နာလည်းနာ နံလည်းနံ

 



နာလည်းနာနံလည်းနံ

.........

၁၀စုနှစ်တစ်ခုလောက်ကြာခဲ့ပြီလား။ စမ္မာနဂိုလ်ကနွားမပေါင်ကျိုးတာနှင့်ညောင်ဦးကမ်းပါးပြိုတာ ဆက်စပ်မှု ရှိကောင်းရှိန်ုင်တယ်လို့ သူ့အတွေးမှာ ခပ်ရေးရေးပေါ်ခဲ့တယ်။ မေ့မေ့ပျောက်ပျောက်ပါပဲ။ အုန်းသီးထဲ အရည်တွေ ဘယ်သူထဲ့သလဲ သူသိသလိုလိုပါပဲ။ 

ရူးတယ်ဆိုတာ မလွယ်သလို သိပ်လည်း ခက်လှတဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ စနစ်တကျ ရူးဖူးတော့ ပညာလိုကောင်းလိုမှာပေါ့။ အခြေခံရူးနည်းသင်တန်းတော့ ကြော်ငြာတာ မတွေ့ရဘူး။ အချို့ ရူးချင်ယောင်ဆောင်တာ အုတ်အော်သောင်းနင်း ပေါက်တယ်လေ။ 

တခါကလူကြီးမင်းများ အရူးကွက်နင်းတာလည်း မမြင်ချင်အဆုံးဆိုတော့ ခေတ်လူငယ်တွေ သမိုင်းစိတ်မဝင်စားကြဘူး၊ စာမဖတ်ကြဘူးလို့ စိုးရိမ်နေကြသူတွေထဲ သူမပါဘူးပေါ့။ ကလေးဘဝက လမ်းဘေးမျက်လှည့်ဝိုင်းမှာ ဝင်ကြည့်ဖူးတာ ရှက်စရာလို့ ထင်ချင်လည်းထင်ပါစေ။

အရောင်စုံတဲ့မှန်ကွဲစတွေ သုံးထောင့်တြိဂံမှန်ပြောင်းထဲထည့်ထားသလို ရှုပ်ထွေးခဲ့တာလည်း စည်းထားတဲ့ပိတ်စအမဲကွာကျလို့ မြင်သာလာပြီမဟုတ်လား။ ကလေးတွေကို မြှူဆွယ် ပိတ်စအစိမ်း၊ ပိတ်စအဝါ ပြန်အုပ်ဖို့ သူတို့အလုပ် သူတို့လုပ်ပါစေ။ တို့ ကောင်းကင်ပြာက တိမ်ဖြူဆီသွားကြမယ်။

တိရိစ္ဆာန်တွေတောင် အချင်းချင်း မစားသင့်တဲ့အကောင် မစားရဘူး သိကြတယ် မဟုတ်လား။ သဘာဝမှာ ဆန့်ကျင်ဘက်မျှခြေညီအောင် ကိန်းရှင်တွေကို လိုတဲ့ဘက်ထည့်ဖို့ စံသတ်မှတ်ထားတဲ့ ဆောင်ရွက်မှုလုပ်ငန်းအဆင့်ဆင့် ရှိပြီးသားလေ။ သဘာဝဥပဒေအထက်မှာ ဘယ်လို သက်ရှိသတ္တဝါ၊ ဘယ်လောက်ကြာကြာနေနိုင်မှာတဲ့လဲ။

ခေတ်ပေါ်ဝူဟန်လက်နက်ဆန်းက ချစ်သူချင်းတောင် မျက်လုံးချင်းစကားပြောခွင့် မပေးဘူးဆိုပါလား။ နေကာမျက်မှန်လေးနှင့်လေးနှမရယ်ခင်ကြတာပေါ့။ ကမ္ဘာပျက်ချိန်မရောက်သေးပါဘူး။ ပူတဲ့လူ ပူတာလည်း သူ့အကြောင်းနှင့်သူပေါ့။ မပူတဲ့သူ မပူတာလည်း သူ့အကြောင်းနှင့်သူပေါ့။ ဂြိုလ်တွေ အသွားအလာ ပြောင်းတာနှင့် ကမ္ဘာပေါ်ကလူတွေ ဆက်စပ်မှုရှိ၊ မရှိ မသေချာဘူးလား။ နေမင်းကြီးနှင့်တော့ ဆက်စပ်မှာပါ။ တောင်တရုတ်ပင်လယ်မှာမုန်တိုင်းဖြစ်တာ ဒီမှာ စန္ဒယားလှထွတ်ရဲ့ တိမ်တမန်သီချင်းဆိုနေရတယ်လေ။

အဖြေလွှာဖတ်ပြီးရင်တော့ ခေါင်းစဉ်ပြန်ကြည့်ပေးပါဆရာမလေးရယ်။


မိုးခိုင်

၂၀၂၀၀၁၂၆

၀၁ ၅၂



Related Posts

No comments:

Post a Comment