မြကျွန်းရာပြည့်ကဗျာ

 



မြကျွန်းရာပြည့်ကဗျာ

................................

နွေသည်လည်ကောင်း

အဓိပတိလမ်းသည်လည်းကောင်း

ဥဩငှက်တို့သည်လည်ကောင်း

သစ်ပုပ်ပင်သည်လည်းကောင်း

ကံ့ကော်တို့သည်လည်းကောင်း

စာကြည့်တိုက်သည်လည်းကောင်း

ငုဝါ စိန်ပန်းတို့သည်လည်ကောင်း

မာလာဆောင်သည်လည်းကောင်း

ရေတမာပင်တန်းသည်လည်းကောင်း

ဂျပ်ဆင်သည်လည်းကောင်း

မိုးသည်လည်းကောင်း

အင်းလျားကန်သည်လည်းကောင်း

တက္ကသိုလ်ဓမ္မာရုံ ဆေးရုံတို့သည်လည်းကောင်း

တက္ကသိုလ်ရိပ်သာသည်လည်းကောင်း

အပန်းဖြေရိပ်သာသည်လည်းကောင်း

စစ်ကိုင်းလမ်းသည်လည်းကောင်း

တက္ကသိုလ်ရာပြည့်ချိန်တွင်

မည်သို့ပင်ဆိုစေကာမူ

မြကျွန်းသာသည်

ကဗျာစင်စစ် ဧကန်ဖြစ်၏

မိုးခိုင်

၅ အောက်တိုဘာ ၂၀၂၀



Related Posts

No comments:

Post a Comment