အဖော်ရှိတယ်



အဖော်ရှိတယ်

သိတာပဲဖြစ်ဖြစ်
မသိတာပဲဖြစ်ဖြစ်
ရှိတာပဲဖြစ်ဖြစ်
မရှိတာပဲဖြစ်ဖြစ်
တစ်ယောက်တည်း
မဟုတ်ဘူး။

သိတာ၊ရှိတာလည်း တူတာ ရှိတယ်။
သိတာ၊ရှိတာလည်း မတူတာ ရှိတယ်။
မသိတာ၊ မရှိတာလည်း တူတာရှိတယ်။
မသိတာ၊ မရှိတာလည်း မတူတာရှိတယ်။
တစ်ယောက်တည်း
မဟုတ်ဘူး။

လူ့ပြည်၊ နတ်ရွာ၊ အပါယ်လေးဘုံမှာပဲဖြစ်ဖြစ်
(အခြားယုံကြည်သူတွေရဲ့ ကောင်းကင်ဘုံမှာဖြစ်ဖြစ်)
အဖော်ရှိတယ်။

ရွေးချယ်ခွင့် မရှိဘူးဆိုတာ
ရွေးချယ်ခွင့် မရှိအောင်
ရွေးချယ်ခဲ့လို့ပါ။

မိုးခိုင်
၂၀၁၇၀၄၃၀

Image Source: https://media.licdn.com/mpr/mpr/p/8/005/01c/07d/223f742.jpg

Related Posts