ပလေးတိုးနိဒါန်း - ဇော်ဂျီ

 





မာတိကာ 
- စကားချီး 
- နိဒါန်း 
၁။ ဆော့ခရတ္တိ၏ ဝါသနာ 
၂။ ဆော့ခရတ္တိ၏ ဝမ်းဆွဲဥပမာ (ဝါ) ဆော့ခရတ္တိနည်း 
၃။ ဆော့ခရတ္တိ၏ သူရသတ္တိ အယူအဆ 
၄။ ဆော့ခရတ္တိ၏ စောင့်စည်းမှုသံယမ အယူအဆ 
၅။ ဆော့ခရတ္တိ၏ အဆွေခင်ပွန်း အယူအဆ (က) 
၆။ ဆော့ခရတ္တိ၏ အဆွေခင်ပွန်း အယူအဆ (ခ) 
၇။ ဆော့ခရတ္တိ၏ ကဗျာသဘော အယူအဆ 
၈။ ဆော့ခရတ္တိ၏ ၀စနာလင်္ကာရ အယူအဆ 
၉။ ဆော့ခရတ္တိ၏ အကြိုက်နှင့်အကောင်း အယူအဆ 
၁၀။ ဆော့ခရတ္တိ၏ ဂုဏ်သိက္ခာ အယူအဆ (က) 
၁၁။ ဆော့ခရတ္တိ၏ ပညာသင်ကြားမှု အယူအဆ 
၁၂။ ဆော့ခရတ္တိ၏ ဂုဏ်သိက္ခာ အယူအဆ (ခ) 
၁၃။ ဆော့ခရတ္တိ၏ ဂုဏ်သိက္ခာ အယူအဆ (ဂ) 
၁၄။ ဆော့ခရတ္တိ၏ ဂုဏ်သိက္ခာ အယူအဆ (ဃ) 
၁၅။ ဆော့ခရတ္တိ၏ မေတ္တာ အယူအဆ (က) 
၁၆။ ဆော့ခရတ္တိ၏ မေတ္တာ အယူအဆ (ခ) 
၁၇။ ဆော့ခရတ္တိ၏ မေတ္တာ အယူအဆ (ဂ) 
၁၈။ ဆော့ခရတ္တိနှင့် သူကြွယ်အို 
၁၉။ ဆော့ခရတ္တိ၏ ပညာရှိသဘော အယူအဆ (က) 
၂၀။ ဆော့ခရတ္တိ၏ မှက်ရဲဥပမာ 
၂၁။ ဆော့ခရတ္တိ၏ လူဖြစ်ကျိုးမနပ်တရား  
၂၂။ ဆော့ခရတ္တိ၏ အရပ်ထင်မြင်ချက် အယူအဆ 
၂၃။ ဆော့ခရတ္တိ၏ နိုင်ငံသားကောင်းသဘော အယူအဆ 
၂၄။ ဆော့ခရတ္တိ၏ ဘဝနိဂုံး 
- ကျမ်းကိုးစာရင်း
- နောက်ဆက်တွဲ 
✥﹤--- www.ebooks4mm.org ---﹥✥

စကားချီး 
ပလေးတိုးနိဒါန်း သည် ရှေးခေတ် ဂရိဒဿနိကဆရာ ပလေးတိုး ရေးခဲ့သော ဖီဒရ (Phaedrus) ကထာ၊ သီတိတ (Theaetetus) ကထာ၊ အိုင်အုန္န (lon) ကထာ၊ လက်ခီ (Laches) ကထာ၊ ခါမိဒိ (Charmides) ကထာ၊ လိုင်စီ (Lysis) ကထာ၊ ဂေါဂိယ (Gorgias) ကထာ၊ မီနို (Meno) ကထာ၊ စာပွဲသဘင် (Symposium) ကထာ၊ သမ္မတနိုင်ငံ (Republic) ကထာ၊ ချေပချက် (Apology) ကထာ၊ ဂေါဂျိယ (Crito) ကထာ၊ ဖီဒို (Phaedo) ကထာ စာတမ်း ၁၃ ပုဒ်မှ ကောက်နုတ်သော စာများကို မြန်မာဘာသာ ပြန်လျက် ၁၉၆၁ ခုနှစ် လောက်မှစ၍ မြန်မာ စာဖတ်ပရိသတ်အတွက် မိတ်ဆက်သဘောအဖြစ်ဖြင့် ငွေတာရီမဂ္ဂဇင်း၌ ဖော်ပြခဲ့သော စာစု ဖြစ်ပါ သည်။ ဤစာစုတွင် ခရီတော်ကထာနှင့် မီနိုကထာ နှစ်ပုဒ်သည် အစ အဆုံး အပြည့်အစုံဖြစ်၍ ကျန်စာများသည် ကောက်နုတ်ချက်စာများဖြစ် သည်။ ကောက်နုတ်ချက်စာများကို ဖော်ပြရာတွင် စာပါ အကြောင်းအရာ အလိုက် သင့်တော်သော အမည်ပေး၍ ဖော်ပြခဲ့ပါသည်။ ။
ယခုအခါတွင် မဂ္ဂဇင်းမှာကဲ့သို့ စာပါ အကြောင်းအရာအလိုက် အမည် ပေးထားသော်လည်း စာအုပ်နှင့်လျော်သော ပြုပြင်ချက်များကို ပြုရပါသည်။ ထို့ပြင် ပလေးတိုး၏ စာသဘောကို ကျနစွာ နားလည် နိုင်ကြအောင် ရှေးခေတ် ဂရိနိုင်ငံနှင့် ရှေးခေတ်ဂရိလူမျိုးတို့အကြောင်းကို နိဒါန်းအဖြစ်ဖြင့် အတန်အသင့် ဖော်ပြထားပါသည်။ စာဖတ်ပရိသတ်သည် ထိုနိဒါန်းကို ရှေးဦးစွာဖတ်လျှင် သင့်မည်ဟု ထင်မြင်ပါသည်။ ထို့ပြင် ဤစာအုပ်၌ စာ ၂၄ ပုဒ်ကို အစီအစဉ်ပြုရာတွင် ပညာရှင်များ လက်ခံ ထားကြသော ပလေးတိုး၏ ကထာစာတမ်းဆိုင်ရာ သက္ကရာဇ်အလိုက် စီစဉ်ထားသည် မဟုတ်ပါ။ ဆော့ခရတ္တိ၏ သဘာဝကို အလွယ်တကူ နားလည်စေလိုသော စေတနာဖြင့် စာပါအကြောင်းအရာအလိုက် စီစဉ် ထားခြင်းဖြစ်သည်။ ပုံစံကား “ဆော့ခရတ္တိ၏ ဝါသနာဆိုင်ရာ ဖီဒရကထာနှင့် “ဆော့ခရတ္တိ၏ ဝမ်းဆွဲဥပမာ(ဝါ)ဆော့ခရတ္တိနည်း ဆိုင်ရာ သီတိတကထာ တို့သည် ဤစာအုပ်တွင် အသုံးပြုထားသော အခြားကထာများကို ရေးပြီးမှ  ပလေးတိုးက ရေးသော ကထာများ ဖြစ်သည်ဟု ဆိုပါသည်။ သို့ရာတွင် ဆော့ခရတ္တိ စိတ်ဝင်စားသော ယေဘုယျအကြောင်းအရာကိုလည်းကောင်း၊ ဆော့ခရတ္တိ သုံးလေ့ရှိသောယေဘုယျတွေးခေါ်ဆင်ခြင်နည်. ကိုလည်းကောင်း ရှေးဦးစွာသိစေလိုသဖြင့် ဤစာအုပ်၌ လက်ဦးဖော်ပြလိုက်ပါသည်။ ထို့နောက် မှာမှသာ ဆော့ခရတ္တိ၏ အတွေးအခေါ် အလွယ်အခက်ကို ဆင်ခြင်၍ စီစဉ် ပါသည်။ ထို့နောက် ခပ်စောစောပိုင်းကရေးသည်ဟုယူဆကြသော ဖီဒိုကထာ မှ “ဆော့ခရတ္တိ၏ ဘဝနိဂုံး'ဖြင့် ပိတ်လိုက်ပါသည်။ ။
ပလေးတိုး၏ စာများကို မြန်မာပြန်ရာတွင် မူလဘာသာဖြစ်သော ရှေးခေတ်ဂရိဘာသာမှ မြန်မာပြန်သည် မဟုတ်ပါ။ အင်္ဂလိပ်ဘာသာပြန်မှ တစ်ဆင့် မြန်မာပြန်ခြင်း ဖြစ်သည်။ စင်စစ်မှာ မူလဘာသာမှ မြန်မာပြန်ခြင်း သည် အတိကျဆုံး၊ အကောင်းဆုံးဖြစ်၏ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် မူလ ဘာသာကို တတ်သည်အထိစောင့်ရလျှင် မြန်မာဘာသာသို့ ပလေးတိုး၏ စာများ ရောက်ဖို့အရေးသည် နှေးကွေးရာသည်။ ။
ထို့ကြောင့် အင်္ဂလိပ်ဘာသာပြန်မှတစ်ဆင့် မြန်မာပြန်ရခြင်း ဖြစ်သည်။ အင်္ဂလိပ် ဘာသာပြန်များသည်လည်း အလိုက်အထိုက် အတော်အတန် တိကျ၍ ပလေးတိုး၏ စကားပြေအရေးအသားကို (ဝါ) ရေးဟန်ကို အတော်အတန် ဆောင်နိုင်ကြသည်ဟု ဆိုကြသဖြင့် အတန်ငယ် အားတက်မိသည်။ ထို့ကြောင့် ရေးဟန်အတွက် ပါမောက္ခဝက် (Jowett)၏ အင်္ဂလိပ်ဘာသာပြန်များကို ယေဘုယျအားဖြင့် လက်ရင်း ထားပါသည်။ တိကျမှုအတွက်မူ အခြားအခြား သော ပါမောက္ခများ၏ အင်္ဂလိပ်ဘာသာပြန်များနှင့် ညှိပါသည်။ အထူးသဖြင့် ဂရိဘာသာတစ်ဘက်၊ အင်္ဂလိပ်ဘာသာတစ်ဘက် ပြန်ဆိုတင်ပြထားသော စာများ (Loeb Classical Library) နှင့် ညှိပါသည်။ ထို့ပြင် ပါမောက္ခ အေ၊ အီး၊ တေလာ (A.E. Taylor) ၏ ပလေးတိုး၏ အဋ္ဌကထာ (Plato: The Man And His Work) ကျမ်းနှင့်လည်း ယေဘုယျအားဖြင့် ညှိပါသည်။ ဂရိအမည်နာမများကို မြန်မာအသံလှယ်ရာတွင် အင်္ဂလိပ် အသံထွက် (English Pronouncing Dictionary By Daniel Joes) အဘိဓာန်ကို အခြေခံ၍ မြန်မာ့နားနှင့် အဝင်ချောအောင်၊ မြန်မာ့ အာလျှာနှင့်သင့်အောင် မြန်မာ့အသံသို့ ဝဲ၍ အသံလှယ်ပါသည်။ ။
ပလေးတိုးသည် ဥရောပယဉ်ကျေးမှုကိုတည်ထောင်ခဲ့သောရှေးခေတ် ဂရိစာရေးဆရာကြီးတစ်ဦး ဖြစ်သည်ဟု ဆိုကြပါသည်။ သူရေးသော အကြောင်းအရာသည် လူ့လောက၏ ကံသုံးပါးအမူအရာတို့နှင့် စပ်လျဉ်း၍ အမှားအမှန် အကောင်းအဆိုး ပြဿနာတို့ကို ဖွင့်ဆိုလမ်းပြသော ဒဿနိက ပညာရပ် ဖြစ်သည်။ ရေးရာတွင် ဉာဏ်ကိစ္စတို့ကို ထင်ရှားအောင်သာမက ပြဇာတ်ကောင်းကို ဖတ်ရသကဲ့သို့ နှစ်သက်ဖွယ်ဖြစ်အောင်လည်း ရေးတတ် သည်။ ယခုရွေးချယ်ထားသော စာများသည် လောကကို စောင့်တတ်သော အကျင့်စရိုက်ကောင်း၊ လောကကို ဖျက်ဆီးတတ်သော အကျင့်စရိုက်ဆိုးတို့ကို ဖွင့်ဆိုသောစာများဖြစ်ရာ ထိုစာများသည်ဉာဏ်ပွားရာပွားကြောင်း ဖြစ် ကောင်း၏ဟု မှတ်ယူမိသည်။ ယုတ်စွအဆုံး ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်၍ ခြေရာကောက်တတ်စရာ အကြောင်းရှိသည်ဟု မှတ်ယူမိသည်။ ဤအမှတ် အယူဖြင့် ထိုစာများကို မြန်မာပြန်ခြင်း ဖြစ်ပါသည်။ ။
ထိုမြန်မာပြန်များကို ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ဒဿနိက ပါမောက္ခ ဦးခင်မောင်ဝင်းက ဖတ်ရှုစစ်ဆေးပေးပါသဖြင့် ကျေးဇူးတင်ပါ သည်။ အထူးသဖြင့် “ချေပချက်”ကထာဆိုင်ရာ ကောက်နုတ်ချက်များကို လည်းကောင်း၊ 'ခရီတော်နှင့် မီနို'ကထာနှစ်ပုဒ်ကိုလည်းကောင်း၊ “စာပွဲ သဘင်'ကထာဆိုင်ရာ ကောက်နုတ်ချက်များကိုလည်းကောင်း၊ 'ခါမိ" ကထာဆိုင်ရာ ကောက်နုတ်ချက်များကို လည်းကောင်း၊ “လက်ခံ'ကထာ ဆိုင်ရာ ကောက်နုတ်ချက်များကိုလည်းကောင်း ဖတ်ရှုစစ်ဆေး၍ အကြံဉာဏ် ပေးပါသည်။ သို့ရာတွင် မြန်မာပြန်များ၌ အချွတ်အချော် အတိမ်းအယိမ်း ရှိနေသေးပါက မြန်မာပြန်သူ၌ သာ တာဝန်ရှိသည်ဟု ယူကြစေလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုစာမျိုးကို ဘာသာပြန်သည့်ကိစ္စ၌ တစ်ထပ်ဖြင့် သန့်စင်နိုင်ခြင်းမရှိ။ အထပ်ထပ်ဖြင့်သာ သန့်စင်နိုင်ခြင်းရှိမည် ဖြစ်သော ကြောင့်ပင်။ ထို့နောက် ဤစာအုပ် ဖြစ်မြောက်လာရေးအတွက် အစစ အရာရာ၌ စေတနာထက်ထက်သန်သန်ဖြင့် ကူညီကြသော စာရေးဆရာ မင်းယုဝေ နှင့် တနင်္သာရီ မောင်ချစ်စံ တို့ကို လည်းကောင်း “စိန်ပန်းမြိုင် မောင်ချစ်ဝေကိုလည်းကောင်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ပါသည်။
၁၉၆၇ ခုနှစ်၊ စက်တင်ဘာလ။
✥﹤--- www.ebooks4mm.org ---﹥✥

နိဒါန်း
ပလေးတိုးသည် ဆော့ခရတ္တိ၏ တပည့်ဖြစ်သည်ဟု ဆိုပါသည်။ ယုတ်စွအဆုံး ဆော့ခရတ္တိကို ကြည်ညို၍ ဆော့ခရတ္တိ၏ နည်းနိဿရည်းကို နှစ်သက်လက်ခံသူ ဖြစ်သည်။ ပလေးတိုးရေးသော ကထာစာတမ်း အများအပြားတွင် ဆော့ခရတ္တိကို ခေါင်းဆောင်တင်၍ ရေးခဲ့သည်ကို တွေ့နိုင်သည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်နှစ်ဦးကို ဒွန်တွဲ၍ သိထိုက်သည်။ တစ်ဖန် ထိုပုဂ္ဂိုလ်နှစ်ဦးအကြောင်းကို သိလိုလျှင် ထိုပုဂ္ဂိုလ်နှစ်ဦး ထွန်းကားရာဖြစ်သော ရှေးခေတ်ဂရိဒေသနှင့် ရှေးခေတ်ဂရိလောက အကြောင်းတို့ကို နောက်ခံကားအဖြစ်ဖြင့် ကြိုတင်သိသင့်သည်ဟု ထင်မြင် ပါသည်။
(က) ရှေးခေတ် ဂရိသမိုင်းအကျဉ်း ဘီစီ (၅၀၀-၃၀၀) 
ဆော့ခရတ္တိသည် ဂရိတို့ဒေသ၊ အက်သင်းမြို့တွင် ခရစ်တော်မပေါ်မီ လွန်ခဲ့သော ဘီစီ ၄၆၉ ခုနှစ်၌ ဖွားမြင်၍ ဘီစီ ၃၉၉ ၌ လွန်သည်။ ပလေးတိုးသည် အက်သင်းမြို့တွင်ပင် ဘီစီ ၄၂၇ (၄၂၈ ?) ခုနှစ်၌ ဖွားမြင်၍ ၃၄၇ (၃၄၈ ?)၌ လွန်သည်။ ပုဂ္ဂိုလ်နှစ်ဦးစလုံးသည် ဘီစီငါးရာစုနောက်ပိုင်းမှ ဘီစီလေးရာစု အဦးပိုင်းအထိဖြစ်သော ကာလအတွင်းတွင် ထွန်းကားခဲ့ကြသည်ဟု ဆိုနိုင်သည်။
ဆော့ခရတ္တိဖွားသော ခုနှစ်သက္ကရာဇ်နှင့် ပလေးတိုးဖွားသော ခုနှစ်သက္ကရာဇ်တို့ကို ဗုဒ္ဓသာသနာတော်နှင့် ယှဉ်ကြည့်လျှင် ဂင်္ဂါမြစ်ဝှမ်းအရပ် မဇ္ဈိမဒေသ၌ ဗုဒ္ဓမြတ်စွာ (ဘီစီ ၅၆၆-၄၈၆ ?) ပရိနိဗ္ဗာန်စံတော်မူပြီး သည့်နောက် ၁၇ နှစ်ခန့်အကြာတွင် ဆော့ခရတ္တိကိုဖွား၍ ၅၈ နှစ်ခန့်အကြာတွင် ပလေးတိုးကို ဖွားသည်ဟု  ဆိုနိုင်သည်။ ထိုခေတ်သည် မဇ္ဈိမဒေသ ဗုဒ္ဓခေတ် နှင့်အပြိုင်ဖြစ်သည်ဟု မဆိုသာသော်လည်း အနည်းငယ်မျှသာ နှောင်းသော ခေတ် ဖြစ်သည်ဟု ဆိုနိုင်သည်။
ဂရိတို့ဒေသ 
ဆော့ခရတ္တိကို မဖွားမီ လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ ကျော်လောက်ကပင် သို့မဟုတ် ဘီစီ ၈ဝဝ လောက်ကပင် ဥရောပအရှေ့တောင်စွန်းရှိ ပဲလပါနိဆ ကျွန်းဆွယ် (Peloponnesia) ၌ ဂရိလူမျိုးတို့သည် မြို့နိုင်ငံငယ် များကို အခြေတကျ တည်ထောင်နိုင်ခဲ့ကြသည်။ ရှေးခေတ် အိန္ဒိယ၊ မဇ္ဈိမ ဒေသ၌ တိုင်းကြီး တစ်ဆယ့်ခြောက် တိုင်း၊ ပြည်ကြီး တစ်ဆယ့်ခြောက် ပြည် တည်ထောင်သကဲ့သို့ ဖြစ်သည်။ မြို့နိုင်ငံ အများအပြားရှိသည့်အနက် အက် သင်းမြို့နိုင်ငံ၊ သီဗီမြို့နိုင်ငံ၊ ကော်ရင့်မြို့နိုင်ငံ၊ စပါတာမြို့နိုင်ငံတို့သည် ထင်ရှားသောနိုင်ငံများ ဖြစ်သည်။ ဆော့ခရတ္တိနှင့် ပလေးတိုးတို့ ဖွားမြင်ရာဖြစ် သော အက်သင်းမြို့နိုင်ငံသည် အထင်ရှားဆုံးဖြစ်သည်။ မဇ္ဈိမဒေသရှိ တိုင်းနှင့် ပြည်တို့တွင် မဂဓတိုင်း၊ ပါတလိပုတ်ပြည် အထင်အရှားဆုံးဖြစ်သကဲ့သို့ပင် ထိုမြို့နိုင်ငံအသီးသီး၌ နေထိုင်ကြသောသူများသည် ဂရိလူမျိုးများသာဖြစ်၍ ဂရိဘာသာစကားကိုသာ ပြောဆိုကြသူများဖြစ်သည်။ သို့ရာတွင် သီးခြားနိုင်ငံများ တည်ထောင်၍ ကိုယ့်မင်းကိုယ့်ချင်းနှင့် နေထိုင်ကြသည်။ 
ပါရှင်စစ်ပွဲ 
ပဲလပါနိဆကျွန်းဆွယ်တွင် ဂရိမြို့နိုင်ငံများ ထွန်းကားလာကြသည်နှင့် အမျှ အာရှတိုက်ရှိ (ယခုအခေါ် အီရန်နိုင်ငံ) ပါရှား(ပါရှင်)နိုင်ငံသည်လည်း ထွန်းကားလျက်ရှိသည်။ ဘီစီ ၅ဝဝ လောက်တွင် အင်အားကြီးလှသော ပါရှား နိုင်ငံသည် အနောက်ဥရောပသို့ နယ်ချဲ့လာသည်။ ထိုအခါ အက်သင်းမြို့နိုင်ငံ သည် ရှေ့ဆောင်ရှေ့ရွက်ပြု၍ ပါရှား၏ နယ်ချဲ့ရန်ကို တွန်းလှန်ခဲ့သည်။ ဂရိမြို့နိုင်ငံငယ်များသည် စည်းလုံးလာ၍ အက်သင်းကို အကူအညီပေးခဲ့ရာ ဘီစီ ၄၇၉ လောက်တွင် ပါရှားနယ်ချဲ့ရန်သည် နာလန်မထူနိုင်လောက်အောင် အရှုံးပေးလိုက်ရသည်။ ထို့ကြောင့် ဂရိတို့၏စိတ်ဓာတ် မည်မျှတက်ကြွလာသည်ကို ခန့်မှန်းကြည့်နိုင်သည်။ အထူးသဖြင့် အက်သင်းမြို့နိုင်ငံသည် စစ်ပွဲကြီးပြီးသည့် နောက် နှစ်ပေါင်း လေးဆယ်ခန့်အတွင်းတွင် အဖက်ဖက်၌ တစ်ရှိန်ထိုး တိုး တက်၍ ကြီးကျယ်လာခြင်းသည် ပါရှင် စစ်ပွဲကို အောင်နိုင်လိုက်သော အကြောင်း တစ်ခုကြောင့်လည်း ဖြစ်သည်ဟု ယူဆနိုင်သည်။
 အက်သင်းမြို့၏ ဂုဏ်ကျက်သရေ အထူးသဖြင့် ဆော့ခရတ္တိ ရှစ်နှစ်သားအရွယ်သို့ရောက်သော ဘီစီ ၄၆၁ ခုမှ ဘီစီ ၄၃၁ ခုအထိ အက်သင်းမြို့၌ အနှစ်သုံးဆယ်ကြာမျှ ရွေးကောက် တင်မြှောက်ခြင်းခံရသော ပရီကလိ (Pericles) မင်း စိုးစံစဉ် အက်သင်းမြို့နိုင်ငံ၏ အောင်မြင်မှု၊ တိုးတက်မှုတို့သည် ကမ္ဘာ့သမိုင်းတွင် မှတ်တိုင်တစ်ခု ဖြစ်လာသည်။ အက်သင်းရေတပ်၏အာဏာစက်သည် ဂရိဒေသအရှေ့ဘက်၌ အလွန်ထက်မြက် သည်။ ဂရိမြို့နိုင်ငံများကို အကာအကွယ်ပေးနိုင်စွမ်း ရှိသည်။ ထို့ကြောင့် ဂရိမြို့နိုင်ငံငယ် အများအပြားသည် အက်သင်း၏သစ္စာကို ခံယူလာကြသည်။ တစ်ဖန် အက်သင်း၏ အုပ်ချုပ်ရေးဘက်တွင် ဂရိ ဒီမို ကရေစီ ထွန်းကားလာသည်။ လက်မှုပညာ ထွန်းကားလာသည်။ လယ်ယာ လုပ်ငန်း တိုးတက်လာသည်။ ပြည်တွင်းပြည်ပ အရောင်းအဝယ် ကြီးကျယ်လာသည်။ အက်သင်း၏ စီးပွားရေး အခြေအနေသည် ထိပ်တန်းသို့ ရောက်လာသည်ဟု ဆိုသည်။ ထို့ပြင် ပညာ သင်ကြားရေး ကျယ်ပြန့်လာသည်။ ဗိသုကာပညာ၊ တမော့ပညာတို့ တိုးတက် လာသည်။ ဂရိရာဇဝင်စာပေ၊ ဂရိပြဇာတ်စာပေတို့ တိုးတက်လာသည်။ ဂရိမြို့ နိုင်ငံငယ်များသည် အက်သင်းကို ဆရာတင်လာကြရသည်။
ပဲလပါနိဆစစ်ပွဲ (၄၃၁-၄၀၄)
ဘီစီ ၄၃၁ ခုလောက်သို့ ရောက်လာသောအခါ အက်သင်း တန်ခိုးကြီး လာသည်နှင့်အမျှ အချို့သော မြို့နိုင်ငံငယ်တို့သည် မကျေမနပ်ဖြစ်လာကြသည်။ အချို့လည်း စပါတာမြို့နိုင်ငံဘက်သို့ဝင်၍ ပူးပေါင်းသွားကြသည်။ အက်သင်း ကလည်း တန်ခိုးပြလွန်းသည်ဖြစ်ရာ စပါတာကဦးဆောင်၍ အက်သင်းကို အန်တုလာကြသည်။ ထို့ပြင် ဘီစီ ၄၃၁ ခုတွင် အက်သင်းမြို့နိုင်ငံ၌ ပလိပ် ကပ်ရောဂါ ဖြစ်ပွားသဖြင့် လူအများအပြား သေကြေပျက်စီးကြသည်။ ပရီကလိ မင်းလည်း ကပ်ဆိုးထဲ၌ ပါသွားသည်။ ထိုအခါမှစ၍ ပဲလပါနိဆခေါ်သော ဂရိကျွန်းဆွယ် တောင်ပိုင်းရှိ ဂရိမြို့နိုင်ငံတို့သည် မငြိမ်မသက်ဖြစ်လာ၍ ဂရိ အချင်းချင်း စစ်ခင်းကြသည်။ အက်သင်းကို အန်တုသော မြို့နိုင်ငံငယ်များ၏ ခေါင်းဆောင်သည် စပါတာမြို့နိုင်ငံ ဖြစ်သည်။ အက်သင်းနှင့် စပါတာတို့ ဘတစ်ပြန် ကျားတစ်ပြန် စစ်ခင်းကြသည်မှာ နှစ်ပေါင်း ၃၀ ခန့်ကြာသည်။ ဘီစီ ၄ဝ၄ ခုတွင် အက်သင်းသည် စပါတာကို အညံ့ခံလိုက်ရသည်။
စစ်ပြီးနောက်ပိုင်း       
စပါတာသည် အက်သင်းမြို့၏ ခေါင်းဆောင် ၃ဝ ပါဝင်သော မင်းသုံးဆယ်အဖွဲ့ကို ဖွဲ့၍ အက်သင်းမြို့နိုင်ငံကို အုပ်ချုပ်စေသည်။ သို့ရာတွင် အက်သင်းမြို့နိုင်ငံအတွင်းတွင် မင်းသုံးဆယ်အဖွဲ့ကို ပုန်ကန်ကြသူများ ပေါ် ပေါက်လာရာ ဘီစီ ၃၉၉ ခုတွင် မင်းသုံးဆယ်အဖွဲ့ပျက်၍ ဂရိ ဒီမိုကရေစီသမားတို့ ပြန်တက်လာသည်။ သို့ရာတွင် ဒီမိုကရေစီသည် ပရီကလိမင်းလက်ထက်က ကဲ့သို့ မဟုတ်တော့ဘဲ အထိန်းကောင်း အကွပ်ကောင်း မရှိသကဲ့သို့ ဖြစ်လာသည်။ တစ်ဖန် ဂရိတို့၏ ခေါင်းဆောင်သစ်ဖြစ်လာသော စပါတာသည် မောက်မောက် မာမာ ဖြစ်လာပြန်ရာ မြို့နိုင်ငံငယ်တို့သည် ယခင်ကကဲ့သို့ အုပ်စုဖွဲ့ လာကြရ ပြန်သည်။ တစ်နိုင်ငံတည်းက အင်အားကြီးမားလာမည်ကို စိုးရိမ်သဖြင့် နိုင်ငံငယ် အချင်းချင်း အင်အားစု မဲတင်းမှုကို ပြုကြပါသေး၏။ သို့ရာတွင် မသင့်မြတ်နိုင် ကြသဖြင့် ဘီစီ ၃၃၈ ခုတွင် မက်ဆီဒေါ်နီးယားနိုင်ငံမှ မျိုးခြားမင်းဖြစ်သော သက်ဦးဆံပိုင်ဘုရင် ဖစ်လစ်၏လက်အောက်သို့ ဂရိဒေသတစ်ခုလုံး ကျရောက်၍ ရှေးခေတ်ဂရိ ဇာတ်သိမ်းရလေတော့သည်။
(ခ) အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး 
ဂရိမြို့နိုင်ငံအသီးသီးသည် အကျယ်အဝန်းအားဖြင့် ယခုခေတ် မြို့နယ်သာသာမျှ ဖြစ်၍ တစ်နိုင်ငံလုံးတွင် လူဦးရေ အများဆုံး ငါးသောင်းခန့်မျှသာ ရှိသည်ဟု ဆိုသည်။ ထိုခေတ်ကသော် အက်သင်းမြို့ နိုင်ငံတစ်နိုင်ငံ၌သာ လူဦးရေ သုံးသိန်း ကျော်ရှိသည်ဟု ဆိုသည်။ တစ်ဖန် နိုင်ငံသားအခွင့်အရေးကိုရ၍ အုပ်ချုပ်ရေး၌ ပါဝင်ဆောင်ရွက်နိုင်သူ ဦးရေမှာလည်း သုံးချိုးတစ်မျိုးလောက်သာ ရှိသည်ဟု ဆိုသည်။ နှစ်လောက်မှာ အအုပ်ချုပ်ခံ လူတန်းစားသက်သက် ဖြစ်၏ဟု ဆိုသည်။ 
အုပ်ချုပ်ရေး 
ဘီစီ ၅ ရာစုတွင် ဂရိတို့ဒေသ၌ အဓိကအားဖြင့် ရွေးကောက်တင်မြှောက် အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ်နှစ်ခု ထွန်းကားခဲ့သည်ဟုဆိုသည်။ စပါတာကဲ့သို့ သော မြို့နိုင်ငံများတွင် မြေရှင်ပဒေသရာဇ် ဆွေစုမျိုးစုတို့သာလျှင် နိုင်ငံသားစစ်စစ် ဖြစ်၍ ထိုအုပ်စုထဲမှသာ အုပ်ချုပ်ရေးကြိုးကိုင်အဖြစ် ရွေးကောက်တင်မြှောက် ကြသည်။ ထိုတစ်စုကသာ တောင်သူလယ်သမား ဆင်းရဲသားနှင့်ကျေးကျွန်တို့ကို  အစဉ်အမြဲ အုပ်ချုပ်လျက်ရှိသည်။ ထိုစနစ်ကို အော်လီဂါခံစနစ်ဟုဆိုသည်။ အက်သင်းကဲ့သို့သော မြို့နိုင်ငံများ၌ကား အုပ်ချုပ်ရေး၌ပါဝင်နိုင်ခွင့်ရှိသော နိုင်ငံသားဦးရေသည် စပါတာကဲ့သို့ သော မြို့နိုင်ငံများမှာထက် ပို၍များသည်။ ထိုအခါ မြေရှင်ပဒေသရာဇ် ဆွေစုမျိုးစုများထဲမှသာမက အရောင်းအဝယ်အလုပ် လုပ်သူများထဲမှ လည်းကောင်း၊ လက်မှုပညာသည်များထဲမှ လည်းကောင်း၊ တောင်သူလယ်သမားများထဲမှလည်းကောင်း၊ အုပ်ချုပ်ရေးကြိုးကိုင်အဖြစ် ရွေးကောက်တင်မြှောက် နိုင်ကြသည်။ ထိုစနစ်ကို ဂရိဒီမိုကရေစီစနစ်ဟုဆိုသည်။
ဘီစီ ၅ရာစုတွင် ပရီကလိမင်းလက်ထက် အက်သင်းမြို့နိုင်ငံ၌ လူဦးရေ စုစုပေါင်းသည်သုံးသိန်းငါးသောင်း(၃၅ဝဝဝဝ)ခန့်ရှိသည်ဟုဆိုသည်။ မဲမပေးနိုင်၊ အရွေးမခံနိုင်သော ကျွန်နှင့် နိုင်ငံခြားသားများကို ဖယ်လိုက်လျှင် မဲပေးနိုင်၍ အုပ်ချုပ်ရေး၌ပါဝင်နိုင်သော လူဦးရေသည် တစ်သိန်းရှစ်သောင်း (၁၈ဝဝဝဝ)ခန့် ရှိသည်ဟု ဆိုသည်။ ထိုတစ်သိန်းရှစ်သောင်းသော အက်သင်းနိုင်ငံသားတို့သည် ပြည်သူ့ လွှတ်တော်သို့တက်၍ ဥပဒေပြုကိစ္စကို ဆောင်ရွက်နိုင်ကြသည်။ ပြည်သူ့ လွှတ်တော်အစည်းအဝေးကို တစ်လလျှင် တစ်ကြိမ်ကျ ကျင်းပသည်။ ထိုအခါ ကသော် အုပ်ချုပ်ရေးဆိုင်ရာ ရာထမ်းမှုထမ်းဟူ၍ အခန့်အထား သီးခြားမရှိချေ။ ထို့ကြောင့် အုပ်ချုပ်ရေးကိစ္စအဝဝကို ဆောင်ရွက်ရန် ထိုတစ်သိန်းရှစ်သောင်း ထဲမှ လူငါးရာကို ရွေးကောက်တင်မြှောက်ကြသည်။ တစ်ဖန် ထိုငါးရာထဲမှပင် ငါးဆယ်တစ်စုစီခွဲ၍ တစ်စုလျှင် ရက်ပေါင်း ၃၆/၂မျှ အုပ်ချုပ်ရေးကိစ္စတို့ကို တာဝန်ယူဆောင်ရွက်ကြသည်။ ကြည်းတပ်ဗိုလ်ချုပ်၊ ရေတပ်ဗိုလ်ချုပ်တို့ကိုသာ ခန့်ထားခြင်း ပြုသည်။ ခန့်ရာတွင် နှစ်စဉ်နှစ်တိုင်း အသစ် ပြောင်း၍သော် လည်းကောင်း၊ ထပ်မံ၍သော်လည်းကောင်း ခန့်လေ့ရှိသည်။ 
တရားစီရင်ရေး 
တရားစီရင်သောကိစ္စတွင် တရားခုံရုံး တရားသူကြီးများအဖြစ် ဆောင်ရွက် ရန် အမှုအကြီးအသေးအလိုက် ၁၀၁ ဦးမှ ၁ဝဝ၁ ဦးအထိ တိုးချဲ့နိုင်သော နိုင်ငံသားတို့ကို ပြည်သူ့လွှတ်တော်က ခန့်ထားသည်။ ထိုအခါကသော် ရှေ့နေ ရှေ့ရပ်ဟူ၍ မရှိချေ။ တရားလိုသည် မိမိတရားစွဲလိုသော အမှုအတွက် မိမိ ကိုယ်တိုင် လျှောက်လဲပြောဆိုရသည်။ တရားခံကလည်း မိမိကိုယ်တိုင် လျှောက်လဲ ချေပရသည်။ ခုံရုံးတရားသူကြီးများက အမှုကို ကြားနာပြီးနောက် မဲဆန္ဒပေး၍ အမှုကို ဆုံးဖြတ်သည်။ ဤသို့ဖြင့် အက်သင်း နိုင်ငံသားတို့၌ နိုင်ငံသားတာဝန် အများအပြားရှိကြပုံကို လည်းကောင်း၊ လူမှု နှုတ်မှုတို့၌ လိမ္မာကြရပုံကို လည်းကောင်း ခန့်မှန်းနိုင်သည်။
 စီးပွားရေး၊ လူမှုရေး 
ရှေးခေတ် ဂရိလူ့အဖွဲ့ အစည်း၌ အစကနဦးကပင် မြေရှင်ပဒေသရာဇ် တို့ လွှမ်းမိုးလာခဲ့ကြသည်။ သုံ့ပန်းကျွန်၊ ငွေဝယ်ကျွန်တို့သည်လည်းကောင်း၊ ကျေးကျွန်မဟုတ်သော ဆင်းရဲသားတို့သည်လည်းကောင်း အခွင့်အရေးမရ၊ အလုပ်အကျွေးသဘောမျှသာ ဖြစ်သည်။ ငါးရာစုတွင် အက်သင်းမြို့နိုင်ငံသည် တန်ခိုးကြီးလာ၍ အရောင်းအဝယ် တိုးတက်လာသောအခါမှာမှသာ ကျေးကျွန် မဟုတ်သော ဆင်းရဲသားပိုင်းတွင် ပြည်တွင်းပြည်ပ အရောင်းအဝယ်ကောင်း သဖြင့် ကုန်သည်၊ လက်မှုပညာသည်၊ အနုပညာသည်တို့ အခွင့်အရေးရလာ ကြသည်။
ဂရိကျွန်းဆွယ်သည် တောင်ထူထပ်ပေါများသဖြင့် အသီးအနှံ များများ စားစား မစိုက်နိုင်။ အသီးအနှံတို့ကို ကျွန်းဆွယ်၏ အရံဖြစ်သော ကျွန်းငယ်များမှ လည်းကောင်း၊ အာရှဘက်၊ အီဂျစ်ဘက်မှလည်းကောင်း ဝယ်ယူကြရသည်။ ကျွန်းဆွယ်တွင် သံလွင်ပင်နှင့် စပျစ်ပင်တို့ကို အများအပြားစိုက်၍ သံလွင်ဆီနှင့် စပျစ်ဝိုင်တို့ကို ပြည်ပသို့ ရောင်းချကြသည်။ ထို့ပြင် အက်သင်းမြို့နိုင်ငံအတွင်း တွဒ် ငွေတွင်းရှိသောကြောင့်လည်းကောင်း၊ လက်မှုပညာသည်လည်း များသော ကြောင့်လည်းကောင်း ငွေထည်အနုပညာပစ္စည်းများကိုလည်း ရောင်းချသည်။ လှံ၊ ဓား၊ လေး၊ မြား၊ ဒိုင်း၊ ချပ်ဝတ်တန်ဆာ စသော စစ်လက်နက်ပစ္စည်းများ ကိုလည်း ထုတ်လုပ်၍ ရောင်းချသည်။
ပစ္စည်းတတ်နိုင်သူများသည် ဆရာငှား၍ သားသမီးတို့ကို အိမ်၌ ပညာသင်ပေးကြသည်။ စာသင်ကျောင်းဟု သီးခြားမရှိ။ အတီးအမှုတ်၊ အကအခုန်ပညာကို အလွန်လေးစားသည်။ အားကစားပညာကို ပို၍လေးစား သည်။ အားကစားရုံများ ထားရှိ၍ ဆရာများဖြင့် လေ့ကျင့်စေသည်။ လေးနှစ် တစ်ကြိမ် ကျင်းပလေ့ရှိသော အိုလံပစ်အားကစားပြိုင်ပွဲတွင် ဝင်ရောက်ပြိုင်ဆိုင် စေသည်။ အထက်တန်းပညာရေးအဖို့မှာ ၅ ရာစုလောက်တွင် ဆိုဖီ (Sophist) ဆရာကြီးများ ရှိသည်။ ထိုဆရာကြီးများသည် ဂရိတို့ဒေသရှိ မြို့နိုင်ငံတို့သို့ လှည့်လည်လျက် အဖိုးအခယူ၍ အထက်တန်းပညာရပ်များကို သင်ကြားပေး သည်။ လွှတ်တော်အစည်းအဝေး၌လည်းကောင်း၊ တရားခုံရုံး၌လည်းကောင်း နှုတ်မှုကို သုံးကြရသဖြင့် စကားပြော ၀စနာလင်္ကာရပညာကို ခုံခုံမင်မင် သင်ယူကြသည်။
 (ဂ) ကိုးကွယ်မှုဘာသာနှင့် ပွဲတော်များ 
ရှေးခေတ် ဂရိဒေသတို့၌ ဂရိလူမျိုးအားလုံးပင် နတ်ဒေဝါတို့ကို ကိုးကွယ် ပူဇော်ပသကြသည်။ ကောင်းကင်နတ်၊ နေနတ်၊ သမုဒ္ဒရာစောင့်နတ် စသည်တို့ ဖြစ်သည်။ ဟိန္ဒူတို့ကိုးကွယ်သော ပိဿနိုးနတ်၊ သီဝနတ် စသည်တို့နှင့် တစ်စိတ်အားဖြင့် တူနီးအံ့ထင်သည်။ 
နတ်ဒေဝါများ 
ဇုနတ်မင်း (Zeus) သည် ဒေဝါဓိပတိ ဖြစ်သည်။ သိကြားနှင့် ခပ်ဆင် ဆင်တူသည်။ ကောင်းသူကိုကယ် မကောင်းသူကိုပယ်သူ ဖြစ်သည်။ ဝရဇိန် လက်နက်ကိုင်ဆောင်သူ ဖြစ်သည်။ နတ်တို့၏အဖ၊ လူတို့၏အဖဟု ယူဆ ကြသည်။ အပေါ်လို (Apollo) သည် သူရိယဒေဝနေနတ်သား ဖြစ်သည်။ ဒယ်လဖီမြို့တွင် အပေါ်လိုနတ်ကွန်း အကြီးအကျယ် တည်ဆောက်ကိုးကွယ်ကြ သည်။ နတ်မေးချင်ကြသောအခါ ဂရိလူမျိုးအားလုံးသည် အပေါ်လိုကို မေးလေ့ ရှိသည်။ ထိုအခါ အပေါ်လိုသည် မိမိ၏ နိမိတ်ဟောမယ်တော်ကြီးမှ (ဝါ) ပုစ္ဆာန်နတ်ဆရာ (အမျိုးသမီး)မှတစ်ဆင့် နိမိတ်ဟောစကားကို ဆိုတတ်သည်။ နိမိတ်ဟောစကားသည် ယေဘုယျအားဖြင့် ပဟေဠိဆန်သည်ဟု ဆိုသည်။
ပုံစံကား ပါရှားနိုင်ငံနှင့် စစ်ဖြစ်စဉ်ကသော် အပေါ်လိုနတ်ကို မေးကြ ရာ အပေါ်လိုက ပုစ္ဆာန်နတ်ဆရာမှတစ်ဆင့် သစ်သားဖြင့်ပြုသော တံတိုင်းကိုသုံး လျှင် စစ်နိုင်မည်ဖြစ်ကြောင်း ဟောသည်ဟု ဆိုသည်။ ထိုအခါ အက်သင်းမြို့ လွှတ်တော်၌ သစ်တပ်ကို သုံးရမည်လော၊ တိုက်သင်္ဘောကို သုံးရမည်လောဟု ဆွေးနွေးကြသည်ဟု ဆိုသည်။ ကံအားလျော်စွာ တိုက်သင်္ဘောသုံးရန် ဆုံးဖြတ် မိကြ၍ ရေတပ်ကို အင်အားဖြည့်သည်။ နောက်ဆုံး ရေတပ်တိုက်ပွဲ၌ ပါရှင် တို့ကို အနိုင်ရလိုက်သည်ဟု ဆိုသည်။ ဇုနတ်မင်းနှင့် အပေါ်လိုနတ်အပြင် အခြားသော နတ်သား၊ နတ်သမီးများလည်း ရှိသေးသည်။ ပုံစံကား၊ အာသီန (Athena) နတ်သမီးသည် အက်သင်းမြို့တော်ရှင်မ ဖြစ်သည်။ အာတီမိ (Artemis) သည် သားဖွားနတ်သမီးဖြစ်၍ ထိုနတ်သမီးကို ဝမ်းဆွဲတို့ ပူဇော် ပသကြသည်။ မျူဆ (Muses) နတ်သမီးများသည် ကဗျာနတ်သမီးများ ဖြစ် သည်။ သူရဿတီနတ်သမီးနှင့် ခပ်ဆင်ဆင်တူသည်။ ထိုနတ်သမီးများကို ကဗျာစာဆိုတို့ ပင့်ကြ၊ ပူဇော်ကြသည်။ ။
အက်ဖရာဒိုက်တိ (Aphrodite) သည် မေတ္တာနတ်သမီးဖြစ်၍ ထို နတ်သမီးကို အချစ်လိုသူတို့ ပူဇော်ပသကြသည်။ ဒိုင်အာခေါင်းဆ (Dionysus) သည် အပျော်အရွှင်နတ်သားလည်းဖြစ်၍ ဝိုင်သေရည်နတ်သားလည်းဖြစ်သည်။
 ရွက်နုထွက်ချိန်၊ သီးချိန်၊ ပွင့်ချိန်တို့ကို ဖန်တီးသူဖြစ်သည်ဟု ယူဆကြသည်။ ဒိုင်အာနိုင်းဆကို ပျော်ပွဲရွှင်ပွဲများ၌ ပူဇော်ပသကြသည်။ ဟေဒီ (Hades)သည် မြေအောက်ဘုံကိုအုပ်စိုးသောနတ်ဖြစ်သည်။ ယမမင်းနှင့်ခပ်ဆင်ဆင်တူသည်။ ဘဝကူးပြောင်း၍ မြေအောက်အဝီစိသို့ ရောက်လာသူတို့ကို စောင့်သောနတ် ဖြစ်သည်။ ဤသို့ဖြင့် နတ်ဒေဝတာကိုးကွယ်မှုသည် သာမန်အားဖြင့် ရှေးခေတ် ဂရိလူမျိုးတို့ လက်ခံသောဘာသာဖြစ်သည်ဟု ဆိုသည်။
ဂရိတို့၏ဂုဏ်သိက္ခာတရား 
တစ်ဖန် ရှေးခေတ်ဂရိတို့၏ဘဝတွင် လေးနက်သောအစိတ်အပိုင်းလည်း ရှိသည်ဟု ဆိုသည်။ ဂရိတို့အလေးအမြတ်ပြုသောတရားတစ်ခုသည် မဇ္ဈိမပဋိ ပဒါ တရားဖြစ်သည်။ ထို့ပြင် ဂရိတို့၏ဂုဏ်သိက္ခာတရားများလည်းရှိသေးသည်။ ဂရိတို့သည် ဂုဏ်သိက္ခာတရားများကို လူ့ဘဝ၏ ပန်းတိုင်တစ်ခုဟု ယူဆကြ သည်။ ဂုဏ်သိက္ခာဟူသောစကားသည် အင်္ဂလိပ်ဘာသာဖြစ်သော“ဗားတယူး” (Virtue)မှ မြန်မာပြန်ထားသောစကားဖြစ်သည်။ တစ်ဖန် “ဗားတယူး”သည် ဂရိဘာသာ “အရီတိ' (Arete) မှ အင်္ဂလိပ်ဘာသာပြန်ထားသော စကား ဖြစ်သည်။ အဋ္ဌကထာဆရာတို့ကဆိုကြသည်မှာ “ဗားတယူး”ဟူသော အင်္ဂလိပ် ဝေါဟာရသည် ဂရိတို့၏ ဆိုလိုရင်းအနက်ကို တိတိကျကျ မဟောနိုင်ဟု ဆိုပါသည်။
ဂရိတို့၏အလိုမှာ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ သူ့သဘာဝအလိုက် သိဒ္ဓိ မြောက်အောင်၊ ကောင်းသည်ထက်ကောင်းအောင် ပြုတတ်သော သဘောကို ဆိုလိုသည်ဟု သိရသည်။ ပုံစံကား ဓား၏ဂုဏ်သိက္ခာသည် ပြတ်အောင် ဖြတ်တတ်ခြင်းဖြစ်သည်။ မြင်း၏ဂုဏ်သိက္ခာသည် လျင်မြန်စွာပြေးတတ်ခြင်း ဖြစ်သည်။ ဆေးဆရာ၏ ဂုဏ်သိက္ခာသည် လူမမာ ကျန်းမာအောင် ဆေးကု တတ်ခြင်း ဖြစ်သည်။ လူခပ်သိမ်းတို့အဖို့မှာ ဂုဏ်သိက္ခာဟူသည် လောက၌ လူတော်လူကောင်း ဖြစ်အောင် ပြုတတ်သော ဂုဏ်သတ္တိ ဖြစ်သည်။ ဂုဏ်သိက္ခာစုတွင် (က)သူရသတ္တိရှိခြင်း၊ (ခ) စောင့်စည်းမှု သံယမတရားရှိခြင်း၊ (ဂ) တရားစောင့်ခြင်း(ဝါ)သဒ္ဓမ္မတရားရှိခြင်း၊ (ဃ) ဝိဇ္ဇာအသိတရားရှိခြင်း ဂုဏ် သိက္ခာလေးပါးသည် ဂရိတို့အမြတ်နိုးဆုံးဖြစ်သည်ဟုဆိုသည်။ ဆော့ခရတ္တိအဖို့မှာ ဝိဇ္ဇာမဂ္ဂသည်(ဝါ) ပညာသဘောသည် ဂုဏ်သိက္ခာခေါင်ချုပ်ဖြစ်သည်ဟု ယူဆ ကြသည်။ တစ်ဖန် ပလေးတိုး၏ ကထာစာတမ်းများ၌ ဆော့ခရတ္တိ ပြောဆိုလေ့ ရှိသော အင်္ဂလိပ်ဘာသာပြန် (Heaven r God) အဂ္ဂဘုံ (ဝါ) အဂ္ဂဘုံရှင်သည်  သတ္တဝါအပေါင်းတို့တွင် ပထမဖြစ်နှင့်သော မဟာဗြဟ္မာကြီးသဘောနှင့် တစ်စိတ် အားဖြင့် တူနိုးအံ့ထင်သည်။ 
ဂရိပွဲတော်များ 
ရှေးခေတ် ဂရိတို့သည် ကာယဗလအလှကို မြတ်နိုးသူများဖြစ်သည်။ နတ်ပူဇော်ပွဲကျင်းပသောအခါ အားကစားပြိုင်ပွဲပါလေ့ရှိသည်။ အားကစားပြိုင်ပွဲ သာမက စာဟောပြိုင်ပွဲ၊ ပြဇာတ်ပြိုင်ပွဲ၊ ဂီတပြိုင်ပွဲတို့လည်း ပါတတ်ကြသည်။ အိုလံပီယာမြို့ရှိ ဇုနတ်မင်းပူဇော်ပွဲ၌ပါသော အိုလံပစ်အားကစားပွဲသည် အကြီးဆုံး အစည်ကားဆုံး ပွဲတစ်ပွဲဖြစ်သည်ဟု ဆိုသည်။ ထိုပွဲသို့ ဂရိနိုင်ငံ အသီးသီးမှ လာ၍ပြိုင်ကြသည်။ အောင်ပန်းပန်ရသူတိုင်းကို အလွန် ချီးကျူးကြသည်။ စာဆိုတို့သည် ထိုသူတို့အကြောင်းကို စာဖွဲ့ကြသည်ဖြစ်ရာ အောင်ပန်းပန်ရသူ တို့သည် ဂရိလောကတစ်ခုလုံး၌ ကျော်စောသတင်းကို ရကြသည်။ အိုလံပစ်ပွဲ တွင် အပြေးပြိုင်ပွဲ၊ အခုန်ပြိုင်ပွဲ၊ လှံလျင်ပြိုင်ပွဲ၊ နပန်းပွဲ၊ လက်ဝှေ့ပွဲ၊ စကြာပစ် ပွဲ၊ ရထားပြိုင်ပွဲ၊ မြင်းပြိုင်ပွဲတို့ ပါတတ်ကြသည်။ ကိုယ်အလှနှင့် စိတ် အလှတို့သည် ဒွန်တွဲလျက်ရှိသည်ဟု ဂရိတို့ ယူဆကြသဖြင့် ပစ္စည်းရှိသူများသည် မိမိတို့၏ သား၊ ညီ စသည်တို့ကို အားကစားလေ့ကျင့်စေ၍ ပြိုင်ပွဲဝင်စေသည်။
(ဃ) အနုပညာနှင့် စာပေ 
ရှေးခေတ်ဂရိ အနုပညာနှင့် စာပေတို့သည် ဘီစီ ၅ ရာစုမတိုင်မီကပင် ထွန်းကား ခဲ့သည်။ ဘီစီငါးရာနောက်ပိုင်းတွင် ပါရှင်စစ်သည်တို့ ဖျက်ဆီးကြ သည်ဟု ဆိုသည်။ အထူးသဖြင့် အက်သင်းမြို့နိုင်ငံတွင် ပရီကလိမင်းလက်ထက်၌ အနုပညာလက်ရာနှင့် စာပေတို့သည် ရှေးကထက်သာ၍ ဆန်းကြယ်လာသည် ဟု ဆိုသည်။ 
ဗိသုကာလက်ရာ 
ဂရိ အနုပညာများအနက် ဗိသုကာနှင့် ကျောက်ဆတ်တမော့ ပညာ နှစ်ရပ်သည် အကျော်စောဆုံး ဖြစ်သည်။ ထိုပညာတို့ကို အီဂျစ်ပြည်မှ ရလာကြသော်လည်း ဂရိတို့လက်တွင် ထူးကဲပြောင်မြောက်လာသည်ဟု ဆိုသည်။ ဂရိတို့သည် နတ်ဒေဝါ ကိုးကွယ်ကြသူများဖြစ်ရာ နတ်ကွန်းတို့ကို ဆောက်ကြ သည်။ နတ်ရုပ်တို့ကို ထုကြသည်။ ဆောက်ကြသော နတ်ကွန်းများသည် ကျောက်ဖြင့်ပြီး၍ အလွန်ခံ့ညားတင့်တယ်သည်။ အသန့်အခန့်ကို ပိုကြိုက် သော ရှေးခေတ်ဂရိတို့သည် အဆောက်အအုံ၏ အုတ်ခုံပတ်လည်၌ တိုင်လုံး  တို့ကို ညီညီညာညာစီ၍ ကြသည်။ မုခ်မျက်နှာစာ တိုင်လုံးများအထက်၌ အချိုးကျသော မုခ်ဒုရင်ကို တင်ကြသည်။ မုခ်ဒုရင်အတွင်းတွင် နှစ်သက်ရာ နတ်သား၊ နတ်သမီးဇာတ်ကို ထုကြ၊ ဆတ်ကြသည်။ အိုလံပီယာမြို့၊ ဒယ်လဖီမြို့၊ အက်သင်းမြို့တို့ရှိ နတ်ကွန်းကြီးများသည် ထင်ရှားကျော်စော ကြသည်။ အက်သင်းမြို့ရှိ ပါသီနွန်နတ်ကွန်းသည် အထူးကျော်စောသည်။ 
ပန်းတမော့လက်ရာ 
ကျောက်ဆတ်တမော့ ပညာအရာ၌လည်း ဂရိတို့သည် အလွန်ထူးချွန် သည်။ ဇုနတ်ရုပ်၊ အပေါ်လိုနတ်ရုပ်၊ အာသီနနတ်သမီးရုပ်တို့သည် ကျော်စော သည်။ ဂရိတမော့ဆရာတို့သည် နတ်ရုပ်များကိုသာမက အားကစား၌ အောင်ပန်း ပန်ကြသူများကိုလည်းကောင်း၊ စစ်အောင်သော ဗိုလ်ချုပ်၊ ဗိုလ်မှူးများကိုလည်း ကောင်း၊ ပညာရှိများကိုလည်းကောင်း၊ ကဗျာဆရာ၊ ပြဇာတ်ဆရာများကို လည်းကောင်း ချီးကျူးလိုသဖြင့် တမာ့ရုပ် အများအပြားထုကြသည်။ ထိုမျှ သာမက ဂရိတို့ဓလေ့ဘာသာအလိုက် နေထိုင်ကြပုံ၊ အလုပ်လုပ်ကိုင်ကြပုံတို့ ကိုလည်း တမော့ရုပ်ထုကြသည်။ ဂရိတမော့ပညာ၏ ထူးခြားချက်တစ်ခုသည် မျက်မြင်သဘာဝကို ဦးစားပေးလျက် မျက်မြင်ဘက်သို့လှည့်၍ သရုပ်ဖော်တတ် ခြင်း ဖြစ်သည်။ ပါရှင်စစ်သည်တို့ကို အောင်နိုင်ရာဖြစ်သော မာရသွန်တိုက်ပွဲ အကြောင်းကို ပန်းချီဖြင့် သရုပ်ဖော်ထားပုံသည် ထိုခေတ်ဂရိတို့အဖို့ တိုင်းချစ် ပြည်ချစ်စိတ် တက်ကြွစရာ အနုပညာဖြစ်သည်ဟု ဆိုကြသည်။ 
မဟာကဗျာ 
ဂရိစာပေသည် ဆော့ခရတ္တိတို့ခေတ် မတိုင်မီကပင် ထွန်းကားခဲ့သည်။ အထူးသဖြင့် စာဆိုဟိုးမား၏ 'အိလိယက်” (Iliad)နှင့် “အော့ဒီဆီ' (Odyssey) မဟာကဗျာနှစ်ပုဒ်သည် ကျော်စောသည်။ ထိုမဟာကဗျာနှစ်ပုဒ်ကို ရှေးခေတ် အိန္ဒိယ၊ မဇ္ဈိမဒေသ၌ ရာမာယဏကဗျာနှင့် မဟာဘာရတကဗျာ နှစ်ပုဒ်ကို ကြည်ညိုလေးစားကြသကဲ့သို့ ဂရိဒေသတို့၌ လေးစားကြည်ညိုကြသည်။
အိလိယက်ကဗျာသည် နတ်မျိုးနွယ် အာဇာနည် အာခိလိ၏ သတ္တိဗျတ္တိ ကို ချီးကျူးသောကဗျာ ဖြစ်သည်။ ဇာတ်လမ်းတွင် လူ့ကိစ္စ အမှားအမှန် အကောင်းအဆိုး အမျိုးမျိုးနှင့် ကြုံကြရသဖြင့် တုံ့ပြန်ဖြစ်ပေါ်လာတတ်ကြသော မင်း၊ မိဘ၊ သားသမီး၊ အဆွေခင်ပွန်း၊ ရဲဘော်ကောင်း စသည်တို့၏ ကံသုံးပါး အမူအရာတို့ကို နှစ်သက်ဖွယ်ဖြစ်အောင် ဖွဲ့ထားသည်။ နိဂုံးတွင် အာခိလိ၏ မာနကြောင့် အာခိလိပျက်စီးရပုံကို နောင်တသံဝေဂရစရာဖြစ်အောင် ဖွဲ့ခဲ့သည်။
အော့ဒီဆီ ကဗျာသည် တစ်ပြည်ရပ်ခြား တိုင်းတစ်ပါးသို့ ရောက်နေသော အာဇာနည် အော့ဒီဆိယ၏ သတ္တိဗျတ္တိကို ချီးကျူးသောကဗျာ ဖြစ်သည်။
 မိမိ၏ တိုင်းပြည်သို့ ပြန်လာရာ လမ်းတွင် ဘေးရန်အမျိုးမျိုးနှင့် ကြုံတွေ့ရသဖြင့် ကာယဗလ၊ ဉာဏဗလ အသုံးပြု၍ လွတ်မြောက်အောင် အားထုတ်ခဲ့ရပုံတို့ကို နှစ်သက်ဖွယ်ဖြစ်အောင် ဖွဲ့ထားသည်။ နိဂုံးတွင် အော့ဒိဆိယ၏မိဖုရားကြီး သစ္စာစောင့်ပုံ၊ မင်း မိဖုရား ပြန်တွေ့ကြပုံတို့ကို ဝမ်းမြောက်အားတက်စရာ ဖြစ်အောင် ဖွဲ့ ထားသည်။
ထို့နောက် စာဆို ဟိဆိဏှာ (Hesiod) ၏ အနုသာသန မဟာကဗျာ ရှိသေးသည်။ ထိုကဗျာသည် သာမန်ဆင်းရဲသား လယ်သမားတို့အကြောင်းကို လည်းကောင်း၊ စိုက်ပျိုးရေးနည်းနာများကိုလည်းကောင်း၊ အဆုံးအမသြဝါဒ တို့ကိုလည်းကောင်း ဖွဲ့ သည်ဟု ဆိုသည်။ ဘီစီ ၅ရာစုပိုင်းတွင် အမျိုးသမီး စာဆို ဆက်ဖိုး (Sappho) ၏ တေးကဗျာများသည် ကျော်စောသည်။ အားကစား ပွဲများ၌ အောင်ပွဲရကြသူများကို ချီးကျူးဖွဲ့ဆိုလေ့ရှိသော စာဆို ပင်ဒါ (Pindar) ၏ ကဗျာများလည်း ကျော်စောသည်။
ပြဇာတ် 
၅ ရာစု၊ ၄ ရာစုခေတ်၌ အကျော်စောဆုံးဖြစ်သော စာပေသည် ပြဇာတ် နှင့် ရာဇဝင် စကားပြေတို့ ဖြစ်သည်။ ပြဇာတ်ကို နတ်ဒေဝါပူဇော်ပွဲများ ကျင်းပချိန်၌ ခင်းကျင်းပြသလေ့ရှိသည်။ ပြဇာတ်ဆရာများသည် အများ အားဖြင့် နတ်ဒေဝဒါများအကြောင်းသော်လည်းကောင်း၊ နတ်မျိုးနွယ်မင်းများ အကြောင်းသော်လည်းကောင်း ဇာတ်ရေးလေ့ရှိကြသည်။ ဇာတ်လမ်းများတွင် ခေါင်းဆောင်ဇာတ်လိုက်သည် ရှေးဦးစွာ ပြစ်မှုတစ်ခုခုကို ကျူးလွန်ပုံ၊ ထို့နောက် ထိုပြစ်မှုမှလွတ်အောင် ရုန်းကန်ပုံ၊ နောက်ဆုံး၌ ထိုပြစ်မှုကို မရှောင်နိုင်ရှာဘဲ ဘေးဒဏ်သင့်ပုံတို့ကို သရုပ်ဖော်လေ့ရှိသည်။ ရည်ရွယ်ချက်မှာ ထိုသို့သော ပြဇာတ်မျိုးဖြင့် ပွဲကြည့်ပရိသတ်၏စိတ်၌ ကရုဏာရသ အတွေ့အကြုံနှင့် ဘယာနကရသ အတွေ့အကြုံတို့ကို ဖြစ်စေပြီးလျှင် စိတ်ဆိုးစိတ်ညစ်တို့ကို ဆေးကြောသုတ်သင်ပေးရန် ဖြစ်သည်။ ခင်းကျင်းကပြပုံသည် ခပ်စောစောပိုင်း တွင် ကဗျာရွတ်ဆိုပွဲဆန်သည်ဟု ဆိုသည်။ ဂရိတို့၏ ဇာတ်စင်သည် လဟာပြင် မြေဝိုင်း ဖြစ်သည်။
ထိုခေတ်တွင် အစ္စလိလ  (Aeschylus), ဆော့ဖကလိ (Sophocles) ယူရိပိဒိ (Euripides)၊ အရစ္စတိုဖန္နီ (Aristophanes) တို့သည် ကျော်စောသော ပြဇာတ်ဆရာကြီးများ ဖြစ်သည်။ ပထမသုံးဦးသည် အဆွေးဇာတ်ဆရာဖြစ်၍ အရစ္စတိုဖန္နီသည် အသောဇာတ်ဆရာ ဖြစ်သည်။ အရစ္စတိုဖန္တိသည် အက်သင်း နယ်ချဲ့ဝါဒကိုလည်းကောင်း၊ စစ်မက်လိုလားမှုကိုလည်းကောင်း၊ ဆိုဖီဆရာ  အချို့၏ ခေတ်ရှေ့ပြေး အတွေးအယူ တို့ကိုလည်းကောင်း ပြက်ရယ်ပြု၍ အက်သင်းပြည်သူပြည်သား လူအများ၏ ဒုက္ခတို့ကို ကရုဏာဖြစ်ကြအောင် ဇာတ်ရေးတတ်သည်ဟု ဆိုသည်။ 
ရာဇဝင် 
စကားပြေအရာတွင် ဟိရောဒတ္တ (Herodotus) နှင့် သူစီဒီဒီ (Thucydides) တို့သည် ထင်ရှားသူများ ဖြစ်သည်။ နှစ်ဦးစလုံးပင် ရာဇဝင်ကို ရေးကြသည်။ ဟိရော့ဒတ္တသည် ဂရိတို့ဒေသ၌သာမက တိုင်းတစ်ပါးတို့၌လည်း ခရီးလှည့်လည်၍ မိမိတွေ့သမျှ၊ မြင်သမျှ၊ ကြားသမျှတို့ကို စုဆောင်း မှတ်သားခဲ့ပြီးနောက် ရာဇဝင်ရေးသည်။ ဂရိနှင့် ပါရှင်တို့ တိုက်ပွဲအကြောင်းအထိ ရေးသည်။ သူစီဒီဒီ သည် ဂရိအမျိုးသားချင်းတိုက်ခိုက်ကြသော ပဲလပါနိဆ စစ်ပွဲများ အကြောင်းကို ရေးသည်။ သူစီဒီဒီ၏ ထူးခြားချက်သည် သမိုင်းကြောင်း အဖြစ်အပျက်တို့ကို တင်ပြရာတွင် အကြောင်းအကျိုးဆက်နေပုံကို အလေးပေး၍ ရေးတတ်ခြင်း ဖြစ်သည်။ ပရီကလိမင်း၏ နယ်ချဲ့မှုသည် အကြောင်းဖြစ်၍ အက်သင်း ကျဆုံးရခြင်းသည် အကျိုးဖြစ်၏ဟူသော သဘောကို ပေါ်လွင် ထင်ရှားအောင် ရေးနိုင်သည်။ ။
ပြဇာတ်ဆရာများဖြစ်သော ဆော့ဖကလိ၊ ယူရိပိဒိ၊ အရစ္စတိုဖနိုးတို့သည် လည်းကောင်း၊ ရာဇဝင်ဆရာကြီးများဖြစ်ကြသော ဟိဒတ္တနှင့် သူစီဒီးဒီတို့ သည်လည်းကောင်း ဆော့ခရတ္တိ၊ ပလေးတိုးနှင့် ခေတ်ပြိုင်ဖြစ်ကြသည်။
(င) သိပ္ပံနှင့် ဒဿနိကပညာ 
ဘီစီ ငါး ရာစု မတိုင်မီကသော် သိပ္ပံပညာနှင့် ဒဿနိကပညာတို့သည် မကွဲမပြား ဖြစ်နေသေးသည်ဟု ဆိုသည်။ ရှေးခေတ် ဂရိပညာရှင်တို့သည် သဘာဝ၌ စိတ်ဝင်စားကြသည်။ သဘာဝကို စုံစမ်းလေ့လာ၍ လောကဓာတ် စကြဝဠာအကြောင်းကို ဖွင့်ဆိုကြသည်ဟု ဆိုသည်။ ပြောင်းလဲဖောက်ပြန် နေသော ရုပ်လောကတွင် မပြောင်းမလဲမဖောက်မပြန်သော အခြေခံသဘောတရား ကိုလည်း ရှာခဲ့ကြသည်။ ရှာကြရင်း ဒိဋ္ဌဓမ္မအကြောင်းအချက်နှင့် အတွေ့အကြုံတို့ အရေးကြီးပုံကိုလည်းကောင်း၊ သမ္ပဇဉ် အဆင်ခြင်ဉာဏ် သုံးတတ်ရသည်ကို လည်းကောင်း သိလာကြသည်ဟု ဆိုသည်။ ဤသို့ဖြင့် ပထဝီ၊ ကေဇော၊ အာပေါ၊ ဝါယောတို့ကို ရုပ်လောက၏ အခြေခံအဖြစ်ဖြင့် လက်ခံလာကြသည်။ တစ်ဦးက အာပေါကိုဦးစားပေး၍ တစ်ဦးက ဝါယောကို ဦးစားပေးတတ်ခြင်း စသည်တို့သာ ကွဲပြားခြင်းရှိသည်။ ထိုနောက် အလင်းအမှောင်၊ အကောင်းအဆိုး၊ အဖျက်အပြု၊  အတိုက်အခံ စသော ဆန့်ကျင်ဘက် ဝိရောဓိအတွဲ သဘော ရှိသည်ကိုလည်း သိလာကြသည်ဟု ဆိုသည်။ ထို့နောက် မည်သည့်အရာမျှ ရပ်တည်နေသည်မရှိ၊ အမြဲပြောင်းနေသည်၊ အမြဲစီးနေသည်ဟူသော အလျဉ်သဘော ရှိသည်ကိုလည်း သိလာကြသည်ဟု ဆိုသည်။
ဤသို့ဖြင့် ဂရိပညာရှင်တို့သည် စဉ်ဆက်မပြတ် လေ့လာစုံစမ်းလာခဲ့ကြရာ နေကြတ်သည်ကို ပြောနိုင်လာကြသည်။ အဏုမြူ (အက်တမ်) သီအိုရီကို ချမှတ်လာကြသည်။ လသည် နတ်ဘုံနတ်နန်း မဟုတ်၊ မြေကြီးအင်္ဂါရပ်တို့၏ အစုအဝေးသာ ဖြစ်သည်ဟု ဖော်ထုတ်လိုက်သဖြင့် ဖော်ထုတ်သူ ပညာရှင် တစ်ဦးသည် မိမိ၏ အသက်ဘေးကြောင့် အရပ်တစ်ပါးသို့ ထွက်ပြေးရခြင်းပင် ရှိခဲ့သည်ဟု ဆိုသည်။ 
ဉာဏ်သစ်နိုးကြားမှု 
ဘီစီ ငါးရာစု အလယ်လောက်သို့ ရောက်လာသောအခါ ဒိဋ္ဌဓမ္မနှင့် သမ္ပဇဉ်တို့၌ အခြေခံသော သိပ္ပံနည်းကျ အမြင်သည် (ဝါ) ယထာဘူတအမြင်သည် ပျံ့နှံ့လာ၍ အကျိုးမပြုတော့သော အစဉ်အလာနှင့် အာစရိယဝါဒ အဟောင်း အဆွေးတို့ကိုလည်းကောင်း၊ တရားသေအစုံတို့ကိုလည်းကောင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းမြောက်ခြင်း၊ ကြောက်ခြင်း၊ အမျက်ထွက်ခြင်း၊ မနာလိုဝန်တိုခြင်း၊ မလို တမာဖြစ်ခြင်း၊ ချစ်ခြင်း မုန်းခြင်း၊ ထင်ပေါ်လိုခြင်း၊ သနားခြင်း စသော စိတ် လှုပ်ရှားမှု တစ်ခုခုနောက်သို့လိုက်၍ ပြုမူချင်သော အဂတိစိတ် (Emotionalism) တို့ကိုလည်းကောင်း အားယုတ်အောင် လမ်းရှင်းပေးစပြုလာပြီဟု ဆိုသည်။ ဂရိတို့လောကတွင် ထိုအခါမှစ၍ ဉာဏ်သစ်နိုးကြားမှုသည် ဖြစ်ပေါ်လာပြီဟု ဆိုသည်။
ဆိုဖီဆရာများ 
ဆိုခဲ့သော ဉာဏ်သစ်နိုးကြားမှုလုပ်ငန်းကို ဆိုဖီဆရာတို့က ဆက်၍ ဆောင်ရွက်ကြသည်ဟု ဆိုသည်။ ဆိုဖီဆရာ ဆိုသည်မှာ ပညာသင်ဆရာဖြစ်သည်။ ဘီစီ ၄၅ဝ မှ ဘီစီ ၃၅၀ အထိ အနှစ်တစ်ရာခန့်အတွင်းတွင် ဂရိဆိုဖီဆရာတို့ သည် ဂရိတို့ဒေသရှိ မြို့နိုင်ငံများတွင် လှည့်လည်၍ ဉာဏဗလ၊ စာရိတ္တဗလ ဆိုင်ရာ အထက်တန်းပညာများကို သင်ကြားပေးကြသူများ ဖြစ်သည်။ ထိုအထက် တန်း ပညာများတွင် ဒဿနိကပညာလည်း ပါသည်။ ဆေးပညာ၊ နက္ခတ်ပညာ၊ ဂျီဩမေတရီပညာ၊ ယန္တ ရားပညာတို့လည်း ပါသည်။ အဟောကောင်း အပြော ကောင်း ၀စနာလင်္ကာရပညာလည်း ပါသည်။ ဒီမိုကရေစီခေတ်တွင် ဝစနာ  လင်္ကာရပညာသည် အလွန်ခေတ်စားသည်ဟု ဆိုသည်။ အစည်းအဝေးများ၌ လည်းကောင်း၊ တရားရုံးများ၌ လည်းကောင်း ထိုပညာဖြင့် ကိုယ်လိုရာရအောင် ပြုတတ်ကြသည်ဟု ဆိုသည်။ ဆိုဖီဆရာအချို့သည် ဂရိကျေးကျွန်စနစ်၏ အပြစ်ကို ဝေဖန်ပြောဆိုကြသည်ဟု ဆိုသည်။ သို့ရာတွင် တစ်ဦးသာလျှင် ထိုစနစ်ကို နိုင်ငံရေးလုပ်ငန်း၌ ထည့်သွင်း၍ အဖျက်ခိုင်းဖူးသည်ဟု ဆိုသည်။
ထင်ရှားသော ဆိုဖီဆရာကြီးများသည် ပရောတောရ (Protagoras)၊ ဟိပိအ (Hippias) ဂေါ့ဂျိရ (Gorgiashocpim) ပရောဒိက (Prodicus) သရာဆီမခ (Thrasymachus)တို့ ဖြစ်သည်ဟု ဆိုသည်။ အချို့သော ဆိုဖီဆရာငယ်တို့သည် ပညာသင်ပေးနေသည်ထက် ပရိသတ်အကြိုက် ပေါ်ပင်လိုက်၍ ငွေသော်လည်း ကောင်း၊ ကျော်စောကိတ္တိသော်လည်းကောင်း၊ သြဇာတိက္ကမသော်လည်းကောင်း ရှာနေသူများသာဖြစ်၏ဟု ဆိုသည်။ ထိုသူတို့သည် အရပ်ကြိုက်အောင် ပြော ဟောရာတွင် ရယ်စရာညှပ်၍၊ မှတ်စရာညှပ်၍၊ အကြောင်းမထူးသော်လည်း အရပ်ကြိုက်ဖြစ်သော စကားချော စကားလှတို့ကိုသုံး၍ ယုတ္တိ အမျိုးမျိုး၊ အမြင်အထွေထွေတို့ကို ဝေဝေဆာဆာတင်ပြ၍ တစ်ဆိတ်ကို တစ်အိတ်ဖြစ် အောင်၊ အမှားကို အမှန်ဖြစ်အောင်၊ အဆိုးကို အကောင်းဟု ထင်ကြအောင် ပြောဟောတတ်ကြသည်ဟု ဆိုသည်။ ဆော့ခရတ္တိသည် ထိုဆိုဖီဆရာငယ်မျိုး နှင့်တွေ့လျှင် သရော်တော်တော်ပြော၍ ဆုံးမတတ်သဖြင့် ဆိုဖီဆရာတို့သည် ဆော့ခရတ္တိကို ကြုစုချင်ကြသည်ဟု ဆိုသည်။
(စ) ဆော့ခရတ္တိ (ဘီစီ ၄၆၉-၃၉၉) 
ဆော့ခရတ္တိသည် အက်သင်းမြို့ဇာတိ ဖြစ်သည်။ အဖသည် ကျောက်ဆတ်သမား ဖြစ်၍ အမိသည် ဝမ်းဆွဲဆရာမကြီး ဖြစ်သည်ဟု ဆိုသည်။ အိမ်ထောင်ကျ သည်မှာ နောက်ကျလှသဖြင့် အသက် ၇၀ အရွယ် သူကွယ်လွန်သောအချိန် တွင် သူ့သားအကြီးဆုံးသည် အရွယ်ရောက်စသာဖြစ်၍ တတိယကလေးသည် နို့စို့အရွယ် ဖြစ်သည်။ ပျိုရွယ်စဉ်အခါကသော် စားနိုင်သောက်နိုင်ရှိဟန်တူ၍ အရွယ်အိုလာသောအခါ ပဲလပါနိဆစစ်ပွဲ၏ဒဏ်ကြောင့် ဆင်းဆင်းရဲရဲဖြစ်လာ သည်ဟု ဆိုသည်။
ဆော့ခရတ္တိသည် အသက်ရှစ်နှစ်အရွယ်မှ သုံးဆယ့်ရှစ်နှစ်အရွယ်အထိ ပရီကလိမင်းလက်ထက်တွင် နေထိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဂရိနယ်ချဲ့ စစ်ပွဲများနှင့် ကြုံခဲ့ရသည်။ အရောင်းအဝယ်တိုးတက်လာ၍ အက်သင်းမြို့သူ မြို့သား လယ်ပိုင်ရှင် မြေပိုင်ရှင်တို့ ချမ်းသာလာကြသည်ကို မြင်ခဲ့ရသည်။ ဂရိဒီမိုကရေစီအုပ်ချုပ်ရေး ထွန်းကားခဲ့သည်ကို မြင်ခဲ့ရသည်။ စိတ်မာန်  တက်ကြွလျက်ရှိသော၊ နယ်ချဲ့ စိတ်ဓာတ် မွေးလာကြသော အထက်အလွှာ အက်သင်းမြို့သားတို့၏ အမူအရာတို့ကို မြင်ခဲ့ရသည်။ တစ်ဖန် ဂရိတို့၏ ဗိသုကာပညာ၊ ပန်းတမော့ပညာတို့ ဆန်းကြယ်လာသည်ကို မြင်ခဲ့ရသည်။ ဂရိစာပေ တိုးတက်လာသည်ကို မြင်ခဲ့ရသည်။ အက်သင်းမြို့၌ ဆိုဖီဆရာတို့ ဝင်ထွက်သွားလာ ပြောဟော သင်ပြကြသည်ကို မြင်ခဲ့ရသည်။ ဆော့ခရတ္တိ ကိုယ်တိုင် ဆာမိုစစ်ပွဲ၌လည်းကောင်း၊ ပေါတိဒီစစ်ပွဲ၌လည်းကောင်း ပါဝင် တိုက်ခိုက်ခဲ့ရသည်။
တစ်ဖန် ဆော့ခရတ္တိသည် အသက်သုံးဆယ့်ကိုးနှစ်အရွယ်မှ အသက် ခြောက်ဆယ့်ငါးနှစ်အရွယ်အထိ အက်သင်းမြို့နိုင်ငံ၌ အကြီးအကျယ်အပြောင်း အလဲ ဖြစ်ခဲ့သည်တို့နှင့် ကြုံခဲ့ရပြန်သည်။ ထိုခေတ်သည် ဂရိလူမျိုးအချင်းချင်း တိုက်ခိုက်ကြသော ပဲလပါနိဆစစ်ပွဲခေတ် ဖြစ်သည်။ ထိုခေတ်တွင် မာန ထောင်လွှားသော အက်သင်းမြို့နိုင်ငံကို လက်အောက်ခံနိုင်ငံများက ပုန်ကန် ကြသည်ကို မြင်ခဲ့ရသည်။ အက်သင်းမြို့နိုင်ငံ၌ နိုင်ငံရေးခေါင်းဆောင်ပိုင်းနှင့် အရင်းရှင်ပိုင်းတို့တွင် အကျင့်တရားပျက်ပြားလာသည်ကို မြင်ခဲ့ရသည်။ ရောဂန္တရ ကပ်ကြီး ဆိုက်သဖြင့် ပရီကလီမင်းနှင့် တိုင်းသူပြည်သား အမြောက်အမြား သေကြေပျက်စီးကြသည်ကို မြင်ခဲ့ရသည်။ အက်သင်းအုပ်စုကတစ်ဖက်၊ စပါတာ အုပ်စုကတစ်ဖက် တိုက်ခိုက်ကြသော စစ်ပွဲများအနက် ဒီလီယန်စစ်ပွဲ၌လည်း ကောင်း၊ အန်ဖီပလိစစ်ပွဲ၌လည်းကောင်း ဆော့ခရတ္တိကိုယ်တိုင် ပါဝင်တိုက်ခိုက် ခဲ့ရသည်။ အက်သင်းမြို့နိုင်ငံအတွင်း၌ ဒီမိုကရေစီဘက်တော်သားများနှင့် မြေရှင်ပဒေသရာဇ်တို့ အာဏာလုကြသည်ကို မြင်ခဲ့ရသည်။ နောက်ဆုံး၌ စပါတာမြို့နိုင်ငံ၏လက်အောက်သို့ အက်သင်းကျဆုံးသည်ကို မြင်ခဲ့ရသည်။ ထို့နောက် အသက်ခြောက်ဆယ်အရွယ်မှ အသက်ခုနစ်ဆယ်အရွယ်အထိ မင်း သုံးဆယ်အဖွဲ့တက်လာသည်ကိုလည်းကောင်း၊ မင်းသုံးဆယ်အဖွဲ့ ပျက်၍ ဒီမို ကရေစီ ပြန်တက်လာသည်ကိုလည်းကောင်း မြင်ခဲ့ရသည်။ ဒီမိုကရေစီ ပြန်တက် လာသော အခိုက်အတန့်တွင် စိတ်မချရမှု၊ မလိုတမာစိတ်ပြင်းထန်မှု၊ အချင်းချင်း မယုံကြည်မှုတို့ကြောင့် ဆော့ခရတ္တိ တရားအစွဲခံရ၍ သေဒဏ်အပေးခံလိုက် ရသည်။ ဤသို့ဖြင့် ဆော့ခရတ္တိ၏ ဘဝတစ်သက်တာ အတွေ့အကြုံသည် စုံခဲ့သည်ဟု ဆိုနိုင်သည်။ ။
ဆော့ခရတ္တိပျိုရွယ်စဉ်အခါကသော် သဘာဝ၌စိတ်ဝင်စား၍ လောကဓာတ် စကြဝဠာအကြောင်းကို လေ့လာခဲ့သူဖြစ်သည်ဟု ဆိုသည်။ နောင်အခါတွင် လူ့လောကအခြေအနေကို ပြုပြင်လိုစိတ်ဖြစ်လာ၍ ရုပ်လောကသဘာဝဆိုင်ရာ တို့ကို စွန့်လိုက်ပြီးလျှင် လူတို့၏ အကျင့်စရိုက်တို့၌လည်းကောင်း၊ အပြုအမူ  တို့၌လည်းကောင်း စိတ်ဝင်စားလာ၍ လူ့စိတ်၊ လူ့သဘာဝကို လေ့လာစုံစမ်းသူ ဖြစ်လာသည်။ ဆော့ခရတ္တိသည် ထိုအခါမှစ၍ ကွယ်လွန်သည်အထိ လူတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံဟု ဆိုအပ်သော ကံသုံးပါးအမူအရာတို့၏ အမှား အမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို လေ့လာ၍ လူ့လောက ငြိမ်းချမ်း ရေးလမ်း၊ လွတ်မြောက်ရေးလမ်းတို့ကို ပြခဲ့သည်ဟု ယူကြပါသည်။ ။
ဆော့ခရတ္တိလေ့လာပုံသည် ဤသို့ဖြစ်သည်။ ဆော့ခရတ္တိတွင် ကျောင်း ဟုသော်လည်းကောင်း၊ တက္ကသိုလ်ဟုသော်လည်းကောင်း ရှိသည်မဟုတ်ချေ။ သူလေ့လာရာအရပ်သည် လူစည်ကားရာဖြစ်သော ဈေးဖြစ်သည်။ ရုံးပြင်ကန္နား ဖြစ်သည်။ ပွဲတော်များ ဖြစ်သည်။ လူငယ်လူရွယ်တို့ ကျက်စားရာ အားကစားရုံ များ ဖြစ်သည်။ ထိုအရပ်များတွင် ဆော့ခရတ္တိသည် လူကြီး လူငယ် မရွေး၊ လူချမ်းသာ လူဆင်းရဲမရွေး ဆုံမိသောသူတို့နှင့် အခါအခွင့်သင့်တိုင်း ဆွေးနွေး ခြင်း၊ မေးမြန်းစိစစ်ခြင်းပြု၍ လေ့လာခြင်းဖြစ်သည်။ ဤနည်းဖြင့် ဆော့ခရတ္တိ သည် ပညာကို ရှာလည်းရှာ၍ ပေးလည်းပေးသည်ဟု ယူရာသည်။
ဆော့ခရတ္တိသည် အရုပ်ဆိုးသည်။ မျက်လုံး ပြူးကျယ်ကျယ် ဖြစ်သည်။ နှာခေါင်းတို၍ လန်နေသည်ဟု ဆိုသည်။ ပညာစကားဆွေးနွေးရာတွင် နှိမ့်ချ၍ ပြောတတ်သည်။ မသိကျိုးကျွန်ပြု၍ မေးတတ်သည်။ မဖောက်မပြန်သောတရား ကို ဆုပ်ကိုင်တတ်သည်။ ဂရိတို့အလေးပြုသော ဂုဏ်သိက္ခာတရားအပေါင်းတွင် ဝိဇ္ဇာ အသိတရားသည် ပဓာနဖြစ်၏ဟု ယုံကြည်သူဖြစ်သည်။ ဆော့ခရတ္တိသည် အစားကိုလည်းမမှု၊ အဝတ်ကိုလည်းမမှု၊ ရရာနှင့် ရောင့်ရဲတတ်သည်။ အပူ အချမ်း ခံနိုင်သည်။ ကာယဗလ ကောင်းသည်။ သူရသတ္တိနှင့် ပြည့်စုံသည်။ သူ့တာဝန်ကျလာ၍ သူပါဝင်တိုက်ခိုက်ခဲ့သော ပေါတိဒီစစ်ပွဲတွင် အသက်ဆံဖျား ထား၍ ရဲဘော်၏အသက်ကို ကယ်ခဲ့ဖူးသူ ဖြစ်သည်။ ဒီလီယမ်စစ်ပွဲတွင် စစ်ရှုံးသဖြင့် တစ်တပ်လုံးဆုတ်လာသော်လည်း သူတစ်ယောက်တည်း ဣနြေ မပျက်၊ ငှက်ကြီးဝံပိုကဲ့သို့ အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့သူဖြစ်သည်ဟု အဆိုရှိသည်။
ဆော့ခရတ္တိ၌ ထူးခြားသောအချက်နှစ်ချက်ရှိသည်ဟု ဆိုသည်။ တစ်ချက် မှာ ဆော့ခရတ္တိသည် တစ်ခါတစ်ရံ ယောဂီပုဂ္ဂိုလ်ကဲ့သို့ ပြုမူလေ့ရှိခြင်းဖြစ် သည်။ မြောက်ဘက်တစ်ခွင် သရေရှင်အရပ်၌ စစ်မှုထမ်းနေစဉ် ဆော့ခရတ္တိသည် ဆောင်းလအအေးဒဏ်ကို စိုးစဉ်းမျှမမှု။ လဟာပြင်၌ နှစ်ဆယ့်လေးနာရီကြာ အောင် မတ်တတ်ရပ်လျက် ပြဿနာတစ်ခုကို အာရုံပြုခဲ့ဖူးသည်ဟု အဆိုရှိသည်။ အခါတစ်ပါး၌ မိတ်ဆွေတစ်ဦး၏အိမ်သို့အလာ လမ်းတွင် တစ်စုံတစ်ခုကို အာရုံစိုက်ကာ အတန်ကြာမျှ မတ်တတ်ရပ်၍ နေခဲ့ဖူးသည်ဟုလည်း အဆိုရှိသည်။
 နောက်တစ်ချက်မှာ သူ့စိတ်ကို အသံတော်နတ်နိမိတ်က စောင့်ရှောက်လျက် ရှိသည်ဟု သူ့နှုတ်က ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။ သူပြုမည့်အမှုကိုသော် လည်းကောင်း၊ သူ့စိတ်အကြံကိုသော် လည်းကောင်း အသံတော်နိမိတ်က ကြိုက်လျှင် ခပ်မဆိတ်နေ၍ မကြိုက်လျှင် သူ့ကို တားဆီးတတ်ကြောင်း ပြောခဲ့ဖူးသည်ဟု အဆိုရှိသည်။ ပလေးတိုးသည် ထိုအချက်ကို ဖော်ပြခဲ့သည်။
ဂရိတရားခုံရုံးတွင် ဆော့ခရတ္တိအပေါ်၌ မဲဆန္ဒပေး၍ ချမှတ်ခဲ့သော သေဒဏ်သည် မတည်ငြိမ်သေးသောခေတ်တွင် အထင်လွဲအမြင်လွဲဖြစ်ကြ၍ ချမှတ်ခဲ့သော သေဒဏ်ဖြစ်သည်ဟု ယူဆကြသည်။
(ဆ) ပလေးတိုး (ဘီစီ ၄၂၇-၃၄၇) 
ပလေးတိုးသည် ဆော့ခရတ္တိကဲ့သို့ပင် အက်သင်းမြို့ ဇာတိ ဖြစ်သည်။ မင်းမျိုးမင်းနွယ် ဖြစ်သည်ဟု လည်းကောင်း၊ အဆွေအမျိုးတို့သည် မြေရှင် ပဒေသရာဇ်များ ဖြစ်သည်ဟု လည်းကောင်း၊ ပရီကလိမင်း လက်ထက်တွင် အမိအဖတို့သည် ထင်ရှားသူများ ဖြစ်သည်ဟုလည်းကောင်း ဆိုသည်။ ပလေးတိုး ငယ်စဉ်အခါကသော် ကဗျာ၌ ဝါသနာပါသည်။ ဆော့ခရတ္တိနှင့်တွေ့သည်မှ စ၍ ဆော့ခရတ္တိ၏ လူ့လောက ငြိမ်းချမ်းရေးလမ်း၊ လွတ်မြောက်ရေးလမ်း တို့ကိုလည်းကောင်း၊ ဆော့ခရတ္တိ၏ သိပ္ပံနည်းကျ မေးမြန်းစိစစ်နည်းကိုလည်း ကောင်း သဘောကျလက်ခံ၍ ဆော့ခရတ္တိကို ကြည်ညိုသူ ဖြစ်လာသည်။
ဆော့ခရတ္တိ၏ အသက်လေးဆယ်ကျော် အရွယ်တွင် ပလေးတိုးကို ဖွားမြင်သည်။ ဆော့ခရတ္တိ၏ အသက် ၇၀ အရွယ် အနိစ္စရောက်သောအခါ ပလေးတိုးသည် အသက်သုံးဆယ်နီးပါးအရွယ်သို့ ရောက်ပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် ပလေးတိုးသည် ဆော့ခရတ္တိ ပြောဟောသော စကားတို့ကို လည်းကောင်း၊ ပရောတောရ၊ ဂေါ့ဂျီယ၊ ပရောဒိက စသော ဆိုဖီဆရာကြီး၊ ဆရာငယ်များနှင့် ဆွေးနွေးမေးမြန်း စိစစ်သော စကားတို့ကိုလည်းကောင်း အနည်းဆုံး တစ်ဆယ့်ငါးနှစ်မျှ ကြားနာခဲ့ဖူးသူ ဖြစ်ခဲ့သည်။ ပဲလပါနိဆစစ် ခေတ်၌ ကြီးပြင်းလာခဲ့ရသည်။ ဒီမိုကရေစီဘက်တော်သားများနှင့် မြေရှင် ပဒေသရာဇ်တို့ အာဏာလုကြသည်ကို မြင်ခဲ့ရသည်။ နောက်ဆုံး ဘီစီ ၄၀၄ တွင် စပါတာ၏ အာဏာအောက်သို့ အက်သင်းရောက်ခဲ့ရသည်ကို မြင်ခဲ့ရ သည်။ ထို့နောက် အက်သင်းမြို့နိုင်ငံ၌ မင်းသုံးဆယ်အဖွဲ့ တက်လာသည်ကိုလည်း ကောင်း၊ များမကြာမီ မင်းသုံးဆယ်အဖွဲ့ ပျက်၍ ဒီမိုကရေစီ ပြန်တက်လာသည် ကိုလည်းကောင်း မြင်ခဲ့ရသည်။ မတည်မငြိမ် ကာလ၌ မြင်ရတတ်သော သစ္စာဖောက်ကြပုံ၊ ကုန်းချောကြပုံ၊ ထောင်လွှားကြပုံ၊ အထင်ကြီးကြပုံ၊  သာရာစီးပြုကျင့်ကြပုံ၊ ကာမဂုဏ်အာရုံနောက်သို့လိုက်ကြပုံ၊ မဆင်ခြင်ကြပုံ၊ ယုံလွယ်ကြပုံတို့ကို ဆော့ခရတ္တိကဲ့သို့ပင် မြင်ခဲ့ရသည်။ ထို့နောက် ဆော့ခရတ္တိ ကို ရုံးတင်၍ သေဒဏ်ပေးလိုက်သည်ကို မြင်ခဲ့ရသည်။ ဤသို့ဖြင့် ပလေးတိုး သည် ဆော့ခရတ္တိ၏ ပညာကိုလည်း အတော်အတန်ရလိုက်၍ အတွေ့အကြုံ လည်း အတန်အသင့် စုံခဲ့သည်ဟု ဆိုနိုင်သည်။ ။
ဆော့ခရတ္တိ မသေထိုက်ဘဲ သေလိုက်ရသည်ဟူသော အသိသည် ပလေးတိုး၏ဘဝတွင် ပလေးတိုးကို ဒဿနိကစာရေးဆရာအဖြစ်သို့ ဦးလှည့်ပေး လိုက်သော မှတ်တိုင်ဖြစ်သည်ဟု ယူဆနိုင်သည်။ ဆော့ခရတ္တိ၏ ကိစ္စပြီးသည့် နောက် ပလေးတိုးသည် အက်သင်းမြို့၌ မနေတော့ချေ။ တစ်ဆယ့်နှစ်နှစ်ကာလ ပတ်လုံး အီဂျစ်နိုင်ငံ၌လည်းကောင်း၊ အီတလီတောင်ပိုင်း၌လည်းကောင်း ခရီး လှည့်လည်၍ နေထိုင်သည်။ ထိုကာလအတွင်းတွင် ချေပချက်ကထာ၊ ခရီတော် ကထာ၊ ခါမိဒိကထာ၊ လက်ခံကထာ၊ လိုင်စီကထာတို့ကို ပလေးတိုးရေးသည် ဟု ဆိုသည်။ ထိုကထာတို့၏သဘောကိုထောက်လျှင် ပလေးတိုးသည် အက်သင်း မြို့နိုင်ငံသားတို့၌ အကျင့်စရိုက် ပျက်ပြားခဲ့ကြသည်ကို သဘောပေါက်လာ၍ ဆော့ခရတ္တိ၏ လမ်းမှန်လမ်းကောင်းကိုပြရန် ဆုံးဖြတ်ခဲ့ပုံရသည်ဟု ယူဆနိုင် သည်။ တစ်နည်းဆိုရလျှင် ပလေးတိုးသည် အက်သင်းမြို့နိုင်ငံ၏ စာရိတ္တဘဝကို ပြန်လည်ထူထောင်ပေးရန် ဆုံးဖြတ်ခဲ့ပုံရသည်ဟု ဆိုနိုင်သည်။ ။
ထို့ကြောင့် အသက်လေးဆယ်အရွယ်တွင် ပလေးတိုးသည် အက်သင်းမြို့ သို့ ပြန်လာသောအခါ နိုင်ငံရေးသို့မဝင်၊ အကယ်ဒမီခေါ် တက္ကသိုလ်ကို အက်သင်း၌ တည်ထောင်သည်။ ထိုအကယ်ဒမီတက္ကသိုလ်သည် ဥရောပတွင် ပထမဦးဆုံးတက္ကသိုလ် ဖြစ်သည်ဟု ဆိုသည်။ ထိုတက္ကသိုလ်၌ ပလေးတိုးသည် ပညာလိုလားသူတို့အား ဆော့ခရတ္တိ၏ တရားတို့ကိုလည်းကောင်း၊ ဆော့ခရတ္တိ၏ သိပ္ပံနည်းကျ မေးမြန်းစိစစ်နည်းကိုလည်းကောင်း ဝိတ္ထာရပြု၍ ပြောဟောခြင်း၊ ဆွေးနွေးခြင်းပြုခဲ့သည်မှာ သူ့အသက်ရှစ်ဆယ်အရွယ်၌ သူ ကွယ်လွန်အနိစ္စရောက် သည်အထိ ဖြစ်သည်။ ကထာစာတမ်းများကို ရေးသားသည်ဟုလည်း ဆိုသည်။ 
ပလေးတိုး၏ စကားပြေရေးဟန် 
ပလေးတိုးရေးသော ကထာစာတမ်း အပုဒ်ပေါင်း ၃၀ နီးပါးခန့်ရှိသည် ဟု ဆိုသည်။ ရေးပုံရေးဟန်သည် ဤသို့ဖြစ်သည်။ အကြောင်းအရာသည် လူ့လောက အကျင့်စရိုက်တို့၏ အမှားအမှန်၊ အကောင်းအဆိုးဆိုင်ရာ လူမှုရေး ဒဿနိကအကြောင်းအရာ ဖြစ်သော်လည်း အများစုဖြစ်သော ကထာများတွင် တစ်ခန်းရပ်ပြဇာတ်ရေးသကဲ့သို့ ရေးခဲ့သည်။ ထိုစာတမ်းများတွင် စကားဝိုင်း၌  ဆော့ခရတ္တိကို ခေါင်းဆောင်ထား၍ အချီအချ အပြန်အလှန် ပြောဟောကြဟန် ရေးသည်။ ဆော့ခရတ္တိ အသက်ထင်ရှားရှိစဉ်က ဝိုင်းဖွဲ့ ပြောဟောကြသော စကားဝိုင်းသဘောဖြစ်မည်ဟု ယူဆရာသည်။ အချီအချပြောကြပုံသည် သာမန် မဟုတ်၊ ဆိုလိုရင်းသို့ရောက်အောင် ကထာစာတမ်းတစ်ပုဒ်လုံးကို အိုင်ကျင်း ဖွဲ့၍ စီစဉ်လေ့ရှိသည်ကို တွေ့နိုင်သည်။ ဝိုင်းဝင်ပုဂ္ဂိုလ်တို့၏ လူ့သဘာဝ ထင်ရှားလာအောင် ရေးတတ်သည်ကို တွေ့နိုင်သည်။ အယူအဆအမျိုးမျိုး အားပြိုင်နေပုံ ထင်ရှားလာအောင် ရေးတတ်သည်ကို တွေ့နိုင်သည်။ ဟာသနှော၍ ရေးတတ်သည်ကို တွေ့နိုင်သည်။ စကားဝိုင်းတွင် တရားသေကောက်ချက်ချ၍ ပြထားခြင်း မရှိသော်လည်း အဆိုအချေတို့၏ သဘောသွားကို ထောက်ခြင်း အားဖြင့် ဆော့ခရတ္တိ၏ အာဘော်ဘက်သို့ ယိမ်းနေသော ကောက်ချက်ကို မှန်းဆနိုင်ကြအောင် ရေးတတ်သည်ကို တွေ့နိုင်သည်။ ပလေးတိုး၏ရေးဟန်နှင့် စပ်လျဉ်း၍ အင်္ဂလိပ်စာဆို ရဲလေးက ဆိုခဲ့သည်မှာ “
ပလေးတိုး၏ အနှစ်သာရ သည် ကဗျာသဘောဖြစ်သည်။ သူ၏စိတ်မျက်စိ၌ မြင်သမျှ ပဋိရူပကတို့သည် တိကျမှန်ကန်၍ ခန့်ညားသောသဘောရှိသည်။ သူ၏စိတ်နား၌ ကြားသမျှတို့သည် ပီသ၍ သာယာသောသဘောရှိသည်”ဟု ဆိုခဲ့သည်။
✥﹤--- www.ebooks4mm.org ---﹥✥

