အင်းလျားရေ - မောင်စိန်ဝင်း (ပုတီးကုန်း)


အင်းလျားရေ - မောင်စိန်ဝင်း (ပုတီးကုန်း)


(၁)
အင်းလျားရေစ၊ ခွန်းဟ စကား
မကြားသလို၊ မျက်နှာကို ငုံ့
ခြေလှမ်းတုံ့ကာ၊ ပဝါလုံးခြေ
အနေကျပ်ဟန်၊ သူသဏ္ဌာန်တွေ
ရေထဲ ပြန်မြင်၊ ရင်ခုန်တတ်စေ
အင်းလျားရေသည် ဖမ်းစား၏။
.
(၂)
ကံ့ကော်ပွင့်တွေ၊ ခင်ခင့်ဆံမြိတ်
သွယ်ချိတ် ပန်သ၊ မောင့် ယုယလက်
တွဲမှီ ဖက်တွယ်၊ ကျီစယ် ရယ်မော
နွဲ့လေ ျှာ ရင်ခွင်၊ တိုးဝင် ထိအပ်
တဆတ်ဆတ်တုန်၊ နှုတ်ခမ်းငုံထွေး
ရင်ခုန် တေးချင်း၊ ပျံ့ဆွတ်ညင်းစေ
အင်းလျားရေ၌ ယစ်မူး၏။
.
(၃)
လမ်းခွဲရက်များ၊ ပင့်သက်ကြိမ်ကြိမ်
မာနနှိမ်ချိုး၊ မြွေစွယ်ကျိုးစေ
မေ ျှာ်ကိုးနေခက်၊ အလွမ်းသက်ရှည်
အင်းလျားရေလည်း၊ ဝေဒနာရိပ်
သူမ နှိပ်စက်၊ စိမ်းသထက်စိမ်း
မျက်ရည်လိမ်းသော တစ်ရံရောက
တစပြင်လို . . . ။
အို . . . မကြည့်ရဲပြန် အကျည်းတန်နေသလို . . . ။
.
(၄)
ထိုသူမကို၊ လွမ်းသခဲ့ဖူး
ချစ်နတ်ပူးရာ၊ တမ်းမူးမိန်းမော
စိတ်လွင့်မျောရာ၊ သောကဗွက်နွံ
နစ်ကျွံပေကျွံ၊ အင်းလျားကန်စပ်
တစ်ဖန်ရောက်ဖြစ်၊ ခွဲခွာနှစ်ရှည်
ဘဝသည်ပြောင်း၊ အချိန်ညောင်းပေါ့
အို . . . ဟောင်းတစ္ဆေ၊ မခြောက်လေတော့
ရွက်ကြွေ လေနှင့်၊ ရင်မခုန်တော့
အာရုံရိပ်ထဲ၊ ဝဲလှည့်၍နေ . . .
ရေ . . . ရေ . . . ရေ . . .
နွေမှာ ရေလု၊ ခိုက်ရန်ပြုပွဲ
ဆံပင်ဆွဲသက်၊ ရစ်ပတ်ထွေးလုံး
ရေတစ်ပုံးအတွက်၊ ရှားပါးခက်ကြ
ရပ်ကွက်ထဲဆီ၊ စိတ်ပြန်လည်ရင်း . . .
ရေခပ်ဆင်းရန်၊ သတိရ . . .
အင်းလျားမှ ကျောခိုင်းပြန်ခဲ့သည်။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Related Posts