ညဟာ သန်းခေါင်ယံကိုဘက်ကို ချည်းကပ်လာနေတယ်။ ကမ္ဘာတဖက်ခြမ်းဆီမှာတော့ မွန်းတည့်ချိန်နီးပြီပေါ့။
မတူညီတဲ့နေရာအတွက် မတူညီတဲ့အချိန်တွေကို သဘာဝက သိမြင်စေတယ်။
နေထွက် မိုးလင်း နေဝင်မိုးချုပ် နေ့ည သံသရာရယ်လည်ပတ်လို့ ...။
မထူးခြားတဲ့အရာတွေကို မေ့လျော့လို့ ထူးခြာတယ် ထင်ရတဲ့ အရာတွေနောက် လိုက်ရင်း လိုက်ရင်း မိုးလင်း မိုးချုပ် မိုးလင်း...
ရေပွက်ပမာ တစ်သက်လျာတည့်တဲ့...။
အော် လက်တွေ့ မပြောနဲ့ စာအရတောင်မှ နားလည်ဖို့ အခက်သားလား။
မြင်တိုင်းကြားတိုင်းသာ သိကြမယ်ဆိုရင်လည်း ရေဝေး ထိန်ပင်နဲ့ အလားတူနေရာတွေမှာ နေ့စဉ် နီးပါး အလုပ်လုပ်နေသူတွေလောက် ဘယ်သူတွေ ကြားသိနိုင်မှာလဲလေ။
ဆရာတစ်ယောက် ဖြစ်ဖို့ဆိုရင် အနည်းဆုံး တပည့်တစ်ယောက်တော့ ရှိရမှာပေါ့။ တပည့်လုပ်ချင်ရင်လည်း ဆရာတစ်ယောက် ရှာရမယ်လေ။ ဒါပေမဲ့ စိတ်က တစ်ခုတည်းရယ်။
ဒီတော့ ရှေ့စိတ်က ဆရာလုပ်၊ နောက်စိတ်က ဆရာလုပ်တာ လိုက်ကြည့်တဲ့ တပည့်လုပ်၊
နောက်ထပ်စိတ်က တပည့်လုပ်တာ မှန် မမှန် ဆန်းစစ်တဲ့ ဆရာလုပ်၊ နောက်စိတ်က...။
ဒီလိုနဲ့ ဆရာဖြစ်လိုက် တပည့်ဖြစ်လိုက် လည်ပတ်သွားပြီ။ အဝိုင်းထဲမှာ ဘယ်သူကရှေ့ ၊ ဘယ်သူကနောက် မသိတော့ဘူး။
ကိုယ့်စိတ်လို့ထင်နေတဲ့ ရှေ့စိတ်က တခုခု လုပ်မယ် စိတ်ကူးတာကို နောက်စိတ်က ကန့်ကွက်တာများသလား။ အားပေး ထောက်ခံတာ များသလား။
ကစားကွင်း သွားမယ်။ ဘုရား မလိုက်တော့ဘူး။
အိမ်ရှေ့အိမ်မှာ အသုဘရှိတယ်။ ၆၂ ပဲ ရှိသေးတယ်။ ဆရာဝန်မ တစ်ယောက်တဲ့။ ကင်ဆာတဲ့။
လူတစ်ယောက် ကွယ်လွန်ပြီဆိုရင်
ကာယကံရှင် မိသားစု အခြား
လူကို ဖြစ်စေ အကြောင်းအရာကို ဖြစ်စေ အပြစ်တင်တဲ့စကားမျိုး ဘာကြောင့်ပြောကြသလဲ။
ကလေးတွေ ဒါကျက် ဒါဖြေကို မကြိုက်တဲ့ လူကြီးတွေဟာ ကိုယ်ကိုတိုင် ဒါကြား ဒါပြော၊ ဒါမြင် ဒါလုပ်...
ကျွန်တော် ကလေးလား၊ လူကြီးလား။
မိတ်ဆွေကရော???
မိုးခိုင်
၂၀၁၇၀၄၂၅
၂၃ ၅၄