၁။ ဆော့ခရတ္တိ၏ ဝါသနာ 
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်များသည် ပလေးတိုး၏ ဖီဒရ (Phaedrus) ကထာမှ ကောက်နုတ်သော စာပိုဒ်များ ဖြစ်သည်။ ဖီဒရကထာဟု အမည် ပေးသည်မှာ ဆော့ခရတ္တိ၏မိတ်ဆွေ ဖီဒရကိုအကြောင်းပြု၍ရေးခဲ့သော ကြောင့်ဖြစ်သည်။ ဖီဒရတို့ခေတ်သည် အက်သင်းမြို့၌သင်ကြားနေကြသော ပညာအပေါင်းတွင် စကားပြောပညာ(ဝါ) ၀စနာလင်္ကာရပညာ အလွန် တာ စားသောခေတ်ဖြစ်သည်။ ပွဲကျအောင်၊ တစ်ဆိတ်ကိုတစ်အိတ် ဖြစ်အောင်၊ မဟုတ်သည်ကို အဟုတ်ဟုထင်လာကြအောင် ယုတ္တိမျိုးစုံ၊ အလင်္ကာ အဆင် တန်ဆာမျိုးစုံတို့ဖြင့် ပါးပါးနပ်နပ် ဆန်းဆန်းကြယ်ကြယ် ပြောတတ် လျှင် အမှုကိစ္စအောင်တတ်သောကြောင့်ဖြစ်သည်။ ဆော့ခရတ္တိသည် ထို ပညာမျိုးကို မကြိုက်သူဖြစ်သည်။ ဖီဒရသည် ၀စနာလင်္ကာရပညာကိုအလွန် အထင်ကြီးသူဖြစ်၍ ဝါစနာလင်္ကာ စာရေးဆရာတစ်ဦးဖြစ်သော လိဆိအဲ့ (Lysias) ကို အလွန်ကြည်ညိုသူ ဖြစ်သည်။ အက်သင်းမြို့သို့ လိဆိုအဲ့ ရောက်လာသောအခါ လိဆိအဲ့တည်းခိုရာအိမ်သို့သွား၍ လိဆီအိုးနှင့်ပြောဆို ဆွေးနွေးသည်။ ထို့နောက် အပြန်လမ်းတွင် ဆော့ခရတ္တိနှင့်တွေ့၍ ဆော့ ခရတ္တိ၏ မေတ္တာရပ်ခံချက်အရ ဝါစနာလင်္ကာစာရေးဆရာ လိဆိနဲ ကြံကြံ ဖန်ဖန် ရေးထားသော ၀စနာလင်္ကာရစာတမ်း အဆန်းအသစ် ဝမ်းတစ် တစ်ပုဒ်အကြောင်းကို ဂုဏ်တင်၍ ဆော့ခရတ္တိအားပြောပြသည်။ ထိုမှစ၍ ဆော့ခရတ္တိနှင့်ဖီဒရတို့သည် ထိုစာတမ်းကိုအခြေခံလျက် ဆွေးနွေးကြသည်။
အောက်ပါစာပိုဒ်များသည် ဆွေးနွေးခန်းသို့မရောက်ခင်ပြောဆိုကြ သော ပလ္လင်ခံစကားမျှသာ ဖြစ်သည်။ သို့ရာတွင် ထို ပလ္လင်ခံစကား၌ ဆော့ခရတ္တိ၏ဝါသနာကိုတွေ့နိုင်သည်။ ထို့ပြင် ပလေးတိုး၏ အက်သင်း မြို့ဝန်းကျင် မြိုင်ဘွဲ့ကိုလည်း တွေ့နိုင်သည်။ ဝါစနာလင်္ကာဆရာ အကြောင်းကို ပလေးတိုးက ဟာသနှော၍ သရော်တော်တော် ရေးထား လည်ကိုလည်း တွေ့နိုင်သည်။
စာပိုဒ် (က) 
ဆော့ခရတ္တိ။ ။အချင်း အဆွေကောင်း ဖီဒရ၊ အသင်သည် အဘယ် အရပ်မှ လာ၍ အဘယ်အရပ်သို့ သွားမည်ပြုပါသနည်း။ ။
ဖီဒရ။ ။ဆော့ခရတ္တိ၊ ဆိဖလ၏သား လိဆိအဲ့ထံမှလာပါသည်။ ယခု မြို့ပြင်တောစခန်းသို့ လမ်းလျှောက်ထွက်မည် ကြံစည်ပါသည်၊ ကျွန်ုပ်သည် လိဆိအုံ၏ အိမ်ခန်း၌ တစ်မနက်လုံးထိုင်ခဲ့သည်။ အကုမိနကို အသင်လည်း သိသည်၊ သူလည်း ကျွန်ုပ်နှင့်အတူရှိသည်၊ ကျောင်းသင်ခန်းထဲမှာ အောင်းနေရ သည်ထက် လဟာပြင်သို့ထွက်၍ လမ်းလျှောက်ရသည်က ပိုကောင်းသည်။ လန်းလန်းဆန်းဆန်းရှိသည်ဟု သူက ပြောလိုက်သည်။
ဆော့။ ။ဟုတ်လှပါပေသည်၊ လိဆိအဲသည် အက်သင်းမြို့တွင် ယခု ရောက်နေသည်ပေါ့။
ဖီ။ ။ရောက်နေပါသည်။ မော်ရိခ၏အိမ်၌ အက်ပိခရတ္တိနှင့်အတူ တည်းခိုနေပါသည်။ မော်ရိခ၏အိမ်ကို အသင်သိပါသလော၊ နတ်မင်းကြီးဇု၏ နတ်ကွန်းအနီးကအိမ် ဖြစ်သည်။
ဘု။ ။ဖီဒရ၊ လိဆိအဲ့သည် အသင့်အား အဘယ်စကားကို ပြော ဟောလိုက်ပါသနည်း၊ အသင် သဘောကျပါ၏လော၊ အကြောင်းတစ်ခုခုကို လိဆိနဲ ပြောဟောလိမ့်မည်ဟု ကျွန်ုပ် ထင်သည်။ ။
ဖီ၊ ။ပြောပါသည်၊ ကျွန်ုပ် လမ်းလျှောက်ရာသို့သာ အသင် လိုက်နိုင်လျှင် အသင် ကြားရပါလိမ့်မည်။ ။
ဘု။ ။ဖီဒရ၊ အသင်တို့ပြောဟောကြသောစကားကို ကျွန်ုပ်ကြားချင် လှပါသည်၊ တရားနာရသောအလုပ်သည် “အလုပ်တကာတို့ထက် မြတ်သော အလုပ်”ဖြစ်၏ဟု စာဆို ပင်ဒါက ဆိုခဲ့သည် မဟုတ်ပါလော။
စာပိုဒ် (ခ) 
ဖီ။ လမ်းလျှောက်ကြရအောင်။
ဆော့။ ။အသင်ကလည်း ပြောပြမည် မဟုတ်ပါလော။
ဖီ။ ။ဆော့ခရတ္တိ၊ ကျွန်ုပ် ပြောပြရမည့် အကြောင်းသည် အသင် ပြောဟောဖူးသော အကြောင်းမျိုးပင် ဖြစ်သည်၊ မေတ္တာ၏ သဘော အကြောင်း ဖြစ်သည်၊ အရပ်ကြိုက် ပေါ်ပင်အကြောင်းဖြစ်သည်။ ယခုတလောတွင် လိဆီကဲ့ သည် မေတ္တာရှိသူမဟုတ်သောသူက မေတ္တာစကားဖြင့် ပိုးလားပန်းလားလုပ်လာ သဖြင့် မတွေးတတ် မကြံတတ် အကျပ်ကြုံနေရသော လုလင်ပျိုလူချောလူလှ တစ်ယောက်အကြောင်းကို စာတမ်းတစ်ပုဒ်ဖြစ်အောင်ရေးသည်။ ထိုစာတမ်း၏ လိုရင်းအချက်သည် မေတ္တာရှိသူကို လက်ခံရခြင်းထက် မေတ္တာရှိသူမဟုတ် သောသူကို လက်ခံရသည်က သာ၍ကောင်းသည်ဟူသော အချက် ဖြစ်သည်။ ထိုအချက်ကို ပရိသတ်အတွက် နှစ်သက်လက်ခံစရာဖြစ်လာအောင် အာဝဇ္ဇန်း ခပ်ဝေဝေ လက်တန်းဉာဏ် ခပ်ပွေပွေဖြင့် လိထိအဲ့က တင်ပြထားသည်။
ဆော့။ ။ရွေ့၊ လိဆိုအဲ့သည် ချီးကျူးစရာပါပေ၊ ထိုသို့သာ တင်ပြ တတ်သည်ဖြစ်လျှင် ကျွန်ုပ်သည် ဝါစနာလင်္ကာ စာရေးဆရာ လိဆိအဲ့အား သူကြွယ်ထက် သူဆင်းရဲအကြောင်းကို အသားပိုပေး၍ ရေးစေချင်သေးသည်။ ပျိုမျစ်သူထက် ဇရာအိုအကြောင်းကို အသားပိုပေး၍ ရေးစေချင်သေးသည်။ ထိုသို့သာရေးမည်ဆိုလျှင် ကျွန်ုပ်၏ဘဝအကြောင်းလည်း ပါလာနိုင်၍ လူများစု ၏ ဘဝအကြောင်းလည်း ပါလာနိုင်မည် ဖြစ်သည်။ လူဆင်းရဲလူမွဲအကြောင်း၊ ဇရာအိုအကြောင်း အကောင်းရေးသော စာတမ်းမျိုးသည် အသစ်အဆန်း စိတ်ချမ်းမြေ့စရာ ဖြစ်မည်။ လူခပ်သိမ်းကို အကျိုးပြုသည်လည်း မည်ပေလိမ့် မည်။ ကောင်းပါပြီ။ လိဆီအိုးတင်ပြသည်ဆိုသော အချက်ကို ကျွန်ုပ်နာချင်လှ ပါပြီ။ အချင်း ဖီဒရ၊ သူ့စာကိုသာ နာရသည်ဖြစ်လျှင် အသင်နှင့်အတူ ငါးမိုင် လောက်ဝေးသော မီဂရမြို့အထိ ခြေကျင်လျှောက်ရစေကာမူ ကျွန်ုပ်လိုက်မည်။ မီဂရမြို့မှာမနားဘဲ ချက်ချင်းပင် ခြေကျင်ပြန်လာစေကာမူ ကျွန်ုပ်လိုက်မည်။
ဖီ။ ။လူကောင်း ဆော့ခရတ္တိ၊ အသင် ပသို့ဆိုလိုက်သနည်း။ လိဆိအဲ့သည် ဤခေတ်ထဲတွင် အတုမရှိသော ဝါစနာလင်္ကာ စာရေးဆရာ ဖြစ်သည်။ ထိုစာတမ်းကို သီကုံးဖွဲ့နွဲ့ရာတွင် ကြာမြင့်စွာအချိန်ယူ၍ သဒ္ဒါ လင်္ကာရ စကားတန်ဆာအမျိုးမျိုး၊ အတ္ထာလင်္ကာရ အနက်တန်ဆာအမျိုးမျိုး ဆင်လျက် သီကုံးဖွဲ့နွဲ့ထားခြင်း ဖြစ်သည်။ အကျွန်ုပ်မှာမူကား အကျက်အမှတ်နှင့် Q. နေသော လူသာမန်မျှသာဖြစ်ရာ ထိုမျှလောက် ဂုဏ်ထူးဝိသေသနှင့်ပြည့်စု  သော စာတမ်းပါ စကားအညွန့်အဖူး ကွန့်မြူးထားသည်တို့ကို အကျွန်ုပ်သည် အဘယ်မှာလျှင် အကုန်အစင် ပြန်ပြောနိုင်ပါအံ့နည်း။ ။
ဆော့။ ။အချင်းဖီဒရ၊ ကျွန်ုပ်သိပါပြီ။ ကျွန်ုပ်အကြောင်းကို ကျွန်ုပ် သိသလောက် အသင့်အကြောင်းကိုလည်း ကျွန်ုပ်သိသည် ထင်သည်။ ကျွန်ုပ် တွေးကြည့်လျှင် မှန်တတ်သည်။ ဧကန္တ ဖီဒရဆိုသူအား လိဆိအဲ့က ထိုစာတမ်း ကို တစ်ကြိမ်မက နှစ်ကြိမ်မက အကြိမ်ကြိမ်ဖတ်ပြပြီးလေပြီ။ ဖီဒရက ကြား ပါရစေဦးဟု ထပ်ကာထပ်ကာတောင်းပန်သဖြင့် လိဆိအဲ့သည် ဖီဒရ၏ အလို ကို ဖြည့်ခဲ့ပြီးလေပြီ။ သို့ပါသော်လည်း ဖီဒရခမျာမှာ ကြိုက်လွန်လွန်း၍ အားမရနိုင်ဖြစ်ခဲ့ရာ နောက်ဆုံးတွင် ဖီဒရသည် စာခွေကိုတောင်းယူ၍ သဘောရှိ ဖတ်ခဲ့ပြီးလေပြီ။ ထို့ကြောင့် သူ့ခမျာ တစ်မနက်လုံး ထိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ခါးညောင်းလာသဖြင့် လမ်းလျှောက်ရန် သူ ထွက်လာသည်။ ထို စာတမ်းသည် အဆမတန်ရှည်လွန်းသည် မဟုတ်လျှင် စာတစ်ပုဒ်လုံး အစအဆုံး အာဂုံဆောင်နိုင်သည်အထိ ကျက်ရင်း လမ်းလျှောက်ရန် မြို့ပြင်သို့ သူ ထွက် လာခြင်း ဖြစ်သည်။ မြို့ပြင်သို့ ရောက်သောအခါ သူကဲ့သို့ပင် အလွန်စာနာချင် သောသူတစ်ဦးကို သူတွေ့၍ သူ ဝမ်းသာအားရဖြစ်သည်။ “စာရူး ရူးဖော်ရူးဖက် တစ်ဦးကို ငါတွေ့ပြီ”ဟု သူ့မှာ အကြံဖြစ်လာသည်။ ထိုအခါ ဖီဒရသည် သူနှင့်အတူ လမ်းလျှောက်ရန် ထိုသူကို ခေါ်ပါလေတော့သည်။ သို့ရာတွင် ထိုစာရူးက စာတမ်းပါအချက်တို့ကို ပြောပြပါဟု တောင်းပန်သောအခါ ဖီဒရ သည် ဈေးကိုင်ချင်သလိုလို ပြုလာ၍ ဟန်တစ်လုံး ပန်တစ်လုံး ထုတ်ကာ “အဘယ်မှာ ပြောနိုင်အံ့နည်း”ဟု ဆိုလိုက်သည်။ သို့ပါသော်လည်း ထိုစာရူးသည် ဖီဒရ၏ စကားကို လက်မခံ။ ယခုချက်ချင်းသော်လည်းကောင်း၊ မကြာခင် သော်လည်းကောင်း ဖီဒရကို အနိုင်ကျင့်၍ အပြောခိုင်းတော့မည် ဖြစ်သည်။ ထို့ကြောင့် အချင်း အဆွေကောင်း ဖီဒရ၊ အသင်သည် ထိုစာရူးအား အနိုင် ကျင့်ခွင့် ပေးသည်ဖြစ်စေ၊ မပေးဘဲနေသည်ဖြစ်စေ သူ မကြာခင် အနိုင်ကျင့်၍ အပြောခိုင်းတော့မည့်အမှုကို ယခုချက်ချင်းပင် သူ့အား ပြုခွင့်ပေးလိုက်ပါတော့ ဟု ကျွန်ုပ်က ဆိုချင်ပါသည် ဟူလို။ ။
ဖီ။ ။သြ၊ ထိုမျှလောက်ပေလော။ ကောင်းပါပြီ။ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ကျွန်ုပ် အားထုတ်၍ ပြောပြပါတော့မည်။
ဆော့။ ။ရွေ့၊ အသင်၏စကားသည် ရဲရဲတောက်စကားပါပေ။
ဖီ။ သို့ရာတွင် ဆော့ခရတ္တိ။ ကျွန်ုပ်ကို ယုံပါဘိ။ ကျွန်ုပ်သည် တိစာတမ်းကို အာဂုံဆောင်နိုင်အောင် အလွတ်ကျက်ခဲ့ခြင်း မရှိပါ။ အလွတ် ချက်သည်မှာ အမှန်ပါ။ ထို့ကြောင့် အလွတ်မရပါ။ သို့ပါသော်လည်း  လိဆိနဲဆိုသမျှ၏ လိုရင်းသဘောကိုကား ကျွန်ုပ်သိပါသည်။ မေတ္တာရှိသူနှင့် မေတ္တာရှိသူ မဟုတ်သောသူတို့ မတူကြပုံ အချက်အလက် အကျဉ်းချုပ်ကို ကျွန်ုပ် ပြောပြပါမည်။ အစကစ၍ ပြောပါမည်။
စာပိုဒ် (ဂ) 
ဆော့။ ကောင်းလေစွ။ အသင်သည် ချစ်စရာကောင်းသူပေ။ သို့ရာတွင် နေပါဦး ဖီဒရ။ အသင်၏ ကိုယ်ရုံအတွင်းက လက်ဝဲလက်မှာ ဆုပ်ကိုင်ထားသော အရာသည် အဘယ်အရာပေနည်း။ ကျွန်ုပ်အား ရှေးဦးစွာ ပြပါဦး။ ထိုအရာသည် လိဆိအဲ့ရေးသော ၀စနာလင်္ကာရစာတမ်းခွေ ဖြစ်မည် ထင်သည်။ ထိုစာခွေသာ အသင့်မှာပါလာသည်ဖြစ်လျှင် အကျက်အမှတ်နှင့် ဝေးနေသော အသင်သည် ကျွန်ုပ်အား အာဂုံဆောင်၍ ပြန်ပြောဖို့ မလိုတော့ပါ။ အာဂုံဆောင်၍ ပြန်ပြောပါဟု ကျွန်ုပ်က နားပူနားဆာပြုနေဦးမည်ဟုလည်း မယူဆစေလိုပါ။ ကျွန်ုပ်သည် အသင့်အပေါ်တွင် ထိုမျှမေတ္တာထားပါသည်။ ။
ဖီ၊ အသင့်မေတ္တာသည် ကြီးမားလှပါပေ့။ မေတ္တာရှင်ကြီး ပီသ ပါပေ။ ထိုသို့ဆိုလျှင် ကျွန်ုပ်၏ အာဂုံအာဂမဉာဏ်ကို ထုတ်ပြခွင့်မရှိဟု ဆိုရ တော့မည်ပေါ့။ ကောင်းလှပါပြီ၊ စာခွေကို ကျွန်ုပ်၏ကိုယ်ရုံမှထုတ်၍ ဖတ်ပြရမည် ဖြစ်လျှင် မည်သည့်နေရာမှာ ဖတ်ပြရမည်နည်း။ နေရာရှာပါဘိ။
ဆော့။ ။ဤလမ်းမျိုးကိုစွန့်၍ အိလိဆချောင်းဘက်သို့ သွားမည်။ ချောင်းကမ်းပါး၌ ဆိတ်ငြိမ်ရာအရပ်ကို ရှာမည်။
ဖီ။ ။သင့်ပါသည်။ ကျွန်ုပ်မှာလည်း ဖိနပ်မပါပါ။ အသင်ကလည်း မည်သည့်အခါမျှ ဖိနပ်စီးသူမဟုတ်သဖြင့် အိလိဆချောင်းရိုးအတိုင်းလျှောက်၍ ရေကြည်ရေအေးမှာ ခြေတို့ကို အေးစေရလျှင် မည်မျှကောင်းမည်နည်း။ ထိုသို့ ဆိုလျှင် နွေခေါင်ခေါင်ပင် ဖြစ်လင့်ကစား၊ နေမွန်းတည့်ချိန်ပင် ဖြစ်လင့်ကစား မလောင်မပူ အေးအေးလူလူ ဖြစ်နိုင်သည်။ ။
ဆော့။ ။သဘောကျပါသည်။ အသင့်နောက်တော်ပါးက တစ်ဖဝါး မကွာ ကျွန်ုပ်က လိုက်ခဲ့ပါမည်။ အသင်ထိုင်ရာမှာ ကျွန်ုပ် ထိုင်ပါမည်။
ဖီ။ ။ဆော့ခရတ္တိ၊ ဟိုခပ်လှမ်းလှမ်းက လက်ဝါးပင်မြင့်မြင့်ကြီး ကို အသင် မြင်ပါ၏လော။
ဆော့။ ။မြင်ပါသည်။
ဖီ။ ။ထိုလက်ဝါးပင်အောက်၌'အရိပ်ကောင်းသည်။ လေညင်းရွှင် လလ်။ မြက်ခင်းရှိသည်။ မြက်ခင်းပေါ်၌ အသင် ထိုင်လိုက ထိုင်နိုင်သည်။ လျောင်းလိုက လျောင်းနိုင်သည်။
 ဆော့။ ။ကောင်းပါသည်။ လိုက်ပါမည်။
ဖီ။ ။ဆော့ခရတ္တိ၊ ခဏဆိုင်းပါဦး။ ယခု ကျွန်ုပ်တို့ ရပ်နေသော နေရာသည် ထိုနေရာများ ဖြစ်နေမည်လော။ အာရိသိယ လှပျိုဖြူကို တေ့ရိအဲ့ လေပွေနတ်သားက အလိဆချောင်းကမ်းပါးမှ ပွေ့ချီခိုးယူသွားရာနေရာများ ဖြစ်နေမည်လော။ ကျွန်ုပ် သိချင်လှပါဘိတော့သည်။
ဆော့။ ။အရပ်ထဲ၌ ထိုသို့ပင် ပြောတတ်ကြပါသည်။ ထိုသို့ပင် စကားစဉ်ရှိနေသည်။
ဖီ၊ ။ဤနေရာပင် ဖြစ်စရာရှိသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ ဤချောင်းငယ်သည် ကြည်လင်နေသောကြောင့်ဖြစ်သည်။ နေရောင် ဟပ်သဖြင့် တလျှပ်လျှပ် တပြောင်ပြောင် အရောင်တောက်နေသောကြောင့် ဖြစ်သည်။ ထိုစဉ်အခါကသော် လှပျိုဖြူ၊ အဖော်တစ်သင်းကလည်း ဤနေရာ အနီးအပါး၌ ကစားပျော်ရွှင်၍ နေကြပေလိမ့်မည်။
ဆော့။ ။အချင်း ဖီဒရ၊ စိတ်ကူးယဉ်လှချေ၏တကား။ ဤနေရာ မဟုတ်သည်မှာ သေချာပါသည်။ ချောင်းငယ်၏အောက်ဘက် နှစ်ဖာလုံလောက် မှာ ကျန်ခဲ့ပါပြီ။ အာတီမိနတ်ကွန်းဆီသို့ ကျွန်ုပ်တို့ ဖြတ်ကူးခဲ့သော နေရာမှာ ဖြစ်သည်။ ထိုနေရာနားမှာ တေ့ရိအဲ့ လေပွေနတ်သားကို ပူဇော်ရာဖြစ်သော ယဇ် ပလ္လင်ငယ် အရှိသားပင်။ ။
၆။ ။ဖြစ်မှဖြစ်ရပလေ။ ကျွန်ုပ် သတိမထားမိခဲ့၍ နာလှသည်။ သို့ရာ တွင် ဆော့ခရတ္တိ၊ ထိုစကားစဉ်ကို အသင်ယုံပါ၏လော။ ပြောစမ်းပါဘိ။
ဘူး ။ဖီဒရ၊ ဉာဏ်ရှိသူမှန်လျှင် တကယ်ယုံမည်မထင်ပါ။ ကျွန်ုပ် တကယ်မယုံဟု ကျွန်ုပ်ကဆိုလျှင် ကျွန်ုပ်၏စကားသည် အထူးအဆန်း မဟုတ် နိုင်ပါ။ ထိုစကားစဉ်ကို အကြောင်းရှာ၍ အဖြေပေးလိုလျှင်ကား ပေးနိုင်ပါသည်။ ဉာဏ သမ္ပယုတ္တ ဖြေရှင်းချက်မျိုးပေါ့။ အာရိသိယလှပျိုဖြူသည် သူ့ချစ်သူ ဖာမတ်စိယနှင့်အတူ ကစားပျော်ရွှင်၍နေစဉ် ရုတ်တရက် လေပွေကျလာ၍ ထိုလေပွေက အာရိသိယကို သိမ်းကျုံးတိုက်ခိုက်သွားသည်။ ထို့နောက် အနီးရှိ ကျောက်ဆောင်မှာ ဝင်ဆောင့်မိ၍ အာရိသိယ သေရသည်။ ထိုအသေဆိုးကြောင့် ရိအဲ့ လေပွေနတ်သားက အာရိသိယကို ပွေ့ချီခိုးယူသွားသည်ဟု စကားစဉ် ဖြစ်လာပုံရပါသည်။ ထို့ပြင် မူကွဲရှိပါသေးသည်။ မူကွဲအရသော် အာရိသိယကို ဗောရိ ခိုးယူသည်မှာ ဤနေရာမဟုတ်။ အရိယာပဂအရပ်မှ ဖြစ်သည်ဟု .အဆိုရှိသည်။ အချင်း ဖီဒရ၊ သဘာဝ ယထာဘူတတို့ကို ပုံဆောင်၍ပြောတတ်  ကြသော ပုံဆောင်ရူပက စကားတို့သည် အလွန်နားထောင်၍ ကောင်းပါ၏။ သို့ရာတွင် ထိုစကားတို့ကို အကြောင်းရှာ၍ အဖြေထုတ်ရသည့် အလုပ်သည် အားကျစရာမဟုတ်ပါ။ ကြံစည်တွေးတောခြင်းကို ပြုရသဖြင့် အချိန်ကုန် လူပန်း စိတ်ပန်း ဖြစ်ရသည်။ ထိုအလုပ်မျိုးကို တစ်ခါလောက်လုပ်မိလျှင် မီးခိုးမဆုံး မိုးမဆုံး ဖြစ်လာတတ်သည်။ လူတစ်ပိုင်းမြင်းတစ်ပိုင်း သတ္တဝါ ဆိုသည်က မည်သည်ကို ဆိုလိုသည်။ ခြင်္သေ့ခေါင်းနှင့်၊ ဆိတ်ကိုယ်နှင့်၊ နဂါးအမြီးနှင့် သတ္တဝါဆိုသည်က မည်သည်ကို ဆိုလိုသည် စသည်ဖြင့် အဖြေ ထုတ်နေရလျှင် အဖြေထုတ်စရာတို့သည် အသင်္ချေအနန္တ။ အဖြေတစ်ခုထုတ်၍ မပြီးသေးခင် မြွေခေါင်း လည်ဆံမွေးတဖားဖားနှင့် ဂေါ်ဂွန်အကောင်ကြီး ဝင် လာလိမ့်ဦးမည်။ စိတ်ကူးယဉ်သလောက် လျှောက်၍ဖန်တီးထားကြသော ထိတ်စရာ၊ လန့်စရာ၊ အံ့စရာ၊ ဩစရာ နိမိတ်မရှိ နမာမရှိ အကောင်ကြီးများက လည်း အငြိမ်နေကြမည် မဟုတ်။ မြင်းပျံဆိုသည့် အကောင်များကလည်း အငြိမ်နေကြမည် မဟုတ်။ သူ့ထက်ငါသာ တိုးဝှေ့ဝင်လာကြလိမ့်ဦးမည်။ အို ဆုံးတော့မည် မဟုတ်ပါ။ တစ်ဖန် ထိုအကောင်တို့ကို မယုံချင်သလိုလိုဖြစ် လာ၍ ထိုအကောင်တို့ကို တစ်ကောင်ပြီးတစ်ကောင် အသင့် ယုတ္တိနှင့် ညှိနေ ရပြန်လျှင်လည်း အချိန်ကုန်လှသည်။ တောရောက်တောင်ရောက် တောက်တီး တောက်တဲ့ပညာမျိုးသာ ဖြစ်သည်။ စင်စစ်မှာ ထိုပညာမျိုးအတွက် ကျွန်ုပ်မှာ အချိန်ပို အချိန်အား မရှိပါ။ မရှိသည့်အကြောင်းမှာ ဒယ်လဖီနတ်ကွန်းက ကမ္ပည်းစာကြောင့် ဖြစ်သည်။ နတ်ကွန်း၌ “အသင့်ကိုယ်ကို အသင်သိလော့'ဟု အတ္တဒန္တ စာတန်းထိုးထားသဖြင့် ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်ကိုကျွန်ုပ်သိအောင် အားထုတ်ရဦးမည်။ ကြံကြံဖန်ဖန် တောင်စဉ်ရေမရ တွေးတောကြံဆ၍ ဖြေလားရှင်းလားလုပ်နေရသော အလုပ်သည် ကျွန်ုပ်အလုပ် မဟုတ်၊ မိမိကိုယ်ကိုမျှ မိမိ မသိသေးသောအခါ၌ အလုပ်မဟုတ်သော အလုပ်နောက်သို့ လိုက်နေသည် ဖြစ်လျှင် ရယ်စရာကြီးဖြစ်လိမ့်မည်။ ဖီဒရ၊ ထိုအလုပ်မျိုးကို ကျွန်ုပ် စွန့်လိုက်ပါပြီ။ အရပ်ထဲ၌ စကားစဉ် ပြောဆိုနေကြသလောက်နှင့်ပင် ကျွန်ုပ် နေလိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သိချင်သည်မှာ မိမိကိုယ် အကြောင်းသာ ဖြစ်သောကြောင့်ပင်။ တိုင်ဖို နဂါးကြီးထက် ပို၍ အသည်းထိတ်စရာ ကောင်း လှ၏ဟု ဆိုရလောက်အောင် ငါသည် တဏှာ လောဘ လှိုင်းတံပိုးထနေသော၊ ကြမ်းတမ်းနေသော သတ္တဝါပေလော။ သို့တည်းမဟုတ် မွန်မြတ်ခြင်းတရား၊ နှိမ့်ချခြင်းတရားတို့သည် သဘာဝအားဖြင့် လူ့ လောက၌ ရှိနေကြသောကြောင့် ငါသည် ကောင်းနေသော၊ သိမ်မွေ့နေသော သတ္တဝါပေလော။ ကျွန်ုပ်သည် ဤမေးခွန်းအတွက် အဖြေရှာရဦးမည်။ အချင်း ဖီဒရ၊ စကားတပြောပြောနှင့်  လမ်းလျှောက်လာကြသည်မှာ ကောင်းပါ၏။ အသင်ပြောသော လက်ဝါးပင်သို့ ကျွန်ုပ်တို့ ရောက်လာကြပြီလော။
၆။ ။ရောက်လာကြပါပြီ။ ဤသစ်ပင်ကြီးပင်။
စာပိုဒ် (ဃ) 
ဆော့။ ။ရောက်လာကြပြီကိုး။ အလွန်သာယာသည့် စခန်းပါပေ။ နွေသင်းနံ့ သည် ကြိုင်လှပါပေသည်။ နွေတေးသံသည် နားဝင်ချိုလှပါပေသည်။ အချင်း ဖီဒရ၊ ကျွန်ုပ်သည် နွေရာသီ၏ သဘာဝအလှရှိရာ၌ ရောက်နေပေပြီ။ ဤ လက်ဝါးပင်သည် မြင့်မားလှသည်။ သူ့အကိုင်းအခက်အရွက်တို့သည် ပြန့်ပြန့် ကားကား ဖြစ်သည်။ ဤထောက်ရာပင်သည် ထွားကျိုင်းလှသည်။ သူ့အခက် အကိုင်းတို့သည် အုပ်အုပ်ဆိုင်းဆိုင်း ဖြစ်သည်။ ထို့ပြင် ပင်လုံးကျွတ်ပွင့်နေ သည်ဖြစ်ရာ တစ်တောလုံး ပြိုင်နေသည်။ ဤချောင်းရေကလည်း အေးမြ ကြည်လင်လှသည်။ ဤစခန်း၏ အလှကျက်သရေတို့ကိုထောက်သော် တော စောင့်နတ် တောင်စောင့်နတ် သစ်ပင်စောင့်နတ်တို့ ပျော်စံရာအရပ်ပင်ဟု ဆိုရတော့မည်ကဲ့သို့ ဖြစ်သည်။ လေညင်းသံနှင့် ငှက်သံတို့သည် အတိုင်အဖော" ညီကြပါပေသည်။ သို့ရာတွင် အလှတကာ အလှဆုံးကား ဤမြက်ခင် ဖြစ်သည်။ မြင့်ရာမှ နိမ့်ရာသို့ လျှောသွားပုံသည် ညင်သာလှသည်။ အချင်း ဖီဒရ၊ အသင်သည် နေရာကောင်းကို ရွေးတတ်ပါပေသည်။ အသင် ခေါ်လာသောကြောင့်သာ ဤနေရာသို့ အကျွန်ုပ် ရောက်လာရခြင်း ဖြစ်သည်။
ဖီ။ ။ဆော့ခရတ္တိ၊ ကျွန်ုပ်သည် အသင့်ကို နားမလည်နိုင်လောက် အောင် ဖြစ်သည်။ တောစခန်း တောလမ်းသို့ရောက်လျှင် အသင်သည် သူစိမ်း ပြင်ပြင်ကဲ့သို့ ဖြစ်မည်ဟု အသင်ဆိုသည်။ တော၏ဂုဏ်ကို ပြောပြတတ်သူက ပြောပြပါမှသာ သိရမည့်သူ ဖြစ်သည်ဟု အသင် ဆိုသည်။ အသင်သည် အခြား တစ်ပါးသောနိုင်ငံသို့ ကူးဖူးပါသလား။ ကျွန်ုပ်၏အထင်မှာ အက်သင်း မြို့၏ မြို့တံခါးအပြင်ဘက်သို့ပင် အသင် ခြေချဖူးခြင်းမရှိဟု ထင်မိသည်။
ဆော့။ ။အဆွေကောင်း ဖီဒရ၊ မြို့တံခါးအပြင်ဘက်သို့ပင် ကျွန်ုပ် ခြေချဖူးခြင်းမရှိဟု အသင်ဆိုသော စကားသည် မှန်ပါသည်။ မြို့ပြင်သို့ ထွက်ခြင်း၏ အကြောင်းသည် ကျွန်ုပ်မှာ ရှိပါသည်။ ထိုအကြောင်းကို ကျွန်ုပ်ပြောပြသောအခါ ကျွန်ုပ်ကို အခွင့်လွှတ်ပါဘိ။ ကျွန်ုပ်သည် ပညာရှာ သူ၊ ပညာမြတ်နိုးသူ ဖြစ်သည်။ တောစခန်းသည် ကျွန်ုပ်၏ ဆရာမဟုတ်။
 သစ်ပင်တို့သည် ကျွန်ုပ်၏ ဆရာမဟုတ်။ မြို့ထဲ အရပ်ထဲ၌ သွားလာလှုပ်ရှား နေကြသော လူတို့သည်သာ ကျွန်ုပ်၏ဆရာ ဖြစ်သည်။ မြို့ပြင်သို့ ကျွန်ုပ် ယခုထွက်ဖြစ်ခြင်းသည် မြို့ပြင်သို့ ကျွန်ုပ်ကို ဆွဲထုတ်နိုင်လောက်အောင် အစွမ်းကောင်းသော လျှို့ဓာတ်တစ်ခုသည် အသင်၏လက်၌ ပါလာသောကြောင့် ဖြစ်သည်။ ဆာလောင်မွတ်သိပ်သော နွားမကြီး၏ မျက်စိရှေ့၌ စားစရာ ဝါးစရာ သစ်သီးသစ်ရွက် သစ်ခက်တို့ကို လှုပ်ကာခါကာပြနေသကဲ့သို့ ဖြစ် သည်။ စာခွေကိုသာ ကျွန်ုပ်၏မျက်စိရှေ့၌ ထောင်ပြထားပါ။ မြို့ပြင်မက အက်တိကတိုင်းအနှံ့ ကျွန်ုပ်လျှောက်သွားနေမည် ဖြစ်သည်။ မြေပြင်ကျယ်သရွေ့ ကျွန်ုပ် လျှောက်သွားနေမည် ဖြစ်သည်။ ယခုမူ ကျွန်ုပ်တို့အလိုရှိသောနေရာသို့ ကျွန်ုပ်တို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြပြီ။ ကျွန်ုပ်က လဲလျောင်း၍ စာနာမည်။ အသင်က အသင် စာဖတ်သည့်အခါ သက်သက်သာဖတ်နိုင်အောင် အသင် ကြိုက်သလိုနေပါ။ အသင်၌ ပါလာသော လိဆိအဲ့၏ ၀စနာလင်္ကာရ စာတမ်းအဆန်းအသစ် ဝမ်းတစ်ကို ဖတ်ပြချိန်တန်ပါပြီ။ ဖတ်ပြပါတော့။
✥﹤--- www.ebooks4mm.org ---﹥✥

၂။ ဆော့ခရတ္တိ၏ ဝမ်းဆွဲဥပမာ (ဝါ) ဆော့ခရတ္တိနည်း 
နိဒါန်း 
အောက်ပါစာပိုဒ်များသည် ပလေးတိုး၏ (Theaetetus) သီတိတကထာမှ ကောက်နုတ်သော စာပိုဒ်များဖြစ်သည်။ သီတိတကထာသည် ကော်ရင့် စစ်ပွဲ၌ ကျဆုံးခဲ့သော အာဇာနည်ယောက်ျားကောင်း အက်သင်းမြို့သား သီတိတကို အကြောင်းပြု၍ အမည်ပေးထားသော ကထာ ဖြစ်သည်။ တစ်နည်းဆိုသော် သီတိတဘွဲ့ဖြစ်သည်။ သီတိတ ကျောင်းသားအရွယ်၌ ရှိစဉ်က ဆော့ခရတ္တိနှင့် သီတိတတို့ တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်ကို ပလေး တိုးက ရေးခဲ့ခြင်း ဖြစ်သည်။ ။
Som empê:33:37 qwoze 333 calq (Theodorus) အမည်ရှိသော ဂျီသြမေတြီဆရာကြီးသည် အက်သင်းမြို့သို့လာ၍ လူငယ် တို့အား ဂျီသြမေတြီပညာကို သင်ပြလေ့ ရှိသည်။ ဆော့ခရတ္တိနှင့် သီအိုဒေါရတို့ တွေ့ကြသောအခါ ဆော့ခရတ္တိက သီအိုဒေါရ၏ တပည့်များ အကြောင်းကို မေးရာမှအစ ဆော့ခရတ္တိသည် လူငယ်သီတိတနှင့် တွေ့ခွင့်ရ၍ စကားဝိုင်းဖြစ်ခဲ့ဖူးသည်။ ဆွေးနွေးသော အကြောင်းအရာသည် သိလာခြင်း (ဝါ) အသိတရားရှိလာခြင်းအကြောင်း ဖြစ်သည်။
အောက်ပါစာပိုဒ်များသည် ပလေးတိုး၏ ကထာစာတမ်းတိုင်း လိုလို၌ပင် ဆော့ခရတ္တိ အသုံးပြုလေ့ရှိသော သိပ္ပံနည်းကျ မေးမြန်းစိစစ်နည်း (Dialectical Method) အ ကြောင်းကို (ဝါ) ဆော့ခရတ္တိနည်း အကြောင်းကို (ဝါ) အနုယောဇနာနည်း အကြောင်းကို ဝမ်းဆွဲဥပမာပေး၍ ဖော်ပြသော အစိတ်အပိုင်းဖြစ်သည်။ ဆော့ခရတ္တိနည်းဆိုသည်မှာ စကား ဝိုင်း၌သော်လည်းကောင်း၊ မိမိ၏စိတ်ထဲ၌သော်လည်းကောင်း အပြန် အလှန် မေးမြန်းခြင်း၊ စိစစ်ခြင်းပြု၍ အမှန်သို့ရောက်အောင် ဆင်ခြင်သော  နည်းဖြစ်သည်။ အဆိုအမိန့်တစ်ခု မှန် မမှန် စိစစ်ရာတွင် စိစစ်အပ်သော အဆို၏သဘောအဓိပ္ပါယ်ကို ရှေးဦးစွာမေးမြန်းစိစစ်၍ ဖွင့်ဆိုခြင်း ဖြစ်သည်။ ခြုံငုံသော သဘောအဓိပ္ပာယ် အမှန်ကို မရသေးလျှင် အဆိုသစ်တစ်မျိုးတင်၍ အဖွင့်ခိုင်းပြန်သည်။ ထို့နောက် ညှိအပ်သော ဖြစ်ရပ်အမှန်တို့နှင့်ညှိ၍ စိစစ်ပြန်သည်။ ဤသို့ တစ်ဆင့်ပြီးတစ်ဆင့် မေးမြန်းစိစစ်ခြင်းဖြင့် အမှန်ကိုရအောင် အားထုတ်ခြင်း ဖြစ်သည်။ ဤကောက်နုတ်ချက်တွင် အမှန်ရအောင် အသုံးပြုလေ့ရှိသော ဆော့ခရတ္တိ၏ မေးမြန်းစိစစ်ပုံသည် သားဖွားလာအောင် ပြုတတ်သော ဝမ်းဆွဲ၏အလုပ်နှင့်တူကြောင်း ဆိုခဲ့ သည်ကို ဆင်ခြင်ရန် ဖြစ်သည်။ ထို့ပြင် လူငယ်တို့၏ ပညာရေး၌ ဆော့ ခရတ္တိ စိတ်ဝင်စားပုံ၊ လူငယ်တို့နှင့် အလိုက်သင့်ပြောကာ ဆွေးနွေး၍ ပညာပေးတတ်ပုံ၊ ဟာသနှောတတ်ပုံတို့ကိုလည်း တွေ့နိုင်သည်။ ဆော့ခရတ္တိ နည်းအတွက် အသင့်တော်ဆုံးဖြစ်သော သာဓကကို မီနို (Meno) ကထာ မှ ကောက်နုတ်သော 'ဆော့ခရတ္တိ၏ ဂုဏ်သိက္ခာ အယူအဆ(က)နှင့် ဆော့ခရတ္တိ၏ ပညာသင်ကြားခြင်း အယူအဆ”တို့ဆိုင်ရာ စာပိုဒ်များ၌ တွေ့နိုင်သည်။
စာပိုဒ် (က) 
ဆော့ခရတ္တိ။ ။အချင်း သီအိုဒေါရ၊ အသင်တို့၏ ပိုင်ရီနီမြို့အကြောင်းကိုသာ ကျွန်ုပ်သိချင်သည်ဖြစ်လျှင် ထိုအကြောင်းကိုသာ ကျွန်ုပ်မေးမည် ဖြစ်သည်။ စိုင်ရီနိမြို့ကလူငယ်များသည် အသင်၏ဂျီသြမေတြီပညာ၌ စိတ်ဝင်စားကြ ပါ၏လော၊ သို့တည်းမဟုတ် အဘယ်ပညာ၌ စိတ်ဝင်စားကြပါသနည်း၊ ဤသို့မေးမည်ဖြစ်သည်။ သို့ရာတွင် အောင်ရီနီမြို့အကြောင်းထက် ဤအက်သင်းမြို့ အကြောင်းကို ကျွန်ုပ်ပို၍သိချင်သည်။ ထွန်းထွန်းပေါက်ပေါက်ဖြစ်လာနိုင်မည့် လူငယ်များကို အက်သင်းမြို့၌ အသင် တွေ့ပါသလော၊ အသင် တွေ့ မတွေ့ ကျွန်ုပ် အလွန်သိချင်ပါသည်။ ကျွန်ုပ်သည် ထိုသတင်းမျိုးပေးနိုင်သော သူများ ထံသို့သွား၍ ကိုယ်တိုင် စုံစမ်းလေ့ရှိသည်။ ယခုအခါ၌ အသင်သည် ဤ အက်သင်းမြို့တွင် ဂျီသြမေတြီပညာကို လူငယ်များအား သင်ပြနေသည်ဖြစ်ရာ အသင့်ထံသို့ လူငယ်အများအပြားလာ၍ ဆည်းပူးကြသည်မှာ အထင်အရှား ဖြစ်သည်၊ ထို့ကြောင့် အသင့်ကို မေးစမ်းပါရစေ၊ အသင့်ထံသို့လာကြသော လူငယ်အပေါင်းတွင် အလားအလာရှိသောလူငယ်များကို အသင် အကဲခတ်မိပါ သလော။
သီအိုဒေါရ။ ။ဆော့ခရတ္တိ၊ လူငယ်တစ်ယောက်ကို ကျွန်ုပ် အကဲ ခတ်မိသည်။ အသင်တို့ အက်သင်းမြို့သားထဲက ဖြစ်သည်။ သူ့အကြောင်းကို ကျွန်ုပ်ကလည်း ပြောပြချင်သည်၊ အသင်ကလည်း နားထောင်ချင်မည်ထင်သည်။ အကယ်၍သာ ဤသူငယ်သည် လူချောလူလှထဲကဖြစ်လျှင် ကျွန်ုပ်ကိုယ်တိုင်က မျက်စိကျနေသောကြောင့် သူ့ကို ကျွန်ုပ်က စန်းတင်သည်ဟု ထင်ကြပေလိမ့်မည်။ စင်စစ်မှာ ဤသူငယ်သည် လူချောလူလှထဲကမဟုတ်ပါ။ အသင် စိတ်မရှိပါနှင့်၊ ဤသူငယ်သည် အသင်ကဲ့သို့အရုပ်ဆိုးသည်၊ သူ့နှာခေါင်းသည် တိုသည်၊ တို သည့်အပေါ်လန်နေသေးသည်။ မျက်လုံးသည် ပြူးထွက်နေသည်၊ အသင့်လောက် အရုပ်မဆိုးလှဟုသာ ဆိုနိုင်သည်၊ ထို့ကြောင့် သူ့ကို ကျွန်ုပ်က ရဲရဲဝံ့ဝံ့ ၍  စိတ်ချလက်ချ စန်းတင်ခြင်းဖြစ်သည်။ ကျွန်ုပ်သည် လူငယ်များစွာနှင့်တွေ့ဖူး သည်၊ သို့ရာတွင် သူ့လောက်တော်သောသူငယ်မျိုး၊ သူ့လောက်ကောင်းသော သူငယ်မျိုးကိုကား ကျွန်ုပ်မကြုံဖူးပါ။ ဤသူငယ်၌ ထက်မြက်သောဉာဏ်လည်း ရှိသည်၊ သိမ်မွေ့သောစိတ်ထားလည်းရှိသည်၊ ရင်ဆိုင်ရဲသောသူရသတ္တိလည်း ရှိသည်၊ ထိုအင်္ဂါသုံးရပ်နှင့်ပြည့်စုံသောသူငယ်မျိုး ရှိလိမ့်မည်ဟု ကျွန်ုပ် မတွေး မထင်မိပါ။ ယခုသော် အကယ်ပင် ကြုံခဲ့ရပါသည်။ အချို့သူငယ်များတွင် သူ့မှာကဲ့သို့ ထက်မြက်သောဉာဏ် ရှိကြပါ၏၊ သို့ရာတွင် စိတ်တိုတတ်ကြ သည်၊ ဖြန်းခနဲ သတိလွတ်၍ အောက်ခံဝန်လေးမရှိသော သင်္ဘောကဲ့သို့ လွင့်ချင် ရာသို့လွင့်တတ်ကြသည်။ ထိုသူငယ်များ၌ သူရသတ္တိ ရှိကြပါ၏၊ သို့ရာတွင် စိတ်ဆတ်ချင်ကြသည်။ အချို့သူငယ်များမှာ အေးအေးမှန်မှန်ပြုတတ်ကြပါ၏။ သို့ရာတွင် စာအခက်အခဲနှင့်ရင်ဆိုင်ရသည့်အခါ နောက်တွန့်နှေးကွေး၍ အမေ့မေ့ အလျော့လျော့ ဖြစ်တတ်ကြသည်။ ဤသူငယ်ကား ထိုသို့မဟုတ်ပါ။ ဆီသည် အသက်အသံမပြုဘဲ ညင်ညင်သာသာစီးဆင်းတတ်သကဲ့သို့ ဤသူငယ်သည် သိမ်သိမ်မွေ့မွေ့ချောချောမောမောပြုတတ်သည်။ အသက်အရွယ်နှင့်မလိုက်အောင် အံ့သြစရာကောင်းသောသူငယ် ဖြစ်သည်။
ဘု။ ။အချင်း သီအိုဒေါရ၊ မင်္ဂလာရှိသောသတင်းစကားပါပေတည်း၊ သူ့ဖခင်သည် မည်သူနည်း၊ အက်သင်းမြို့ ကလော။
သီအို။ ။သူ့ဖခင်၏အမည်ကို ကျွန်ုပ်ကြားဖူးပါ၏၊ သို့ရာတွင် မမှတ်မိ တော့ပါ။ သူ့ဖခင်၏ အမည်က အရေးမဟုတ်လှပါ။ ကျွန်ုပ်တို့ဆီသို့ ယခု လျှောက်လာနေကြသော သူငယ်များကို အသင် မြင်ပါ၏လော၊ အလယ်က သူငယ်သည် ကျွန်ုပ်ပြောသော သူငယ် ဖြစ်သည်။ ထိုသူငယ်တစ်စုသည် အားကစားရုံအပြင်ဘက်၌ ခြေလက်တို့ကိုနှိပ်နယ်ခြင်း၊ ဆီလူးခြင်းကိစ္စပြီးကြ သဖြင့် ပြန်ဝင်လာကြခြင်းဖြစ်ဟန်တူသည်။ ဆော့ခရတ္တိ၊ သူ့ကိုကြည့်စမ်းပါ။ အသင် သိပါ၏လော။
ဘု။ ။ဟုတ်ပြီ၊ ကျွန်ုပ်သတိရလာပြီ၊ ဆုနှိုအန်ကျွန်းသားဖြစ်သော ယူဖရိုနိအ၏သားဖြစ်သည်။ ယူဖရိုနိအလည်း လူတော်လူကောင်းတစ်ယောက် ဖြစ်သည်၊ သူပိုင်ပစ္စည်းဥစ္စာတို့ကို အမွေအဖြစ်ထားနိုင်ခဲ့သူဖြစ်သည်၊ သူငယ်၏ အမည်ကိုကား ကျွန်ုပ် မသိပါ။
သီအို။ ။သူငယ်၏အမည်သည် သီတိတဖြစ်သည်။ သူငယ်သည်အမွေ ပစ္စည်း အတော်အတန် ရလိုက်သည်မှာ မှန်ပါသည်၊ သို့ရာတွင် အမွေထိန်းတို့က ဖြန်းလိုက်ကြသဖြင့် ကုန်ပါပြီ၊ သို့ရာတွင် ဤသူငယ်သည် အပေးအကမ်းမပျက် ရက်ရောလျက်ပင်။
 ဆော့။ ။အသင်ဆိုသည့်အတိုင်းသာ အမှန်ဖြစ်လျှင် လူကောင်းကလေး ဟုလည်း ဆိုရတော့မည်၊ ခေါ်စမ်းပါ၊ စကားပြောကြည့်ရအောင်။
စာပိုဒ် (ခ) 
သီအို ။ ။ခေါ်ပါမည်။ သီတိတ၊ ဤသို့ လာစမ်းပါ၊ ဆော့ခရတ္တိအပါးမှာ ထိုင်ပါဘိ။
ဆော့။ ။လူကလေး၊ လာပါ၊ ထိုင်ပါ။ အသင်သည် ကျွန်ုပ်နှင့် အလွန် တူသည်ဟု သီအိုဒေါရကပြောနေသဖြင့် အသင်၏မျက်နှာတွင် ကျွန်ုပ်၏အရိပ်ကို ကျွန်ုပ် ကြည့်ချင်လှသည်။ ကျွန်ုပ်တို့နှစ်ဦး၌ စောင်းတစ်လုံးစီရှိသည် ဆိုအံ့၊ ထို့ပြင် တီးလိုက်လျှင် သံပြိုင်ညီညီညာညာ မြည်လာအောင် ကြိုးညှိထားသည်ဟု လည်း သီအိုဒေါရကပြောသည်ဆိုအံ့။ သီအိုဒေါရ၏စကားကို ဧဝကန်အမှန်ဟု ကျွန်ုပ်တို့ ချက်ချင်းယူလိုက်ကြမည်လော၊ သို့တည်းမဟုတ် သီအိုဒေါရသည် အတီးအမှုတ်သမား ဟုတ် မဟုတ် ရှေးဦးစွာ စုံစမ်းသင့်ပါသေးသလော။
သီတိတ။ ။စုံစမ်းသင့်ပါသေးသည်။ ။
ဆော့။ ။အကယ်၍ သီအိုဒေါရသည် အတီးအမှုတ်သမားဖြစ်၏ဟု ကျွန်ုပ်တို့သိကြရလျှင် သူ့စကားကို ဧကန် အမှန်ဟူ၍ ကျွန်ုပ်တို့ ယူကြရလိမ့် မည်။ မဟုတ်လျှင် သူ့စကားကိုကျွန်ုပ်တို့ အရေးမယူ လျစ်လျူပြုလိုက်ကြရုံ ဖြစ်သည်၊ ဟုတ်ပါသလော။ | သီ။ ။ဟုတ်ပါသည်။
ဆော့။ ။အသင်၏မျက်နှာသည် ကျွန်ုပ်၏မျက်နှာနှင့် အလွန်တူသည် ဟု သီအိုဒေါရက ဆိုခဲ့သည်ဖြစ်ရာ သူဆိုသောစကား၌ ကျွန်ုပ်တို့ စိတ်ဝင်စားကြ သည်ဖြစ်လျှင် သီအိုဒေါရသည် ပန်းချီဆရာ ဟုတ် မဟုတ် စုံစမ်းသင့်သေးသည် မဟုတ်ပါလော။
သီ။ ။ဆော့ခရတ္တိ၊ စုံစမ်းသင့်ပါသေးသည်။ | ဆော့။ ။ကောင်းပြီ၊ ကျွန်ုပ်က အသင့်ကို မေးမည်၊ သီအိုဒေါရသည် ပန်းချီဆရာလော၊ အသင်က ဖြေပါဘိ။
သီ။ ။ကျွန်ုပ်သိသမျှမှာ သီအိုဒေါရသည် ပန်းချီဆရာ မဟုတ်ပါ။ ဆာ။ ။ထိုသို့ဖြစ်လျှင် သီအိုဒေါရသည် ဂျီသြမေတြီဆရာလော။ သီ။ ။ဟုတ်ပါသည်၊ ဂျီသြမေတြီဆရာပါ။
ဆော့။ ။ထို့ပြင် သီအိုဒေါရသည် နက္ခတ်အကြောင်း၊ သင်္ချာအကြောင်း၊ ဂီတအကြောင်းတို့ကိုပါ သိသူဖြစ်ပါသလော၊ အချုပ်ကိုဆိုရလျှင် သီအိုဒေါရသည် အကြားအမြင်များသောသူတစ်ဦး ဖြစ်၏ဟု ဆိုနိုင်ပါသလော။
 သီ။ ။ထိုသို့ဆိုချင်လျှင် ဆိုနိုင်ပါသည်။
ဆာ။ ။ကောင်းပြီ။ ချီးမွမ်းလိုသောကြောင့်ပင်ဖြစ်စေ၊ ကဲ့ရဲ့လိုသော ကြောင့်ပင်ဖြစ်စေ ကျွန်ုပ်တို့နှစ်ဦးသည် ရုပ်လက္ခဏာအရာ၌ တူသည်ဟု သီအိုဒေါရက ဆိုသောအခါ သူ့မှတ်ချက်စကားကို ကျွန်ုပ်တို့သည် အရေးမယူ လျစ်လျူပြုချင်လျှင် ပြုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သီအိုဒေါရသည် ရုပ်လက္ခဏာ၏ သဘောကို သိနားလည်ခြင်းရှိရသော ပန်းချီဆရာ မဟုတ် သောကြောင့် ဖြစ်သည်။ ဟုတ်ပါသလော။ | သီ။ ။ဟုတ်ပါသည်။
ဆော့။ သို့ရာတွင် အကယ်၍ ကျွန်ုပ်တို့နှစ်ဦးအနက် တစ်ဦးဦး၌ ရှိသော ဂုဏ်သိက္ခာကိုသော်လည်းကောင်း၊ အတတ်ပညာကိုသော်လည်းကောင်း သီအိုဒေါရက ချီးမွမ်းပြောဆိုသည် ဖြစ်အံ့။ ပသို့နည်း၊ ဂုဏ်သိက္ခာနှင့် အတတ်ပညာတို့ ဆိုသည်မှာ နှလုံးရည်နှင့် သက်ဆိုင်သည်ဖြစ်သောကြောင့် အကြားအမြင်များသော သီအိုဒေါရ၏စကားကို ကျွန်ုပ်တို့ အလေးမူကြရလိမ့် မည်။ သီအိုဒေါရ၏ ချီးမွမ်းစကားကို ကြားရသူကလည်း အချီးမွမ်းခံရသူကို ကိုယ်တိုင်စုံစမ်းခြင်း ပြုသင့်သည် မဟုတ်ပါလော။ အချီးမွမ်းခံရသူကလ ဒီမိ၏နှလုံးရည်ကို ထုတ်ဖော်ပြောဆိုခြင်း ပြုသင့်သည် မဟုတ်ပါလော။
သီ။ ။ပြုသင့်သည်ဟု ကျွန်တော် ဆိုချင်ပါသည်။
ဆော့။ ။ကောင်းပါပြီ၊ လူကလေး သီတိတ၊ လူကလေးက ထိုသို့ ဆိုလျှင် ကျွန်ုပ်ကလည်း လူကလေး၏ နှလုံးရည်ကို စုံစမ်းခြင်းပြုရန် အချိန်ရောက် လာပြီ၊ လူကလေးလည်း လူကလေး၌ရှိသော နှလုံးရည်ကို ထုတ်ဖော်ပြောဆိုခြင်း ပြုရန် အချိန်ရောက်လာပြီ။ အဘယ့်ကြောင့်ဆိုသော် များလှစွာသောသူတို့၏ နှလုံးရည်ကို အကဲခတ်တတ်သော သီအိုဒေါရသည် လူကလေးကို သူတကာထက် ပို၍ ချီးမွမ်းခဲ့သောကြောင့် ဖြစ်သည်။
သီ။ ။ဆော့ခရတ္တိ၊ ကြားရသည်မှာ ဝမ်းသာစရာကောင်းလှပါ၏။ သို့ရာတွင် သီအိုဒေါရသည် အပြောင်အပြက်ပြောခြင်းမျှသာ ဖြစ်တန်ရာပါသည်။
ဆော့။ ။လူကလေး၊ သီအိုဒေါရသည် ထိုသို့သောသူမျိုး မဟုတ်ပါ။ သီအိုဒေါရက အပြောင်အပြက်ပြောခြင်းမျှသာပါဟု လူကလေး ဆင်ခြေကန် ၍ လူကလေး လက်ခံခဲ့သော စကားကတိကို လူကလေး ကျောပေးတော့မည်လော၊ ထိုသို့ပြုမည်ဟု မကြံပါလင့်။ ကြံလျှင် လူကလေး၏ နှလုံးရည်ကို ချီးမွမ်းခဲ့သည်မှာ • နံပါဟု သီအိုဒေါရခမျာမှာ ကျမ်းသစ္စာဆိုနေရပါဦးမည်၊ စင်စစ်မှာ မူ ..  ဆိုသည်ဟုလည်း သီအိုဒေါရကို မည်သူကမျှ စွပ်စွဲကြမည်မထင်ပါ။ ထို့ကြောင့် လူကလေး မရွံ့ပါနှင့်၊ မေးခွန်းကိုသာ လူကလေး၏ စကားကတိအတိုင်း ဖြေပါဘိ။ | သီ။ ။ထိုသို့ဆိုလျှင်လည်း မေးပါ၊ ဖြေပါမည်။
စာပိုဒ် (ဂ) 
ဆာ။ ။ကောင်းပြီ၊ ကျွန်ုပ်က ဤသို့မေးချင်ပါသည်။ လူကလေးသည် သီအိုဒေါရထံမှ ဂျီသြမေတြီပညာကို သင်ယူပါသလော။
သီ။ ။ဟုတ်ပါသည်။
ဆော့။ ။နက္ခတ်ပညာကော ပါသေးသလော၊ သင်္ချာအတတ်ကော ပါသေးသလော၊ အတီးအမှုတ်အတတ်ကော ပါသေးသလော။ | သီ။ ။ပါပါသည်၊ ကျွန်တော် အစွမ်းကုန် အားထုတ်ပါသည်။
ဆော့။ ။အလွန်ကောင်းပါသည်၊ ကျွန်ုပ်လည်း သီအိုဒေါရထံမှ သင်ယူ အားထုတ်ပါသည်။ သူ့ထံမှသာမက ထိုအတတ်ပညာတို့ကို တတ်မြောက်ကြ သောသူတို့ထံမှလည်း သင်ယူအားထုတ်ပါသည်။ အသင့်အတင့် ရခဲ့ပါ၏။ သို့ရာတွင် ကျွန်ုပ်စိတ်ထဲ၌ ဇဝေဇဝါဖြစ်နေသော အချက်တစ်ချက်ရှိသည်။ ထိုအချက်ရှင်းသွားအောင် လူကလေးကလည်းကောင်း၊ အခြားသော မိတ်ဆွေများက လည်းကောင်း ကျွန်ုပ်ကို ကူကြပါဘိ။ ကျွန်ုပ် မေးကြည့် ချင်သည်မှာ ဤသို့ ဖြစ်သည်။ အရာတစ်ခုကို သင်ယူသည်ဆိုခြင်းသည် ထိုအရာနှင့်စပ်လျဉ်း၍ ပညာရအောင် ယူခြင်းဖြစ်၏ဟု မဆိုနိုင်ပြီလော။
သီ။ ။ဆော့ခရတ္တိ၊ ဆိုနိုင်သည်။
ဆော့။ ။ထိုသို့တပြီးကား၊ လူခပ်သိမ်းကို ပညာတတ်အောင်ပြုသော အရာသည် အဘယ်နည်း၊ ပညာပင်ဖြစ်မည်ဟု ကျွန်ုပ်ထင်သည်။
သီ။ ။ဟုတ်ပေသည်ပေါ့။
ဆော့။ ။ထိုသို့ဆိုလျှင် ထိုအရာသည် သိသည်ဆိုခြင်းနှင့်မတူ၊ တစ်မျိုး စီဖြစ်၏ဟု မဆိုနိုင်ပြီလော။ ။
သီ။ ။ဆော့ခရတ္တိ၊ မည်သည့်အရာကို အသင်ဆိုလိုပါသနည်း။
ဆော့။ ။ပညာကို ဆိုလိုခြင်းပါ။ အကြင်သူသည် အရာတစ်ခုနှင့် စပ်လျဉ်း၍ သိ၏ (ဝါ) အသိတရားရှိ၏၊ ထိုသူသည် ထိုအရာနှင့်စပ်လျဉ်း၍ ပညာရလာနိုင်သည်၊ ထိုသို့ မဟုတ်ပါလော။
 ကစားသည်။ ပွဲအစမှသာ အမေးကား။ အချင်းများလွန်းသို့ ကစားပွဲတွင် မှအဆုံးအထိ တစ်ကို အဖြေခိုင်းနိုင်ရန် ကျွန်ုပ်သည် သီ။ ။ဟုတ်သည်ဟု ဆိုရမည်ပေါ့။
ဆော့။ ။ထိုသို့ဆိုလျှင် သိသည်ဆိုခြင်းနှင့် ပညာသည် (ဝါ) အသိ တရားနှင့် ပညာသည် အတူတူပင်လော၊ တစ်မျိုးစီလော။
သီ။ ။အတူတူသာ။ ။
ဆော့။ ။လူကလေးသီတိတ၊ ကျွန်ုပ်၏စိတ်ထဲ၌ ဇဝေဇဝါဖြစ်နေသော အချက်သည် ဤအချက်ဖြစ်သည်။ သိသည်ဆိုခြင်းသည် (ဝါ) အသိတရားသည် အဘယ်နည်း၊ ထိုမေးခွန်းကို ကျွန်ုပ်တို့ ဖြေနိုင်ကြပါမည်လော၊ အသင်တို့ ဖြေကြမည်လော၊ မည်သူက အလျင်မည်နည်း၊ ကလေးများ၏ ဘောလုံးပစ် ကစားပွဲတွင် မှန်အောင်ပစ် နိုင်ခြင်းမရှိသောသူသည် ဘေးထွက်ထိုင်၍ မြည်း လုပ်ရသည်။ ပွဲအစမှအဆုံးအထိ တစ်ချက်မလွဲ မှန်အောင်ပစ်နိုင်သောသူသည် ရှင်ဘုရင်လုပ်ရ၍ သူမေးသော အမေးပုစ္ဆာကို အဖြေခိုင်းနိုင်ခွင့်ရှိသည်။ အချင်းတို့ ပသို့နည်း၊ ငြိမ်ချက်သား ကောင်းလှပါတကား။ အချင်းသီအိုဒေါရ၊ ကျွန်ုပ်သည် ကျွန်ုပ်၏ဝါသနာအတိုင်း ပေါက်ပေါက်ဖောက်သကဲ့သို့ စကားများလွန်းလှသော စကားအိုးကြီး ဖြစ်နေသောကြောင့်လော၊ ကျွန်ုပ် ရိုင်းရာကျနေပြီလော၊ ထိုသို့ ဖြစ်လျှင် ကျွန်ုပ်ကို ခွင့်လွှတ်ကြပါဘိ။ ကျွန်ုပ်၏စေတနာသည် မိတ်ဆွေရင်းချာ ကဲ့သို့ ချစ်ချစ်ခင်ခင် အားလုံးပါဝင်ဆွေးနွေးစေချင်သော စေတနာသာ ဖြစ်သည်။
သီအို။ ။ဆော့ခရတ္တိ၊ ကျွန်ုပ်တို့သည် ထိုသို့မယူကြပါ။ ခပ်မဆိတ် ကျွန်ုပ်ထိုင်နေသည်မှာ လူငယ်ထဲက တစ်ဦးဦးကို မေးစေချင်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် မေးဖြေးဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးလေ့မရှိခဲ့သဖြင့် ကျွမ်းကျွမ်းကျင်ကျင်မပြုတတ်ပါ၊ အသက်လည်းကြီးပါပြီ။ ထိုကိစ္စမျိုးသည် လူငယ်နှင့် ပို၍သင့်ပါသည်။ လူငယ်တို့ကို ပို၍တတ်စေချင်ပါသည်။ သူတို့ အရွယ်သည် တိုးလမ်းတက်လမ်းပွင့်နေသော အရွယ်ကောင်း ဖြစ်သောကြောင့် ပင်။ ထို့ကြောင့် သီတိတကိုသာ မေးမြဲတိုင်း ဆက်၍မေးပါ။
ဆော့။ ။ဟော လူကလေးသီတိတ၊ အသင့်ဆရာ သီအိုဒေါရ၏ စကားကို အသင်ကြားပါ၏လော။ ဆရာ့စကားကို အသင်နာယူလိမ့်မည်။ အသင့်ထက် အသက်ကြီးသူ၊ တတ်သိလိမ္မာသူကို နားမထောင်လျှင် အသင့်အဖို့ အဘယ်မှ ကောင်းပါအံ့နည်း။ လူကလေးသီတိတ မရွံ့နှင့်၊ စိတ်ပါလက်ပါ ဖြေလိုက်စမ်းပါ။ သိသည်ဆိုခြင်းသည် (ဝါ) အသိတရားသည် အဘယ်နည်း။
သီ။ ။ကောင်းပါပြီ၊ ခိုင်းလျှင် ဖြေရမည်ပေါ့၊ မှားသွားလျှင်သာ ပြင်ပေးပါ။
ဆာ။ ။ကျွန်ုပ် ပြင်နိုင်လျှင် ပြင်ပေးပါမည်၊ စိတ်ချပါ။
စာပိုဒ် (ဃ) 
သီ။ ။ကောင်းပါပြီ၊ သီအိုဒေါရထံမှ ကျွန်တော်သင်သောအရာကို အသိတရား ဟု မဆိုနိုင်ပြီလော။ ဂျီသြမေတြီသည် အသိတရား မဟုတ်ပါလော၊ အခုနက အသင်ပြောသောအရာများသည် အသိတရားများ မဟုတ်ပါလော၊ ဖိနပ်ချုပ် အတတ်သည် အသိတရားမဟုတ်ပါလော၊ အခြားခြားသော လက်မှုအတတ်ပညာ များသည်လည်း အသိတရားများ မဟုတ်ပါလော။ ထိုအရာများသည် အသိတရား များသာပါ့။
ဆော့။ ။လူကလေး၊ အသင်သည် အလွန်စိတ်ကောင်းရှိ၍ အလွန် ရက်ရောသော သူငယ်ပင်။ ကျွန်ုပ်က အရာတစ်ခုကိုသာ တောင်းခြင်းဖြစ်သည်။ အသင်မူကား အရာအမျိုးမျိုးကို ရက်ရက်ရောရော တပြုံတခေါင်း ပေးနေသဖြင့် ခက်နေပြီ။
| သီ။ ။ဆော့ခရတ္တိ၊ ပသို့နည်း။ အဘယ်အရာကို အသင် ဆိုလိုပါ သနည်း။ - ဆော့။ ။အဘယ်အရာကိုမျှ ကျွန်ုပ် ဆိုလိုသောကြောင့် မဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်၏မေးခွန်းအတွက် ကျွန်ုပ်သိလိုသောသဘောကို ရှင်းပြပါဦးမည်။ ဖိနပ်ချုပ်အတတ်ဟု အသင် အခုနက ဆိုလိုက်သောအခါ ဖိနပ်ချုပ်နည်းကို သိသောအသိကို အသင် ဆိုဟန်တူသည်၊ ဟုတ်ပါသလော။
သီ။ ။ဟုတ်ပါသည်။
ဆော့။ ။ထို့ပြင် လက်သမားအတတ်ဟု အသင် ဆိုလျှင်လည်း အိမ်အသုံးအဆောင်တစ်ခုခုကို သစ်သားဖြင့်ပြုလုပ်ခြင်းကို သိသောအသိကို အသင်ဆိုလိုသည် ထင်သည်။
သီ။ ။ဟုတ်ပါသည်။ ထိုသို့ပင် ဆိုလိုပါသည်။
ဆော့။ ။ထိုသို့ဆိုလျှင် ဆိုခဲ့သော အတတ်နှစ်ခုစလုံး၌ပင် အသိခံရသော အကြောင်းအရာတို့ကိုသာ အသင် ဖွင့်ဆိုနေခြင်းဖြစ်သည်။ အသိအကြောင်း ကိုကား တစ်ခွန်းတစ်ပါဒမျှ အသင်မဟခဲ့ဟု ယူရန်ဖြစ်နေသည်၊ ဟုတ်ပါသလော။
သီ။ ။ဟုတ်ပါ၏၊ ယူရမည်ကဲ့သို့ပင်။
ဆော့။ ။လူကလေး၊ ကျွန်ုပ် သိလိုသောအချက်သည် အသိခံရသော အကြောင်းအရာ မဟုတ်ပါ၊ အကြောင်းအရာကို ကျွန်ုပ် သည်မဟုတ်ပါ၊ အကြောင်းအရာအမျိုးမျိုး ရှိ မရှိ ကျွန်ုပ် မေးသည်မဟုတ်ပါ။ အဘယ့်ကြောင့် ဆိုသော် အကြောင်းအရာ အမျိုးမျိုးကို လက်ချိုးရေတွက်၍ မည်၍မည်မျှရှိသည်ကို  သိချင်သည်မဟုတ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ သိချင်ကြသည်မှာ သိသည်ဆိုခြင်း၏ (ဝါ) အသိတရား၏ သဘောသာဖြစ်သည်။ လူကလေး နားပေါက်ပါပြီလော။
သီ။ ။နားပေါက်ပါပြီ၊ ကျွန်တော် အဖြေပေး မှားခဲ့ပါသည်။
ဆော့။ ။ပုံစံတစ်ခုဖြင့် ရှင်းပြပါဦးမည်။ နေ့စဉ်နေ့တိုင်း သူသူငါငါ တွေ့ကြုံပြောဆိုနေကြသော အရာသာပါ၊ မြေစေးဟူသည် အဘယ်နည်းဟု မေးသည်ဆိုအံ့၊ သူက မြေစေးဟူသည် အိုးထိန်းသည်သုံးသော အိုးထိန်း မြေစေး၊ အုတ်ဖုတ်သူ သုံးသော အုတ်မြေစေး၊ အုတ်ဖိုဆောက်သူ သုံးသော အုတ်ဖိုမြေစေးဟု ဖြေသည်ဆိုအံ့။ ထိုအခါ ထိုအဖြေသည် ရယ်စရာမကောင်း ပေဘူးလား။
သီ။ ။ဟုတ်ပါ၏၊ ရယ်စရာကြီးပေပေါ့။
ဆော့။ ။ရယ်စရာကြီးပေါ့၊ ရွှံ့ရုပ်လုပ်သူသုံးသော အရုပ်မြေစေးဟု၊ သို့တည်းမဟုတ် အတတ်ပညာသည် တစ်ဦးဦးသုံးသော မြေစေး တစ်မျိုးမျိုးဟု ဖြေရုံမျှဖြင့် မြေစေး၏သဘောကိုသိလို၍မေးသောသူသည် သူသိလိုသောအဖြေ ကို အဘယ်မှာရနိုင်အံ့နည်း။ အကြင်သူသည် အရာတစ်ခု၏သဘောကိုမသိ၊ ထိုသူသည် ထိုအရာ၏ အမျိုးအမည်ကို ကြားရုံမျှဖြင့် ထိုအရာ၏ သဘောကို အဘယ်မှာ သိနိုင်အံ့နည်း။
သီ။ ။ဟုတ်ပါသည်၊ သိနိုင်ဖွယ်ရာအကြောင်း မရှိပါ။
ဘု။ ။ထိုသို့တပြီးကား၊ အသိတရား၏ သဘောကိုမျှ မသိသော သူသည် ဖိနပ်ချုပ်နည်းကို သိသောအသိ၏ သဘောကို နားလည်နိုင်ပါ မည်လော။
သီ။ ။နားလည်နိုင်မည် မထင်ပါ။
ဆော့။ ။အသိတရားဟူသည် အဘယ်နည်းဟု အမေးခံရသူသည် အတတ်အချို့၏ အမျိုးအမည်တို့ကို ပြောနေလျှင် ရယ်စရာဖြစ်နေမည်သာ။ အဘယ်ကြောင့်ဆိုသော် သူ့အဖြေသည် “ဤအတတ်ကိုသိသော အသိ၊ ထို အတတ်ကိုသိသော အသိ'ဟူသော အဖြေမျိုးသာ ဖြစ်နေသောကြောင့်ပင်။ အမေးသည် ထိုအဖြေမျိုးကို အလိုရှိသောအမေး မဟုတ်သောကြောင့်ပင်။ | သီ။ ။မှန်ပါသည်။ ။
ဆော့။ ထို့ပြင် အမေးခံရသူသည် တိုတိုနှင့်လိုရင်းကို မဖြေ၊ ချာလည်ပတ်လည်လိုက်၍ စကားကြော စကားတံ ရှည်နေခြင်းသာ ဖြစ်သည်။ မြေစေးဟူသည် အဘယ်နည်းဟု မေးသောကိစ္စတွင် မည်သို့သော မြေစေးမျိုး  ဖြစ်၏ဟူသော အဖြေသည် လိုရင်းမဟုတ်။ မြေစေးဟူသည် မြေကြီးနှင့် အငွေ့ စိုစိုထိုင်းထိုင်းတို့ ရောစပ်နေကြသောအရာ ဖြစ်၏ဟူသော အဖြေသာလျှင် လိုရင်းဖြစ်သည်။
စာပိုဒ် (င) 
သီ။ ။ဆော့ခရတ္တိ၊ ကျွန်တော်သည် အသင်၏ အမေးပုစ္ဆာအကြောင်းကို တစ်ဆင့်စကား တစ်ဆင့်ကြားရစဉ်ကပင် အကြိမ်ကြိမ်အဖန်ဖန် ဖြေကြည့် ဖူးသည်။ သို့ရာတွင် ကျွန်တော်၏အဖြေကို ကျွန်တော်ကိုယ်တိုင်ကပင် မကျေ မနပ်ဖြစ်ခဲ့သည်။ ထို့ပြင် အသင်အလိုရှိသော အဖြေမျိုးကို မည်သူကမျှ မပေး နိုင်ဟုလည်း ကျွန်တော်ကြားနေရပါသည်။ ကြားရသည့်အထဲကပင် အဖြေရရေးကို ကျွန်တော် စိတ်မစောဘဲ မနေနိုင်၊ စိတ်စောနေမိလျက်သာ ဖြစ်သည်။ အဖြေ ရရေးသည် ကျွန်တော်၏စိတ်ထဲ၌ တအုံနွေးနွေး တဝဲလည်လည် ဖြစ်နေမိသည်။
ဆာ။ ။လူကလေး သီတိတ၊ အသင်၏ စိတ်၌ ထိုသို့ဖြစ်နေခြင်း သည် သားဖွားဝေဒနာ ခံစားနေရခြင်းတစ်မျိုး ဖြစ်သည်။ ဝမ်းနာနေခြင်းတစ်မျိုး ဖြစ်သည်။ အသင်၏ စိတ်သန္တာန်၌ မွေးစရာ ဖွားစရာ တစ်ခုခု ရှိနေသော ကြောင့် ဖြစ်သည်။ ။
သီ။ ။ထိုသဘောကိုကား ကျွန်တော်မသိပါ။ ကျွန်တော်၏ စိတ်၌ ဖြစ်ပျက်နေမိသည်ကို ကျွန်တော် ထုတ်၍ပြောနေခြင်းသာ ဖြစ်သည်။
ဆော့။ ။လူကလေးလူအ သီတိတ၊ ဆော့ခရတ္တိကို မည်သူဟု အသင် ထင်သနည်း။ ဆော့ခရတ္တိသည် ဝမ်းဆွဲဆရာမကြီး၏သား ဖြစ်သည်။ ဝမ်းဆွဲဆရာမကြီးဆိုသူမှာ အလွန်သတ္တိကောင်း၍ အလွန်ထွားကျိုင်းသော မိန်းမကြီး ဖြစ်သည်။ သူ့အမည်သည် ဖီနာရိတိ ဖြစ်သည်။ လူကလေး ကြားဖူးပါသလော။
သီ။ ။ကျွန်တော် ကြားဖူးပါသည်။
ဆော့။ ။သားဖြစ်သူ ကျွန်ုပ်ကိုယ်တိုင်ကလည်း ဝမ်းဆွဲအလုပ်ကို လုပ်နေသည်ဟုကော ကြားဖူးပါသလော။
သီ။ ။ထိုသို့ကား မကြားဖူးပါ။ 
ဆော့။ ။လူကလေး၊ ကျွန်ုပ်လည်း ဝမ်းဆွဲအလုပ်ကို လုပ်နေသည်ဟု ပြောပါရစေ။ သို့ရာတွင် ထိုသတင်းကို မလွှင့်လိုက်ပါနှင့်၊ ဝမ်းဆွဲအလုပ်ကို ကျွန်ုပ်လုပ်နေကြောင်း အရပ်ကမသိကြပါ။ ထို့ကြောင့် ကျွန်ုပ်ကို လူထူးလူဆန်း တစ်ယောက်ဟု အရပ်က အထင်ရှိနေကြခြင်း ဖြစ်သည်။ ရှင်းနေသည်ဟု  ။
အများက ထင်နေကြသော အတွေးအခေါ်တို့ကို ရှုပ်ကုန်အောင်လည်းကောင်း၊ ရှုပ်နေသည်ကို ထွေးကုန် အောင်လည်းကောင်း ကျွန်ုပ်က လုပ်နေသည်ဟုလည်း အရပ်က အထင်ရှိနေကြခြင်း ဖြစ်သည်။ ထိုသို့ အထင်ရှိနေကြ၍ ထိုသို့ သတင်း ဖြစ်နေသည်ကို လူကလေး သိပါသလော။
သီ။ ။ထိုသတင်းကို ကျွန်တော် သတိပြုမိပါသည်။
ဆော့။ ။ထိုသတင်း အဘယ့်ကြောင့်ဖြစ်နေရသည်ကိုကော လူကလေး သိပါသလော၊ မသိဟုဆိုလျှင် ပြောပြရမည်လော။
သီ။ ။ပြောပါ၊ အလွန်ကြားချင်ပါသည်။
ဆော့။ ။ကောင်းပြီ၊ ပြောပါမည်။ ရှေးဦးစွာ ဝမ်းဆွဲတို့၏ အလုပ် သဘောကို လူကလေး သတိပြုထားဖို့လိုသည်။ သို့မှသာ ကျွန်ုပ်ဆိုလိုသော သဘောကို လူကလေးမြင်လာမည်ဖြစ်သည်။ လူကလေးလည်း သိထားသည့် အတိုင်း သားသန္ဓေရှိနိုင်သေး၍ မွေးနိုင်ဖွားနိုင်သေးသော အရွယ်တွင် မည်သည့် မိန်းမမျှ ဝမ်းဆွဲအလုပ်ကို မလုပ်ကြပါ။ ထိုအရွယ်လွန်မှသာ ဝမ်းဆွဲအလုပ်ကို လုပ်ကြပါသည်။ ဟုတ်ပါသလော။ | သီ။ ။ဟုတ်ပါသည်၊ ကျွန်တော်လည်း သိပါသည်။
ဆာ။ ။အရွယ်လွန်မှသာဝမ်းဆွဲအလုပ်ကိုလုပ်ကြခြင်းသည် အာတီမိ ကြောင့်ဖြစ်သည်ဟု ဆိုကြပါသည်။ အဘယ့်ကြောင့်ဆိုသော် အာတီမိသည် သားဖွားနတ်သမီးဖြစ်သည်မှန်သော်လည်း သူကိုယ်တိုင်က မိခင်မဟုတ်သော ကြောင့်ဖြစ်သည်။ သို့ရာတွင် အာတီမိသည် မိန်းမ အမြုံကိုကား ဝမ်းဆွဲခွင့် မပြုပါ။ အဘယ့်ကြောင့်ဆိုသော် လူသားတို့ အဖို့မှာ အတတ်ပညာ တစ်ခုကို တတ်မြောက်သည်ဆိုရာတွင် လူ့သဘာဝအရ ကိုယ်တိုင် အတွေ့အကြုံမရှိဘဲ ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ခြင်း မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အာတီမိသည် မမွေးမဖွားတော့သော အရွယ်လွန်အရွယ်အိုတို့ကိုသာ ဝမ်းဆွဲခွင့် အပ်နှင်းခြင်း ဖြစ်သည်။ ။
သီ။ ။ဟုတ်စရာ ရှိပါသည်။
ဆော့။ ။ဟုတ်သည်ဟုပင် ကျွန်ုပ်ကဆိုချင်သည်။ ပဋိသန္ဓေ ရှိမရှိ စုံစမ်းရာတွင် ဝမ်းဆွဲလောက်သိသူ ရှိပါသလော၊ မရှိဟု ဆိုရလိမ့်မည်။
သီ။ ။ဟုတ်ပါသည်။
ဆော့။ ။ထို့ပြင် ဝမ်းဆွဲတို့သည် မိခင်လောင်း၌ မီးဖွားနိုင်ခြင်း ရှိလာအောင် ဆေးဝါးတို့ဖြင့်လည်းကောင်း၊ မန်းခြင်း မှုတ်ခြင်းတို့ဖြင့် လည်း ကောင်း သားဖွားဝေဒနာကို လှုံ့ဆော်ပေးနိုင်ကြသည် မဟုတ်ပါလော။ ထိုနည်း ဖြင့်ပင် သားဖွားဝေဒနာကို ပျောက်ကင်းအောင်လည်းပြုနိုင်ကြသည် မဟုက်  ပါလော၊ ထိုနည်းဖြင့်ပင် အမွေးရလွယ်အောင်လည်း ပြုနိုင်ကြသည် မဟုတ် ပါလော၊ ထိုနည်းတို့ဖြင့်ပင် အရင့်အမာသို့မရောက်သေးသော ကာလတို့တွင် သားဖျက်ချင်ပါက သားပျက်ကျအောင်လည်း ပြုနိုင်ကြသည် မဟုတ်ပါလော။
သီ။ ။ဟုတ်ပါသည်၊ ပြုနိုင်ကြပါသည်။ ။
ဆော့။ ။ထို့ပြင် ဝမ်းဆွဲတို့သည် သားကောင်းသမီးကောင်း ရနိုင် ကြအောင် အိမ်ထောင်ဖက်တို့ကို ရှာဖွေ ရွေးချယ်၍ အောင်သွယ်ပေးတတ် ကြသော သူများလည်း ဖြစ်သည်။ ။
သီ။ ။ဤအချက်ကိုကား ကျွန်တော် သတိမပြုမိပါ။
ဆော့။ ။လူကလေး၊ ဝမ်းဆွဲတို့သည် ချက်ကြိုးဖြတ်သည့်အလုပ်ကို ဂုဏ်ယူသည်ထက် အောင်သွယ်အလုပ်၌ ပို၍ ဂုဏ်ယူချင်ကြသည်။ စိုက်ခြင်း ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့၏သဘောကိုပြသော အတတ်ပညာသည် မည်သည့် မြေ၌ မည်သည့် မျိုးပင်၊ မည်သည့် မျိုးစေ့ ချရသည်ကိုလည်း ပြတတ်သည် မဟုတ်ပါလော။
သီ။ ။ဟုတ်ပါသည်။ ပြတတ်ပါသည်၊ အတတ်ပညာ တစ်ခု တည်းသာပါ။ ။
ဆော့။ ။မိန်းမကိစ္စ၌ကား တစ်မျိုးဟု အသင် ဆိုချင်ပါသလော။ | သီ။ ။ကျွန်တော် မဆိုချင်ပါ။
ဆော့။ ။ဆို၍လည်းမရပါ။ သို့ရာတွင် ဝမ်းဆွဲတို့သည် ဟီရိဩတ္တပ္ပ တရားရှိသူများ ဖြစ်သည်၊ နာမည်ပျက်မရှိချင်သူများ ဖြစ်သည်၊ အောင်သွယ် အလုပ်ကိုရှောင်သူများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မတော်မလျော် ဆွယ် ပေးတတ်သော၊ ဂမ္မဒေါသသင့်သော မိန်းမ ရှာပေးသူအလုပ် လုပ်မိ မှားမည်စိုးသောကြောင့် ဖြစ်သည်။ စင်စစ်မှာ ဝမ်းဆွဲကောင်းများသည် အောင်သွယ်ကောင်းများလည်း ဖြစ်သည်။
သီ။ ။ဟုတ်နိုင်သည်။
ဆော့။ ။ထို့ကြောင့် ဝမ်းဆွဲ အလုပ်သည် အရေးကြီးသော အလုပ် ဖြစ်သည်ဟုဆိုရာသည်၊ သို့ရာတွင် ကျွန်ုပ်၏ဝမ်းဆွဲအလုပ်လောက်ကား အရေး ကြီးသည် မဟုတ်ပါ။ ကျွန်ုပ်၏လူမမာနှင့် ကိုယ်ဝန်ဆောင် လူမမာတို့သည် မတူကြပါ။ ကျွန်ုပ်၏ လူမမာသည် တစ်ခါတစ်ရံ အဟုတ်ရှိ အမှန်ရှိတို့ကို မွေးဖွားခြင်းပြုတတ်၍ တစ်ခါတစ်ရံ အဟုတ်ရှိ အမှန်ရှိနှင့်ခွဲ၍မရသော အရိပ် အရောင်တို့ကို မွေးဖွားခြင်း ပြုတတ်ပါသည်။ ကိုယ်ဝန်ဆောင် လူမမာကား ထိုသို့ပြုတတ်သည်မဟုတ်ပါ။ အကယ်၍ ကိုယ်ဝန်ဆောင်လူမမာသည် ထိုသို့ သော မွေးဖွားခြင်းတို့ကို ပြုတတ်သည်ဖြစ်လျှင် အဟုတ်ရှိ အမှန်ရှိနှင့်  အရိပ်အရောင်တို့ကို ခွဲခြား၍သိမြင်ရခြင်းသည် ဝမ်းဆွဲအတတ်၏ ဂုဏ်ထူး ဝိသေသတစ်ရပ် ဖြစ်နိုင်သည်ဟု ကျွန်ုပ် ထင်သည်။ လူကလေးကော ထိုသို့ အထင်ရှိပါသလော။
သီ။ ။ဟုတ်ပါသည်၊ ထိုသို့ပင်။
စာပိုဒ်(စ) 
ဆော့။ ။ထိုသို့တပြီးကား ကျွန်ုပ်ဆက်၍ဆိုပါမည်။ ကျွန်ုပ်၏ ဝမ်းဆွဲအတတ် သည် အရာရာတိုင်းလိုလို၌ပင် သူတို့၏ဝမ်းဆွဲအတတ်နှင့် တူပါ၏။ သို့ရာတွင် မတူသောအချက်လည်း ရှိသည်။ မတူသောအချက်မှာ ကျွန်ုပ်၏ ဝမ်းဆွဲအတတ် သည် မိန်းမနှင့်မဆိုင်ပါ၊ ယောက်ျားနှင့်သာ ဆိုင်သည်။ သားဖွားဝေဒနာ ခံစားနေသော ကိုယ်ကာယနှင့် မဆိုင်ပါ၊ သားဖွားဝေဒနာ ခံစားနေသော စိတ်ဓာတ်နှင့်သာ ဆိုင်သည်။ လူငယ်တို့၏ စိတ်ဓာတ်နှင့်သာ ဆိုင်သည်။
လူငယ်တို့၏စိတ်ဓာတ်မှ ဖွားသန့်စင်လာသော အတွေးအခေါ်သည် အရိပ် အယောင် အတုအလိမ်လော၊ အစစ်အမှန် အကောင်းအမွန်လောဟု စိစစ်ခွဲခြား နိုင်ခြင်းသည် ကျွန်ုပ်တတ်သော ဝမ်းဆွဲအတတ်၏ ဂုဏ်ထူးဝိသေသ ဖြစ်သည်။
တူသောအချက်တစ်ခုမှာ ကျွန်ုပ်သည်လည်း ဝမ်းဆွဲကဲ့သို့ပင် မမွေး မဖွားတော့သော အရွယ်လွန် အရွယ်အိုပိုင်းသို့ ရောက်နေပြီ။ သူတစ်ပါးကိုသာ ကျွန်ုပ်က မေးမြန်းစိစစ်ခြင်းပြုတတ်၍ ကျွန်ုပ်ကမူကား အဖြေ မပေးတတ်ဟု ကျွန်ုပ်ကို ဝိုင်း၍ ပြစ်တင်ပြောဆိုကြခြင်းသည် စင်စစ်မှာ တရားပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အဂ္ဂဘုံ၏ အလိုတော်အရ သားဖွားခွင့် မရတော့သောဝမ်းဆွဲ ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ကျွန်ုပ်တွင် မည်သည့် အတတ်ပညာမျှလည်းမရှိ၊ ကျွန်ုပ်၏စိတ်ဓာတ်မှ ဖွားသန့်စင်လိုက်သော မာနသိက သားရတနာ မာနသိက သမီးရတနာဟုလည်း ပြစရာမရှိဖြစ်နေသည်။ သို့ရာတွင် ကျွန်နှင့် ပြောဟောဆွေးနွေး အစစ်အမေးခံရသူအပေါင်း၌ကား ကျေးဇူးရှိလာကြ ပါသည်။ အချို့တို့သည် အစကနဦးတွင် ခပ်ထုံထုံ ခပ်ထိုင်းထိုင်း ဖြစ်သည်။ ကျွန်ုပ်နှင့် အပေါင်းအသင်းဖြစ်၍ ကာလအတန်ကြာမြင့်လာသောအခါ အဂ္ဂဘုံ၏ ကျေးဇူးတော်ကြောင့် အံ့သြစရာ သိသိသာသာ တိုးတက်လာကြသည်။ သူတို့ ကိုယ်တိုင်က ထိုသို့အယူရှိ၍ သူတကာကလည်း ထိုသို့ပင် မြင်ကြသည်။ ထိုသူတို့သည် ကျွန်ုပ်တို့ထံမှ မည်သည့်အရာကိုမျှ ရကြသည် မဟုတ်ပါ။ သူတို့ ရလိုက်ကြသော အရာများသည် သူတို့၏ ဝီရိယကြောင့် သူတို့၏ စိတ်သန္တာန်အတွင်းမှ ဖြစ်ပေါ်လာသော အရာများသာ ဖြစ်သည်။
 သို့ရာတွင် သူတို့၏ စိတ်ဓာတ်မှ ဖွားသန့်စင်နိုင်ကြခြင်းသည် အဂ္ဂဘုံ၏ ကျေးဇူးတော်ကြောင့် လည်းကောင်း၊ ကျွန်ုပ်က ဝမ်းဆွဲလုပ်၍ မွေးဖွားပေးလိုက် သောကြောင့် လည်းကောင်း ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းအတွက် ကျွန်ုပ်မှာ သက်သေပြစရာရှိသည်၊ သက်သေသည် ဤသို့ဖြစ်သည်။ ကျွန်ုပ်နှင့် ပြောဟော ဆွေးနွေး၍ အမေးခံရသူ အများအပြားသည် ကျွန်ုပ်က မွေးဖွားပေးခဲ့သည်ကို အမှုမဲ့ အမှတ်မဲ့ နေကြသောကြောင့်လည်းကောင်း၊ သူသိလာခြင်းသည် သူ တော်သောကြောင့်ဖြစ်သည်ဟု သူ့ကိုယ်သူ အလွန်အထင်ကြီးသော အတ္တမာန ကြောင့်လည်းကောင်း၊ ကျွန်ုပ်ကို အထင်သေးကြသောကြောင့်လည်းကောင်း ကျွန်ုပ်နှင့် ပြောဟော ဆွေးနွေးသင့်သလောက် ပြောဟောဆွေးနွေးခြင်းမပြုဘဲ သူတို့အလိုအလျောက် ကျွန်ုပ်ကို ဖဲခွာသွားတတ်ကြသည်။ ထိုအခါ မည်သို့ ဖြစ်လာသည်ဟု ထင်ပါသနည်း။ ကာလအတန်ကြာသော် ကျွန်ုပ် မွေးဖွားပေးလိုက် သော သူတို့၏ မာနသိက သားသမီးတို့သည် သူတို့၏ အမွေးအမြူ အထိန်း အသိမ်း မကောင်းမှုကြောင့် သက်ဆိုးမရှည် သေကုန်ကြရရှာသည်။ ထိုမျှမက သေးပါ။ အဆိုးအသွမ်းတို့နှင့် ဆက်သွယ်ပေါင်းသင်းမိကြခြင်းကြောင့် သူတို့၌ ရှိသော သားသန္ဓေတို့ကိုပင် သူတို့ ဖျက်ချလိုက်သကဲ့သို့ ဖြစ်လာသည်။ ထို့ပြင် အစစ်အမှန် အကောင်းအမွန်ထက် အရိပ်အယောင် အတုအလိမ်တို့ကို ပို၍ စွဲလမ်းခြင်း ဖြစ်လာကြသည်။ နောက်ဆုံးတွင် သူတို့ကို လူရူးလူမိုက်ဟု အရပ်က မြင်လာကြသကဲ့သို့ သူတို့ကိုယ်ကိုလည်း သူတို့ ပြန်မြင်လာကြသည်။ ပုံစံပြရသော် လိုင်စီမခ၏ သားဖြစ်သူ အရစ္စတိုက်ဒီသည် ထိုသို့သောသူမျိုး ဖြစ်သည်။ သူတစ်ဦးတည်း မဟုတ်ပါ၊ အခြားတစ်ပါးသော သူများလည်း ရှိခဲ့ကြပါသည်။ ထိုကျောင်းပြေး ပညာပြေးတို့သည် ကျွန်ုပ်ထံသို့ ခဏခဏ ပြန်လာ၍ ကျွန်ုပ်နှင့် အပေါင်းအသင်းပြုခွင့် တောင်းကြပြန်ပါသည်၊ လိုလိုချင်ချင် နှင့်ပင် အခွင့်တောင်းကြပါသည်။ ထိုအခါ ကျွန်ုပ်ကို အခါခပ်သိမ်းစောင့်ရှောက် သော အသံတော်နတ်နိမိတ်က ကျွန်ုပ်ကို တားမြစ်ခြင်းမပြုဘဲ ခပ်မဆိတ်နေလျှင် ထိုကျောင်းပြေး ပညာပေးတို့ကို ကျွန်ုပ် ပြန်လည်လက်ခံ၍ သူတို့၏ မာနသိက သားသန္ဓေကို မွေးဖွားပေးလိုက်သည်။ ။
တူသောအချက်တစ်ခု ရှိပါသေးသည်။ ထိုအချက်မှာ ကျွန်ုပ်နှင့်အပေါင်း အသင်းဖြစ်ကြသော သူတို့သည် မီးဖွားမည့် မိန်းမများနှင့် အလွန်တူသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ဝမ်းဆွဲအတတ်ဖြင့် မာနသိက သားဖွားဝေဒနာ ဖြစ် ပေါ်လာအောင်လည်း ပြုတတ်သည်၊ ပျောက်ကင်းသွားအောင်လည်း ပြုတတ် သည်။ မာနသိက သားဖွားဝေဒနာကို ကျွန်ုပ်က လှုံ့ဆော်ပေးလိုက်သောအခါ ထိုသူတို့၏ စိတ်သည် ရှုပ်ထွေးကုန်၍ ပြင်းထန်သော သားဖွားဝေဒနာကို  ခံစားလာကြရသည်။ မီးဖွားမည့် မိန်းမထက်ပင် ပိုမိုပြင်းထန်စွာ ခံစားကြရသည်။ တစ်ခါတစ်ရံ မည်သည့် သားသန္ဓေမျှမရှိသော သူတို့သည်လည်း ကျွန်ုပ်ထံသို့ လာကြပါသည်။ ထိုသို့သော သူမျိုးအတွက် ကျွန်ုပ်၏ ဝမ်းဆွဲပညာသည် တတ်နိုင်သည်မဟုတ်ပါ။ ထိုအခါ တစ်ဦးဦးနှင့်သာ အိမ်ထောင်ဖက် ပြုကြ ပါတော့ဟု ထိုသူတို့ကို ကျွန်ုပ်က ချော့မော့၍ ပြောရပါသည်။ ထိုသို့ ပြော၍ ဆိုဖီဆရာကြီး ပရာဒိကထံ၌လည်းကောင်း၊ အခြားတစ်ပါးသော ဆိုဖီဆရာများ ထံ၌လည်းကောင်း အပ်နှံလိုက်ရပါသည်။ လူကလေး သီတိတ၊ ကျွန်ုပ်သည် အသင့်အား ဤမျှ စိတ်ရှည်လက်ရှည်ပြော၍ ရှင်းပြနေခြင်းသည် အသင်၌ မာနသိက သားသမီး မွေးစရာ ဖွားစရာ သားသန္ဓေရှိ၍ သားဖွားဝေဒနာ ခံစားနေရပြီဟု ကျွန်ုပ် ယူသောကြောင့် ဖြစ်သည်။ အသင့်ကိုယ်တိုင်ကလည်း ထိုသို့ပင် ယူသည်ဟု ကျွန်ုပ် ထင်သည်။ ထို့ကြောင့် လူကလေးသီတိတ၊ ဝမ်းဆွဲ ဆရာမကြီး၏ သားလည်းဖြစ်၍ မိခင်၏ အတတ်ပညာမျိုးကို တတ်သည်လည်း ဖြစ်သော ကျွန်ုပ်ထံသို့ လာလော့၊ ကျွန်ုပ်၏ မေးခွန်းကိုဖြေရန် အားထုတ်ပါလော့။
အသင်၏ သားဦးရတနာကို ကျွန်ုပ်က မွေးဖွားပေးနိုင်သည်ဖြစ်၍၊ မွေးဖွားစ သားဦးကို ကျွန်ုပ်က စိစစ်နိုင်သည်ဖြစ်၍၊ အရိပ်အယောင် အတုအလိမ်ဖြစ်နေမှန်းကို ကျွန်ုပ် သိမြင်သည်ဆိုအံ့။ ထိုအခါ ထောက်ပြခြင်းကို ကျွန်ုပ်က ပြုသောအခါ အသင်သည် သားဦး အလုခံရသော မိခင်ကဲ့သို့ ကျွန်ုပ်ကို ရန်မမူပါနှင့်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ချစ်စရာ အမိုက်အမဲကလေးများ ပျောက်ကွယ် သွားအောင် ကျွန်ုပ်က ပြုလိုက်သောအခါ ကျွန်ုပ်ကို ပြန်ကိုက်တတ်ကြသောသူများကို ကျွန်ုပ် တွေ့ ဖူးပေါင်းများခဲ့ပြီ ဖြစ်သောကြောင့်ပင်။ စေတနာကောင်းဖြင့် ကျွန်ုပ်ပြုသောအမှု၏ ကျေးဇူးကို ထိုသူတို့ မသိကြပါ၊ နတ်ဒေဝါကို လူသတ္တဝါ၏ ရန်သူမဟုတ်ဟု ထိုသူတို့သည် မမြင်ကြပါ၊ ကျွန်ုပ်ကိုလည်း ရန်သူမဟုတ်ဟု ထိုသူတို့သည် မမြင်ကြပါ၊ ကျွန်ုပ်အဖို့မှာ အရိပ်အရောင် အတုအလိမ်တို့ကို ကျွန်ုပ်လက်ခံလျှင် သို့တည်း မဟုတ် အဟုတ်ရှိ အမှန်ရှိ အစစ်အမှန်တို့ကို ကျွန်ုပ် သတ်ညှစ်လိုက်လျှင် မဟာအမှားကို ကျွန်ုပ် ပြုမိချေပြီဟု ကျွန်ုပ် ယူဆထားပါသည်။ လူကလေး သီတိတ၊ ထို့ကြောင့် ယခင်မေးခွန်းကိုပင် ထပ်၍မေးရပါလိမ့်မည်။ သိသည် ဆိုခြင်းသည် (ဝါ) အသိတရားဟူသည် အဘယ်နည်း။ မဖြေတတ် မရှင်းတတ်ဟု ဆို၍ အားမလျှော့ပါနှင့်၊ ယောက်ျားကောင်းပီသစွာ အစွမ်းပြလိုက်ပါဘိ၊ အဂ္ဂဘုံ၏ အကူအညီ အမအစကို အသင်ရ၍ အသင်အဖြေပေးနိုင်ပါလိမ့်မည်။
✥﹤--- www.ebooks4mm.org ---﹥✥

