အပြာဝင်စားသူလေး



အပြာဝင်စားသူလေး

ချစ်ခြင်းမယ် ဝင်းစက် လင်းပြက်နေချင်သူလေး
မျက်ဝန်းလဲ့ရီ အပြာ နှုတ်ခမ်းပါးလျအပြာတွေနဲ့
တစ်ကိုယ်စာလုံး ပြာတောက်နေသဟာတောင်
မင့်မို့ အပြာတတွေနဲ့ ကစားချင်သေးသတဲ့လား
ပီဘိ ပြာတာတာမယ် အပြာဝင်စားသူလေးရဲ့..
ချစ်တဲ့စိတ်က လွန် ဆန်းကြယ် လို့ သူ ပြောခဲ့ဖူးသလား
အငြိမ် မနေတတ်တဲ့ ရင်ကလည်း အလှုပ်အယိမ်း များပ
အနုတ်အသိမ်း မလွယ်မှုထဲ ယိမ်းထိုးနေလိုက်ပုံများ ပြာ
နှလုံးသားက အကြိမ်ကြိမ် လဲပြိုတော့လည်း အပြာချည့်
အဲ့သလိုနဲ့ အပြာဝင်စားသူလေး ဖြတ် စီးဆင်းနေလေရဲ့
အာကာ
၁၁ မတ်လ ၂၀၁၇

Related Posts