မိုးနှင့်အတူက



ချစ်သောမိုးနှင့်
ချစ်သူတို့လျှောက်သောလမ်းမှာ
စကားလုံးမဲ့ကဗျာတွေ
သံစဉ်မဲ့သီချင်းတွေ
အရောင်မဲ့ပန်းချီတွေ
ပင်မြင့်ကိုင်းခက်တွေကြားမှာ
ကခုန်နေတယ်။

သူတို့အတွက်
နရီစည်းဝါး
ဘောင်ခတ်မထားဘူး။

က လိုက်ပါ။

ချစ်ခြင်းနှင့်အတူ
မိုးနှင့်အတူ
အိပ်မက်နှင့်အတူ
က လိုက်ပါ။

ဆိုးရွားတဲ့အပူတွေ ခဏမေ့
လေပြင်းမလာခင်လေးပေါ့။

မိုးခိုင်
၂၀၁၈၀၅၃၀

Related Posts

No comments:

Post a Comment