၃။ ဆော့ခရတ္တိ၏ သူရသတ္တိ အယူအဆ 
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် လက်ခီ (Laches) ကထာမှ ကောက်နုတ်သော စာပိုဒ် ၁၆ မှ ၂၆ အထိ ဖြစ်သည်။ ။
လက်ခံကထာသည် ပလေးတိုး စာရေးစအခါက ရေးခဲ့သော စာစုထဲကစာဖြစ်သည်ဟု ယူဆကြပါသည်။ စာရေးစအခါက ပလေးတိုး ရေးသော ကထာစာတမ်းတို့၏ လက္ခဏာတစ်ခုသည် ယေဘုယျအားဖြင့် ဂရိလူမျိုးတို့ အစဉ်အလာအားဖြင့် ယုံကြည်လေးစားသော ဂုဏ်သိက္ခာ တရားများ၏ အနက်အဓိပ္ပာယ်ကို ရှေးဦးစွာဖွင့်တတ်ခြင်း ဖြစ်သည်။ တစ်ဖန် အနက်ဖွင့်ရာ၌ ပလေးတိုးသည် အတိအကျ အဆုံးအဖြတ်ပေးခြင်း မပြုသော်လည်း ဆော့ခရတ္တိ၏ သိပ္ပံနည်းကျ မေးမြန်းစိစစ်နည်းကို သုံးခြင်းအားဖြင့် အယူအဆအဟောင်းတို့၌ အပြစ်ရှိနေလျှင် ထိုအပြစ် ပေါ်လာအောင်လည်းကောင်း၊ အတွေးအခေါ် ရှင်းလင်းလာအောင်လည်း ကောင်း၊ ဝိဇ္ဇာအသိတရားသာ ခေါင်ချုပ်ဖြစ်ကြောင်း နှစ်သက်လက်ခံ ကြအောင်လည်းကောင်း အနက်ဖွင့်တတ်ခြင်း ဖြစ်သည်ဟု ဆိုကြပါသည်။
လက်ခံကထာ ဖြစ်လာပုံသည် ဤသို့ဖြစ်သည်။ အက်သင်းမြို့ တွင် စစ်သူကြီးနှစ်ဦးဖြစ်သော လက်ခီနှင့် နိုက်စိအတို့၏ စစ်အတတ်သင် ကျောင်းသို့ စစ်သူကြီးများ၏ မိတ်ဆွေနှစ်ဦး ရောက်လာကြသည်။ ရောက်လာကြခြင်းအကြောင်းမှာ သားငယ်များ၏ ပညာသင်ကြားရေး အတွက် တိုင်ပင်ရန်ဖြစ်သည်။ စစ်အတတ်သင်ကျောင်းတွင် ချပ်ဝတ်တန်ဆာ ဝတ်၍တိုက်သော နည်းအသစ်ကို ခင်းကျင်းပြသနေသည်ဖြစ်ရာ အဆိုပါ မိတ်ဆွေနှစ်ဦးသည် သူတို့၏သားငယ်များအား ထိုတိုက်နည်းအသစ်ကို သင်ပေးခြင်း ပြုသင့် မပြုသင့် မေးမြန်းကြသည်။ အဖြေပေးကြရာတွင်  စစ်သူကြီးနှစ်ဦးသည် သဘောကွဲနေကြသဖြင့် ထိုအခါက ထိုနေရာ၌ ရှိနေသော ဆော့ခရတ္တိထံမှ အကြံဉာဏ်တောင်းကြသည်။ ဤသို့ဖြင့် လက်ခီ၊ နိုက်စိအ၊ ဆော့ခရတ္တိတို့သုံးဦး၏ ဆွေးနွေးပွဲ ဖြစ်လာသည်။ နောင်အခါတွင် ထိုဆွေးနွေးပွဲ၌ ဆွေးနွေးကြပုံတို့ကို ပလေးတိုးက စာတမ်းရေးခဲ့ခြင်း ဖြစ်သည်။ ထိုစာတမ်းကိုပင် လက်ခံကထာဟု ခေါ် လာကြသည်။
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် ရှေးခေတ်ဂရိတို့၏ ဂုဏ်သိက္ခာ လေးပါးအနက် သူရသတ္တိဂုဏ်သိက္ခာ၏ သဘောကို ဖွင့်ဆိုသောအပိုင်း ဖြစ်သည်။ ထိုအပိုင်းတွင် လက်ခံနှင့် ဆော့ခရတ္တိတို့သည် ရှေးဦးစွာ ဆွေးနွေးကြသည်။ ပြေလည်ပုံမပေါ်သောအခါ နိုက်စိအနှင့် ဆော့ခရတ္တိတို့ ဆွေးနွေးကြပြန်သည်။ နောက်ဆုံးတွင် သူရသတ္တိသည် မည်သို့သော သဘော ဖြစ်၏ဟု အတိအကျအဆုံးအဖြတ် မပေးခဲ့ကြသော်လည်း ဆွေးနွေးချက် တို့ကို ထောက်ခြင်းအားဖြင့် သူရသတ္တိ၌ မည်သို့သော လက္ခဏာများရှိတတ် သည်ကိုကား ကောက်ယူနိုင်သည်။ ထိုလက္ခဏာများအနက် ကြောက် ထိုက် မကြောက်လိုက်၊ ရဲထိုက် မရဲထိုက်၊ အမှား အမှန်၊ အကောင်း အဆိုးတို့ကို ခွဲခြား သိမြင်တတ်သော ဝိဇ္ဇာအသိတရားကို အဓိက လက္ခဏာ အဖြစ်ဖြင့် ကောက်ယူနိုင်ပါသည်။ ။
တစ်ဖန် လက်ခံကထာတွင် သူရသတ္တိ၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ အမှန်သို့ရောက်အောင် ပို့ပေးတတ်သော ဆော့ခရတ္တိ၏ သိပ္ပံနည်းကျ မေးမြန်းစိစစ်နည်းသည် အလွန်ထင်ရှားပါသည်။ ထို့ပြင် ထိုကထာတွင် စစ်သူကြီးနှစ်ဦးအနက် (၁) လက်ခံသည် အတွေးအခေါ် အရာ၌ နိုက်စိအလောက် မလျင်ပုံ၊ လက်တွေ့ သက်သက်ကိုသာ အားကိုးချင်ပုံ၊ တစ်ဖက်သားကို မယုံသင်္ကာရှိတတ်ပုံ၊ စိုက်လိုက်မတ်တတ် ပြောတတ်ပုံ၊ ဆော့ခရတ္တိကို လေးစားပုံ၊ ဆော့ခရတ္တိကြောင့် အယူအဆ ပြောင်းလာပုံတို့ကိုလည်းကောင်း၊ (၂) နိုက်စိအသည် လက်ခီထက် ပို၍ ဉာဏ်ကြီးပုံ၊ သည်းခံတတ်ပုံ၊ အမြော်အမြင်ရှိပုံတို့ကို လည်းကောင်း၊ (၃) ဆွေးနွေးပွဲ၌ စစ်သူကြီး နှစ်ဦးစလုံးအတွက် အဆင်ပြေအောင် ဆော့ခရတ္တိက ထိန်းသိမ်းပေးတတ်ပုံကိုလည်းကောင်း ပလေးတိုးသည် သရုပ်ဖော်တတ် ပါပေသည်ဟုလည်း အဆိုရှိပါသည်။ ထိုသို့ ဆို၍ ပလေးတိုး၏ အရေးအသားကို ချီးကျူးကြပါသည်။
စာပိုဒ် ၁၆ 
ဆော့ခရတ္တိ။ ။အချင်း လက်ခံ၊ မိတ်ဆွေနှစ်ဦး (စစ်သူကြီးနှစ်ဦး၏ မိတ်ဆွေ နှစ်ဦး)သည် သူတို့၏သားငယ်များအား ဂုဏ်သိက္ခာကို သိစေချင်ကြသည်။ ဤသို့ဖြင့် လူတော်လူကောင်း ဖြစ်လာစေချင်ကြသည်။ ဖြစ်စေချင်ကြသည့် အတိုင်း ဖြစ်လာကြအောင် မည်သို့ပြုလျှင် သင့်မည်နည်းဟု ကျွန်ုပ်တို့ကို မေးလာကြပြီ။
လက်ခံ။ ။ဟုတ်ပါသည်။
ဆော့။ ။ထိုသို့တပြီးကား၊ ဂုဏ်သိက္ခာသဘောကို ကျွန်ုပ်တို့ကိုယ်တိုင် ရှေးဦးစွာသိကြရလိမ့်မည်၊ သိကြသည်မဟုတ်ပါက အဘယ်မှာလျှင် အကြံဉာဏ် ပေးနိုင်ကြမည်နည်း။
လက်။ ။ဆော့ခရတ္တိ၊ ဟုတ်ပေ၏။
ဆော့။ ။လက်၊ ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာသဘောကို သိထိုက် ကြသည် မဟုတ်ပါလော။
လက်။ ။သိကြရမည်သာ။
ဆော့။ ။သို့မှသာ ကျွန်ုပ်တို့သိသမျှကို ပြောပြနိုင်ကြမည် ဖြစ်သည်။ လက်။ ။ဟုတ်ပါသည်။
ဆော့။ ။ကောင်းပြီ၊ မည်သည့်အချက်မှစ၍ စဉ်စားကြမည်နည်း။ ကျွန်ုပ်၏ဆန္ဒကို ပြောရမည်ဖြစ်လျှင် အားလုံးစုံနှင့်ဆိုင်သော ဂုဏ်သိက္ခာသဘော ကို ယခု ချက်ချင်း မစဉ်းစားချင်သေးပါ၊ ဝန်လေးလွန်းလှပါသည်။ အစိတ် အပိုင်းတစ်ခုလောက်၏ သဘောကိုပင် သိနိုင် မသိနိုင် စမ်းကြည့်ချင်သည်။ ပို၍လွယ်မည် ထင်သည်။
 လက်။ ။ဆော့ခရတ္တိ၊ အသင်၏ဆန္ဒအတိုင်းပြုပါ။
ဆော့။ ။ကောင်းပြီ၊ ဂုဏ်သိက္ခာတွင် မည်သည့်အစိတ်အပိုင်းကို ရွေးကြမည်နည်း၊ ချပ်ဝတ်တန်ဆာကိုဝတ်၍ စစ်ထိုးရာ၌ အရာရောက်အောင် ပြုပေးတတ်ခြင်းနှင့်ဆိုင်သော အစိတ်အပိုင်းကို ရွေးသင့်သည်ဟု ကျွန်ုပ် သဘောရသည်၊ ထိုအစိတ်အပိုင်းသည် ယေဘုယျအားဖြင့် သူရသတ္တိ မဟုတ်ပါလော။
လက်။ ။ဟုတ်ပါသည်။
ဆာ။ ။ထိုသို့တပြီးကား သူရသတ္တိ၏သဘောကို သိကြရအောင် ရှေးဦးစွာ အားထုတ်သင့်ကြသည်။ သူရသတ္တိ၏ သဘောကို သိပြီးသောအခါ ကျမှသာ ထိုသားငယ်တို့ လိုက်နာနိုင်သမျှ လိုက်နာနိုင်ကြအောင်၊ လေ့လာ နိုင်သမျှ လေ့လာနိုင်ကြအောင် နည်းနာတို့ကို စဉ်းစားကြမည်။ ထို့ကြောင့် အချင်းစစ်သူကြီးလက်ခီ၊ သူရသတ္တိဟူသည် အဘယ်နည်း၊ အသင် သိသမျှ ပြောပြပါဘိ။
စာပိုဒ် ၁၇ 
လက်။ ။ဆော့ခရတ္တိ၊ မခဲယဉ်းလှပါ၊ ပြောပြပါမည်၊ အကြင်သူသည် တာဝန်ကျရာ စစ်မြေပြင်၌ ကြံ့ကြံ့ခံ၍ ရန်သူကို တွန်းလှန်၏၊ မဆုတ်မခွာ နေ၏၊ ထိုသူသည် သူရသတ္တိနှင့် ပြည့်စုံသူပေတည်း။
ဆော့။ ။အချင်း လက်ခံ၊ အသင်၏အဖြေသည် ရှင်းပါပေသည်။ သို့ရာတွင် အသင်၏အဖြေသည် ကျွန်ုပ်အလိုရှိသောအဖြေ မဟုတ်သေးပါ။ စင်စစ်မှာ အသင့်ကို ကျွန်ုပ်မေးစဉ်က ကျွန်ုပ်၏အမေးသည် မသေချာခဲ့ပါ။ ကျွန်ုပ်၏အမေး မသေချာခဲ့သဖြင့် ကျွန်ုပ်အလိုရှိသောအဖြေကို မရသည်မှာ ကျွန်ုပ်၏အပြစ်ကြောင့်သာ ဖြစ်သည်။
လက်။ ။ဆော့ခရတ္တိ၊ ပသို့နည်း။ အမေမသေချာဟု အသင်ဆိုရာတွင် အဘယ်ကို အသင်ဆိုလိုသနည်း။
ဆော့။ ကျွန်ုပ်ဆိုလိုသည်ကို ပြောပါမည်။ အသင်ဆိုခဲ့သည့်အတိုင်း တာဝန်ကျရာစစ်မြေပြင်၌ ကြံ့ကြံ့ခံ၍ တွန်းလှန်သူသည် သူရသတ္တိရှိသူဖြစ်၏ ဟု ကျွန်ုပ်လည်း သဘောရပါသည်။
လက်။ ။ထိုသို့ပင် ကျွန်ုပ်ဆိုချင်သည်။
 ဆော့။ ။ထိုသို့ပင် ကျွန်ုပ်လည်း ဆိုချင်ပါသည်။ သို့ရာတွင် ကြံ့ကြံ့ မခံဘဲ ဆုတ်ရင်းခွာရင်း တွန်းလှန်တိုက်ခိုက်သူကို အသင် ပသို့ဆိုမည်နည်း။
လက်။ ။ဆော့ခရတ္တိ၊ ဆုတ်ရင်းခွာရင်း တွန်းလှန် တိုက်ခိုက်သူ ဆိုသည်ကို ရှင်းပြပါဦး။ ။
ဆော့။ ။ဆီသိအန်စစ်သည်တို့သည် တက်ရင်းလည်းတိုက်၍ ဆုတ်ရင်း လည်း ထိုက်ကြသောသူများ မဟုတ်ပါလော။ ထို့ပြင် ကျွန်ုပ်၏အထင်မှာ မဟာကဗျာစာဆို ဟိုးမားသည် ရထားစီးသူရဲ အိနိအက်၏ စစ်မြင်းတို့ကို ချီးကျူးဖွဲ့ဆိုရာတွင် ထိုစစ်မြင်းတို့သည် ရန်သူနောက်သို့ လိုက်ကြရမည့် အခါကိုလည်း သိကြ၏၊ ထိုဖက်သို့လည်းကောင်း၊ ဤဖက်သို့လည်းကောင်း ကြောက်အား လန့်အားဖြင့် အပြေးအလွှားပြုကြရမည့်အခါကိုလည်း သိကြ၏ဟု ဖွဲ့ဆိုခဲ့သည် ထင်သည်။ ထို့ပြင် ရထားစီးသူရဲ အိနိအက်ကို ချီးကျူး ဖွဲ့ဆိုရာ ၌လည်း အိနိအက်သည် ကြောက်သင့်သော အခါအခွင့်ကို သိတတ်သသူလည်း ဖြစ်၍ ရန်သူ အထင်မှားအောင် ကြောက်ဟန်ဆောင်တတ်သူလည်း ဖြစ်၏ဟု ဖွဲ့ဆိုခဲ့သည် မဟုတ်ပါလော။ ။
လက်။ ။ဆော့ခရတ္တိ၊ အသင် ယခုဆိုသောစကားသည် ဆိုထိုက်သော စကားပေ။ အဘယ့်ကြောင့်ဆိုသော် ဟိုးမားသည် မြင်းကသောရထားစစ်ပွဲ အကြောင်းကို ဖွဲ့ဆိုနေသောကြောင့် ဖြစ်သည်၊ ထို့ပြင် အသင်ဆိုခဲ့သော ဆီသိအန်စစ်သည် ဆိုသည်မှာလည်း မြင်းစီးသူရဲ ဖြစ်သောကြောင့်ပင်။ မြင်းစီး၍ထိုးကြသော စစ်ပွဲမျိုးတွင် အပြေးအလွှား ဆုတ်ခွာ၍ စစ်တိုက်ခြင်း သည် မြင်းစီးသူရဲတို့ သုံးမြဲဖြစ်သော စစ်ပရိယာယ်မျှသာ ဖြစ်သည်။ ကျွန်ုပ် ဆိုလိုသော စစ်သည်ကား ခြေသည်သူရဲပင် ဖြစ်သည်၊ ခြေသည်သူရဲမှန်လျှင် ကြံ့ကြံ့ခံ၍ တိုက်ရမည်သာ။ ။
ဆော့။ ။အချင်း လက်ခံ၊ စပါတာစစ်သည်သည် ခြေသည်သူရဲ ဖြစ်သည်။ စပါတာ ခြေသည်သူရဲကိုကား အသင်ခြွင်းချက်ပြုရလိမ့်မည်။ ကျွန်ုပ် ကြားဖူးသည်မှာ ဤသို့ဖြစ်သည်။ သစ်ကိုင်းသစ်ခက်တို့ဖြင့် ဖွတ်မြီးထိုး ရက်ထားသော ဒိုင်းလွှားတို့ကို ကိုင်လျက် အုပ်ဖွဲ့ ချီတက်လာတတ်သော ပါရှင် စစ်သည်တို့ကို မြင်ကြသောအခါ စပါတာစစ်သည်တို့သည် ကြံ့ကြံ့မခံလိုကြ၊ မိမိတို့၏စစ်ကြောင်းမှ ဆုတ်ကြသည်။ သို့ရာတွင် ချီတက်လာသော ပါရှင် စစ်တပ်၌ လူအုပ်ကွဲသည်နှင့်တစ်ပြိုင်နက် ထိုစပါတာစစ်သည်တို့သည် မြင်းတပ် ကဲ့သို့ ပြန်လှည့်၍ တိုက်ကြသည်ဖြစ်ရာ အောင်ပွဲရကြသည်၊ ဤသို့လျှင် ကျွန်ုပ် ကြားဖူးသည်။
လက်။ ။ဆော့ခရတ္တိ၊ ဟုတ်ပါပေသည်။
 စာပိုဒ် ၁၈ 
ဆော့။ ။ကျွန်ုပ် အမေး မသေချာသောကြောင့် ကျွန်ုပ် အလိုရှိသော အဖြေကို မရသည်မှာ ကျွန်ုပ်၏အပြစ်ကြောင့် ဖြစ်၏ဟု ကျွန်ုပ် ဆိုခဲ့ခြင်းသည် ထိုအကြောင်းကြောင့် ဖြစ်သည်။ စင်စစ်မှာ ကျွန်ုပ်သည် လက်နက်စွဲ ခြေသည်သူရဲတို့၏ သူရသတ္တိလောက်ကိုသာ သိလိုသည်မဟုတ်၊ မြင်းစီးသူရဲ တို့၏ သူရသတ္တိကိုလည်း သိလိုသည်။ စစ်သည်ဟူသမျှ၏ သူရသတ္တိကို သိလိုခြင်းဖြစ် သည်။ ထို့ပြင် စစ်မြေပြင်၌ ရဲရင့်ကြသောသူတို့၏ သူရသတ္တိကိုသာမက သမုဒ္ဒရာလေလှိုင်းတို့၌လည်းကောင်း၊ အနာရောဂါ၏ အနှိပ်အစက်ကိုခံကြရ သောအခါ၌လည်းကောင်း၊ ဆင်းရဲခြင်းနှင့် ကြုံကြ ရသောအခါ၌လည်းကောင်း၊ နိုင်ငံ့အရေးအရာ အစီအမံ အဆောင်အရွက် တို့၌လည်းကောင်း ရဲရင့်ကြသော သူတို့၏ သူရသတ္တိကိုလည်း သိလိုသည်။ ထို့ပြင် အနာအကျင် ခံစားကြရသော အခါ၌ လည်းကောင်း၊ ကြောက်စရာ လန့်စရာတို့နှင့် ရင်ဆိုင်ကြရသောအခါ၌ လည်းကောင်း ရဲရင့်ကြသောသူတို့၏ သူရသတ္တိကိုလည်း သိလိုသည်။ ထိုမျှသာ မကသေးပါ၊ တဏှာလောဘ ကိုလည်းကောင်း၊ ကာမဂုဏ်အာရုံတို့ကို လည်းကောင်း ကြံ့ကြံ့ခံ၍ဖြစ်စေ၊ ဆုတ်ပြီးမှ ပြန်လှည့်တိုက်ခိုက်၍ဖြစ်စေ တွန်းလှန် ရဲကြသောသူတို့၏ သူရ သတ္တိကိုလည်း သိလိုသည်။ အချင်းလက်ခီ၊ ထိုသတ္တိမျိုး သည် လောက၌ ရှိသည်မဟုတ်ပါလော။
လက်။ ။ရှိပါသည်။
ဆော့။ ကျွန်ုပ် ယခုဆိုခဲ့သောသူ အားလုံးသည် သူရသတ္တိရှိကြသူ ချည်း ဖြစ်သည်။ သို့ရာတွင် အချို့သည် ကာမဂုဏ်အာရုံတို့ကို တွန်းလှန်ကြ ရာ၌သာ ရဲရင့်ကြသည်။ အချို့သည် အနာအကျင် ခံစားကြရာ၌သာ ရဲရင့်ကြသည်။ အချို့သည် ကြောက်စရာလန့်စရာတို့နှင့် ရင်ဆိုင်ကြရာ၌သာ ရဲရင့်ကြသည်။ ထို့ပြင် ဆိုခဲ့သော အရေးကိစ္စအမျိုးမျိုး၌ ရဲရင့်သူများ ရှိကြသကဲ့သို့ သူရဲဘော နည်းသူများလည်း ရှိကြသည်။ ထိုသို့ မဟုတ်ပါလော။
လက်။ ။ဟုတ်ပါသည်။
ဆော့။ ။ကျွန်ုပ်သိချင်သည်မှာ ရဲရင့်သူအမျိုးမျိုး၌ရှိသော သူရသတ္တိ၏ သဘော ဖြစ်သည်။ သူရဲဘောနည်းသူအမျိုးမျိုး၌ရှိသော သူရဲဘောနည်းခြင်း၏ သဘော ဖြစ်သည်။ ရှေးဦးစွာ သူရသတ္တိ၏သဘောကို သိချင်ပါသည်။ ထို့ ကြောင့် မေးပါဦးမည်၊ ရဲရင့်ပုံအမျိုးမျိုး၌ သဘောတစ်မျိုးတည်း အဖြစ်ဖြင့် မက်မပြန် ပါတတ်သည်လည်းဖြစ်၍ သူရသတ္တိဟု ဆိုအပ်သည်လည်  ဖြစ်သော သဘောသည် အဘယ်နည်း၊ ကျွန်ုပ်အလိုရှိသော အဖြေအတွက် မေးချင်သော မေးခွန်းသည် ဤမေးခွန်း ဖြစ်သည်။ အချင်းလက်ခီ၊ ဤမေးခွန်းကို အသင် သဘောပေါက်ပြီဟု ထင်ပါသည်။ လက်။ ။ဆော့ခရတ္တိ၊ ကောင်းကောင်း သဘောမပေါက်သေးပါ။
စာပိုဒ် ၁၉ 
ဆော့။ ။ကျွန်ုပ်ဆိုချင်သည်မှာ ဤသို့ဖြစ်သည်။ ကျွန်ုပ်တို့သည် ပြေးရာ၌ လျင်မြန်စွာ ပြေးနိုင်ကြသည်၊ စောင်းတီးရာ၌ လျင်မြန်စွာ တီးနိုင်ကြသည်။ စကားပြောရာ၌ လျင်မြန်စွာ ပြောနိုင်ကြသည်။ စာသင်ရာ၌ လျင်မြန်စွာ သင်နိုင်ကြသည်။ အခြားတစ်ပါးသော အလားတူ အမှုများစွာ၌ လျင်မြန်စွာ ပြုနိုင်ကြသည်။ သို့တည်းမဟုတ် ခြေလက်လှုပ်ခြင်း၊ အသံပြုခြင်း၊ တွေးကြံခြင်း ဟူသော ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးတိုင်းလိုလို၌ပင် လျင်မြန်ခြင်း ရှိနိုင်သည်။ ထိုအခါ လျင်မြန်စွာပြုသော အမူအရာတိုင်း၌ သဘောတစ်မျိုးတည်း အဖြစ်ဖြင့် မဖောက်မပြန် ပါတတ်သည်လည်းဖြစ်၍ လျင်မြန်ခြင်းဟု ဆိုအပ်သည် လည်းဖြစ်သော သဘောသည် အဘယ်နည်းဟု မေးသကဲ့သို့ မေးသောမေးခွန်း မျိုး ဖြစ်သည်။ လျင်မြန်စွာပြုသောအခါတိုင်း လျင်မြန်ခြင်းဟူသော ဝေါဟာရကို အသင် သုံးရမည် မဟုတ်ပါလော။
လက်။ ။ဆော့ခရတ္တိ၊ သုံးရပါမည်။ | ဆော့။ ။ကောင်းပြီ၊ အကယ်၍ တစ်ဦးတစ်ယောက်သောသူသည် ကျွန်ုပ်ရှိရာသို့လာ၍ အချင်းဆော့ခရတ္တိ၊ လျင်မြန်သည်ဟူသော ဝေါဟာရကို အသင်ထည့်၍ပြောသည့်အခါတိုင်း အသင်သည် အဘယ်ကိုဆိုလိုပါသနည်းဟု လည်းကောင်း၊ လျင်မြန်ပုံတိုင်း၌ အကျုံး ဝင်နေသော သဘောသည် အဘယ်နည်းဟု လည်းကောင်း ကျွန်ုပ်ကိုမေးသည် ဆိုအံ့၊ ထိုအခါ စကားပြော ရာ၌ဖြစ်စေ၊ ပြေးရာ၌ဖြစ်စေ၊ အခြားတပါးသော ကံသုံးပါးအမှု တစ်ခုခုက ပြုရာ၌ ဖြစ်စေ အနည်းငယ်မျှသော အချိန်အတွင်းတွင် အမြောက်အမြား ပြီးအောင် ဆောင်ရွက်နိုင်ခြင်း ဖြစ်၏ဟု ကျွန်ုပ် ဖြေမည် ဖြစ်သည်။
လက်။ ။ဆော့ခရတ္တိ၊ အသင် အဖြေပေးပုံသည် သင့်ပါပေသည်။ | ဆော့။ ။အချင်းလက်ခီ၊ ထိုနည်းတူစွာ သူရသတ္တိဟုဆိုအပ်သည်လည်း ဖြစ်၍ သုခ ဒုက္ခနှင့်ကြုံကြရသောအခါ၌သော်လည်းကောင်း၊ ဆိုခဲ့သောအရေး ကိစ္စတစ်ခုခုနှင့် ကြုံကြရသောအခါ၌သော်လည်းကောင်း ရဲရင့်ပါပေသည်ဟု ဆိုရလောက်အောင် သဘော တစ်မျိုးတည်း အဖြစ်ဖြင့် မဖောက်မပြန် ပါတတ်သည်လည်းဖြစ်သော သဘောကို ကျွန်ုပ်အား ပြောပါဘိ။
 လက်။ ။ကောင်းပါပြီ၊ သဘောပေါက်ပါပြီ။ ဆော့ခရတ္တိ၊ ရဲရင့်စွာ ပြုမူသော အရေးကိစ္စတိုင်းနှင့် သက်ဆိုင်ခြင်းရှိသော သဘောကို ပြောရမည် ဖြစ်လျှင် သူရသတ္တိဟူသည် ခံနိုင်ရည်ရှိသော ဇွဲစိတ်ဓာတ်တစ်မျိုး ဖြစ်၏ဟု ကျွန်ုပ် ဆိုချင်သည်။ ။
ဆော့။ ။ဟုတ်ပေ၏။ မေးသည့်မေးခွန်းကို တိတိကျကျ ဖြေရမည် ဆိုလျှင် ထိုသို့ပင် ဖြေရလိမ့်မည်။ သို့ရာတွင် ဇွဲစိတ်ဓာတ်တိုင်းသည် သူရသတ္တိ ဖြစ်၏ဟု ကျွန်ုပ် မထင်ပါ။ မထင်သောအကြောင်းကို ပြောပါမည်။ အချင်း လက်ခီ၊ သူရသတ္တိဟူသည် မြတ်သောသဘောဖြစ်၏ဟု အသင် ဆိုမည်လော။
လက်။ ။အမြတ်ဆုံးဟူ၍ပင် ဆိုလိုက်ချင်သည်။ ။
ဆော့။ ။ကောင်းပြီ၊ အသိတရားနှင့် ယှဉ်သော ဇွဲစိတ်ဓာတ်သည် မြတ်သော သဘောပေလော။
လက်။ ။အလွန်မြတ်သော သဘောပါပေ။
ဆော့။ ။ထိုသို့တပြီးကား၊ မိုက်မဲခြင်းနှင့် ယှဉ်သော ဇွဲစိတ်ဓာတ်ကို အသင် မည်သို့ဆိုမည်နည်း။ ထိုဇွဲစိတ်ဓာတ်မျိုးကို ဆိုး၏၊ ယုတ်၏၊ ဖျက်ဆီး တတ်၏ဟု မဆိုနိုင်ပြီလော။
လက်။ ။ဆိုနိုင်ပါသည်။
ဆာ။ ။မြတ်သောသဘောသည် ဆိုးသော၊ ယုတ်သော၊ ဖျက်ဆီးတတ် သော သဘောဖြစ်၏ဟု အသင် ဆိုမည်လော။ လက်။ ။ဆော့ခရတ္တိ၊ မည်သည့်နည်းနှင့်မျှ မဆိုနိုင်ပါ။
ဆော့။ ။ထိုသို့တပြီးကား၊ မိုက်မဲခြင်းနှင့်ယှဉ်သော ဇွဲစိတ်ဓာတ်ကို သူရသတ္တိဟု အသင် ဆိုနိုင်မည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် မိုက်မဲခြင်းနှင့် ယှဉ်သော ဇွဲစိတ်ဓာတ်သည် မြတ်သောသဘော မဟုတ်သောကြောင့်ဖြစ်၍ သူရသတ္တိကား မြတ်သောသဘော ဖြစ်သောကြောင့်တည်း။
လက်။ ။ဟုတ်ပေသည်။ ။
ဆော့။ ထိုသို့တပြီးကား၊ အသိတရားနှင့်ယှဉ်သော ဇွဲစိတ်ဓာတ်သာ လျှင် သူရသတ္တိဖြစ်၏ဟု ယူရလိမ့်မည်။ လက်။ ။ဆော့ခရတ္တိ၊ ဟုတ်ပေသည်၊ ထိုသို့ ယူမှသာ မှန်လိမ့်မည်။
စာပိုဒ် ၂ဝ 
ဆော့။ ။သို့ရာတွင် အသိတရားနှင့် ယှဉ်ရမည်ဆိုရာ၌ မည်သည့် ကိစ္စများ၌ ယှဉ်ရမည်နည်း။ အသေးအဖွဲကိစ္စ၊ အကြီးအကျယ်ကိစ္စ နှစ်မျိုးစလုံး၌ပင် ယှဉ်ရမည်မဟုတ်ပါလော။ ပုံစံပြပါမည်။ အကြင်သူသည် မိမိ၏ငွေကိုသုံးစွဲခြင်း  အားဖြင့် အဆုံး၌ ဝင်ငွေ ပိုရလာမည်ဟု သိ၏၊ သိသည့်အတိုင်း သုံးစွဲ၏။ သုံးစွဲရာတွင် ထိုအသိနှင့်ယှဉ်သော ဇွဲစိတ်ဓာတ်ကို ထင်ရှားစွာ ပြ၏၊ ထိုသူကို သူရသတ္တိ ရှိသူဟု အသင် ဆိုမည်လော။
လက်။ ။ဆော့ခရတ္တိ၊ အခြားသူများက ဆိုကြစေကာမူ ကျွန်ုပ် မဆို နိုင်ပါ။
ဆော့။ ကောင်းပြီ၊ ပုံစံတစ်ခုပြပါဦးမည်။ အကြင်အခါ၌ ဆေးဆရာ တစ်ဦးသည် ရှိ၏၊ အဆုတ်ရောင်ရောဂါ စွဲကပ်နေသော သူ့သား တစ်ဦး သည်လည်း ရှိ၏၊ သို့တည်းမဟုတ် ထိုသို့သောသူ တစ်ဦးဦးသည်လည်းရှိ၏။ တစ်ဖန်ထိုသားသည် သို့တည်းမဟုတ် ထိုသူ တစ်ဦးဦးသည် စားပါရစေ၊ သောက်ပါရစေဟု နားပူနားဆာပြုနေ၏။ ထိုအခါ ထိုဆေးဆရာသည် အလိုမလိုက်ဘဲ ဇွဲစိတ်ဓာတ်ကောင်းကောင်းဖြင့် ငြင်းဆန်သည်၊ ထိုသဘောကို သူရသတ္တိဟု အသင် ဆိုမည်လော။
လက်။ ။ထိုသဘောလည်း သူရသတ္တိ မဖြစ်နိုင်ပါ။
ဆော့။ ။ပုံစံတစ်ခုကို ပြပါဦးမည်။ တစ်ဦးတစ်ယောက်သောသူသည် စစ်မြေပြင်၌ ဇွဲစိတ်ဓာတ်ရှိ၍ တိုက်ခိုက်ရန် စိတ်သန်သူလည်း ဖြစ်၏၊ ကြိုတင်တွက်ချက်တတ်သဖြင့် တိုက်ပွဲ၌ဝင်ကူမည့်သူ ပေါ်လာလိမ့်မည်ဟု သိသူလည်း ဖြစ်၏၊ ရန်သူ၏အင်အား သေးသည်ကို သိသူလည်းဖြစ်၏။ နေရာချက်ကောင်း ရထားပြီဟု သိသူလည်းဖြစ်၏။ တစ်ဖန် ထိုသူကဲ့သို့ အသိမရှိသော နေရာ ချက်ကောင်း မရသော၊ ဇွဲစိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံမည် ဖြစ်သော သူလည်း ရှိသည်။ ထိုသူနှစ်ဦးတွင် မည်သူက ပို၍ ရဲလိမ့်မည်နည်း။
လက်။ ။နောက်လူက ပို၍ ရဲမည်ထင်ပါသည်။ | ဆော့။ သို့ရာတွင် အလျင်နှင့်စာလျှင် နောက်လူက ပို၍ မိုက်ရာ မကျပြီလော။
လက်။ ။ဟုတ်၏၊ နောက်လူက ပို၍မိုက်ရာကျမည်ဟု ဆိုနိုင်သည်။
ဆော့။ ။ဆိုပါဦးမည်။ တစ်ဦးတစ်ယောက်သောသူသည် မြင်းစီး အတတ်ကို သိသူလည်း ဖြစ်၏၊ မြင်းစီး စစ်ထိုးပွဲတွင် ဇွဲစိတ်ဓာတ်ရှိသူလည်း ဖြစ်၏။ တစ်ဖန် မြင်းစီးအတတ်ကိုမသိပါဘဲလျက် ဇွဲစိတ်ဓာတ်ကောင်းနေ သူလည်း ရှိသည်။ ထိုသူနှစ်ဦးတွင် အလျင်လူသည် နောက်လူလောက်မရဲ အသင်ဆိုမည် ထင်သည်။
လက်။ ။ဆိုမည်သာ။
ဆော့။ ။ထိုသို့ဆိုလျှင် လောက်လွှဲအတတ်ကိုသော်လည်းကောင်း၊ လေး အတတ်ကိုသော်လည်းကောင်း၊ အတတ်တစ်ခုခုကိုသော်လည်းကောင်း  သိသည် လည်းဖြစ်၍ ဇွဲစိတ်ဓာတ်ရှိသည်လည်းဖြစ်သောသူသည် ထိုအတတ် တစ်ခုခုကို မသိပါဘဲလျက် ဇွဲစိတ်ဓာတ်ကောင်းနေသောသူလောက်မရဲဟု အသင် ဆိုရလိမ့်မည်။ ဟုတ်ပါသလော။
လက်။ ။ဟုတ်ပါ၏၊ ဆိုရမည်သာ။
ဆော့။ ။ထိုသို့ဆိုရမည်ဖြစ်လျှင် ရေငုပ်ခြင်းအတတ်၌ မကျွမ်းကျင် ပါဘဲလျက် ရေတွင်းသို့ဆင်း၍ ဇွဲစိတ်ဓာတ်ကောင်းကောင်းဖြင့်ရေငုပ်သောသူသည် သို့တည်းမဟုတ် အခြားသော အလားတူအမှုကိုပြုသောသူသည် ကျွမ်းကျင်၍ ဇွဲစိတ်ဓာတ်ရှိသောသူထက် ပို၍ရဲ၏ဟု ဆိုရာရောက်နိုင်သည်။
လက်။ ။ဆော့ခရတ္တိ၊ ထိုသို့မျှ မဆိုရလျှင် ပသို့ဆိုရမည်နည်း။
ဆော့။ ။မကျွမ်းကျင်သူက ကျွမ်းကျင်သူထက် ပို၍ရဲ၏ဟု ယူသောသူ အဖို့မှာ ထိုသို့မျှမဆိုရလျှင် ဆိုစရာမရှိတော့ပြီ။ ။
လက်။ ။ဆော့ခရတ္တိ၊ ထိုသို့ပင် ကျွန်ုပ် ယူချင်သည်။
ဆော့။ ထိုသို့ ယူလျှင် မကျွမ်းကျင်ပါဘဲလျက် ဇွဲစိတ်ဓာတ် ကောင်း ကောင်းဖြင့် စွန့်သောသူသည် ကျွမ်းကျင်သူထက် ပို၍ မိုက်မဲ၏ဟု ဆိုရ တော့မည်။ လက်။ ။ဟုတ်ပါ၏၊ ဆိုရတော့မည်သာ။
ဆာ။ ။ကောင်းပြီ၊ မိုက်မဲခြင်းနှင့်ယှဉ်သောဇွဲစိတ်ဓာတ်သည် ဆို၏။ ယုတ်၏၊ ဖျက်ဆီးတတ်၏ဟု ကျွန်ုပ်တို့ ဆိုခဲ့ကြပြီ မဟုတ်ပါလော။
လက်။ ။ဆိုခဲ့ကြပါပြီ၊ ဆော့။ တစ်ဖန် သူရသတ္တိဟူသည် မြတ်သောသဘော ဖြစ်၏ ဟုလည်း ကျွန်ုပ်တို့ ဆိုခဲ့ကြပြီ မဟုတ်ပါလော။
လက်။ ။ထိုသို့လည်း ဆိုခဲ့ကြပါပြီ။
ဆော့။ ။ယခုမူ မိုက်မဲခြင်းနှင့်ယှဉ်သောဇွဲစိတ်ဓာတ်ရှိသူကို သူရသတ္တိ ရှိသူဟု ကျွန်ုပ်တို့ ဆိုနေကြရပြီ။
လက်။ ။ဟုတ်ပါ၏၊ ထိုသို့ပင်ဆိုကြရမည်ကဲ့သို့ ဖြစ်နေပြီ။
ဆော့။ ။ထိုသို့ဖြစ်နေလျှင် ကျွန်ုပ်တို့ ဆိုခဲ့သမျှသည် ရှေ့နောက် မညီရာရောက်သဖြင့် သင့်ပါတော့မည်လော။
လက်။ ။ဆော့ခရတ္တိ၊ မသင့်တော့ပြီ။
ဆော့။ ။ထိုသို့တပြီးကား၊ ကျွန်ုပ်တို့နှစ်ဦးစလုံးသည် ဒေါ့ရိအန်ဂီတကို တီးမှုတ်နေကြပါလျက် ဒေါ့ရိအန်သံကျနှင့်ကိုက်အောင် တီးမှုတ်ခြင်းမပြုသကဲ့သို့ ဖြစ်နေပြီ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့နှစ်ဦးစလုံးပင် ပြုခဲ့သည့်အတိုင်း  မပြောကြသောကြောင့် ဖြစ်သည်။ အပြောနှင့်အပြု အပြုနှင့်အပြော မညီကြ သောကြောင့်ဖြစ်သည်။ စစ်မြေပြင်၌ ကျွန်ုပ်တို့နှစ်ဦးစလုံး ရဲရဲဝံ့ဝံ့ပြုမူခဲ့ကြပုံ (ဘီစီ၄၂၄ခုနှစ်၌ ဒီလီယန်စစ်ပွဲတွင် ရန်သူနှင့်ရင်ဆိုင်၍ အသက်စွန့်တိုက်ခိုက်ခဲ့ ကြခြင်းကို ဆိုလိုသည်။)ကို မြင်ဖူးကြသောသူတို့သည် ကျွန်ုပ်တို့၏ အပြုအမူ ကြောင့် ကျွန်ုပ်တို့၌ သူရသတ္တိရှိကြ၏ဟု အဆုံးအဖြတ်ပေးကြတန်ရာသည်။ ဤဆွေးနွေးပွဲ၌ ကျွန်ုပ်တို့ ပြောခဲ့ကြသည်ကို ကြားကြရသောသူတို့ကမူကား ကျွန်ုပ်တို့၏အပြောကြောင့် ကျွန်ုပ်တို့၌ သူရသတ္တိမရှိဟု အဆုံးအဖြတ် ပေးကြ တန်ရာသည်။ ။
လက်။ ။အသင်၏ စကားသည် မှန်လှပေသည်။
ဆော့။ ။ထိုသို့တပြီးကား ကျွန်ုပ်တို့အဖို့ အခြေမလှဖြစ်နေပြီ။ ထို အခြေအနေ၌ ကျွန်ုပ်တို့ ရပ်တည်၍ နေကြသည်ဖြစ်လျှင် သင့်ပါမည်လော။
လက်။ ။ဆော့ခရတ္တိ၊ မသင့်တော့ပါ။
ဆာ။ ။ထိုသို့တပြီးကား၊ ကျွန်ုပ်တို့ဆိုခဲ့သမျှတွင် အချက်တစ်ချက် လောက်ကိုသာ ကွက်၍ လက်ခံကြလျှင် ကောင်းမည်ထင်သည်။ လက်။ ။မည်သည့် အချက်ပေနည်း။
ဆော့။ ။သူရသတ္တိ၏သဘောတွင် ဇွဲစိတ်ဓာတ်တစ်ခုကား မုချပါ၏ ဟူသောအချက်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူရသတ္တိ၏ သဘောကို ဆက်၍ စူးစမ်း ကြရလိမ့်ဦးမည်၊ ထိုအခါ ကျွန်ုပ်တို့၌ ဇွဲစိတ်ဓာတ်ရှိကြမှ ဖြစ်မည်။ မရှိ ကြလျှင် ကျွန်ုပ်တို့ကို သူရသတ္တိက ကဲ့ရဲ့ လိမ့်မည်၊ စင်စစ်မှာ ဇွဲစိတ်ဓာတ် သည်ပင် သူရသတ္တိ၏သဘော ဖြစ်ချင်လျှင်လည်း ဖြစ်နေပေလိမ့်မည်။
လက်။ ။ဆော့ခရတ္တိ၊ ကျွန်ုပ်ကိုယ်တိုင်ကလည်း အလျှော့မပေးလို၊ စူးစမ်းခြင်းကို ပြုလိုသည်။ သို့ရာတွင် ပြောဟောဆွေးနွေး၍ စူးစမ်းကြံဆသော တက္ကသီလအလေ့အကျင့်သည် ကျွန်ုပ်၌မရှိ ဖြစ်ခဲ့သည်။ သို့ရာတွင် ဤအလေ့ အကျင့်ကို အသင့်ထံမှ ကျွန်ုပ် ယခုရလိုက်သဖြင့် အချေအတင် ပြောချင် ဆိုချင်သောဆန္ဒသည် ကျွန်ုပ်၌ ဖြစ်ခဲ့ပြီ။ ထို့ပြင် ကျွန်ုပ်၏ စိတ်ထဲ ဝမ်းထဲ၌ ရှိသမျှကို သူ့နားနှလုံးသို့ရောက်အောင် ကျွန်ုပ် မပြောတတ်သဖြင့် ကျွန်ုပ် စိတ် မကောင်းဖြစ်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူရသတ္တိ၏သဘောကို ကျွန်ုပ် သိသလိုလို ဖြစ်နေသောကြောင့်ပင်။ သို့ရာတွင် သိသလိုလို ဖြစ်နေသည်ကို ဆုပ်၍၊ ကိုင်၍၊ ဖမ်း၍မရ။ လွတ်ထွက်သွားသည်ချည်းကိုသာ တွေ့နေရသည်။ ထို့ကြောင့်သာ ကျွန်ုပ်သည် ပီပီသသ တိတိကျကျ ပြန်၍ မပြောနိုင်ခြင်း ဖြစ်သည်။
 ဆာ။ အချင်းလက်ခီ၊ မုဆိုးကောင်းမည်သည် မလျှော့သောလုံ့လ ဖြင့် ခြေရာခံလိုက်သင့်သည်၊ ထိုသို့ မဟုတ်ပါလော။
လက်။ ။ဟုတ်ပါပေသည်။
ဆော့။ ။ထိုသို့တပြီးကား၊ ကျွန်ုပ်တို့ ဆက်၍ ဆွေးနွေးကြရာတွင် နိုက်စိအလည်း ပါနိုင်အောင် နိုက်စိအကို မေတ္တာရပ်၍ နိုက်စိအ၏ အကူကို တောင်းကြလျှင် ကောင်းမည် ထင်သည်၊ ခြေရာခံ ရာ၌ နိုက်စိအသည် ကျွန်ုပ်တို့ထက် သာချင်လျှင် သာပေလိမ့်မည်။
လက်။ ။နိုက်စိအကို မေတ္တာရပ်ပါ၊ ကျွန်ုပ် သဘောတူပါသည်။
စာပိုဒ် ၂၂ 
ဆော့။ အချင်း နိုက်စိအ၊ အသင်ကြားခဲ့သည့်အတိုင်း ကျွန်ုပ်တို့နှစ်ဦးသည် စကား အချေအတင်တည်း ဟူသော လေလှိုင်းတွင် လူးနေကြ ရသဖြင့် စိတ်ညစ်နေကြရသည်။ ကျွန်ုပ်တို့ကို အသင် ကယ်ပါဘိ။ လူးနေကြရသည့် ဘဝမှ ကျွန်ုပ်တို့လွတ်မြောက်အောင် သူရသတ္တိ၏သဘောကို အသင် နားလည် သမျှ ရှင်းမပြနိုင်ပြီလော။
နိုက်စိအ။ ။ဆော့ခရတ္တိ၊ သူရသတ္တိ၏သဘောကို အသင်တို့ ဖွင့်ဆို နေကြရာတွင် အသင်တို့ လမ်းချော်နေသည်ဟု တစ်ချိန်လုံး ကျွန်ုပ် ထိုင်၍ တွေးနေမိသည်။ ဆော့ခရတ္တိ၊ အသင်ပြောဟောဖူးသော အယူအဆတစ်ခုကို ကျွန်ုပ် မှတ်မိသည်၊ ထိုအယူအဆသည် အလွန်သင့်၏ဟု ကျွန်ုပ်ထင်သည်။ ထိုအယူအဆကို အသင် အဘယ့်ကြောင့် ထည့်၍ဆွေးနွေးခြင်း မပြုပါသနည်း။
ဆော့။ ။နိုက်စိအ၊ မည်သည့် အယူအဆပေနည်း။
နိုက်။ ။လူတိုင်းလူတိုင်းတွင် သူသိသောကိစ္စ၌ ကောင်းသောသဘော ရှိ၍ သူမသိသောကိစ္စ၌ မကောင်းသောသဘော ရှိ၏ဟု အသင် ဆိုသည်ကို ကျွန်ုပ် မကြာခဏ ကြားရသည်။ ထိုအဆိုသည် အသင်၏အယူအဆ မဟုတ် ပါလော။
ဆော့။ ။ဟုတ်ပါသည်။ နိုက်။ ။ထိုအယူအဆကို ထောက်သော် သူရသတ္တိရှိသူ၌ ကောင်း သော သဘော ရှိသောကြောင့် သူရသတ္တိ ရှိသူသည် အသိတရား ရှိသူ ဖြစ်ရမည်ဟု ဆိုနိုင်သည်။
 ဆော့။ ။အချင်းလက်ခီ၊ နိုက်စိအ၏စကားကို အသင်ကြားပါ၏လော။ လက်။ ။ကြားပါ၏၊ သို့ရာတွင် အဘယ်ကို သူ ဆိုလိုသနည်း၊ ကျွန်ုပ် နားမလည်ပါ။
ဆော့။ ။ကျွန်ုပ်အဖို့မှာ နားလည်သလိုလို ရှိသည်၊ ကျွန်ုပ် နားလည် သမျှမှာ သူရသတ္တိဟူသည် အသိတရားတစ်မျိုးဖြစ်၏ဟူသော သဘောဖြစ်သည်။
လက်။ ။ဆော့ခရတ္တိ၊ မည်ကဲ့သို့သော အသိတရားမျိုးကို ဆိုလိုပါ သနည်း။
ဆော့။ ။နိုက်စိအကို မေးရလိမ့်မည်။ လက်။ ။မေးရမည်ပေါ့၊ မေးပါ။
ဆော့။ အချင်း နိုက်စိအ၊ မည်ကဲ့သို့သော အသိတရားမျိုးပေနည်း၊ လက်ခံကို ရှင်းပြပါဘိ။ ပလွေမှုတ်ခြင်းအတတ်ကို သိသောအသိမျိုးကိုကား အသင် ဆိုလိုမည် မဟုတ်ဟု ကျွန်ုပ် ထင်သည်။ ။
နိုက်။ ။ဆော့ခရတ္တိ၊ ထိုသို့သော အသိမျိုး မဟုတ်ပါ။
ဆော့။ စောင်းတီးခြင်းအတတ်ကို သိသောအသိမျိုးလည်း ဟုတ်မည် မထင်ပါ။
နိုက်။ ။ထိုသို့သော အသိမျိုးလည်း မဟုတ်ပါ။
ဆော့။ ။ထိုသို့တပြီးကား၊ မည်ကဲ့သို့သော အသိမျိုးပေနည်း။
လက်။ ။ဆော့ခရတ္တိ၊ အသင်၏ မေးခွန်းသည် အလွန်သင့်သော မေးခွန်းပါပေ၊ နိုက်စိအကသာ ဖြေပါလေလော့။
နိုက်။ ။အချင်း လက်ခံ၊ ဖြေပါမည်။ သူရသတ္တိဟူသည် စစ်မြေပြင်၌ ဖြစ်စေ၊ အရာရာတိုင်း၌ဖြစ်စေ ကြောက်သင့်ကြောက်လိုက်သည်ကိုလည်းကောင်း၊ ရဲသင့်ရဲထိုက်သည်ကိုလည်းကောင်း သိသောအသိတရားမျိုး ဖြစ်သည်။
လက်။ ။ဆော့ခရတ္တိ၊ နိုက်စိအ၏စကားသည် ဆန်းလှပါတကား။
ဆော့။ လက်ခီ၊ ဆန်းလှပါတကားဟု အသင် အဘယ့်ကြောင့် ဆိုသနည်း။
လက်။ ။ဆော့ခရတ္တိ၊ သူရသတ္တိသည် သူရသတ္တိသာ မဟုတ်ပါလော။ အသိတရားသည် အသိတရားသာ မဟုတ်ပါလော၊ တခြားစီ မဟုတ်ပါလော။
ဆော့။ ။နိုက်စိအကမူ တခြားစီ မဟုတ်ဟု ဆိုခဲ့ပြီ။
လက်။ ။ဆော့ခရတ္တိ၊ သူ အလွန်း နလွန်းသောကြောင့် ဆိုခြင်း ဖြစ် တန်ရာသည်။
 ဆော့။ ။အချင်း လက်ခီ၊ ဆွေးနွေးပွဲ ဖြစ်သဖြင့် လူကို ပုတ်ခတ်၍ မပြောသင့်ပါ။ သူလွဲလျှင် သူ့အလွဲကို ကျွန်ုပ်တို့က ဖြောင့်ပေးဖို့သာ ရှိပါသည်။
နိုက်။ ။ဆော့ခရတ္တိ၊ လက်ခံသည် ဖြောင့်ပေးချင်ပုံ မရပါ။ သူ ကိုယ်တိုင်က စကားပေါက်သောက် ရောက်တတ်ရာရာပြောခဲ့သည်မှာ အထင်အရှား ဖြစ်နေသဖြင့် ကျွန်ုပ်သည်လည်း သူကဲ့သို့ပင် စကားပေါက်သောက် ရောက်တတ်ရာရာ ပြောသည်ဟု သူဆိုချင်သောကြောင့် ဖြစ်တန်ရာပါသည်။
စာပိုဒ် ၂၃ 
လက်။ ။အချင်း နိုက်စိအ၊ အသင် တွေးပုံသည် မရိုင်းလှပါ။ အနှစ်သာရ မရှိသောစကားကို အသင် ဆိုကြောင်း ထင်ရှားစေလိုသောကြောင့်သာ ကျွန်ုပ် ပြောမိခြင်း ဖြစ်ပါသည်။ အသင့်ကို ကျွန်ုပ် မေးချင်ပါသည်။ အနာရောဂါ၌ ရှိသည်လည်းဖြစ်၍ ကြောက်သင့်ကြောက်လိုက်သည်လည်း ဖြစ်သောအရာကို ဆေးဆရာတို့သည် သိကြမည် မဟုတ်ပါလော။ ထိုအရာကို သူရသတ္တိ ရှိသူတို့ သိကြသည်ဟု အသင်ထင်ပါသလော၊ သို့တည်းမဟုတ် ဆေးဆရာတို့ကို သူရသတ္တိ ရှိသူများဟု အသင် ဆိုမည်လော။
နိုက်။ ။ကျွန်ုပ် မဆိုပါ။
လက်။ ။ထိုနည်းတူစွာ လယ်သမားတို့ကိုလည်း သူရသတ္တိ ရှိသူများ ဟု အသင် ဆိုမည် မဟုတ်ပါ။ သို့ရာတွင် လယ်သမားတို့သည် စိုက်ပျိုးရေး၌ ရှိသည်လည်းဖြစ်၍ ကြောက်သင့်ကြောက်လိုက်သည်လည်း ဖြစ်သောအရာ ကို သိသူချည်းသာ ဖြစ်ကြသည်။ ထိုနည်းတူစွာ လက်မှုပညာသည်တို့သည်လည်း သူတို့ အတတ်ဖြင့် ပြုကြရာ၌ ကြောက်သင့်ကြောက်လိုက်သည်လည်းဖြစ်၍ ရဲသင့်ရဲထိုက်သည်လည်းဖြစ်သော အရာကို သိသူချည်းသာ ဖြစ်ကြသည်။ သို့သော်လည်း ထိုသို့သော အသိ ရှိသည်ဟူသော အကြောင်းကြောင့်ကား ထိုသူတို့သည် သူရသတ္တိရှိသူများဖြစ်ကြ၏ဟု မဆိုနိုင်ပါ။ နိုက်စိအ၊ ပသို့နည်း။
ဘု။ ။နိုက်စိအ၊ လက်ခီ၏ စောဒနာစကားကို ကျွန်ုပ်တို့ ကြားကြ ရပြီ၊ သူ၏ စောဒနာစကား၌ စဉ်းစားစရာအချက် ပါသလိုလိုပင်။
နိုက်။ ။စဉ်းစားစရာအချက်ကား ပါပါ၏၊ သို့ရာတွင် ထိုအချက်၌ အမှား ပါနေသည်က ခက်သည်။
ဆော့။ ။နိုက်စိအ၊ မည်သို့သော အမှားပေနည်း၊ အဘယ်ကြောင့် ထိုစကားကို အသင် ဆိုသနည်း။
 ရောဂါက နိုင်သောအချက်က ပို၍ကောင်းပါဘိ။ အ နိုက်။ ။အဘယ်ကြောင့်ဆိုသော် ဆေးဆရာသည် ကျန်းမာခြင်း၏ သဘော၊ အနာရောဂါ၏ သဘောတို့ကိုသာမက ထို့ထက်ပို၍ သိသောသူ ဖြစ်၏ဟု လက်ခံ အထင်ရှိနေသောကြောင့် ဖြစ်သည်။ စင်စစ်မှာ ဆေးဆရာ သည်ကျန် မာခြင်း၏သဘော၊ အနာရောဂါ၏ သဘောတို့ကိုသာ သိသောသူ ဖြစ်၏ဟု ကျွန်ုပ် ထင်သည်။ တစ်ဦးတစ်ယောက်သောသူ၏ အကျိုးအတွက် ကျန်းမာခြင်းက ကြောက်သင့်ကြောက်လိုက်သောအရာ ဖြစ်သလော၊ အနာ ရောဂါက ကြောက်သင့်ကြောက်လိုက်သောအရာ ဖြစ်သလော၊ ထိုအချက်သည် ဆေးဆရာ မသိနိုင်သောအချက် ဖြစ်သည်။ အချို့သောသူတို့အဖို့မှာ သူနာ အဖြစ်ဖြင့် အိပ်ရာမှမထဘဲ နေကြရသည်က ပို၍ကောင်းပါသေး၏ဟု အသင် မဆိုနိုင်ပြီလော။ ကျွန်ုပ် မေးချင်ပါသေးသည်။ အသင်ဖြေပါဘိ။ အသက် သေရခြင်းထက် အသက် ရှင်၍ နေရခြင်းက အခါခပ်သိမ်း သာ၍ကောင်း၏ဟု အသင် ဆိုမည်လော၊ အချို့သောသူတို့အဖို့မှာ အသက်ရှင်၍နေရခြင်းထက် အသက် သေလိုက်ရခြင်းက ပို၍ မြတ်သေး၏ဟုကော မဆိုနိုင်ပြီလော။
လက်။ ။ဟုတ်ပေသည်။ အချို့သောသူတို့မှာ အသက် သေလိုက်ရခြင်း ကပင် ပို၍မြတ်ပါသေးသည်။ ။
နိုက်။ ။ထိုသို့တပြီးကား၊ သေရခြင်းက ပို၍ မြတ်ပါသေး၏ဟုယူ၍ သေရခြင်းကို အလိုရှိသောသူအတွက်လည်းကောင်း၊ နေရခြင်းက ပို၍မြတ်၏ဟု ယူ၍ နေရခြင်းကို အလိုရှိသောသူ အတွက် လည်းကောင်း ကြောက်သင့်ကြောက် ထိုက်သောအရာတို့သည် အတူတူပင် ဖြစ်မည်လော။
လက်။ ။မဖြစ်နိုင်ပါ။
နိုက်။ ။ထိုသို့ဆိုလျှင် ကြောက်သင့်ကြောက်လိုက်သော အရာကို ဆေးဆရာသိ၏၊ လက်မှုပညာသည်သည် သိ၏ဟု အသင်ဆိုဦးမည်လော။ သူရသတ္တိ ရှိသူဟု ကျွန်ုပ်ဆိုခဲ့သောသူသာလျှင် ကြောက်သင့် ကြောက်လိုက် သောအရာကို လည်းကောင်း၊ မကြောက်သင့် မကြောက်လိုက်သော အရာကို လည်းကောင်း သိမည်မဟုတ်ပါလော။ ။
ဘု။ ။အချင်း လက်ခံ၊ အသင် သဘောပေါက်ပါ၏လော။
လက်။ ။ဆော့ခရတ္တိ၊ နိုက်စိအ ပေးသော ဆင်ခြေကိုသာ လက်ခံရ မည်ဖြစ်လျှင် လောက၌ ပုစ္ဆန်းနတ်ဆရာတို့ကိုသာလျှင် သူရသတ္တိ ရှိသူဟု ခေါ်ရချေတော့မည်။ အဘယ်ကြောင့်ဆိုသော် နေရခြင်းက မြတ်သလော၊ သေရ ခြင်းက မြတ်သလောဟူသော အချက်ကို ပုစ္ဆန်းနတ်ဆရာသော်မှ မသိလျှင် မည်သူ သိတော့မည်နည်း။ သို့ရာတွင် အချင်း နိုက်စိအ၊ အသင်သည် အသင့် ကိုယ်ကို အသင် ပုစ္ဆာန်နတ်ဆရာ ဖြစ်နေပြီဟု ဆိုချင်သလော၊ သို့တည်းမဟုတ် ပုစွန်းနတ်ဆရာလည်းမဟုတ်၊ သူရသတ္တိရှိသူလည်း မဟုတ်ဟု ဝန်ခံနေသလော။
 နိုက်။ ။အချင်း လက်ခီ၊ အသင် မည်သို့ဆိုလိုက်သနည်း။ ကြောက် သင့် ကြောက်လိုက်သောအရာ၊ ရဲသင့်ရဲထိုက်သောအရာတို့ကို သိသောအသိသည် ပုစွန်းနတ်ဆရာ၌ ရှိ၏ဟု အသင် အထင် ရှိနေပါသလော။
လက်။ ။ပုစ္ဆန်းနတ်ဆရာသော်မှ မသိလျှင် မည်သူ သိပါမည်နည်း။
စာပိုဒ် ၂၄ 
နိုက်။ ။လက်ခီ၊ ကြောက်သင့်ကြောက်လိုက်သောအရာ၊ ရဲသင့်ရဲထိုက်သော အရာတို့ကို သိသောအသိသည် ပုစ္ဆန်းနတ်ဆရာ၌ မရှိ၊ သူရသတ္တိ ရှိသူ၌သာ ရှိသည်။ ပုစ္ဆန်းနတ်ဆရာ သိသည်မှာ သေမှု၊ နာမှု၊ ပစ္စည်းပျောက်မှု၊ စစ်အောင်မှု၊ စစ်ရှုံးမှု၊ ပြိုင်ပွဲ၌ နိုင်မှု ရှုံးမှုတို့နှင့် စပ်လျဉ်း၍ နောင်အခါဖြစ်လာမည့် နိမိတ်လောက်သာ ဖြစ်သည်။ ဆိုခဲ့သော အမှုတစ်ခုခု၌ တစ်ဦးတစ်ယောက် သောသူ၏ အကျိုးအတွက် သေသည်က ကောင်း မကောင်း၊ နာသည်က ကောင်း မကောင်း၊ ပျောက်သည်က ကောင်း မကောင်း၊ နိုင်သည်က ကောင်း မကောင်း၊ ရှုံးသည်က ကောင်း မကောင်းဟူသော အဆုံးအဖြတ်ကိုကား ပုဇွန်းနတ်ဆရာ ပေးနိုင်သည် မဟုတ်ပါ။ ပုစ္ဆန်းနတ်ဆရာ မဟုတ်သူလည်း ပေးနိုင်သည် မဟုတ်ပါ။
လက်။ ။အချင်း ဆော့ခရတ္တိ၊ နိုက်စိအ၏ဆင်ခြေကို ကျွန်ုပ် နားမလည် နိုင်ပါ။ နိုက်စိအ၏ဆင်ခြေအရသော် ပုစ္ဆန်းနတ်ဆရာလည်း သူရသတ္တိရှိသူ မဟုတ်၊ ဆေးဆရာလည်း သူရသတ္တိရှိသူ မဟုတ်၊ မည်သူမျှ သူရသတ္တိရှိသူ မဟုတ်ဟု ဆိုရာရောက်နေသည်။ ထိုသို့ဖြစ်လျှင် လောက၌ နတ်ဒေဝါတို့သာလျှင် သူရသတ္တိ ရှိကြ၏ဟု ဆိုရချိမ့်မည်။ အချင်း ဆော့ခရတ္တိ၊ ကျွန်ုပ်၏ အထင်မှာ နိုက်စိအသည် လျှာအရိုးမရှိ ပြောချင်ရာပြောမိသည်ကို ဝန်ခံလိုဟန်မတူပါ။ ဖုံးကွယ်လို သောကြောင့် ထမင်းရည်ပူလာ လျှာလွှဲ ပြောနေသည်ဟု ကျွန်ုပ် ထင်သည်။ သူ ပြောသကဲ့သို့ ပြောကြစတမ်းဆိုလျှင် အသင်လည်း ပြောတတ် သည်သာ။ တရားခုံရုံးရှေ့၌ အမှုနိုင်ရေးသက်သက်အတွက် ချေပပြောဆို နေရသည်ဖြစ်လျှင် ပြောပါတော့။ ယခုကဲ့သို့သော စကားဝိုင်း၌ကား ဆင်ခြေ ဆင်လက် ထူမနေသင့် ပါ။ အနှစ်သာရမရှိသော စကားတို့ဖြင့် မိမိကိုယ်ကိုမိမိ တန်ဆာဆင်ခြင်း မပြုသင့်ပါ။ အချိန်ကုန်လှပါသည်။
ဆော့။ ။အချင်း လက်ခံ၊ နိုက်စိအ၏ စကား၌ ထမင်းရည်ပူလာလျှာလွှဲ သဘော ပါသည်ဖြစ်လျှင် ထိုစကားကို နိုက်စိအ မဆိုသင့်ဟု ကျွန်ုပ်လည်း  ယူပါသည်။ သို့ရာတွင် နိုက်စိအ၌ ဆိုစရာအထူးရှိသေးဟန် တူသည်။ နိုက်စိအ သည် ပြောချင်ရာကို စွတ်၍ပြောနေသည်ဟု ကျွန်ုပ် မထင်ပါ။ ထို့ကြောင့် နိုက်စိအကို ကျွန်ုပ်တို့က အရှင်းခိုင်းကြမည်။ နိုက်စိအ၌ ဆိုစရာအထူးရှိ၏ဟု ကျွန်ုပ်တို့ သိကြရလျှင် ကျွန်ုပ်တို့က ကြည်ဖြူကြရလိမ့်မည်။ ဆိုစရာ အထူးမရှိဟု သိကြရလျှင်ကား သူ လွဲနေသည်ကို ကျွန်ုပ်တို့က ဖြောင့်ပေး ကြရလိမ့်မည်။
လက်။ ။ကောင်းပါပြီ။ ကျွန်ုပ်မှာ မေးစရာ ကုန်သလောက် ဖြစ်နေပြီ။ အသင် မေးချင်လျှင် မေးပါ။
ဆော့။ ။ကျွန်ုပ်တို့ နှစ်ဦးစလုံးကပင် သိချင်ကြသည် ဖြစ်သောကြောင့် မေးလျှင် မမှားဟု ထင်ပါသည်။
လက်။ ။မမှားဟု အသင် ထင်လျှင် အသင် မေးပါ။
စာပိုဒ် ၂၅ 
ဆော့။ ။အရှင် နိုက်စိအ၊ ကျွန်ုပ် မေးသည်ကို ဖြေပါဘိ။ ကျွန်ုပ် တစ်ဦးတည်း လည်း မဟုတ်ပါ၊ ကျွန်ုပ်တို့ နှစ်ဦးစလုံးပင် အတူတူသိချင်ကြသည် ဖြစ်သော ကြောင့် ကျွန်ုပ်တို့ နှစ်ဦးစလုံးကိုပင်ဖြေပါ။ သူရသတ္တိဟူသည် ကြောက်သင့် ကြောက်လိုက် သည်ကိုလည်းကောင်း၊ ရဲသင့် ရဲထိုက်သည်ကို လည်းကောင်း သိသော အသိတရား ဖြစ်၏ဟု အသင် ဆိုလိုပါသလော။
နိုက်။ ။ဆော့ခရတ္တိ၊ ထိုသို့ပင် ဆိုခဲ့ပြီ။
ဆော့။ ။ကောင်းပြီ၊ အသင်၏ ဆင်ခြေအရသော် လူတိုင်းလူတိုင်း၌ ထိုသို့သော အသိတရားသည် မရှိ၊ ဆေးဆရာ၌လည်း မရှိ၊ ပုဂျွန်းနတ်ဆရာ ၌လည်း မရှိ၊ ထိုအသိတရား မရှိသမျှ ကာလပတ်လုံး ဆေးဆရာလည်း သူရသတ္တိရှိသူ မဟုတ်။ ပုစ္ဆန်းနတ်ဆရာလည်း သူရသတ္တိရှိသူ မဟုတ်။ အသင် ဆိုလိုသည်မှာ ထိုသို့ပေလော။
နိုက်။ ။ထိုသို့ပင်။ 
ဆော့။ ။ထိုသို့တပြီးကား၊ ထိုအသိတရားသည် ဆိုရိုးရှိသည့်အတိုင်း “ဝက်တိရစ္ဆာန်တိုင်းသိသော'တရား မဟုတ်နိုင်။ ထို့ကြောင့် ဝက်တိရစ္ဆာန်၌ သူရသတ္တိ မရှိဟု ဆိုရလိမ့်မည်။
နိုက်။ ။ဆိုရမည်။
ဆော့။ ။ထိုသို့ဆိုလျှင် ခရော်မိုင်အန္ယမ် ဝက်မ (နတ်မျိုးနွယ်အာဇာ ညဖြစ်သော သိဆိအကိုပင် အန်တုရဲသောသားရဲတိရစ္ဆာန်)လောက်ကြီးသော  ဝက်တိရစ္ဆာန်ကြီး၌ပင် သူရသတ္တိမရှိဟု အသင်ဆိုရလိမ့်မည်။ အချင်း နိုက်စိအ၊ ထိုစကားကို ကျွန်ုပ်ဆိုရာ၌ ပြက်ရယ်ပြုနေသည် မဟုတ်ပါ။ သူရသတ္တိဟူသည် ကြောက်သင့်ကြောက်လိုက်သည်ကို လည်းကောင်း၊ ရဲသင့်ရဲထိုက်သည်ကိုလည်း ကောင်း သိသော အသိတရားဖြစ်၏ဟု အသင် ယူခဲ့ပြီ။ ထိုအခါ အသင်၏ အယူကို ကြိုက်သူအဖို့မှာ လူသားအချို့အတွက် သိရန်ခက်ခဲလှသော ထိုအသိ မျိုးသည် ခြင်္သေ့ကဲ့သို့သော၊ ကျားသစ်ကဲ့သို့သော၊ တောဝက်ကဲ့သို့သော သားရဲတိရစ္ဆာန်တို့၌ သူတို့သဘာဝအလျောက် ရှိသင့်ရှိထိုက်သလောက်ပင် မရှိဟု သူ ရဲရဲငြင်းနိုင်ပါမည်လော။ သူရဲရဲငြင်းနိုင်မှသာ သားရဲတိရစ္ဆာန်တိုင်း၌ သူရသတ္တိမရှိဟု သူ ဆိုနိုင်လိမ့်မည်။ ကောင်းပြီ၊ မေးချင်ပါသည်။ ခြင်္သေ့ဟု လည်းကောင်း၊ ဆတ်ဟုလည်းကောင်း၊ နွားသိုးဟုလည်းကောင်း၊ မျောက်ဟု လည်းကောင်း အမျိုးအစားအားဖြင့် ကွဲပြားကြပါသော်လည်း သူရသတ္တိသည် ထိုသားရဲတိရစ္ဆာန်တို့၌ သူတို့ သဘာဝအလျောက် ရှိသင့်သလောက်ပင် မရှိဟု သူ ဆိုရဲပါမည်လော။ သူ ဆိုရဲမည် မဟုတ်ပါ။ )
လက်။ ။ဆော့ခရတ္တိ၊ ကောင်းလေစွ။ အသင်၏ စောဒနာစကားသည် လက်ဖျားခါလောက်ပါပေသည်။ အချင်း နိုက်စိအ၊ မှန်မှန်ပြောပါဘိ။ သူရသတ္တိ ရှိကြပေ၏ဟု ကျွန်ုပ်တို့အားလုံး ယူဆလက်ခံထားကြသော ဤသားရဲတိရစ္ဆာန် တို့သည် အကယ်ပင် လူသားတို့ထက် ပို၍သိကြ၏ဟု အသင် ဆိုမည်လော။ သို့တည်းမဟုတ် အသင်သည် အများ၏ ယူဆလက်ခံထားချက်ကို ဖီလာပြုလျက် ဤသားရဲ တိရစ္ဆာန်တို့၌ သူရသတ္တိ မရှိဟု အသင်ငြင်းဆိုမည်လော။ အချင်း နိုက်စိအ ဖြေပါ။
နိုက်။ ။အချင်း လက်ခံ၊ ဉာဏ်မရှိသောအကြောင်းကြောင့် ကြောက် သင့် ကြောက်ထိုက်သည်ကို မကြောက်သော သားရဲတိရစ္ဆာန်၌ သူရသတ္တိရှိ၏ဟု ကျွန်ုပ်ဆိုရမည်လော။ ထိုသို့သော အခြားသတ္တဝါ၌လည်း သူရသတ္တိရှိသည်၍ ကျွန်ုပ်ဆိုရမည်လော။ ကျွန်ုပ် မဆိုနိုင်ပါ။ ဉာဏ်လည်းမရှိ၊ အကြောက်လည်း မရှိ၊ မိုက်မဲ၏ဟုသာ ဆိုချင်ပါသည်။ ဘေးဖြစ်တတ်သည်ဟု မသိသောအကြောင်း ကြောင့် ဘေးကို မကြောက်သော ကလေးသူငယ်၌ သူရသတ္တိရှိ၏ဟူသော စကားကို ကျွန်ုပ်ဆိုလိမ့်မည်ဟု အသင် အထင်ရှိပါသလား။ အကြောက်မရှိခြင်း နှင့် သူရသတ္တိ ရှိခြင်းတို့သည် မတူကြပါ။ လူအချို့၌သာ အသိတရားနှင့် ယှဉ်သော သူရသတ္တိသည် ရှိ၏။ များလှစွာသော ယောက်ျား မိန်းမတို့၌ကား၊ များလှစွာသော ကလေး လူငယ်တို့၌ကား၊ များလှစွာသောသားရဲတိရစ္ဆာန်တို့၌ ကား အသိတရားကင်းသော မကြောက်စိတ်သာ ရှိကြသည်ဟု ကျွန်ုပ် ထင် သည်။ ကမူးရှူးထိုးပြုချင်ခြင်း၊ အတင့်ရဲချင်ခြင်းတို့သာ ရှိကြသည်ဟု ကျွန်ုပ်  ထင်သည်။ သူရသတ္တိ ရှိပါပေသည်ဟု အသင်တို့ကလည်းကောင်း၊ လူအများက လည်းကောင်း ယေဘုယျအားဖြင့် ပြောဆိုနေကြသော အမူအရာတို့ကို ကမူးရှူးထိုး အမူအရာတို့သာ၊ အတင့်ရဲသောအမူအရာတို့သာဟု ကျွန်ုပ် ဆိုချင်သည်။ သူရသတ္တိ ရှိပါပေသည်ဟု ကျွန်ုပ် ဆိုချင်သော အမူအရာတို့ကား အခြား မဟုတ်၊ အသိတရားနှင့်ယှဉ်သော ကိုယ်နှုတ်နှလုံး အမူအရာတို့သာ ဖြစ်သည်။
✥﹤--- www.ebooks4mm.org ---﹥✥

