလုပ်ပြုတ်မည်ဖြစ်၏။ မေမှာ ခြေလှမ်းမမှား ရအောင်နေလေသည်။
လယ်ကွင်းထဲမှ ဖြတ်လာသောလေမှာ တနွဲ့နွဲ့ တိုက်ခတ် နေ၏။ တောလေကိုရသဖြင့် မေ့မျက်နှာမှာ ကြည်ရွှန်းလာ၏။ သူ၏ တွန့်ရရွန့် ကော့ရရော့ ဆံပင်များမှာလည်း လှပ၍လာ၏။ ယခင် ဒိုင်အိုတုန်းက ယောက်ျားများကြိုက်ကြ၊ ပိုးကြသော ရူပကို ပြန်ရ လာ၏။ မေ စန္ဒရားတီးနေသောအခါတွင် လမ်းပေါ်မှ ဖြတ်သွားသောလူများသည် ပြတင်းပေါက်မှ ပျံ့လွင့်ထွက်လာသော သီချင်းသံကို ကြားကာ“ဘယ်က စန္ဒရားဝိဇ္ဇာများလာတီးနေပါလိမ့်” ဟု အောက်မေ့ ကြလေသည်။ မေသည် သူ တစ်ယောက်တည်း စန္ဒရားတီးလျှင် ပြတင်းပေါက်ကိုဖွင့်ထားလေသည်။ သူသည် စန္ဒရားအသံနှင့် အတူရောထွက်လာသော ကျေးငှက်ကလေးများ အော်မြည်သံကို သူအလွန် ချစ်လေသည်။ပန်းခြံမှ စပယ်၊ နှင်းပန်း၊ တတိုင်းမွှေးတို့၏ ရနံ့များ သည် အပေါ်သို့လှိုင်ကာ လေအယဉ်တွင်ပျံ့လွင့်နေသော ဂီတသံနှင့် ပေါင်းစုကြလေသည်။ ဥဩငှက်ကလေး၏ “ဥသြ ဥသြ”ဟု ရင့်သီ လိုက်သောတေးသံနှင့် ချိုးကလေးများ၏ ကူချွဲသံများသည် သူ့ဂီတ မှတ်ဉာဏ်တွင်းသို့ဝင်ရောက်ကာ၊ မှတ်ဉာဏ်မှ လှုံ့ဆော်သော စန္ဒရား လက်သံမှာ နူးညံ့သော ငွေသံဖြစ်စေလေသည်။
မေမှာ ပဲခူးလူကုံထံပိုင်းတွင်တစ်နေ့တစ်ခြား အသိအကျွမ်း များလာသည်။ အိမ်သူအိမ်သားများကလည်း သူ့ကို ချစ်ခင်လျက်ရှိ သည်။ ဆရာမကလေးရောက်လာသည့် အတွက်လည်း သူတို့အိမ်မှာ စန်းပွင့်လျက်ရှိသည်။ ထို့နောက် ပဲခူးသို့ ဝန်ထောက်အသစ်နှင့် ဆရာဝန်ကြီးအသစ်ပြောင်းလာကြသည်။ အရာရှိများ အသစ်ရောက် လာလျှင်မိတ်ဖွဲ့ရန်ဦးဖို့ အရေးကြီးလေသည်။ ဒေါ်ငြိမ်းခင်က သူတို့ အိမ်တွင် ဥယျာဉ်ပွဲကျင်းပဖို့ အချိန်တော်ပြီဟု တွက်လေသည်။ ဥယျာဉ်ပွဲတွင် ဝန်ထောက်အသစ်နှင့် ဆရာဝန်ကြီးအသစ်ကို ဖိတ်ကြား၍ မိတ်ဖွဲ့ရမည်ဖြစ်လေသည်။ ဥယျာဉ်ပွဲဆိုသော်လည်း ဥယျာဉ်ပွဲ သက်သက်မဟုတ်၊ ဘုရားကိုးဆူကပ်နှင့်တွဲ၍ ပြုလုပ်ဖို့ဖြစ်လေသည်။ အိမ်ရှေ့ ပန်းခြံမြက်ခင်းမှာလည်း ပန်းတွေ အတော်စုံလင်စွာရှိနေရာ ဥယျာဉ်ပွဲပြုလုပ်ဖို့ အကောင်းဆုံးဖြစ်လေသည်။ နောက်ဆုံး၌ ဒေါ်ငြိမ်းခင်ကဘုရားကိုးဆူကပ်မည့်ပွဲနေ့ကို ရက်ကန့်သတ်လိုက်လေသည်။ အများအားဖြင့် လူကုံထံပွဲမှာ ပကာသနုရောင်တို့ မျက်စိကျိန်းလောက်အောင် အောက်ပြောင်၍နေမြဲဖြစ်လေသည်။ အိမ်နီးချင်း ကတော်များ ကလည်း ဥယျာဉ်ပွဲအတွက် အားတက်သရောကူညီကြသည်။
(ဆက်ရန်)

No comments:
Post a Comment