၄။ ဆော့ခရတ္တိ၏ စောင့်စည်းမှု သံယမ အယူအဆ 
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်များသည် ခါမိ (Chamides) ကထာမှ ကောက်နုတ်သော စာပိုဒ်များ ဖြစ်သည်။ စာပိုဒ် ၉ မှ ၁၇ အထိလည်း ကောင်း၊ စာပိုဒ် ၂၉ လည်းကောင်း ဖြစ်သည်။ ။
မိမိဒိကထာသည် လက်ခံကထာကဲ့သို့ ပလေးတိုးစာရေးစအခါက ရေးခဲ့သော စာစုထဲကစာဖြစ်၏ဟု ယူဆကြသည်။ အနက်ဖွင့်လက္ခဏာသည် ဤ ခါမိဒိကထာ၌လည်း ပါသည်။ ဆော့ခရတ္တိသည် အတွေးသစ်၊ အခေါ်သစ်ကို ကိုယ်စားပြုသူအဖြစ်လည်းကောင်း၊ ဆော့ခရတ္တိနှင့် စကား ဆိုဖက်ဖြစ်သော ခရိတိသည် အယူအဆအဟောင်းကို ကိုယ်စားပြုသူ အဖြစ်ဖြင့်လည်းကောင်း ပြောဟောဆွေးနွေးကြသည်ကို ဤခါမိဒိကထာ၌ တွေ့နိုင်ပါသည်။
မိမိဒိကထာ ဖြစ်လာပုံသည် ဤသို့ဖြစ်သည်။ ဆော့ခရတ္တိသည် ဘီစီ ၄၃၄ ခုတွင် ပေါတိဒီ စစ်မြေပြင်၌ အမှုထမ်းရာမှ အက်သင်းမြို့သို့ ပြန်ရောက်လာ၍ မိတ်ဆွေသူငယ်ချင်းများနှင့် ပြောဟောနေခိုက်၊ မိတ်ဆွေ တစ်ဦးဖြစ်သော ခရိတိအ၏ ညီတစ်ဝမ်းကွဲတော်စပ်သူ ခါမိဒိကို မြင်သည်။ ခါမိဒိသည် ပဒေသရာဇ်အနွယ်ဖြစ်သည်။ လူပျိုပေါက်စဖြစ်သည်။ အဆင်းလှ သည်။ ဥပဓိရုပ်ကောင်းသည်။ အရွယ်နှင့်မလိုက်အောင် နှိုင်းနှိုင်းချိန်ချိန် သုခမိန်စိတ်ထားမျိုးရှိ၍ စောင့်စည်းတတ်သည်ဟု အက်သင်းမြို့၌ ကျော်စော သော လူငယ် ဖြစ်သည်။ ။
ခရိတိအ က ခါမိဒိကို ခေါ်လိုက်သဖြင့် ဆော့ခရတ္တိနှင့် ခါမိတို့ တွေ့ကြသောအခါ လူငယ်လူရွယ်တို့ကို ချစ်တတ်သော ဆော့ခရတ္တိသည် ခါဒိ၏ ရုပ်လက္ခဏာကို ကြည့်၍ ကျော်စောသည့်အတိုင်း ဟုတ်ပါပေ၏ဟု ချီးမွမ်း၏။ ထို့နောက် စောင့်စည်းတတ်၏ဟု ကျော်စောသော ခါမိဒိသည် စောင့်စည်းခြင်း၏ သဘောကို သိတန်ရာ၏ဟုဆို၍ ခါမိဒိကို မေးပါလေ တော့သည်။ ထိုအခါ ခါမိသည် စောင့်စည်းခြင်းဟူသည် ဆေးလေး  ငြိမ်သက်စွာ ပြုမူ တတ်ခြင်းဖြစ်၏ဟု အဖြေ ပေးသည်။ ဆော့ခရတ္တိက ထိုအဖြေကို စောဒနာပြုရာ အဖြေပျက်ရသည်။ တစ်ဖန် ခါမိဒိက စောင့် စည်းခြင်းသည် ကာယိနြေရှိခြင်းနှင့်တူသည်ဟု ဖြေပြန်သည်။ ထိုအခါ၌ လည်း ဆော့ခရတ္တိက စောဒနာပြုရာ အဖြေပျက်ရပြန်သည်။ နောက်ဆုံး၌ သူ့အစ်ကိုတစ်ဝမ်းကွဲလည်းဖြစ်၍ သူ့ဆရာလည်းဖြစ်သော ခရိတိအ၏ စကားကို ခါမိဒိက ပြန်ပြောသည်။ ထိုအခါမှစ၍ အတွေးသစ် ဆော့ခရတ္တိနှင့် အတွေးဟောင်း ခရိတိအတို့၏ စကားဝိုင်း ဖြစ်လာရသည်။ ထိုအကြောင်းကို ပင် ပလေးတိုးက မိဒိ ကထာစာတမ်း ရေးခဲ့ခြင်းဖြစ်သည်။ ရေးရာတွင် ဆော့ခရတ္တိက သူနှင့်ပြောဟောခဲ့ကြပုံကို ပြန်ပြောပြဟန် ရေးထားသည်။
ခါမိဒ္ဓိ ကထာတွင် အတွေးဟောင်း အယူဟောင်းသမားတို့၏ သဘောဆိုသည်မှာ အခြားမဟုတ်။ ဝေါဟာရပညတ်တို့၏ အနက်ကို ဖွင့်ကြရာတွင် သဘာဝဓမ္မနောက်သို့ လည်းကောင်း၊ ဉာဏသမ္ပယုတ္တ နောက်သို့လည်းကောင်း ဖြောင့်ဖြောင့်တန်းတန်း မလိုက်ဘဲ မိမိတို့အလိုရှိရာ ဆန္ဒာဂတိသို့လိုက်၍ ငယ်သည့်အမှုကို ကြီးအောင်၊ ကြီးသည့်အမှုကို အကျိုးနည်းအောင် ပြုဘိသကဲ့သို့ ကတ်သီးကတ်သတ် အကိုးအကားတို့ကို ဆုပ်ကိုင်၍ ဝိဂြိုဟ်ဝစနတ် အကြီးအကျယ်တို့ကိုပေး၍ မသိနားမလည်သေး သော အများပရိသတ်တို့ အထင်ကြီးလာကြအောင် ဟိတ်ဟန်ထုတ်ကာ စကားပြောလေ့ရှိသော လူကြွား ပညာတတ်တို့၏ အမူအရာဖြစ်၏ဟု ဆိုသင့်သည်။ ခရိတိအ၏ အမူအရာတွင် လူကြားပညာတတ် အမူအရာ ပေါ်လာအောင် ထိုအမူအရာကို ပလေးတိုးက သရုပ်ဖော်ခဲ့သည်ဟု ယူချင် လျှင် ယူနိုင်ပါသည်။ ။
စောင့်စည်းခြင်း သံယမ တရားသည် ဂရိတို့ အစဉ်အလာအားဖြင့် ယုံကြည်လေးစားကြသော ဂုဏ်သိက္ခာတရားလေးပါးအနက် တစ်ပါးဖြစ် သည်။ ဂရိဘာသာ၌ “ဆော့ဖရတ်ဆိုင်နီ' ဟု ရှိ၍ ဂရိတို့ နားလည်ကြသည်မှာ သမာဓိရှိခြင်း၊ ကံသုံးပါးအမှုတို့ကို ပြုရာတွင် ဉာဏ်နောက်သို့သာ လိုက် ခြင်း၊ အလွန်အကြူးမပြုခြင်း၊ အစွန်းတစ်ဖက်သို့ မရောက်အောင် သတိ ထားတတ်ခြင်း စသည်တို့ဖြစ်သည်ဟုဆိုသည်။ စောင့်စည်းခြင်းဟူသော မြန်မာဝေါဟာရတွင် ထိုအနက်တို့ကို အာရုံပြုသင့်သည်ဟု ထင်ပါသည်။
အောက်ပါစာပိုဒ်တို့တွင် စောင့်စည်းခြင်းသံယမ၏အဓိကလက္ခဏာ သည် ကောင်းသောအမှုကိုပြုခြင်းဖြစ်၍ အကောင်းအဆိုး အကျိုးအပြစ်ကို ပိုင်းခြားသိမြင်သော ဝိဇ္ဇာ အသိတရားဖြစ်ကြောင်း ဆော့ခရတ္တိ ဆိုလိုသည်ကို တွေ့နိုင်သည်။
စာပိုဒ် ၉ 
ကျွန်ုပ် (ဆော့ခရတ္တိ)က ဆိုသည်မှာ ဤသို့ ဖြစ်သည်။ လူကလေး ခါမိ၊ စောင့်စည်းခြင်း သံယမတရား၏ သဘောကို စူးစမ်းခြင်းပြုရာတွင် ဤနည်းဖြင့် ပြုလျှင် ကောင်းမည်ထင်သည်။ စောင့်စည်းခြင်းသည် အသင်၌ ရှိခဲ့သည်ဖြစ်လျှင် စောင့်စည်းခြင်း၏ သဘောနှင့်စပ်လျဉ်း၍ အသင့်တွင် အသိအမြင် အယူအဆ တစ်ခုခုသည် ရှိနိုင်သည်။ အသင့်ကို စောင့်စည်းတတ်သောသူဟု ဆိုခဲ့ကြပြီ။ ထို့ကြောင့် အသင်ပြုခဲ့ဖူးသော စောင့်စည်းခြင်း အပြုအမူတို့ကို စိတ်မျက်စိ၌ မြင်လာအောင် အသင် အာရုံပြုပါ။ ထို့နောက် အာရုံပြုသဖြင့် သိလာသော အသိမှ အစပြု၍ အသင့်တွင် အသိအမြင် အယူအဆ တစ်ခုခုသည် ဖြစ်ပေါ်လာနိုင်သည်။ ထိုသို့ မဟုတ်ပါလော။ ။
ထိုအခါ ဟုတ်ပါသည်။ ဖြစ်ပေါ်လာနိုင်ပါသည်ဟု လူကလေး ခါမိဒိက ဆိုပါသည်။ ။
ကောင်းပြီ။ အသင်သည် ဂရိဘာသာစကားကို ကောင်းစွာတတ်ကျွမ်းသူ ဖြစ်သဖြင့် အသင်သိမြင်သမျှ၊ ယူဆသမျှကို ကျွန်ုပ်အား ပြန်ပြောပါမည်လော ဟု ကျွန်ုပ်က မေးပါသည်။
ထိုအခါ ခါမိဒိက ပြန်ပြောပါမည်ဟု ဆိုသည်။ ။
ကောင်းပြီ။ စောင့်စည်းခြင်း သံယမသည် အသင်၏ စိတ်သန္တာန်၌ ကိန်းတည်လျက်ရှိမရှိ ကျွန်ုပ် မှန်းကြည့်လိုသည်။ ထို့ကြောင့် ကျွန်ုပ်က မေးမည်။ စောင့်စည်းခြင်းဟူသည် အဘယ်နည်း။ လူကလေး၊ အသင်၏ စိတ်မျက်စိ၌ မြင်လာသမျှကို ပြောပါဘိ။
ထိုသို့ ကျွန်ုပ်က မေးလာသောအခါ လူကလေးခါမိဒီသည် ပထမသော် ကျွန်ုပ်၏ အမေးကို ဖြေချင်ပုံ မရ။ မဝံ့မရဲ ဖြစ်နေသည်။ အတန်ကြာမှ သူက ဖြေသည်မှာ သူတွေးမိသမျှ ပြောရမည်ဖြစ်လျှင် စောင့်စည်းခြင်းသံယမ  ဆိုသည်မှာ မည်သည့်အမှုကို ပြုသည်ဖြစ်စေ၊ အစီအစဉ်အလိုက် ပြုခြင်း၊ ဆေးလေး ငြိမ်သက်စွာ ပြုခြင်းဖြစ်သည်၊ လမ်းသွားရာ၌သော်လည်းကောင်း၊ စကားပြောရာ၌ သော်လည်းကောင်း၊ ပြုမှုပြောမှု တစ်ခုခုပြုရာ၌သော် လည်းကောင်း ဆေးလေး ငြိမ်သက်စွာ ပြုခြင်းကိုဆိုလိုပါသည်။ အချုပ်မှာ စောင့်စည်းခြင်း သံယမဟူသည် ဆေးလေးငြိမ်သက်ခြင်း ဖြစ်၏ဟု ကျွန်တော် ထင်သည်။ ဤသို့လျှင် ခါမိဒိက ဆိုပါသည်။
စာပိုဒ် ၁ဝ 
ထိုအခါ ကျွန်ုပ်က လူကလေးခါမိဒိ၊ ဟုတ်ပါမည်လော။ ဆေးလေး ငြိမ်သက်စွာ ပြုသော သူများသည် စောင့်စည်းတတ်သော သူများဖြစ်ကြ၏ဟု အချို့က ဆိုကြသည်မှာ မုချဖြစ်သည်။ ထို့ကြောင့် ထိုစကား၏သဘော ဟုတ် မဟုတ် ကျွန်ုပ်တို့ မေးမြန်းစိစစ်၍ ဆင်ခြင်ကြည့်မည်။ ကောင်းပြီ၊ ကျွန်ုပ် မေးချင်သည်။ စောင့်စည်းခြင်း သံယမကို ကောင်းသော တရားစု၊ လေးစားအပ်သော တရားစု၌ အသင် သွင်းချင်ပါသလော။
ထိုအခါ ခါမိဒိက သွင်းချင်ပါသည်ဟု ဆိုသည်။
ထိုသို့တပြီးကား၊ လက်ရေးသင်ရာ၌ မြန်မြန်သွက်သွက် ရေးခြင်းလည်. ရှိ၏၊ ဆေးဆေးလေးလေး ရေးခြင်းလည်း ရှိ၏။ ထိုနှစ်မျိုးသည် မည်သည်က အကောင်းဆုံးဖြစ်သနည်းဟု ကျွန်ုပ်က မေးလိုက်သည်။ ။
ထိုအခါ ခါမိဒိက ကျွန်တော်၏အမြင်တွင် မြန်မြန်သွက်သွက် ရေးခြင်းက အကောင်းဆုံးဖြစ်၏ဟု ဖြေပါသည်။ ။
ကောင်းပြီ။ စာဖတ်ရာ၌လည်း မြန်မြန်သွက်သွက် ဖတ်သည်က အကောင်းဆုံးလော၊ ဆေးဆေးလေးလေးဖတ်သည်က အကောင်းဆုံးလော။
မြန်မြန်သွက်သွက် ဖတ်သည်က အကောင်းဆုံးပါ။ ။
ထို့ပြင် စောင်းတီးရာ၌သော်လည်းကောင်၊ နပန်းလုံးရာ၌သော်လည်း ကောင်း မြန်မြန်သွက်သွက် ပြုခြင်းက သာ၍ကောင်းသည် မဟုတ်ပါလော။
ဟုတ်ပါသည်။ ။
ထို့ပြင် လက်ဝှေ့ထိုးရာ၌သော်လည်းကောင်၊ လက်ဝှေ့ထိုး နပန်းလုံးရာ၌ သော်လည်းကောင်း ထိုသဘောအတိုင်းပင် မဟုတ်ပါလော။ ဟုတ်ပါသည်။ ။
ပြေးခြင်း၌လည်းကောင်း၊ ခုန်ခြင်း၌လည်းကောင်း၊ အားကစား အမျိုးမျိုး၌ လည်းကောင်း မြန်မြန်သွက်သွက်ပြုခြင်းသည် ယေဘုယျအားဖြင့် ကောင်း၏။ နှေးနှေးကွေးကွေးပြုခြင်းသည် ယေဘုယျအားဖြင့်မကောင်း။ ထိုသို့ မဟုတ်ပြီလော။
 ဟုတ်၏ဟု ဆိုရမည်သာ။
ထိုသို့ဆိုလျှင် ကာယကံမှုအားလုံးတွင် ဆေးလေး ငြိမ်သက်စွာပြုခြင်းသည် လေးစားအပ်သည် မဟုတ်။ မြန်မြန်သွက်သွက် ပြုခြင်းသည်သာလျှင် လေးစား အပ်၏ဟု ကောက်ချက်ချရတော့မည်၊ ဟုတ်ပါသလော။
ဟုတ်ပါသည်။ ထိုသို့ပင် ကောက်ချက် ချရပါတော့မည်။
ထိုအခါ ကျွန်ုပ်က လူကလေး ခါမိဒိ၊ စောင့်စည်းခြင်း သံယမသည် လေးစားအပ်သော တရားပေလောဟု မေးပါသည်။ ။
စောင့်စည်းခြင်း သံယမသည် လေးစားအပ်သော တရားပါပေ။
ထိုသို့ဆိုလျှင် ကာယကံမှုအားလုံးတွင် ဆေးလေးငြိမ်သက်ခြင်းသည် အဆင့်အတန်းမြင့်သော စောင့်စည်းခြင်း မဖြစ်နိုင်။ မြန်ခြင်းသာလျှင် အဆင့် အတန်းမြင့်သော စောင့်စည်းခြင်း ဖြစ်နိုင်၏ဟု ဆိုရတော့မည်။ ။
ဟုတ်ပါသည်။ ထိုသို့ပင် ဆိုရပါတော့မည်ဟု ခါမိဒိက ဆိုပါသည်။
စာပိုဒ် ၁၁ 
ထို့နောက် ကျွန်ုပ်က ဆက်၍မေးပြန်သည်မှာ လူကလေးခါမိဒိ၊ ပညာသင်ရာ၌ တတ်လွယ်ခြင်းလည်း ရှိ၏၊ တတ်ခဲခြင်းလည်း ရှိ၏။ ထိုနှစ်မျိုးတွင် မည်သည်ကို ပို၍ လေးစားသင့်သည်ဟု အသင် ဆိုမည်နည်း။
တတ်လွယ်ခြင်းကို ပို၍ လေးစားသင့်ပါသည်။
တတ်လွယ်ခြင်းဆိုသည်မှာ မြန်မြန်တတ်မြောက်ခြင်းဖြစ်၍ တတ်ခဲခြင်း သည် နှေးနှေးတတ်မြောက်ခြင်း ဖြစ်သည်။ ထိုသို့ မဟုတ်ပါလော။
ဟုတ်ပါသည်။ ။
ထို့ပြင် သူတစ်ပါးကို ပညာသင်ပေးရာ၌လည်း မြန်မြန်သင်ပေးနိုင်ခြင်းကို နှေးနှေးသင်ပေးခြင်းထက် ပို၍ လေးစားသင့်သည် မဟုတ်ပါလော။
ဟုတ်ပါသည်။
ထိုသို့ဖြစ်လျှင် မှတ်မိ သတိရရာ၌လည်း မြန်မြန် မှတ်မိခြင်းကို နှေးနေမှတ်မိခြင်းထက် ပို၍ လေးစားသင့်သည် မဟုတ်ပါလော။ ဟုတ်ပါသည်။
ကောင်းပြီ။ မြန်မြန်မှတ်မိခြင်း ဆိုသည်မှာ နှေးကွေးဆေးလေးသောဘဏ် မဖြစ်နိုင်၊ လျင်မြန်သောဉာဏ်သာ ဖြစ်နိုင်သည်ဟု ဆိုရမည်။ ဟုတ်ပါသလော။
ဆိုရမည်သာ။
 ထို့ပြင် လက်ရေးသင်ရာ၌သော်လည်းကောင်း၊ စောင်းအတီးသင်ရာ၌ သော်လည်းကောင်း၊ ကိစ္စအမျိုးမျိုး၌သော်လည်းကောင်း သင်ပေးသမျှ မြန်မြန် နားလည်ခြင်းကို နှေးနှေးနားလည်ခြင်းထက် ပို၍ လေးစားသင့်သည်ဟု ဆိုရ လိမ့်ဦးမည်။ ဟုတ်ပါသလော။ | ဟုတ်ပါသည်။
ထိုသို့ဖြစ်လျှင် တွေးမှု ကြံမှု အရာ၌ နှေးကွေးသောသူသည် သို့တည်း မဟုတ် ခဲခဲယဉ်းယဉ်း တွေးတောကြံဆရသူသည် ချီးမွမ်းအပ်သောသူ မဖြစ်နိုင်။ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် တွေးတောကြံဆတတ်သောသူသာလျှင် ချီးမွမ်းအပ်သောသူဖြစ်၏ဟု ဆိုရတော့မည်။
ဟုတ်ပါသည်။ ဆိုသင့်ပါသည်။
ထို့နောက် ကျွန်ုပ်က ဆိုသည်မှာ လူကလေး ခါမိဒိ၊ ခြုံငုံ၍ ဆိုရမည် ဖြစ်လျှင် ကာယကံမှု၊ ဝစီကံမှုဖြစ်သော ရုပ်အမူအရာတို့၌လည်း မြန်ခြင်းသည် နှေးခြင်းထက်သာ၍ မနောကံမှုဖြစ်သော စိတ်အမူအရာတို့၌လည်း မြန်ခြင်းကပင် နေခြင်းထက်သာ၏ဟု မဆိုထိုက်ပြီလော။
ဆိုရတော့မည်ကဲ့သို့ ဖြစ်နေပါပြီ။
ထိုသို့ဖြစ်လျှင် သံယမသည် ဆေးလေးငြိမ်သက်ခြင်းမဖြစ်နိုင်။ သံယမ ရှိသော ကိုယ်နှုတ်နှလုံး အမူအရာတို့သည်လည်း ဆေးလေးငြိမ်သက်သော ကိုယ်နှုတ်နှလုံး အမှုအရာ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် သံယမ ရှိသော ကိုယ်နှုတ်နှလုံး အမူအရာတို့၌ ကောင်းသောသဘောရှိသင့်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဆေးလေးငြိမ်သက်သော အမူအရာက မြန်သောအမူအရာထက် သာသည်ကို မတွေ့မမြင်ရသောကြောင့်လည်း ဖြစ်သည်။ သို့တည်းမဟုတ် ဆေးလေး ငြိမ်သက်သော အမူအရာက မြန်သောအမူအရာထက် သာသည်ကို စိုးစဉ်းမျှသော အမှုတို့၌သာ တွေ့ရမြင်ရသောကြောင့်လည်း ဖြစ်သည်။ မွန်မြတ်သော အပြုအမူ များစွာရှိသည့်အနက် မြန်သောအပြုအမူ အမြောက်အမြား ရှိသလောက် နှေးသော အပြုအမူတို့လည်း အမြောက်အမြားပင် ရှိ၏ဟု ဆိုရစေကာမူ သံယမ သဘောကို ရှာလျှင် နှေးနှေးပြုသော အမူအရာတို့မှာထက် မြန်မြန်ပြုသော အမူအရာတို့၌ ထူးထူးခြားခြား တွေ့ရမည်သာ ဖြစ်သည်။ မြန်မြန်ပြုသော အမူအရာ၌ နှေးနှေးပြုသော အမူ အရာထက် ပို၍ သံယမ ရှိရာရောက်သည်ကို တွေ့ရမည်သာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သံယမသည် လေးစားအပ်သော သဘောဖြစ်၏ဟု လည်းကောင်း၊ မြန်သော အမူအရာတို့သည် နှေးသော အမှုအရာတို့လောက်ပင် လေးစားအပ်၏ဟု လည်းကောင်း ကျွန်ုပ်တို့ လက်ခံခဲ့ကြ သောကြောင့် ဖြစ်သည်။ ဤသို့လျှင် ကျွန်ုပ်က ဆင်ခြေပေးပါသည်။
 ထိုအခါ လူကလေးခါမိဒိက အချင်းဆော့ခရတ္တိ၊ အသင်၏ ဆင်ခြေသည် သင့်နိုးအံ့ထင်၏ဟု ဆိုပါသည်။
စာပိုဒ် ၁၂ 
ထိုအခါ ကျွန်ုပ်က ဆိုပြန်သည်မှာ လူကလေးခါမိဒိ၊ အသင်က ထိုသို့ ဆိုသည် ဖြစ်လျှင် သံယမ၏ သဘောကို အသင် ပြောပြနိုင်အောင် ထပ်၍ အား ထုတ်ပါဦး။ ကိုယ့်စိတ်ကို ကိုယ်သုံးသပ်၍ စေ့စေ့စပ်စပ် ဆင်ခြင်ကြည့်ပါဦး။ သံယမ ရှိသော အမူအရာကို အသင်ပြုသောအခါ အသင်၌ မည်သို့သောစိတ် သည် ဖြစ်ပေါ်ခဲ့ဖူး သနည်း။ ထိုစိတ်၌ မည်သို့သောသဘော ရှိသနည်း။ တွေး ကြည့်ပါ။ ထို့နောက် အသင်တွေးကြည့်သဖြင့် အသင်သိမြင်လာသည့်အတိုင်း မကွယ်မထောင့် ပြန်ပြောပါ။ ဤသို့လျှင် ကျွန်ုပ်က ခါမိဒိကို တိုက်တွန်းပြန်သည်။
ထိုအခါ လူကလေး ခါမိဒီသည် သူ၏ စိတ်တွင်းအခြေအနေကို သူ ပြန်ကြည့်ဘိသကဲ့သို့ အတန်ကြာမျှ စူးစူးစိုက်စိုက် စဉ်းစားပြန်သည်။ ထို့နောက် ပြောသည်မှာ အချင်း ဆော့ခရတ္တိ၊ ကျွန်တော် တွေးမိ၍ သိမြင်သည့်အတိုင်း ပြောရမည်ဖြစ်လျှင် သံယမ ရှိသောသူ၌ အရှက် ရှိသည်။ ထို့ကြောင့် သံယမ သည် ကာယိနှင့် တူ၏ဟု ထင်သည်။
ထိုအခါ ကျွန်ုပ်က မေးသည်မှာ ခါမိ၊ သံယမဟူသည် လေးစားအပ် သော သဘောဖြစ်၏ဟု အသင် ဆိုခဲ့သည် မဟုတ်ပါလော။ ဟုတ်ပါသည်၊ ဆိုခဲ့ပါသည်။
ထို့ပြင် သံယမ ရှိသောသူ၌ ကောင်းသော သဘောလည်း ရှိသည် မဟုတ်ပါလော။
ဟုတ်ပါသည်၊ ရှိပါသည်။
လူကောင်းဖြစ်အောင် မပြုနိုင်သော အရာကို ကောင်းသောအရာဟု အသင် ဆိုမည်လော။
မဆိုပါ။
ထိုသို့ဆိုလျှင် သံယမသည် လေးစားအပ်သည်သာမက ကောင်းသည် လည်း ဖြစ်၏ဟု မယူနိုင်ပြီလော။
ယူနိုင်ပါသည်ဟု ထင်ပါသည်။
ကောင်းပြီ။ 'နွမ်းပါးချို့တဲ့သူအဖို့မှာ ကာယိနြေသည် မိတ်ဆွေကောင်း မဖြစ်နိုင်”ဟု မဟာကဗျာစာဆို ဟိုးမားသည် ဆိုမိန့်ခဲ့သည်။ ထိုအဆိုအမိန့်ကို အသင် မည်သို့ သဘောရပါသနည်း၊ သဘောကျပါသလော။
 ဆော့ခရတ္တိ၊ သဘောကျပါသည်။ ခါမိ၊ သဘောကျသည်ဟု အသင်ဆိုလျှင် ကာယိနြေသည် ကောင်း လည်းကောင်း၍ မကောင်းလည်း မကောင်းဟု ဆိုရာမရောက်ပြီလော။
ဆိုရာရောက်နိုင်ပါသည်။
သို့ရာတွင် လူခပ်သိမ်းကို မကောင်းအောင်မပြုတတ်၊ ကောင်းအောင်သာ ပြုတတ်သော သံယမသည် ကောင်းသောသဘောသာဖြစ်သည်။ ဟုတ်ပါသလော။
ဟုတ်ပါသည်။
ကောင်းပြီ။ သံယမသည် ကောင်းသော သဘောသာဖြစ်၏ဟု အသင်ဆို လျှင်၊ ထို့ပြင် ကာယိနြေသည် ကောင်းသည့်အခါကောင်း၍ မကောင်းသည့်အခါ မကောင်း၏ဟု ဆိုရာရောက်လျှင် သံယမသည် ကာယိနြေ မဖြစ်နိုင်ဟု ကောက်ရလိမ့်မည်။
စာပိုဒ် ၁၃ 
ထိုအခါ ခါမိဒိက အချင်းဆော့ခရတ္တိ၊ ဤဆင်ခြေလည်း လျော်ကန်လှပါပေ သည်။ သို့ရာတွင် ကျွန်တော်ကြားဖူးသော စကားတစ်ခွန်း ရှိပါသည်။ ထိုစကားကို ယခု သတိရလာပြီ။ သူ့အဆိုမှာ သံယမဟူသည် “ကိုယ့်ကိစ္စကိုသာ ပြုခြင်း” ဖြစ်၏ဟု ဆိုပါသည်။ ဆော့ခရတ္တိ၊ ထိုအဆိုသည် မှန်ပါသလော။
ဟ လူကလေး မောင်ယောင်တောင်တောင်ရ၊ အသင်၏ စိတ်အခြေကို အသင်ကိုယ်တိုင် လေ့လာ၍ သိလာသော အသင်၏ အသိကိုသာ ကျွန်ုပ် အလိုရှိသည်။ ယခုသော် သူတစ်ပါး၏ စကားကို အသင်က ဆိုချေပြီ။ အသင် သည် ထိုစကားကို ခရိတိအထံမှ ကြားခဲ့သလော၊ သို့တည်းမဟုတ် ပညာရှိ တစ်ဦးဦးထံမှ ကြားခဲ့သလောဟု ကျွန်ုပ်က မေးလိုက်ပါသည်။ ။
ထိုအခါ ခရိတိအက အချင်းဆော့ခရတ္တိ၊ ခါမိသည် ထိုစကားကို ကျွန်ုပ်ထံမှ ကြားခဲ့သည်မဟုတ်နိုင်ပါ။ ပညာရှိတစ်ဦးဦးထံမှ ကြားခဲ့ဟန်တူပါ သည်ဟု ကြားဝင်၍ ဆိုပါသည်။ ။
ထိုအခါ ခါမိဒိက ဆိုသည်မှာ ဆော့ခရတ္တိ၊ မည်သူ့ထံမှ ကျွန်တော် ကြားခဲ့သည်ဟူသော အချက်သည် အရေးမဟုတ်ပါ။
ရွေ့ ဟုတ်ပေ၏၊ မည်သူ့ထံမှ ကြားခဲ့သည်ဟူသော အချက်သည် ကျွန်ုပ်တို့ စဉ်းစားကြရမည့်အချက်မဟုတ်။ ကြားခဲ့သောစကား မှန် မမှန်သာ ကျွန်ုပ်တို့ စဉ်းစားကြရမည့်အချက် ဖြစ်ပေသည်။
 ဆော့ခရတ္တိ၊ ထိုသို့သာ ဖြစ်သင့်သည်။ လမ်းမှန်သို့ အသင်ပြန်ရောက်ပြီ။
ရောက်ရမည်ပေါ့။ သို့ရာတွင် ခါမိ၊ ထိုစကားသည် အကယ်ပင် တရား ဟုတ် မဟုတ် သိဖို့အရေးသည် မလွယ်လှပါ။ အဘယ်ကြောင့်ဆိုသော် ထိုစကားသည် လူခပ်သိမ်းတို့ အသိခက်အောင် ကြံကြံဖန်ဖန် သွယ်ဝိုက်၍ ပြောသော ပဟေဠိစကားမျိုး ဖြစ်၏ဟု ကျွန်ုပ် ထင်သောကြောင့်ပင်။
အဘယ်ကြောင့် ထိုသို့ ထင်ရသနည်း။ ရှင်းသင့်ပေသည်။
ရှင်းပါမည်။ သံယမဟူသည် “ကိုယ့်ကိစ္စကိုသာပြုခြင်း” ဖြစ်၏ဟုဆိုသော သူ၏စကားတွင် ဆိုလိုက်သည်က တစ်မျိုး၊ ဆိုလိုသည်ကတစ်ဖုံ ဖြစ်သည်ဟု ကျွန်ုပ် ယူချင်သည်။ ကောင်းပြီ၊ ကျွန်ုပ် မေးပါမည်။ စာသင်ဆရာသည် စာဖတ်သောအခါ၌သော် လည်းကောင်း၊ စာရေးသောအခါ၌သော်လည်းကောင်း မည်သို့သောအမှုကိုမျှ သူ မပြုဟု အသင် ဆိုမည်လော။
မဆိုပါ။ အရာတစ်ခုခုကို သူပြုသည်မှာ ရှင်းနေပါသည်။
ထို့ပြင် စာသင်ဆရာသည် အသင်တို့၏ အမည်များကိုသာ ရေးပြခြင်း၊ ဖတ်ပြခြင်း ပြုသလော။ အသင်တို့ကိုယ်တိုင် ရေးတတ်၊ ဖတ်တတ်အောင်ကော မသင်ဘူးလော။ သို့တည်းမဟုတ် အသင်သည် အသင်၏အမည်ကို လည်း ကောင်း၊ အသင့်မိတ်ဆွေများ၏ အမည်များကိုလည်းကောင်း ရေးခဲ့သလောက် အသင့်ရန်သူများ၏ အမည်များကိုကော မရေးခဲ့ဘူးလေ။
ဆော့ခရတ္တိ၊ မိတ်ဆွေများ၏ အမည်များကို ရေးခဲ့သလောက် ရန်သူများ၏ အမည်များကိုလည်း ရေးခဲ့ပါသည်။ ။
ကောင်းပြီ။ အသင့်ရန်သူများ၏ အမည်များကို ရေးခဲ့ရာတွင် အသင့် ရန်သူများ ပြုကြရမည့် ကိစ္စ၌ အသင်ဝင်စွက်ခြင်း ပြုခဲ့ပြီဟု အသင် မထင်ဘူး လော၊ သို့တည်းမဟုတ် အသင်မစောင့်မစည်း ပြုခဲ့ပြီဟု အသင် မထင်ဘူးလေ။
လုံးဝ မထင်ပါ။
သို့ရာတွင် ရေးခြင်း ဖတ်ခြင်းသည် အရာတစ်ခုခု ပြုခြင်းဖြစ်လျှင် အသင့် မိတ်ဆွေများ၏ အမည်များကိုလည်းကောင်း၊ အသင့် ရန်သူများ၏ အမည်များကိုလည်းကောင်း အသင် ရေးခဲ့ဖတ်ခဲ့ရာ၌ အသင့်ကိစ္စ မဟုတ်သည်ကို အသင် ပြုခဲ့ရာ မရောက်ပြီလော။
ဆော့ခရတ္တိ၊ ရေးခြင်း ဖတ်ခြင်းသည် ကိုယ့်ကိစ္စ မဟုတ်သည်ကို ပြုခြင်း မမည်ပါ။ အရာတစ်ခုခု ပြုခြင်းဖြစ်သည်ဟုသာ ဆိုနိုင်ပါသည်။
စာပိုဒ် ၁၄ 
လူကလေး ခါမိ၊ ထိုသို့ဖြစ်လျှင် ဆေးကုခြင်း၊ အိမ်ဆောက်ခြင်း၊ အဝတ် အထည်ရက်ခြင်း၊ လက်မှုပညာတစ်ခုခုဖြင့် ထုတ်လုပ်ခြင်းတို့သည် အသင်၏ အလိုအရ အရာတစ်ခုခုပြုခြင်း၌ အကျုံးဝင်၏ဟု ယူရလိမ့်မည်။ ယူရမည်လော။
ယူရမည်သာ။
ထိုအခါ ကျွန်ုပ်က ဆိုသည်မှာ ခါမိဒိ၊ ထိုသို့ယူလျှင် ကျွန်ုပ် မေးချင် သည်။ အကြင်တိုင်းပြည်၌ ကိုယ့်ကိစ္စ မဟုတ်သည်ကို လက်ဖျားဖြင့် မတို့ရ၊ ကိုယ့်အကျိုးအတွက် ကိုယ့်ကိစ္စကိုသာ ပြုရမည်ဟူသော သဘောတရားကို လက်ခံလျက် လူတိုင်းလူတိုင်းသည် ကိုယ့်အဝတ်ကို ကိုယ်ရက်ရမည်။ ကိုယ့် အဝတ်ကို ကိုယ်ဖွပ်ရမည်။ ကိုယ့်ဖိနပ်ကို ကိုယ်ချုပ်၍ စီးရမည်။ ကိုယ့် သောက်ရေအိုးကို ကိုယ်လုပ်၍ သောက်ရမည်ဟု တရားဥပဒေ ပြဋ္ဌာန်း၏။ ထိုတိုင်းပြည်ကို ထိုတရားဥပဒေမျိုးဖြင့် စီမံအုပ်ချုပ်လျှင် သင့်ပါမည်လော။
ဆော့ခရတ္တိ၊ သင့်မည် မထင်ပါ။ သို့ရာတွင် သံယမတရားရှိသော တိုင်းပြည်သည် ကောင်းစွာစီမံအုပ်ချုပ် သော တိုင်းပြည် ဖြစ်ရမည် မဟုတ်ပါလော။
ဟုတ်ပါသည်။ ။
ထိုသို့ တပြီးကား ကိုယ့်ကိစ္စကိုသာ ပြုအပ်သည် ဟူရာ၌ အထက်က ဆိုခဲ့သည့်အတိုင်း ကိုယ့်အဝတ်ကို ကိုယ်ရက်၍ ကိုယ့်အဝတ်ကို ကိုယ်ဖွပ်ရမည် စသော သဘောတရားမျိုးကို ကောက်လျှင် ကိုယ့်ကိစ္စကိုသာ ပြုခြင်းသည် သံယမ ဖြစ်နိုင်ပါတော့မည်လော။
ဆော့ခရတ္တိ၊ မဖြစ်နိုင်တော့ပါ။
စာပိုဒ် ၁၅ 
ထိုအခါ ကျွန်ုပ်က ဆိုသည်မှာ ခါမိ၊ သံယမဟူသည် ကိုယ့်ကိစ္စကိုသာ ပြုခြင်းဖြစ်၏ဟု ဆိုသောသူသည် ပဟေဠိစကားကို ဆိုခဲ့ခြင်းဖြစ်တန်ရာသည်။ ထိုစကားကို တရားတစ်ခုအဖြစ်ဖြင့် သူ အလေးအနက်ဆိုသည်ဟု ကျွန်ုပ် မထင်ပါ။ ထိုသို့ ဆိုရလောက်အောင် သူ မိုက်မည်ဟုလည်း ကျွန်ုပ် မထင်ပါ။ အချင်း ခါဒိ၊ အသင်သည် ထိုစကားကို မည်သို့သော လူအလူနထံမှ ကြားခဲ့ သနည်း။ ။
ဆော့ခရတ္တိ၊ ထိုစကားကို ဆိုသူသည် လူအ လူန မဟုတ်ပါ။ သာရှိကဝိ တစ်ဦးပါပေ။
 ကောင်းပြီ။ ပညာရှိတစ်ဦးဖြစ်သည်ဟု ဆိုလျှင်လည်း ထိုပညာရှိသည် ထိုစကားကို ပဟေဠိအဖြစ်ဖြင့်သာ ဆိုခဲ့တန်ရာသည်။ အဘယ်ကြောင့်ဆိုသော် “ကိုယ့်ကိစ္စကိုသာ ပြုအပ်၏'ဟူသော စကားသည် ကိုယ်ကြိုက်သလို အဓိပ္ပာယ် ကောက်၍ရအောင် ဆိုသောစကား ဖြစ်နိုင်သောကြောင့်ပင်။ ထိုအခါ ခါမိဒိက ဟုတ်စရာရှိ၏ဟု ဆိုပါသည်။
ကောင်းပြီ။ “ကိုယ့်ကိစ္စကိုသာ ပြုအပ်၏”ဟူသော စကားသည် အဘယ်ကို ဆိုလိုပါသနည်း။ ဆိုလိုရင်းသဘောကို အသင် သိပါ၏လော။
ဆော့ခရတ္တိ၊ ကျွန်တော် မသိပါ။ ထိုစကားကို ဆိုခဲ့သူကိုယ်တိုင်ကပင် သူ့စကား၏ ဆိုလိုရင်းသဘောကို သူသိချင်မှ သိမည်ဟု ခါမိဒိက ဆိုပါသည်။ ထိုသို့ ဆိုပြီးနောက် မသိမသာ ကဲ့ရဲ့ ပြုံး ပြုံးလျက် ခရိတိအ ဘက်သို့ တစ်ချက်မျှ စောင်းငဲ့၍ ကြည့်ပါသည်။
ကျွန်ုပ်နှင့် ခါမိ ပြောဟောနေကြစဉ် ခရိတိအသည် သူ့တပည့် ခါမိဒိ၏ မျက်မှောက်၌လည်းကောင်း၊ သူ့အပေါင်းအဖော်များ၏ မျက်မှောက်၌ လည်းကောင်း သူသိကြောင်း သူတတ်ကြောင်း ဂုဏ်ပုဒ်ကို ထုတ်ပြလိုသော ဇောဖြင့် မချင့်မရဲဖြစ်ခဲ့ပါသည်။ သို့ရာတွင် ဤအချိန်အထိ သူ မနည်းကြိုးစား၍ အောင့်ထားရဟန်တူသည်။ ယခုမူ သူ မအောင့်နိုင်တော့ပါ။ အဘယ့်ကြောင့်ဆို သော် ခါမိဒိသည် ထိုစကားကို ခရိတိအထံမှ ကြားခဲ့ခြင်းပေလောဟု ကျွန်ုပ် ဒွိဟဖြစ်လာခဲ့ရာ ယခု ဟုတ်မှန်နေသောကြောင့်ဖြစ်သည်။ ထို့ပြင် ခါမိဒိသည် သူ့ကိုယ်တိုင် အဖြေ မပေးလို၊ ခရိတိအကို အဖြေပေးစေလိုသည်။ ထို့ကြောင့် သာလျှင် ခါမိဒိသည် ခရိတိအကို တွန်းထုတ်လိုက်သောသဘောဖြင့် သူကမူ ကား အရှုံးပေးပါပြီဟု ဆိုပါသည်။ ။
ထိုအခါ ခရိတိအသည် မခံမရပ်နိုင်ဖြစ်ပါသည်။ စာရေးဆရာ ရေးပေး သည့်အတိုင်း ဇာတ်ခုံပေါ်တွင် မင်းသားက မဆို၊ အလွဲလွဲအချော်ချော် ဆိုသော အခါ စာရေးဆရာသည် မင်းသားကို ဒေါပွသကဲ့သို့ ခရိတိအသည် ခါမိဒိကို ဒေါပွပါလေတော့သည်။ ထို့ကြောင့် ခရိတိအသည် ခါမိဒိကို ဒေါသဖြင့်ကြည့်၍ ပြောသည်မှာ ဟေ့ ခါမိဒိ၊ သံဃမဟူသည် ကိုယ့်ကိစ္စကိုသာ ပြုခြင်းဖြစ်၏ဟု ဆိုခဲ့သော ဆရာ၏ ဆိုလိုရင်းကို အသင် မသိသောအကြောင်းကြောင့်ထိုဆရာ လည်းမသိဟု အဘယ့်ကြောင့် အသင် ထင်ရသနည်းဟု ငေါက်လိုက်ပါသည်။
ထိုအခါ ကျွန်ုပ်က ကြားဝင်၍ ဖြန်သည်မှာ အဆွေကောင်း ခရိတိအ၊ ခါမိသည် လူငယ်မျှသာ။ ဆရာ၏ဆိုလိုရင်းကို အဘယ်မှာလျှင် သူ သဘော ပေါက်ပါလိမ့်မည်နည်း။ အသင်ကား လူကြီးလည်းဖြစ်သည်၊ လေ့လာဆည်းပူး ခြင်းလည်း ရှိသည်၊ ထို့ကြောင့် ဆိုလိုရင်းသဘောကို အသင် သိမည်ဟု  ကျွန်ုပ် ယူဆသည်။ ခါမိဒီ နောက်ဆုံး ဖွင့်ဆိုခဲ့သော သံယမ၏ သဘောကို အသင် ကြိုက်၍ လက်ခံသည်ဖြစ်လျှင် ထိုသဘော ဟုတ်မဟုတ် သိရအောင် ကျွန်ုပ်သည် အသင်နှင့် ပြောဟောလိုသည်။ ဤသို့လျှင် ကျွန်ုပ်က ဆိုလိုက်ပါ သည်။
ထိုအခါ ခရိတိအက အချင်း ဆော့ခရတ္တိ၊ ခါမိ နောက်ဆုံး ဖွင့်ဆို ခဲ့သည်ကို ကျွန်ုပ် လက်ခံသည်။
စာပိုဒ် ၁၆ 
ထိုအခါ ကျွန်ုပ်က ကောင်းလေစွ၊ အသင် လက်ခံသည်ဖြစ်လျှင် ကျွန်ုပ် မေးခဲ့သောမေးခွန်းကို ကျွန်ုပ် ထပ်၍မေးပါဦးမည်။ လက်မှုပညာသည်တိုင်းသည် အရာတစ်ခုခုကို ပြုတတ်သည်ဟု ဆိုခဲ့ကြပြီ။ ထိုအဆိုကို အသင် ကြိုက်ပါ သလော။
ကြိုက်ပါသည်။
ကောင်းပြီ။ အရာတစ်ခုခုကို ပြုရာတွင် လက်မှုပညာသည်တို့သည် မိမိတို့အတွက်သာ ပြုကြသလော၊ သူတစ်ပါးအတွက်ကော မပြုကြပြီလော။
သူတစ်ပါးအတွက်ပါ ပြုကြပါသည်။ ။
မိမိတို့ အကျိုးသက်သက်အတွက် မပြုကြသော လက်မှုပညာသည် တို့သည် သံယမ ရှိကြ၏ဟု အသင် ဆိုမည်လော။ ။
အဘယ်ကြောင့်မဆိုဘဲ နေရမည်နည်း။ ရှိကြ၏ဟု ဆိုရပါမည်ပေါ့။
မဆိုထိုက်ဟု ကျွန်ုပ်က ကန့်ကွက်နေသည် မဟုတ်ပါ။ ကျွန်ုပ်လည်း ထိုသို့ပင်ဆိုမည် ဖြစ်သည်။ သို့ရာတွင် သံဃမဟူသည် ကိုယ့်ကိစ္စကိုသာ ပြုခြင်း ဖြစ်၏ဟူသော စကားကို လက်ခံပြီးမှ သူတစ်ပါးအတွက်ပါ ပြုကြသော လက်မှု ပညာသည်များ၌လည်း သံယမရှိ၏ဟု ဆိုခဲ့သော သူအဖို့မှာ စကား ရှေ့နောက် မညီ ဖြစ်နေပြီ မဟုတ်ပါလော။
ထိုအခါ ခရိတိအက ဆိုသည်မှာ အချင်း ဆော့ခရတ္တိ၊ သူတစ်ပါးအတွက် ပြုကြသောသူတို့သည် သံယမ ရှိသူများ ဖြစ်ကြ၏ဟု ကျွန်ုပ် ဆိုခဲ့ပါသလော။ အရာတစ်ခုခု ပြုသောသူတို့အတွက်သာလျှင် ကျွန်ုပ် ဆိုခဲ့ခြင်း ဖြစ်သည်။
အချင်းခရိတိအ၊ အရာတစ်ခုခုပြုခြင်းသည် ကိစ္စတစ်ခုခု ပြုခြင်းနှင့်တူ၏ ဟု မဆိုနိုင်ပြီလော။ ။
မဆိုနိုင်ပါ။ အရာတစ်ခုခု ပြုခြင်းသည် ကိစ္စတစ်ခုခု ပြုခြင်းနှင့်သာမက အလုပ်လုပ်ခြင်းနှင့်လည်း မတူပါ။ မတူကြောင်းကို “အလုပ်ဟူသမျှ ရှုတ်ချအပ်  သည် မဟုတ်”ဟု ဆိုမိန့်ခဲ့သော စာဆိုကဝိ ဟိဆိအော့၏ စကားကိုထောက်၍ သိနိုင်သည်။ အကယ်၍ အလုပ်လုပ်သည်ဟူသော စကားကို လည်းကောင်း၊ ကိစ္စတစ်ခုခုကို ပြုသည်ဟူသော စကားကိုလည်းကောင်း အသင်အထက်ကဆိုခဲ့ သော လက်မှုပညာလုပ်ငန်းများအကြောင်းနှင့်စပ်လျဉ်း၍ ဟိဆိအော့က သုံးစွဲ ခဲ့သည်ဖြစ်လျှင် ဖိနပ်ချုပ်ခြင်း၊ ချဉ်ဖတ်ရောင်းခြင်း၊ မိန်းမသွမ်းလုပ်ခြင်းတို့သည် ရှုတ်ချအပ်သည် မဟုတ်ဟု ဟိဆိအော့က ဆိုခဲ့မည် ဖြစ်သည်။ ဆော့ခရတ္တိ၊ ထိုသို့ကား မယူဆသင့်ပါ။ ကျွန်ုပ်တွေးမိသမျှ ဆိုရမည်ဖြစ်လျှင် ဟိဆိအော့၏ ဆိုလိုရင်းသဘောသည် ဤသို့ ဖြစ်နိုင်သည်။ အရာတစ်ခုခု ပြုခြင်းသည် ကိစ္စ တစ်ခုခုကို ပြုခြင်းလည်း မဟုတ်။ အလုပ်လုပ်ခြင်းလည်း မဟုတ်။ အရာတစ်ခုခု ပြုခြင်း၌ ကောင်းသောသဘောမပါလျှင် ရှုတ်ချစရာဖြစ်နိုင်သည်။ အလုပ်ကိုကား မည်သည့်အခါမှာမှ ရှုတ်ချနိုင်သည် မဟုတ်။ ဤသို့လျှင် ဟိဆိအော့၏ ဆိုလိုရင်းသဘောကို ယူနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လေးစားထိုက်အောင်၊ အကျိုးရှိအောင် အရာတစ်ခုခု ပြုခြင်းကိုသာ အလုပ်လုပ်ခြင်းဟူ၍လည်းကောင်း၊ ကိစ္စတစ်ခုခု ပြုခြင်းဟူ၍လည်းကောင်း ဟိဆိအော့ ခေါ်ဝေါ်သုံးစွဲခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် လေးစားထိုက်အောင်၊ အကျိုးရှိအောင် ပြုသည်တို့ကိုသာ လောကလူမှုနှင့်လျော်သော ကိုယ့်ကိစ္စဟူ၍လည်းကောင်း၊ လူ့လောက ပျက်စီး အောင် ပြုသည်တို့ကိုကား ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုခြင်းဟူ၍လည်းကောင်း ဟိဆိအော့က ဆိုခဲ့သည်ဟု ကောက်ယူအပ် သောကြောင့်လည်း ဖြစ်သည်။ ကိုယ့်ကိစ္စကိုသာ ပြုသောသူသည် သံယမရှိသူ ဖြစ်၏ဟု ဟိဘိက္ခါက လည်းကောင်း၊ အခြားသော ပညာရှိက လည်းကောင်း ဆိုခဲ့ခြင်းသည် ထိုသဘောမျိုးဖြင့် ဆိုခဲ့ခြင်းသာဖြစ်၏ဟု ကောက်ကြရလိမ့်မည်။ ဤသို့လျှင် ခရိတိအက ဖွင့်ဆိုပါသည်။
စာပိုဒ် ၁၇ 
ထိုအခါ ကျွန်ုပ်က ဖြစ်မှ ဖြစ်ရပလေ 
ခရိတိအ။ ။ အသင့်ပါးစပ်ကို ဟလိုက် ကတည်းက မည်သည့်စကားတွေကို အသင် တသီတတန်းကြီး လျှောက်၍ ပြောတော့မည်ကို ကျွန်ုပ် သိပြီးဖြစ်ပါ၏။ လောကလူမှုနှင့် လျော်သည်ကိုသာ ကိုယ့်ကိစ္စဟုလည်းကောင်း၊ ကိုယ့်ကိစ္စကိုသာလျှင် အကောင်းဟုလည်းကောင်း၊ အကောင်းပြုခြင်းကိုသာလျှင် အရာတစ်ခုခု ပြုခြင်းဟုလည်းကောင်း အသင် ဋီကာဖွင့်တော့မည် ဧကန်ဟု ကျွန်ုပ် သိပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်  နာမပညတ်များနှင့် စပ်လျဉ်း၍ မိုးမဆုံးမြေမဆုံး ခွဲခြမ်းစိတ်ဖြာ၍ စိတ်မောစရာ ဖွင့်ဆိုလေ့ရှိသော ဆိုဖီဆရာကြီး ပရောဒိက၏ ဝိဂြိုဟ်ဝစနတ္ထနာနာနယတို့ကို ကျွန်ုပ်သိထားသောကြောင့် ဖြစ်သည်။ ရှိပါစေတော့ အချင်းခရိတိအ၊ ဆိုလိုရင်း သဘောကိုသာ ကျွန်ုပ်သိအောင် အသင်ပြုနိုင်သည်ဖြစ်လျှင် နာမပညတ်ဝိဂြိုဟ် ဝစနတ်တို့ကို အသင်ကြိုက်သလောက်ဆိုပါ။ ကျွန်ုပ် နားထောင်ပါမည်။ ထို့ ကြောင့်' အစကစ၍ ပြန်ကောက်ပါရစေ။ ဤတစ်ကြိမ်တွင် တိုတိုနှင့် လိုရင်း ကိုသာ အသင် ပြောပါ။ အရာတစ်ခုခု ပြုခြင်းဟုပင် ဆိုဆို၊ ကိုယ့်ကိစ္စကိုသာပြုခြင်း ဟုပင် ဆိုဆို၊ ဆိုချင်သလို ဆိုပါ။ ကောင်းသော ကိုယ်မှု၊ နှုတ်မှု၊ နှလုံးမှုတို့ကို ပြုခြင်းသည် သံယမ ဖြစ်၏ ဟူသော အချက်သည် အသင် ဆိုလိုသော လိုရင်းအချက် မဟုတ်ပါလော။
ဆော့ခရတ္တိ။ ။ ဟုတ်ပါသည်။
ကောင်းပြီ။ ထိုသို့ဆိုလျှင် ကျွန်ုပ် မေးပါဦးမည်။ အကြင်သူသည် မကောင်းသော အမှုကို ပြု၏၊ ထိုသူသည် သံယမ ရှိသော သူပေလော။ အကြင်သူသည် ကောင်းသောအမှုကို ပြု၏၊ ထိုသူသည် သံယမ ရှိသောသူ ပေလော။
ဆော့ခရတ္တိ၊ အသင် မည်သို့ သဘောရသနည်း။ ခရိတိအ၊ ကျွန်ုပ်၏ သဘောကို မသိချင်ပါနှင့်ဦး။ စောပါသေးသည်။ ကျွန်ုပ်၏ အလှည့်သို့ ရောက်သောအခါ ကျွန်ုပ် ပြောပါမည်။ ထိုအခါကျမှသာ စဉ်းစားကြရန် ဖြစ်သည်။ ယခုမူ အသင်၏သဘောကို ပြောပါဦး။
ကောင်းပါပြီ၊ ပြောပါမည်။ အကြင်သူသည် ကောင်းသည်ကို မပြု၊ မကောင်းသည်ကို ပြု၏။ ထိုသူသည် သံယမ ရှိသူ မဟုတ်။ အကြင်သူသည် မကောင်းသည်ကို မပြု၊ ကောင်းသည်ကို ပြု၏။ ထိုသူသည် သံယမ ရှိသူ ဖြစ်သည်။ ဤကား ကျွန်ုပ်၏ အဖြေပင်။ ကောင်းသည်ကို ပြုခြင်းသည် သံယမ ရှိခြင်းမည်၏ဟု ကျွန်ုပ် ဆိုခဲ့သည် မဟုတ်ပါလော။
မှတ်ချက်။ ။ထို့နောက် ဆော့ခရတ္တိနှင့် ခရိတိအတို့သည် စောင့်စည်းခြင်း သံယမတရားအကြောင်းကို ဆက်၍ ဟောပြောကြသည်။ သံယမရှိသူသည် မိမိကိုယ်ကို မိမိ သိသူဖြစ်သဖြင့် သံယမ ရှိခြင်းဟူသည် မိမိကိုယ်ကို မိမိသိခြင်း ဖြစ်နိုင်ကြောင်း၊ ထို့နောက် သံယမ ရှိခြင်းဟူသည် အားလုံးစုံသော အတတ်ပညာတို့ကို သိသောအသိ (ဝါ) အားလုံးစုံသော ဝိဇ္ဇာပညာ၊ သိပ္ပံပညာတို့ကို သိသောအသိ ဖြစ်ကြောင်းတို့ကို ဆိုသူကဆို၍ ချေသူက ချေသည်။ စိတ်မောစရာ ဖြစ်လာသဖြင့် ဆော့ခရတ္တိက အောက်ပါအတိုင်း ဆက်၍ ဆိုပါသည်။ ]  
စာပိုဒ် ၁၈ 
ထိုအခါ ကျွန်ုပ်က ဆိုသည်မှာ အချင်းခရိတိအ၊ ကျွန်ုပ်၏ စိတ်ကူးကို ပြောပြချင်သည်။ ထိုစိတ်ကူးသည် အဟုတ်ဖြစ်လာမည်လော၊ အလွဲဖြစ်လာ မည်လော၊ ကျွန်ုပ် မပြောတတ်ပါ။ ကျွန်ုပ်၏ စိတ်ကူးသည် ဤသို့ ဖြစ်သည်။ အကယ်၍ သံယမတရားသည် ကျွန်ုပ်တို့ ပြောဟောဆွေးနွေးခဲ့ကြသည့်အတိုင်း [အတတ်ပညာတို့ကို သိသောအသိ (ဝါ) ဝိဇ္ဇာပညာ၊ သိပ္ပံပညာတို့ကို သိသော အသိ ] ဖြစ်၏ဟုဆိုအံ့။ ထို့ပြင် သံယမတရားသည် ကျွန်ုပ်တို့အားလုံး၌ ရှိပြီး ဖြစ်ကြပြီဟုလည်း ဆိုအံ့။ ထိုအခါ ကျွန်ုပ်တို့အားလုံး၏ ကံသုံးပါးအမှုများသည် ဆိုခဲ့သော အသိများအတိုင်း ပြုသော အမှုများသာ ဖြစ်လာကြပေလိမ့်မည်။ ရေကြောင်းပြအတတ်ပညာကို မတတ်ပါဘဲလျက် ရေကြောင်းပြယောင် ဆောင် သော သူသည်လည်းကောင်း၊ ဆေးအတတ်ပညာကို မတတ်ပါဘဲလျက်ဆေးဆရာ ယောင် ဆောင်သောသူသည်လည်းကောင်း၊ စစ်အတတ်ပညာကို မတတ်ပါဘဲ၊ လျက် စစ်သူကြီးယောင်ဆောင်သော သူသည်လည်းကောင်း၊ မည်သည့်အတတ် ပညာကိုမျှ မတတ်ပါဘဲလျက် တတ်ချင်ယောင် ဆောင်သောသူသည် လည်း ကောင်း ကျွန်ုပ်တို့ကို လှည့်ဖြားနိုင်တော့မည် မဟုတ်ပါ။ ထို့ပြင် ကျွန်ုပ်တို့ ကိုယ်တိုင်၌ ထိုအသိများ ရှိကြသည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ ကျန်းမာရေးသည် ကောင်းမွန်လာတော့မည်။ ပင်လယ်ခရီးလမ်းကို စိတ်ချလက်ချ သွားနိုင်ကြတော့မည်။ စစ်မြေပြင်၌ ဧကန်မုချ အောင်ပွဲရကြတော့မည်။ လက်မှု ပညာသည်တို့ကလည်း သက်ဆိုင်ရာပညာတို့ကို တတ်မြောက်ပြီး ဖြစ်ကြသဖြင့် ကျွန်ုပ်တို့ ဝတ်သော အဝတ်အထည်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့ စီးသော ဖိနပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့သုံးသော အသုံးအဆောင်ပစ္စည်းတို့သည် လည်းကောင်း သေသေသပ်သပ် ဖြစ်လာကြလိမ့်မည်။ ဆိုချင်သေးလျှင် ရှေးဖြစ်နောက်ဖြစ် ဟောသော နိမိတ်ဟောဆရာတို့ကိုပင် ကျွန်ုပ်တို့က စစ်ဆေး တတ်ကြပြီဖြစ်သဖြင့် ဆရာတု ဆရာယောင်တို့ကွယ်၍ အမှန်အကန်ဟောသူတို့ သာ လက်ရွေးစင်အဖြစ် ကျန်ကြပေလိမ့်မည်။ ထိုအခါ ခပ်သိမ်းသော လူသတ္တဝါ တို့သည် ထိုအသိများနှင့် ပြည့်စုံကြပြီဖြစ်သဖြင့် သူတို့ပြုသမျှသည် ထိုအသိများ အတိုင်း ပြုကြခြင်းသာ ဖြစ်၏ဟုလည်းကောင်း၊ သူတို့၏ သဘာဝသည် ထို အသိများအတိုင်းနေသော ဘဝသာဖြစ်၏ဟုလည်းကောင်း ဆိုရလိမ့်မည်။ သို့ရာ တွင် ထိုသို့ဆိုတိုင်း လောက၌ ကောင်းစွာ ပြုတတ်ကြပြီ၊ ကောင်းစွာ နေတတ် ကြပြီဟု ယူနိုင်ပါမည်လော။ ထိုအချက်ကို ကျွန်ုပ်တို့ စဉ်းစားကြရလိမ့်ဦးမည်။
ဆော့ခရတ္တိ၊ အသိကိုကား ပယ်၍မဖြစ်ပါ။ အသိကိုပယ်လျှင် ချမ်းသာ သုခအစစ်ကို အဘယ်မှာ ရနိုင်ကြတော့အံ့နည်း။
 ( ခရိတိအ၊ မည်သို့သောအသိကို ပယ်လျှင် ချမ်းသာသုခအစစ်ကို ရရန် ခဲယဉ်းလိမ့်မည်ဟု အသင် ထင်ပါသနည်း။ ဖိနပ်ချုပ်ပညာကို သိသောအသိ လာ။
ဆော့ခရတ္တိ၊ ထိုအမေးသည် မမေးထိုက်သော အမေးပါပေ။
ဖိနပ်ချုပ် ပညာကို သိသော အသိ မဟုတ်လျှင် ပန်းတဉ်း ပညာကို သိသော အသိလော။ ။
ထိုအသိလည်း မဟုတ်ပါ။
ထိုသို့ဖြစ်လျှင် သိုးမွေးရက်ပညာကို သိသောအသိလော၊ ပန်းပုပညာကို သိသောအသိလာ၊ ထိုသို့သော အတတ်ပညာ တစ်ခုခုကို သိသောအသိလာ။
ထိုအသိများလည်း မဟုတ်ပါ။ )
ထိုအခါ ကျွန်ုပ်က ဆိုသည်မှာ အချင်းခရိတိအ၊ ထိုသို့တပြီးကား၊ အသိအတိုင်းနေသူ၌ ချမ်းသာသုခရှိ၏ဟု အဆိုပြုလာလျှင် ထိုအဆိုကို ကျွန်ုပ်တို့ လက်ခံနိုင်ကြတော့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဆိုခဲ့ သော အတတ်ပညာသည်တို့သည် သူတို့၏ အသိအတိုင်း ပြုကြ၊ နေကြသည် ဖြစ်သော်လည်း အသင် ယခုဆိုခဲ့သော စကားအရသော် ထိုသူတို့၌ ချမ်းသာ သုခ မရှိဟု ဆိုရာရောက်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ကျွန်ုပ်၏ အထင် မှာ အသိအတိုင်းနေကြသော သူများအနက် အချို့ကိုသာ ချမ်းသာသုခရှိကြသူ ဟု အသင်ဆိုချင်ဟန်တူသည်။ ပုံစံပြရသော် အနာဂတ်ကို သိသော နိမိတ်ဟော ဆရာကို အသင် ဆိုချင်ဟန်တူသည်။ ဟုတ်ပါသလော။
ဟုတ်ပါသည်။ အခြားတစ်ပါးလည်း ရှိနိုင်ပါသေးသည်။
မည်သူပေနည်း။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တည်းဟူသော ကာလသုံးပါး ကို သိသည်လည်းဖြစ်၍ မသိဟူ၍ မရှိ၊ မတစ်လုံးကျေသည်လည်း ဖြစ်သော သူပေလော။ ကောင်းပါပြီ။ ထိုသို့သော သူသည် လောက၌ အကယ်ရှိ၏ဟု ဆိုကြပါအံ့။ ထိုအခါ ထိုသို့သောသူကို အသိဆုံးဟု အသင် ဆိုမည်လော။
ဆိုပါမည်။
ကောင်းပြီ။ ထိုသို့ဆိုလျှင် ကျွန်ုပ် မေးချင်သေးသည်။ အသိအမျိုးမျိုး ရှိသည့်အနက် မည်သည့်အသိသည် ထိုသူအား ချမ်းသာသုခအစစ်ကို ပေးပေ သနည်း။ အသိအားလုံးကပင် ညီတူညီမျှ ပေးကြပါသလော။
အားလုံးကမူကား ညီတူညီမျှ မပေးနိုင်ကြပါ။
ထိုသို့ဖြစ်လျှင် မည်သည့်အသိက အများဆုံးပေးပါသနည်း။ ဖြစ်ခဲ့သော အတိတ်၊ ဖြစ်ဆဲ ပစ္စုပ္ပန်၊ ဖြစ်လတ္တံ့သော အနာဂတ်တို့ကို သိသောအသိက  အများဆုံး ပေးပါသလော။ ထိုအသိမျိုးဟု ဆိုလျှင် ကျားကစားနည်းကိုသိသော အသိဟု မဆိုနိုင်ပြီလော။ ။
ဟာ ဆော့ခရတ္တိ၊ အသင် ဖောက်လာပြီ။ ။
ကျားကစားနည်းကို သိသော အသိမဟုတ်လျှင် အတွက်အချက်ကို သိသော အသိပေလော။
မဟုတ်ပါ။ ထိုသို့ဆိုလျှင် ကျန်းမာရေးကိုသိသော အသိပေလော။
ဆော့ခရတ္တိ၊ အသင် နီးလာပြီ။ ရွေ့၊ ထိုသို့တပြီးကား၊ အနီးဆုံးသည် မည်သို့သော အသိပေနည်း။
ဆော့ခရတ္တိ၊ အကောင်းအဆိုး အကျိုးအပြစ်တို့ကို ပိုင်းခြားသိမြင်သော အသိပင်။
| ခရိတိအ၊ အသင်သည် လူမွှေ လူပွေသာ ဖြစ်တော့သည်။ အသင်သည် ကျွန်ုပ်ကို ချာလပတ်လည်အောင် ဆွဲမွှေခဲ့ပြီ။ အားလုံးစုံသော ဝိဇ္ဇာပညာ၊ သိပ္ပံပညာတို့ကိုသိသော အသိအမျိုးမျိုးသည် ချမ်းသာသုခအစစ်ကို မပေးနိုင်။ အကောင်းအဆိုး အကျိုးအပြစ်တို့ကို ပိုင်းခြားသိမြင်သော အသိတစ်မျိုးတည်း ကသာ ချမ်းသာသုခ အစစ်ကို ပေးနိုင်၏ဟု ခပ်စောစောကသာ အသင်ပြောလိုက် လျှင် ကိစ္စပြီးနိုင်သည်။ သို့စင်လျက် ထိုအချက်ကို အသင်ဖုံးခဲ့ လျှိုခဲ့သည်။
✥﹤--- www.ebooks4mm.org ---﹥✥

၅။ ဆော့ခရတ္တိ၏ အဆွေခင်ပွန်း အယူအဆ (က)
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်များသည် လိုင်စီ (Lysis) ကထာမှ ကောက်နုတ် သော စာပိုဒ်များ ဖြစ်သည်။ လိုင်စီကထာသည် လက်ခံကထာကဲ့သို့ လည်းကောင်း၊ ခါမိဒိကထာကဲ့သို့လည်းကောင်း ပလေးတိုးစာရေးစအခါက ရေးခဲ့သော ကထာဖြစ်၏ဟု ယူဆကြသည်။
လိုင်စီကထာစာတမ်းဖြစ်လာပုံသည် ဤသို့ဖြစ်သည်။ တစ်နေ့သော အခါ ဆော့ခရတ္တိသည် အက်သင်းမြို့ နပန်းအတတ်သင်ကျောင်းအနီးသို့ ရောက်လာရာ လူငယ်တစ်စုနှင့် တွေ့သည်။ သူသိသော ဟိပေါ်သာလိက နပန်းအတတ်သင် ကျောင်းဝိုင်းအတွင်း၌ လူငယ်အများအပြားရှိနေကြောင်း၊ အကြည့်အရှု အဟောအပြောကိစ္စအလို့ငှာ သူနှင့်အတူ ဆော့ခရတ္တိ လိုက် လာသင့်ကြောင်းပြော၍ ဖိတ်ခေါ်သည်။ ထိုအခါ ဆော့ခရတ္တိက ဟိပေါ် သာလီ၌ အချစ်တော်သူငယ်ချင်း ရှိမရှိမေးရာ ဟိပေါ်သာလိ၏ သူငယ်ချင်း တစ်ဦးဖြစ်သော တီစိပ က၊ ဟိပေါ်သာလိသည် လိုင်စီအမည်ရှိသော သူငယ်တစ်ဦးကို ချစ်ခင်သဖြင့် မိတ်ဖွဲ့ရန် အားထုတ်နေကြောင်း၊ သူ၏ မိတ်ဖွဲ့ပုံသည် လိုင်စီကို မြှောက်ပင့်၍ ကဗျာရေးဖွဲ့ခြင်းဖြစ်ကြောင်း၊ သူ့ ကဗျာများကို ခဏခဏ သူရွတ်ပြတတ်သဖြင့် နားငြီးလှပြီဖြစ်ကြောင်း ပြောပြသည်။ ထိုသို့ ပြောပြရာမှအစ ဆော့ခရတ္တိသည် လိုင်စီနှင့် တစ်ကြိမ်၊ လိုင်စီ၏ သူငယ်ချင်းတစ်ဦးဖြစ်သော မီနီဇိနနှင့်တစ်ကြိမ် ပေါင်း နှစ်ကြိမ် ပြောဟော ဆွေးနွေးသည်။ ထိုဆွေးနွေးချက်တို့ကို အကြောင်းပြု၍ ပလေးတိုးသည် လိုင်စီကထာကို ရေးခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။ ထိုဆွေးနွေးချက်တို့ကို ပလေးတိုးက တစ်ဆင့် စကား မှတ်သား၍ ဆော့ခရေတ္တိက ပြန်ပြောလေဟန် ရေးသားထားခြင်းဖြစ်သည်။
 ဖော်ပြလတ္တံ့သော စာပိုဒ်တို့တွင် ရှေးဦးစွာ လိုင်စီနှင့် အလွန်မိတ်ဆွေ ဖွဲ့ချင်သော ဟိပေါ်သာလိကို ဆော့ခရတ္တိက ဆုံးမသည်။ အဆုံးအမစကား တို့၏ အာဘော်မှာ မိတ်ဆွေကောင်းတို့မည်သည်မှာ မြှောက်၍ပင့်၍ ပြောသည်ထက် အသိအလိမ္မာ တိုးပွားရာ တိုးပွားကြောင်းကို ညွှန်ပြတတ် ရသည်ဟူသောအချက် ဖြစ်သည်။ ထို့နောက် ဆော့ခရတ္တိသည် လိုင်စီနှင့် ပြောဟောသည်။ ပြောဟောချက်၏ အာဘော်မှာ လူတကာ၏ မိတ်ဆွေ ကောင်းဖြစ်ချင်လျှင် လူတကာ၏အကျိုးကို ဆောင်ရွက်ရသည်။ အကျိုး ရှိအောင် ဆောင်ရွက်ရာတွင် မိမိပြုသော အမှုကိစ္စအကြောင်းကို မိမိ ကိုယ်တိုင်ကကောင်းစွာ တတ်သိနားလည်ခြင်း ရှိအပ်သည်ဟူသော အချက်ဖြစ်သည်။ အောက်ပါစာပိုဒ်တို့တွင် မိတ်ဆွေကောင်းတို့၏ သဘောတစ်ခုသည် ကောင်းရာသို့ ညွှန်တတ်၍ အကျိုးရှိအောင် ပြုတတ် သော သဘောဖြစ်၏ဟု လည်းကောင်း၊ ထိုသဘောနှင့် ပြည့်စုံလာအောင် ဝိဇ္ဇာ အသိတရား ရှိအပ်သည်ဟုလည်းကောင်း ဆိုထားသည်ကို ဆင်ခြင်ရန် ဖြစ်သည်။
စာပိုဒ် (က) 
ထိုအခါ ကျွန်ုပ် (ဆော့ခရတ္တိ)က ပြောသည်မှာ အချင်း ဟိပေါ်သာလိ၊ အသင် ချစ်ခင်သဖြင့် အသင် မိတ်ဖွဲ့ချင်သော လိုင်စီငယ်အကြောင်းကို အသင် ကဗျာဖွဲ့ချင်လျှင်လည်း ဖွဲ့နိုင်ပါ၏၊ သို့ရာတွင် ကဗျာကို ကျွန်ုပ် နားမထောင်ချင်ပါ၊ ကဗျာ၏ အာဘော်ကိုသာ ကျွန်ုပ် သိချင် ပါ၏။ သို့မှသာ အသင်ချစ်သော လိုင်စီငယ်က အသင့်ကို ပြန်ချစ်အောင် အသင် အားထုတ်ရာ၌ အသင် အသုံးပြုခဲ့သော ချဉ်းကပ်ပုံ နည်းပရိယာယ် သင့် မသင့် ကျွန်ုပ် ချိန်ဆနိုင်မည် ဖြစ်သည်။ အသင်ဆိုခဲ့သော အဖွဲ့ အဖွဲ့တို့၏ အာဘော်ကို ပြောပါဘိ။
ထိုအခါ ဟိပေါ်သာလိက ပြန်ပြောသည်မှာ အချင်း ဆော့ခရတ္တိ၊ တိစိပက ပြောပါလိမ့်မည်။ ကျွန်တော် ပြောသမျှ ဆိုသမျှကို နားထောင်ရလွန်းသဖြင့် သူ့မှာနားပူလှပါပြီဟု တိစိပသည် အသင့်ကို တိုင်ခဲ့သည် မဟုတ်ပါလော။ သူ တိုင်သည့်အတိုင်း မှန်သည် ဖြစ်လျှင် ကျွန်တော် ပြောသမျှ ဆိုသမျှကို သူ မှတ်မိရလိမ့်မည်၊ လုံးစေ့ပါဒ်စေ့ သူပြန် ပြောနိုင်ရမည် ဖြစ်သည်။ တိစိပကို အပြောခိုင်းပါလော့။
ထိုအခါ တိစိပက ဆိုသည်မှာ | ဆော့ခရတ္တိ၊ ကျွန်ုပ်ကပင် ပြောပါမည်။ ပြောရမည်မှာ ရယ်စရာပင် ကောင်းတော့သည်။ ဟိပေါ်သာလိသည် သူတစ်ဖက်သတ်ချစ်နေသော သူ့ အချစ်တော် လိုင်စီငယ်ကို သူ ချစ်လည်းချစ်သည်၊ ပြန်ချစ်အောင်လည်း သူ မပြုတတ်၊ သူဆိုသမျှသည် သူသူငါငါ ထပ်တလဲလဲ ချီးကျူးဖွဲ့ ဆိုဖူးသော အကြောင်းများသာ ဖြစ်သည်။ လိုင်စီငယ်၏အဖဖြစ်သော ဒီမိုခရတ္တိ၏ ဂုဏ် ကို သူ ထပ်၍ချီးကျူးသည်။ လိုင်စီငယ်၏ အဘိုးဖြစ်သူ၏ဂုဏ်ကို သူ ထပ်၍ ချီးကျူးသည်။ လိုင်စီငယ်၏ ဘေးကြီး၊ ဘီကြီးတို့၏ ဂုဏ်ကို သူထပ်၍ ချီးကျူးသည်။ ထိုသူတို့ မည်မျှ ကြွယ်ဝကြကြောင်း၊ ထိုသူတို့၌ မြင်းကောင်း မည်မျှ ရှိကြကြောင်း၊ ဂရိပွဲတော်၌ ကျင်းပလေ့ရှိသော ရထားပြိုင်ပွဲများ၌  လည်းကောင်း၊ မြင်းအစီးပြိုင်ပွဲများ၌လည်းကောင်း ထိုသူတို့ မည်မျှအစွမ်းရှိ၍ မည်သည့်အောင်ပန်း တို့ကို ဆွတ်ခူးနိုင်ကြကြောင်းတို့ကို သူ ထပ်တလဲလဲ ချီးကျူးသည်။ ကမ္ဘ ကမ္ဘာက ဂုဏ်ဟောင်းဂုဏ်ဆွေးတို့ကိုပင် အတင်းဆွဲသွင်း၍ ချီးကျူးလိုက်သေး သည်။ မနေ့တစ်နေ့ကပင် သူစပ်သော ကဗျာထဲ၌ အာဇာနည်သူရဲကောင်း ဟာကျူလီကို ချီးကျူးရင်း လိုင်စီငယ်၏ ဘိုးဘေး ဘီဘင် တို့ကိုထည့်၍ ချီးကျူးခဲ့သေးသည်။ ထိုဘိုးဘေးဘီဘင်တို့သည် ဟာကျူလီ၏ ဆွေတော်မျိုးတော်များ ဖြစ်ကြောင်း၊ ဟာကျူလီကြွလာသောအခါ ထို ဘိုးဘေးဘီဘင်တို့က ကြိုဆိုတော် မူကြကြောင်း၊ ဟာကျူလီဆိုသည်မှာ ဒေဝါဓိပတိ ဇုနတ်မင်းကြီး၏သားတော် ဖြစ်ကြောင်း ရောက်တတ်ရာရာ ကပေါက်ချိကပေါက်ချာ သူ စပ်ဆိုခဲ့သည်။ သူ့စကားတို့သည် ယုံတမ်းစကား နားကြားပြင်းစရာ၊ နားရှိ၍သာ နာလိုက်ရသည်။
စာပိုဒ်(ခ) 
တိစိပက ထိုသို့ပြောပြသောအခါ ကျွန်ုပ်က ဟိပေါ်သာလိကို ဤသို့ ဆိုပါသည်။
အချင်း ဟိပေါ်သာလိ၊ အသင်သည် လိုင်စီငယ်၏သဘောကို မသိသေးခင် ကပင် ကိုယ့်ဂုဏ်ကို ကိုယ်ဖော်၍ ကိုယ့်ကိုယ်ကို ကိုယ်ချီးကျူးခဲ့သည်မှာ တော်ရော့လား ဟိပေါ်သာလိ။
ထိုအခါ ဟိပေါ်သာလိက ဆိုသည်မှာ အချင်း ဆော့ခရတ္တိ၊ မည်သို့ဆိုလိုက်ပါသနည်း။ ကျွန်တော်၏ကဗျာ များတွင် ကိုယ့်ဂုဏ်ကို ကိုယ်ဖော်၍ ကိုယ့်ကိုယ်ကို ကိုယ်ချီးကျူး၍ မဆိုခဲ့ရ ပါတကား။
ဟိပေါ်သာလိ၊ ထိုသို့ပင် အသင် အထင်ရှိနေသလော။
ဆော့ခရတ္တိ၊ အသင်က မည်သို့ ထင်သောကြောင့်နည်း။
ရှင်းပြမည်၊ အသင်စပ်ဆိုသော လိုင်စီငယ်ဘွဲ့ ကဗျာများသည် အသင့် ကိုယ်ကို အသင် ချီးကျူးခဲ့သော ကိုယ်ရည်သွေးကဗျာများသာ ဖြစ်ကြပါ၏။ လိုင်စီငယ်က အသင့်ကို သဘောကျခဲ့သည် ရှိခဲ့သော် အသင့်ကဗျာများသည် အသင့် အဖို့ ဂုဏ်တစ်ပါးပင် မဟုတ်ပါလော၊ အသင့်ကိုယ်ကို အသင် ချီးကျူးရာ မရောက်ပြီလော။ သို့ရာတွင် အသင်၏မြှောက်ပင့်ဘွဲ့ကြောင့် လိုင်စီငယ်သည် အသင့်အနားကိုပင် မသီချင်ဖြစ်ခဲ့သည်ရှိသော် သူ့ကို မြှောက်၍ ပင့်၍ ဆိုခဲ့သမျှသည် ရယ်ဖွယ်ကြီးသာ ဖြစ်ချိမ့်မည်၊ ထို့ကြောင့် ဟိပေါ်သာလိ၊ မိတ်ဖွဲ့သည့်ကိစ္စတွင် အသိအလိမ္မာရှိသောသူသည် မိတ်ဖြစ်ချင်သူနှင့် မိတ်မဖြစ်  သေးခင် သူ့ကို မြှောက်ပင့်၍မဆိုရာ။ အဘယ့်ကြောင့်ဆိုသော် မည်သို့ဖြစ်လာ မည်ကိုမသိနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် စိုးရိမ်စရာတစ်ခု ရှိပေသေးသည်။ ချစ်ခင်အပ်သောသူတို့သည် အချီးအကျူး အမြှောက်အပင့်ကို ခံကြရသည်ဖြစ်လျှင် ဘဝင်မြင့်လာတတ်ကြသည်။ ထိုသို့ မဖြစ်နိုင်ပြီလော။
ဖြစ်နိုင်ပါသည်။
ထိုသူတို့သည် ဘဝင်မြင့်လာကြလေလေ မိတ်အဖွဲ့ရခက်လေလေ မဖြစ်နိုင် ပြီလော။
ဖြစ်နိုင်ပါသည်။
အကြင်မုဆိုးသည် ခြောက်ခြင်း လှန့်ခြင်းဖြင့် မိမိ အလိုရှိသော သားကောင်ကို အဖမ်းရခက်အောင်ပြု၏၊ ထိုမုဆိုးကို အသင် မည်သို့ဆိုမည်နည်း။
မလိမ္မာသောမုဆိုးဟု ဆိုရမည်ပေါ့။ ။
ချော့ရမည့်အစား စကားတို့ဖြင့်လည်းကောင်း၊ ကဗျာတို့ဖြင့်လည်းကောင်း သူတို့စိတ်ဆိုးအောင်ပြုလျှင် ပြုသူ၌ ဉာဏ်မရှိရာရောက်မည် မဟုတ်ပါလော။
ဟုတ်ပေ၏၊ ဉာဏ် မရှိရာ ရောက်မည် မုချ။
အချင်း ဟိပေါ်သာလိ၊ လိုင်စီငယ်ကို အသင် ချီးချီးမြှောက်မြှောက်စာဖွဲ့ ခဲ့ရာတွင် အသင် မှားသလော မှန်သလော၊ အကယ်၍ ကိုယ့်စာကြောင့် ကိုယ် ဒုက္ခရောက်ရသည်ဖြစ်လျှင် ထိုစာကိုဆိုသောစာဆိုသည် စာဆိုကောင်းဟုတ်ပါ တော့မည်လော။ ။
စာဆိုကောင်း မဟုတ်နိုင်တော့ပါ။ အချင်း ဆော့ခရတ္တိ၊ ထိုကြောင့်ပင် ကျွန်တော်သည် အသင့်ထံမှ အကြံဉာဏ်တောင်းရခြင်း ဖြစ်သည်။ ကျွန်တော်သည် လိုင်စီငယ်နှင့် မိတ်ဖြစ်ချင်ပါ၏။ မိတ်ဖြစ်လာအောင် မည်သို့သောစကားကို ဆို၍ မည်သို့သောအမှုကို ပြုသင့်ပါသနည်း။ အကြံပေးစမ်းပါဦး ဆော့ခရတ္တိ။
ထိုအခါ ကျွန်ုပ်က ဆိုသည်မှာ ဟိပေါ်သာလိ၊ ထင်သလောက်လွယ်မည်မဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ် ထံသို့ လိုင်စီငယ်ကို ရအောင် ခေါ်ခဲ့ပါ။ ကျွန်ုပ် သူနှင့် စကားပြောကြည့်မည်။ သူ့သဘောကို သိရသောအခါ သူ သဘောကျအောင် မည်သို့သော စကားကို ဆိုသင့် မဆိုသင့် ကျွန်ုပ် ပြောနိုင်မည်ထင်သည်။
(ဆော့ခရတ္တိက ထိုသို့ဆိုသောအခါ တိစိပသည် ဆော့ခရတ္တိကို နပန်းအတတ်သင် ကျောင်းထဲသို့ခေါ်သွားသည်။ ဟိပေါ်သာလိလည်း လိုက်သွားသည်။ ကျောင်းခန်းမထဲတွင် များလှစွာသော ဂရိလူငယ်တို့သည် နပန်းလေ့ကျင့်ခန်းမစမီ ပွဲပေးနေကြသည်။ အချို့လည်း အန်ကစားနေကြသည်။ အချို့လည်း ဝိုင်းကြည့်နေကြသည်။ ဝိုင်းကြည့်နေသူများတွင် လိုင်စီငယ် ပါသည်။ လိုင်စီငယ်သည် ပဒေသရာဇ်အနွယ်ဖြစ်သည်။ လူချောလူလှဖြစ်သည်။ စိတ်ကောင်းနှလုံးကောင်း ရှိသည်ဟု ကျော်စောသည်။ ဆော့ခရတ္တိတို့ လူစုသည် ခန်းမ အတွင်းတွင် နေရာတစ်ခုကိုရွေး၍ ဝိုင်းထိုင်ကြသည်။ အတန်ကြာသော် လိုင်စီငယ်၏  သူငယ်ချင်းတစ်ဦးဖြစ်သော မီနီဇိနရောက်လာ၍ ဝင်ထိုင်သည်။ ထိုအခါ လိုင်စီငယ်လည်း လိုက်လာ၍ ဝင်ထိုင်သည်။ ကစားဖော်အချို့လည်းရောက်လာကြ၍ ထိုင်သူက ထိုင်သည်။ မတ်တတ်ရပ်လျက်ကြည့်သူက ကြည့်သည်။ ဟိပေါ်သာလိသည် စိတ်မလုံသဖြင့် ရပ်နေကြသူ တစ်စု၏ နောက်နားသို့ ရွှေ့သွားသည်။)
စာပိုဒ် (ဂ) 
ထိုအခါ ကျွန်ုပ်သည် မီနီဇိနဘက်သို့လှည့်၍ စကားစသည်မှာ ဒီမော်ဖုန်၏သားငယ်၊ အသင်တို့နှစ်ဦးတွင် မည်သူက အသက် ကြီးသူ နည်း၊ မည်သူက အသက် ငယ်သူနည်း။ - ဆော့ခရတ္တိ၊ ပြဿနာဖြစ်နေသည်။ ကျွန်တော်နှင့်လိုင်စီသည် အငြင်းအခုံ ဖြစ်နေကြရသည်။
ထိုသို့တပြီးကား၊ မည်သူက ပို၍မြတ်သနည်းဟု မေးလျှင်လည်း အသင်တို့ အငြင်းအခုံဖြစ်ကြရဦးမည်ထင်သည်။
ဟုတ်ပါသည်၊ အငြင်းအခုံ ဖြစ်ကြရပါလိမ့်ဦးမည်။
မည်သူက ပို၍ချောသနည်းဟု မေးလျှင်ကော အငြင်းအခုံ ဖြစ်ကြဦး မည်လော။
ထိုအခါ လုလင်ပျိုနှစ်ဦးသည် ရယ်ကြပါတော့သည်။ ထိုအခါ ကျွန်ုပ်က ဆက်ပြန်သည်မှာ ကောင်းပြီ၊ မည်သူက ပို၍ ကြွယ်ဝသနည်းဟု ကျွန်ုပ် မမေးတော့ပါ။ အဘယ့်ကြောင့်ဆိုသော် အသင်တို့နှစ်ဦးသည် အဆွေခင်ပွန်း ဖြစ်နေသော ကြောင့်ပင်။ ဟုတ်ပါ၏လော။
ဟုတ်ပါသည်၊ အဆွေခင်ပွန်းဖြစ်ကြပါသည်ဟု နှစ်ဦးစလုံးကပင် ကျွန်ုပ်ကို ပြောကြပါသည်။ ထိုအခါ ကျွန်ုပ်က ရွေ့၊ ဟုတ်ပြီ၊ အဆွေခင်ပွန်းကောင်းတို့မည်သည် မည်သူကမည်သူ့ထက် သာသည်ဟု မရှိစကောင်း၊ အတူတူချည်းသာ ဖြစ်သည်။
စာပိုဒ် (ဃ) 
ကျွန်ုပ်က ထိုသို့ဆိုလိုက်သောအခါ မီနီဇိနနှင့်လိုင်စီတို့ နှစ်ဦးစလုံး ခေါင်းညိတ် ကြပါသည်။ ထို့နောက် မည်သူက မည်သူထက် ပို၍ စိတ်ကောင်း ရှိသနည်း၊ မည်သူက မည်သူထက် ပို၍ အသိအလိမ္မာရှိသနည်းဟု ကျွန်ုပ်က ဆက်၍ မေးတော့အံ့ဆဲဆဲ၌ ကျွန်ုပ်တို့ရှိရာသို့ သူငယ်တစ်ဦးလာ၍ မီနီဇိနကို ခေါ်သွား ပါသည်။ မီနီဇိန၏ အားကစားဆရာက အခေါ်ခိုင်းသည်ဟု ဆိုပါသည်။
 အားကစားကိစ္စအတွက် မီနီဇိနမှာ ပွဲပေးရန်ရှိသည်ဟု ထင်ပါသည်။ မီနီဇိန ထသွားသောအခါ ကျွန်ုပ်က လိုင်စီဘက်သို့ လှည့်၍မေးသည်မှာ အချင်း လိုင်စီငယ်၊ အသင်၏ အမိအဖတို့သည် အသင့်ကို အလွန် ချစ်ကြ၏ဟု ကျွန်ုပ် ဆိုချင်ပါသည်၊ ဆိုရမည်လော။
ဆိုပါ။ ကျွန်တော့်ကို အလွန်ချစ်ပါသည်။
ထိုသို့ဖြစ်လျှင် အသင်၏ အမိအဖတို့သည် အသင်၌ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ရှိသည်ကို အလိုရှိကြမည် ဧကန်ဖြစ်သည်။
ဟုတ်ပါသည်၊ အလိုရှိကြပါသည်။ ။
ကောင်းပြီ၊ မေးချင်ပါသေးသည်။ ကျေးကျွန်ဘဝ၌ ရှိနေရသောကြောင့် ကိုယ့်ဆန္ဒအလျောက် ပြုခွင့်မရသောသူသည် ချမ်းသာ၏ဟု အသင် ထင်ပါ သလော။
မထင်ပါ။
အသင့် အမိအဖတို့သည် အသင့်ကိုချစ်၍ အသင် ချမ်းသာသည်ကို အလိုရှိကြသည် ဖြစ်လျှင် အသင် ချမ်းသာအောင် သူတို့ပြုကြရမည်သာ။ ဟုတ်ပါသလော။
ဟုတ်ပါသည်။
ထိုသို့တပြီးကား၊ အသင့် အမိအဖတို့သည် အသင့် ဆန္ဒအလျောက် အသင်ပြုတော့ဟု အသင့်အား အခွင့်ပေးကြပါသလော။ အသင့်ကို မြည်တွန် တောက်တီးခြင်း မပြုကြပြီလော။ တားမြစ်ခြင်း မပြုကြပြီလော။ ဆော့ခရတ္တိ၊ ကျွန်တော့်ကို တားမြစ်ခဲ့ကြသည်မှာ မနည်းလှပါ။
စာပိုဒ် (င) 
လိုင်စီငယ်၊ အသင် မည်သို့ ဆိုလိုက်သနည်း။ အသင့် အမိအဖတို့သည် အသင် ချမ်းသာသည်ကို အလိုရှိကြ၏ဟုလည်း အသင် ဆိုခဲ့သည်။ အသင်၏ ဆန္ဒအလျောက် အသင် ပြုသည်ကို တားမြစ်သည်ဟုလည်း အသင်ဆိုသည်။ ပသို့နည်း။ ပုံစံပြရသော် အသင်၏ အဖ၌ ရထားများစွာရှိသည့်အနက် ရထား တစ်စီးကို အသင်ယူ၍ မြင်းဇက်ကြိုးကို အသင်ကိုယ်တိုင်ကိုင်၍ ရထားအမြင် ပြိုင်ချင်သည်ဆိုအံ့။ ထိုသို့မပြုရဟု အသင်၏အဖက ဆို၍ အသင့်ကို တား မည်လော။
ဆော့ခရတ္တိ၊ တားမည်မုချ။
ထိုသို့တပြီးကား၊ အသင်၏ အဖသည် မည်သူ့အား ရထားနှင်ခွင့် ပေးမည်နည်း။
 အဖ၏အခြွေအရံ၌ ရထားမှူးပါရှိသည် ရထားမှူးအား အဖက အဖိုးအခါ ပေးထားပါသည်။ ။
ထိုသို့ဆိုလျှင် အသင်၏အဖသည် သူချစ်သောသားထက် သူ အဖိုးအခ ပေးထားသော ရထားမှူးကို ပို၍ ယုံကြည်စိတ်ချသည်ဟု မဆိုနိုင်ပြီလော။ ထို့ ပြင် ရထားမှူး ကောင်းသည်ထင်သည့်အတိုင်း မြင်းတို့ကို စီမံဟု အသင့်အဖေက ရထားမှူးအား အခွင့်ပေးထားသည် မဟုတ်ပါလော။ ထိုကြောင့်သာ အသင့်အဖ သည် ရထားမှူးအား ထိုကိစ္စအတွက် အဖိုးအခပေးထားခြင်း ဖြစ်သည်။ ထိုသို့ မဟုတ်ပါလော။ ။
ဟုတ်ပါသည်။
သို့ရာတွင် လားဆွဲသော လှည်းကြမ်းမောင်းခွင့်ကိုလည်းကောင်း၊ နှင်တံ ကိုင်ခွင့်ကိုလည်းကောင်း အသင့်အား ပေးမည်ဟု ကျွန်ုပ် ထင်သည်။ ဟုတ်ပါ သလော။
ဆော့ခရတ္တိ ထိုအခွင့်အရေးကိုလည်း အဖက မပေးပါ။ ထိုသို့ဆိုလျှင် မည်သူ့အား ပေးပါသနည်း။ လားမောင်းသမားအား ပေးပါသည်။
ကောင်းပြီ။ လားမောင်းသမားသည် အသင့်အဖ၏ အခြွေအရံ၌ လူလွတ်ထဲကလော၊ ကျေးကျွန်ထဲကလော။
ကျေးကျွန်ထဲကပါ။
ထိုသို့ဆိုလျှင် အသင်၏ အဖသည် သားထက် ကျေးကျွန်ကို ပို၍အရေး ပေးရသလော။ သူ့ပစ္စည်းအတွက် သားထက် ကျေးကျွန်ကို ပို၍ယုံကြည်စိတ်ချ ရသလော။ လိုင်စီငယ်၊ မေးချင်ပါသေးသည်။ ဖြေပါဦးလော့။ အသင်သည် အသင့်ကိုယ်ကို အသင် အုပ်ထိန်းနေသလော၊ သို့တည်းမဟုတ် အသင့်ကိုယ် ကို အသင် အုပ်ထိန်းလော့ဟု အသင့်အဖက အသင့်အား အခွင့်ပေးပါသလော။
ဆော့ခရတ္တိ၊ အခွင့်မပေးပါ။ ထိုသို့ဖြစ်လျှင် အသင့်မှာ အထိန်းသမား ရှိနေပြီပေါ့။ ရှိပါသည်၊ သူလည်း ပါလာပါသည်၊ ဟိုမှာပါ။
အသင်၏ အထိန်းသမားသည် လူလွတ်ထဲကလော၊ ကျေးကျွန်ထဲက လား။ လူလွတ်မဟုတ်ပါ။ ကျေးကျွန်ထဲကပါ။
ဆန်းစွ။ လူလွတ်ကို ကျေးကျွန်က ချုပ်ကိုင်ရသလော။ သူ့တာဝန်သည် အဘယ်နည်း။
 ကျွန်တော့်ကို ထိန်းသိမ်းစောင့်ရှောက်၍ ကျွန်တော်၏ စာသင်ဆရာများ ထံသို့ ပို့ရပါသည်။
ဪ၊ အသင်၏ စာသင်ဆရာများကမူကား အသင့်ကို စိုးမိုးချုပ်ကိုင်ကြ လိမ့်မည် မဟုတ်ဟု ကျွန်ုပ် ထင်သည်။ | ဆော့ခရတ္တိ၊ အလွန်ဗိုလ်ကျကြပါသည်။ အလွန်ချုပ်ကိုင်ကြပါသည်။
စာပိုဒ် (စ) 
ဟာ၊ ထိုသို့ဆိုလျှင် အသင်၏ အဖသည် အသင့်ကို များလှစွာသော အရှင် သခင်တို့ဖြင့် ချုပ်ကိုင်ထားလေပြီ။ သနားစရာပါပေ။ သို့ရာတွင် အသင်၏ အိမ်၌ကား အသင်၏ အမိသည် သားသား ပျော်အောင် သားသားကို အလို လိုက်လိမ့်မည်ဟု ကျွန်ုပ် ဆိုရဲသည်။ အမိ ရက်ကန်းရက်နေစဉ် သားသားက သိုးမွေးချည်ခင်တို့နှင့် ဆော့ကစားနေပါလားဟု အမိက ဆိုမည်မုချ။ ထိုပြင် ရက်ကန်း လက်ခတ်တို့၊ ရက်ကန်းဘီးတို့၊ ရစ်တို့ကို သားသားက ကိုင်လား တွယ်လားပြုလျှင် သားသားကို အမိကမထားဘဲ ကြည့်နေမည်မုချ။ ထိုသို့ မဟုတ်ပါလော။ ။
ကျွန်ုပ်က ထိုသို့ဆိုသောအခါ လိုင်စီငယ်သည် ရယ်ပါလေသည်။ ထို့ နောက် လိုင်စီငယ်က ပြောသည်မှာ ဆော့ခရတ္တိ၊ အမေ့ပစ္စည်းများကိုသာ ကျွန်တော် ကိုင် တွယ်မိလျှင် အရိုက်ခံရမည်မှာ သေချာပါသည်။
ဟေ ဟုတ်ကလား။ လိုင်စီငယ်က အမေ့ကို အန်တုသောကြောင့်လော၊ အဖကို အန်တုသောကြောင့်လော။
ထိုအကြောင်းကြောင့်ကား မဟုတ်ပါ။
ထိုအကြောင်းကြောင့် မဟုတ်လျှင် အဘယ်အကြောင်းကြောင့်နည်း။ အသင့် အမိအဖတို့သည် အသင် စိတ်မချမ်းမသာ ဖြစ်အောင် အသင့်ကို အဘယ်ကြောင့် တားကြသနည်း။ အသင်၏ ဆန္ဒအတိုင်း ပြုချင်ရာမပြုနိုင် အောင် အသင့်ကို အဘယ်ကြောင့် ချုပ်ကိုင်ချင်ကြပါသနည်း။ သူတစ်ပါး၏ လက်အောက်၌ အသင့်ကို အဘယ်ကြောင့် တစ်နေကုန် တစ်နေခန်း ထားချင် ကြပါသနည်း။ လိုင်စီငယ်၊ အသင်သည် သူတစ်ပါး၏ ဩဇာကို ခံနေရသကဲ့ သို့ ဖြစ်နေပြီ။ ပစ္စည်းဥစ္စာ အမြောက်အမြား ရှိပါလျက် ပစ္စည်းဥစ္စာ၏ အကျိုး ကို အသင် မခံစား၊ မစံစားရသကဲ့သို့ ဖြစ်နေပြီ။ ပဒေသရာဇ်အနွယ် ဖြစ်ပါ လျက် သူတစ်ပါး၏ အစိုးအမိုးအချုပ်အကိုင်ကို ခံနေရသကဲ့သို့ ဖြစ်နေပြီ။
 စင်စစ်မှာ အသင်ကသာ သူတစ်ပါးကို ချုပ်ကိုင်ရမည်၊ သြဇာပေးရမည်။ အသင်၏ ဆန္ဒအလျောက် ပြုနိုင်ရမည်။ ထိုသို့ မဟုတ်ပါလော။
စာပိုဒ် (ဆ) 
ထိုအခါ လိုင်စီငယ်က ဆိုသည်မှာ ဆော့ခရတ္တိ၊ ကျွန်တော်၏ ဆန္ဒအလျောက် ကျွန်တော် ပြုခွင့်မရသည်မှာ မှန်ပါ၏။ သို့ရာတွင် ကျွန်တော်၏ အသက်ငယ်သေးသောကြောင့် ဖြစ်ရာသည်။
လိုင်စီငယ်၊ အသက်ငယ်ခြင်းသည် အကြောင်းမဟုတ်သင့်။ အသင်၏ အမိအဖတို့သည် အချို့သော အမှုကိစ္စများတွင် အသင် အသက်ငယ်သေးသည် ဟု ဆို၍ အသင့်ကိုမတား၊ အခွင့်ပေးထားသည် မဟုတ်ပါလော။ သူတို့အတွက် စာဖတ်ခိုင်းကြသောအခါ၊ စာအရေးခိုင်းကြသောအခါ မည်သူ့ကို ခိုင်းကြပါ သနည်း။ အသင့်ကို ခိုင်းကြပါသလော။
ဟုတ်ပါသည်။ ကျွန်တော့်ကို ခိုင်းကြပါသည်။
ထိုအခါ အသင်ကောင်းသည်ထင်သည့်အတိုင်း ဖတ်ရန်၊ ရေးရန် အသင့် အား အခွင့်ပေးကြသည် မဟုတ်ပါလော။ စောင်းအတီးခိုင်းသောအခါ၌ အသင် ၏အမိအဖတို့သည် ဤစောင်းကြိုးကို တင်းပါ၊ ထိုစောင်းကြိုးကို လျှော့ပါဟု အသင့်ကို သြဇာပေးကြပါသလော။ တစ်ဖန် အသင် စောင်းတီးသော အခါ၌ လက်ဖျားဖြင့်သာခတ်၍ တီးပါ၊ လက်ခတ်ဖြင့်သာ ခတ်၍တီးပါဟု အသင့်ကို သြဇာပေးကြပါသလော။
မပေးကြပါ။
ထိုသို့တပြီးကား၊ ဤအမှုကိစ္စ၌သာ အသင့်အား အခွင့်ပေး၍ ထိုထိုသော အမှုကိစ္စတို့၌ကား အသင့်အား အဘယ့်ကြောင့် အခွင့် မပေးကြသနည်း၊ အကြောင်း ရှိသင့်သည်။
ဆော့ခရတ္တိ၊ အကြောင်းရှိပါသည်။ သူတို့ အခွင့်ပြုကြသော အမှုကိစ္စ သည် ကျွန်တော် တတ်သိနားလည်သော အမှုကိစ္စဖြစ်သောကြောင့်ပင်။ သူတို့ အခွင့်မပြုကြသော အမှုကိစ္စသည် ကျွန်တော် မတတ်သေးသော၊ မသိသေးသော၊ နားမလည်သေးသော အမှုကိစ္စ ဖြစ်သောကြောင့်ပင်။
ဟုတ်ပြီ။ ထိုသို့ဆိုလျှင် အသင် အတားအမြစ် အချုပ်အကိုင်ခံရခြင်း သည် အသင် အသက်ငယ်သောကြောင့် မဟုတ်။ အသင် မတတ်သေး။ မသိသေး၊ နားမလည်သေးသောကြောင့်သာ ဖြစ်သည်။ အသင်သည် အဖထက်ပို၍  တတ်ပြီ၊ သိပြီ၊ နားလည်ပြီဟု စိတ်ချလာသော တစ်နေ့တွင် အသင်၏ အဖသည် သူ့ကိုယ်ကိုလည်းကောင်း၊ သူ့ပစ္စည်းဟူသမျှကို လည်းကောင်း အသင့်အား အပ်နှင်းမည် မုချ ဖြစ်သည်။ ဟုတ်ပါသလော။
ဟုတ်ပါသည်။
လိုင်စီငယ်၊ ဆိုချင်ပါသေးသည်။ အသင်၏ အိမ်နီးချင်းတို့ကလည်း အသင်၏အဖကဲ့သို့ သဘောထားကြပေလိမ့်မည်။ အိမ်ထောင်ကြီးကို အသင် စီးနိုင်ပြီဟု ယုံကြည်စိတ်ချလာသောအခါ အသင်၏ အဖသည် အသင့်ကိုပင် အိမ်ထောင်အစီးခိုင်းလိမ့်မည်ဟု ကျွန်ုပ်ထင်သည်။ အသင်ကာ ထိုသို့ ထင်ပါ သလော။
ထင်ပါသည်။ | ထိုနည်းတူစွာ အသင်၌ ပညာအလုံအလောက် ရှိပြီဟု ယူဆလာကြသော အခါ၌လည်း အက်သင်းနိုင်ငံသားတို့သည် ပြည်ရေးရွာမှု တာဝန်ကို အသင့် လက်သို့ လွှဲအပ်ကြလိမ့်မည်ဟု ကျွန်ုပ် ထင်သည်။ အသင်ကော ထင်ပါသလော။
ဆော့ခရတ္တိ၊ ထိုသို့ပင် အထင်ရှိပါသည်။
စာပိုဒ် (ဇ) 
ကောင်းပြီ၊ မေးချင်ပါသေးသည်။ အာရှတိုက်တွင် မင်းကြီးတစ်ပါး၌ အိမ်ရှေ့စံ သားတော်တစ်ပါး ရှိသည်။ အသင်နှင့် ကျွန်ုပ်သည် ထိုမင်းကြီးထံ သွား၍ စားတော်ချက်အရာ၌ ကျွမ်းကျင် လိမ္မာကြောင်း လျှောက်ကြသည် ဆိုအံ့။ မင်းကြီး ယုံကြည်စိတ်ချလောက်အောင် ကျွန်ုပ်တို့၏ အတတ်ပညာကိုလည်း ပြနိုင်ကြသည်ဆိုအံ့။ ထိုအခါ မင်းကြီးသည် သူ၏ ပွဲတော်အုပ်အတွက် သူ့ သားတော်ကို အချက်ခိုင်းမည်လော။ ကျွန်ုပ်တို့ကို အချက်ခိုင်းမည်လော။ ထို့ ပြင် ကျွန်ုပ်တို့ကောင်းသည်၊ သင့်သည်ထင်သည့်အတိုင်း ချက်စေဟုဆိုမည်လော။
ဆော့ခရတ္တိ၊ ကျွန်တော်တို့ကိုသာ ကျွန်တော်တို့ ကောင်းသည် ထင်သည့် အတိုင်း အချက်ခိုင်းမည်ပါ။
ဤဟင်းကို အရသာရှိအောင် ချက်ရမည်ဖြစ်လျှင် ဟင်းအိုး၌ လက်တစ် ဆုပ်စာလောက် ဆားခတ်ဖို့လို၏ဟု ကျွန်ုပ်တို့က လျှောက်ကြသည်ဟုဆိုအံ့။ သူ့သားတော်ကမူ လက်တစ်ဆိတ်စာလောက်သာ ဆားခတ်ဖို့လိုသည်ဟု လျှောက် သည်ဟု ဆိုအံ့။ ထိုအခါ မင်းကြီးသည် မည်သူ့ကို အခွင့်ပြုမည်နည်း။
ကျွန်တော်တို့ကိုသာ အခွင့်ပြုတော်မူမည်ပေါ့။
 ပုံစံတစ်ခုပြပါဦးမည်။ သူ့သားတော်သည် မျက်စိနာသည်ဆိုအံ့။ အကယ်၍ သူ့သားတော်သည် မျက်စိကုအတတ်တို့ကို မတတ်ဟု သိလျှင် မင်းကြီးသည် သူ့သားတော်အား သူ့မျက်စိကို သူ ကုခွင့်ပေးမည်လော။
ပေးမည် မဟုတ်ပါ။ )
မျက်စိကုအတတ်ကို ကျွန်ုပ်တို့ တတ်ကြသည်ဆိုအံ့။ ကျွန်ုပ်တို့ တတ် ကြသည်ကို မင်းကြီးကလည်း သိသည်ဆိုအံ့။ ထိုအခါ မင်းကြီးသည် ကျွန်ုပ် တို့ကို အကုခိုင်းမည်သာ။ ထိုအခါ သားတော်၏ မျက်စိနာကို ပျောက်ကင်း စေချင်သည်ဖြစ်လျှင် သားတော်၏ မျက်စိကို အဖွင့်ခိုင်း၍ မျက်စိထဲသို့ပြာမှုန့် ဖြူး၍ ကုဖို့လို၏ဟု ကျွန်ုပ်တို့က ဆိုကြစေကာမူ မင်းကြီးသည် ကျွန်ုပ်တို့ကိုသာ အကုခိုင်းမည် မဟုတ်ပါလော။
ကျွန်တော်တို့ကိုသာ အကုခိုင်းမည်။
ထို့ပြင် တစ်ခုသော အမှုကိစ္စ၌ သူ့ထက်သော်လည်းကောင်း၊ သူ့သားတော် ထက်သော်လည်းကောင်း ကျွန်ုပ်တို့က ပို၍တတ်သည်၊ ပို၍သိသည်ဟု ယူဆ လျှင် မင်းကြီးသည် ထိုအမှုကိစ္စ၌ ကျွန်ုပ်တို့ကိုသာ ခိုင်းမည် မဟုတ်ပါလော။ ဆော့ခရတ္တိ၊ ခိုင်းမည်ပေါ့။
စာပိုဒ် (ဈ) 
အချင်း လိုင်စီငယ်၊ ဆိုခဲ့သော ဆင်ခြေစကားတို့ကိုထောက်လျှင် ကျွန်ုပ်တို့သည် ဂရိလူမျိုးပင် ဖြစ်စေကာမူ၊ ဂရိလူမျိုး မဟုတ်သူပင် ဖြစ်စေကာမူ၊ ယောက်ျားပင် ဖြစ်စေကာမူ၊ မိန်းမပင်ဖြစ်စေကာမူ ကျွန်ုပ်တို့ တတ်သိ နားလည်သော အမှုကိစ္စများတွင် လူတိုင်းလူတိုင်းသည် ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချ လိမ့်မည်ဟု ဆိုနိုင်သည်။ ထိုအခါ ထိုသို့သော အမှုကိစ္စများကို ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ကောင်းသည်၊ သင့်သည် ထင်သည့်အတိုင်း ဆောင်ရွက်ကြရလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့ကို မည်သူကမျှ တားမည်မဟုတ်၊ အခွင့်ပြုကြမည်သာ ဖြစ်သည်။ ထို့ပြင် မသိနားမလည်သေးသော သူတို့ကို တတ်သိနားလည်သော ကျွန်ုပ်တို့က ကြီးမှူးကြပ်မ၍ ဆောင်ရွက်ကြရလိမ့်မည်။ ထိုမျှသာ မကသေးပါ။ အများအကျိုးရှိအောင် ဆောင်ရွက်ကြရမည်သာ ဖြစ်သောကြောင့် ကျွန်ုပ်တို့ကသာ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ အချင်း လိုင်စီငယ်၊ ကျွန်ုပ်တို့ တတ်သိနားလည်ခြင်းမရှိသော အမှုကိစ္စများ၌ကား ကျွန်ုပ်တို့၏ ဆန္ဒအတိုင်း ဆောင်ရွက်ကြသည်ကို မည်သူကမျှ ခွင့်ပြုမည်မဟုတ်၊ ကြမည်သာဖြစ်သည်။ သူတစ်ပါးကို မဆိုထားဘိ၊ အမိအဖနှင့်တကွ ချစ်နှစ်သက်သော သူများကပင် တားကြမည်ဖြစ်သည်။ ထိုသို့သော အမှုကိစ္စများတွင် ကျွန်ုပ်တို့သည် တတ်သိ  နားလည်သောသူများ၏ ကြီးမှူးကြပ်မမှုကို ခံယူကြရလိမ့်မည်။ ထို့ပြင် ကျွန်ုပ်တို့၌ အများအကျိုးရှိအောင် ဆောင်ရွက်တတ်သောအသိ မရှိသဖြင့် တတ်သိနားလည်သူတို့ ဆောင်ရွက်ကြသော အမှုကိစ္စများ၌ ကျွန်ုပ်တို့က ဝင်စွက်ခြင်းမပြုထိုက်ဟု ယူဆသည်။ အချင်းလိုင်စီငယ်၊ ကျွန်ုပ် ယခုတင်ပြသော ကောက်ချက်တို့ကို အသင် ကြိုက်ပါသလော။
ဆော့ခရတ္တိ၊ ကြိုက်ပါသည်။
စာပိုဒ် (ည)
 ကောင်းပြီ၊ မေးချင်ပါသေးသည်။ အများ အကျိုးရှိအောင် ဆောင်ရွက်ရန် ကျွန်ုပ်တို့ တတ်သိ နားလည်ခြင်း မရှိသော အမှုကိစ္စများတွင် မည်သူသည် ကျွန်ုပ်တို့ကို အဆွေခင်ပွန်းဟု သဘောထားနိုင် မည်နည်း၊ မည်သူသည် ကျွန်ုပ်တို့ကို ချစ်ခင်ကိုးစားနိုင်မည်နည်း။
ဆော့ခရတ္တိ၊ ထိုသို့ဖြစ်လျှင် ကျွန်တော်တို့ကို မည်သူမျှ အဆွေခင်ပွန်းဟု သဘောထားနိုင်မည် မဟုတ်ပါ၊ မည်သူမျှ ချစ်ခင်ကိုးစားနိုင်မည် မဟုတ်ပါ။
အများအကျိုးရှိအောင်၊ အများကောင်းအောင် ဆောင်ရွက်ရန် အသင်၌ တတ်သိနားလည်ခြင်းမရှိသည်ဖြစ်လျှင် အသင်၏ အဖသည် အသင့်ကို ချစ်ခင် ကိုးစားနိုင်ပါမည်လော။ မည်သူသည် ချစ်ခင်ကိုးစားနိုင်မည်နည်း။
မည်သူကမျှ ချစ်ခင်ကိုးစားနိုင်မည် မဟုတ်သည်မှာ ထင်ရှားပါသည်။
ဟုတ်ပြီ။ အသင့်မှာ တတ်သိနားလည်ခြင်း ရှိလာ၍ အများအကျိုးရှိ အောင်၊ အများကောင်းအောင် ဆောင်ရွက်တတ်ခြင်း ရှိလာသောအခါ လူတိုင်း လူတိုင်းသည် အသင်၏ မိတ်ဆွေဖြစ်လာ၍ အသင့်ကို ချစ်ခင်ကိုးစားလာမည် မဟုတ်ပါလော။ အများအကျိုးရှိအောင် အများကောင်းအောင် အသင့်ကိုယ်ကို အသင် အသုံးချတတ်ခြင်း မရှိလျှင်မူကား အသင်၏ အဖလည်း အသင်၏ မိတ်ဆွေ ဖြစ်လာမည် မဟုတ်၊ အသင်၏ အမိလည်း အသင်၏မိတ်ဆွေ ဖြစ်လာမည် မဟုတ်။ အသင့်ကို ချစ်နှစ်သက်သောသူလည်း အသင်၏မိတ်ဆွေ ဖြစ်လာမည် မဟုတ်။ မည်သူမျှ အသင်၏မိတ်ဆွေ ဖြစ်လာမည် မဟုတ်။ အချင်း လိုင်စီငယ်၊ အသင် တတ်သိနားလည်ခြင်းမရှိသေးသော အမှုကိစ္စတွင် အသင် တတ်သည်။ အသင် သိသည်၊ အသင်နားလည်သည်ဟု ဆိုနိုင်ပါမည်လော။
ဆော့ခရတ္တိ၊ အဘယ်မှာ ဆိုနိုင်အံ့နည်း။ ။
ထို့အပြင် သင်သည် ဆရာကို အားကိုးနေရသေးသည်ဖြစ်လျှင် အသင် မတတ်သေး၊ အသင် မသိသေး၊ အသင် နားမလည်သေးဟု ဆိုရမည်။
 ဆိုရမည်ပေါ့။
ကောင်းပြီ။ အသင် မတတ်သေး၊ အသင် မသိသေး၊ အသင် နားမလည် သေးဟု ဆိုလျှင် အသင် တတ်ပြီ၊ အသင် သိပြီ၊ အသင် နားလည်ပြီဟု အသင့် ကိုယ်ကို အသင် အထင်ကြီးနိုင်ပါမည်လော။
ဆော့ခရတ္တိ၊ အဘယ်မှာလျှင် အထင်ကြီး၍ ရနိုင်ပါမည်နည်း။
စာပိုဒ် (ဋ) 
လိုင်စီငယ်က ထိုသို့ဆိုသောအခါ ကျွန်ုပ်သည် ဟိပေါသာလိကို လှမ်းကြည့်၍ မဆိုသင့်သည်ကို ဆိုမိမည်ကဲ့သို့ ဖြစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အချင်း ဟိပေါသာလိ၊ လိုင်စီငယ်ကို အသင်ချစ်၍ အသင်ကိုယ်တိုင် မိတ်ကောင်း ဆွေကောင်း ပီသချင်သည်ဖြစ်လျှင် လိုင်စီငယ်ကို အသင် မြှောက်၍ပင့်၍ မပြော ပါနှင့်၊ မြှောက်လုံးပင့်လုံးများဖြင့် မဖျက်ဆီးပါနှင့်၊ လိုင်စီငယ်ကို နှိမ့်ချသော စိတ်ရှိလာအောင် ပြောပါဟုဆိုရန် ကျွန်ုပ်၌ အကြံဖြစ်ခဲ့သောကြောင့်ပင်။ သို့ရာတွင် ကျွန်ုပ်နှင့် လိုင်စီငယ်တို့ ပြောဟောကြသော စကားတို့ကြောင့် ဟိပေါသာလိ ဣပျက်နေသည်ကို လည်းကောင်း၊ စကားဝိုင်းထဲ၌ ရှိနေလင့် ကစား လိုင်စီငယ် မြင်မည်စိုး၍ ပုန်းလျှိုးကွယ်လျှိုး နားထောင်နေသည်ကို လည်းကောင်း ကျွန်ုပ် သတိထားမိသည်။ ထို့ကြောင့် ဆိုမည့်စကားကို မဆို တော့ဘဲ ခပ်မဆိတ် နေလိုက်ပါသည်။
✥﹤--- www.ebooks4mm.org ---﹥✥

၆။ ဆော့ခရတ္တိ၏ အဆွေခင်ပွန်း အယူအဆ (ခ)
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်များသည် လိုင်စီ (Lysis) ကထာမှပင်ဖြစ်သည်။ ယခင်(က)မှ (၄) အထိ စာပိုဒ်များတွင် မိတ်ဆွေ ဟူသည် ကောင်းရာသို့ ညွှန်တတ်၍ အကျိုးရှိအောင် ပြုတတ်သူဖြစ်၏ဟုလည်းကောင်း၊ ထိုသို့သော သူမျိုး ဖြစ်လာအောင် ဝိဇ္ဇာအသိတရားရှိအပ်သည်ဟုလည်းကောင်း သိခဲ့ ရပြီ။
ဖော်ပြလတ္တံ့သော စာပိုဒ်များတွင် မိတ်ဆွေဟု ဆိုကြရာ၌ အနည်းဆုံး လူနှစ်ဦးရှိရမည်ဖြစ်ရာ၊ မည်သူ့ကို မိတ်ဆွေဟု ယူဆရမည်နည်း ဟူသော ပြဿနာကို တွေ့နိုင်သည်။ ထိုပြဿနာကို ဖြေရှင်းရာ၌ ယုတ္တိ သက်သက်ကို မလို၊ အမှန်ကိုလိုသော ဆော့ခရတ္တိ၏ မေးမြန်းစိစစ်ပုံနှင့် သဘောထားပုံတို့ကိုလည်း တွေ့နိုင်သည်။ ရှေးဦးစွာ ဆော့ခရတ္တိနှင့် မီနီဇိနတို့ ဆွေးနွေးကြသည်။ မီနီဇိနသည်လည်း လူငယ်ဖြစ်သည်။ လိုင်စီငယ်၏ မိတ်ဆွေဖြစ်သည်။ လိုင်စီငယ်ထက် ပို၍ဉာဏ်ကောင်းသည် ဟု ဆိုသည်။ ဆော့ခရတ္တိနှင့် မီနီဇိနတို့သည် မိတ်ဆွေဟူသည် အဘယ်နည်း ဟူသော အမေးအတွက် အဖြေရှာကြရာတွင် လွယ်မယောင်နှင့် အခက် တွေ့ခဲ့ကြသည်။ မိတ်ဆွေ၏ သဘောကို အကယ်စစ်ဆေးလိုက်သောအခါ ချစ်နေသောကြောင့် မိတ်ဆွေဖြစ်ချင်သူသက်သက်ကိုလည်း မိတ်ဆွေဟု မခေါ်နိုင်။ အချစ်ခံရသူသက်သက်ကိုလည်း မိတ်ဆွေဟု မခေါ်နိုင်။ နောက်ဆုံးတွင် မေတ္တာအတုံ့အပြန် ထားတတ်ကြသောသူတို့ကိုသာလျှင်  မိတ်ဆွေဟု ခေါ်ထိုက်ကြောင်း၊ မိတ်ဆွေဖြစ်ခြင်းဆိုသည်မှာ မေတ္တာ အတုံ့အပြန် ထားတတ်ခြင်းသာ .(ဝါ) မေတ္တာအတုံ့အပြန်ရှိခြင်းသာ ဖြစ်ကြောင်း အဖြေထွက်လာသည်ကို သိနိုင်သည်။ မီနီဇိနနှင့် ပြောဟော ဆွေးနွေးပြီးသောအခါ ဆော့ခရတ္တိသည် လိုင်စီငယ်နှင့်ထပ်၍ ဆွေးနွေး ပြန်သည်။ ဆွေးနွေးချက်၏ လိုရင်းမှာ ကိုယ်နှုတ်နှလုံးကောင်းသူတိုင်း မိတ်ဆွေဖြစ်နိုင်သည် ဟူသော အသစ်တစ်ခုကို တိုး၍သိလာရခြင်း ဖြစ်သည်။
ဆိုခဲ့သော ပြောဟော ဆွေးနွေးပွဲ နှစ်ခု၌ ဆော့ခရတ္တိ စိတ်ကောင်း ရှိ၍ ချစ်ကြည်ညိုဖွယ်ကောင်းပုံ၊ လူငယ်လူရွယ်တို့နှင့် သင့်မြတ်ပုံ၊ လူငယ်လူရွယ်တို့ကို ပြောဟောသင်ပြရာ၌ ရယ်ရယ်မောမော ပျော်ပျော် ပါးပါး ပြောဟောတတ်၍ နည်းယူဖွယ်ကောင်းပုံတို့ကို တွေ့နိုင်ပါသည်။
စာပိုဒ် (၄) 
ထိုအခိုက်မှာပင် မီနီဇိနပြန်လာ၍ လိုင်စီငယ်၏နံပါးရှိ သူ့နေရာတွင် ဝင်ထိုင် ပါသည်။ ထိုအခါ ချစ်စရာကောင်းသော လိုင်စီငယ်သည် အပြစ်မရှိသော ကလေးကဲ့သို့ ကျွန်ုပ်၏ နားနားသို့ကပ်၍ မီနီဇိန မကြားအောင် တိုးတိုး ပြောသည်မှာ အချင်းဆော့ခရတ္တိ၊ ကျွန်တော့်အား အသင် ပြောသမျှကို မီနီဇိန အား ပြန်ပြောပါလော့ဟု ဆိုပါသည်။ ။
ထိုအခါ ကျွန်ုပ်က အချင်း လိုင်စီငယ်၊ အသင် ကြားခဲ့ပြီး ဖြစ်သည်။ အသင်ကိုယ်တိုင် ပြောပြလျှင် မကောင်းပြီလောဟု ကျွန်ုပ်က ပြန်ပြောသည်။ ထိုအခါ လိုင်စီငယ်က အကောင်းသားပေ။ နောင်အခါ ပြောပြပါမည်။
အသင် ပြောပြမည်ဆိုလျှင် ကျွန်ုပ် ပြောခဲ့သမျှကို သတိရအောင် ရှေးဦးစွာ အသင် အားထုတ်ပါ။ ထို့နောက် ပြန်ပြောသောအခါ ကျွန်ုပ် ပြောခဲ့သမျှကို အတိအကျ ပြန်ပြောပါ။ မေ့နေသော အချက်ရှိလျှင် နောင်တစ်ကြိမ် ကျွန်ုပ်နှင့် တွေ့သောအခါ ကျွန်ုပ်ကို မေးနိုင်ပါသည်။
ကောင်းပါပြီ။ အသင်၏စကားကို မြေဝယ်မကျ နားထောင်ပါမည်။ သို့ရာတွင် ဆော့ခရတ္တိ၊ အသင့်မှာ ပြောစရာအသစ်အဆန်းရှိသေးလျှင် သူ့ကို ပြောပြပါဦးလော့။ နားထောင်ခွင့်ရလျှင် ကျွန်တော်လည်း နားထောင်ချင်ပါသည်။
လိုင်စီငယ်က ထိုသို့ မေတ္တာရပ်သောအခါ ကျွန်ုပ်က လိုင်စီငယ်၊ အသင် မေတ္တာရပ်သည်ကို ကျွန်ုပ် မငြင်းလိုပါ၊ ပြောချင်ပါ၏။ သို့ရာတွင် အသင်လည်း သိသည့်အတိုင်း မီနီဇိနသည် စကားစစ်ထိုးတတ်သူဖြစ်သည်။ အကယ်၍ ကျွန်ုပ်မှာ အရေးမလှဖြစ်ခဲ့သော် ကျွန်ုပ်ကို အသင်ဝင်ကူမည်လော။
ကူရမည်ပေါ့။ ဟုတ်ပါ၏၊ မီနီဇိနသည် စကားစစ်ထိုးတတ်သူဖြစ်သည်။ ထို့ကြောင့်လည်း သူနှင့်စကားအဆိုခိုင်းခြင်း ဖြစ်သည်။
T  ဩ၊ ကျွန်ုပ် အရူးဖြစ်အောင် ဆိုပါတော့။ အို၊ ထိုသို့ကား မဟုတ်ပါ။ သူ့ကို နှိမ်ပေးစေချင်သောကြောင့်သာပါ။
လိုင်စီငယ်၊ သူ့ကို နှိမ်ပေးဖို့ဆိုသည်မှာ မလွယ်ပါ။ မီနီဇိနသည် တော် တော် လန့်စရာကောင်းသူဖြစ်သည်။ ဆရာတိစိပ၏ တပည့်ကျော် ဖြစ်သည်။ သူ့ဆရာ တိစိပလည်း ရှိနေသည် မဟုတ်ပါလော။ ဟိုနေရာ၌ ထိုင်နေသည်ကို အသင် မမြင်ပြီလော။ ကျွန်ုပ်သည် ယခုပင် ကြောက်ဒူးတုန်နေပါပြီ။
ဆော့ခရတ္တိ၊ ကြောက်စရာ မရှိပါ။ ဆိုစရာ ရှိသည်ကိုသာ ဆိုပါ။ ကောင်းပါပြီ၊ ဆိုပါဟု ဆိုလျှင်လည်း ဆိုရတော့မည်။
စာပိုဒ် (၃) 
ထိုသို့ ကျွန်ုပ်နှင့် လိုင်စီငယ်တို့ တီးတိုး ပြောဆိုနေကြသောအခါ ဆရာ တိစိပသည် ကြားဝင်၍ အချင်းဆော့ခရတ္တိ၊ အသင်တို့နှစ်ဦးတည်း တိုးတိုး ကျိတ်၍ ကြည်နူးနေကြသည်မှာ မသင့်ပါ။ အကျွန်ုပ်တို့ကော မပါကြရဘူးလေ။
အချင်း တိစိပ၊ အကြောင်းထူး မဟုတ်ပါ။ ပါချင်ကြလျှင် အသင်တို့လည်း ပါနိုင်ကြပါသည်။ ကျွန်ုပ်ဆိုခဲ့သော စကားစုတွင် လိုင်စီငယ်က သူနားမလည် သော အချက်ပါကြောင်း၊ ထိုအချက်ကို မီနီဇိန သိသည်ဟု သူ ထင်ကြောင်း၊ ထို့ကြောင့် မီနီဇိနကို ကျွန်ုပ်က မေးကြည့်သင့်ကြောင်း လိုင်စီငယ်က ကျွန်ုပ်ကို တိုးတိုးတိတ်တိတ် သွေးဆောင်နေခြင်းမျှသာ ဖြစ်ပါသည်။ )
ဆော့ခရတ္တိ၊ ထိုသို့ဖြစ်လျှင်လည်း အသင့်ကိုယ်တိုင် မီနီဇိနကို မေးကြည့် ပါဟု တိစိပက ကျွန်ုပ်ကို တိုက်တွန်းသည်ဖြစ်ရာ ကျွန်ုပ်က မေးကြည့်မည်ဟုပင် ကျွန်ုပ် စိတ်ကူးနေပါသည်။ အချင်း မီနီဇိန၊ ကျွန်ုပ်မှာ မေးစရာတစ်ခု ရှိနေပါသည်။ အသင် ဖြေမည်လော။ သို့ရာတွင် မမေးခင် ကျွန်ုပ် ပြောစရာရှိ၍ ပြောချင်ပါသေးသည်၊ ပြောခွင့်ပေးပါ။ ကျွန်ုပ် ပြောချင်သည်မှာ ဤသို့ဖြစ်သည်။ အကလေးအရွယ်မှစ၍ ကျွန်ုပ်တောင့်တခဲ့ သော အရာတစ်ခုသည် ကျွန်ုပ်မှာ ရှိသည်။ လူတိုင်းလူတိုင်း၌ တောင့်တအပ် သော အရာတစ်ခုခုသည် ရှိတတ်သည် မဟုတ်ပါလော။ အချို့သည် မြင်းကောင်း ကို တောင့်တကြသည်။ အချို့သည် ခွေးကောင်းကို တောင့်တကြသည်။ အချို့သည် ရွှေငွေဥစ္စာတို့ကို တောင့်တကြသည်။ အချို့သည် ဂုဏ်ထူး အမည်ထူးတို့ကို တောင့်တကြသည်။ ကျွန်ုပ်သည် ထိုအရာများအနက် မည်သည့် အရာကိုမျှ လိုလိုချင်ချင် မဖြစ်ခဲ့။ မိတ်ဆွေကိုသာ ကျွန်ုပ် တတောင့်တတဖြစ်ခဲ့ သည်။ မိတ်ဆွေကို ရလျှင် ကျွန်ုပ် ကျေနပ်ပါပြီ။ ကြက်ကောင်းဟူ၍ ရှိသည်။
 ငုံးကောင်းဟူ၍ ရှိသည်။ သို့ရာတွင် ကျွန်ုပ်သည် မိတ်ဆွေကို ကြက်ကောင်း၊ ငုံးကောင်းတို့နှင့် မလဲပါ။ မြင်းချောမြင်းလှ၊ ခွေးချောခွေးလှတို့နှင့်လည်း မလဲပါ။ ကျိကျိတက် ကြွယ်ဝသော ဒရိအ မင်းကြီး၏ ရွှေငွေဥစ္စာတို့နှင့်လည်း မလဲပါ။ ဒရိအ မင်းအဖြစ်နှင့်ပင် မလဲပါ။ ကျွန်ုပ်သည် ထိုမျှလောက် မိတ်ဆွေကို အလိုရှိသူဖြစ်သည်။ အချင်း မီနီဇိန၊ အသင်နှင့် လိုင်စီငယ်တို့သည် ပျိုမျစ်နုနယ်သောအရွယ်၌ပင် သောဟီဟု ဆိုအပ်သော မိတ်ဆွေ၏ အဖြစ်ကို ရခဲ့ကြပြီ။ အသင်ကလည်း လိုင်စီငယ်၏ မိတ်ဆွေအချစ်ကို ရခဲ့ပြီ မဟုတ်ပါ လော။ လိုင်စီငယ်ကလည်း အသင်၏ မိတ်ဆွေအချစ်ကို ရခဲ့ပြီ မဟုတ်ပါလော။ ထိုသို့သော အသင်တို့နှစ်ဦးကို ကျွန်ုပ်တွေ့ရမြင်ရသောအခါ ကျွန်ုပ် အတိုင်းမသိ အံ့သြခြင်း ဝမ်းမြောက်ခြင်း ဖြစ်မိသည်။ ကျွန်ုပ်သည် အသက်အရွယ်အားဖြင့် တစ်ဆိတ်ဟိုင်းခဲ့ပြီ ဖြစ်သော်လည်း အသင်တို့နှစ်ဦး ရခဲ့ကြသော ရတနာမျိုးကို ယနေ့အထိ ကျွန်ုပ် မရခဲ့ပါ။ မိတ်ဆွေဖြစ်အောင် မည်သို့ပြုရသည်ကို ကျွန်ုပ် လားလားမျှ မသိပါ။ အသင်တို့နှစ်ဦးသည် မိတ်ဆွေဖြစ်လာကြသော ကိစ္စတွင် အတွေ့အကြုံ ရှိခဲ့သူများ ဖြစ်ကြသည်။ ထို့ကြောင့် အသင်တို့ကို ကျွန်ုပ် မေးကြည့်ချင်ပါသည်၊ မေးပါရစေ။ အချင်းမီနီဇိန၊ မိတ်ဆွေဖြစ်ကြသည့်ကိစ္စတွင် မည်သူ့ကို မိတ်ဆွေဟု ဆိုသင့်ပါသနည်း။ ချစ်နေသူက မိတ်ဆွေလော၊ အချစ်ခံရသူက မိတ်ဆွေလော။ နှစ်ဦးစလုံးကိုပင် မိတ်ဆွေဟု ဆိုရမည်လော။ အသင်တို့၏ အတွေ့အကြုံအရ ပြောပါဘိ။
စာပိုဒ် (ပ) 
ဆော့ခရတ္တိ၊ နှစ်ဦးစလုံးကိုပင် မိတ်ဆွေဟု ဆိုရမည် ထင်သည်။
မီနီဇိန၊ တစ်ဦးကသာ ချစ်သည်ဖြစ်ပါက ပသို့နည်း။ နှစ်ဦးစလုံးကိုပင် မိတ်ဆွေဟု အသင် ဆိုဦးမည်လော။
ထိုသို့ပင် ဆိုချင်ပါသေးသည်။ ချစ်နေသူက ချစ်ပါသော်လည်း အချစ်ခံရသူက ပြန်မချစ်သောသဘောမျိုး မရှိနိုင်ပြီလော။
ရှိနိုင်ပါသည်။ သူ၏ အမုန်းကို ထို့ပြင် ချစ်နေသူသည် အချစ်ခံရသူ၏ အမုန်းကိုပင် ခံရတတ်သေးသည် မဟုတ်ပါလော။ ချစ်နေသူသည် တစ်ခါတစ်ရံ ထိုသို့သော ကိစ္စမျိုးနှင့် ကြုံရ တတ်သည်ဟု ကျွန်ုပ် ထင်သည်။ ချစ်နေသူသည် အစွမ်းကုန် ချစ်ပါ၏။ သို့ရာတွင် အတုံ့အပြန် အချစ်မခံရဟုသော်လည်းကောင်း၊ အမုန်းကိုပင်ခံရ၏ ကိစ္စမျိုးနှင့် ကို  ဟုသော်လည်းကောင်း သူသိသလိုလို ဖြစ်လာသောအခါ သူ့မှာ စိတ်မသက် မသာ ဖြစ်ရရှာသည်။ ထိုစကား မှန်ပါသလော။
မှန်ပါသည်။ ထိုသို့ပင် ဖြစ်တတ်ပါသည်။
ကောင်းပြီ။ ထိုသို့ ဖြစ်တတ်သော ကိစ္စမျိုးတွင် ချစ်နေသူဟု လည်းကောင်း၊ အချစ်ခံရသူဟု လည်းကောင်း လူနှစ်ဦးရှိရသည် မဟုတ်ပါလော။ ဟုတ်ပါသည်။ ရှိရမည်သာ။
ကောင်းပြီ။ ချစ်နေသူနှင့် အချစ်ခံရသူနှစ်ဦးရှိသည့်အနက် မည်သူသည် မိတ်ဆွေဖြစ်ပါသနည်း။ ချစ်နေသူသည် အချစ်မခံရစေကာမူ သို့တည်းမဟုတ် အမုန်းခံရစေကာမူ ထိုချစ်နေသူကို အချစ်ခံရသူ၏ မိတ်ဆွေဟု အသင်ဆိုမည် လော။ သို့တည်းမဟုတ် အချစ်ခံရသူကို ချစ်နေသူ၏ မိတ်ဆွေဟု အသင်ဆိုမည် လော။ သို့တည်းမဟုတ် အတုံ့အပြန်ချစ်ခြင်းရှိသည် မဟုတ်လျှင် နှစ်ဦးစလုံး ကိုပင် မိတ်ဆွေမဟုတ်ဟု မဆိုနိုင်ပြီလား။
ဆော့ခရတ္တိ၊ နှစ်ဦးစလုံးကိုပင် မိတ်ဆွေမဟုတ်ဟု ဆိုရတော့မည် ကဲ့သို့ပင်။
“ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့၏ ယခု အယူအဆသည် ကျွန်ုပ်တို့၏ ယခင် အယူအဆနှင့်မတူ ဖြစ်နေသည်။ ယခင်ကသော် တစ်ဦးကသာ ချစ်နေစေကာမူ နှစ်ဦးစလုံးကိုပင် မိတ်ဆွေဟု ဆိုခဲ့ကြသည်။ ယခုမူ အတုံ့အပြန်ချစ်ခြင်း ရှိသည် မဟုတ်လျှင် နှစ်ဦးစလုံးကိုပင် မိတ်ဆွေမဟုတ် ဖြစ်နေချေပြီ။ ပသို့နည်း။
ဆော့ခရတ္တိ၊ နှစ်ဦးစလုံးပင် မိတ်ဆွေမဟုတ်ဟု ဆိုသည်က မှန်သယောင် ယောင်။
စာပိုဒ် (ဏ) 
ထိုသို့ဆိုလျှင် အတုံ့အပြန် အချစ်မခံရသော ချစ်သူအဖို့မှာ မိတ်ဆွေဟူ၍ ရှိနိုင်ပါဦးမည်လော။
မရှိနိုင်တော့ပါ။
ထိုသို့ဆိုလျှင် မြင်း၏ အတုံ့အပြန် ချစ်ခြင်းကို မခံရသော ကိစ္စ၌ မြင်းကို ချစ်နေသူ မရှိနိုင်။ ထိုနည်းတူစွာ အတုံ့အပြန် ချစ်ခြင်းကို မခံကြရလျှင် ငုံးကို ချစ်နေသူ မရှိနိုင်၊ ခွေးကို ချစ်နေသူ မရှိနိုင်၊ ဝိုင်အရက်ကို ချစ်နေသူ မရှိနိုင်၊ အားကစားကို ချစ်နေသူ မရှိနိုင်၊ အသိပညာကို ချစ်နေသူ မရှိနိုင်၊ ထိုသို့ပင် ဆိုကြရတော့မည်ကဲ့သို့ဖြစ်သည်။ သို့တည်းမဟုတ် ဆိုခဲ့သောအရာ တို့၏ အတုံ့အပြန် ချစ်ခြင်းကို မခံကြရစေကာမူ ထိုသို့ မခံကြရသောသူတို့ သည် ဆိုခဲ့သော အရာတို့ကို ချစ်နေကြသူများသာ ဖြစ်၏ ဆိုရလိမ့်မည်။
 ထိုသို့ မဆိုချင်လျှင် “အကြင်သူ၌ သူချစ်သော သားသမီးတို့ ရှိကြ၏။ အချ အနင်းကောင်းသောမြင်း ရှိ၏။ အနံ့ခံကောင်းသော အမဲလိုက်ခွေး ရှိ၏။ ခရီး ထွက်သည့်အခါ ကြိုဆိုဧည့်ခံမည့်သူ ရှိ၏။ ထိုသူသည် ချမ်းသာသုခကို ရ၏။” ဟု ဖွဲ့ဆိုခဲ့သော စာဆိုတစ်ဦး၏ စကားကို မှားပြီဟု အသင် ဆိုရ လိမ့်မည်။ အသင်ဆိုမည်လော။
ဆော့ခရတ္တိ၊ စာဆို၏စကားကို မှားသည်ဟု မဆိုနိုင်ပါ။ မှားသည်ဟု မဆိုနိုင်လျှင် မှန်သည်ဟု ဆိုရမည်လော။ မှန်သည်ဟု ဆိုရမည်သာ။
အချင်း မီနီဇိန၊ မှန်သည်ဟု အသင် ဆိုလျှင် အချစ်ခံရသူက ပြန်၍ ချစ်သည် ဖြစ်စေ၊ မုန်းသည်ဖြစ်စေ အချစ်ခံရသူသည် ချစ်နေသူ၏ မိတ်ဆွေ ဖြစ်၏ဟု ဆိုရတော့မည်ကဲ့သို့ ဖြစ်လာပြန်ပြီ။ ပုံစံပြရသည်ရှိသော် ငယ်လွန်း လှသဖြင့် ချစ်ရမှန်း ခင်ရမှန်း မသိသေးသော၊ သို့တည်းမဟုတ် မိဘက မြည်တွန် တောက်တီး၍ ဆုံးမလျှင် မိဘကို မုန်းချင်သောသားသမီးတို့သည် ရှိတတ်ကြ၏။ ထိုသားသမီးတို့က ပြန်၍ မချစ်ကြစေကာမူ မုန်းကြစေကာမူ ထိုသားသမီးတို့ သည် မိဘ၏ အချစ်ဆုံးသော မိတ်ဆွေများသာ ဖြစ်ကြသည်။
ဆော့ခရတ္တိ၊ ဟုတ်ပေ၏။
မီနီဇိန၊ ဟုတ်ပေ၏ဟု အသင်ဆိုလျှင် ချစ်နေသူသည် မိတ်ဆွေမဟုတ်။ အချစ်ခံရသူကိုသာ မိတ်ဆွေဟု ဆိုရပေတော့မည်။
ဆိုရတော့မည်ပေါ့။ ။
ထိုသို့ဆိုလျှင် မုန်းနေသူသည် ရန်သူ မဟုတ်။ အမုန်း ခံရသူကိုသာ ရန်သူဟု ဆိုစရာ ဖြစ်နေပြီ။
ဟုတ်ပေ၏။ ထိုသို့ပင် ဆိုရပေတော့မည်။
အချင်း မီနီဇိန၊ ထိုဆင်ခြေ အရသော် များစွာသော လူအပေါင်းတို့သည် အမုန်းခံရသူတို့၏ (ဝါ) ရန်သူတို့၏ အချစ်ကို ခံနေကြရ၍ အချစ်ခံရသူတို့၏ ဝါ မိတ်ဆွေတို့၏ အမုန်းကို ခံနေကြရ၏ဟုလည်းကောင်း၊ များစွာသော လူ အပေါင်းတို့သည် ရန်သူများ၏ မိတ်ဆွေများ ဖြစ်ကြ၍ မိတ်ဆွေများ၏ ရန်သူများ ဖြစ်ကြ၏ဟုလည်းကောင်း ကောက်ရတော့မည်ကဲ့သို့ ဖြစ်နေပြီ။ စင်စစ်မှာ ထိုဆင်ခြေသည် ဝိရောဓိဒေါသ သင့်နေသည်။ လောက၌ မဖြစ်နိုင်သော ဆင်ခြေပင်။ ထိုသို့ မဟုတ်ပါလော။
ဟုတ်ပါသည်။ ဝိရောဓိဒေါသ သင့်နေသော ဆင်ခြေပင်။
စာပိုဒ် (တ) 
အချင်း မီနီဇိန၊ အချစ်ခံရသူသည် ချစ်နေသူ၏ မိတ်ဆွေဖြစ်၏ဟူသော ဆင်ခြေကို ဝိရောဓိဒေါသသင့်၏ဟု အသင်ဆိုလျှင် ချစ်နေသူသည် အချစ်ခံရသူ၏ မိတ်ဆွေဖြစ်၏ဟု အသင် ဆိုချင်ပါသေးသလော။
ဆော့ခရတ္တိ၊ ထိုသို့ဆိုစရာ ဖြစ်နေပြန်ပြီ။
ကောင်းပြီ၊ ချစ်နေသူသည် အချစ်ခံရသူ၏ မိတ်ဆွေဖြစ်၏ဟု ဆိုချင် သေးလျှင် မုန်းနေသူသည် အမုန်းခံရသူ၏ ရန်သူဖြစ်၏ဟု ကောက်ရဦးတော့ မည်ကဲ့သို့ ဖြစ်လာပေလိမ့်မည်။
ဟုတ်ပေ၏။ ဆင်ခြေအရသော် ကောက်ရဦးတော့မည်ကဲ့သို့ ဖြစ်သည်။
ထိုသို့တပြီးကား၊ ရှေ့နားက ဆိုခဲ့ကြသောစကားတို့၌ မကောက်ချင်ဘဲ ကောက်ခဲ့ကြရသကဲ့သို့ ယခုဆိုသော စကားတို့၌လည်း မကောက်ချင်ဘဲ ကောက်ကြရဦးမည်သာ။ လူတစ်ဦးတစ်ယောက်သည် သူ့ကို မချစ်သောသူကို သော်လည်းကောင်း၊ သူ့ကို မုန်းနေသောသူကိုသော်လည်းကောင်း ချစ်နေရသည် ဖြစ်လျှင် ချစ်နေရသော ထိုသူသည် သူ့မိတ်ဆွေမဟုတ်သောသူ၏ မိတ်ဆွေ သော်လည်းကောင်း၊ ရန်သူ ဖြစ်နေသောသူ၏ မိတ်ဆွေသော်လည်းကောင်း ဖြစ်၏ဟု မကောက်ချင်ဘဲ ကောက်ကြရတော့မည် မဟုတ်ပါလော။ ထို့ပြင် ထိုသူသည် သူ့ကို မမုန်းသောသူကိုသော်လည်းကောင်း၊ သူ့ကို ချစ်သောသူကို သော်လည်းကောင်း မုန်းနေသည်ဖြစ်လျှင်၊ မုန်းနေရသော ထိုသူသည် သူ့ရန်သူ မဟုတ်သောသူ၏ ရန်သူသော် လည်းကောင်း၊ သူ့မိတ်ဆွေဖြစ်သော သူ၏ ရန်သူသော်လည်းကောင်း ဖြစ်၏ဟုလည်း မကောက်ချင်ဘဲ ကောက်ကြရတော့ မည် မဟုတ်ပါလော။
ဟုတ်ပေ၏၊ ကောက်ရတော့မည်ကဲ့သို့ပင်။
စာပိုဒ် (ထ)
သို့ရာတွင် မီနီဇိန၊ ချစ်နေသူလည်း အချစ်ခံရသူ၏ မိတ်ဆွေ မဟုတ်လျှင်၊ အချစ်ခံရသူလည်း ချစ်နေသူ၏ မိတ်ဆွေ မဟုတ်လျှင် မည်သူမျှ မိတ်ဆွေ မဟုတ်လျှင် ပသို့နည်း။ မည်သူ့ကို မိတ်ဆွေ ဟုဆိုရမည်နည်း။ မိတ်ဆွေဟု ဆိုအပ်သော သူသည် လောက၌ ရှိပါသေးသလော။ ရှာကြည့်ပါဦး။
အချင်း ဆော့ခရတ္တိ၊ ကျွန်တော် မရာတတ်တော့ပြီ။
 မီနီဇိန၊ မိတ်ဆွေ၏ သဘာဝကို သိချင်၍ ရှာကြရာတွင် ရှာပုံရှာနည်း လွဲနေကြပြီ ထင်သည်။ ရေလိုက်လွဲနေကြပြီ ထင်သည်။
ကျွန်ုပ်က ထိုသို့ ဆိုလိုက်သောအခါ အချင်း ဆော့ခရတ္တိ၊ ရေလိုက်လွဲကုန် ကြပြီဟု လိုင်စီငယ်က ဝင်၍ပြောပါသည်။ ထိုသို့ပြော၍ သူ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့နှင့် မီနီဇိနတို့ ပြောဟောနေ ကြသော စကားတို့၌ သူလည်း စိတ်ဝင်စား၍ သူ့ကိုယ်တိုင် မျက်ခြည်မပြတ် လိုက်နေရာမှ သူ့အလိုအလျောက် လွှတ်ခန်ပြောလိုက်မိသော သူ့စကားကြောင့် ဖြစ်သည်။ သူ နားထောင်နေစဉ်က အာရုံစိုက်ခဲ့သော သူ၏ မျက်နှာရိပ် မျက်နှာကဲကို ထောက်၍ သိနိုင်သည်။
ဆွေးနွေးပွဲ၌ လိုင်စီငယ် စိတ်ပါဝင်စားခြင်း ရှိသည်ကို သိရသဖြင့် ကျွန်ုပ် အလွန်ဝမ်းမြောက်သည်။ တစ်ဖန် မီနီဇိနကိုလည်း ကျွန်ုပ် အနားပေးလို သည်။ ထို့ကြောင့် ကျွန်ုပ်သည် လိုင်စီငယ်ဘက်သို့ လှည့်၍ အချင်းလိုင်စီငယ်၊ အသင်ဆိုသော စကားသည် မှန်လှပေသည်။ ကျွန်ုပ်တို့ အသုံးပြုခဲ့ကြသော ရှာပုံရှာနည်းသာ မှန်ကန်သည်ဖြစ်ပါက ထိုမျှလောက် တလွဲတချော် ဖြစ်မည် မဟုတ်ပါ။ ထို့ကြောင့် သုံးခဲ့သော ရှာပုံရှာနည်းကို မသုံးတော့ဘဲ ရပ်တန်းက ရပ်ချင်သည်။ ကျွန်ုပ်တို့ လျှောက်၍ရှာခဲ့ကြရာဖြစ်သော လမ်းတွင် ဆူးငြောင့် ခလုတ် အတန်များခဲ့သည်။ ထို့ကြောင့် လမ်းကြောင်းပြောင်း၍ လျှောက်ချင် သည်။ လိုင်စီငယ်၊ စာဆိုကဝိတို့ဆိုတတ်ကြသော စာတစ်ပိုဒ် နောက်သို့ ကျွန်ုပ်တို့ လိုက်ကြည့်ကြမည်။ စာဆိုကဝိဟူသည် အသိအလိမ္မာကို ပေးတတ်သော အမိအဖဖြစ်သည်။ သူတို့၏ စာများတွင် မိတ်ဆွေ၏ သဘာဝကို အမှုမဲ့အမှတ်မဲ့ မဖွဲ့၊ အလေးအနက် ဖွဲ့ကြသည်။ စာဆိုကဝိ အချင်းချင်း သီတင်းကွေ့ ကွေ့ ပေါင်းဖက်တွေ့အောင် စာဆိုကဝိတစ်စုကို အဂ္ဂဘုံက စုစည်းပေးခဲ့ပြီဟုပင် သူတို့ ဆိုခဲ့ကြဖူးသည်။ သူတို့၏ ကဗျာများ၌
”အဂ္ဂဘုံလျှင် တို့သခင်သည် သွင်တူဟူသရွေ့ ပေါင်းဖက်တွေ့အောင် နေ့ညမဟူ တော်မူ၏”ဟူသော အဖွဲ့အနွဲ့ ကို တွေ့နိုင်သည်။ အချင်း လိုင်စီငယ်၊ ထိုအဖွဲ့ အဖွဲ့ကို အသင်လည်း ကြားဖူးမည်ထင်သည်။
ဆော့ခရတ္တိ၊ ကြားဖူးပါသည်။ ။
ထို့ပြင် ဓာတ်တူ သဘာဝတူ ဟူသည် မိတ်ဖက်ဖြစ်၏ဟုဆိုကြသော ပညာရှိတို့၏ စကားကိုလည်း အသင်ကြားဖူးမည် ထင်သည်။ ထိုပညာရှိ တို့သည် လောကဓာတ်သိပ္ပံ အကြောင်းကို ကျမ်းပြုခဲ့သူများ ဖြစ်ကြသည်။
ဆော့ခရတ္တိ၊ ထိုစကားကိုလည်း ကြားဖူးပါသည်။
စာပိုဒ် (၁) 
ကောင်းပြီ။ ထို သိပ္ပံပညာရှိတို့၏ စကားသည် မှန်သည်ဟု အသင် ဆိုမည်လော။
မှန်ချင်လျှင်လည်း မှန်မည်ဟု ထင်ပါသည်။
ဟုတ်ပြီ။ ထက်ဝက်လောက် မှန်ချင်လျှင်လည်း မှန်လိမ့်မည်၊ အားလုံးစုံ မှန်ချင်လျှင်လည်း မှန်လိမ့်မည်။ ကျွန်ုပ်တို့မှာ သူတို့၏ ပညာကို တတ်သိ နားလည်ခြင်းမရှိကြသဖြင့် အဘယ်မှာလျှင် တပ်အပ်သေချာ ပြောနိုင်ကြမည် နည်း။ ထိုကြောင့် ကျွန်ုပ်တို့ သိသမျှကိုသာ ကျွန်ုပ်တို့ ဆိုကြမည်။ ကျွန်ုပ် သိသည့်အတိုင်း ဆိုရမည်ဖြစ်လျှင် ဆိုးညစ်သောသူနှစ်ဦးသည် နီးနီးစပ်စပ် ပေါင်းမိကြလေလေ တစ်ဦးပေါ်တစ်ဦး ယုတ်မာလာကြလေလေ ဖြစ်သည်ဟု ကျွန်ုပ်ဆိုချင်သည်။ ထိုသူနှစ်ဦးသည် တစ်ဦးကို တစ်ဦး အန္တရာယ် ပြုတတ်ကြ သည်ဖြစ်ရာ ထိုသူနှစ်ဦးတွင် တစ်ဦးက အန္တရာယ်ပြုသူ ဖြစ်လာနိုင်၍ တစ်ဦး က အန္တ ရာယ်အပြုခံရသူ ဖြစ်လာနိုင်သည်။ ထိုအခါ အန္တရာယ် ပြုသူနှင့် အန္တ ရာယ်အပြုခံရသူတို့သည် မည်သည့်နည်းနှင့်မျှ မိတ်ဆွေမဖြစ်နိုင်ဟု ကျွန်ုပ် ယူဆချင်သည်။ လိုင်စီငယ်၊ အသင် မည်သို့ သဘောရသနည်း။
ဆော့ခရတ္တိ၊ အသင်ကဲ့သို့ပင် ကျွန်တော်လည်း ယူချင်ပါသည်။ မှန်သည် ဟု ထင်သည်။
ထိုသို့တပြီးကား၊ ဆိုးညစ်သူအချင်းချင်းကို အသွင်တူဟု ယူရမည် ဖြစ်လျှင် ပညာရှိတို့၏ အဆိုအမိန့်သည် အားလုံးစုံအားဖြင့် မမှန်နိုင်တော့ပြီ။ မှန်စရာရှိသေး၏ဟု ဆိုချင်လျှင် ထက်ဝက်အားဖြင့်သာ မှန်စရာ ရှိလိမ့်မည် ထင်သည်။
ဆော့ခရတ္တိ၊ ကျွန်တော်လည်း ထိုသို့ပင် တွေးမိသည်။
စင်စစ်မှာ ပညာရှိတို့သည် ကောင်းသူ အချင်းချင်းကိုသာ အသွင်တူဟု ဆိုလိုကြဟန်တူသည်။ ကောင်းသူအချင်းချင်းသာလျှင် မိတ်ဆွေဖြစ်နိုင်ကြ၏ဟု ဆိုလိုကြဟန် တူသည်။ ဆိုးညစ်သူအချင်းချင်းသည် မည်သည့်အခါမျှ တည့်နိုင် ကြမည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆိုးညစ်သူတို့သည် လောဘစရိုက်၊ ဒေါသစရိုက်၊ မာနစရိုက်အားကြီးသောသူများ ဖြစ်ကြသောကြောင့်ပင်။ သမာဓိ မရှိ၊ ဖောက်ပြန်တတ်သောသူများ ဖြစ်ကြသောကြောင့်ပင်။ သမာဓိ မရှိ၍ ဖောက်ပြန်တတ်သော သဘောရှိလျှင် အပေါင်းအသင်း မဖြစ်နိုင်။ သဟဇ မဖြစ်နိုင်။ ထိုသို့ပင် ကျွန်ုပ် ဆိုချင်သည်။ ဆိုထိုက်ပါသလော။
သည်။
 ဆော့ခရတ္တိ၊ ဆိုထိုက်ပါသည်။
ဆိုထိုက်သည်ဖြစ်လျှင် အချင်းလိုင်စီငယ်၊ အသွင်တူသူတို့သာ မိတ်ဆွေ ဖြစ်တတ်ကြ၏ဟု ဆိုခဲ့ကြသော ပညာရှိတို့၏အာဘော်သည် ကောင်းသူအချင်း ချင်းသာ မိတ်ဆွေဖြစ်တတ်ကြ၏ဟု လည်းကောင်း၊ ဆိုးညစ်သူသည် ကောင်းသူ နှင့်လည်း မိတ်မဖြစ်နိုင်၊ ဆိုးညစ်သူနှင့်လည်း မိတ်မဖြစ်နိုင်ဟုလည်းကောင်း ဆိုလိုခြင်း ဖြစ်ဟန်တူသည်။ လိုင်စီငယ်၊ ထိုအဆိုကို အသင် လက်ခံပါသလော။
ဆော့ခရတ္တိ၊ လက်ခံပါသည်။ ။
အသင် လက်ခံသည်ဖြစ်လျှင် မည်ကဲ့သို့သောသူမျိုးကို မိတ်ဆွေဟု ဆိုရမည်နည်းဟူသော မေးခွန်းအတွက် ကျွန်ုပ်တို့ အဖြေရကြပြီထင်သည်။ ထိုအဖြေသည် အခြားမဟုတ်၊ ကိုယ်နှုတ်နှလုံး ကောင်းသူတိုင်းသည် မိတ်ဆွေ ဖြစ်၏ ဟူသော အဖြေပင်။ အချင်း လိုင်စီငယ်၊ ထိုအဖြေကို အသင် သဘောကျပါ၏လော။
ကျွန်ုပ်က ထိုသို့မေးသောအခါ လိုင်စီငယ်သည် ခေါင်းညိတ်ပါသည်။
✥﹤--- www.ebooks4mm.org ---﹥✥

၇။ ဆော့ခရတ္တိ၏ ကဗျာသဘော အယူအဆ 
အောက်ပါစာပိုဒ်နှစ်ခုသည် အိုင်အုန္ (lon) ကထာမှ ကောက်နုတ်သော စာပိုဒ်များဖြစ်သည်။ အိုင်အုန္ကထာသည် ထိုခေတ်တွင် ဂရိလောက၌ ကျော်စောသော ကွက်စိပ်ဆရာ (ဝါ) စာပြောဆရာ အိုင်အုန္နကို အကြောင်း ပြု၍ အမည်ပေးထားသောစာ ဖြစ်သည်။
ရှေးခေတ် ဂရိပွဲတော်ကြီးများတွင် စာဟောပြိုင်ပွဲများလည်း ပါလေ့ ရှိသည်။ ထိုစာဟောပြိုင်ပွဲများတွင် နာမည်ကျော် စာပြောဆရာတို့သည် ကွက်စိပ်ဟောသကဲ့သို့ ဂရိကဗျာများကို သရုပ်ဖော်ရွတ်ဆိုတတ်ကြသည်။ ကဗျာများတွင် ခေတ်ဦးက ရေးခဲ့သည်ဟု ဆိုသော ဂရိစာဆိုကြီးဟိုးမား၏ အိလိယက်နှင့် အော့ဒီဆီကဗျာ နှစ်ပုဒ်သည် အကျော်စောဆုံးဖြစ်သည်ဟု ဆိုသည်။ အဆိုပါ မဟာကဗျာနှစ်ပုဒ်အပြင် စာဆိုဟိဆိဏှာ၏ ကဗျာများ ကိုလည်းကောင်း၊ စာဆိုအာခီလောခ၏ ကဗျာများကိုလည်းကောင်း ရွတ်ဆို တတ်ကြသေးသည်။
အိုင်အုန္နကထာ၌ ဆော့ခရတ္တိနှင့် ဖက်ပြိုင်ပြောဆိုသူသည် စာပြော ဆရာ အိုင်အုန္းဖြစ်သည်။ ဆော့ခရတ္တိခေတ်အထိ ဂရိစာပေလောကတွင် ယူဆလက်ခံခဲ့ကြသော ကဗျာသဘော အယူအဆတစ်ခုသည် ဤသို့ဖြစ် သည်။ ထိုအယူအဆမှာ ဆေးပညာနည်းနာတို့ကိုတတ်လျှင် ဆေးဆရာ ဖြစ်နိုင်သကဲ့သို့လည်းကောင်း၊ လက်သမားပညာ နည်းနာတို့ကို တတ်လျှင် လက်သမား ဖြစ်နိုင်သကဲ့သို့လည်းကောင်း ကဗျာဆိုင်ရာ နည်းနာတို့ကို တတ်လျှင်လည်း ကဗျာစာဆိုဖြစ်နိုင်သည်ဟူသော အာစရိယဝါဒ အယူအဆ ဖြစ်သည်။ အိုင်အုသည် စိတ်ကူးဉာဏ်ရှိသော စာပြောဆရာအကျော်အမော်  တစ်ဦးဖြစ်သော်လည်း ထိုအယူအဆကိုသာ အစဉ်အလာရှိသည့်အတိုင်း လက်ခံနေသူဖြစ်သည်။ ထိုအယူအဆကို မယုံကြည်သူ ဆော့ခရတ္တိနှင့် တွေ့သောအခါ စကားဝိုင်းဖြစ်လာသည်။
ဆော့ခရတ္တိသည် ဆိုခဲ့သော အယူအဆကို မကြိုက်သူဖြစ်သည်။ သူကြိုက်သော သူ့အတ္တနောမတိ အယူအဆမှာ ကဗျာသည် ဆေးပညာ၊ လက်သမားပညာ စသော အတတ်ပညာတို့နှင့် မတူဟု လည်းကောင်း၊ သက်ဆိုင်ရာ နည်းနာတို့ကို တတ်ရုံမျှဖြင့် အကြောင်းအရာကိုသိသော အသိရှိရုံမျှဖြင့် ပြောင်မြောက်သောကဗျာ ဖြစ်လာအောင် ပြုနိုင်သည် မဟုတ်ဟု လည်းကောင်း၊ စိတ်တက်ကြွမှုလည်း ရှိလာသောအခါမှာမှ ပြောင်မြောက်သော ကဗျာဖြစ်လာအောင် ပြုနိုင်သည်ဟုလည်းကောင်း ယူသော အယူအဆ ဖြစ်သည်။ ဆော့ခရတ္တိ၏ အတ္တနောမတိ အယူသစ် သည် ခိုင်မာလှသဖြင့် နောင်အခါတွင် ထိုအယူသစ်ကိုသာ လက်ခံလာကြ၍ ထိုအယူသစ်ပင်လျှင် အာစရိယဝါဒ ဖြစ်လာသည်။ စိတ်တက်ကြွမှု၏ အကြောင်းရင်းနှင့် စပ်လျဉ်း၍ နှောင်းခေတ်ဥရောပ ကဝိလောကတွင် ဆော့ခရတ္တိဆိုသည့်အတိုင်း ချွတ်စွပ်မဟုတ်တော့ဘဲ ခေတ်အသိဖြင့် စနစ် တကျ ယူ တတ်လာခြင်းသာလျှင် ထူးသည်ဟု ဆိုနိုင်သည်။
စကားဝိုင်းတွင် အိုင်အုန္န ရှေးဦးစွာ ဝန်ခံသည်မှာ ဟိုးမားသည် အခြားသော စာဆိုတို့ကဲ့သို့ပင် စစ်ပွဲများအကြောင်း၊ လူ့လောကအကြောင်း၊ ဆက်ဆံလှုပ်ရှားနေကြသော လူကောင်းလူဆိုး၊ လူတော်လူဆိုး၊ လူတော် လူညံ့တို့၏ ကံသုံးပါးအမူအရာတို့အကြောင်းတို့ကိုသာ ဖွဲ့ဆိုသည်ဟုလည်း ကောင်း၊ ဆိုဟန်ပုံသဏ္ဌာန် အရာ၌ကား ဟိုးမားသည် အခြားစာဆိုတို့ ထက် သာသည်ဟုလည်းကောင်း ဝန်ခံသည်။ ထို့ပြင် ဟိုးမား၏ ကဗျာ များကို သရုပ်ဖော်ရွတ်ဆိုသောအခါ အခြားတစ်ပါးသော ကဗျာများကို သရုပ်ဖော်ရွတ်ဆိုရသည်ထက် ပို၍ စိတ်ပါလက်ပါဖြစ်လေ့ရှိသည်ဟုလည်း ဝန်ခံသည်။ သို့ရာတွင် အိုင်အုန္နသည် ပို၍ စိတ်ပါလက်ပါဖြစ်ရခြင်း၏ အကြောင်းရင်းကို မတွေးတတ် ဖြစ်နေသည်။ ဤတွင် ဆော့ခရတ္တိသည် သူ့အယူအဆကို တင်ပြရှင်းလင်းသည်။ ဖော်ပြလတ္တံ့သော စာပိုဒ်နှစ်ခုတွင် ဆော့ခရတ္တိ၏ ရှင်းချက်ကို သိမြင်နိုင်သည်။
ဆော့ခရတ္တိဆိုခြင်းသာလျှင် ဦးစွာ ဝန်ခံသလောကအကြောင်း  
စာပိုဒ် (က) 
အိုင်အု႔၊ ဟိုးမားကိုသာ သရုပ်ဖော်ရမည်ဖြစ်လျှင် မည်သည့် စာပြောဆရာမျှ ကျွန်ုပ်ကိုသာအောင် သရုပ်မဖော်နိုင်ကြပါ။ ကျွန်ုပ်ကို နာဖူးသူတိုင်းသည် ထိုသို့ပင် ဝန်ခံကြပါသည်။ အခြားသော စာဆိုတို့ကိုကား ဟိုးမားကို သရုပ်ဖော်နိုင် သကဲ့သို့ ကျွန်ုပ် သရုပ်မဖော်နိုင်ပါ။ ဤအချက်သည် ကျွန်ုပ်အဖို့ ထူးနေပါ၏။ ထူးခြင်း၏ အကြောင်းရင်းသည် ရှိရာသည်။ ဆော့ခရတ္တိက ရှာပေးပါဘိ။
ဆော့ခရတ္တိ။ ။အချင်း အိုင်အုန္န၊ အကြောင်းရင်းကို ကျွန်ုပ် သိပါ၏။ အကြောင်းရင်းဟု ကျွန်ုပ် ယူဆသော အချက်တို့ကို ကျွန်ုပ် ရှင်းပြမည်။
ဟိုးမားကို နှစ်သက်ဖွယ်ဖြစ်အောင် အသင် သရုပ်ဖော်နိုင်ခြင်းသည် အတတ် ပညာ နည်းနာကြောင့် မဟုတ်။ နှိုးဆော်အပ်သော စိတ်နှလုံးကြောင့် ဖြစ်သည်။ (ဝါ) စိတ်တက်ကြွမှု သဘောကြောင့် ဖြစ်သည်။ သံလိုက်ဟုခေါ်သော ကျောက်တစ်မျိုး၌ သတ္တိထူးရှိသကဲ့သို့ အသင်၏ စိတ်ထဲသို့ဝင်၍ အသင်၏ စိတ်ကို တက်ကြွအောင် နှိုးဆော်တတ်သော သတ္တိသည် ရှိ၏။ ထိုကျောက် တစ်မျိုးသည် သံကွင်းတို့ကို ဆွဲငင်နိုင်သည်သာမက သံကွင်းအချင်းချင်း ဆွဲငင်နိုင်ကြအောင်လည်း ထိုသံကွင်းတို့အား သူ့သတ္တိကို ပေးတတ်သေးသည်။ ထို့ကြောင့် သံတိုသံစ သံကွင်းတို့သည် တစ်ခုကို တစ်ခု ကပ်တွယ်၍ ကြိုး သဖွယ် တန်းနေတတ်ကြသည်ကို အသင် မြင်ဖူးရာသည်။ ထိုသံအပေါင်းတို့ သည် အချင်းချင်း ကပ်တွယ်နိုင်သော အားကို ထိုကျောက်တစ်မျိုးမှ ရကြခြင်း ဖြစ်သည်။ ထိုနည်းတူစွာ မြူဆနတ်သမီးသည် လူတို့၏ စိတ်သို့ဝင်၍ စိတ် တက်ကြွခြင်းကို ဖြစ်စေသည်။ ထို့နောက် စိတ်တက်ကြွခြင်း ဖြစ်နေကြသော သူတို့ထံမှ စိတ်တက်ကြွခြင်းကို တစ်ဆင့်ခံယူကြသော အခြားသူတို့သည် ကပ်တွယ် သွယ်တန်းလျက် ရှိလာကြရသည်။ အစပ်အဆိုကောင်းသော စာဆို ဟူသည် မိမိတို့၏ကဗျာကောင်းများကို အတတ်ပညာနည်းနာတို့ဖြင့် အစပ်အဆို  ပြုကြသည် မဟုတ်။ အပူးအဝင်ခံကြရ၍ စိတ်တက်ကြွမှုဖြစ်လာခြင်းဖြင့် စပ်ဆိုကြခြင်း ဖြစ်သည်။ ရိဗင့် နတ်ဝင်သည်တို့သည် နတ်ပွဲများ၌ အပူး အဝင် ခံကြရသောအခါ ကလား ခုန်လား၊ အော်လား ဟစ်လား ပြုကြသည်။ ထိုအခါ ထိုသူတို့၏ စိတ်သည် နဂိုစိတ် မဟုတ်ပြီ။ ထိုနည်းတူစွာ စာဆိုတို့၏ စိတ်သည်လည်း စာဆိုသောအခိုက်၌လည်းကောင်း၊ သုတိသာယာ သဒ္ဒါကာရန်တို့ အစွမ်းကြောင့် အပူးအဝင်ခံရ၍ စိတ်တက်ကြွခြင်း ဖြစ်နေသော အခိုက်၌ လည်းကောင်း နဂိုစိတ်အခြေ၌ မရှိပြီ။ ဒိုင်အိုနိုင်းဆ နတ်မင်း၏ အပူးအဝင်ကို ခံကြရ၍ နဂိုစိတ်အခြေ၌ မရှိကြသော အခိုက်တွင် နွားနို့ နှင့် ပျားရည်တို့ကို မြစ်ထဲမှခပ်ယူတတ်ကြသော ဗက်ချိနတ်ဝင်သည်တို့ကဲ့သို့ ဖြစ်သည်။ တေးကဗျာ စာဆိုတို့၏ သဘောသည်လည်း ထိုအတိုင်းဖြစ်သည်။ တေးသံချိုတို့ကိုပျားရည် စိမ့်စမ်းမှ သယ်ခဲ့ကြဟန်ကိုလည်းကောင်း၊ မျူဆနတ်သမီး၏ နတ်ဥယျာဉ် နတ် လျှိုမြောင်တို့မှ ရွေးယူ ဆွတ်ခူးခဲ့ကြဟန်ကို လည်းကောင်း၊ ပျားပိတုန်းကဲ့သို့ပင် ပန်းတကာ၌ လူးလာပျံသန်းခဲ့ကြဟန်ကိုလည်းကောင်း ထိုစာဆိုများ ကိုယ်တိုင် ကပင် ဖွဲ့နွဲ့စပ်ဆိုခဲ့ကြသည် မဟုတ်ပါလော။ ထိုစကားသည်မှန်၏။ အဘယ် ကြောင့်ဆိုသော် စာဆို၌ ပေါ့ပါးသောတောင်ပံရှိသောကြောင့် လည်းကောင်း၊ မွန်မြတ်သောသဘော ရှိသောကြောင့် လည်းကောင်း ဖြစ်၏။ အပူအဝင် ခံရ၍ နဂိုစိတ်အခြေ၌ မရှိသော အခါမှာမှလျှင် စာဆိုသည် ဖန်တီးမှုကိုပြုနိုင်၏။ ထိုအခါမျိုးတွင် လောက၌ အကယ် ရှိမရှိ၊ အကယ် ဟုတ်မဟုတ် ဆင်ခြင်လိုသော အဆင်ခြင်ဉာဏ်သည် (ဝါ) ထိုသို့သော သမ္ပဇဉ်ဉာဏ်သည် စာဆို၌ မရှိပြီ။ အဆင်ခြင်ဉာဏ် (ဝါ) သမ္ပဇဉ်ဉာဏ် ရှိနေသေးလျှင်လည်း စိတ်တက်ကြွမှု စကားကို သူ မဆိုနိုင်ပြီ။
စာဆိုတို့သည် လူတို့၏ ကံသုံးပါးအမူအရာများ အကြောင်းကို စပ်ဆို ခဲ့ကြသည်ဖြစ်ရာ သူတို့၏ စာများသည် မွန်မြတ်ကြပါပေသည်။ သို့ရာတွင် စာဆိုတို့သည် အတတ်ပညာ နည်းနာတို့ဖြင့် စပ်ဆိုကြသည် မဟုတ်ချေ။ အသင်၌ ဟိုးမားကို သရုပ်ဖော်ခိုက် စိတ်တက်ကြွခြင်း ရှိနေသကဲ့သို့ စာဆိုတို့ ၌လည်း နျူဆနတ်သမီး၏ အလိုတော်အတိုင်း စိတ်တက်ကြွခြင်းသည် ရှိသည်။ စိတ်တက်ကြွခြင်း ရှိလာကြသောအခါ စာဆိုအများအပြား ရှိကြသည့် အနက် နတ်ပျော်ချင်း သန်သူက နတ်ပျော်ချင်းကို ဖွဲ့လိမ့်မည်၊ မဟာကဗျာ သန် သူက မဟာကဗျာကို ဖွဲ့လိမ့်မည်၊ စာသရော် သန်သူက စာသရော်ကို ဖွဲ့ လိမ့် မည်။ အဘယ့်ကြောင့်ဆိုသော် စာဆိုတို့သည် အတတ်ပညာ နည်းနာတို့ဖြင့် စပ်ဆိုကြသောကြောင့် မဟုတ်။ အဂ္ဂဘုံ၏ တန်ခိုးအာနုဘော်ဖြင့် စပ်ဆိုကြသော ကြေင့် ဖြစ်သည်။ အကယ်၍ ထိုစာဆိုတို့သည် အတတ်ပညာ နည်းနာတို့  ဖြင့် စပ်ဆိုခြင်းကို ပြုကြသည်ဖြစ်လျှင် အကြောင်းအရာ တစ်မျိုးတည်းကိုသာ မဟုတ် အကြောင်းအရာ အမျိုးမျိုးကို နှစ်သက်ဖွယ်ဖြစ်အောင်ချည်း စပ်ဆိုနိုင်ခြင်း ရှိမည်ဖြစ်သည်။ စင်စစ်မှာ အဂ္ဂဘုံသည် စာဆိုတို့၏ စိတ်မှ အဆင်ခြင်ဉာဏ်ကို (ဝါ)သမ္ပဇဉ်ဉာဏ်ကို သိမ်းယူ၍ ထိုစာဆိုတို့ကို ကိုယ်စားတော်အဖြစ် အသုံးပြု ခြင်းသာ ဖြစ်သည်။ အပူးအဝင်ခံကြရသော အခိုက်၌ ပြောဟောကြသော နိမိတ်ဟောဆရာတို့၏ နိမိတ်ဟောစကားကို ကျွန်ုပ်တို့ ကြားရသောအခါ ထိုစကားတို့သည် နိမိတ်ဟောဆရာ၏ စကားစင်စစ် မဟုတ်။ အဂ္ဂဘုံက နိမိတ်ဟောဆရာတို့ကို ပူးဝင်၍ နိမိတ်ဟောဆရာတို့၏ နှုတ်မှတစ်ဆင့် ပြော ဟောနေခြင်းသာ ဖြစ်သည်ဟု ကျွန်ုပ်တို့ သိကြသည်မဟုတ်ပါလော။ ထိုသို့ သိကြရအောင် အဂ္ဂဘုံသည် နိမိတ်ဟောဆရာတို့ကို အသုံးပြုကြသည် မဟုတ် ပါလော။ စာဆိုတို့ကို အဂ္ဂဘုံက အသုံးပြုခြင်းသည်လည်း ထိုသဘောအတိုင်း ဖြစ်သည်။ စာဆို တိနှိုခသည် ထင်ရှားသော သာဓကတစ်ခု ဖြစ်သည်။ တိနှိုခသည် ကဗျာပေါင်း မြောက်မြားစွာကို ဖွဲ့ဆိုခဲ့သော်လည်း နတ်မင် အပေါ်လို (သူရိယဒေ၀) ဂုဏ်တော်ဘွဲ့ ကဗျာ တစ်ပုဒ်သာလျှင် ကျော်စော၍ ထိုကဗျာသာလျှင် လူတကာနှုတ်ဖျားသို့ ရောက်သည်။ ထို ကဗျာကို မျူဆနတ်သမီးက ဖန်တီးပေးသည်ဟု တိနို့ခကပင် ဆိုခဲ့ပြီ။ တိနှိုခ၏ အဆိုကို ထောက်ခြင်းအားဖြင့် ကျော်စောသော ကဗျာတို့သည် လူသားတို့၏ လက်ရာ မဟုတ်၊ အဂ္ဂဘုံ၏ လက်ရာသာဖြစ်သည်ဟုလည်းကောင်း၊ စာဆိုတို့ သည် အဂ္ဂဘုံ၏ အပူးအဝင်ခံကြရသူများဖြစ်၍ အဂ္ဂဘုံ၏ အာဘော်ကို သရုပ်ဖော်ကြရသူများ ဖြစ်သည်ဟုလည်းကောင်း ကျွန်ုပ်တို့ ယုံကြည်လက်ခံ အောင် အဂ္ဂဘုံကပင် ညွှန်ပြခဲ့သည်ဟု ဆိုနိုင်သည် မဟုတ်ပါလော။ ထို့ပြင် အဂ္ဂဘုံသည် အညံ့ဆုံးဖြစ်သော စာဆို၏နှုတ်ဖျားတွင် အကောင်းဆုံးဖြစ်သော တေးကဗျာတစ်ပုဒ်ကို ဖန်တီးပေးခဲ့ခြင်းအားဖြင့် သူ၏အလိုတော်ကို ကျွန်ုပ် တို့အား ပြခဲ့သည်ဟုလည်း ဆိုနိုင်သည် မဟုတ်ပါလော။ အချင်း အိုင်အု႔၊ ကျွန်ုပ် ယခုဆိုသော စကားသည် မှားသလော။
အိုင်။ ။ဆော့ခရတ္တိ၊ မမှားပါ။ အသင်၏ စကားကို ကြားရသော အကျွန်ုပ်သည် နှစ်ထောင်းအားရခြင်း ဖြစ်သည်။ အသင်၏စကားအရ အနက် ကောက်လျှင် စာဆိုကောင်းတို့သည် အဂ္ဂဘုံ၏ အပူးအဝင်ခံကြရသူများဖြစ်သည့် အားလျော်ညီစွာ အဂ္ဂဘုံ၏ အာဘော်ကို ကဗျာဖြင့် သရုပ်ဖော်ကြသူများ ဖြစ်သည်ဟု ကျွန်ုပ် သဘောပေါက်လာပါသည်။
ဆော့။ ။အိုင်အုန္န၊ ကျွန်ုပ် ဆိုပါဦးအံ့။ အသင်တို့ စာပြောဆရာ ဆိုသည်မှာလည်း စာဆိုတို့၏ အာဘော်ကို သရုပ်ဖော်သောသူပင် မဟုတ်ပါလော။
 အိုင်။ ။ဒုတိယမ္ပိ ဟုတ်ပြန်ပါသည်။
ဆော့။ ။ထိုသို့ဖြစ်လျှင် အသင်တို့ စာပြောဆရာများသည် သရုပ်ဖော် သူများ၏ အာဘော်ကို ထပ်မံ၍ သရုပ်ဖော်ကြသော သရုပ်ဖော်သူများ (ဝါ) သရုပ်ဖော်သူများ၏ သရုပ်ဖော်သူများ ဖြစ်ကြသည်ဟု ဆိုရာသည်။
| အိုင်။ ။ဟုတ်လှပါပေသည်။ မှန်လှပါပေသည်။
စာပိုဒ် (ခ) 
ဘု။ ။အိုင်အုန္န၊ မေးချင်ပါသေးသည်။ မကွယ်မဝှက်ဖြေပါဘိ။ အသင်သည် ဟိုးမား၏ ကဗျာမှ ဆန်းကြယ်သောစာပိုဒ်များကို သီဆိုသရုပ်ဖော်၍ ပရိသတ်၏ စိတ်ကို သိမ်းကျုံး ယူငင်နေခိုက်တွင် အသင်သည် အသင်၏ နဂိုစိတ်အခြေ၌ ရှိပါသလော။ အသင်ကိုယ်တိုင် စိတ်နောက်ကိုယ်ပါ ဖြစ်နေသည် မဟုတ်ပါလော။ ပံက်ဖြစ်နေသော အသင်၏စိတ်သည် အသင် သီဆိုသရုပ်ဖော်နေသော ကဗျာထဲက ဇာတ်လိုက်များသို့ လည်းကောင်း၊ ထိုကဗျာထဲက အရပ်များသို့ လည်းကောင်း ရောက်နေဘိသကဲ့သို့ အထင်ရှိ နေသည် မဟုတ်ပါလော။
အိုင်။ ။အချင်း ဆော့ခရတ္တိ၊ ဟုတ်လှပါပေ၏။ မှန်လှပါပေ၏။ သနားစရာအခန်းကို ကျွန်ုပ် သီဆိုသရုပ်ဖော်နေသည့် အခါတွင် ကျွန်ုပ်၏ မျက်လုံး၌ မျက်ရည်တို့သည် ရွဲလာကြသည်။ ထိတ်လန့်စရာအခန်းကို ကျွန်ုပ် သီဆိုသရုပ်ဖော်နေသည့် အခါတွင် ကျွန်ုပ်၏ ကိုယ်၌ ကြက်သီးမွေးညင်းထ၍ ရင်ခုန်မိသည်။
ဆော့။ ။ထိုသို့တပြီးကား၊ အကြင်သူသည် ယဇ်ပူဇော်ပွဲ၌သော်လည်း ကောင်း၊ ပွဲတော်၌သော်လည်းကောင်း ပန်းဇာဝတ်လုံကို ဆင်၍ ရွှေသရဖူကို ဆောင်း၍ နှစ်သောင်းမကသော မြို့မိမြို့ဖ ပရိသတ်ရှေ့တွင် မည်သူကမျှ လုယူခြင်းမပြုပါဘဲလျက် ငိုကြွေးမြည်တမ်းသော သရုပ်သဏ္ဌာနကိုသော်လည်း ကောင်း၊ မည်သူကမျှ ရန်မူခြင်းမပြုပါဘဲလျက် ထိတ်လန့်သောသရုပ်သဏ္ဌာန် ကိုသော်လည်းကောင်း ပြု၏။ ထိုသူသည် သူ့နကိုစိတ်အခြေ၌ ရှိပါသလော။
အိုင်။ ။ထိုသူသည် သူ့နဂိုစိတ်အခြေ၌ ရှိသည်ဟု မဆိုသာပါ။
ဆော့။ ။ထို့ပြင် ဟိုးမားကို အသင် သရုပ်ဖော်နေသည့်အခါတွင် ပရိသတ် အချို့သည် အညှို့ခံရဘိသကဲ့သို့ ဖြစ်နေကြသည်ကို အသင် သတိပြုမိ ပါသလာ။
 | အိုင်။ ။မကြာခဏ ကျွန်ုပ် သတိပြုမိပါ၏။ ဟိုးမားကို သရုပ်ာ်နေ သော အကျွန်ုပ်သည် ဇာတ်စင်မှနေ၍ ပရိသတ်ကို အကဲခတ်ကြည့်ပါသည်။ ထိုအခါ ပရိသတ်၏ မျက်စိမျက်နှာ၌ သနားသော အမူအရာ၊ အံ့ဩသော အမူ အရာ၊ တင်းမာသော အမူအရာတို့ကို ကျွန်ုပ် မြင်ဖူးလှပြီ။ ပရိသတ်၌ ထိုသို့ သော အမူအရာဖြစ်ပေါ်လာအောင် အားထုတ်ရသောအလုပ်သည် ကျွန်ုပ်၏ အလုပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပွဲခင်း၌ ပရိသတ် ငိုခဲ့ကြသည်ဖြစ်လျှင် ပွဲပြီး၍ ဆုလာဘ်ချီးမြှင့်ချိန်သို့ ရောက်သောအခါ ကျွန်ုပ်မှာ လာဘ်ရွှင်၍ ကျွန်ုပ် ရယ်ရသောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ပွဲခင်း၌ ပရိသတ်က ကျွန်ုပ်ကို မနှစ်သက်၍ ကျွန်ုပ်ကို သရော်ခဲ့ကြသည်ဖြစ်လျှင် ကျွန်ုပ်မှာ လာဘ် တိတ်၍ ကျွန်ုပ် ငိုရသောကြောင့် ဖြစ်သည်။
ဆော့။ ။သံလိုက်၏ သတ္တိကို ခံယူထားကြသော သံကွင်းအဆင့်ဆင့် တွင် ပရိသတ်သည် နောက်ဆုံးပိတ်သံကွင်း ဖြစ်သည်။ အသင်ကဲ့သို့သော စာပြောဆရာသည်လည်းကောင်း၊ သဘင်သည်သည် လည်းကောင်း အလယ် သံကွင်း ဖြစ်သည်။ စာဆိုသည် ခေါင်သံကွင်း ဖြစ်သည်။ အဂ္ဂဘုံသည် သူ၏ သတ္တိကို ထိုသံကွင်းတို့အား အဆင့်ဆင့် ပေးကမ်းလျက် မိမိ အလိုတော်ရှိရာ ဘက်သို့ လူတို့၏စိတ်ကို ယိမ်းထိုးလှုပ်ရှားအောင် ပြုခြင်း ဖြစ်သည်။ ဤသို့ ဖြင့် ဆနတ်သမီး၌ တွယ်ကပ်နေကြသော သံကွင်းများတွင် ကခြေသည် တို့သည်လည်းကောင်း၊ သီချင်းသံပြိုင် အဆိုကြီး အဆိုငယ်တို့သည်လည်း ကောင်း သံလိုက်၌ တွယ်ကပ်လျက် သံကွင်းတို့ကဲ့သို့ တွဲရရွဲ ဖြစ်နေကြရသည်။ ထို့ပြင် စာဆိုတိုင်းသည် သူ ကိုးကွယ်သော မျူဆနတ်သမီး တစ်ပါးပါး၌ ငင်လျက် ချိတ်လျက် ရှိသည်ချည်းသာ ဖြစ်သည်။ ထိုသို့ဖြစ်သည်ကိုပင် ထို နတ်သမီး၏ အပူးအဝင်ကို ခံရပြီဟု ဆိုကြသည်။ ထို့နောက် စာဆိုတည်းဟူသော ခေါင်သံကွင်း၌ အခြားသောသူတို့သည် ငင်လျက်ချိတ်လျက် ရှိလာကြရသည်။ များလှစွာသော သူတို့သည် ဟိုးမားတည်းဟူသော သံကွင်း၌ ငင်လျက် ချိတ်လျက် ဟိုးမား၏ အပူးအဝင်ကို ခံကြရသည်။ ထိုသူတို့အနက် အသင် အိုင်အုန္နသည် တစ်ဦးဖြစ်၍ ဟိုးမား၏ အပူးအဝင်ကို ခံရသူဖြစ်သည်။ အသင်သည် အခြားသော စာဆိုတို့ကို နာသောအခါ အိပ်ပျော်ခြင်းသို့ ရောက်၍ ဟိုးမားကို နာသောအခါ နိုးလာ၍၊ စိတ်တက်ကြွခြင်းဖြစ်လာ၍ အသင့်မှာ ပြောစရာရှိလာသည်။ ထိုသို့ဖြစ်လာခြင်းသည် အတတ်ပညာနည်းနာ ကြောင့် မဟုတ် (ဝါ) ဟိုးမား၏ ကဗျာကို သိသော အသင်၏ အသိကြောင့် မဟုတ်။ အသင် အပူးအဝင်ခံရ၍ စိတ်တက်ကြွမှုရှိလာခြင်းကြောင့် ဖြစ်သည်။ ဍရိဗင့် နတ်ဝင်သည်တို့သည် မိမိတို့ အပူးအဝင် ခံရကြောင်း ဖြစ်သော  နတ်ပင့်တေးသံကို ကြားကြသောအခါ ထိုတေးသံကို ရုတ်ခြည်းသိ၍ မည်သူ့ကိုမျှ အမှုမထားတော့ဘဲ ကခြင်းခုန်ခြင်း အော်ခြင်းဟစ်ခြင်း ပြုတတ် ကြသကဲ့သို့ ဖြစ်သည်။ အချင်း အိုင်အုန္န၊ ဟိုးမားကို အသင် ကြားသောအခါ အသင်၌ ပြောစရာ အမြောက်အမြားပေါ်လာ၍ အခြားသော စာဆိုတို့ကို ကြားသောအခါ အသင်၌ ပြောစရာ မရှိ။ ထိုသို့မရှိသည်မှာ အဘယ်ကြောင့်ပေနည်းဟု ကျွန်ုပ်အား အသင် မေးခဲ့ပြီ။ ဟိုးမားကို ကောင်းစွာသရုပ်ဖော်နိုင်သော အသင်၏ အစွမ်းသည် အတတ်ပညာ နည်းနာတို့မှလာသည် မဟုတ်၊ အပူးအဝင်ခံရ၍ နှိုးဆော် အပ်သော စိတ်နှလုံးမှလာခြင်း ဖြစ်သည်။ (ဝါ) တက်ကြွခြင်းရှိသော စိတ်အခြေမှ လာခြင်း ဖြစ်သည်။ ဤကား ကျွန်ုပ်၏ အဖြေတည်း။
✥﹤--- www.ebooks4mm.org ---﹥✥

၈။ ဆော့ခရတ္တိ၏ ၀စနာလင်္ကာရ အယူအဆ 
နိဒါန်း 
အောက်ပါစာပိုဒ်များသည် ဂေါယ (Gorgias) ကထာမှ ကောက်နုတ်သော စာပိုဒ်များဖြစ်သည်။ ဂေါ့ဂျိယ ကထာသည် ထိုခေတ်တွင် အလွန်ထင်ရှား ကျော်စောသော ဆိုဖီဆရာကြီး ဒေါ့ဂျိယကို အကြောင်းပြု၍ အမည်ပေး ထားသော ကထာ ဖြစ်သည်။
ဆိုဖီဆရာဆိုသည်မှာ အရပ်ရပ်အနယ်နယ်လှည့်၍ အဖိုးအခယူကာ ပညာသင်ပေးသောဆရာ ဖြစ်သည်။ တစ်ဖက်သားနားကျအောင်၊ ကိုယ့် အလိုသို့ ပါအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ စီကာပတ်ကုံး စကား ပြောတတ်သော အဟောကောင်း အပြောကောင်း ၀စနာလင်္ကာရပညာသည် ထိုခေတ်တွင် ဆိုဖီဆရာတို့ အထူးသင်ပေးသော ပညာတစ်ရပ်ဖြစ်သည်။ ဆော့ခရတ္တိနှင့် ပလေးတိုးတို့၏ အမြင်တွင် ဆိုဖီဆရာ အချို့သည် အများအားဖြင့် အပေါ်ယံသမားများသာဖြစ်၍ မိမိတို့ကိုယ်ကို မိမိတို့ အထင်ကြီးသူများ ဖြစ်သည်ဟုလည်းကောင်း၊ အတွေ့အကြုံသိ၊ ဘဝအသိတို့ထက် အစဉ် အလာအားဖြင့် ဖတ်ရွတ်လာကြသော စာများကိုသာ ပို၍အလေးဂရုပြုကာ ပြန်လည်ဖတ်ရွတ်တတ်၍ အသိကြီး သိနေကြပြီဟု ကျေနပ်နေကြသူများ ဖြစ်သည်ဟုလည်းကောင်း ဆိုပါသည်။
အောက်ပါစာပိုဒ်များတွင် အသက် ၈၀ အရွယ်ရှိသော ဆိုဖီဆရာကြီး ဂျိယနှင့် တပည့်ဖြစ်သူ ဆိုဖီဆရာကလေး ပေါလတို့ကတစ်ဖက်၊ ဆော့ခရတ္တိကတစ်ဖက် စကားစစ်ထိုးကြပုံအကြောင်း တစ်စိတ်တစ်ဒေသကို  တွေ့နိုင်ပါသည်။ စကားစစ်ထိုးကြသော အကြောင်းအရာသည် အဟော ကောင်း အပြောကောင်း၏ သဘော (ဝါ) ဝစနာလင်္ကာရပညာ၏သဘော အကြောင်း ဖြစ်သည်။ ဒေါ့ဂျိယနှင့် ပေါလတို့သည် ၀စနာလင်္ကာရပညာ ထက်မြက်သော ပညာသည် လောက၌မရှိသလောက်ဖြစ်သည်ဟု ယူဆ ကြသည်။ ဆော့ခရတ္တိသည် ထိုအယူအဆကို သူ အသုံးပြုလေ့ရှိသော မေးမြန်းစိစစ်နည်းဖြင့် ခွဲခြမ်းစိတ်ဖြာ၍ပြသည်။ ထို့နောက် ၀စနာလင်္ကာရ ပညာသက်သက်သည် နှုတ်မှုဖြင့် သွေးဆောင်သောသဘော၊ မှန်သည်ဖြစ် စေ၊ မှားသည်ဖြစ်စေ သူတစ်ပါးယုံအောင်ပြုရသောသဘော၊ ပရိသတ်ကို ကြိုက်လုံးပေးနိုင်အောင် ကျင်လည်ရသော သဘောတို့သာဖြစ်ကြောင်း၊ ၀စနာလင်္ကာရပညာကို မတတ်သော်လည်း မှန်သောကိစ္စ အကျိုးရှိသော ကိစ္စတို့တွင် အမှန်ကိုပြောလျှင်၊ အကျိုးရှိသည်ကို ပြောလျှင် အပြောကောင်း အဟောကောင်းဖြစ်ကြောင်း။ ထို့ကြောင့် အပြောကောင်းအဟောကောင်း ဖြစ်ချင်လျှင် (ဝါ) ၀စနာလင်္ကာရ ဆရာအစစ်ဖြစ်ချင်လျှင် အမှန်နှင့်အကျိုးကို သိ၍ မှန်သောစကား အကျိုးရှိသောစကားကိုဆို၍ မှန်သောအမှု ကောင်း သောအမှုကို ပြုအပ်သည် ဖြစ်ကြောင်း ဆိုခဲ့သည်။
စာပိုဒ် (က) 
(စကားဝိုင်းတွင် ၀စနာလင်္ကာရ၏ သဘောကို ရှေးဦးစွာ ဆော့ခရတ္တိက မေးသည်။ ဆိုဖီဆရာနှစ်ဦးသည် ဆော့ခရတ္တိသိလိုသော သဘောကို ရုတ်တရက် မဖြေနိုင်။ မိမိတို့ အလိုရှိရာကိုသာ ပြောကြသည်။ ထို့ကြောင့် ဆော့ခရတ္တိက ဆစ်၍ဆစ်၍ မေးပြန်သည်။ ရလာသော အဖြေတို့ကို စိစစ်ကြည့်သည်။ ပထမသော် ဆိုဖီဆရာတို့သည် သူတို့သင်ပေးလေ့ ရှိသော ၀စနာလင်္ကာရကို အတတ်ပညာ အမျိုးမျိုးထက် သာလွန်မွန်မြတ်သော အတတ် ပညာဟု ခပ်ကြွားကြွား ပြောနေကြသည်။ ထိုအခါ ဆော့ခရတ္တိက ရက်ကန်းပညာသည် အထည်ဖြစ်အောင် ပြုခြင်းနှင့်ဆိုင်သည်ဟု ပြော၍ ၀စနာလင်္ကာရသည် မည်ကဲ့သို့သော ပြုခြင်းမျိုးနှင့် ဆိုင်သနည်းဟုမေးရာ စကားပြောခြင်းနှင့် (ဝါ) နှုတ်မှုပြုခြင်းနှင့်ဆိုင်သည်ဟု ဆိုဖီဆရာတို့က အဖြေပေးလာကြရသည်။ ထိုအခါ ဆော့ခရတ္တိက ဂဏန်းသင်္ချာသင်ပေးရာ ၌လည်း စကားပြောရသည်မဟုတ်ပါလော၊ (ဝါ) နှုတ်မှုပြုခြင်း ပါရသည် မဟုတ်ပါလော။ နှုတ်မှုပြုခြင်းပါတိုင်းသာ ၀စနာလင်္ကာရဖြစ်လျှင် ဂဏန်းသင်္ချာအတတ်သည်လည်း ဝစနာ လင်္ကာရ ဖြစ်မနေပြီလောဟု မေးရာ၊ နှုတ်မှုပြုခြင်းပါတိုင်းလည်း ၀စနာလင်္ကာရမဟုတ်ဟု ဆိုဖီဆရာတို့ အဖြေပေးကြရပြန်သည်။ အောက်ပါကောက်နုတ်ချက်တို့ကို ဆက်၍ဖတ်လျှင် ၀နစာလင်္ကာရ၏သဘောကို ဖွင့်ရာ၌ ကျယ်ပြန့်လာသည်ကို တွေ့နိုင်ပါသည်။)
| ဆော့။ ။အချင်းဂေါ့ဂျိယ၊ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်ခြင်း၏ (ဝါ) ဝစနာ လင်္ကာရ၏ သဘောအမှန်ကို အသင် ဆိုသင့်ပြီ။ အကျိုးသက်ရောက်မှုရအောင် နှုတ်မှုအပြောကိုအသုံးပြုသော အတတ်ပညာအမျိုးမျိုး ရှိကြသည်တွင် ဝစနာ လင်္ကာရသည် တစ်ခုသာ ဖြစ်သည်မှာ ထင်ရှားလာပြီ။ ထို့ကြောင့် ထိုအချက် ကို လက်ခံမည်လော၊ သို့တည်းမဟုတ် ချေပလိုပါသေးသလော။ ဂေါ့ဂျိယ။ ။မချေပလိုတော့ပါ၊ လက်ခံပါပြီ။
ဆာ။ ။ထိုသို့ဖြစ်လျှင် ဖွဲ့ဖွဲ့နွဲ့နွဲ့ သဘောပါသော (ဝါ) ဝစနာ လင်္ကာရပါသော နှုတ်မှုဟူသည် မသည့်အကြောင်းအရာနှင့် ဆိုင်ပါသနည်း။
 ဓနဥစ္စာ ဖြစ်သည်။
ဂေါ့။ ။အမြတ်ဆုံးဖြစ်သော အကောင်းဆုံးဖြစ်သော လူ့ကိစ္စ အကြောင်းနှင့် ဆိုင်သည်။
ဆော့။ ။လူ့ကိစ္စဆိုသည်မှာ ကျယ်လွန်းလှပါသည်။ အထွေထွေတွေး စရာ ဖြစ်နေပါသေးသည်။ အမြတ်ဆုံးဖြစ်သော၊ အကောင်းဆုံးဖြစ်သော လူ့ ကိစ္စဟူသည် အဘယ်နည်း၊ တိတိကျကျ သိချင်ပါသေးသည်။ ပျော်ပျော်ပါးပါး စားရင်းသောက်ရင်း သီဆိုတတ်ကြသော သီချင်းဟောင်းတစ်ပုဒ်ကို အသင်လည်း ကြားဖူးမည် ထင်သည်။ ထိုသီချင်းတွင် လူ့ဘဝအတွက် အကောင်းဆုံးဖြစ်သော လောကီဆုကြီး သုံးခုအကြောင်းကို ဖွဲ့ထားသည်။ တစ်ခုသည် ကျန်းမာခြင်း ဖြစ်သည်။ နောက်တစ်ခုသည် အဆင်းလှခြင်း ဖြစ်သည်။ ကျန်တစ်ခုသည် ဂေါ့။ ။ထိုသီချင်းကို ကျွန်ုပ်လည်း ကြားဖူးပါသည်။ သို့ရာတွင် ထို သီချင်းကို အသင် ထုတ်ပြောသည်မှာ အဘယ်အကြောင်းကြောင့်နည်း။ ရှင်းပါဦး။
ဆော့။ ။ရှင်းပါမည်။ သီချင်း၌ပါသော ကျန်းမာခြင်းဆုကို လည်း ကောင်း၊ အဆင်းလှခြင်းဆုကို လည်းကောင်း၊ ဓနဥစ္စာဆုကို လည်းကောင်း ပေးတတ်သော ပုဂ္ဂိုလ်သုံးဦးသည် ယခုပင် အသင့်ထံသို့ ရောက်လာကြသည် ဆိုအံ့။ ထို့နောက် ပုဂ္ဂိုလ်တစ်ဦးက ကျွန်ုပ်အား “အချင်းဆော့ခရတ္တိ၊ ဂေါ့ဂျိယ သည် မဟုတ်မမှန်သော စကားကို ဆိုနေသည်၊ အမြတ်နိုးဆုံးဆုနှင့် ဆိုင်သော အတတ်ပညာသည် ဂေါ့ဂျီယတတ်သော ၀စနာလင်္ကာရ အတတ်ပညာ မဟုတ်၊ ကျွန်ုပ်၏ အတတ်ပညာသာ ဖြစ်သည်”ဟု ဆိုအံ့။ ထိုအခါ ကျွန်ုပ်က သူ့အား “အသင်က မည်သူဖြစ်သောကြောင့် ထိုစကားကို ဆိုသနည်း” ထိုအခါ သူက “ကျွန်ုပ်သည် ဆေးဆရာဖြစ်သည်” ထိုအခါ ကျွန်ုပ်က “အသင်၏ ဆေးပညာက ပေးသောဆုသည် အဘယ်ဆုမျိုး ဖြစ်သောကြောင့်နည်း။” ထိုအခါ သူက “ကျန်းမာခြင်းဆု ဖြစ်သောကြောင့်ပင်၊ ကျန်းမာခြင်းဆုထက် မြတ်သောဆု သည် လောက၌ မရှိပြီ'ဟု သူက အဖြေပေးမည်မှာ မုချဖြစ်သည်။ ထို့နောက် ပုဂ္ဂိုလ်တစ်ဦးက ကျွန်ုပ်အား “အချင်းဆော့ခရတ္တိ၊ ဂေါ့ဂျီယ၏ စကားကို ကြားရသောအခါ ကျွန်ုပ်လည်း အံ့ဩမိသည်၊ ကျွန်ုပ်၏ အတတ်ပညာက ပေးနိုင်သောဆုထက် သာသောဆုကို ဂေါ့ဂျိယက ပေးနိုင်ပါသလော” ထိုအခါ ကျွန်ုပ်က သူ့အား “အသင်က မည်သူဖြစ်သောကြောင့် ထိုစကားကို ဆိုသနည်း။” ထိုအခါ သူက “ကျွန်ုပ်သည် အားကစားဆရာဖြစ်သည်၊ ကျွန်ုပ်၏ အတတ် ပညာဖြင့် အဆင်းလှအောင် ခွန်အားဗလနှင့် ပြည့်စုံအောင် ကျွန်ုပ်ပြုနိုင်သည်” ဟုဆိုမည် မုချဖြစ်သည်။ ထို့နောက် ကျန်ပုဂ္ဂိုလ်က ကျွန်ုပ်ကို မေးပြန်ပါသည်။
 သူ့အမူအရာတွင် မည်သူ့ကိုမျှ လူမထင်၊ ငါတကော ကောချင်သော သဘော ပါသည်ဟု ကျွန်ုပ် ထင်မိသည်။ သူက ကျွန်ုပ်အား “အချင်း ဆော့ခရတ္တိ၊ ပသို့နည်း၊ အမြတ်ဆုံးဖြစ်သော အကောင်းဆုံးဖြစ်သော လူ့ဘဝ ဆုကြီးကို သူကသာ ပေးနိုင်သည်ဟု ဒေါ့ဂျိယက ဆိုနေပါတကား၊ ဆိုလှချေ၏တကား၊ ဂေါယက မည်သို့ပင်ဆိုစေကာမူ မည်သူက မည်သို့ပင်ဆိုစေကာမူ ဥစ္စာဓန ထက် သာသောဆုသည် လောက၌မရှိ၊ ဂေါ့ဂျိယက မည်သို့ပြန်ဖြေမည်နည်း၊ ရဲလျှင် ဖြေပါ' ထိုအခါ ကျွန်ုပ်က သူ့အား “ဓနဥစ္စာကို အသင်က ပေးနိုင် ပါသလော၊ အသင်က မည်သူဖြစ်သောကြောင့်နည်း၊” ထိုအခါ သူက “ကျွန်ုပ် ကို မေးသလား၊ အကျွန်ုပ်ကား အခြားမဟုတ်၊ စီးပွားရေးသမား ဖြစ်သည်။” ထိုအခါ ကျွန်ုပ်က သူ့အား “ကောင်းပါပြီ၊ ဥစ္စာဓနသည် လူ့ဘဝဆု အပေါင်း တွင် ခေါင်ကက်နေသော ဆုဖြစ်သည်ဟု အသင်က ယူဆပါသလော” ထိုအခါ သူက “ထိုသို့ မယူဆလျှင် မည်သို့ ယူဆမည်နည်း၊ ပြောပါဦး'ဟု ဆိုပေလိမ့်မည်။ ထိုအခါ ကျွန်ုပ်က သူအား “ဆရာကြီး ဒေါ့ဂျီယကမူ သူ၏ ၀စနာလင်္ကာရပညာကသာ လူ့ဘဝဆုကြီးကို ပေးနိုင်သည်ဟု အခိုင်အမာ နေသည်၊ ထိုအခါ သူက “ဂေါ့ဂျီယပြောသောဆုသည် မည်ကဲ့သို့သောဆု ဖြစ်သောကြောင့်နည်း၊ ဖြေပါဘိ"ဟု ဆိုဦးမည်မှာ မုချဖြစ်သည်။ ထို့ကြောင့် အချင်း ဂေါ့ဂျိယ၊ အသင့်ကို ထိုပုဂ္ဂိုလ်သုံးဦး လည်းကောင်း၊ ကျွန်ုပ်က လည်းကောင်း အထက်ပါအတိုင်း ဝိုင်း၍ မေးကြသည်ဟု အသင်ယူကြည့်ပါ။ ထို့နောက် အမြတ်ဆုံးဖြစ်သော၊ အကောင်းဆုံးဖြစ်သော လူ့ဘဝဆုကြီးဟု လည်းကောင်း၊ အသင်ကပေးနိုင်သည်ဟုလည်း အသင်ပြောသော အရာသည် မည်ကဲ့သို့သောအရာ ဖြစ်ကြောင်း ကျွန်ုပ်အား ရှင်းပြပါဘိ။
ဂေါ့။ ။ဆော့ခရတ္တိ၊ ရှင်းပြပါမည်။ ထိုအရာသည် အခြားမဟုတ်။ လူခပ်သိမ်းကို လွတ်မြောက်အောင် ပြည်ရေးပြည်ရာကိစ္စများတွင် သြဇာအာဏာ ရအောင် စွမ်းဆောင်နိုင်သောအရာ ဖြစ်သည်။ ။
ဆော့။ ။ဂေါဂျိယ၊ မည်သို့မည်ပုံ စွမ်းဆောင်နိုင်ပါသနည်း။ ။
ဂေါ့။ ။တရားရုံးများတွင် စီရင်ဆုံးဖြတ်ကြသော တရားသူကြီး ပရိသတ်ကို ကိုယ့်အမှုအနိုင်ရရေးအတွက် နှုတ်မှုအပြောဖြင့် ဖျောင်းဖျသွေး ဆောင်နိုင်သော စွမ်းရည်ကို ကျွန်ုပ် ဆိုလိုသည်။ ပြည်ရေးပြည်ရာ ကိစ္စများတွင် ကောင်စီအတွင်း၌ ဆိနိတ်လူကြီးများကို လည်းကောင်း၊ ဥပဒေပြုအဖွဲ့ အတွင်း၌ အဖွဲ့ဝင်များကို လည်းကောင်း၊ နိုင်ငံရေးအစည်းအဝေး၌ မြို့သူမြို့သားပရိသတ် ကို လည်းကောင်း ကိုယ်အလိုရှိရာသို့ လိုက်ပါလာကြအောင် နှုတ်မှုအပြောဖြင့် ဖျောင်းဖျ သွေးဆောင်နိုင်သော စွမ်းရည်ကို ဆိုလိုသည်။ ထိုစွမ်းရည်သ  အသင့်မှာ ရှိသည်ဖြစ်လျှင် ဆေးဆရာကိုလည်း အသင် စေလိုရာစေနိုင်သည်။ အားကစားဆရာကိုလည်း အသင်စေလိုရာစေနိုင်သည်၊ စီးပွားရေးသမားကိုလည်း သူ့အဖို့မဟုတ်ဘဲ သူတစ်ပါးအဖို့ အသင့်အဖို့ အသင်စေလိုရာ စေနိုင်သည်။
ဆာ။ ။အချင်းဂေါ့ယ၊ ယခုမှပင် ၀စနာလင်္ကာရ၏ သဘောကို အသင် ထင်မြင်ယူဆထားသည့်အတိုင်း အတော်အတန် ပြည့်စုံအောင် အသင် ဖော်ထုတ်ဖွင့်ဆိုနိုင်တော့သည်။ ကောင်းပါပြီ။ အသင်ဖွင့်ဆိုသော သဘောအရ သော် ၀စနာ လင်္ကာရသည် တစ်ဖက်သား သဘောကျအောင် ဖျောင်းဖျ သွေးဆောင်ခြင်းကို ဖန်တီးတတ်သော အရာဖြစ်သည်ဟု ဆိုရတော့မည်။ ထိုသဘောမှတစ်ပါး အခြားမရှိ။ ထိုသဘောသာ ပဓာန၊ ထိုသဘောသာ အန္တိမ။ ထိုသို့ပင် ဆိုရတော့မည်။ ထိုသဘောမှတစ်ပါး အခြားသော သဘော ရှိပါသေးသလော။
ဂေါ့။ ။ဆော့ခရတ္တိ၊ မရှိတော့ပါ။ ယခုဆိုခဲ့သော ၀စနာလင်္ကာရ ပညာ၏ သဘောအဖွင့်သည် သင့်ပါပြီ။ ဖျောင်းဖျသွေးဆောင်ခြင်းကို ဖန်တီး ကတ်သော အရာသာပါ။
စာပိုဒ် (ခ) 
(၀စနာလင်္ကာရ၏ သဘောသည် နှုတ်မှုအပြောဖြင့် ဖျောင်းဖျသွေးဆောင်သော သဘော ဖြစ်၏ဟု သိခဲ့ရပြီ။ ထိုနောက် နှုတ်မှုအပြောဖြင့် ဖျောင်းဖျသွေးဆောင်ရာ၌ ၀စနာလင်္ကာရသည် သိအောင်ပြု၍ ဖျောင်းဖျသွေးဆောင်သော သဘောမဟုတ်။ ယုံကြည်လက်ခံအောင် ပြု၍ ဖျောင်းဖျသွေးဆောင်သော သဘောဖြစ်ကြောင်း အောက်ပါအတိုင်း သိနိုင်သည်။)
ဆော့။ ။အချင်း ဂေါ့ဂျိယ၊ နောက်တစ်ချက် မေးချင်ပါသေးသည်။ အကြောင်းတစ်ခုကို သိပြီးပြီ'ဟု ဆိုတတ်ကြပါသလော။
ဂေါ့။ ။ဆိုတတ်ကြသည်ပေါ့။
ဆော့။ ။ထို့ပြင် “ယုံကြည်လက်ခံပြီးပြီ”ဟုလည်း ဆိုတတ်ကြပါ သလား။
ဂေါ့။ ။ဆိုတတ်ကြသည်ပေါ့။
ဆော့။ ။ထိုသို့ ဆိုတတ်ကြသည်ဖြစ်လျှင် “သိပြီးပြီ'နှင့် ယုံကြည် လက်ခံပြီးပြီ' တို့သည် သဘောတစ်မျိုးတည်း ဖြစ်ပါသလော။ သိခြင်းနှင့် ယုံခြင်းတို့သည် သဘောတစ်မျိုးတည်း ဖြစ်ပါသလော။
ဂေါ့။ ။သဘောတစ်မျိုးဟ ည်း မဟုတ်ဟု ယူပါသည်။
 ဆာ။ ။အသင်၏ အယူသည် မှန်သည်ဟုဆိုနိုင်သည်။ တစ်ဦးတစ် ယောက်သောသူက အသင့်အား “အချင်း ဂေါ့ဂျိယ၊ အမှားကို အမှန်ထင်၍ ယုံသောအယုံမှားဟုလည်းကောင်း၊ အမှန်ကို အမှန်မှန်းသိ၍ ယုံသောအယုံမှန်ဟု လည်းကောင်း အယုံတရားနှစ်မျိုး ရှိနိုင်ပါသလော”ဟုမေးလျှင် ရှိသည်ဟု အသင်ဖြေလိမ့်မည်ထင်သည်။ (ကျွန်ုပ်ထင်သည့်အတိုင်း မှန်သည်ဖြစ်လျှင်) ထိုအထင်ကို ထောက်ခဲ့သောကြောင့် အသင်၏အယူမှန်သည်ဟု ကျွန်ုပ် ဆိုခဲ့ခြင်း ဖြစ်သည်။ ဟုတ်ပါသလော။
ဂေါ့။ ။ဟုတ်ပါသည်။ ထိုသို့ပင် ကျွန်ုပ် ဖြေမည် ဖြစ်သည်။
ဆော့။ ။အချင်း ဂေါဂျိယ၊ မေးချင်ပါသေးသည်။ အသိတရားဟူသည် အမှန်ကို သိသောသဘောဖြစ်ရာ မသိသော အသိတရားအတုဟုလည်းကောင်း၊ သိသော အသိတရားအစစ်ဟုလည်းကောင်း နှစ်မျိုး ရှိနိုင်ပါသလော။
ဂေါ့။ ။ဆော့ခရတ္တိ၊ ထိုသို့ကား မရှိနိုင်ပါ။
ဆော့။ ။ထိုသို့ဆိုလျှင် အယုံတရားနှင့် အသိတရားတို့သည် သဘော တစ်မျိုးတည်း မဟုတ်ဟူသောအဆိုသည် ခိုင်ပြီဟု ယူနိုင်ပြန်ပြီ။ ဟုတ်ပါ သလား။
ဂေါ့။ ။ဟုတ်ပါသည်၊ ခိုင်ပါသည်။
ဆော့။ ။သို့ရာတွင် ဖျောင်းဖျသွေးဆောင်သည်ဟု ဆိုရာ၌ သိပြီးသူတို့ ကိုလည်း ဖျောင်းဖျသွေးဆောင်ရသည် မဟုတ်ပါလော။ ယုံပြီးသူတို့ကိုလည်း ဖျောင်းဖျသွေးဆောင်ရသည် မဟုတ်ပါလော။
ဂေါ့။ သိပြီးသူကိုရော ယုံပြီးသူကိုပါ ဖျောင်းဖျသွေးဆောင်ရခြင်း ဖြစ်ပါသည်။ ။
ဆော့။ ။ထိုသို့ဆိုလျှင် ဖျောင်းဖျသွေးဆောင်ခြင်း နှစ်မျိုးရှိသည်ဟု မယူနိုင်ပြီလော။ တစ်မျိုးသည် အမှန်ကို သိအောင်မပြုဘဲ ယုံအောင်ပြု၍ ဖျောင်းဖျသွေးဆောင်ခြင်း ဖြစ်နိုင်သည်။ ကျန်တစ်မျိုးသည် အမှန်ကိုသိအောင် ပြု၍ ဖျောင်းဖျသွေးဆောင်ခြင်း ဖြစ်နိုင်သည်။ ဟုတ်ပါသလော။
ဂေါ့။ ။ဟုတ်သည်ပေါ့။ ။
ဆော့။ ထိုသို့ဆိုလျှင် တရားရုံးများ၌လည်းကောင်း၊ ပရိသတ်အစည်း အဝေးများ၌လည်းကောင်း အမှားအမှန်ကိစ္စကို ပြောဆိုကြသောအခါ ဝစနာ လင်္ကာရသည် မည်သို့သော ဖျောင်းဖျသွေးဆောင်ခြင်းမျိုးကို ဖန်တီးပါသနည်း။ ယုံအောင် ပြု၍ ဖျောင်းဖျသွေးဆောင်ခြင်းမျိုးလော။ အမှန်ကို သိအောင်ပြု၍ ဖျောင်းဖျသွေးဆောင်ခြင်းမျိုးလော။
ဂေါ့။ ။ဆော့ခရတ္တိ၊ ယုံအောင်ပြ၍ ဖျောင်းဖျသွေးဆောင်ခြင်းမျိုးပါ။
 ဆော့။ ။ထိုသို့ဆိုလျှင် အမှားအမှန်ကိစ္စကို ပြောဆိုကြရာ၌ ဝစနာ လင်္ကာရသည် အမှန်ကို သိအောင်ညွှန်ပြ၍ ဖျောင်းဖျသွေးဆောင်သောအရာ မဟုတ်၊ ယုံအောင်ပြု၍ ဖျောင်းဖျသွေးဆောင်သော အရာဖြစ်၏ဟု ဆိုရတော့ မည်။ ဟုတ်ပါသလော။
ဂေါ့။ ။ထိုသို့ပင် ဆိုပါ။ | ဆော့။ ။ထို့ပြင် ၀စနာလင်္ကာရဆရာသည် အမှားအမှန်ကိစ္စကို ပြောဆို ရာတွင် တရားရုံးကိုသော်လည်းကောင်း၊ ပရိသတ်အစည်းအဝေးကိုသော် လည်းကောင်း အမှန်သိအောင် ပြုသူ မဟုတ်၊ ယုံအောင်ပြုသူသာ ဖြစ်၏ဟုလည်း ဆိုရတော့မည်။ အဘယ့်ကြောင့်ဆိုသော် ထိုမျှအရေးကြီးလှသောကိစ္စကို ထိုမျှ များပြားလှသော ပရိသတ်အား ထိုမျှ တိုတောင်းလှသော အချိန်အတွင်း၌ အမှန်သိအောင် ပြုခြင်းငှာ တတ်နိုင်စရာအကြောင်း မရှိဟု ကျွန်ုပ် ယူဆသော ကြောင့် ဖြစ်သည်။
ဂေါ့။ ဆော့ခရတ္တိ၊ အသင်၏ အယူအဆ သင့်လှပါပေသည်။
စာပိုဒ် (ဂ) 
(ဆော့ခရတ္တိနှင့် ဆိုဖီဆရာကြီး ဒေါ့ဂျီယတို့ ပြောဆိုကြသော ၀စနာလင်္ကာရ ပညာ၏သဘော နှစ်ခုကို ပြခဲ့ပြီ။ အောက်ပါစာပိုဒ်တွင် ဆော့ခရတ္တိ နှင့် ဆိုဖီဆရာကလေး ပေါလတို့ ပြောဆိုကြသော ၀စနာလင်္ကာရ၏ သဘောအကြောင်းကို တွေ့နိုင်သည်။ ဂေါ့ဂျိယသည် ဆိုဖီဆရာပီပီ အထင်ကြီးသူ ဖြစ်သော်လည်း အသက်ကြီး၍ သိမ်မွေ့ သူလည်းဖြစ်ရာ ဆော့ခရတ္တိသည် ဂေါ့ဂျိယကို ရိုသေလေးစားသည်။ ထို့ကြောင့် ဆော့ခရတ္တိ၏ နှုတ် အမူအရာတွင် သိမ်သိမ်မွေ့မွေ့ မေးမြန်းစိစစ်သော သဘောပေါ်အောင် ပလေးတိုးက ရေးခဲ့ သည်ဟု ဆိုသည်။ ပေါလသည် အထင်ကြီးသူလည်းဖြစ်သည်။ ပျိုသူလည်းဖြစ်သည်။ စကားပြောမောက်မာသူလည်း ဖြစ်သည်။ ထို့ကြောင့် ဆော့ခရတ္တိ၏ နှုတ်အမူအရာတွင် သရော်တော်တော် မေးမြန်းစိစစ်သော သဘောပေါ်အောင် ပလေးတိုးက ရေးခဲ့သည်ဟု ဆိုသည်။ အောက်ပါစာပိုဒ်တွင် ၀စနာလင်္ကာရ၏ သဘောကိုပင် ထပ်၍ ဖွင့်ဆိုထားသည်။ ဖွင့်ဆိုရာတွင် ဆော့ခရတ္တိ၏ သရော်တော်တော် အပြောသဘောကို အကဲခတ်ကြည့်နိုင်သည်။)
ပေါလ။ ။ဆော့ခရတ္တိ၊ အသင်၏အမေးကို ဂေါ့ဂျီယမဖြေနိုင်ဟု အသင် အထင်ရှိနေသည်။ ကောင်းပြီ။ အသင်၏ အမေးကိုပင် အသင့်အား ပြန်၍မေးမည်။ အသင် ဖြေပါ။ ဆော့ခရတ္တိ၊ ၀စနာလင်္ကာရဟူသည် အဘယ်နည်း။ ။
| ဆော့။ ။အချင်းပေါလ၊ ၀စနာလင်္ကာရသည် မည်ကဲ့သို့သော အတတ် ပညာဖြစ်သနည်းဟု အသင် ဆိုလိုပါသလော။
 ပေါ။ ။ဆိုလိုသည်။ မည်ကဲ့သို့သော အတတ်ပညာနည်း။ ဖြေပါ။
ဆော့။ ။မှန်သောစကားကို ကျွန်ုပ် ဆိုပါမည်။ အချင်းပေါလ၊ ဝစနာ လင်္ကာရသည် မည်သည့်အတတ်ပညာမျှ မဟုတ်ပါ။ ကျွန်ုပ် ထိုသို့ပင် အယူရှိသည်။
ပေါ။ ။ပသို့နည်း၊ ၀စနာလင်္ကာရသည် အတတ်ပညာ မဟုတ်ဟု အသင်ကဆိုလျှင် မည်ကဲ့သို့သော အရာနည်း။
ဆော့။ ။ယခုတလောတွင် အသင် ရေးသောကျမ်းကို ကျွန်ုပ် ဖတ်လိုက်မိသည်။ ထိုကျမ်းတွင် အတတ်ပညာဂိုဏ်းထဲသို့ သွင်းလိုက်ပြီဟု အသင့်ရွှေဉာဏ်ဖြင့် အသင့်အလိုအတိုင်း ပြဋ္ဌာန်းခဲ့သော အရာတစ်မျိုးပါပေ တည်း။ ။
ပေါ။ ။ပသို့နည်း၊ ရှင်းပါဦး။
ဘု။ ။ရှင်းပါမည်။ အချင်းပေါလ၊ ထိုအရာသည် ကျင်လည်ခြင်း တစ်မျိုးသာပါ။
ပေါ။ ။သြ၊ ၀စနာလင်္ကာရကို ကျင်လည်ခြင်းတစ်မျိုးဟု အသင် ယူထားသည်ပေါ့။
ဆော့။ ။ထိုသို့ပင် ယူထားသည်။ အသင် တစ်မျိုး ယူချင်လျှင် ယူနိုင်ပါသည်။
ပေါ။ ။ကောင်းပြီ။ မေးပါဦးမည်။ မည်သည့်ကိစ္စ၌ ကျင်လည်ခြင်း ပေနည်း။
ဆော့။ ။သူတစ်ပါးကို ပျော်အောင်၊ သူတစ်ပါး သဘောကျအောင် ပြုရာမှာ ကျင်လည်ခြင်းပေါ့။
ပေါ။ ။၀စနာလင်္ကာရတွင် လူခပ်သိမ်း သဘောကျအောင်ပြုနိုင်သော သဘောရှိသည်ဟုဆိုလျှင် ၀စနာလင်္ကာရကို နူးညံ့သိမ်မွေ့သော ပညာဟု မဆိုနိုင်ပြီလော။
ဆော့။ ။ပေါလ၊ လောဘမကြီးပါနှင့်။ ၀စနာလင်္ကာရ၏ သဘောကိုမျှ ကျွန်ုပ်က မဖြေရသေးခင် ၀စနာလင်္ကာရကို နူးညံ့သိမ်မွေ့သောပညာ မဟုတ်နိုင်ပြီ လောဟု အဘယ့်ကြောင့် မေးခွန်းသစ် ထပ်၍ထုတ်သနည်း။ ။
ပေါ။ ။၀စနာလင်္ကာရကို ကျင်လည်ခြင်းတစ်မျိုးဟု အသင်ကလည်း အဘယ်ကြောင့် ဆိုခဲ့သနည်း။ ။
ဆော့။ ။လောကြီးပြန်ပါပြီ။ အသင်သည် ၀စနာလင်္ကာရဆရာတစ်ဦး ဖြစ်သည့် အားလျော်ညီစွာ သူတစ်ပါး သဘောကျအောင် ပြုထိုက်ပါသည်။ ယုတ်စွအဆုံး ကျွန်ုပ် သဘောကျအောင် အားထုတ်ပါဦး။
 ပေါ။ ။ကောင်းပါပြီ။
ဆော့။ ။ပေါလ၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်စီရင်တတ်ခြင်းကို မည်ကဲ့သို့သော အတတ်ပညာဖြစ်သနည်းဟု ကျွန်ုပ်ကို မေးကြည့်စမ်းပါ။
ပေါ။ ။ကောင်းပါပြီ။ မေးပါမည်။ ဆော့ခရတ္တိ၊ စားကောင်း သောက်ဖွယ် ချက်ပြုတ်စီရင်တတ်ခြင်းသည် မည်ကဲ့သို့သော အတတ်ပညာ ဖြစ်သနည်း။ ။
ဆော့။ ။အချင်းပေါလ၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်စီရင်တတ် ခြင်းသည် အတတ်ပညာ လုံးဝမဟုတ်ပါ။
ပေါ။ ။ပသို့နည်း၊ အတတ်ပညာ မဟုတ်လျှင် မည်ကဲ့သို့သော အရာနည်း။
ဆာ။ ။ကျင်လည်ခြင်း တစ်မျိုးသာပါ။ ပေါ။ ။သြ၊ မည်သည့်ကိစ္စမှာနည်း၊ ကျွန်ုပ်ကို ရှင်းပြပါ။
ဆာ။ ။သူတစ်ပါးပျော်အောင်၊ သူတစ်ပါးသဘောကျအောင် ပြုရာမှာ ကျင်လည်ခြင်းပါ။
ပေါ။ ။ပသို့နည်း၊ ချက်ပြုတ် စီရင်တတ်ခြင်းနှင့် ၀စနာလင်္ကာရတို့ ကို တစ်မျိုးတည်းဟု အသင်က ဆိုချင်ပါသလော။
ဆော့။ ။တစ်မျိုးတည်းဖြစ်၏ဟုကား မဆိုချင်ပါ။ တစ်ခုသော အလုပ်၏ အစိတ်အပိုင်းနှစ်ခုဖြစ်၏ဟု ဆိုချင်ပါသည်။
ပေါ။ ။တစ်ခုသောအလုပ် ဆိုသည်မှာ မည်ကဲ့သို့သောအလုပ်နည်း။ ဆိုပါဦး။
ဆော့။ ။အချင်းပေါလ၊ ဟုတ်မှန်သည့်အတိုင်း ပြောင်ကျကျဖြေလိုက် လျှင် ရိုင်းရာကျမည်ကို စိုးရိမ်မိပါသည်။ သူ့အလုပ်ကို ကျွန်ုပ်က သရော် တော်တော် ပြောသည်ဟု ဆရာကြီး ဒေါ့ဂျိယက အထင်ရှိနေလိမ့်မည်။ ကျွန်ုပ် ဆက်၍ မဆိုချင်တော့ပါ။
ဂေါ့။ ။အချင်းဆော့ခရတ္တိ၊ ကျွန်ုပ်ကို ထောက်ထားဖို့ မလိုပါ။ အစိတ်အပိုင်း တစ်ခုအဖြစ်ဖြင့် ၀စနာလင်္ကာရပါသော အလုပ်သည် မည်ကဲ့သို့သောအလုပ် ဖြစ်ပါသနည်း။ ဆိုစရာ ရှိသည်ကိုသာ ဆိုပါ။ ။
ဆော့။ ။ကောင်းပါပြီ အချင်း ဂေါ့ဂျိယ၊ ကျွန်ုပ် ဤသို့ ယူပါသည်။ အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့် ၀စနာလင်္ကာရ ပါသော အလုပ်သည် အတတ်ပညာ နည်းနာတို့က ညွှန်သည့်အတိုင်း လိုက်လုပ်၍ရသောအလုပ်မျိုး မဟုတ်ပါ။ သတ္တိရှိသော၊ အကင်းပါးသောသူအဖို့မှာ လူအမျိုးမျိုးနှင့် ဆက်ဆံရာတွင် အောင်မြင်မှုရအောင် ကောက်ကာငင်ကာ စိတ်ကူးအထူးထုတ်၍ ပြုတတ်သော  အလေ့အထတစ်မျိုး ဖြစ်ပါသည်။ စကားတစ်ခွန်းဖြင့် ချုပ်၍ ဆိုရမည်ဖြစ်လျှင် ကြိုက်လုံးပေးတတ်သော အလုပ်ဖြစ်၏ဟု ဆိုချင်ပါသည်။
စာပိုဒ် (ဃ) 
(၀စနာလင်္ကာရပညာ၏ သဘောသုံးခုကို ပြခဲ့ပြီ။ အောက်ပါစာပိုဒ်တွင် ၀စနာလင်္ကာရ ဆရာအစစ်၏ သဘောအဖွင့်တစ်ခုကို တွေ့နိုင်သည်။)
ဆော့။ ။အချင်းဂေါ့ဂျိယ၊ အသင့်ထံသို့ လာ၍ ၀စနာလင်္ကာရကို သင်ယူသောသူကို ၀စနာလင်္ကာရ တတ်သူဖြစ်အောင် (ဝါ) စကားအပြောကောင်း ဖြစ်အောင် အသင် ပြုနိုင်သည်ဟု အသင် ဆိုခဲ့သည်။
ဂေါ့။ ဟုတ်ပါသည်။ ဆိုခဲ့ပါသည်။ | ဆော့။ ။ကောင်းပြီ။ အကြင်သူသည် မည်သည့်အကြောင်းကိုပင်ဖြစ်စေ သိအောင်ပြု၍ မဟုတ်ဘဲ ယုံအောင်ပြု၍ ဖောင်ဖျသွေးဆောင်ခြင်းဖြင့် ပရိသတ် ကြိုက်အောင် စကားပြောတတ်သူဖြစ်၏။ ထိုကဲ့သို့သောသူမျိုးဖြစ်လာအောင် အသင်က ပြုပေးနိုင်သည်ဟု ဆိုလိုပါသလော။
ဂေါ့။ ။ဟုတ်ပါသည်။ ထိုသို့ဆိုပါသည်။
ဆော့။ ။လူမမာ ကျန်းမာလာအောင် ကုသရသည့် ကိစ္စ၌ ဆေးဆရာ ၏ စကားထက် အပြောကောင်းသူ၏ စကားကို ပို၍ ထက်မြက်သည်ဟု အသင်ဆိုခဲ့သည်။
(ဤကထာစာတမ်းတစ်နေရာ၌ ဆေးအသောက်ခိုင်းသော ဆေးဆရာ၏ စကားကို ငြင်းဆန်နေသော လူမမာတစ်ဦးကို ဒေါ့ဂျိယသည် အပြောကောင်းကောင်းဖြင့် ဆေး သောက်ခိုင်းရာ လူမမာဆေးသောက်ကြောင်း ဖော်ပြခဲ့သည်။)
ဂေါ့။ ။ဟုတ်ပါသည်။ ခုနကပင် ဆိုခဲ့ပြီ။ အများပရိသတ်အတွက် လည်း ထက်မြက်နိုင်သည်ကို ရည်၍ ဆိုခဲ့ခြင်းဖြစ်သည်။
ဆော့။ ။ထိုသို့ဖြစ်လျှင် အများပရိသတ်ကို မသိနားမလည်သူတစ်စုဟု အသင် ဆိုလိုရာရောက်သည်။ အဘယ်ကြောင့်ဆိုသော် ဆေးပညာကို သိသော သူများအဖို့မှာ ဆေးအကြောင်း အပြောကောင်းသူ၏ စကားထက် ဆေးဆရာ၏ စကားက ပို၍ထက်မြက်သောကြောင့် ဖြစ်သည်။ ပသို့နည်း။
ဂေါ့။ ။ဟုတ်နိုင်ပါသည်။
ဘု။ ။ထို့ပြင် ဆေးဆရာ၏ စကားထက် ဆေးအကြောင်းအပြော ကောင်းသူ ၏ စကားက ပို၍ထက်မြက်သည်ဟုဆိုလျှင် ဆေးပညာကို သိသူ  ထက် ဆေးအကြောင်း အပြောကောင်းသူက ပို၍ ထက်မြက်သည်ဟုလည်း ဆိုရာ ရောက်သည်။ ။
ဂေါ့။ ။ဆိုရတော့မည်ပေါ့။
။ ။ထိုသို့ဆိုလျှင် အပြောကောင်းသူကိုယ်တိုင်က ဆေးဆရာ မဟုတ်စေကာမူ ဆေးဆရာထက် သူက ပို၍ ထက်မြက်နေသည်ပေါ့။
ဂေါ့။ ။ဟုတ်သည်ပေါ့။ | ဆော့။ ။သို့ရာတွင် ဆေးဆရာ မဟုတ်သူသည် ဆေးဆရာသိသော ဆေးပညာကို သိမည်မဟုတ်သည်မှာ သေချာသည်။ ဟုတ်ပါသလား။
။ ။ဟုတ်ပါသည်။ ။
ဆော့။ ။ထို့ကြောင့် ဤသို့ ကောက်ချက်ချနိုင်သည်ဟု ထင်သည်။ အကယ်၍ ဆေးဆရာထက် ဆေးအကြောင်း အပြောကောင်းသူက ပို၍ ထက်မြက် သည်ဟု ဆိုလျှင် မသိနားမလည်သော ပရိသတ်အဖို့မှာ သိသူထက် မသိသူက ပို၍ ထက်မြက်သည်ဟု ကောက်ချက်ချရတော့မည်ကဲ့သို့ ဖြစ်နေပြီ။
ဂေါ့။ ။ဟုတ်ပါသည်။ ဤကိစ္စတွင် ဤသို့ပင် ကောက်ရတော့မည်။
ဆော့။ ။ဤကိစ္စ၌ ဤသို့ ကောက်ရသည်ဖြစ်လျှင် အခြားအခြား သော ကိစ္စများ၌လည်း ဤသို့ပင် ကောက်ရလိမ့်မည်။ အပြောကောင်းသူကသာ ပို၍ ထက်မြက်သည်။ ဤသို့ကောက်ရလိမ့်မည်။ တစ်ဖန် အပြောကောင်းသူသည် (ဝါ) ၀စနာလင်္ကာရ တတ်သူသည် အကယ်သိဖို့မလို၊ သူ သိဖို့လိုသည်မှာ အကယ်သိသူထက် သူကပို၍ သိသည်ဟု အထင်ခံရအောင် (ဝါ) အကယ်သိသူ ထက် သူကပို၍ သိသည်ဟု ယုံလာကြအောင် မသိနားမလည်သူများကို ဖျောင်းဖျသွေးဆောင်တတ်သော နည်းပရိယာယ်သာ ဖြစ်သည်ဟုလည်း ဆိုရ ပေတော့မည်။
။ ။ဆော့ခရတ္တိ၊ အပြော ကောင်းသူသည် အခြားအတတ်ပညာ များကို သိအောင် အားထုတ်ဖို့ မလိုဘဲ ၀စနာလင်္ကာရတစ်ခုကို သိထားရုံမျှဖြင့် အခြားသော ပညာရှင်များနှင့် ပခုံးချင်း ယှဉ်နိုင်သည် မဟုတ်ပါလော။ ပို၍ မကောင်းပြီလော။
ဆော့။ အချင်း ဂေါယ၊ ၀စနာလင်္ကာရတတ်သူသည် အဆိုပါ အကြောင်းကြောင့် အခြားသောပညာရှင်များထက် သာ မသာ ဟူသောအချက်ကို စိစစ်ခြင်းမပြုလိုသေးပါ။ ယခု စိစစ်နေကြသည်ကို အထောက်အကူပြုလာသော အခါကျမှသာ စိစစ်ပါမည်။ ယခုစိစစ်ချင်သော အချက်သည် ဤသို့ဖြစ်သည်။ ၀စနာလင်္ကာရတတ်သူသည် ဆေးပညာကို သိဖို့မလိုသကဲ့သို့ အခြားသောအတတ် ပညာများကို သိဖို့မလိုသကဲ့သို့ တရားရှိမှု သဒ္ဓမ္မ၊ တရားမဲ့မှု အဓမ္မတို့၏  သဘောကိုလည်းကောင်း၊ အယုတ်အမြတ် သဘောကိုလည်းကောင်း၊ အကောင်း အဆိုး သဘောကိုလည်းကောင်း သိဖို့မလိုဟု အသင် ဆိုချင်ပါသလော။ သို့တည်းမဟုတ် ၀စနာလင်္ကာရတတ်သူသည် တရားရှိမှု သဒ္ဓမ္မ၊ တရားမဲ့မှု အဓမ္မတို့၏ သဘောကို သိသူထက် သူက ပို၍ သိသည်ဟု အထင်ခံရအောင် သူကဲ့သို့ပင် မသိနားမလည်ကြသော သူများကို ဖျောင်းဖျသွေးဆောင်တတ်ဖို့ သာ လိုသည်ဟု ဆိုချင်ပါသလော။ သို့တည်းမဟုတ် အသင့်ထံသို့ လာ၍ ၀စနာလင်္ကာရ ပညာသင်ယူသော တပည့်သည် အသင့်ထံသို့ မလာခင်ကပင် အဆိုပါ သဒ္ဓမ္မ၊ အဓမ္မ စသောသဘောတို့ကို သိပြီးဖြစ်ရမည်လော။ သိပြီး ဖြစ်မှသာ အသင့်ထံသို့ လာရမည်။ အကယ်၍ အသစ်ရောက်လာသော တပည့်သည် ထိုသဘောတို့ကို မသိသူဖြစ်လျှင် အသင်က ထိုသဘောတို့ကို သင်မပေးဘဲ နေသလော၊ အသင့် အလုပ်မဟုတ်ဟု အသင် ယူသလော။ သို့ရာတွင် ထိုသဘောတို့ကို အသင်၏တပည့်က မသိစေကာမူ သိသည်ဟု အထင်ခံရအောင် အသင်က သင်ပေးခြင်း ဖြစ်သလော။ အသင်၏ တပည့်သည် သူကိုယ်တိုင်က လူကောင်း မဟုတ်စေကာမူ လူကောင်းဖြစ်သည်ဟု အထင်ခံ ရအောင် အသင်က သင်ပေးခြင်း ဖြစ်သလော။ သို့တည်းမဟုတ် အဆိုပါ သဘောတို့ကို အသင်၏တပည့်သိပြီး မဟုတ်လျှင် ၀စနာလင်္ကာရပညာကို သူ့အား သင်ပေးခြင်းငှာ မတတ်နိုင်ဟု အသင် ဆိုမည်လော။ အချင်းဂေါယ၊ ဤအချက်တို့နှင့် စပ်လျဉ်း၍ အသင် မည်သို့ ဆိုချင်ပါသနည်း။ ဖုံးကွယ်ထားသော တင်းတိမ်ကို ဖယ်လိုက်သကဲ့သို့ အမှောင်ခွင်း၍ အလင်းကိုဆောင်စေချင်ပါသည်။ ရှင်းပြမည်ဟု အသင် ဆိုခဲ့ဖူးသည့်အတိုင်း ၀စနာလင်္ကာရ၏ တန်ခိုးဣဒ္ဓိပါဒ် အကြောင်းကို ရှင်းပြစေချင်ပါသည်။ )
ဂေါ့။ ။ဆော့ခရတ္တိ၊ တပည့်ဖြစ်သူသည် အသင်ဆိုခဲ့သော တရားရှိမှု သဒ္ဓမနှင့် တရားမဲ့မှု အဓမ္မတို့၏ သဘောကိုလည်းကောင်း၊ အယုတ် အမြတ် သဘောကိုလည်းကောင်း၊ အကောင်း အဆိုး သဘောကိုလည်းကောင်း သိပြီး မဟုတ်လျှင် ထိုသဘောတို့ကိုပါ ကျွန်ုပ်က သင်ပေးပါသည်။ ။
ဆာ။ ။ကောင်းလေစွ၊ ထိုသို့ဖြစ်လျှင် ရှေ့ဆက်ဖို့ မလိုတော့ပြီ။ အသင်၏ သဘောထားကို ကျွန်ုပ် ချီးကျူးပါ၏။ အသင်၏ လက်ထဲတွင် ၀စနာလင်္ကာရ တတ်မြောက်လာမည့်သူသည် (ဝါ) အပြောကောင်း အဟော ကောင်း ဖြစ်လာမည့်သူသည် ဤအမှုကား သဒ္ဓမ္မတည်း၊ ထိုအမှုကား အဓမ္မတည်းဟု သိပြီးသူသော်လည်း ဖြစ်ရမည်ပေါ့။ မသိသေးလျှင် သိအောင် အသင့်ထံ၌ သင်ယူရမည့် သူသော်လည်း ဖြစ်ရမည်ပေါ့။
ဂေါ့။ ။ဟုတ်ပါသည်။
 ဆော့။ ။အချင်းဂေါယ၊ မေးချင်ပါသေးသည်။ လက်သမားအတတ် ပညာ သိသူကို လက်သမားဟု ဆိုရမည်လော။
ဂေါ့။ ဆိုရမည်ပေါ့။ ။ | ဆော့။ ။အတီးအမှုတ် အတတ်ပညာသိသူကို အတီးအမှုတ်ဆရာဟု ဆိုရမည်လော။
ဂေါ့။ ။ဆိုရမည်ပေါ့။
ဆော့။ ။ထိုနည်းတူစွာ ဆေးပညာသိသူကိုလည်း ဆေးဆရာဟု ဆိုရမည်။ မည်သည့်အတတ်ပညာအတွက်ပင် ဖြစ်စေကာမူ ထိုသဘောတရား အတိုင်း ဖြစ်ရလိမ့်မည်။ အကြင်သူသည် အတတ်ပညာတစ်ခုကို သိ၏။ ထိုသူသည် ထိုအတတ်ပညာဆိုင်ရာ ဂုဏ်အရည်အချင်းတို့နှင့် ပြည့်စုံသူဖြစ်ရမည်။ ဟုတ်ပါသလော။ ။
ဂေါ့။ ။ဟုတ်ပါသည်။ | ဆော့။ ။ထိုသဘောတရားကို လက်ခံ၍ ဆင်ခြင်သော် ဤအမှုကား သဒ္ဓမ္မဖြစ်၏ဟု သိသောသူကို တရားစောင့်တတ်သူဟု မယူထိုက်ပြီလော။
ဂေါ့။ မယူထိုက်ဟု မဆိုသင့်ပါ။
ဆော့။ ထိုသူသည် တရားစောင့်တတ်သူဖြစ်လျှင် ထိုသူသည် တရားရှိမှု သဒ္ဓမ္မကို ကျင့်သူဖြစ်ရလိမ့်မည်။ ထိုသို့ ယူထိုက်ပါသလော။
ဂေါ့။ ။ယူထိုက်သည်ပေါ့။
ဆော့။ ထိုသို့ဆိုလျှင် အမှားအမှန်ကိစ္စကို ရှင်းပြရာ၌ အများပရိသတ် သဘောကျအောင် နှုတ်မှုအပြောဖြင့် ဖျောင်းဖျသွေးဆောင်ခြင်း ပြုမူတတ်သော သူသည် (ဝါ) ၀စနာလင်္ကာရ ဆရာစစ်စစ်သည် သဒ္ဓမ္မကို အလိုရှိရလိမ့်မည်။ ဟုတ်ပါသလော။
ဂေါ့။ ။ဆော့ခရတ္တိ၊ ထိုသို့ ဆိုရတော့မည်သာ။
✥﹤--- www.ebooks4mm.org ---﹥✥

၉။ ဆော့ခရတ္တိ၏ အကြိုက်နှင့် အကောင်း အယူအဆ 
နိဒါန်း 
အောက်ဖော်ပြပါ စာပိုဒ်များသည် ဂေါ့ဂျီယ (Gorgias) ကထာမှပင် ဖြစ်သည်။ စကားဝိုင်းတွင် ဆိုဖီဆရာကြီး ဒေါ့ဂျိယအပြင် ဂေါဂျီယ၏ တပည့်များဖြစ်ကြသော ပေါလနှင့် ကာလိကလိတို့က တစ်ဖက်၊ ဆော့ခရတ္တိ က တစ်ဖက် စကားဆိုကြသည်။ ဆော့ခရတ္တိသည် ဆိုဖီဆရာကြီး ဂေါ့ ဂျိယနှင့် ရှေးဦးစွာ စကားဆိုခဲ့သည်။ ထို့နောက် ပေါလနှင့် စကားဆိုခဲ့ သည်။ အောက်ပါစာပိုဒ်များတွင် ကာလိကလိနှင့် စကားဆိုသည်ကို တွေ့နိုင်ပါသည်။ ။
လူတကာကို အုပ်စိုးချင်သောသူသည် လူကောင်းဖြစ်သင့်သည်။ လူကောင်းသည် မိမိ၏ စိတ်ကို မိမိအုပ်စိုးနိုင်သောသူ ဖြစ်သည်။ မိမိကိုယ်ကို မိမိ အောင်သူ အတ္တဇယပုဂ္ဂိုလ်ဖြစ်သည်။ ဆော့ခရတ္တိက ထိုသို့ဆိုရာ ကာလိကလိသည် ထိုအဆိုကို မကြိုက်ချေ။ မိမိ၏ စိတ်ကို မိမိအုပ်စိုး၍ ချိုးနှိမ်ထားခြင်းသည် မသင့်၊ လူ့သဘာဝ၌ တောင့်တသောစိတ် ရှိသည်။
တောင့်တသောစိတ်ကို မချိုးနှိမ်အပ်။ တောင့်တသည်ကို ရအောင်ပြုရမည်။ တောင့်တလိုက်၊ ရအောင်ပြုလိုက် နေရခြင်းသည် ဘဝသုခ ဖြစ်သည်။ တောင့်တသည်ကို ရအောင်ပြုရခြင်းသည် ကောင်းသည်။ တောင့်တသည်ကို ရ၍ နှစ်သက်သာယာခြင်းဖြစ်လျှင် ကောင်းသည်။ ကိုယ့်အကြိုက်ဖြစ်လျှင် ကောင်းသည်။ ကာလိကလိက ထိုသို့ ပြန်၍ဆိုသည်။
ထိုအခါ ဆော့ခရတ္တိက နှစ်သက်စရာနှင့် အကောင်းသည် မတူ။ အကြိုက်နှင့် အကောင်းသည် မတူး၊ နှစယက်ခြင်းခံရသော အရာတိုင်းသည်  အကောင်းမဟုတ်။ အကြိုက်ခံရသော အရာတိုင်းသည် အကောင်းမဟုတ်ဟု ပြန်၍ချေပသည်။ ထိုအချိန်မှစ၍ ဆော့ခရတ္တိနှင့် ကာလိကလိတို့သည် စကားဝိုင်းတွင် အဆိုအချေ ပြုကြသည်။ နှစ်သက်စရာတိုင်းသည် အကောင်းဖြစ်၏ဟုဆိုသော ကာလိကလိ၏အဆိုကို ဆော့ခရတ္တိက ချေပ ရာတွင် (၁) လူတစ်ယောက်တွင် အကောင်းနှင့်အဆိုးတို့သည် တစ်ပြိုင်နက် မဖြစ်တတ်၊ တစ်လှည့်စီဖြစ်တတ်ကြောင်း၊ နှစ်သက်ခြင်းနှင့် နာကျင်ခြင်း တို့သည်ကား တစ်လှည့်စီမဖြစ်တတ်၊ တစ်ပြိုင်နက်ဖြစ်တတ်ကြောင်း၊ ထို့ကြောင့် နှစ်သက်စရာနှင့် အကောင်း မတူနိုင်ကြောင်း၊ (၂) နှစ်သက်ခြင်း ခံစားမှုနှင့် နာကျင်ခြင်းခံစားမှုတို့သည် လူကောင်း၌လည်းရှိ၍ လူညံ့လူဆိုး၌ လည်းရှိကြောင်း ၊ အကယ်၍ နှစ်သက်ခြင်းခံရသော အရတိုင်းသည် အကောင်းဖြစ်လျှင် နှစ်သက်သော ပညာမဲ့သူသည် (ဝါ) နှစ်သက်သော လူညံ့သည် နှစ်သက်သော ပညာရှိသူနှင့် (ဝါ) နှစ်သက်သော လူကောင်းနှင့် မည်သို့မျှ မခြားကြောင်း၊ နှစ်သက်စရာနှင့်တွေ့လျှင်ဖြစ်စေ နာကျင်စရာ တွေ့လျှင် ဖြစ်စေ လူညံ့ကပို၍ နှစ်သက်ခြင်း နာကျင်ခြင်းဖြစ်တတ်ကြောင်း၊ လူက လူကောင်းထက်ပင် သာ၍ကောင်း၏ဟု အထင်မှားစရာဖြစ် ကြောင်း၊ (၃) အချို့သော နှစ်သက်စရာများသာ ကောင်း၍ အချို့သော နှစ်သက်စရာများသည် ဆိုးသဖြင့် အကောင်းအဆိုးတို့ကို ရွေးတတ်ကြအောင် ဝိဇ္ဇာ အသိတရားထူး ရှိဖို့ လိုအပ်ကြောင်းတို့ကို ဆော့ခရတ္တိက တင်ပြခဲ့သည်။
ကာလိကလိသည် ဆော့ခရတ္တိ၏ တပည့်တစ်ဦး ဖြစ်သော်လည်း ပညာကို လိုလားလှသောကြောင့်မဟုတ်၊ ၀စနာလင်္ကာရကို တတ်ချင်သော ကြောင့်ဖြစ်သည်။ ၀စနာလင်္ကာရကို တတ်ချင်သည်မှာလည်း ထောမနာ သြဇာတို့ကို ရလိုသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ပေါလ ကဲ့သို့ပင် မောက်မာသည်ဟုလည်း ဆိုသည်။ စိတ်တိုတတ်၍ ဇွတ်အတင်း ပြောတတ် လုပ်တတ် သည်ဟုလည်း ဆိုသည်။ ကာလိကလိ၏ မောက်မာခြင်း၊ စိတ်တို ခြင်း၊ ဇွတ်အတင်းပြောခြင်းတို့ကို ပလေးတိုးသည် သရော်ချင်ပုံရသည်။ ထို့ကြောင့် ဆော့ခရတ္တိ၏ နှုတ်အမူအရာတွင် သရော်တော်တော် အပြော သဘောကို ပလေးတိုးက ထည့်ထားသည်ဟု ဆိုနိုင်ပါသည်။
စာပိုဒ် (က)
ဆော့ခရတ္တိ။ ။အချင်း ကာလိကလိ၊ မည်သည့်အရာမျှပင် ရစေကာမူ နှစ်သက်သာယာစရာဖြစ်လျှင် ကောင်း၏၊ (ဝါ) ကြိုက်လျှင် ကောင်း၏ဟု အသင် ဆိုသည်။ အသင်၏အဆိုကို ပြန်၍စဉ်းစားပါဦး။ အကယ်၍ အသင်၏ အဆို မှန်ခဲ့သည်ရှိသော် ရှက်စရာ ကြောက်စရာ ကောင်းသောအမှုတို့ကို ပြုမိမှားကြပေတော့မည်။
(အဖန်တလဲလဲ ယားလိုက်၊ အဖန်တလဲလဲ အယားဖျောက်လိုက်နေရခြင်းသည် နှစ်သက်သာယာစရာ ဖြစ်သလောဟု ဆော့ခရတ္တိက မေးဖူးရာ နှစ်သက်သာယာစရာဖြစ်၏ဟု ကာလိကလိက ဇွတ်အတင်းဆိုခဲ့သောကြောင့် ဖြစ်သည်။) ကာလိကလိ။ ။ဆော့ခရတ္တိ၊ ထိုအယူသည် အသင်၏ အယူသာပါ။
ဆော့။ ။ကာလိကလိ၊ နှစ်သက်သာယာစရာဖြစ်လျှင် ကောင်း၏။ (ဝါ) အကြိုက်သည် အကောင်းဖြစ်၏ဟု အသင် အကယ်ယုံနေပါသလော။
ကာ။ ။ကျွန်ုပ် အကယ်ယုံသောကြောင့် ဆိုခြင်းပါ။
ဆော့။ ။ကောင်းပါပြီ။ အသင် အကယ်ယုံသည်ဖြစ်လျှင် ထိုအဆိုကို ဆက်၍ ဆွေးနွေးချင်သည်။
ကာ။ ။ဆွေးနွေးပါ။
ဆော့။ ။ရှေးဦးစွာ အသင့်ကို ကျွန်ုပ် မေးချင်သည်။ လောက၌ အသိတရားဟုခေါ်သော အရာသည် ရှိပါသလား။
ကာ။ ။ရှိသည်။ ။
ဆော့။ ။ထို့ပြင် အသိတရားနှင့်ယှဉ်သော သူရသတ္တိသည် ရှိ၏ဟု အသင် အခုနက ဆိုခဲ့သည်၊ ဟုတ်ပါသလော။
 ကာ။ ။ဟုတ်ပါသည်။
ဆော့။ ။ထို့ပြင် အသိတရားနှင့် သူရသတ္တိတို့သည် တစ်ခုနှင့်တစ်ခု မတူကြဟုလည်း အသင် ဆိုခဲ့သည်၊ ဟုတ်ပါသလော။
ကာ။ ။ဟုတ်ပါသည်။ ဆိုခဲ့ပါသည်။
ဆော့။ ကောင်းပြီ။ မေးချင်ပါသေးသည်။ နှစ်သက်သာယာစရာနှင့် အသိတရားတို့သည် တစ်ခုနှင့်တစ်ခု တူကြပါသလော။ တခြားစီလော။
ကာ။ ။ဖြစ်မှ ဖြစ်ရပလေ။ တခြားစီပါ၊ မဟာကဝိ ဆော့ခရတ္တိ။
ဆော့။ ။ထို့ပြင် သူရသတ္တိနှင့် နှစ်သက်သာယာစရာတို့ကိုလည်း တစ်ခုနှင့်တစ်ခု မတူကြဟု အသင် ဆိုမည်လော။
ကာ။ ။ဆိုမည်ပေါ့။
ဆော့။ ကောင်းပြီ။ အသင့်စကားတို့ကို ထောက်သော် ဤသို့မှတ်ရ တော့မည်။ နှစ်သက်သာယာစရာ ဖြစ်လျှင် ကောင်း၏၊ (ဝါ) နှစ်သက်သာယာ စရာနှင့် အကောင်းတို့သည် တူကြ၏။ အသိတရားနှင့် သူရသတ္တိတို့သည် တစ်ခုနှင့် တစ်ခုလည်း မတူကြ၊ နှစ်သက်သာယာစရာနှင့်လည်း မတူကြဟု အာခါနီယန် ရပ်ကြီးသား ကာလိကလိက ဆိုခဲ့ပြီဟု မှတ်လိုက်ရတော့မည်။ ဟုတ်ပါစ။
ကာ။ ။မှတ်လိုက်ပါတော့။ ထိုအဆိုကို အာဏာပိခိအရပ်သား ဆော့ခရတ္တိက မည်သို့ ပြောချင်ပါသနည်း။ ထိုသို့သော ဆော့ခရတ္တိက သဘောကျပါ၏လော။
ဆော့။ ။ထိုသို့သော ဆော့ခရတ္တိက သဘောမကျပါ။ အာခါနီယန် ရပ်ကြီးသား ကာလိကလိသည် သူကိုယ်တိုင် အမှန်ကို သိလာသောအခါ သဘောကျမည်မဟုတ်ပါ။ ကောင်းပါပြီ။ မေးပါဦးမည်။ အကောင်းနှင့် အညံ့ အဆိုးတို့သည် ဆန့်ကျင်ဘက်ဖြစ်၏ဟု အသင် ယူပါသလော။
ကာ။ ။ယူပါသည်။ ။
ဆော့။ ။ကျန်းမာခြင်းနှင့် အနာရောဂါတို့သည် ဆန့်ကျင်ဘက် ဖြစ်သကဲ့သို့ အကောင်းနှင့် အညံ့အဆိုးတို့လည်း ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဆိုလျှင် ထိုနှစ်ခုသည် တသီးတခြားစီ ရပ်တည်နေကြသော အရာများသာ ဖြစ်ကြရလိမ့်မည်။ ဆိုလိုသည်မှာ ထိုနှစ်ခုသည် လူတစ်ဦးတစ်ယောက်တွင် တစ်ချိန်တည်း၌ မရှိနိုင်၊ တစ်ချိန်တယ်၌ မချုပ်ငြိမ်းနိုင်ဟု ဆိုရလိမ့်မည်။
စာပိုဒ် (ခ) 
ကာ။ ။ဆော့ခရတ္တိ၊ ပသို့နည်း။ မည်သည့်အချက်ကို အသင် ဆိုချင် သောကြောင့်နည်း။
ဆော့။ ။ရှင်းလာပါလိမ့်မည်။ မေးသည်ကို ဖြေပါဦး။ ကိုယ်ခန္ဓာ၌ ဖြစ်တတ်သော အရာတစ်ခုကို အသင် သတိထား၍ ကြည့်ဖူးရာသည်။ တစ်ဦး တစ်ယောက်သောသူ၏ မျက်စိ၌ မျက်စိနာစွဲကပ်နိုင်ပါသလား။
ကာ။ ။စွဲကပ်နိုင်သည်ပေါ့။ ဆော့။ ။ထိုအခါ ထိုမျက်စိကို မျက်စိကောင်းဟု ဆိုနိုင်ပါမည်လော။ ကာ။ ။အဘယ်မှာ ဆိုနိုင်အံ့နည်း။
ဆော့။ ။ကောင်းပြီ၊ မျက်စိနာပျောက်သွားလျှင် ပသို့ဆိုမည်နည်း။ မျက်စိနာ ပျောက်သွားသည်နှင့် တစ်ပြိုင်နက် မျက်စိအကောင်းသဘောပါ ပျောက်သွားပါသလော။ မျက်စိနာရော မျက်စိအကောင်းသဘောရော တစ်ချိန် တည်း၌ ပျောက်သွားကြပါသလော။
ကာ။ ။အဘယ်မှာ ဖြစ်နိုင်အံ့နည်း။ ဆော့။ ။ဟုတ်သည်ပါ့၊ ဖြစ်နိုင်သည်ဟုဆိုလျှင် ရယ်ဖွယ်ကြီးပေပေါ့။ ကာ။ ။ရယ်ဖွယ်ကြီးပေါ့။ ။
ဆော့။ ။မျက်စိနာ ရောက်လာသောအခါ မျက်စိအကောင်းသဘော သည် ပျောက်သွားရမည်သာ။ မျက်စိနာ ပျောက်သွားသောအခါ မျက်စိ၏ အကောင်းသဘောသည် ရောက်လာရမည်သာ။ ထို့ကြောင့် အကောင်းနှင့် အညံ့အဆိုးတို့သည် တစ်လှည့်စီသာ ရှိတတ်ကြ၏ဟု ဆိုရလိမ့်မည်။ ဆိုရ မည်လော။
ကာ။ ။သဘောကျပါသည်။ ဆိုပါ။
ဆော့။ ။အားကောင်းခြင်းနှင့် အားနည်းခြင်းတို့သည်လည်း တစ်လှည့် စီပင် မဟုတ်ပါလော။
ကာ။ ။ဟုတ်ပါသည်။
ဘု။ ။မြန်ခြင်းနှင့် နှေးခြင်းတို့သည်လည်း ထိုသဘောအတိုင်းပင် မဟုတ်ပါလော။
ကာ။ ။ဟုတ်ပါသည်။
ဆော့။ ။ထိုနည်းတူစွာ အကောင်းနှင့် သုခတို့သည်လည်းကောင်း၊ ဆန့်ကျင်ဘက်ဖြစ်ကြသော အညံ့အဆို + သောကပရိဒေဝတို့သည်လည်  ကောင်း ရှိသည့်အခါ၌ တစ်လှည့်စီရှိ၍ မရှိသည့်အခါ၌ တစ်လှည့်စီ မရှိဟု ဆိုရလိမ့်မည်။ ဆိုရမည်လော။
ကာ။ ။ဆိုနိုင်ပါသည်၊ ဆိုပါ။
ဆော့။ ကောင်းပြီ။ တစ်ချိန်တည်း၌ ရှိတတ်သည်လည်း ဖြစ်၍ တစ်ချိန်တည်း၌ မရှိတတ်သည်လည်းဖြစ်သော အရာများကို အသင်တွေ့သည် ဖြစ်လျှင် ထိုအရာများသည် အကောင်းနှင့် အညံ့အဆိုးတို့ မဖြစ်နိုင်ဟု ယူရ တော့မည်။ ဟုတ်ပါသလော။ အချင်းကာလိကလိ၊ အသင် စဉ်းစား၍ ဖြေပါ။
ကာ။ ။ကျွန်ုပ် သဘောကျပါသည်။
စာပိုဒ် (ဂ) 
ဆော့။ ။ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ ဆိုခဲ့ကြသော စကားတို့ကို ပြန်၍ ကောက်ချင်သည်။ ဆာလောင်မွတ်သိပ်ခြင်းသည် နှစ်သက်သာယာစရာလော၊ နာကျင်စရာလော။ အသင် မည်သို့ ဆိုခဲ့ဖူးပါသနည်း။ ။
ကာ။ ။နာကျင်စရာဟု ကျွန်ုပ် ဆိုခဲ့သည်။ သို့ရာတွင် ဆာလောင် မွတ်သိပ်သောအခါ စားလိုက်ရခြင်းသည် နှစ်သက်သာယာစရာ ဖြစ်သည်။
ဆော့။ ။ထိုသဘောကို ကျွန်ုပ်လည်း သိပါသည်။ သို့ရာတွင် ဆာလောင်မွတ်သိပ်ခြင်းကိုကား နာကျင်စရာဟုပင် ဆိုရလိမ့်မည်။
ကာ။ ။ဟုတ်ပါသည်။ ဆော့။ ။ရေငတ်ခြင်းသည်လည်း နာကျင်စရာပင် မဟုတ်ပါလော။ ကာ။ ။ဟုတ်ပါသည်။ နာကျင်စရာပါ။
ဆော့။ ။အလားတူသော သာဓကများကို ထုတ်ပြဖို့ လိုတော့မည် မထင်ပါ။ သဘောမှာ တောင့်တခြင်းဟူသမျှသည် နာကျင်စရာ ဖြစ်သည်။ ဟုတ်ပါသလော။
ကာ။ ။ဟုတ်ပါသည်။ ။
ဆော့။ ။ကောင်းပြီ၊ ဆက်၍ မေးပါဦးမည်။ ရေငတ်နေခိုက် ရေ သောက်ရခြင်းကို နှစ်သက်သာယာစရာဟု အသင်ဆိုမည်ပေါ့။ ဟုတ်ပါသလော။
ကာ။ ။ဟုတ်ပါသည်။
ဆာ။ ။အထက်စကားတွင် ရေငတ်ခြင်းကို နာကျင်စရာဟု အသင် ဆိုခဲ့သည်။ ဟုတ်ပါသလော။
ကာ။ ။ဟုတ်ပါသည်။
 ဆော့။ ။ထို့ပြင် ရေသောက်ရခြင်းကို နှစ်သက်သာယာစရာဟုလည်း အသင် ဆိုခဲ့သည်။ ဟုတ်ပါသလော။
ကာ။ ။ဆိုခဲ့ပါပြီ။ ။
ဆော့။ ။ထိုသို့တပြီးကား၊ နှစ်သက်သာယာခြင်းကို မည်သည့်နေရာ၌ တွေ့နိုင်သနည်း။ ရေသောက်ခြင်းပြုနေမှု၌ တွေ့ရမည် မဟုတ်ပါလော။
ကာ။ ။ဟုတ်ပါသည်။ ဆာ။ ။ထို့ပြင် ရေငတ်နေသောအချိန်၌ တွေ့ရခြင်းမဟုတ်ပါလော။ ကာ။ ။ဟုတ်ပါသည်။ ။
ဆော့။ ။ထိုသို့ဖြစ်လျှင် နာကျင်နေသောအချိန်၌ နှစ်သက်သာယာခြင်း ကို တွေ့ရခြင်းဖြစ်သည်ဟု မဆိုနိုင်ပြီလော။
ကာ။ ။ဆိုနိုင်သည်ပေါ့။
ဆော့။ ။ထိုသို့ဖြစ်လျှင် ဤသို့ ကောက်ရလိမ့်မည်။ ရေငတ်၍ ရေ သောက်ခိုက်တွင် နာကျင်ခြင်းနှင့် နှစ်သက်သာယာခြင်းတို့သည် ရေသောက် သူ၌ တစ်ချိန်တည်းတွင် ရှိနေကြသည်ဟု ကောက်ရလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ရေငတ်၍ ရေသောက်နေသောသူ၌ နာကျင်ခြင်းခံစားမှုနှင့် နှစ်သက် သာယာခြင်း ခံစားမှုတို့သည် တစ်ချိန်တည်း၌ ဖြစ်ပေါ်၍ ရှိနေကြသောကြောင့် ဖြစ်သည်။ ထိုခံစားမှုနှစ်ခုသည် မည်သည့် စိတ်ပိုင်း၌ဖြစ်စေ၊ မည်သည့်ရုပ်ပိုင်း၌ ပင်ဖြစ်စေ တစ်ချိန်တည်း၌ဖြစ်ပေါ်၍ ရှိနေတတ်ကြသောကြောင့် ဖြစ်သည်။ ဟုတ်ပါသလော။
ကာ။ ။ဟုတ်ပါသည်။
စာပိုဒ် (ဃ) 
ဆာ။ ။ကောင်းပြီ။ အကောင်းနှင့် အညံ့အဆိုးတို့သည် တစ်ချိန်တည်း၌ မရှိတတ်ကြဟု ဆိုခဲ့ကြပြီ။ ။
ကာ။ ။ဟုတ်ပါသည်။
ဆော့။ ။သို့ရာတွင် နာကျင်ခြင်း ခံစားမှု ရှိနေသော အချိန်တွင် နှစ်သက်သာယာခြင်း ခံစားမှု ရှိနေသည်ဟုလည်း ဆိုခဲ့ကြပြီ။
ကာ။ ။ဟုတ်ပါသည်။
။ ။ထိုသို့ဖြစ်လျှင် ဤသို့ယူရလိမ့်မည်။ နှစ်သက်သာယာခြင်း ဖြစ်သည် ဆိုတိုင်း အကောင်းကို ရသည်မဟုတ်၊ နာကျင်ခြင်းဖြစ်သည်ဆိုတိုင် ? ညံ့အဆိုးကို ရသည်မဟုတ်။ ထို့ကြော နှစ်သက်သာယာစရာနှင့် အကောင်း  တို့သည် မတူကြ၊ (ဝါ) အကြိုက်နှင့် အကောင်းတို့သည် မတူကြဟု ယူရလိမ့် မည် မဟုတ်ပါလော။ ကာလိကလိ ပသို့နည်း။
ကာ။ ။ဆော့ခရတ္တိ၊ အသင်သည် အဘယ်ကြောင့် ကွေ့လည်ကြောင် ပတ်ပြောနေသနည်း။ ကျွန်ုပ် သိချင်စမ်းပါဘိ၏။
ဆော့။ ။ကာလိကလိ၊ အသင် သိပါသည်။ အသင် မသိချင်ယောင် ဆောင်နေခြင်းသည် ဘူးပေါ်သလို ပေါ်လာပါလိမ့်မည်။ အသင်၏ အပြစ်တင် လိမ္မာပါးနပ်ပုံသည်လည်း ဘူးပေါ်သလို ပေါ်လာပါလိမ့်မည်။ အချင်းကာလိကလိ ဆက်၍ ဖြေကြည့်ပါဦး။ ရေသောက်နေခိုက်တွင် ရေငတ်သော နာကျင်ခြင်း နှင့် ရေသောက်သော နှစ်သက်သာယာခြင်းတို့သည် သောက်ရင်းသောက်ရင်း တစ်ချိန်တည်း၌ ချုပ်ငြိမ်းသွားတတ်ကြသည် မဟုတ်ပါလော။
ကာ။ ။ဆော့ခရတ္တိ၊ မည်သည့်အချက်ကို အသင် အလိုရှိ၍ ဆိုနေပါ သနည်း။ ကျွန်ုပ် မသိတော့ပါ။ ကျွန်ုပ် မဖြေချင်ပါ။
ဂေါယ။ ။အချင်းကာလိကလိ၊ အသင်မငြင်းသင့်ပြီ။ ကျွန်ုပ်တို့ကို ထောက်ထားသောအားဖြင့် မေးသည်ကို ဖြေလိုက်ပါဘိ။ အဆိုအချေပြုကြမှ သာ အမှန်ကို သိလာကြမည် ဖြစ်သည်။
ကာ။ ။အချင်းဂေါယ၊ ဆော့ခရတ္တိသည် အသေးအနုပ် မဟုတ် မဟတ် မေးခွန်းမျိုးကို တစ်မေးတည်း မေးနေချင်သူ ဖြစ်သည်။ ချက်ကောင်း ကိုင်၍ သူ ချေပနိုင်သော အချက်တစ်ခုခုကို သူ ရသည်အထိ မေးနေချင်သူ ဖြစ်သည်။
ဂေါ့။ ။အချင်း ကာလိကလိ၊ မေးပါစေ၊ မည်သို့မျှ မဖြစ်နိုင်ပါ။ သူ့အမေးကို အသင်က စောဒကတက်ဖို့ မလိုပါ။ သူ့နည်းနှင့်သူ မေးပါစေ။
ကာ။ ။ကောင်းပါပြီ၊ ဆော့ခရတ္တိ၊ ဂေါ့ဂျိယကမေးစေချင်နေသည်။ ထို့ကြောင့် အသင်၏ ဗုံမဟုတ် ပတ်မဟုတ် အသေးအနုပ် မေးခွန်းများကို ထုတ်ပါလော့။
ဆော့။ ။အချင်း ကာလိကလိ၊ ကျွန်ုပ်သည် အသင့်ကို အပုံကြီးအားကျ ပါဘိ၏။ အောက်သက် အသေးအငယ်မှစ၍ အစဉ်အတိုင်း ကျကျနန မှန်မှန် ကန်ကန် သင်ယူခြင်းမပြုပါဘဲလျက် အကြီးအကျော်တို့ကို အသင် တတ်ပြီး မြောက်ပြီး ဖြစ်နေပြီ။ လောက၌ ထိုသို့ ဖြစ်နိုင်စရာ အကြောင်းမရှိဟု ကျွန်ုပ် ထင်ခဲ့မိသည်။ အသင့်အဖို့ ဖြစ်နိုင်နေသဖြင့် အသင် ကံကောင်းစွ။ သို့ရာတွင် အ၁ခင်မဖြေချင်၍ မဖြေဘဲထားခဲ့သောမေးခွန်းကိုပင် ကျွန်ုပ် ထပ်၍ မေးပါရစေ။
-  ရေသောက်နေခိုက်တွင် ရေငတ်သော နာကျင်ခြင်းနှင့် ရေ သောက်သော နှစ်သက်သာယာခြင်းတို့သည် သောက်ရင်းသောက်ရင်း တစ်ချိန် တည်း၌ ချုပ်ငြိမ်းသွားကြသည် မဟုတ်ပါလော။
ကာ။ ။ချုပ်ငြိမ်းသွားကြပါသည် ဟူသတတ်။
ဆော့။ ။ကောင်းပါပြီ။ ထို့ပြင် ဆာလောင်မွတ်သိပ်ခြင်း ဖြစ်နေခိုက်၌ လည်း ပသို့နည်း။ လိုချင်တောင့်တနေခိုက်လည်း ပသို့နည်း။ အလိုဖြည့်နေခိုက် တွင် လိုချင်တောင့်တမှုဖြစ်သော နာကျင်ခြင်းနှင့် အလိုပြည့်လာမှုဖြစ်သော နှစ်သက်သာယာခြင်းတို့သည် တစ်ချိန်တည်း၌ ချုပ်ငြိမ်းကြပါသလော။
ကာ။ ။ချုပ်ငြိမ်းကြသည်ပေါ့။
ဆော့။ ထိုသို့ဆိုလျှင် နှစ်သက်သာယာခြင်းနှင့် နာကျင်ခြင်းတို့သည် ချုပ်ငြိမ်းသောအခါ တစ်ပြိုင်နက် ချုပ်ငြိမ်းတတ်ကြသည်ဟု ဆိုရမည်။
ကာ။ ။ဆိုပါ။
ဆော့။ ။သို့ရာတွင် အကောင်းနှင့်အညံ့အဆိုးတို့ကား တစ်ချိန်တည်း၌ မချုပ်ငြိမ်းကြဟု ကျွန်ုပ်တို့ ဆိုခဲ့ကြပြီ။ ထိုသို့ပင် အသင် ဆိုချင်ပါသေးသလော။
ကာ။ ။ဆိုချင်လျက်ပင်။ အသင်က မည်သို့ဆက်စပ်၍ ကောက်ချင် ပါသနည်း။ ။
ဆာ။ ။အကောင်းသည် နှစ်သက်သာယာစရာနှင့် (ဝါ) အကြိုက်နှင့် မတူဟုလည်းကောင်း၊ အညံ့အဆိုးသည် နာကျင်စရာနှင့် မတူဟုလည်းကောင်း ကောက်၍ရပါသည်။ အဘယ့်ကြောင့်ဆိုသော် နှစ်သက်သာယာခြင်း၊ နာကျင်ခြင်း တို့၏ သဘောနှင့် အကောင်း အညံ့အဆိုးတို့၏ သဘောတို့သည် တစ်မျိုးစီ ဖြစ်ရာ နှစ်သက်သာယာခြင်းနှင့် နာကျင်ခြင်း တစ်တွဲသည် တစ်ပြိုင်နက် ချုပ်ငြိမ်းတတ်ကြသည် ဖြစ်သော်လည်း အကောင်းနှင့် အညံ့အဆိုးတစ်တွဲသည် တစ်ပြိုင်နက် မချုပ်မငြိမ်းတတ်ကြသောကြောင့် ဖြစ်သည်။ ထိုအခါ နှစ်သက် သာယာခြင်းနှင့် (ဝါ) အကြိုက်နှင့် အကောင်းတို့သည် တူကြ၏ဟု အဘယ်မှာ ဆိုနိုင်အံ့နည်း။ နာကျင်ခြင်းနှင့် အညံ့အဆိုးတို့သည် တူကြ၏ဟု အဘယ်မှာ ဆိုနိုင်အံ့နည်း။ အသင် စဉ်းစားချင်သေးသည်ဖြစ်လျှင် ဤသဘောကို တစ်မျိုး စဉ်းစားနိုင်သေးသည်။ စဉ်းစားနိုင်ကြအောင် ကျွန်ုပ်က ဤသို့စ၍ မေးမည်။ အဆင်းလှခြင်း ရှိသောကြောင့် အဆင်းလှသူသည် အဆင်းလှ၏ဟု ဆိုနိုင်သကဲ့သို့ အကောင်းရှိသောကြောင့် ကောင်းသောသူသည် ကောင်း၏ဟု ကျွန်ုပ် ဆိုချင်သည်။ အသင်ကော ဆိုမည်လော။
စာပိုဒ် (င) 
ဆော့။ ။အသိတရားမရှိသူနှင့် သူရဲဘောနည်းသူတို့ကို ကောင်းသောသူဟု အသင် ဆိုမည် မထင်ပါ။ အဘယ့်ကြောင့်ဆိုသော် အသိတရား ရှိသူနှင့် သူရသတ္တိရှိသူတို့ကို ကောင်းသောသူဟု အသင် ဆိုခဲ့ပြီး ဖြစ်သောကြောင့်ပင်။
ကာ။ ။ဟုတ်ပါသည်။ ဆော့။ ။မိုက်သောသူငယ် ပျော်ရွှင်သည်ကို အသင် မြင်ဖူးပါသလော။ ကာ။ ။မြင်ဖူးသည်။
ဆော့။ ။မိုက်သောလူကြီး ပျော်ရွှင်သည်ကိုလည်း အသင် မြင်ဖူး သလော။
ကာ။ ။ဆော့ခရတ္တိ၊ ထိုသို့မေးနေသည်မှာ မည်သည့်ဘက်သို့ အသင် ဆွဲချင်သောကြောင့်နည်း။ | ဆော့။ ။မည်သည့်ဘက်သို့မျှ ကျွန်ုပ် မဆွဲပါ။ မေးသည်ကိုသာ ဖြေပါ။ | ကာ။ ။ကောင်းပါပြီ၊ မြင်ဖူးသည်။
ဆော့။ ။ထို့ပြင် စဉ်းစားဉာဏ်ရှိသူ ပျော်ရွှင်သည်ကိုသော် လည်းကောင်း၊ ဝမ်းနည်းပူဆွေးသည်ကိုသော် လည်းကောင်း မြင်ဖူးပါသလော။
ကာ။ ။မြင်ဖူးသည်။
ဆော့။ ကောင်းပြီ၊ ပျော်ရွှင်ရာ၌လည်းကောင်း၊ ဝမ်းနည်းပူဆွေးရာ၌ လည်းကောင်း ပညာရှိသူနှင့်ပညာမဲ့သူနှစ်ဦးအနက် မည်သူကပိုမည်ဟု အသင် ထင်ပါသနည်း။
ကာ။ ။သိပ်ထူးမည် မဟုတ်၊ ဆတူလောက်ပင်။
ဆော့။ ။ဟုတ်ပြီ။ အသင်၏အဖြေ သင့်ပါသည်။ ထို့နောက် မေးချင်ပါ သေးသည်။ တိုက်ပွဲဖြစ်နေဆဲတွင် သူရဲဘောနည်းသူကို အသင်တွေ့ဖူးပါသလော။
ကာ။ ။တွေ့ဖူးသည်။ ။
ဆော့။ ။ရန်သူဆုတ်ခွာသောအခါ သူရဲဘောနည်းသူနှင့် သူရသတ္တိရှိသူ နှစ်ဦးအနက် မည်သူက ပို၍ ပျော်မည်နည်း။ ။
ကာ။ ။နှစ်ဦးစလုံး ညီတူညီမျှပင်ဟု ဆိုချင်သည်။ ညီတူညီမျှ အတိအကျ မဟုတ်စေကာမူ မတိမ်းမယိမ်းပင်။
ဆော့။ ။သင့်ပါသည်။ သို့ရာတွင် သူရဲဘောနည်းသူ ပျော်မည် မုချဟူ၍ကား ဆိုနိုင်ပါသည်။ ဆိုရမည်လော။
 ကာ။ ။ဆိုပါ။ အလွန်ပျော်မည်သာ။ ဆော့။ ။ပညာမဲ့သောသူကော ပျော်မည်လော။ ကာ။ ။ပျော်မည်ပေါ့။
ဆော့။ ။ထို့နောက် မေးချင်ပါသေးသည်။ ရန်သူချဉ်းကပ်လာသော အခါ သူရဲဘောနည်းသူသာ နာကျင်ခြင်း ဖြစ်သလော၊ သူရသတ္တိ ရှိသူကော နာကျင်ခြင်း မဖြစ်သလော။
ကာ။ ။နှစ်ဦးစလုံးပင် နာကျင်ခြင်း ဖြစ်ကြမည်သာ။ ဘု။ ။ညီတူညီမျှလော။ ကာ။ ။သူရဲဘောနည်းသူက ပိုမည် ထင်သည်။
ဆော့။ ။ထို့ပြင် ရန်သူ ဆုတ်ခွာသွားသောအခါ ထိုသူနှစ်ဦးစလုံး နှစ်သက်ကြမည် ထင်ပါသည်။ ။
ကာ။ ။နှစ်သက် သဘောကျမည်မှာ သေချာသည်။
ဆော့။ ။ထိုသို့ဖြစ်လျှင် ဤသို့ဆိုနိုင်ပြီထင်သည်။ ပျော်ကြ နှစ်သက် ကြသည့် အရာ၌လည်းကောင်း၊ နာကျင်ကြသည့်အရာ၌လည်းကောင်း ပညာရှိ သူရော ပညာမဲ့သူရော၊ သူရသတ္တိရှိသူရော သူရဲဘော နည်းသူရော သူမသာ ကိုယ်မသာ မတိမ်းမယိမ်း ဖြစ်ကြလိမ့်မည်ဟု ဆိုနိုင်သည်။ သို့ရာတွင် သူရသတ္တိရှိသူထက် သူရဲဘောနည်းသူက နှစ်သက်စရာ ရှိလျှင်လည်း ပို၍ နှစ်သက်မည်၊ နာကျင်စရာ ရှိလျှင်လည်း ပို၍ နာကျင်မည်ဟု ဆိုချင်ပါက ဆိုနိုင်မည် ထင်သည်။
ကာ။ ။ဆိုပါ၊ ဆိုနိုင်ပါသည်။ သူရဲဘောနည်းသူက ပိုနိုင်ပါသည်။ | ဆော့။ ။သို့ရာတွင် ပညာရှိသူနှင့် သူရသတ္တိရှိသူတို့သည် ကောင်းသူ များ ဖြစ်ကြ၏။ ပညာမဲ့သူနှင့် သူရဲဘောနည်းသူတို့သည် ညံ့သူ ဆိုးသူများ ဖြစ်ကြ၏။ ထိုသို့ ဆိုရလိမ့်မည်။ ဆိုရမည်လော။
ကာ။ ။ဆိုပါ။ မှန်ပါသည်။
ဆာ။ ။ထိုသို့ဆိုလျှင် ကောင်းသောသူရော ညံ့သောဆိုးသောသူရော မတိမ်းမယိမ်း နှစ်သက်သာယာကြ၏။ မတိမ်းမယိမ်း နာကျင်ကြ၏ဟု ဆိုရ လိမ့်မည်။
ကာ။ ။ဆိုရမည်ပေါ့။
ဆော့။ ထိုသို့ဆိုလျှင် ကောင်းသောသူနှင့် ညံ့သော ဆိုးသောသူ နှစ်ဦးစလုံးသည် မတိမ်းမယိမ်း ကောင်းကြ၊ ညံ့ကြဆိုကြ၏ဟု ဆိုရမည်လော။
 သို့တည်းမဟုတ် ညံ့သော ဆိုးသော သူ၌ ပို၍ ကောင်းနိုင်ခွင့် ရှိသည်ဟု ဆိုရ မည်လော။
ကာ။ ။ဆော့ခရတ္တိ၊ ကျွန်ုပ် မဆိုတတ်တော့ပြီ။ မည်သည့်အချက်ကို အသင် ပြောချင်သောကြောင့်နည်း။ ကျွန်ုပ် မလိုက်နိုင်ပါ။
စာပိုဒ် (စ) 
ဆော့။ ။အချင်း ကာလိကလိ၊ အသင်လက်ခံခဲ့သော အသင် ဆိုခဲ့သော စကားတို့ကို အသင် မှတ်မိပါလိမ့်မည်။ အသင် လက်ခံခဲ့သည်မှာ အကောင်း ရှိသောကြောင့် ကောင်းသောသူသည် ကောင်း၏။ အညံ့အဆိုးရှိသောကြောင့် ညံ့သော ဆိုးသော သူသည် ညံ့၏ ဆိုး၏ဟု အသင်လက်ခံခဲ့ပြီ။ ထို့ပြင် အသင် ဆိုခဲ့သည်မှာ နှစ်သက် သာယာစရာသည် အကောင်းဖြစ်၏။ နာကျင်စရာသည် အညံ့အဆိုး ဖြစ်၏ဟု အသင် ဆိုခဲ့ပြီ။ မှတ်မိပါသလော။
ကာ။ ။မှတ်မိပါသည်။ ။
ဆာ။ ။ထို့ပြင် နှစ်သက်သာယာခြင်း ဖြစ်နေသောအခါ နှစ်သက် သာယာခြင်းဖြစ်နေသူ၌ နှစ်သက်သာယာစရာသည် (ဝါ) အကောင်းသည် ရှိနေ ပါသလော။
ကာ။ ။ရှိသည်ပေါ့။
ဆာ။ ။ထိုသို့ဆိုလျှင် နှစ်သက်သာယာခြင်းဖြစ်နေသူ၌ အကောင်း ရှိနေသောကြောင့် ထိုသူသည် ကောင်း၏ဟု ဆိုမည်လော။
ကာ။ ။ဆိုရမည်ပေါ့။
ဆာ။ ။တစ်ဖန် နာကျင်ခြင်းဖြစ်နေသောအခါ နာကျင်ခြင်း ဖြစ်နေ သော သူ၌ နာကျင်စရာသည် (ဝါ) အညံ့အဆိုးသည် ရှိနေပါသလော။
ကာ။ ။ရှိနေသည်။ ။
ဆာ။ ။ထိုသို့ဆိုလျှင် နာကျင်ခြင်းဖြစ်နေသူ၌ အညံ့အဆိုး ရှိနေသော အကြောင်းကြောင့် ထိုသူသည် ညံ့၏ ဆိုး၏ဟု ဆိုရတော့မည်ပေါ့။
ကာ။ ။ဆိုရတော့မည်။ ။
ဆော့။ ။ထိုသို့ဆိုလျှင် နှစ်သက်သာယာခြင်း ဖြစ်သူသည် ကောင်း၏။ နာကျင်ခြင်း ဖြစ်သူသည် ညံ့၏ ဆိုး၏ဟု ဆိုရလိမ့်မည်။
ကာ။ ။ဆိုပါ။
ဆော့။ ။ပို၍ နှစ်သက်သာယာခြင်းဖြစ်လျှင် ပို၍ကောင်း၏၊ လျော့၍ နှစ်သက်သာယာခြင်း ဖြစ်လျှင် လျော့၍ ကောင်း၏။ ပို၍ နာကျင်ခြင်းဖြစ်လျှင် 2.  ပို၍ ညံ့၏ ဆိုး၏။ လျော့၍ နာကျင်ခြင်းဖြစ်လျှင် လျော့၍ ညံ့၏ ဆိုး၏။ ထိုသို့လည်း ဆိုရမည်လော။
ကာ။ ။ဆိုပါ။ ဆိုရမည်သာ။
ဆော့။ ကောင်းပြီ။ ပညာရှိသူနှင့် ပညာမဲ့သူတို့သည်လည်းကောင်း၊ သူရသတ္တိရှိသူနှင့် သူရဲဘောနည်းသူတို့သည်လည်းကောင်း မတိမ်းမယိမ်းပင် နှစ်သက် သာယာခြင်း၊ မတိမ်းမယိမ်းပင် နာကျင်ခြင်း ဖြစ်ကြပါသလော။ သို့တည်းမဟုတ် သူရဲဘောနည်းသူက ပို၍ ဖြစ်ပါသလော။
ကာ။ ။သူရဲဘောနည်းသူက ပို၍ ဖြစ်ပါသည်။
ဆော့။ ။ထိုသို့ဖြစ်လျှင် ကျွန်ုပ်တို့ဆိုခဲ့ကြသော အချက်အလက်များကို အခြေပြု၍ ကောက်ချက်ချကြည့်ချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စဉ်းစား စရာ ရှိသည်ကို နှစ်ကြိမ်မက၊ သုံးကြိမ်မက စဉ်းစားနိုင်လေလေ ကောင်းလေ လေဟု ဆိုတတ်ကြသောကြောင့် ဖြစ်သည်။ ကောင်းပြီ၊ အချင်း ကာလိကလိ။ ပညာလည်း ရှိ၍ သူရသတ္တိလည်း ရှိသောသူသည် ကောင်း၏ဟု ဆိုမည်။ ဆိုမည်လော။
ကာ။ ။ဆိုပါ။
ဆာ။ ။ထို့ပြင် ပညာမဲ့သည်လည်းဖြစ်၍ သူရဲဘောနည်းသည်လည်း ဖြစ်သောသူသည် ညံ့၏ ဆိုး၏ဟု ဆိုမည်၊ ဆိုရမည်လော။
ကာ။ ။ဆိုပါ။ ။ | ဆော့။ ။နှစ်သက်သာယာခြင်းဖြစ်သောသူသည် ကောင်း၏ဟုဆို မည်၊ ဆိုရမည်လော။
ကာ။ ။ဆိုပါ။
ဆော့။ ။နာကျင်ခြင်းဖြစ်သောသူသည် ညံ့၏ ဆိုး၏ဟု ဆိုမည်၊ ဆိုရမည်လော။ | ကာ။ ။ဆိုပါ။
ဆာ။ ။ကောင်းသောသူ၊ ညံ့သော ဆိုးသောသူ နှစ်ဦးစလုံးသည် အတူတူပင် နှစ်သက်သာယာခြင်း၊ နာကျင်ခြင်း ဖြစ်ကြသည်ဟု ဆိုရလိမ့်မည်။ ညံ့သော ဆိုးသောသူသည် ပို၍ နှစ်သက် သာယာခြင်း၊ နာကျင်ခြင်း ဖြစ်သည်ဟုပင် ဆိုနိုင်သည်။
ကာ။ ။ဆိုရတော့မည်ပေါ့။
ဆော့။ ။ထိုသို့ဖြစ်လျှင် ညံ့သော ဆိုးသောသူသည် ကောင်းသောသူ လောက် ကောင်းလည်းကောင်း၍ ညံ့လည်းညံ့၏ဟုသော်လည်းကောင်း၊ ပို၍ ကောင်း၏ဟုသော်လည်းကောင်း ကောက်ချက်ချရမည့် အခြေသို့ရောက်နေပြီ။
 ထိုသို့ ဖြစ်ရသည်မှာ နှစ်သက်သာယာစရာနှင့် အကောင်းတို့သည် အတူတူဖြစ် ၏ဟု (ဝါ) နှစ်သက်သာယာစရာဖြစ်လျှင် ကောင်း၏ဟု အထက်က အသင် ဆိုခဲ့သော စကားကြောင့် ဖြစ်သည်။ အချင်း ကာလိကလိ၊ ပသို့နည်း။ အသင့်စကားကို အသင် ငြင်းရလိမ့်မည်။ ငြင်းနိုင်ပါ၏လော။
ကာ။ ။ဆော့ခရတ္တိ၊ ကျွန်ုပ်သည် အသင်၏အဆိုကို နားထောင် ခဲ့ပြီ။ ကျွန်ုပ်၏ အဆိုကိုလည်း ပြောခဲ့ပြီ။ ကျွန်ုပ် တွေ့လာရသည်မှာ တစ်ဦး တစ်ယောက်သောသူကသာ အသင့်အား မျက်နှာသာပေးလိုက်လျှင် အသင်သည် ကလေးကဲ့သို့ ပြုမူချင်သည်။ အသင်သည် မျက်နှာသာပေးသူ၏ စကားကိုသာ ဆုပ်ကိုင်ထားချင်သည်။ အသင်ကမူကား ပြန်ပေးခြင်း မပြုတတ်၊ မပြုလို၊ ကလေးကဲ့သို့ ပြုမူသည်။ အချို့သော နှစ်သက်သာယာစရာများသာ အကောင်း ဖြစ်၏။ အချို့သော နှစ်သက်သာယာစရာများကား ညံ့၏ ဆိုး၏ ဟူသော စကားကို ကျွန်ုပ်ကသော်လည်းကောင်း၊ တစ် ဦး တစ် ယောက် က သော် လည်းကောင်း ငြင်းနေသည်ဟု အသင် အထင်ရှိနေပါသလော။
ဆော့။ ။ဖြစ်မှဖြစ်ရပလေ။ ဤအထိ ဟောပြောဆွေးနွေးပြီးမှ ထိုစကား ကို အသင်ဆိုသည်မှာ နည်းလမ်းမကျပြီ။ စင်စစ်မှာ အသင်ကသာ ကျွန်ုပ်ကို သူငယ်နှပ်စားကဲ့သို့ သဘောထားသည်။ အသင်သည် အခုစာကလေးကြော် အခု ဆီထမင်းဟု ဆိုသည်။ အခုတစ်မျိုး အခုတစ်မျိုး စကားဗလောင်းဗလဲ ပြောသည်။ ကျွန်ုပ်ကို မျက်စိလည်လမ်းမှား၍ ချောက်ကမ်းပါးကျအောင် ပြုသည်။ အစပထမသော် ကျွန်ုပ်သည် အသင့်ကို ပညာမိတ်ဆွေဟု အောက်မေ့ ခဲ့သည်၊ ကျွန်ုပ်ကို ချောက်မတွန်းတန်ရာဟု အောက်မေ့ခဲ့သည်။ ယခုမူ ကျွန်ုပ် လူကဲခတ် မှားခဲ့ပြီ။ သို့ရာတွင် အဆိုးထဲမှ အကောင်း ရှာရမည်ဟူသော လူကြီးသူမတို့၏ စကားကို ကျွန်ုပ် လိုက်နာပါတော့မည်။ အသင် ယခုဆိုသော စကားကို ကျွန်ုပ် ယူလိုက်ပါတော့မည်။ အသင်၏ အဆိုသစ်အရသော် အချို့ သော နှစ်သက်သာယာစရာများသာ ကောင်း၍ အချို့သော နှစ်သက်သာယာ စရာများသည် မကောင်း၊ ညံ့၏ ဆိုး၏ဟု ကျွန်ုပ် သိရသည်။ ဟုတ်ပါသလော။
ကာ။ ။ဟုတ်ပါသည်။
စာပိုဒ် (ဆ) 
ဆော့။ ။ကောင်းပြီ၊ မေးပါဦးမည်။ အကျိုးပြုခြင်းသည် အကောင်း ဖြစ်၏။ အကျိုးဖျက်ခြင်းသည် အဆိုးဖြစ်၏ဟု အသင် ဆိုမည်လော။
ကာ။ ။ဆိုရမည်ပေါ့။
 ဆော့။ ။ထို့ပြင် အကောင်းပြုသောသူသည် အကျိုးပြုသူဖြစ်၍ အဆိုး ပြုသောသူသည် အကျိုးဖျက်သူဖြစ်၏ဟုလည်း အသင် ဆိုမည်လော။
ကာ။ ။ဆိုပါမည်။
ဆာ။ ။ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ ပြောဟော ဆွေးနွေးခဲ့ကြသော စား၍ နှစ်သက်သာယာခြင်း၊ သောက်၍ နှစ်သက်သာယာခြင်းတည်းဟူသော ရုပ်ခန္ဓာ နှစ်သက်သာယာစရာတို့သည် အကောင်း မဟုတ်ဟုလည်းကောင်း၊ ကျန်းမာခြင်းကို ဖြစ်စေ၊ ခွန်အားကြီးခြင်းကို ဖြစ်စေ၊ အခြားသော ကာယိက အကျိုးတို့ကို ဖြစ်စေ ပေးနိုင်သော နှစ်သက်သာယာစရာတို့သည် အကောင်း ဖြစ်၍ ထိုအကျိုးတို့နှင့် ဆန့်ကျင်သော နှစ်သက်သာယာစရာတို့သည် မကောင်း ဟု လည်းကောင်း ကျွန်ုပ် ဆိုချင်သည်။ ဆိုရမည်လော။
ကာ။ ။ဆိုပါ။ ဆိုသင့်ပါသည်။
ဆော့။ ။ထိုသို့ဆိုလျှင် ကောင်းသော နာကျင်စရာလည်း ရှိ၍ မကောင်းသော နာကျင်စရာလည်းရှိ၏ဟု ဆိုရမည်ပေါ့။
ကာ။ ။ဟုတ်ပါသည်။ ။
ဆော့။ ထိုသို့ဆိုလျှင် ကောင်းသော နှစ်သက် သာယာစရာနှင့် ကောင်းသော နာကျင်စရာတို့ကိုသာ ရွေးယူထိုက်သည်ဟု အသင်ဆိုမည်လော။
ကာ။ ။ဆိုရမည်ပေါ့။
ဆော့။ ထိုသို့ဆိုလျှင် မကောင်းသော နှစ်သက် သာယာစရာနှင့် မကောင်းသော နာကျင်စရာတို့ကို မရွေးထိုက်ဟု ဆိုရမည်။
ကာ။ ။ဟုတ်ပါသည်။ ။
ဆော့။ ။အဘယ်ကြောင့်ဆိုသော် ကိုယ်နှုတ်နှလုံးဖြင့် ပြုသမျှတို့သည် အကောင်းအတွက်သာ ဖြစ်ထိုက်၏ဟု ကျွန်ုပ်နှင့် ပေါလတို့ သတ်မှတ်ခဲ့ပြီး ဖြစ်သောကြောင့်ပင်။ ကောင်းပြီ။ အချင်း ကာလိကလိ၊ ကျွန်ုပ်တို့၏ ကိုယ်မှု၊ နှုတ်မှု၊ နှလုံးမှုတို့၏ ပန်းတိုင်သည် ကောင်းသောအရာဖြစ်ထိုက်၏ဟုလည်း ကောင်း၊ ထိုသုံးပါးသောအမှုတို့သည် အကောင်းအတွက်သာ ဖြစ်ထိုက်၏ဟု လည်းကောင်း၊ အကောင်းသည် ထိုသုံးပါးသော အမှုတို့အတွက် မဖြစ်ထိုက်ဟု လည်းကောင်း ကျွန်ုပ်နှင့် ပေါလတို့သည် သဘောကျခဲ့ကြပြီ။ ထိုအဆို၌ ကျွန်ုပ်တို့၏ မဲနှစ်ပဲ ရှိနေနှင့်ကြပြီ။ အသင်က တတိယမဲကို ပေးမည်လော။
ကာ။ ။ပေးပါမည်။
ဆော့။ ထိုသို့တပြီးကား၊ အကောင်းဖြစ်စေရေးအတွက်သာ နှစ်သက် သာယာစရာကို (ဝါ) အကြိုက်ကို ရှာရလိမ့်မည်။ နှစ်သက်သာယာစေရေးအတွက်  ကား (ဝါ) အကြိုက်ရစေရေးအတွက်ကား နှစ်သက်သာယာစရာကို (ဝါ) အကြိုက်ကို မရှာထိုက်ဟု ဆိုရလိမ့်မည်။ အသင် သဘောကျပါ၏လော။
ကာ။ ။သဘောကျပါသည်။ ။
ဆော့။ ။ကောင်းပြီ။ မည်ကဲ့သို့သော နှစ်သက်သာယာစရာသည် ကောင်းသနည်း၊ မည်ကဲ့သို့သော နှစ်သက်သာယာစရာသည် ညံ့သနည်း၊ ဆိုးသနည်း။ လူတိုင်း လူတိုင်းသည် ရွေးတတ်ကြပါသလော။ သို့တည်းမဟုတ် ရွေးတတ်ကြအောင် အကောင်းအဆိုးကို သိသော ဝိဇ္ဇာအသိတရားထူးရှိဖို့ လိုအပ်ပါသလော။ ။
ကာ။ ။အချင်းဆော့ခရတ္တိ၊ အကောင်းအဆိုးကို သိသော ဝိဇ္ဇာအသိ တရားထူး ရှိဖို့ လိုအပ်ပါသည်။
✥﹤--- www.ebooks4mm.org ---﹥✥

၁၀။ ဆော့ခရတ္တိ၏ ဂုဏ်သိက္ခာ အယူအဆ (က)
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် မီနို (Meno) ကထာမှ ကောက် နတ်ထားသော စာပိုဒ်အမှတ် ၁ မှ ၁၂ အထိ ဖြစ်သည်။ မီနို ဆိုသူသည် သီဆလီမြို့သား ဖြစ်သည်။ ပဒေသရာဇ်အနွယ် သူကြွယ်လူလတ်တစ်ဦး ဖြစ်သည်။ ပညာ၌ ဝါသနာပါ၍ လေ့လာလိုက်စားသူဖြစ်သည်။ ထိုခေတ် တွင် ပုဂ္ဂိုလ်ကျော် ဆိုဖီဆရာကြီးများ ဖြစ်ကြသော ပရောတောရ၊ ဂေါယတို့ကို သဘောကျသူ ဖြစ်သည်။ အက်သင်းမြို့သို့ သူရောက်လာခိုက် တွင် ဆော့ခရတ္တိနှင့် ဆွေးနွေးသည်။ ဂရိဆိုဖီဆရာကြီးတို့သည် ဂုဏ်သိက္ခာ လေးပါးကို ပြောဟောလေ့ ရှိကြသည်။ တပည့်များသည် ဆရာကြီးများ ဆိုခဲ့ကြသည့်အတိုင်း လက်ခံလာခဲ့ကြသည်ဖြစ်ရာ ဆော့ခရတ္တိလက်ထက်သို့ ရောက်လာသောအခါ ဆော့ခရတ္တိ၏ အစစ်အဆေးကို ခံကြရသည်။ တပည့်များသည် အများအားဖြင့် ဆရာသင်ထားသည့်အတိုင်း မှတ်သား၍ သမားဂုဏ်လောက်ကိုသာ ပြ၍နေကြသည်။ ထိုအခါ တိုးတက်ကြံစည်မှု သည် တုံးလာသကဲ့သို့ ဖြစ်သည်။ ဤတွင် ဆော့ခရတ္တိပေါ်လာ၍ သမား ဂုဏ်လောက်သာ ပြတတ်သူတို့နှင့် တွေ့ဆုံလာကြသည်မှအစ အက်သင်း မြို့တွင် ပြောဟောဆွေးနွေးမှုများ ဖြစ်ပေါ်လာကြသည်ဟု ဆိုသည်။
မီနိုသည် ဂုဏ်သိက္ခာဟုဆိုလျှင် ဆရာ သင်ထားသည့်အတိုင်း ဂုဏ်သိက္ခာ အမျိုးမျိုးလောက်ကို ရွတ်ပြချင်သူ ဖြစ်သည်။ ဆော့ခရတ္တိကမူ ဂုဏ်သိက္ခာ သဘောကို သိချင်၍ စူးစမ်းချင်သူဖြစ်သည်။ ဖော်ပြလတ္တံ့သော  စာပိုဒ်တို့တွင် ဆော့ခရတ္တိ၏ သိပ္ပံနည်းကျ မေးမြန်းစိစစ်နည်းကိုလည်း ကောင်း၊ မိမိကိုယ်ကို မိမိ အထင်ကြီး၍ ဆောင့်ကြွားကြွားနိုင်လှသော မီနို၏ သဘာဝကိုလည်းကောင်း၊ မသိကျိုးကျွန်ပြု၍ မေးတတ်သော တစ်ခါတစ်ရံ သရော်တော်တော် ပြောတတ်သော၊ စိတ်ကောင်းထား တတ်သော ဆော့ခရတ္တိ၏ သဘာဝကိုလည်းကောင်း ပလေးတိုးကသရုပ် ဖော်ထားသည်ကို တွေ့နိုင်သည်။ ဂုဏ်သိက္ခာ ဟူသည် လောက၌ အကောင်းဆုံးကို ရအောင် တရားသဖြင့် စွမ်းဆောင်နိုင်သော အရည်အချင်း ဖြစ်၏ဟု ကောက်နိုင်ပုံကို ဆင်ခြင်ရန် ဖြစ်သည်။
စာပိုဒ် ၁ 
မီနို။ ။အချင်း ဆော့ခရတ္တိ၊ ဂုဏ်သိက္ခာဟူသည် သင်၍ ရသလော၊ သို့တည်းမဟုတ် ကျင့်ယူ၍ ရသလော။ သင်၍ရသော အရာမဟုတ်ဟု အသင် ဆိုမည်လော။ ကျင့်ယူ၍သော် လည်းကောင်း၊ သင်၍သော် လည်းကောင်း မရစကောင်းသော အရာဖြစ်၏ဟု ဆိုလျှင် ဂုဏ်သိက္ခာသည် သူ့အလိုအလျောက် သက်ဆင်းလာသလော၊ သို့တည်းမဟုတ် တစ်နည်းနည်းဖြင့် ရောက်လာ သလော။ ဖြေပါဘိ။
ဆော့ခရတ္တိ။ ။မီနို၊ ရှေးခတ်ရှေးအခါကသော် အသင်တို့ သီဆလိပြည်သား များကို မြင်းစီးကောင်းများဟု လည်းကောင်း၊ သူကြွယ်များဟု လည်းကောင်း ဂရိလောက၌ အသိများခဲ့ကြသည်။ ယခုမူ အသင်တို့၌ ဂုဏ်တစ်ခု တိုးလာပြီ။ ထိုဂုဏ်သည် အခြား မဟုတ်၊ ပညာလည်း ကြီးပါပေ၏ဟူသော ဂုဏ်ပင်။ အသင်တို့ သီဆလိပြည်သားများ၌ ထိုဂုဏ်တိုးလာခြင်းသည် ဆိုဖီဆရာကြီး ဂေါ့ဂျိယ၏ ကျေးဇူးကြောင့် ဖြစ်သဖြင့် ဆရာကြီးကို အသင်တို့ ကျေးဇူးတင် ထိုက်ကြသည်။ အသင်တို့မြို့သို့ ဆရာကြီးရောက်လ သည် မြို့မိမြို့ဖများ ဖြစ်ကြကုန်သော သီဆလိခေါင်းဆောင်များကို ပညာ၌ အထုံရှိလာကြအောင်၊ ပညာကို ခုံခုံမင်မင် နှစ်နှစ်သက်သက် ဖြစ်လာကြအောင် ပြုခဲ့သည် မဟုတ်ပါလော။ ထိုမျှသာမကသေးပါ။ ဆရာကြီးသည် ပုစ္ဆာမေးသူ၏ စရိုက်ကိုလိုက်၍ ပုစ္ဆာဟူသမျှကို ဒိုးဒိုးဒေါက်ဒေါက် မကြောက်မရွံ့ လက်တန်း ဘဏ် အပွေသားနှင့် မနေမနား ပြောဆိုလေ့ရှိသည် မဟုတ်ပါလော။ ဤသို့ ဖြင့် ဂရိလူမျိုးအားလုံး၏ ပညာရေးလောက၌ စံနမူနာကောင်းတစ်ခုကို ဆရာ ကြီးက ပြခဲ့သည် မဟုတ်ပါလော။ မေးကြတိုင်းလည်း ဆရာကြီးက ဖြေနိုင်သည် မဟုတ်ပါလော။ အချင်း မီနို၊ ကျွန်ုပ်တို့၏ အက်သင်းမြို့၌ကား ထိုသို့ မဟုတ်တော့ပါ။ ပညာခေါင်းပါးလာပါပြီ။ ပညာသည် ကျွန်ုပ်တို့၏အရပ်ကို  စွန့်၍ အသင်တို့၏ အရပ်သို့ ကူးသွားသကဲ့သို့ ဖြစ်နေပြီ။ အသင်မေးသော မေးခွန်းကို ကျွန်ုပ်တို့ဆီက တစ်ဦးဦးကို မေးကြည့်ပါ။ သူမည်သို့ ပြန်ပြောမည်ဟု အသင် ထင်သနည်း။ ဧကန်မုချ သူက ရယ်ရယ်မောမော ပြန်ပြောမည်မှာ အဆွေကောင်းလေး၊ အကျွန်ုပ်သာ ဤမေးခွန်းကို ဖြေနိုင်သည်ဖြစ်လျှင် ကျွန်ုပ် လူထူး ဖြစ်မည်။ ဂုဏ်သိက္ခာကို သင်၍ရမရ သိဖို့ဝေးစွ။ ဂုဏ်သိက္ခာသည် မည်သို့သောအရာဖြစ်သည်ကိုပင် ကျွန်ုပ် မသိပါ။ သူက ဤသို့ ရယ်ရယ် မောမော ပြန်ပြောပေလိမ့်မည်။ ကျွန်ုပ်သည်လည်း ထိုသူနှင့် မည်သို့မျှ မခြားလှပါ။ ဤကိစ္စတွင် ကျွန်ုပ်သည် ကျွန်ုပ်တို့ဆီက အရပ်သားများကဲ့သို့ ဖြစ်သည်။ ဂုဏ်သိက္ခာဟူသည် အဘယ်နည်း၊ ကျွန်ုပ် မသိပါ။ ကျွန်ုပ်ကိုယ်ကိုသာ ကျွန်ုပ် ဖိ၍ထောင်းချင်ပါသည်။ ဂုဏ်သိက္ခာကိုပင် မသိသား ဆိုးရွားနိုင်လှသော ကျွန်ုပ်သည် ဂုဏ်သိက္ခာသဘောကို အဘယ်မှာသိနိုင်ပါအံ့နည်း။ အကြင်သူသည် မီနိုဆိုသူကို မသိ။ ထိုသူသည် မီနိုကို လူချောလော၊ သူကြွယ်လော၊ ပဒေသရာဇ် အနွယ်လော၊ အရုပ်ဆိုးအကျည်းတန်လော၊ လူမွဲလော၊ ကျေးကျွန်လောဟု အဘယ်မှာ သိနိုင်ပါအံ့နည်း။ သိနိုင်သည်ဟု အသင် ထင်ပါသလော။
မီနို။ ။ဆော့ခရတ္တိ၊ အသင် အဟုတ်ပြောနေသလော။ ဂုဏ်သိက္ခာကို အသင် မသိဟု အသင် ဆိုခြင်းသည် အကယ်လော။ ကျွန်ုပ်တို့အရပ်သို့ ကျွန်ုပ် ပြန်ရောက်သောအခါ ထိုသို့ပင် ပြောရမည်လော။ ။
ဆော့။ ။မီနို၊ ပြောပါလေ။ ထိုမျှသာမကသေးပါ။ ဂုဏ်သိက္ခာ အကြောင်း သိသောသူကို ကျွန်ုပ် မမြင်မတွေ့သေးဟု ကျွန်ုပ်က ဆိုကြောင်းကိုပါ ထည့်ပြောပါဘိ။
မီ။ ။ဆော့ခရတ္တိ၊ အသင့်စကားသည် လွန်လွန်းလှပါသည်။ အသင်တို့ အက်သင်းမြို့သို့ ဆရာကြီး ဒေါ့ဂျိယ ရောက်လာစဉ်က ဆရာကြီးကို အသင် မတွေ့လိုက်သလော။
ဆော့။ ။တွေ့လိုက်ပါ၏။
မီ။ ။တွေ့လိုက်ပါ၏ဟုဆိုလျှင် ဂုဏ်သိက္ခာ အကြောင်းကို ဆရာကြီး ဂေါယ သိ၏ဟု အသင် အထင်မရှိဘူးလေ။
ဆော့။ ။မီနို၊ ကျွန်ုပ် ကောင်းကောင်းမမှတ်မိတော့ပါ။ ထို့ကြောင့် သူသိမသိ ကျွန်ုပ် မပြောတတ်ပါ။ သူသိလျှင်လည်း သိပေလိမ့်မည်။ အကယ်၍ သူ သိသည်ဆိုလျှင် သူပြောသမျှကို အသင် မှတ်မိပေလိမ့်မည်။ အသင် မှတ်မိ လျှင် ကျွန်ုပ်အား ပြန်ပြောစမ်းပါ။ သို့တည်းမဟုတ် ဂုဏ်သိက္ခာအကြောင်းကို အသင့်ကိုယ်တိုင်က သိသည်ဖြစ်လျှင်လည်း အသင် သိသမျှကို ကျွန်ုပ်အား ပါဘိ။ သူပြောသမျှကို အသင်သဘောကျပြီးဖြစ်မည်ဟု ကျွန်ုပ်ထင်ပါသည်၊  မီ။ ။ဟုတ်ပါသည်။ ကျွန်ုပ် သဘောကျပါသည်။
စာပိုဒ် ၂ 
ဆော့။ ။ထိုသို့တပြီးကား၊ ယခုအခါတွင် ဆရာကြီး ဒေါ့ဂျိယသည် ဤနေရာ၌ မရှိခိုက်ဖြစ်သည်။ ထို့ကြောင့် မီနိုကပင် မီနိုသိသော ဂုဏ်သိက္ခာ အကြောင်းကို တစ်လုံးမကျန် ပြောပြပါဘိ။ ဂုဏ်သိက္ခာအကြောင်း သိသူကို ကျွန်ုပ် ယနေ့အထိ မမြင်မတွေ့သေးဟု ကျွန်ုပ်က ဆိုခဲ့သည်။ အကယ်၍ ဂုဏ် သိက္ခာအကြောင်းကို ဂေါ့ဂျီယလည်း သိ၍ သင်လည်းသိသည်ဟူသော အချက် ထင်ရှားလာသည် ဖြစ်ပါက ကျွန်ုပ်အဖို့ အလွန်ကံကောင်းသောကြောင့်သာ မုသားဆိုခဲ့မိခြင်းဖြစ်၏ဟု ဝန်ခံရန် ရှိပါတော့သည်။
မီ။ ။ကောင်းပါပြီ။ ပြောပြဖို့ ဝန်မလေးလှပါ။ ရှေးဦးစွာ ပြောပြချင် သည်မှာ ယောက်ျား၏ ဂုဏ်သိက္ခာဟု ရှိသည်၊ ထိုဂုဏ်သိက္ခာသည် တိုင်းပြည် နိုင်ငံ၏ ကိစ္စအဝဝကို ချောမောအောင် စီမံခန့်ခွဲရာ၌ မိတ်ဆွေကို အကျိုးပြု၍ ရန်သူကို နစ်နာအောင်လည်းကောင်း၊ မိမိလည်း အနာမခံရအောင်လည်းကောင်း စီမံခန့်ခွဲတတ်ခြင်း ဖြစ်သည်။ တစ်ဖန် မိန်းမ၏ ဂုဏ်သိက္ခာဟု ရှိပြန်သည်။ ထိုဂုဏ်သိက္ခာအကြောင်းကို ပြောရဦးမည်လော။ မခဲယဉ်းလှပါ၊ ပြောပါမည်။ မိန်းမ၏ ဂုဏ်သိက္ခာသည် မိမိ၏ အိုးအိမ်ကိစ္စအဝဝကို စီမံခန့်ခွဲတတ်ခြင်း၊ ပစ္စည်းဥစ္စာ ထိန်းသိမ်းတတ်ခြင်း၊ လင်ကို ရိုသေခြင်းတို့ ဖြစ်သည်။ တဖန် ကလေး၌လည်း ကလေးဂုဏ်သိက္ခာရှိသည်၊ ကလေးဂုဏ်သိက္ခာ၌ပင် ယောက်ျား ကလေးအတွက် တစ်မျိုး၊ မိန်းကလေးအတွက် တစ်မျိုးဟု ရှိသည်။ တစ်ဖန် လူကြီး၌လည်း လူကြီးဂုဏ်သိက္ခာ ရှိသည်။ လူကြီးဂုဏ်သိက္ခာ၌လည်း သခင် လူတန်းစားအတွက် တစ်မျိုး၊ ကျွန်လူတန်းစားအတွက် တစ်မျိုးဟု ရှိသည်။ ထို့ပြင် အခြားသော ဂုဏ်သိက္ခာတို့လည်း အမြောက်အမြား ရှိကြသေးသည်။
ပြော၍မကုန်နိုင်လောက်အောင် များသည်။ ဆော့ခရတ္တိ၊ ဂုဏ်သိက္ခာ အများအပြား ရှိသကဲ့သို့ အပြစ်ဒေါသလည်း အများအပြားပင် ရှိသည်။
စာပိုဒ် ၃ 
ဆော့။ ။မီနို၊ အကျွန်ုပ် ကံကောင်းစွ။ ကျွန်ုပ်သည် ဂုဏ်သိက္ခာ၏ သဘောကိုသာ သိချင်သူဖြစ်သည်။ ဂုဏ်သိက္ခာသည် မည်ကဲ့သို့သော အရာပေ နည်း၊ ထိုမေးခွန်းကိုသာ အသင့်ကို မေးခဲ့ခြင်း ဖြစ်သည်။ ယခုမူ အသင့် အိတ်ထောင်ထဲတွင် ဂုဏ်သိက္ခာ တစ်အုံစာလောက်ရှိနေသည်ကို ကျွန်ုပ် သိလိုက်ရသည်။ တစ်အုံစာလောက်ဟု ဆိုလိုက်မိသဖြင့် ပျားသတ္တဝါကို  ကျွန်ုပ် သတိရလာသည်။ ထို့ကြောင့် ပျား၏သဘောကို သိချင်လာသည်။ ပျား၏ သဘောဟူသည် အဘယ်နည်းဟု ကျွန်ုပ်က မေးသည်ဆိုအံ့။ ထိုအခါ ပျား အမျိုးမျိုး ရှိ၏ဟု အသင်က ဖြေသည်ဆိုအံ့။ ထိုအခါ ကျွန်ုပ်က ပြန်၍ မေးလိုသည်မှာ အချင်း မီနို၊ ပျားအမျိုးမျိုး ရှိကြောင်း အသင်ဆိုရာတွင် ပျားတိုင်း ပျားတိုင်း၌ ရရှိမြဲဖြစ်သော တစ်မျိုးတည်းသော သဘာဝကို အကြောင်းပြု၍ ပျားအမျိုးမျိုးရှိသည်ဟု ဆိုခြင်းဖြစ်သလော၊ ထိုအချက်ကြောင့် တစ်မျိုးနှင့်တစ်မျိုး မတူ၊ ကွဲပြားခြားနားခြင်းရှိ၏ဟု ဆိုမည်လော။ တစ်မျိုးနှင့် တစ်မျိုး မတူ၊ ကွဲပြား ခြားနားခြင်းသည် တစ်မျိုးတည်းဖြစ်သော သဘာဝကြောင့် မဟုတ်လျှင် အခြား တစ်ပါးသော အချက်တစ်ခုခုကြောင့်လော။ ပုံစံပြရသော် ရုပ်အဆင်းအလိုက် ခွဲကြည့်သောကြောင့်လော၊ ဂုဏ်ထူးဝိသေသ တစ်ခုခုအလိုက် ခွဲကြည့်သောကြောင့် လော။ မီနို၊ ဤမေးခွန်းကို ဖြေကြည့် စမ်းပါ။
မီ။ ။ဆော့ခရတ္တိ၊ ဖျားတိုင်း၌ ရှိရမြဲဖြစ်သော တစ်မျိုးတည်းသော သဘာဝကြောင့် ပျားအမျိုးမျိုးရှိ၏ဟု မဆိုလိုပါ။ ဤကား အကျွန်ုပ်၏ အဖြေ။ ။
ဆော့။ ထိုသို့လျှင် တစ်မျိုးနှင့်တစ်မျိုး ကွဲပြားခြားနားခြင်းမရှိဟု ဆိုနိုင်ကြောင်းဖြစ်သော၊ ပျားမှန်လျှင် အတူတူပင်ရှိ၏ဟု ဆိုနိုင်ကြောင်း ဖြစ်သော၊ ပျားတိုင်း၌ ရှိမြဲဖြစ်သော၊ တစ်မျိုးတည်းသော ပျားသဘာဝကို အသင် သိပြီးဖြစ်ပြီ၊ နားလည်ပြီးဖြစ်ပြီဟု ကျွန်ုပ် ထင်မိသည်။
မီ။ ။ဟုတ်ပါသည်။ သိပြီးပါ၊ နားလည်ပြီးပါ။
ဆော့။ မကောင်းပါပြီ၊ ယောက်ျား၏ ဂုဏ်သိက္ခာ၊ မိန်းမ၏ ဂုဏ် သိက္ခာ အစရှိသော ဂုဏ်သိက္ခာတို့၏ သဘောကို စဉ်းစားသောအခါ၌လည်း ထိုနည်းအတိုင်း စဉ်းစားမှ ဖြစ်မည်ထင်သည်။ ဂုဏ်သိက္ခာ အများအပြားရှိ သည်ဟု အသင် ဆိုခဲ့ရာတွင် တစ်မျိုးနှင့်တစ်မျိုး ကွဲပြား ခြားနားခြင်း မရှိဟု ဆိုနိုင်ကြောင်းဖြစ်သော ဂုဏ်သိက္ခာမှန်လျှင် အတူတူပင်ရှိ၏ဟု ဆိုနိုင်ကြောင်းဖြစ် သော၊ ဂုဏ်သိက္ခာတိုင်း၌ ရှိမြဲဖြစ်သော တစ်မျိုးတည်းဖြစ်သော သဘာဝသည် ဂုဏ်သိက္ခာ၌ ရှိရမည်သာ။ ဂုဏ်သိက္ခာ၏သဘောဟူသည် အဘယ်နည်းဟူသော အမေးအတွက် အဖြေရှာကြရာတွင် အဆိုပါ တစ်မျိုးတည်းဖြစ်သော သဘာဝ ကို မျက်ခြည်မပြတ်စောင့်ကြည့်၍ ရှာရန်ဖြစ်သည်။ မီနို၊ သဘောတူပါ၏လော။
မီ။ ။သဘောတူပါသည်။ သို့ရာတွင် အသင် ဆိုလိုသောအချက်ကို ကျွန်ုပ် သဘောမပေါက်သေးပါ။ ရှင်းပြပါဦး။
ဆော့။ ကောင်းပါပြီ၊ ရှင်းပြပါမည်။ ဂုဏ်သိက္ခာအကြောင်းကို အသင်ဆိုရာတွင် ယောက်ျားအတွက်တစ်မျိုး၊ မိန်းမအတွက်တစ်မျိုး စသည်ဖြင့်  ဂုဏ်သိက္ခာအမျိုးမျိုးရှိ၏ဟု အသင် ဆိုခဲ့သည်။ ကျန်းမာခြင်းကိစ္စ၊ အရွယ်ကိစ္စ၊ ခွန်အားဗလကိစ္စတို့၌လည်း ယောက်ျားအတွက် တစ်မျိုး မိန်းမအတွက်တစ်မျိုး စသည်ဖြင့် ကျန်းမာခြင်း အမျိုးမျိုး၊ အရွယ် အမျိုးမျိုး၊ ခွန်အားဗလ အမျိုးမျိုး ရှိ၏ဟု အသင် ဆိုမည်လော။ ကျန်းမာခြင်းကိစ္စ၌ အနှစ်သာရကို ယူ၍ဆိုရသော် ကျန်းမာခြင်းဟူသည် မည်သူ၏ ကျန်းမာခြင်းပင်ဖြစ်စေ၊ မည်သည့်အရပ်၌ပင် ဖြစ်စေ သဘောတစ်မျိုးတည်းသာ ဆိုရမည် မဟုတ်ပါလော။
မီ။ ။ဆိုရမည်ဟု ထင်ပါသည်။
ဆော့။ ။အရွယ်ကိစ္စ၊ ခွန်အားဗလကိစ္စတို့၌လည်း ထိုသို့ပင် ဆိုရမည် မဟုတ်ပါလော။ အကြင်မိန်းမသည် ခွန်အားဗလ ကောင်း၏၊ ထိုမိန်းမ၏ ခွန်အားဗလကောင်းခြင်းသည် မည်သူ့အတွက်ပင် ဖြစ်စေ ခွန်အားဗလ၌ရှိသော တစ်မျိုးတည်းသော သဘာဝကြောင့် မဟုတ်ပါလော။ ယောက်ျားအတွက် ခွန်အားဗလက တစ်မျိုး၊ မိန်းမအတွက် ခွန်အားဗလက တစ်မျိုးဟု နှစ်မျိုးခွဲ၍ မရနိုင်။ တစ်မျိုးတည်းသာ ဖြစ်၏ဟု ဆိုလိုသည်။ နှစ်မျိုးခွဲ၍ရ၏ဟု အသင် ထင်ပါသလော။
မီ။ ။ဆော့ခရတ္တိ၊ မထင်ပါ။ | ဆော့။ ထိုသို့တပြီးကား၊ ဂုဏ်သိက္ခာ၏ သဘောကို ဆိုရာတွင် ယောက်ျား၏ဂုဏ်သိက္ခာဟုလည်းကောင်း၊ မိန်းမ၏ ဂုဏ်သိက္ခာဟုလည်းကောင်း၊ လူကြီး၏ ဂုဏ်သိက္ခာဟုလည်းကောင်း၊ ကလေး၏ ဂုဏ်သိက္ခာဟုလည်းကောင်း ဂုဏ်သိက္ခာ အမျိုးမျိုး ခွဲ၍ရ၏ဟု ဆိုနိုင်ပါမည်လော။
စာပိုဒ် ၄ 
မီ။ ။အချင်းဆော့ခရတ္တိ၊ ဂုဏ်သိက္ခာကိစ္စသည် ကျန်းမာခြင်းကိစ္စ၊ အရွယ်ကိစ္စ၊ ခွန်အားဗလကိစ္စတို့နှင့်မတူဟု ကျွန်ုပ် ယူသည်။
ဆော့။ ။အဘယ်ကြောင့်နည်း၊ ယောက်ျား၏ ဂုဏ်သိက္ခာသည် တိုင်းပြည်နိုင်ငံကိစ္စအဝဝကို စီမံခန့်ခွဲတတ်ခြင်း ဖြစ်၏။ မိန်းမ၏ ဂုဏ်သိက္ခာ သည် အိုးအိမ်ကိစ္စအဝဝကို စီမံခန့်ခွဲတတ်ခြင်း ဖြစ်၏ဟု အသင် ဆိုခဲ့သည် မဟုတ်ပါလော။
မီ။ ။ကျွန်ုပ် ဆိုခဲ့သည်မှာ အထင်အရှားပါ။
ဆော့။ ။ကောင်းပါပြီ။ မေးချင်ပါသေးသည်။ စောင့်စည်းခြင်း သံယမဖြင့် လည်းကောင်း၊ တရားရှိမှု သဒ္ဓမ္မဖြင့် လည်းကောင်း စီမံခန့်ခွဲခြင်း  မပြုလျှင် တိုင်းပြည်နိုင်ငံ ကိစ္စအဝဝကို ဖြစ်စေ၊ အိုးအိမ်ကိစ္စအဝဝကို ဖြစ်စေ ချောမောအောင် ပြုနိုင်ပါမည်လော။
မီ။ ။မပြုနိုင်ပါ။
ဆော့။ ။ထိုသို့ဖြစ်လျှင် စောင့်စည်းခြင်းရှိသော၊ သဒ္ဓမ္မတရားရှိသော သူက စောင့်စည်းခြင်းဖြင့်လည်းကောင်း၊ သဒ္ဓမ္မတရားဖြင့်လည်းကောင်း စီမံ ခန့်ခွဲခြင်းပြုမှသာ ချောမောသည်ဟု အသင် ဆိုမည်လော။
မီ။ ။ဆိုရမည်။ )
ဆော့။ ။ထိုသို့ဆိုလျှင် ချောမောအောင် ပြုလိုသော ယောက်ျား၌လည်း စောင့်စည်းခြင်း ရှိရမည်၊ သဒ္ဓမ္မတရား ရှိရမည်။ ထိုသို့သော မိန်းမ၌လည်း စောင့်စည်းခြင်း ရှိရမည်၊ သဒ္ဓမ္မဟရား ရှိရမည်။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပေသည်ပေါ့။ ရှိရမည်။
ဆော့။ လူကြီးနှင့် ကလေးတို့အဖို့လည်း အသင် မည်သို့ ဆိုချင် သနည်း။ အကယ်၍ စောင့်စည်းခြင်း၊ သဒ္ဓမ္မတရားရှိခြင်း မပါလျှင် ထိုသူတို့ သည် ချောမောနိုင်ကြပါမည်လော။
မီ။ ။မည်သည့်နည်းနှင့်မျှ ချောမောမည် မဟုတ်ပါ။
ဆော့။ ထိုသူတို့၌ စောင့်စည်းခြင်းနှင့် သဒ္ဓမ္မတရား ရှိမှသာ ချောမောမည်ပေါ့။
မီ။ ။ဟုတ်ပါသည်။
ဆော့။ ။လူခပ်သိမ်းအဖို့မှာလည်း ထိုသဘောအတိုင်းရှိကြမှ ချောမော ကြမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့၌ တစ်မျိုးတည်းသော အရာများ ရှိကြမှ ချောမော နိုင်ကြသောကြောင့်ပင်။
မီ။ ။ဟုတ်ပုံ ရပါသည်။
ဆော့။ ။တစ်မျိုးတည်းသော ဂုဏ်သိက္ခာ သဘောသည်လည်း လူ ခပ်သိမ်း၌ မရှိလျှင် ထိုသူအားလုံးပင် ချောမောအောင် ပြုနိုင်ကြမည် မဟုတ်ဟု ယူရလိမ့်မည်။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။ ထိုသို့ ယူရလိမ့်မည်။
ဆော့။ ။ထိုသို့ဆိုလျှင် ဂုဏ်သိက္ခာ၌ တစ်မျိုးတည်းသောသဘောသည် ရှိလိမ့်မည်။ အချင်းမီနို၊ ဤအချက်ကို မှတ်ထားပါ။ ထို့နောက် ဆိုဖီဆရာကြီး ဂေါ့ဂျိယသည် ဂုဏ်သိက္ခာသဘောနှင့် စပ်လျဉ်း၍ မည်သို့ ဆိုခဲ့ပါသနည်း။ ဆရာကြီး၏ အယူကို နှစ်သက်လက်ခံခဲ့သော အသင်ကလည်း မည်သို့ ဆုံချင်သနည်း။ အသင် မှတ်မိသလောက် ပြောပြပါ။
စာပိုဒ် ၅ 
မီ။ ။ထိုသို့ဆိုလျှင် အသင် အလိုရှိသော အချက်ကို အကြောင်းပြု၍ ပြောပါမည်။ အသင် အလိုရှိသော အနက်ကို ဖွင့်ရမည်ဖြစ်လျှင် ဂုဏ်သိက္ခာ သဘောသည် ထိန်းသိမ်းအုပ်ချုပ်နိုင်သော စွမ်းရည် (ဝါ) အုပ်ချုပ်မှုစွမ်းရည် ဖြစ်၏ဟု ဖွင့်ချင်ပါသည်။
ဆော့။ ။ရွေ့။ အချင်းမီနို၊ ကျွန်ုပ်သိချင်သော အနက်သည် ထိုသို့သော အနက်ဖြစ်သည်။ ကျွန်ုပ် လိုချင်သည်ကို ရပါပြီ။ သို့ရာတွင် ထိုအနက်ကို စိစစ်ကြည့်ချင်ပါသည်။ အုပ်ချုပ်မှုစွမ်းရည်သည် ဂုဏ်သိက္ခာသဘောဖြစ်၏ဟု အသင်ဆိုလျှင် ကလေးအတွက်လည်း ထိုအတိုင်းလော၊ ကျေးကျွန်အတွက် လည်း ထိုအတိုင်းလော။ ကလေးသည် မိဖကို အုပ်ချုပ်နိုင်သလော၊ ကျေးကျွန် သည် သခင်ကို အုပ်ချုပ်နိုင်သလော။ ကျေးကျွန်က သခင်ကို အုပ်ချုပ်နိုင်သည် ဖြစ်လျှင် ကျေးကျွန်သည် ကျေးကျွန်အဖြစ်ဖြင့် ရပ်တည်နေမည်ဟု အသင်ထင်ပါ သလော။
မီ။ ။ထိုသို့ကား ကျွန်ုပ် မထင်ပါ။
ဆော့။ ။ဟုတ်ပေသည်။ ထင်နိုင်စရာ အကြောင်း မရှိပါ။ သို့ရာတွင် စဉ်းစားစရာတစ်ခုကို တင်ပြချင်သည်။ အသင် ဆိုခဲ့သော အုပ်ချုပ်မှုစွမ်းရည်” တွင် (ဝါ) အုပ်ချုပ်နိုင်ခြင်းတွင် “တရားရှိခြင်းသဒ္ဓမ္မဖြင့်'ဟူသော ပုဒ်ကိုသော် လည်းကောင်း၊ “တရားမဲ့ခြင်း အဓမ္မ မပါဘဲ” ဟူသော ပုဒ်ကိုသော် လည်းကောင်း ထည့်ကြည့်ချင်သည်။ ထည့်ကြည့်ရမည်လော။
မီ။ ။ထည့်ကြည့်ပါ၊ ရပါသည်။ အဘယ်ကြောင့်ဆိုသော် တရား ရှိခြင်း သဒ္ဓမ္မပုဒ်ကိုယ်တိုင်က ဂုဏ်သိက္ခာ ဖြစ်နေသောကြောင့်ပင်။
ဘု။ ။မီနို၊ သဒ္ဓမ္မတရားကို ဂုဏ်သိက္ခာဟု အသင် ဆိုမည်လော။ ဂုဏ်သိက္ခာတစ်ပါးသာဟု ဆိုမည်လော။ ။
မီ။ ။ဆော့ခရတ္တိ၊ အဘယ်ကြောင့် ထိုသို့ မေးရသနည်း။ ဂုဏ်သိက္ခာဟူသော စကားနှင့် ဂုဏ်သိက္ခာတစ်ပါးဟူသော စကားတို့ မတူကြ သောကြောင့်လော။ အသင်၏ အမေးကို ကျွန်ုပ် နားမလည်ပါ။ ရှင်းပါဦး။
ဆော့။ ။ရှင်းပါမည်။ မီနို၊ ဂုဏ်သိက္ခာနှင့် (ဝါ) ဂုဏ်သိက္ခာသဘောနှင့် မရောထွေးစေချင်သောကြောင့် မေးရခြင်းပါ။ ဂုဏ်သိက္ခာသဘောကိုသာ ထင်ရှား စေချင်သောကြောင့် မေးရခြင်းပါ။ ပုံစံပြရသော် အဝိုင်းဟုဆိုအံ့၊ ထိုအခါ အဝိုင်းကို ပုံဟုမဆိုနိုင်။ အဝိုင်းသည် ပုံအများအပြားရှိသည့်အနက် ပုံတစ်ခု သာ ဖြစ်၏ဟု ကျွန်ုပ် ဆိုချင်သည်။ ပုံအမျိုးမျိုးကို ခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲရ  သော ပုံဝေါဟာရကို အဝိုင်းအတွက် သုံးသောအခါ ပုံဟု ကျွန်ုပ် မဆိုချင်ပါ။ အဘယ့်ကြောင့်ဆိုသော် သုံးထောင့်၊ လေးထောင့် အစရှိသော အခြား အခြားသော ပုံအများအပြား ရှိသေးသောကြောင့် ဖြစ်သည်။
မီ။ ။သဘောကျပါပြီ။ သဒ္ဓမ္မဂုဏ်သိက္ခာအပြင် အခြားအခြားသော ဂုဏ်သိက္ခာများလည်း ရှိသေး၏ဟု ကျွန်ုပ် ဆိုသကဲ့သို့ ဖြစ်သည်။
ဆော့။ ။ရွေ့၊ ဟုတ်လှပေသည်။ ထိုသို့ဆိုလျှင် အခြားအခြားသော ဂုဏ်သိက္ခာများကို မီနိုက ပြောပြစမ်းပါ။ အခြားအခြားသော ပုံများကို ပြောပြပါဟု ကျွန်ုပ်ကို အသင်က ခိုင်းလျှင်လည်း ကျွန်ုပ် ပြောပြဖို့ အသင့် ဖြစ်သည်။ ။
မီ။ ။ပြောပါမည်။ သူရသတ္တိလည်း ဂုဏ်သိက္ခာ ဖြစ်သည်။ စောင့်စည်းခြင်း သံယမလည်း ဂုဏ်သိက္ခာဖြစ်သည်။ ဝိဇ္ဇာအသိတရားသည် လည်း ဂုဏ်သိက္ခာဖြစ်သည်။ ထို့ပြင် အခြား ဂုဏ်သိက္ခာများလည်း ရှိကြပါသေး သည်။
ဆော့။ ။မီနို၊ ကျွန်ုပ်တို့သည် အကျဉ်းအကျပ်နှင့် ဝင်တိုးနေကြပြန် ပြီ။ ကျွန်ုပ်တို့ စူးစမ်းနေသည်မှာ တစ်မျိုးတည်းဖြစ်သော ဂုဏ်သိက္ခာသဘော ဖြစ်သည်။ သို့ပါသော်လည်း ဂုဏ်သိက္ခာ အများအပြားဟူသော ဗဟုဝုစ်အနက်သို့ ကျွန်ုပ်တို့ ပြန်၍ လည်လာကြသည်။ ဂုဏ်သိက္ခာအများအပြား၌ တစ်မျိုးတည်း သော သဘောအဖြစ်ဖြင့်ပါရှိနေသော အနက်ကိုကား ယခုထက်ထိ ကျွန်ုပ်တို့ မတွေ့ ဖြစ်နေကြသေးသည်။ ။
မီ။ ။ဆော့ခရတ္တိ၊ ဂုဏ်သိက္ခာနှင့် စပ်လျဉ်း၍ အသင်လိုက်နေသော သုတေသနလမ်းကို ကျွန်ုပ် သဘောမပေါက်နိုင်အောင် ဖြစ်နေသည်။ အသင် ရှာနေသည်ဆိုသော တစ်မျိုးတည်းသော သဘောအဖြစ်ဖြင့် ပါရှိနေသည်ဆိုသော အနက်ကိုလည်း ကျွန်ုပ် သဘောမပေါက်နိုင်အောင် ဖြစ်နေသည်။ ပသို့နည်း၊ ရှင်းပါဦး။
စာပိုဒ် ၆ 
ဘု။ ။အသင် သဘောမပေါက်နိုင်အောင် ဖြစ်နေသည်ဟုဆိုလျှင်လည်း ဖြစ်နိုင်စရာ အကြောင်းရှိသည်။ သို့ရာတွင် အသင် သဘောပေါက်လာအောင် ကျွန်ုပ် အစွမ်းကုန် အားထုတ် ပါဦးမည်။ ကျွန်ုပ် ရှာနေသော အရာသည် အားလုံးစုံ၌ ပါရှိနေသောသဘော ဖြစ်သည်။ သဗ္ဗတ္ထက သဘော ဖြစ်သည်။ ထိုသဘောသည် အရာတိုင်းနှင့်သက်ဆိုင်သည်။ တစ်ဦးတစ်ယောက်သောသူက  အသင့်အား မီနို၊ ပုံဟူသည် အဘယ်နည်းဟု မေးသည်ဆိုအံ့။ အသင်က အဆွေကောင်း၊ အဝိုင်းသည် ပုံဖြစ်၏ဟုဖြေသည် ဆိုအံ့။ တစ်ဖန် ထိုသူကပင် ကျွန်ုပ် မေးဖူးသကဲ့သို့ အသင့်အား မီနို၊ အဝိုင်းကို ပုံဟု အသင် ဆိုမည်လော၊ သို့တည်းမဟုတ် အဝိုင်းသည် ပုံအပေါင်းတွင် ပုံတစ်ခုသာ၊ ပုံ တစ်မျိုးသာ ဖြစ်၏ဟု အသင်ဆိုမည်လော၊ ထိုသို့မေးမြန်းသည်ဆိုအံ့။ အသင် မည်သို့ ဖြေမည်နည်း။ အဝိုင်းသည် ပုံတစ်ခုသာပါ၊ ပုံတစ်မျိုးသာပါဟု အသင် ဖြေမည်ထင်သည်။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။ ထိုသို့ ဖြေရမည်ပေါ့။
ဆော့။ ။ထိုသို့ဖြေလျှင် အခြားအခြားသော ပုံအများအပြားရှိကြ သေးသည်ဟူသော အချက်သည် ထင်ရှားနေသည် မဟုတ်ပါလော။
မီ။ ။မငြင်းလိုပါ။ ထင်ရှားနေပါသည်။
ဆော့။ ။တစ်ဖန် ထိုသူကပင် အခြားသောပုံများကို ပြောပြပါဟု ဆိုလျှင် အသင်ပြောပြနိုင်မည်ပေါ့။
မီ။ ။မခဲယဉ်းပါ၊ ပြောပြနိုင်ပါသည်။ | 
ဆော့။ ။ကောင်းပြီ။ တစ်ဖန် ထိုသူကပင် သင့်အား အရောင်သဘော ကို မေးသည် ဆိုအံ့။ ထိုအခါ အသင်က အဖြူဟု ဖြေသည်ဆိုအံ့။ တစ်ဖန် ထိုသူကပင် အဖြူကို အရောင်ဟု ဆိုမည်လော၊ အဖြူသည် အရောင် အပေါင်းတွင် အရောင် တစ်ခုသာ၊ အရောင် တစ်မျိုးသာဟု ဆိုမည်လော၊ ထိုသို့ မေးပြန်သည်ဆိုအံ့။ ထိုအခါ အသင်က အရောင် တစ်ခုသာပါ၊ အရောင် တစ်မျိုးသာပါဟု ဖြေမည် ထင်သည်။ အဘယ့်ကြောင့်ဆိုသော် အခြားသော အရောင်များ ရှိနေကြသေးသောကြောင့်ပင်။
မီ။ ။ဟုတ်ပါသည်။ အဖြူသည် အရောင်တစ်ခုသာပါဟု ဖြေရမည် 
ဆော့။ ။ဟုတ်ပြီ။ တစ်ဖန် ထိုသူကပင် အခြားသော အရောင်များကို ပြောပြပါဟု ဆိုသည်ဖြစ်အံ့။ ထိုအခါ အသင်က အဖြူရှိနေသကဲ့သို့ ရှိနေကြ သေးသော အခြားသော အရောင်များကို ပြောပြနိုင်မည် ထင်သည်။ ဟုတ်ပါ သလော။ မီ။ ။ဟုတ်ပါသည်။
စာပိုဒ် ၇ 
ဆာ။ ။ထိုနောက် ထိုသူကပင် ကျွန်ုပ်ကဲ့သို့ အသင့်အား အချင်း မီနို၊ ကျွန်ုပ်တို့ အဆိုအချေပြု၍ စိစစ်ခဲ့သမျှတွင် ပုံအကြောင်းနှင့် စပ်လျဉ်း၍ ။
 အများအပြားဟူသော ဗဟုဝုစ် အနက်သို့သာ ဆိုက်ခဲ့သည်ချည်း ဖြစ်သည်။ ဤတစ်ကြိမ်တွင် ထိုသို့ မဖြစ်စေချင်ပါ။ ဤအခြေအထိ အသင်သည် အများ အပြားသော ပုံတို့အတွက်လည်း ပုံဟူသော သဗ္ဗတ္ထက အမည်နာမဝေါဟာရ တစ်ခုတည်းကို သုံးစွဲခဲ့သည်။ တစ်ခုနှင့်တစ်ခု မတူသော ပုံအသီးသီးအတွက် လည်း ပုံဟူသော သဗ္ဗတ္ထက အမည်နာမ ဝေါဟာရတစ်ခုတည်းကိုပင် သုံးစွဲခဲ့ သည်။ ထို့ကြောင့် ကျွန်ုပ်က ဤသို့ မေးကြည့်ချင်ပါသည်။ အကြောင်းလည်း ပါ၍ အဖြောင့်လည်း ပါသော အရာကို အသင် မည်သို့ခေါ်မည်နည်း၊ အသင် သုံးစွဲခဲ့ပုံကို ထောက်၍ မေးရခြင်း ဖြစ်ပါသည်။ အသင် သုံးစွဲခဲ့ပုံသည် ကျွန်ုပ် ဆိုသည့်အတိုင်း ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။ | ဆော့။ ထိုသို့ဆိုလျှင် အဝိုင်းလည်း မဝိုင်း၊ အဖြောင့်လည်း မဝိုင်း၊ အဖြောင့်လည်း မဖြောင့်၊ အဝိုင်းလည်း မဖြောင့်ဟု အသင် ဆိုလိုသည်။
မီ။ ။ထိုသို့ကား ကျွန်ုပ် မဆိုလိုပါ။
ဆော့။ ။ကောင်းပြီ။ ထိုသို့ ဆိုလိုသည် မဟုတ်လျှင် အထက်က ကျွန်ုပ်ဆိုခဲ့သော အဝိုင်းလည်းပါ၍ အဖြောင့်လည်းပါသောအရာတွင် အဝိုင်းကို ပုံဟု မဆိုနိုင်တော့။ အဖြောင့်ကိုလည်း ပုံဟုမဆိုနိုင်တော့ဟုဆိုလိုခြင်းသာ။
မီ။ ။ဟုတ်ပါသည်။ ပုံတစ်ခုစီ ပုံတစ်မျိုးစီဟု ဆိုခြင်းက မှန်ပါ သည်။ ။
ဆော့။ ။ထိုသို့ တပြီးကား၊ ပုံဟုခေါ်ဝေါ်အပ်သောအရာ၏ သဘော သည် (ဝါ) ပုံသဘောသည် အဘယ်နည်း။ မီနို၊ ကျွန်ုပ်အား ပြောပြပါဘိ။ အကယ်၍ လူတစ်ဦးတစ်ယောက်က အသင့်အား အရောင်သဘောကိုသော် လည်းကောင်း၊ ပုံသဘောကိုသော်လည်းကောင်း မေးသည်ဆိုအံ့။ အသင်ကလည်း ထိုသူအား အဆွေကောင်း၊ အသင်သိလိုသော အချက်ကို ကျွန်ုပ် သဘောမပေါက် နိုင်လောက်အောင် ဖြစ်နေသည်ဟု ပြန်၍ ဖြေသည်ဆိုအံ့။ ထိုအခါ ထိုသူသည် လွန်စွာ အံ့အားသင့်ခြင်းဖြစ်၍ အသင့်အား အချင်း မီနို၊ အရာအားလုံးစုံ၌ ပါရှိနေသည်လည်းဖြစ်၍ တစ်မျိုးတည်းအဖြစ်ဖြင့် ပါနေသည်လည်းဖြစ်သော သဗ္ဗတ္ထက သဘောကို ကျွန်ုပ် စူးစမ်းနေခြင်းဖြစ်သည်။ အသင် နားဝေးလွန်းလှ ပါတကားဟု ထိုသူက ဆိုလိုက်မည်လား မသိ။ ထိုသို့မဆိုလျှင်လည်း ထိုသူကပင် အသင့်အား အချင်း မီနို၊ အဝိုင်း၌လည်းပါသော၊ အင်၌လည်းပါသော၊ ပုံဟု ခေါ်ဝေါ်သုံးစွဲသည့်အရာ၌လည်း ပါသော၊ တစ်မျိုးတည်းအဖြစ်ဖြင့်လည်း ပါသော သဘောသည် အဘယ်နည်းဟု မေးမည်လားမသိ။ အကယ်၍မေးသည် ဆိုအံ့။ အသင် ဖြေတတ်လာပြီဟု ကျွန်ုပ်ထင်သည်။ အသင် စဉ်းစား၍  အားထုတ် ကြည့်ပါ။ အသင့်မှာ တွေးတတ် ကြံတတ်သော အလေ့အကျင့် တက္ကသီလရှိလာ ပါလိမ့်မည်။ ထိုအခါ ဂုဏ်သိက္ခာ သဘောကို အသင် ဖြေနိုင်လာပါလိမ့်မည်။ အသင် ယခု အားထုတ်၍ ဖြေပါဘိ။
စာပိုဒ် ၈ 
မီ။ ။ဆော့ခရတ္တိ၊ အဖြေပေးရမည့်သူသည် ကျွန်ုပ် မဟုတ်၊ အသင်သာ ဖြစ်သည်။ ထို့ကြောင့် အသင်ကသာ အားထုတ်ပါ။
ဆော့။ ။ဖြစ်မှဖြစ်ရပလေ၊ မေးခဲ့သော ကျွန်ုပ်ကပင် အသင့်အကျိုး အတွက် အားထုတ်ပေးရမည် ဆိုပါတော့။
မီ။ ။ဟုတ်ပါသည်။ ။
ဆော့။ ။ကောင်းပါပြီ၊ အားထုတ်ပေရသည်ပေါ့။ သို့ရာတွင် ကျွန်ုပ်၏ တာဝန်ကုန်လျှင် အသင်၏အလှည့် ရောက်လာသင့်သည်။ ထိုအခါ အသင် သိသော ဂုဏ်သိက္ခာသဘောကို အသင်ပြောရလိမ့်မည်။ သဘောတူပါ သလော။
မီ။ ။သဘောတူပါသည်။
ဆော့။ ။အသင်က သဘောတူသည်ဟုဆိုလျှင် ကျွန်ုပ် အားထုတ်ပါ မည်၊ အားထုတ်လိုက်သောကိစ္စလည်း ဖြစ်သောကြောင့်ပင်။
မီ။ ။ဟုတ်ပါသည်။
ဘု။ ။အဝိုင်း၌လည်းပါသော၊ အဖြောင့်၌လည်းပါသော ပုံဟု ခေါ်ဝေါ်သုံးစွဲသည့်အရာ၌လည်းပါသော တစ်မျိုးတည်းအဖြစ်ဖြင့်လည်း ပါသော သဘောကို (ဝါ) ပုံသဘောကိုရအောင် ကျွန်ုပ် အားထုတ်ပါတော့မည်။ အသင် လက်ခံနိုင်မည်လား။ ကျွန်ုပ် မသိ။ အသင် စဉ်းစားဖို့ ဖြစ်သည်။ ပုံဟူသည် အရောင်နှင့် တွဲနေသောအရာဖြစ်၏ဟု ကျွန်ုပ် ဆိုချင်သည်။ အသင် ကြိုက် ပါသလော။ မကြိုက်လျှင် ပြောပါဘိ။ ဂုဏ်သိက္ခာသဘောကို အသင် ဖွင့်သော အခါ၌လည်း ထိုနည်းအတိုင်း ဖွင့်စေချင်သည်။ ထိုနည်းအတိုင်း အသင် ဖွင့်လျှင် ကျွန်ုပ် ကျေနပ်ပါသည်။ )
မီ။ ။ဆော့ခရတ္တိ၊ ရယ်စရာ ဖြစ်နေပြီ။ ဆော့။ ။အဘယ်ကြောင့်နည်း။ ။
မီ။ ။ပုံဟူသည် အရောင်နှင့်တွဲနေသော အရာဖြစ်၏ဟု ကျွန်ုပ် သိရပါပြီ။ အရောင်သဘောကို မသိရသောကြောင့် အခက်ကြုံနေသည်ဟု လူ တစ်ဦးတစ်ယောက်က ဆိုလာသည် ဖြစ်အံ့။ အသင် မည်သို့ ဖြေမည်နည်း။
ဆော့။ ။မှန်ရာကို ဖြေမည်။ သို့ရာတွင် မေးလာသူသည် အနိုင်ရမှု သက်သက်အတွက် စကားလှယုတ္တိကိုသုံး၍ အနိုင်ယူမည်ဟုအကြံရှိသူဖြစ်လျှင်  ကျွန်ုပ်က အချင်းလူကောင်း၊ ကျွန်ုပ်၏ အဆိုကို တင်ပြခဲ့ပြီ။ မှားသည်ဟု အထင်ရှိလျှင် အသင့်တာဝန်သည် ကျွန်ုပ်၏ အဆိုကို ချေပရန် ဖြစ်သည်ဟု ပြန်ပြောမည်ပေါ့။ အကယ်၍ အသင်နှင့် ကျွန်ုပ်ကဲ့သို့ ရင်းနှီးခြင်းရှိ၍ ပညာစကား ပြောဟောလိုသောသူဖြစ်ဘိမူ ကျွန်ုပ်သည် မိတ်ဆွေရင်းချာကဲ့သို့ သဘော ထားလျက် မေးမြန်းစိစစ်နည်းကိုသုံး၍ ချေချေငံငံ အဖြေပေးမည်။ ဆိုလိုသည်မှာ အမှန်ကိုသာ ရှာ၍ဖြေမည်။ အမှန်အတွက် မေးမြန်းစိစစ်ရာ၌ အမေးခံရသူ သိပြီးဖြစ်သော အချက်အလက်တို့ကိုသာ အဆိုအဖြစ်ဖြင့် တင်ပြ၍ စိစစ်မည်။ အချင်းမီနို၊ အသင်နှင့် ပြောဟောရာ၌လည်း မေးမြန်းစိစစ် နည်းကိုသာ ကျွန်ုပ် သုံးမည်။ ကောင်းပြီ။ မီနို၊ မည်သည့်အရာမဆို အဆုံးရှိသည် မဟုတ်ပါလော။ ဆိုလိုသည်မှာ နယ်နိမိတ်သဘော ဖြစ်သည်။ အဆုံးအစွန် သဘောဖြစ်သည်။ စင်စစ်မှာ အဆုံးဟူသောစကား၊ နယ်နိမိတ်ဟူသောစကား၊ အဆုံးအစွန်ဟူသော စကားတို့သည် အနက်အဓိပ္ပာယ်အရာ၌ အတူတူ ဖြစ်၏ဟု ကျွန်ုပ် သဘော ထားသည်။ ဆိုဖီဆရာကြီး ပရောဒီကမူ ကြိုက်ချင်မှ ကြိုက်မည်။ သို့ရာတွင် အဆုံးသတ်ခြင်း၊ ဘောင်ခတ်ခြင်းသဘောကို ကျွန်ုပ် ဆိုလိုသည်။ ထိုမှတစ်ပါး အခြားသော အဓိပ္ပာယ် အထွေအထူး မရှိပါ။ ဝိဂြိုဟ်ဝစနတ္ထ ဝိတ္ထာရပြုနေဖို့ မလိုပါ။ ပြောရိုးဆိုရိုး စကားသာပါ။ အများသူငါ သိလွယ်သော စကားသာပါ။
မီ။ ။ထိုဝေါဟာရတို့ကို ကျွန်ုပ်လည်း သုံးဖူးသည်။ ကျွန်ုပ် နားလည်ပါသည်။ ။
ဆော့။ ။ကောင်းပါပြီ။ ဂျီဩမေတြီပညာ၌ သုံးစွဲကြသော စကား များတွင် မျက်နှာပြင်ဟူသော စကား၊ အစိုင်အခဲဟူသော စကားတို့ကို အသင် သိပါလိမ့်မည်။ ။
မီ။ ။သိပါသည်။
ဆော့။ ။ကောင်းပါပြီ။ သိသည်ဆိုလျှင် ကျွန်ုပ် ဖွင့်ဆိုချင်သော ဂုဏ်သိက္ခာသဘောကို အသင် နားလည်ဖို့ ခဲယဉ်းတော့မည် မဟုတ်ပါ။ ပုံဟူသည် အဘယ်နည်း၊ အစိုင်အခဲကို အဆုံးသတ်ထားသော၊ ဘောင်ခတ်ထား သော အရာဖြစ်၏ဟု ကျွန်ုပ် ဖွင့်ချင်သည်။ ခပ်တိုတို ဆိုရလျှင် ပုံဟူသည် အစိုင်အခဲ၏ နယ်နိမိတ်ဟု ဆိုနိုင်သည်။ ။
မီ။ ။အရောင်သဘောကိုလည်း ပြောဦးမှပေါ့။
ဆော့။ ။မီနိုလေး၊ ကျွန်ုပ် အိုပါပြီ။ သက်ကြီးရွယ်အိုကို အသင် သြဇာပေးလွန်းသည် ထင်သည်။ နွားပျိုကလေးကမူ ဆရာကြီး ဒေါ့ဂျီယ ပြောဟော ခဲ့သော ဂုဏ်သိက္ခာအကြောင်းကို ယခုအထိ တစ်လုံးတစ်ပါဒမျှ မဟသေး။ ရေငုံထားသည်။
 မီ။ ။ဆော့ခရတ္တိ၊ ကျွန်ုပ် မေးသည်ကို အသင်ဖြေပြီးမှသာ အသင် မေးသည်ကို ကျွန်ုပ် ဖြေမည်။
စာပိုဒ် ၉ 
ဆော့။ ။မီနိုလေး၊ အသင်၏ ပြောပုံဆိုပုံကို ထောက်ခြင်းအားဖြင့် အသင်၏ ရုပ်ဆင်းအင်္ဂါကို မမြင်ကြရစေကာမူ အသင် လူချော ဖြစ်မည်။ အသင်၌ ချစ်သူ ခင်သူ ပေါမည်၊ အလိုလိုက်သူ ပေါမည်ဟု လူတိုင်း ရိပ်မိ နိုင်သည်။
မီ။ ။ဆော့ခရတ္တိ၊ အဘယ်ကြောင့်နည်း၊ ဖွင့်စမ်းပါဦး။ | ဆော့။ ။အဘယ်ကြောင့်ဆိုသော် သင့်စကားတွင် လှဂုဏ်ကိုးသံ ပါသောကြောင့် ဖြစ်သည်၊ ထန်လွန်းသောကြောင့် ဖြစ်သည်။ အသင်သည် ကိုယ်ထူကိုယ်ထ အားထုတ်မည်ဟု ကြံစည်ချင်ပုံမရ။ သူတစ်ပါးကို ခိုင်းလိုက် ချင်သောသူသာ ဖြစ်သည်။ အသင်သည် လူတကာ ဖူးဖူးမှုတ်၍ ခေါင်းပေါ်တင် ထားသောသူနှင့် တူသည်။ နုနယ်ရုပ်ဆင်း ပျိုမျစ်ခြင်းဂုဏ်နှင့် ပြည့်စုံသူနှင့် တူသည်။ ခက်သည်မှာ ကျွန်ုပ်ကလည်း ချစ်စရာရူပါရုံနှင့် တွေ့လျှင် အလို မလိုက်ဘဲ မနေနိုင်သူဖြစ်သည်။ အသင်ကလည်း ပုထုဇဉ်သဘာဝကို သိထားသူ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည် ချစ်စရာရူပါရုံက ထန်သမျှကို သည်းခံ၍ ဖြေရမည်ပေါ့၊ ဖြေပါမည်။ ။
မီ။ ။ဖြေမည်ဆိုသည့်အတိုင်း ဖြေပါ။
ဆာ။ ။မီနို၊ အရောင်သဘောကို ဆရာကြီးဒေါ့ဂျိယ၏ လေသံ အတိုင်း ဖြေစေချင်ပါသလော၊ ထိုသို့ ဖြေမှ အသင် သဘောပေါက်လွယ်မည် ထင်သည်။
မီ။ ။ထိုသို့ ဖြေနိုင်လျှင် ပို၍ သဘောကျသည်။
ဆော့။ ။ကောင်းလှပါပြီ။ (ဂေါ့ဂျိယ၏ လေသံအတိုင်း) ငါ့တပည့်တို့၊ အရောင်သဘောကို ဤသို့ မှတ်လိုက်ကြပါကုန်။ လောကေ၊ လောက၌ တည်ရှိသမျှ ဖြစ်သော ရုပ်ဝတ္ထုတို့တွင် ပဘဝ အစအမွန်ဖြစ်သော၊ တနုပလ သေးငယ်သော အမွှေးတို့သည် ရှိကြကုန်၏။ မီနို၊ အသင်၏ ဆရာကြီးသည် ထိုသို့ဆိုခဲ့သည် မဟုတ်ပါလော။ ထိုအယူအဆသည် သိပ္ပံဆရာကြီး အင်ပိဒါ ကလိ၏ အယူအဆ မဟုတ်ပါလော။
မီ။ ။ဟုတ်ပါသည်။
ဆော့။ ။ထို့နောက် ငါ့တပည့်တို့၊ ပဝေသမဂ္ဂ အဝင်လမ်းကြောင်းသည် ရှိ၏၊ ဆိုခဲ့သော အမွှေးတို့သည် ထိုအဝင်လမ်းကြောင်းသို့ ဝင်၍ ယိုစီးတတ် ကြကုန်၏။ မီနို၊ ထိုသို့လည်း ဆိုသေးသည် မဟုတ်ပါလော။
 မီ။ ။ဆိုပါသည်။
ဘု။ ။တစ်ဖန် ငါ့တပည့်တို့၊ တနုပဋလ၊ သေးငယ်သော အမွှေးတို့ သည် ပဝေသမဂ္ဂ အဝင်လမ်းကြောင်းနှင့် တော်သဖြင့် ဝင်နိုင်ယိုစီးနိုင်ကြ၏။ အချို့လည်း ငယ်လွန်းသဖြင့် အချို့လည်း ကြီးလွန်းသဖြင့် ဝင်ခြင်း ယိုစီးခြင်းငှာ မတတ်နိုင်ကြကုန်။ မီနို၊ ထိုသို့လည်း ဆိုသေးသည် မဟုတ်ပါလော။
မီ။ ။ဆိုပါသည်။ ။ | ဆော့။ ။ထို့နောက် ငါ့တပည့်တို့၊ စက္ခုပသာ မျက်စိအကြည်ဓာတ် သည် ရှိ၏။ မီနို၊ ထိုသို့ ဆိုပြန်သည်၊ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။ ။
ဆော့။ ။“ငါဆိုသမျှ၊ အဝဝကို၊ ယူကြမှတ်ကြ၊ တတ်ကြကုန်လော့” ဟူသော ကဗျာဝိဇ္ဇာဓိုရ် စာဆိုမဟာ မင်းပင်ဒါ၏ ဝါစာသိလိဋ္ဌ အနုသာသန စကားနှင့်အညီ တွံ အသင်မီနိုက ယူလော့၊ မှတ်လော့၊ တတ်ပါကုန်လော့။ အရောင်ဟူသည်ကား အခြားမဟုတ်၊ စက္ခုပသာဒ၌ ထင်လာသည်လည်းဖြစ်၏။ စက္ခုဝိညာဉ် မြင်သိစိတ်ဖြင့် သိသည်လည်း ဖြစ်၏။ ထိုသို့ ထင်လာ သိလာ အောင် ပုံမှယိုစီး ဖြာထွက်ခြင်းသည် ရှိ၏၊ အရောင်ဟူသည် ထိုအခြင်းအရာ ပါပေတည်း။ မီနို၊ မသေမချင်း မှတ်လေ။
မီ။ ။ဆော့ခရတ္တိ၊ အသင်၏အဖြေ၌ ပညာသားပါသဖြင့် ချီးကျူး ပါသည်။
ဆော့။ ။ထိုဟန်မျိုး ထိုလေသံမျိုးဖြင့် ပြောလျှင် အသင် ကြိုက်လိမ့်မည် ဟု ကျွန်ုပ် သိထားပါသည်။ အဘယ့်ကြောင့်ဆိုသော် အသင်တို့ ကြားနေကျ နာနေကျဖြစ်သော စကားအသွားအလာ ဟိတ်ဟန်ဖြင့် ကျွန်ုပ် ဆိုခဲ့သောကြောင့် ပင်။ ထို့ပြင် မီနို၊ ထိုသို့သော စကားအသွားအလာ ဟိတ်ဟန်မျိုးဖြင့်သာ ဖွင့်ရမည်ဆိုလျှင် ကျွန်ုပ်သည် အနံ့ အကြောင်းကိုလည်း အလွယ်တကူ ဖွင့်နိုင် သည်။ အသံအကြောင်းကိုလည်း အလွယ်တကူဖွင့်နိုင်သည်။ ကျန်သော အာရုံတို့ အကြောင်းကိုလည်း အလွယ်တကူ ဖွင့်နိုင်သည်။
မီ။ ။တသီတတန်းကြီး ဖွင့်နိုင်သည်။ အလွယ်တကူ ဖွင့်နိုင်မှ ကောင်းမည်။ ။
ဆာ။ ။စာသံပေသံပါသောကြောင့်ပေကိုး။ ဟုတ်စ။ ထို့ကြောင့် သာလျှင် ပုံသဘောကို ကျွန်ုပ်၏အလေ့အလာအတိုင်း ဖွင့်ခဲ့ပုံထက် အရောင် သဘောကို ဂေဂျိယ၏ လေသံအတိုင်း ကျွန်ုပ် ယခုဖွင့်ပုံကို အသင် ပို၍ ကြိုက်သည်ပါ့၊ ဟုတ်စ။
မီ။ ။ဟုတ်သည်ပေါ့။
စာပိုဒ် ၁ဝ 
ဆော့။ ။သို့ရာတွင် ဖွင့်ပုံနှစ်ခုရှိသည့်အနက် ပုံသဘောကို ဖွင့်ပုံက သာသည်ဟု ကျွန်ုပ် ယူပါသည်။ မီနို၊ ကျွန်ုပ် ဖြေပြီးပါပြီ။ သို့ရာတွင် အသင် မနေ့က ဆိုခဲ့သည့်အတိုင်း ဂိုဏ်းသွင်းပွဲအခမ်းအနား မပြီးသေးခင် ထပြန်ရန် အသင့်မှာ အကြောင်းထူး မရှိပါက မထပါနှင့်ဦး။ ဆက်၍နာပါဦး၊ ကျွန်ုပ်၏ အကြိုက်များကို အသင် ကြိုက်လာပါလိမ့်မည်။ အသင် မပြန်ပါနှင့်ဦး။ သင်တန်း တက်ပါဦး။
မီ။ ။စာသံပေသံ ပါပါသာ ပြောပါ။ မထတမ်း ထိုင်နာပါမည်။
ဆော့။ ။နှစ်ဦးစလုံး၏အကျိုးကို မျှော်၍ ကျွန်ုပ် အားထုတ်ပါမည်။ သို့ရာတွင် အသင်၏ အကြိုက်အတိုင်း စာသံပေသံပါပါ အကြာအရှည် ကျွန်ုပ် ပြော၍ရမည် မထင်ပါ။ အသင်၏ အလှည့်လည်း ကျန်နေသေးသည်။ ဂုဏ်သိက္ခာသဘောကို ပြောပြမည်ဟု အသင် ကတိပေးခဲ့သည် မဟုတ်ပါလော။ အသင်က နိုင်အောင်ချေပလိုက်သဖြင့် အသင်၏ အချေအပကို ခံရသောသူသည် ဉာဏ်များသူဖြစ်လျှင် စကားကေတိကာတိ ပြောလာတတ်သည်။ အသင်၏ ကတိအတိုင်း ဂုဏ်သိက္ခာသဘောအကြောင်းကို အသင်ပြောသောအခါ၌လည်း ဂုဏ်သိက္ခာ အများအပြားရှိ၏ ဟူသော ဆင်ခြေအဟောင်းဘက်သို့ အသင် လှည့်လာမည်ဆိုလျှင် လှည့်လာနိုင်သည်။ ထိုသို့ကား လှည့်မလာစေချင်ပါ။ ဂုဏ်သိက္ခာသဘောကိုသာ အသင်ရှင်းပြပါတော့။ အသင် တွေးတတ် ကြံတတ် အောင် ကျွန်ုပ်သည် တွေးနည်းကြံနည်းပုံစံကို အသင့်အား ပေးပြီးခဲ့ပါပြီ။
မီ။ ။ကောင်းပါပြီ ဆော့ခရတ္တိ၊ ပညာရှိတစ်ဦး၏ အဆိုကို ကျွန်ုပ် တင်ပြမည်။ သူ့အဆိုအရသော် ဂုဏ်သိက္ခာ သဘောသည် “ကောင်းသော အမှုတို့၌ သာဓုအနုမောဒနာ ခေါ်တတ်၍ ကောင်းသောအမှုတို့အတွက် စွမ်း ဆောင်နိုင်သော အရည်အချင်း' ဖြစ်၏ဟု ဆိုလိုဟန်တူသည်။ ထိုအဆိုကို ကျွန်ုပ် သဘောကျသည်။ ထို့ကြောင့် ဂုဏ်သိက္ခာသဘောသည် ကောင်းသော အမှုကို အလိုရှိ၍ အကောင်းဖြစ်အောင် စွမ်းဆောင်နိုင်သော အရည်အချင်း ဖြစ်သည်ဟု ကျွန်ုပ် ဆိုချင်သည်။
ဆော့။ ။ကောင်းပါပြီ။ ဖွင့်ပုံသင့်ပါသည်။ သို့ရာတွင် ထိုအဆိုကို ကျွန်ုပ် စိစစ်ကြည့်ချင်သည်။ မီနို၊ ကောင်းသောအမှုကို အလိုရှိသူသည် အကောင်းကို အလိုရှိ၏ဟု အသင် ဆိုမည်လော။
မီ။ ။ဆိုပါမည်။
 ဆော့။ ။လောက၌ မကောင်းသောအမှုကို အလိုရှိသူများလည်းရှိ၏။ ကောင်းသောအမှုကို အလိုရှိသူများလည်း ရှိ၏ဟု အသင် ယူချင်ပါသလော။ သို့တည်းမဟုတ် လူအားလုံးပင် ကောင်းသောအမှုကိုချည်း (ဝါ) အကောင်းကို ချည်း အလိုရှိကြကုန်၏ဟု ယူမည်လော။
မီ။ ။ထိုသို့ကား မယူလိုပါ။
ဆာ။ ။ထိုသို့တပြီးကား၊ အချို့သည် မကောင်းသော အမှုကို အလို ရှိကြ၏ဟု ဆိုရာရောက်သည်ပေါ့။
မီ။ ။ဟုတ်ပါသည်။
ဆော့။ ။မေးချင်ပါသေးသည်။ ထိုအချို့သည် မကောင်းသည်ကို အကောင်းဟု အထင်မှားသော အကြောင်းကြောင့် မကောင်းသောအမှုကို အလိုရှိကြခြင်းဖြစ်သလော၊ သို့တည်းမဟုတ် မကောင်းသည်ကို မကောင်းမှန်း သိပါလျက် မကောင်းသောအမှုကို အလိုရှိကြခြင်း ဖြစ်သလော။
မီ။ ။နှစ်မျိုးစလုံး ဖြစ်သည်ဟု ထင်ပါသည်။
ဆာ။ ။သြ ထိုသို့လော။ ထိုသို့ဆိုလျှင် မေးပါရစေဦး မီနို၊ အကြင်သူသည် အဆိုးကို အဆိုးဟု သိ၏။ ထိုသူသည် ထိုအဆိုးကို အလို ရှိသေး၏ဟု ဆိုမည်လော။
မီ။ ။ဆိုရမည်ပေါ့။ အထက်ကလည်း ထိုသဘောမျိုးကို ဆိုခဲ့ပြီ မဟုတ်လော။
ဆော့။ ။ကောင်းပါပြီ။ မေးချင်ပါသေးသည်။ အလိုရှိခြင်းဆိုသည်မှာ အဘယ်နည်း။ တစ်ခုခုကို အပိုင်ရလိုခြင်း မဟုတ်ပါလော။
မီ။ ။ဟုတ်ပါသည်။
ဆော့။ ။အကြင်သူသည် အဆိုးဟု အပိုင်ရ၏၊ ထိုသူကို ထိုအဆိုးသည် အကျိုးပြုမည်ဟု ထိုသူအထင်ရှိပါသလော။ သို့တည်းမဟုတ် အကြင်သူသည် အဆိုးကို အပိုင်ရ၏၊ ထိုသူကို ထိုအဆိုးသည် အန္တရာယ်ပြုမည်ဟု ထိုသူ သိပါသလော။
မီ။ ။ဆော့ခရတ္တိ၊ အဆိုးသည် အကျိုးပြုတတ်၏ဟု အထင်ရှိသူ တို့လည်း ရှိကြ၏။ အဆိုးသည် အန္တရာယ်ပြုတတ်၏ဟု သိသူတို့လည်း ရှိကြသည်။
ဆော့။ ။ကောင်းပြီ။ အဆိုးကိုအကျိုးဟု အယောင်ရှိသူတို့သည် အဆိုးကို အဆိုးဟု သိကြပါသလော။
 မီ။ ။သိမည်ဟု ကျွန်ုပ် မထင်ပါ။
ဆာ။ ။ထိုသို့ဆိုလျှင် အဆိုးကို အလိုရှိသူတို့သည် အဆိုးကို အဆိုးဟု မသိကြသူများသာ ဖြစ်နိုင်သည်။ ထိုသူတို့ အလိုရှိသော အရာတို့ သည် အဆိုးဖြစ်ကြပါသော်လည်း ထိုအဆိုးကို အကျိုးဟု အထင်မှားကြသော ကြောင့်သာ ထိုအဆိုးကို အလိုရှိကြခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုသူတို့ အကယ် အလိုရှိသောအရာသည် အဆိုးမဖြစ်နိုင်။ အကျိုးသာ ဖြစ်နိုင်သည်ဟု ဆိုရလိမ့်မည်။ ဟုတ်ပါသလော။
မီ။ ။ထိုသို့ဆိုပြန်တော့လည်း ဟုတ်သလိုလိုပင်။ | ဆော့။ ။အသင်ဆိုခဲ့သည့်အတိုင်း အဆိုးရသူကို အဆိုးက အန္တရာယ် ပြုတတ်၏ဟု အထင်ရှိသူတို့သည် မိမိတို့ကိုယ်ကို အဆိုးက အန္တရာယ် ပြုလိမ့်မည်ဟု သိကြမည် မဟုတ်ပါလော။
မီ။ ။သိကြမည်ပေါ့။
ဆော့။ ။သို့ရာတွင် အန္တ ရာယ် အပြုခံရသူတို့သည် အန္တရာယ် များသလောက် ဒုက္ခကြီးရသည်ဟု သိကြမည် မဟုတ်ပါလော။
မီ။ ။သိကြမည်ပေါ့။
ဆော့။ ။ဒုက္ခရောက်သူတို့သည် အဆိုးနှင့် တွေ့ကြရသည် မဟုတ် ပါလော။
မီ။ ။တွေ့ကြရပါသည်။
ဆော့။ ။ထိုသို့ဆိုလျှင် ဒုက္ခရောက်လိုသော၊ အဆိုးနှင့် တွေ့လိုသော သူသည် လောက၌ ရှိနိုင်ပါသလော။
မီ။ ။ရှိနိုင်မည် မထင်ပါ။
ဆော့။ ။ထိုသို့တပြီးကား၊ အချင်းမီနို၊ မိမိကိုယ်တိုင်က လူဆိုးလုပ်ချင် သူ မဟုတ်လျှင် မည်သူမျှ အဆိုးကို အလိုရှိမည် မဟုတ်။ အဘယ့်ကြောင့် ဆိုသော် ဒုက္ခ ကြီးလွန်းသောကြောင့်ပင်။
မီ။ ။ဆော့ခရတ္တိ၊ ထိုသို့ဆိုလျှင်လည်း အသင်၏ စကားသည် ဟုတ်ပုံ ရမည်၊ ဟုတ်စရာ ရှိသည်။
စာပိုဒ် ၁၁ 
ဆာ။ ။ကောင်းပါပြီ။ အသင် အခုနက ဆိုခဲ့သော စကားတွင် ဂုဏ်သိက္ခာ သဘောသည် အကောင်းကို အလိုရှိ၍ အကောင်း ဖြစ်အောင် စွမ်းဆောင် နိုင်သော အရည်အချင်းဖြစ်၏ဟု ပါသည်၊ ဟုတ်ပါသလော။
 မီ။ ။ဟုတ်ပါသည်။ ပါပါသည်။ | ဆော့။ ထိုအဆိုတွင် နှစ်ပိုင်းရှိသည့်အနက် ပထမပိုင်းဖြစ်သော အလိုရှိခြင်းသည် (ဝါ) လောဘသည် လူခပ်သိမ်း၏ ပုထုဇဉ်သဘာဝဖြစ်သည်။ ထိုသဘောအရဆိုလျှင် လောဘသားချည်း ဖြစ်ကြသောကြောင့် သူလည်း အတူတူ ငါလည်း အတူတူ ဖြစ်သည်၊ ဟုတ်ပါသလော။
မီ။ ထင်ရှားပါသည်။ လောဘအရာတွင် သူလည်း အတူတူ၊ ငါလည်း အတူတူပါ။
ဆော့။ ။သို့ရာတွင် လူတစ်ဦးသည် အခြားတစ်ဦးထက် ပို၍ တော် သည် သာသည်ဟု ဆိုလျှင် မည်သည့်အရာမျိုး၌ ဖြစ်နိုင်သနည်း။ စွမ်းဆောင် နိုင်ခြင်း၌ (ဝါ) အရည်အချင်း၌ ပို၍တော်သည် သာသည်ဟု ဆိုရလိမ့်မည် ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။ ။
ဆော့။ ။အသင်ဆိုခဲ့သော စကားအရသော် ဂုဏ်သိက္ခာသဘောသည် အကောင်းဖြစ်အောင်ပြုနိုင်သော အရည်အချင်း ဖြစ်သည်။
မီ။ ။အချင်းဆော့ခရတ္တိ၊ အားလုံးစုံကို ခြုံ၍ ငုံ၍ စဉ်းစားလျှင် ဂုဏ်သိက္ခာသဘောသည် အသင်ယူသည့်အတိုင်းဖြစ်မည် ထင်သည်။
ဆော့။ ။ဒုတိယပိုင်းဖြစ်သော အကောင်းသဘောကိုဆက်၍ စဉ်းစား ကြရအောင်။ အသင်၏ စကားတွင် ဂုဏ်သိက္ခာ သဘောသည် အကောင်း ဖြစ်အောင် စွမ်းဆောင်နိုင်သော အရည်အချင်းဖြစ်၏ဟု ပါသည်။ ဟုတ်ပါ သလော။
မီ။ ။ဟုတ်ပါသည်၊ ပါပါသည်။
ဆော့။ ကောင်းပြီ။ အကောင်းဆိုသည်မှာ ကျန်းမာခြင်း၊ ပစ္စည်း ရှိခြင်းဖြစ်၏ဟု အသင်ဆိုမည်လော။ ။
မီ။ ။ဆိုပါမည်။ အကောင်းစုထဲမှာ ထည့်ထားပါသည်။ စိန်ရွှေငွေ တို့ကိုလည်း ထည့်လိုပါသည်။ ရာထူးဂုဏ်ထူးကိုလည်း ထည့်လိုသည်။
ဆော့။ ။အသင်၏ အကောင်းစုထဲတွင် ထပ်၍ ထည့်ချင်ပါသေး သလော။
မီ။ တော်လောက်ပါပြီ။ ဆိုခဲ့သော အရာမျိုးဖြစ်လျှင် သင့်ပါပြီ။
ဆော့။ ။ကောင်းပါပြီ။ အသင်၏ အလိုအတိုင်း ဆိုရသော် စိန်ရွှေငွေ ရအောင် စွမ်းဆောင်နိုင်သောအရည်အချင်းသည် ဂုဏ်သိက္ခာသဘောဖြစ်၏ဟု ဆိုရာရောက်သည်။ ထိုအဆိုတွင် “သဒ္ဓမ္မနည်းဖြင့်" ဟူသော ပုဒ်ကို ထည့်ချင်ပါ သလော၊ သို့တည်းမဟုတ် “သဒ္ဓမ္မနည်းဖြင့်”ပုဒ်ကိုထည့်ခြင်းအားဖြင့် ထူးမလာ  ပါဟု အသင် ဆိုမည်လော၊ ထို့ပြင် “အဓမ္မနည်းဖြင့်"ပုဒ်ကို ထည့်လျှင်လည်း ထူးမလာပါဟု ဆိုမည်လော။
မီ။ ။ထူးမလာပါဟု ဆိုလိုက်လျှင် ဂုဏ်သိက္ခာသဘော မဟုတ်နိုင် တော့ပါ။
ဆော့။ ။ဂုဏ်သိက္ခာသဘော မဟုတ်နိုင်တော့ဟု ဆိုလျှင် မကောင်း သော ဆိုးသွမ်းသော ပါပသဘောဟု ဆိုရမည်လော။
မီ။ ။ဆိုရမည်ပေါ့။
ဆော့။ ။ထိုသို့ဆိုရမည်ဖြစ်လျှင် စွမ်းဆောင်နိုင်သော အရည်အချင်း ဟူသော စကားတွင် “သဒ္ဓမ္မနည်းဖြင့်”ဟူသော ပုဒ်သော်လည်းကောင်း၊ “စောင့် စည်းခြင်း သံယမဖြင့်”ဟူသော ပုဒ်သော်လည်းကောင်း၊ “စိတ်ကောင်းဖြင့် ဟူသော ပုဒ်သော်လည်းကောင်း၊ “ဂုဏ်သိက္ခာ၏ အခြားအစိတ်အပိုင်း တစ်ခုခု ဖြင့်”ဟူသောပုဒ်သော်လည်းကောင်း ပါမှသာ ဂုဏ်သိက္ခာသဘောဟု ခေါ်ရမည် ကဲ့သို့ ဖြစ်ပြီ။ မပါခဲ့သော် အကောင်းပင် ဖြစ်စေကာမူ အကောင်းဖြစ်အောင် စွမ်းဆောင်နိုင်သောအရည်အချင်းသည် ဂုဏ်သိက္ခာသဘော မဟုတ်တော့ဟု ဆိုရလိမ့်မည်။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။ | ဆော့။ ။ထို့ပြင် မေးချင်ပါသေးသည်။ အသင့်အတွက် ဖြစ်စေ၊ သူတစ်ပါးအတွက် ဖြစ်စေ၊ စိန် ရွှေ ငွေ တို့ကို အဓမ္မနည်းဖြင့် ရအောင် စွမ်းဆောင်နိုင်ခြင်း ရှိပါလျက် အဓမ္မမှန်း သိသောကြောင့် စွမ်းဆောင်ခြင်းမပြုဘဲ နေလိုက်ခြင်းကို (ဝါ) လျစ်လျူပြုလိုက်ခြင်းကိုလည်း ဂုဏ်သိက္ခာသဘောဟုပင် အသင် ဆိုမည်လော။
မီ။ ။ဆိုရမည်ကဲ့သို့ပင်။
ဆော့။ ။ထိုသို့တပြီးကား၊ သဒ္ဓမ္မနည်းဖြင့် အကောင်း ရအောင် စွမ်းဆောင်နိုင်ခြင်းကိုသာမက အဓမ္မနည်းဖြင့် ရမည်ကို သိပါလျက် ရအောင် စွမ်းဆောင်ခြင်းမပြုဘဲ လျစ်လျူပြုခြင်းကိုလည်း ဂုဏ်သိက္ခာသဘောဟု ဆိုရ တော့မည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ သဒ္ဓမ္မပါလျှင် ဂုဏ်သိက္ခာ သဘော ဖြစ်သည်၊ သဒ္ဓမ္မမပါလျှင် ပါပသဘောဖြစ်သည်ဟူသောအဆိုက ပို၍ တိကျပုံ ရသည်။
မီ။ ။ဟုတ်ပါသည်။ အသင်၏အယူကို ကြိုက်ပါသည်။
စာပိုဒ် ၁၂ 
ဆော့။ မကောင်းပြီ။ မေးစရာရှိပါသေးသည်။ ခုနက ကျွန်ုပ်တို့ ဆိုခဲ့သော စကားတွင် သဒ္ဓမ္မသည်လည်းကောင်း၊ စောင့်စည်းခြင်းသံယမသည် လည်းကောင်း ထိုကဲ့သို့သော အခြားတရားတို့သည်လည်းကောင်း ဂုဏ်သိက္ခာ၏ အစိတ်အပိုင်း အသီးသီးဖြစ်၏ဟုဆိုခဲ့ကြသည်၊ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။ ဆိုခဲ့ကြပါသည်။ ဆာ။ ။ထိုသို့ဆိုခဲ့ကြလျှင် မီနိုသည် ကျွန်ုပ်ကို အရူးလုပ်ပြန်ပါပြီ။ မီ။ ။မလုပ်ရပါတကား။ ပသို့နည်း၊ ရှင်းပါဦး။
ဆော့။ ။မီနို၊ ဂုဏ်သိက္ခာသဘောကို အစိတ်စိတ်ဖြစ်အောင် မခွဲလိုက်ပါ နှင့်။ ဂုဏ်သိက္ခာသဘောကို ကျွန်ုပ်အား အသင်ကပေးသောအခါ အကြွေအနှိပ် အဖြစ်ဖြင့် မပေးပါနှင့်ဟု ကျွန်ုပ် မေတ္တာရပ်ခံခဲ့သည် မဟုတ်ပါလော။ ထို့ပြင် ဂုဏ်သိက္ခာသဘောကို အသင်တွေးတတ် ကြံတတ် ရှာတတ်အောင် တွေးနည်း ကြံနည်း ရှာနည်းပုံစံကိုလည်း အသင့်အား ကျွန်ုပ် ပေးခဲ့သည် မဟုတ်ပါလော။ သို့ရာတွင် ကျွန်ုပ်၏ တွေးနည်း ကြံနည်း ရှာနည်းပုံစံကို အသင် ဂရုမစိုက် နေခဲ့သည်။ ယခုသော် စွမ်းဆောင်နိုင်ခြင်းဖြစ်၏ဟုလည်း အသင် ဆိုသည်။ သဒ္ဓမ္မတရားကို ဂုဏ်သိက္ခာ၏ အစိတ်အပိုင်း တစ်ခုဟုလည်း အသင် ဆိုသည်။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။
ဆော့။ ။ထိုသို့အသင်ဆိုလျှင် ဂုဏ်သိက္ခာ၏အစိတ်အပိုင်းတစ်ခုဖြင့် ပြုနိုင်ခြင်းကို ဂုဏ်သိက္ခာသဘောဟု အသင် ဆိုရာမရောက်ပြီလော။ အဘယ် ကြောင့်ဆိုသော် သဒ္ဓမ္မသည်လည်းကောင်း၊ အခြားတရားတို့သည် လည်းကောင်း ဂုဏ်သိက္ခာ၏ အစိတ်အပိုင်းအသီးသီး ဖြစ်၏ဟု ခုနက ဆိုခဲ့သောကြောင့် ဖြစ်သည်။ အသင့်ကို ကျွန်ုပ်မေးစဉ်အခါကသော် ဂုဏ်သိက္ခာ သဘောကိုသာ မေးခြင်းဖြစ်သည်။ အသင်ကမူ ကျွန်ုပ်မေးသည်ကိုမဖြေ။ ဂုဏ်သိက္ခာသဘောကို ကျွန်ုပ်အား အသင်ပြောပြီး ရှင်းပြီး ဖြစ်သကဲ့သို့ ဂုဏ်သိက္ခာသဘောသည် ဂုဏ်သိက္ခာ၏ အစိတ်အပိုင်းတစ်ခုဖြင့် ပြုနိုင်ခြင်းဖြစ်၏ဟု အသင် ဖြေသည်။ အသင်သည် အညှာသဘောကို မပြော။ အသီးတည်းဟူသော အစိတ်အပိုင်း တို့၌သာ တဝဲလည်လည် ဖြစ်နေပြန်သည်။ ထိုအချက်ကို ကျွန်ုပ် မရိပ်မိဟု အသင် ထင်ပါသလော။ ထို့ကြောင့် မီနို၊ ဂုဏ်သိက္ခာသဘောသည် အဘယ်နည်းဟူသော မေးခွန်းဟောင်းကိုသာ အသင် ထပ်၍ ရင်ဆိုင်ရဦးမည် ဖြစ်သည်။ မီနို၊ ဂုဏ်သိက္ခာ၏ အစိတ်အပိုင်းတစ်ခုဖြင့် ပြုနိုင်ခြင်းကို ဂုဏ်သိက္ခာသဘောဟု  အသင်ဆိုလျှင် ထိုအဆို၏သဘောအရ သဒ္ဓမ္မနည်းဖြင့် ပြုနိုင်ခြင်းဟူသမျှကို ဂုဏ်သိက္ခာသဘောဟု အသင်ဆိုရာ ရောက်လိမ့်မည်။ ထို့ကြောင့် မေးခွန်း ဟောင်းကို ကျွန်ုပ်က ထပ်၍ မမေးသင့်ပြီလော။ သို့တည်းမဟုတ် ဂုဏ်သိက္ခာ သဘောကိုမျှ ကျွန်ုပ်တို့ မသိကြသေးခင် ဂုဏ်သိက္ခာ၏ အစိတ်အပိုင်းတစ်ခုခုကို ကျွန်ုပ်တို့ သိနိုင်စွမ်း ရှိမည်ဟု အသင် ယူချင်သလော။
မီ။ ။ဆော့ခရတ္တိ ထိုသို့လည်း ယူ၍ မဖြစ်ပါ။
ဘု။ ။မီနို၊ အသင်မှတ်မိပါလိမ့်ဦးမည်။ ပုံသဘောနှင့် စပ်လျဉ်း၍ ကျွန်ုပ် အဖြေပေးစဉ်အခါကသော် ဟုတ်၏မှန်၏ဟု လက်မခံသေးသော၊ စူးစမ်းဆဲဖြစ်သော အနေဖြင့်သာ ကျွန်ုပ်တို့ အားထုတ်ဖွင့်ဆိုခဲ့သော အဖြေမျိုးကို ကျွန်ုပ်တို့ ပယ်ခဲ့ကြသည် မဟုတ်ပါလော။
မီ။ ။ဟုတ်ပါသည်။ ထိုသို့သော အဖြေမျိုးကို ပယ်ခဲ့ကြသည်မှာ အလွန် နည်းလမ်းကျပါသည်။
✥﹤--- www.ebooks4mm.org ---﹥✥

၁၁။ ဆော့ခရတ္တိ၏ ပညာသင်ကြားမှု အယူအဆ 
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် မီနို (Meno) ကထာမှပင် ကောက်နုတ် သော စာပိုဒ်အမှတ် ၁၃ မှ ၂၁ အထိ ဖြစ်သည်။
ထိုခေတ်က ဆိုဖီဆရာတို့၏ ပညာသင်ပုံသင်နည်းသည် ဆရာ ဖြစ်သူက နည်းနာပေး၍ တပည့်ကို လေ့ကျင့်စေခြင်းဖြစ်သည်။ ဗဟုသုတ ပေး၍ အလွတ်ကျက်စေခြင်းဖြစ်သည်။ ထိုသို့သော ပညာသင်ပုံသင်နည်း သာလျှင် အကောင်းဆုံးဟု ယူဆကြသည်။ မီနိုသည် ထိုသို့သော ပညာ သင်ပုံ သင်နည်းနှင့် ရင်းနှီးခဲ့ရသူဖြစ်သည်။ ဆော့ခရတ္တိသည် ထိုသို့သော ပညာသင်ပုံ သင်နည်းကို မကျေနပ်။ လိုလေသေး ဖြစ်နေ၏ဟု ယူဆသူ ဖြစ်သည်။ ပညာသင်ပေးရာတွင် တပည့်များကို သူတို့ဘာသာ သူတို့ စဉ်းစား၍ အကောင်း အဆိုး အမှား အမှန်တို့ကို ခွဲခြားတတ်အောင် ဆရာဖြစ်သူက စနစ်တကျ မေးခြင်းအားဖြင့်လည်းကောင်း၊ စနစ်တကျ စူစမ်းမှုပြုစေခြင်းအားဖြင့်လည်းကောင်း တပည့်၏ ဉာဏ်ကို ငင်ထုတ် ပေးသင့်သည်ဟုလည်း ယူဆသူ ဖြစ်သည်။ ထိုသို့ ယူဆသည့်အတိုင်း ဆွေးနွေးပွဲများတွင် ဆော့ခရတ္တိသည် သူ့နည်းကို လက်တွေ့ကျင့်သုံး ခဲ့သည်ဖြစ်ရာ ဆိုဖီဆရာများ၏ သင်ပုံသင်နည်း၌ ပြည့်စုံခြင်းမရှိသေး သည်ကို ဖော်ထုတ်ရာ ရောက်ခဲ့သည်။
 ဖော်ပြလတ္တံ့သော စာပိုဒ်များတွင် ဆော့ခရတ္တိ၏ ပညာသင်ကြားမှု အယူအဆကို သိနိုင်ပါသည်။ ဆော့ခရတ္တိ အသုံးပြုခဲ့သော သင်ပုံသင်နည်း သည် တစ်ကမ္ဘာလုံးရှိ ပညာရေးလောက၌ ယနေ့တိုင် စံနမူနာကောင်း တစ်ခုအဖြစ်ဖြင့် ကျော်စောလျက်ရှိသည်ဟုဆိုကြပါသည်။ “ဆော့ခရတ္တိနည်း ဟူ၍ပင် ခေါ်ကြပါသည်။ ထိုသင်နည်းအရသော် ဆရာသည် တပည့်ကို ဦးဆောင်၍ သင့်တော်သော မေးခွန်းများဖြင့် တပည့်၏ဉာဏ်ကို ဝင် ထုတ်ပေးခြင်းဖြစ်ရာ တပည့်တွင် စဉ်းစားဆင်ခြင်တတ်သော ဉာဏ်ကို ရ၍ အသိပညာ ဖြစ်လာသည်ဟု ယေဘုယျအားဖြင့် ဆိုကြသည်။ တပည့်၌ မွေးဖွားလာအပ်သော ကိုယ်ပိုင်ဉာဏ်ကို ဆရာက ဝမ်းဆွဲကဲ့သို့ ဖွားစေအပ်သည်နှင့်တူ၏ဟု ဥပမာပေးခဲ့ပါသည်။ ဆိုဖီဆရာတို့၏ သင် နည်းအရသော် ဆရာတော် နည်းနာပြ၍ တပည့်ကို လေ့ကျင့်ခိုင်းခြင်းသော် လည်းကောင်း၊ ဗဟုသုတပေး၍ ကျက်မှတ်ခိုင်းခြင်းသော်လည်းကောင်း ဖြစ်ရာ အတော်ဆုံးတပည့်တွင် တူအောင်တုတတ်ခြင်းသာရှိ၍ ကျက်မှတ် ထားသည်ကို ပြန်အံပြနိုင်ခြင်းသာရှိ၏ဟု ယေဘုယျအားဖြင့် ဆိုကြသည်။ ဝါးဖတ်ထမင်းကို ခြုံပေးသည်နှင့်တူ၏ဟု ဥပမာပေးတတ်ကြပါသည်။
ဆော့ခရတ္တိ၏ သင်ပုံသင်နည်းနှင့် စပ်လျဉ်း၍ တွေ့နိုင်သည်မှာ ဤသို့ ဖြစ်သည်။ ဆော့ခရတ္တိသည် သင်္ချာအတတ်ကို မသင်ဖူးသော သူငယ်တစ်ဦးအား ရှေးခေတ်ဂရိသင်္ချာဆရာတစ်ဦးဖြစ်သော ပိုင်မဲ့ဂရဲ့ (Pythagoras)၏ ဂျီသြမေထရီဆိုင်ရာ သီအိုရမ်တစ်ခု (Theorem)ကို သင်ပြသည်။ ထိုသီအိုရမ်၏ သဘောမှာ စတုရန်းတစ်ခုကို နှစ်ဆပြုလိုလျှင် ထိုစတုရန်းရှိ ထောင့်ဖြတ်မျဉ်းကို အနားမျဉ်းအဖြစ် အသုံးပြုမှသာ စတုရန်းနှစ်ဆကို ရသည်ဟူသော သဘောဖြစ်သည်။ ဆော့ခရတ္တိသည် ထိုသဘောကို သင်ပေးရာတွင် မြေကြီး၌ သက်ဆိုင်ရာ စတုရန်းပုံများ ရေးခြစ်ပြီးနောက် ရေလာမြောင်းပေးသဘောရှိသော မေးခွန်းများကို မေး၍ သင်သည်။ (ကထာစာတမ်း၌ သရုပ်ပြပုံများပါသည်။ ကခ၊ကထ စသော အခေါ်စကားများလည်းပါသည်။ ထိုသို့ပါခြင်းသည် ဆော့ခရတ္တိ၏ အာဘော် ကို နှောင်းလူကို လွယ်လင့်တကူ သိနိုင်စိမ့်သောငှာ အဋ္ဌကထာဆရာတို့က ထည့်ပေးခဲ့သောကြောင့် ဖြစ်သည်။) ဤသို့ဖြင့် သူငယ်ကို စဉ်းစားခိုင်း၍ သူ့အလိုအလျောက် အဖြေမှန်ကို သိစေသည်။ ပထမတွင် စတုရန်းကို နှစ်ဆပြုလိုလျှင် အနားမျဉ်းအသီးသီးကိုလည်း နှစ်ဆပြုရသည်ဟု သူငယ် သည် စဉ်းစားခဲ့သည်။ ထိုအမှားကို သူငယ်သည် သူ့အလိုအလျောက် မြင်လာအောင် ဆော့ခရတ္တိက မေးခွန်းများမေး၍ သင်လိုက်ရာ သူငယ်သည် သူ့အမှားကို သူမြင်လာသည်။ တစ်ဖန် အမှန်ကို သူ့အလိုအလျောက် မြင်လာအောင် ဆော့ခရတ္တိက နောက်ထပ် မေးခွန်းများမေး၍ သင်ပြန်သည်။
လာမြောင်းပေးသက်ဆိုင်ရာ စတုရ ပင်သည်။ ( က  ထိုသို့သော သင်ပုံသင်နည်းကို ပလေးတိုးက မှတ်တမ်းတင်ခဲ့သည်။ ထိုမျှသာမကသေးပါ။ ပလေးတိုးသည် မီနိုကထာတွင် ဆရာစွဲကြီးသော မီနို၊ အာစရိယဝါဒသမားသက်သက်ဖြစ်သော မီနို၊ မိမိကိုယ်ကို အထင်ကြီး သော မီနို၏ သဘာဝ ပေါ်အောင် သရုပ်ဖော်ခဲ့သည်ဟုလည်း ဆိုကြပါသည်။
သိလာသည်၊ ပညာတတ်လာသည်ဟု ဆိုတတ်ကြသော သဘော သည် ပြန်လည်မှတ်မိ သတိရလာခြင်း အနုဿတိ သဘောဖြစ်ကြောင်း၊ ထိုအနုဿတိသဘောကို ဆရာ၏ မေးခွန်းများဖြင့်လည်းကောင်း၊ စူးစမ်း ရှာဖွေစေခြင်းဖြင့်လည်းကောင်း စင်ထုတ်အပ်ကြောင်း ဆိုထားသည်ကို ဆင်ခြင်ရန် ဖြစ်သည်။
စာပိုဒ် ၁၃ 
ဆော့ခရတ္တိ။ ။အချင်းမီနို၊ အသင်၏အလှည့် ရောက်လာပြီ။ ဂုဏ်သိက္ခာ သဘောကို စူးစမ်းရာ၌ အသင်သည် ထိုသို့ သဘောထားပါ၊ ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာ သဘောကိုမျှ မသိကြသေးသဖြင့် စူးစမ်းနေကြရသည်၊ သဘောကို စူးစမ်းနေကြဆဲ၌ ဂုဏ်သိက္ခာ၏ အစိတ်အပိုင်းတို့ကို အသင် ဆိုခဲ့သည်။ ထိုသို့ ဆိုခြင်းအားဖြင့် ဂုဏ်သိက္ခာသဘောကို အသင်ရှင်းနိုင်ပြီဟု အသင်အထင်ရှိ နေပါသလော။ အစိတ်အပိုင်းတို့ကို အကြောင်းပြု၍ အခြားနည်း တင်ပြခြင်း အားဖြင့်လည်း ဂုဏ်သိက္ခာသဘောကို အသင်ရှင်းနိုင်ပြီဟု အသင် အထင်ရှိနေ ပါသလော။ မီနို၊ ဂုဏ်သိက္ခာသဘောသည် အဘယ်နည်းဟူသော ဒုံရင်းမေးခွန်း သို့ပင် အသင် ပြန်ဆိုက်၍ အသင် ရှင်းရဦးမည်သာ ဖြစ်သည်။ မီနို၊ ပသို့နည်း။ ကျွန်ုပ်၏ စောဒနာကို အသင် ကြိုက်ပါသလော။
မီနို။ ။ကြိုက်ပါသည်။ အသင်၏ စောဒနာကို မမှားဟုထင်သည်။
ဆော့။ ။ထိုသို့တပြီးကား၊ အသင် သိသည်ဆိုသော ဂုဏ်သိက္ခာသဘော ကို အစကစ၍ ရှင်းပြပါဦး။ အသင်နှင့် အသင်၏ အပေါင်းအသင်းဖြစ်သော ဆိုဖီဆရာကြီး ဒေါ့ဂျိယတို့သည် မည်သို့ ဆိုကြပါသနည်း။ ။
မီ။ ။ဆော့ခရတ္တိ၊ အသင်သည် ကျွန်ုပ်ကြားဖူးသည်နှင့် ညီလှပေ သည်။ အသင်သည် အမြဲတစေ ဒွိဟဖြစ်နေသူဖြစ်၏ဟုလည်းကောင်း၊ သူတစ်ပါး ကို ဒွိဟဖြစ်အောင် ပြုတတ်သူဖြစ်၏ဟုလည်းကောင်း ကျွန်ုပ် ကြားဖူးသည့် အတိုင်း ယခု ကျွန်ုပ် ကိုယ်တွေ့ဖြစ်နေပြီ။ ကျွန်ုပ်၏စိတ်တွင် အသင်သည် စုန်း မှော်၊ နတ်မှော် ရသော မှော်ဆရာကြီး ဖြစ်နေပြီ။ အသင်သည် ဂါထာမျိုးစုံ မန္တန်မျိုးစုံတို့ကို မန်းမှုတ်၍ ကျွန်ုပ်၏ စိတ်၌ ရှင်းနေသည်ကို ရှုပ်ကုန်အောင်၊ ရှုပ်နေသည်ကို ထွေးကုန်အောင် ပြုစားခဲ့ပြီ။ ရယ်စရာတစ်ခုကို ပြောပါရစေ။ အပြစ်မြင်လျှင် သည်းခံပါ။ အသင်၏ ရုပ်လက္ခဏာကိုလည်းကောင်း၊ အသင်၏  စွမ်းရည်ကိုလည်းကောင်း ကျွန်ုပ် အကဲခတ်၍ ရသမျှ ဥပမာပေးရမည်ဖြစ်လျှင် အသင်သည် တော်ပီဒိုငါးနှင့် တူ၏ဟု ကျွန်ုပ် ဆိုချင်သည်။ တော်ပီဒိုငါး၏ သဘောသည် သူ့အနီးသို့ ရောက်လာ၍ သူနှင့် ထိမိသည်ဖြစ်လျှင် သူ့အထိကို ခံရသော သတ္တဝါသည် ချက်ချင်း ဓာတ်လိုက်၍ ထုံခြင်းကျဉ်ခြင်း ဖြစ်ရရှာသည်။ ထိုနည်းတူစွာ အသင်နှင့် တွေ့ရသော ကျွန်ုပ်သည်လည်း ထုံသကဲ့သို့ ကျဉ်သကဲ့သို့ ဖြစ်၍ မိန်းမောတွေဝေခြင်း ဖြစ်ရသည်။ ကျွန်ုပ်တွင် ဉာဏ်လည်း မထွက်တော့ပြီ။ အာစေးလျှာစေးထည့်ထားသကဲ့သို့လည်း ဖြစ်ရပြီ။ ယခင် အခါများကသော် ကျွန်ုပ်သည် ဂုဏ်သိက္ခာအကြောင်းကို ကြီးမားလှသော ပရိသတ် ဗိုလ်ပုံအလယ်၌ အကြိမ်ပေါင်းအရာတစ်ထောင်မက တခမ်းတနား ပြောခဲ့ဟောခဲ့ဖူးသည်။ ကျွန်ုပ် ပြောဟောသမျှသည် အကောင်းချည်းဖြစ်သည်ဟု ကျွန်ုပ် ယုံကြည်ခဲ့သည်။ ယခုမူ ဂုဏ်သိက္ခာသဘောသည် အဘယ်နည်း၊ ကျွန်ုပ်ကိုယ်ကို ကျွန်ုပ် ပြန်၍မေးရတော့မည့်ဘဝသို့ ရောက်နေပြီ။ ဆော့ခရတ္တိ၊ အသင်သည် အက်သင်းမြို့မှ တစ်ဖဝါးမျှမခွာဘဲနေသည်မှာ တော်လေစွ။ အဘယ်ကြောင့်ဆိုသော် အသင်၏ ဇာတိဖြစ်သော အက်သင်းမြို့တွင် အသင် ပြောဟောခြင်း၊ စိစစ်ခြင်း ပြုလေ့ရှိသည့်အတိုင်း အရပ်တစ်ပါး၌ အသင်ပြုခဲ့ သည်ရှိသော် စုန်းမော်၊ နတ်မှော် ရသော မှော်ဆရာကြီးဟု အသင့်ကို ယိုးစွပ် ကြမည်မှာ မုချဖြစ်သည်။
ဘု။ ။လူမွှေကလေး မီနိုလေ၊ အသင်သည် ကျွန်ုပ်ကို လှလှကြီး တစ်ပတ်ရိုက်ခဲ့ပြီ။ ။
မီ။ ။ဆော့ခရတ္တိ၊ ပသို့နည်း။ တစ်ပတ်မရိုက်ရပါတကား။ | ဆော့။ ။ရိုးရိုးတန်းတန်းသာ အသင်ပြောနေသည်ဟု ကျွန်ုပ် ထင်မိ သည်။ ကျွန်ုပ်ကို တော်ပီဒိုငါးနှင့် နှိုင်းခိုင်းလိုက်သောအခါ၌မူကား အသင့်မှာ အကြံရှိပြီဟု ကျွန်ုပ် ရိပ်မိလာသည်။
မီ။ ။အလိုလေးလေး၊ ကျွန်ုပ်၏ အကြံဆိုသည်မှာ အဘယ်နည်း၊ ဆိုစမ်းပါဘိ။
ဆော့။ ။အသင်လည်း ဥပမာ အပေးခံလိုသောကြောင့် မဟုတ်ပါလော။ လူချောလူလှတို့၏ သဘောကို ကျွန်ုပ် သိထားသည်။ လူချောလူလှတို့သည် သူတို့ကို နှိုင်း၍ ခိုင်း၍ ပြောစေချင်ကြသည်။ သူတို့သည် ချောပြီးလှပြီး ဖြစ်ကြသဖြင့် အနှိုင်းအခိုင်းခံရသော အခါ၊ ဥပမာ အချောအလှ၏ ဂုဏ်ကိုလည်း သူတို့ရ၍ အရသာခံနိုင်ကြသောကြောင့် ဖြစ်သည်။ မီနို၊ အသင်၏ ကျော့ကွင်းသို့ ကျွန်ုပ် မဝင်ပြီ။ အသင့်ကို ဥပမာ အချောအလှဖြင့် တုံ့ပြန်၍ မနှိုင်းမခိုင်းလိုပြီ။ အကယ်၍ အသင်ဆိုသော တော်ပီဒိုငါးကိုယ်တိုင်က ထုံခြင်း၊ ကျဉ်ခြင်းဖြစ်နေ  သောကြောင့် သူတစ်ပါးကိုလည်း ထုံစေ၊ ကျဉ်စေ တတ်သည် ဖြစ်လျှင် အသင်၏ ဥပမာသည် သင့်ပေသည်။ ထိုသို့မဟုတ်လျှင်ကား မသင့်။ အဘယ့် ကြောင့်ဆိုသော် သူတစ်ပါးကို ကျွန်ုပ်က ဒွိဟဖြစ်အောင် ပြုမိခြင်းသည် ကျွန်ုပ်ကိုယ်တိုင်က ဒွိဟဖြစ်နေသောကြောင့်သာ ဖြစ်သည်။ ကျွန်ုပ်အဖို့မှာ ဂုဏ်သိက္ခာသဘောကို ယခုတိုင် မသိရိုးအမှန် ဖြစ်သည်။ အသင်ကမူကား ကျွန်ုပ်နှင့် ထိတွေ့မိခြင်း မရှိမီအခါကသော် ဂုဏ်သိက္ခာအကြောင်းကိုသိ၏ဟု ဆိုခဲ့သည်။ ယခုမှသာ မသိဟု အသင့်စိတ်တွင် အထင်ရောက်လာခြင်းဖြစ်သည်။ ရှိပါစေတော့။ ရှေးဦးစွာ ကျွန်ုပ်တို့ မသိကြသေးသော ဂုဏ်သိက္ခာ သဘောကို သိရအောင် ကျွန်ုပ် ရှာကြည့်ချင်သည်။ အသင်ကသာ ကျွန်ုပ်ကို ဖေးဖေးမမ ပြုပေးပါဘိ။
စာပိုဒ် ၁၄ 
မီ။ ။ဆော့ခရတ္တိ၊ ဖြစ်နိုင်ပါမည်လော။ အသင် မသိသော အရာကို အသင် မည်သို့ ရှာမည်နည်း။ အသင့် မသိသော အရာများအနက် မည်သည့်အရာကို အသင် ရှာ၍ တင်ပြမည်နည်း။ ကံကောင်းထောက်မသဖြင့် အသင်သည် အသင်မသိသောအရာနှင့် ဝင်တိုးမိသည်ဆိုပါဦး၊ ထိုအရာသည် အသင် မသိ သော အရာဖြစ်၏ဟု အသင် မည်သို့ သိပါမည်နည်း။
(ဤယုတ္တိစကားသည် ဆိုဖီဆရာကြီးများ၏ လက်သုံးစကားတစ်ရပ် ဖြစ်သည်။ မီနိုက ပြန်ပြောခြင်းမျှသာ ဖြစ်သည်။)
ဆော့။ ။မီနို၊ အသင်ဆိုလိုသော အချက်ကို ကျွန်ုပ် မြင်ပါသည်။ အသင်၏ ဆင်ခြေကို ဟုတ်လှပြီဟု အသင် အထင်ရှိနေပုံရသည်။ စင်စစ်မှာ အသင်၏ ဆင်ခြေသည် စိတ်မောစရာကောင်းလှသည်၊ အသင်၏ဆင်ခြေသည် စကားလှယုတ္တိမျှသာ ဖြစ်သည်။ အသင်၏ ဆင်ခြေကိုထောက်သော် ဤသို့ မြင်နိုင်သည်။ အကြင်သူသည် သိ၏၊ ထိုသူသည် သိသည်ကိုရှာရန် အားထုတ် မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် သိပြီးဖြစ်၍ ရှာဖို့မလိုသောကြောင့် ဖြစ် သည်။ အကြင်သူသည် မသိ၊ ထိုသူသည် မသိသည်ကို ရှာရန် အားထုတ်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် ရှာရမည့်အရာကို မသိသောကြောင့် ဖြစ်သည်။ အသင်၏ ဆင်ခြေသည် ထိုသို့ မဟုတ်ပါလော။
မီ။ ။ကျွန်ုပ်၏ ဆင်ခြေသည် သင့်သည် မဟုတ်ပါလော။ ဘု။ ၂။သင့်သည်ဟု ကျွန်ုပ် မထင်ပါ။ စကားလှယုတ္တိမျှသာ။
 မီ။ ။အဘယ်ကြောင့်နည်း။ အကြောင်းပြပါ။
ဆော့။ ။ပြပါမည်။ ထူးခြားသောစကားတို့ကို လူယောက်ျား လူမိန်းမ အချို့ထံမှ ကျွန်ုပ် ကြားဖူးသည်။
မီ။ ။ထိုသူတို့သည် မည်သည့်အကြောင်းအရာတို့ကို ဆိုခဲ့ကြ သနည်း။
ဆော့။ ။မှန်သောအကြောင်းအရာ တင့်တယ်သော အကြောင်းအရာ တို့ကို ဆိုခဲ့ကြသည်ဟု ကျွန်ုပ် ယူဆသည်။
မီ။ ။အဘယ် အကြောင်းအရာများပေနည်း၊ မည်ကဲ့သို့သော ပုဂ္ဂိုလ်များက ဆိုခဲ့ကြပါသနည်း။
| ဆော့။ ။ဆိုခဲ့ကြသော ပုဂ္ဂိုလ်များတွင် နတ်ဒေဝါတို့၏ အပူးအဝင်ခံရ၍ နတ်ဝိဇ္ဇာကိုရကြသော ပုစ္ဆာန်းဆရာတို့ ပါကြပါသည်။ ထိုသူတို့သည် နတ်ဒေဝါ တို့၏ အမြင်ကို ဟောကြရသည်ဖြစ်သောကြောင့် ဖြစ်နိုင် မဖြစ်နိုင် ချိန်ဆ ဆင်ခြင်ရသူများ ဖြစ်ကြသည်။ ထို့နောက် ပင်ဒါကဲ့သို့သော စာဆိုပညာရှိများ လည်း ပါကြသည်။ ထိုသူတို့သည် တက်ကြွသော ဥဒါနစိတ်ဖြင့် စာဆိုကြ သ များ ဖြစ်ကြသည်။ ထိုသို့သော အခြား ပုဂ္ဂိုလ်များလည်း ပါကြသေးသည်။ မီနို၊ ထိုပုဂ္ဂိုလ်တို့၏ ထူးခြားသောစကားကို နာကြည့်ပါ။ ဟုတ် မဟုတ် မှန် မမှန်ကိုလည်း ဆင်ခြင်ပါ။ ကျွန်ုပ် ပြန်၍ပြောပြပါမည်။ ထိုပုဂ္ဂိုလ်တို့က ဆိုကြ သည်မှာ လူသတ္တဝါ၏ နာမ်ဓာတ် (ဆိုက္ကို Psyche) သည် အမတသဘော ဖြစ်သည်။ ထိုနာမ်ဓာတ်သည် ပျက်စီးခြင်းဘင်္ဂသို့ ရောက်တတ်သည်။ ထိုအခါ သေသည်၊ စုတေသည်ဟု အရပ်စကားဆိုတတ်ကြသည်။ ထိုနာမ်ဓာတ်သည်ပင် တစ်ဖန်ပြန်၍ ပဋိသန္ဓေယူတတ်သည်။ အပြီးအစီးချုပ်ငြိမ်းခြင်းသို့ကား စင်စစ် မရောက်။ ထို့ကြောင့် အကျွန်ုပ်တို့သည် ဤဘဝတွင် သူတော် သူမြတ်တို့၏ အကျင့်အာစာရနှင့် ပြည့်စုံအောင် အစွမ်းကုန် အားထုတ်ကြရမည်။ ဤသို့လျှင် ထိုပုဂ္ဂိုလ်တို့က ဆိုကြပါသည်။ စာဆိုကြီးပင်ဒါက ဖွဲ့ဆိုသည်မှာ
”ထိုသူတို့သည် ရှေးအကုသိုလ်ကံကြောင့် အောက်ဟေဒိအပါယ်ဘုံသို့ ရောက်ခဲ့ကြရသည်။ သို့ရာတွင် ဟေဒိအပါယ်ဘုံကို အစိုးရသော ဟေဒိနတ်မင်း (ယမမင်း) ၏ နတ်မိဖုရား ပါဆီဖှိသည် မည်သူ့ထံမှပင်ဖြစ်စေ ထိုသူတို့ အကျိုးငှာ လျော်ကြေးကို လက်ခံလိမ့်မည်။ ထို့နောက် နဝမမြောက်နှစ်တွင် ထိုသူတို့၏ နာမ်ဓာတ်တို့ကို နေမင်း၏ အလင်းရောင်ရှိရာအရပ်သို့ ပြန်ပို့လိမ့် မည်။ ထိုအခါမှစ၍ မင်းဧကရာဇ်တို့သည်လည်းကောင်း၊ ဘုန်းသမ္ဘာနှင့်ပြည့်စုံ သော သူတို့သည်လည်းကောင်း၊ ပညာကြီးသူတို့သည်လည်းကောင်း ထိုနာမ်  ဓာတ်တို့မှ တစ်ဖန်ပြန်၍ ဇာတိသဘောကို ရယူကြခြင်း ဖြစ်သည်။ ထိုသူ တို့ကို မြတ်သော အာဇာနည်ပုဂ္ဂိုလ်များဟု ကာလအဓွန့်ရှည်စွာ ခေါ်ဝေါ် သမုတ်ကြရပေသည်”
မီနို၊ ထိုစကား ထိုစာတို့ကို ထောက်၍ သိနိုင်သည်မှာ ဤသို့ဖြစ်သည်။ နာမ်ဓာတ်သည် အမတသဘောဖြစ်၍ ကြိမ်ဖန်များစွာ ပဋိသန္ဓေယူတတ်ခြင်း ရှိသည်ဖြစ်ရာ ထိုနာမ်ဓာတ်သည် လူ့ဘုံ၌လည်းကောင်း၊ အောက် ဟေဒီ အပါယ်ဘုံ၌လည်းကောင်း ကျင်လည်၍ အမြင်မျိုးစုံ၊ အကြားမျိုးစုံ၊ အတွေ့မျိုးစုံ တို့ကို မြင်ခဲ့ ကြားခဲ့ တွေ့ခဲ့ရသည်။ ထိုအခါ နာမ်ဓာတ် မသိသောအရာဟု လောက၌ မရှိသလောက်ဖြစ်သည်။ ထို့ကြောင့် နာမ်ဓာတ်သည် ဘဝများစွာ သံသရာက သိခဲ့သော ဂုဏ်သိက္ခာတရားကိုလည်းကောင်း၊ ထိုသို့သော အခြား တစ်ပါးသော အရာတို့ကိုလည်းကောင်း မှတ်မိသတိရနိုင်စွမ်းရှိမည်မှာ မုချဖြစ် သည်။ နာမ်ဓာတ် မြင်ခဲ့ ကြားခဲ့ တွေ့ခဲ့သော အရာအားလုံးစုံသည် သဘာဝ အားဖြင့် ဆက်စပ်ခြင်း၊ နီးစပ်ခြင်းရှိ၍ ထိုအရာအားလုံးစုံကိုပင် နာမ်ဓာတ် သည် သိခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့ကသာ မတွန့်သော သတ္တိဖြင့် လည်းကောင်း၊ မလျှော့သောလုံ့လဖြင့်လည်းကောင်း မသိသည်ကို စူးစမ်းခြင်း၊ ရှာဖွေခြင်း ပြုနိုင်ကြသည်ဖြစ်လျှင် တစ်ခုတည်းသော အရာကိုသာမက အားလုံးစုံသော အရာတို့ကိုပါ ပြန်၍ မှတ်မိသတိရလာနိုင်စရာ အကြောင်း ရှိသည်။ အရပ်စကားဖြင့် ဆိုရသော် သိလာသည်၊ ပညာတတ်လာသည်ဟု ဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သိခြင်း၊ ပညာတတ်ခြင်းတို့သည် ပြန်လည်မှတ်မိ သတိရခြင်း အနုဿတိသဘော ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် မီနို၊ သိသည်ကိုလည်း သိသောအကြောင်းကြောင့် ရှာရန် အားထုတ်မည် မဟုတ်၊ မသိသည်ကိုလည်း မသိသောအကြောင်းကြောင့် ရှာရန်အားထုတ်မည် မဟုတ်ဟူသော အသင်၏ ဆင်ခြေသည် စကားနိုင်လု၍ ပြောသောစကားမျှသာ ဖြစ်သည်။ စကားလှယုတ္တိမျှသာ ဖြစ်သည်။ ထိုစကားလှယုတ္တိ နောက်သို့ ကျွန်ုပ်တို့ မလိုက်သင့်ကြပြီ။ စကားလှယုတ္တိဟူသည် လူကို နိုးကြားထကြွခြင်း မရှိအောင် ပြုတတ်၍ လူပျင်းလူဖျင်းတို့ အဖို့သာ သာယာအပ်သော စကား ဖြစ်သည်။ အခြားသော ဆင်ခြေသည်ကား စူးစမ်းလိုသော ဆန္ဒကိုလည်းကောင်း၊ အားထုတ်လိုသော လုံ့လကိုလည်းကောင်း နှိုးဆော်တတ်သည်ဟု ကျွန်ုပ်ယူသည်။ ထိုသို့ယူ၍ ဂုဏ်သိက္ခာသဘောကို စူးစမ်းခြင်းပြုလိုသည်။ မီနိုကသာ ကျွန်ုပ်ကို ကူပါ။
စာပိုဒ် ၁၅ 
မီ။ ။ကောင်းပါပြီ၊ ကူပါမည်။ သို့ရာတွင် မေးချင်ပါသေးသည်။ သိလာသည် ပညာတတ်လာသည်ဟု ဆိုသောသဘောသည် စင်စစ်မှာ အနုဿတိ သဘော  ဖြစ်၏ဟု အသင်ဆိုခဲ့သည်။ အဘယ်ကြောင့် ထိုသို့ဆိုပါသနည်း။ အသင်ကဲ့သို့ ယူတတ် ဆိုတတ်အောင် ကျွန်ုပ်ကို သင်ပြပါဦးလော့။
ဆာ။ ။စောစောကလည်း အသင့်ကို လူကလေးမီနိုလေဟု ကျွန်ုပ် ဆိုခဲ့ရသည်။ ယခုလည်း လူမွှေကလေး မီနိုလေဟုပင် ဆိုရဦးတော့မည်။ သိလာသည်၊ ပညာတတ်လာသည် ဟူသော သဘောသည် အနုဿတိသဘော ဖြစ်၏ဟု ကျွန်ုပ် ဆိုခဲ့ပါလျက် သင်ပေးပါ၊ ပြပေးပါဟု အသင် နည်းတောင်း နေခြင်းသည် သဘောရိုးတောင်းခြင်းလော၊ ကျွန်ုပ်၏ အပြောနှင့် ကျွန်ုပ်၏ အပြုအမူတို့ ရှေ့နောက်မညီရာရောက်အောင် အသင်ပြု၍ အမှားဖမ်းလိုသော ကြောင့်လော။
မီ။ ။ဆော့ခရတ္တိ၊ မဟုတ်ရပါ။ စိတ်ကူးထဲ၌ပင် ကျွန်ုပ် မထည့်မိ ပါ။ ကျိန်ဆိုလျှင် ကျိန်ဝံ့ပါသည်။ သင်ပေးပါ၊ ပြပေးပါဟု ကျွန်ုပ်က နည်း တောင်းမိခြင်းသည် ဝသီပါနေသောကြောင့်သာ ဖြစ်ပါသည်။ သို့ရာတွင် အသင်၏ အယူအဆအတိုင်း ဖြစ်နိုင် မဖြစ်နိုင်ကိုကား ကျွန်ုပ် သိလိုသည်။ တစ်နည်းနည်းဖြင့် သက်သေထူပါဘိ။
ဆော့။ ။လွယ်သောကိစ္စကား မဟုတ်ပါ။ သို့ရာတွင် အသင့် အကျိုး အတွက် ကျွန်ုပ် အစွမ်းကုန် အားထုတ်ပါမည်။ အသင့်မှာ လက်ပါးစေ လူငယ်အမြောက်အမြား ပါလာသည်ကို ကျွန်ုပ် မြင်ရသည်။ အသင်ကြိုက်ရာ တစ်ဦးဦးကို ရွေး၍ခေါ်ပါ။ သူ့ကို အခြေခံပြု၍ ကျွန်ုပ်၏ အယူအဆအတိုင်း သိခြင်း၊ ပညာတတ်ခြင်းဟူသည် မှတ်မိ သတိရခြင်း အနုဿတိသဘော ဖြစ်နိုင်ကြောင်း သက်သေထူပါမည်။
မီ။ ။ကောင်းပါပြီ။ (လက်ပါးစေလူငယ်တစ်ဦးသို့) တဲ့၊ နင် လာခဲ့စမ်း။ | ဆော့။ ။မီနို၊ ဤသူငယ်သည် ဂရိအမျိုးသားပေလော၊ ဂရိစကား ပြောတတ်ပါသလော။
မီ။ ။ဂရိအမျိုးသားဟု ဆိုပါတော့၊ ကျွန်ုပ်၏ ငယ်မွေးခြံပေါက်ပါ။

ဆော့။ ။ဤသူငယ်ကို ကျွန်ုပ် မေးခွန်းထုတ်၍ မေးကြည့်မည်။ ထိုအခါ သူသိလာခြင်းသည် ကျွန်ုပ်၏ သင်ပြမှုကြောင့်လော၊ သူ၏ အနုဿတိသဘောကြောင့်လော၊ ဤအချက်ကို အသင် စောင့်ကြည့်ပါ။
မီ။ ။ကောင်းပါပြီ၊ စောင့်ကြည့်ပါမည်။ | ဆော့။ ။(သူငယ်သို့) လူကလေး၊ လေးထောင့် (စတုရန်း)ခွင်ဆိုသည် မှာ ဤပုံမျိုးပေလော။ (စတုရန်းပုံကို မြေပြင်၌ ဆွဲပြသည်။ သရုပ်ပြပုံ ၁ ကို ကြည့်ရန်။)
သူငယ်။ ။ဟုတ်ပါသည်၊ ဤပုံမျိုး ဖြစ်ပါသည်။
ဆာ။ ။ကောင်းပြီ၊ လေးထောင့်ခွင်ကို ကြည့်ပါ။ အနားမျဉ်းလေးခု သည် ညီကြပါ၏လော။ ။
သူငယ်။ ။ညီကြပါသည်။
ဆော့။ ။ခွင်ထဲတွင် အလယ်၌ ကြက်ခြေခတ်ဆွဲထားသော မျဉ်းနှစ်ခု သည်လည်း ညီကြပါသလော။
သူငယ်။ ။ထိုမျဉ်းနှစ်ခုလည်း ညီကြပါသည်။
ဆော့။ ။လူကလေး၊ ဤခွင်ထက်ပို၍ကြီးအောင်သော်လည်းကောင်း၊ သေးအောင်သော်လည်းကောင်း ဆွဲချင်လျှင် ဆွဲနိုင်ပါသလော။
သူငယ်။ ။ဆွဲနိုင်ပါသည်။ ။
ဆော့။ ။ဟုတ်ပြီ။ ဤဘက်က အနားမျဉ်းသည် နှစ်ပေရှည်၍ ထိုဘက်က အနားမျဉ်းသည်လည်း နှစ်ပေပင် ရှည်သည်ဖြစ်လျှင် ဤခွင်တစ်ခုလုံး ၏ အကျယ်အဝန်း(ဧရိယာ)သည် ပေပေါင်းမည်မျှရှိမည်နည်း။ နေဦး၊ တစ်မျိုး မေးပါဦးမည်။ အကယ်၍ ဤခွင်သည် ဤဘက်၌ နှစ်ပေရှည်၍ ထိုဘက်၌ တစ်ပေသာရှည်သည်ဖြစ်လျှင် ခွင်တစ်ခုလုံး၌ နှစ်ပေသည် တစ်ကြိမ်တည်းသာ ရှိမည် မဟုတ်ပါလော။
သူငယ်။ ။ဟုတ်ပါသည်။ နှစ်ပေသည် တစ်ကြိမ်တည်းသာပါ။
ဆော့။ ။ဤခွင်၌ ဤဘက်တွင်လည်း နှစ်ပေရှည်၍ ထိုဘက်တွင်လည်း နှစ်ပေရှည်သည်၊ ထို့ကြောင့် ဤခွင်တစ်ခုလုံး၌ နှစ်ပေသည် နှစ်ကြိမ်ရှိသည် မဟုတ်လော။ ။
သူငယ်။ ။ဟုတ်ပါသည်။
ဘု။ ။ထိုသို့ဆိုလျှင် ခွင်တစ်ခုလုံး၏ အကျယ်အဝန်းသည် နှစ်ပေ၏ နှစ်ဆ မဖြစ်ပြီလော။
သူငယ်။ ။ဖြစ်ပါသည်။
 ဆော့။ ။နှစ်ပေ၏ နှစ်ဆသည် ပေပေါင်း မည်မျှ ဖြစ်သနည်း။ လူကလေး၊ ဤဘက်တွင်နှစ်ပေ၊ ထိုဘက်တွင်နှစ်ပေ ရေကြည့်ပါ၊ ရေပြီးမှ ပြောပါ။
သူငယ်။ ။ဆော့ခရတ္တိ၊ လေးပေ ရပါသည်။
စာပိုဒ် ၁၆ 
ဆော့။ ။ဟုတ်ပြီ။ ဤခွင်ထက် နှစ်ဆကြီးသောခွင် ရှိနိုင်ပါသလော၊ ပုံပန်းချင်း တူရမည်၊ ဤခွင်မှာကဲ့သို့ အနားမျဉ်းညီ ဖြစ်ရမည်။
သူငယ်။ ။ဟုတ်ပါသည်၊ နှစ်ဆကြီးသောခွင် ရှိနိုင်ပါသည်။
ဆော့။ ။ကောင်းပြီ။ နှစ်ဆကြီးသောခွင် ရှိနိုင်သည်ဖြစ်လျှင် နှစ်ဆ ကြီးသောခွင်၏ အကျယ်အဝန်းသည် ပေပေါင်း မည်မျှ ဖြစ်မည်နည်း။
သူငယ်။ ။ဤခွင်ထက် နှစ်ဆကြီးသည် ဖြစ်သောကြောင့် အကျယ် အဝန်းသည် ရှစ်ပေ ဖြစ်ရလိမ့်မည်။ ။
ဆော့။ ။ကောင်းပြီ။ နှစ်ဆကြီးသောခွင်၏ အနားမျဉ်းကော ပေပေါင်း မည်မျှ ဖြစ်မည်နည်း။ ဤခွင် (သရုပ်ပြပုံ ၁)၏ အနားမျဉ်းသည် နှစ်ပေ ဖြစ်သည်၊ ထို့ကြောင့် နှစ်ဆကြီးသောခွင်၏ အနားမျဉ်းသည် ပေပေါင်း မည်မျှဖြစ်မည်နည်း။
သူငယ်။ ။ဆော့ခရတ္တိ၊ အလွယ်သာပါ။ ဤခွင် (သရုပ်ပြပုံ ၁) ရှိ အနားမျဉ်း၏ နှစ်ဆ ဖြစ်လာရမည်ပေါ့။
ဆော့။ ။(မီနိုဘက်သို့ လှည့်၍) အချင်း မီနို၊ ကျွန်ုပ်သည် သူ့ကို သင်ပြခဲ့သည် မဟုတ်။ အစဉ်အတိုင်း မေးခွန်းထုတ်၍ မေးခဲ့ခြင်းသာ မဟုတ ပါလော။ ရှစ်ပေ(စတုရန်း)ခွင်အတွက် လိုအပ်သော အနာမျဉ်း၏ အတိုင်း အရှည်ကို သသိသည်ဟု သူ အထင်ရှိနေပြီ။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။ ဆာ။ ။စင်စစ်မှာ သူ အကယ် သိပါ၏လော။ မီ။ ။မသိရှာပါ။
ဆော့။ ။ခွင်က နှစ်ဆဖြစ်လာသောကြောင့် ထိုခွင်၏ အနားမျဉ်း ကလည်း နှစ်ဆဖြစ်လာရမည်ဟု သူ့အထင်ဖြင့် သူဆိုခဲ့ခြင်းသာ မဟုတ်ပါလော။
မီ။ ။ဟုတ်ပါသည်။
စာပိုဒ် ၁၇ 
ဆော့။ ။မီနို၊ တစ်ဆင့်ပြီးတစ်ဆင့် သူ မှတ်မိသတိရလာပုံကို အသင် စောင့်ကြည့်ပါ။ ကျွန်ုပ် မေးခွန်းထုတ်ပါဦးမည်။ (သူငယ်ဘက်သို့ လှည့်၍) လူကလေး၊ အနားမျဉ်းကို နှစ်ဆပြုလိုက်လျှင် ခွင်နှစ်ဆ ရလာလိမ့်မည်ဟု အသင် ဆိုမည်လော။ ခွင်သည် အနာမျဉ်းညီသောခွင် ဖြစ်ရမည်၊ ဤခွင် (သရုပ်ပြပုံ ၁) ၏နှစ်ဆဖြစ်မည်၊ တစ်နည်းဆိုရသော် အသင်ဆိုခဲ့သောရှစ်ပေ (စတုရန်း)ခွင်ကို ဆိုလိုသည်။ လူကလေး၊ အနားမျဉ်းကို နှစ်ဆပြုလိုက်လျှင် ခွင်နှစ်ဆ ရလာလိမ့်မည်ဟု အသင် ဆိုမည်လော။
သူငယ်။ ။ဆိုပါမည်။ ။ | ဆော့။ ။ကောင်းပြီ၊ ကြည့်ရအောင်။ လူကလေး၊ ဤခွင် (သရုပ်ပြပုံ ၁)၌ ဤဘက်တွင် ဤအနားမျဉ်း (ကခ)မှ ဤအနားမျဉ်း (ခစ)ကို ဆက်၍ ဆွဲလိုက်လျှင် ဤအနားမျဉ်း (ကစ)သည် ဤအနားမျဉ်း (ကခ)၏ နှစ်ဆ ဖြစ်မလာပြီလော။ ။ | သူငယ်။ ။ဖြစ်လာသည်ပေါ့။
ဆော့။ ။ကောင်းပြီ။ ဤဘက်က အနားမျဉ်း(ကစ)ကဲ့သို့ပင် ကျန်သုံးဘက်၌လည်း အနားမျဉ်းသုံးခုဆွဲလိုက်လျှင် အသင်ဆိုခဲ့သော ရှစ်ပေ (စတုရန်း)ခွင်ကို ရမည်လော။
သူငယ်။ ။ရမည်ဟု ကျွန်ုပ် ဆိုခဲ့ပြီးပါပြီ။
ဆော့။ ။ကောင်းပြီ၊ ပုံဆွဲကြည့်ရအောင်။ လူကလေး ကြည့်ပါ။ ကျန် အနားမျဉ်းညီ သုံးခု (သရုပ်ပြပုံ ၂ ရှိ စဆ၊ ဆတ၊ တက)ကို ယခု ဆွဲလိုက်ပါပြီ။ ရှစ်ပေရှိလာမည်ဟု အသင်ဆိုခဲ့သော ခွင်သည် ဤခွင် (သရုပ်ပြပုံ ၂ ရှိ ကစ ဆတ) ဖြစ်သလော။

သူငယ်။ ။ဟုတ်ပါသည်။ ဤခွင်ပါ။
ဆော့။ ။လူကလေး၊ အသင်ဆိုခဲ့သော ဤခွင်အတွင်းတွင် ခွင်ငယ် လေးခု (အေ၊ ဘီ၊ စီ၊ ဒီ) ကို အသင်မြင်ပါ၏လော။ ထိုခွင်ငယ်အသီးသီး၏ အကျယ်အဝန်းသည် ပထမအဦးဆုံး ကျွန်ုပ်တို့ရေးဆွဲခဲ့သောခွင်(သရုပ်ပြပုံ ၁) ၏ အကျယ်အဝန်းနှင့် အတူတူပင်ဖြစ်သည်။ ဆိုလိုသည်မှာ လေးပေစီရှိသည်ဟု ဆိုလိုသည်၊ ဟုတ်ပါသလော။
သူငယ်။ ။ဟုတ်ပါသည်။
ဆော့။ ။ထိုသို့ဖြစ်လျှင် အသင်ဆိုသော ဤခွင်သည် မည်မျှကြီးမည် နည်း။ အတွင်းရှိ ခွင်ငယ်လေးခုစာမျှ ကြီးမည် မဟုတ်ပါလော။
သူငယ်။ ။ဟုတ်ပါသည်။
ဆော့။ ။ခွင်ငယ် လေးခုစာ ဆိုသည်မှာ ပထမအဦးဆုံး ကျွန်ုပ်တို့ ရေးဆွဲခဲ့သော ခွင် (သရုပ်ပြပုံ ၁)၏ နှစ်ဆပေလော၊ ကြည့်စမ်းပါ။
သူငယ်။ ။နှစ်ဆ မဟုတ်တော့ပါ။
ဆာ။ ။နှစ်ဆ မဟုတ်လျှင် အဆမည်မျှ ဖြစ်မည်နည်း။ သူငယ်။ ။လေးဆဖြစ်နေပြီ။
ဆာ။ ။လူကလေး၊ အနားမျဉ်းကို နှစ်ဆဖြစ်အောင် ပြုလိုက်လျှင် ခွင် နှစ်ဆကို ရလာမည်ဟု အသင် ဆိုခဲ့သည်။ သို့ရာတွင် ယခုမူ အသင် မြင်သည့်အတိုင်း ခွင်သည် နှစ်ဆဖြစ်မလာဘဲ လေးဆဖြစ်နေပြီ။ ကြည့်ပါဦး၊ ဟုတ်ပါသလော။ ။
သူငယ်။ ။ဟုတ်ပါသည်၊ လေးဆဖြစ်နေပါပြီ။
ဆော့။ ။ခွင်လေးဆဆိုသည်မှာ လေးပေ လေးကြိမ်ဖြစ်သောကြောင့် စုစုပေါင်း တစ်ဆယ့်ခြောက်ပေ ဖြစ်ရမည်၊ တစ်ဆယ့်ခြောက်ပေခွင် ဖြစ်ရမည်။ ဟုတ်ပါသလော။
သူငယ်။ ။ဟုတ်ပါသည်၊ တစ်ဆယ့်ခြောက်ပေခွင် ဖြစ်နေပါပြီ။
စာပိုဒ် ၁၈ 
ဆော့။ ။ထိုသို့တပြီးကား၊ မည်သို့သော အနာမျဉ်းသည် ရှစ်ပေခွင်ကို ပြုပေးနိုင်မည်နည်း။ ဤအနားမျဉ်း (ကစ) သည် တစ်ဆယ့်ခြောက်ပေခွင် ဖြစ်အောင် ပြုပေးသည်မှာ ထင်ရှားနေပြီ၊ မြင်ပါ၏လော။
သူငယ်။ ။မြင်ပါသည်။
 ဆော့။ ။ထို့နောက် ကြည့်ပါဦး။ ဤလေးပေခွင် (အေ)ကို ဤအနား မျဉ်း (ကစ)၏ ထက်ဝက်ဖြစ်သော ဤအနားမျဉ်း (ကခ)က ပြုထားသည် မဟုတ်ပါလော။
သူငယ်။ ။ဟုတ်ပါသည်။
ဆော့။ ။ကောင်းပြီ။ အသင်ဆိုခဲ့သော ရှစ်ပေခွင်သည် ဤလေးပေခွင် (အေ)၏ နှစ်ဆသော်လည်း ဖြစ်ရမည်၊ ဤတစ်ဆယ့်ခြောက်ပေခွင် (ကစဆတ) ၏ ထက်ဝက်သော်လည်း ဖြစ်ရမည်၊ ဟုတ်ပါသလော။
သူငယ်။ ။ဟုတ်ပါသည်။ ။
ဆော့။ ။ထိုသို့ဖြစ်လျှင် အသင်ဆိုခဲ့သော ရှစ်ပေခွင်၏ အနားမျဉ်း (ကခ)ထက်သော်လည်း ရှည်ရလိမ့်မည်၊ ထိုအနားမျဉ်း (ကစ)ထက်သော်လည်း တိုရလိမ့်မည်၊ လူကလေး အသင် မည်သို့ သဘောရသနည်း။
သူငယ်။ ။ထိုအတိုင်းပင် သဘောရပါသည်။ | ဆော့။ ။ကောင်းပြီ၊ မေးချင်ပါသေးသည်၊ အသင် မြင်သည့်အတိုင်း ဖြေပါ။ ဤအနားမျဉ်း (ကခ)သည် နှစ်ပေလော။ ထိုအနားမျဉ်း (ကစ)သည် လေးပေလော။
သူငယ်။ ။ဟုတ်ပါသည်။ အသင်ပြောသည့်အတိုင်းပင်။
ဆော့။ ထိုသို့ဖြစ်လျှင် အသင် ဆိုခဲ့သော ရှစ်ပေခွင်အတွက် လိုအပ်သော အနာမျဉ်းသည် ဤနှစ်ပေ အနားမျဉ်း (ကခ)ထက်သော်လည်း ရှည်ရလိမ့်မည်၊ ဤလေးပေအနားမျဉ်း (ကစ)ထက်သော်လည်း တိုရလိမ့်မည်။ ဟုတ်ပါသလော။
သူငယ်။ ။ဟုတ်ပါသည်။
ဆော့။ ။ထိုသို့ဖြစ်လျှင် အသင်ဆိုခဲ့သော ရှစ်ပေခွင်အတွက် လိုအပ် သော အနာမျဉ်းသည် မည်မျှ ရှည်ရမည်နည်း၊ ပြောပါဘိ။
သူငယ်။ ။နှစ်ပေထက်လည်း ရှည်ရမည်၊ လေးပေထက်လည်း တိုရမည် ဖြစ်လျှင် သုံးပေ ရှိရမည်။
| ဆော့။ ။လူကလေး၊ သုံးပေကို မှတ်ထားပါ။ ဤအနားမျဉ်း (ခစ)၏ ထက်ဝက်ကို ယူ၍ ဤအနားမျဉ်း (ကခ)မှာ ဆက်ပေးလိုက်လျှင် ဤအနား မျဉ်း (ကထ)သည် သုံးပေ ဖြစ်မလာပြီလော။ ထိုနည်းတူစွာ ဤအနားမျဉ်း (ကယ)မှာ ဤအနားမျဉ်း (ယမ)ကို ဆက်ပေးပါ။ ဤခွင် (ကထပမ)သည် အသင် ဆိုခဲ့သော ရှစ်ပေခွင် ဖြစ်လာပြီလော၊ ကြည့်စမ်းပါ။
သူငယ်။ ။ဖြစ်လာပါပြီ။
 ဆော့။ ။လူကလေး၊ ကြည့်ပါဦး။ ဤခွင် (ကထပမ)၌ ဤတစ်ဘက် တွင်လည်း သုံးပေရှိသည်၊ ထိုတစ်ဘက်တွင်လည်း သုံးပေရှိသည်။ ထို့ကြောင့် ဤခွင်၏ အကျယ်အဝန်းသည် သုံးပေသုံးကြိမ် ရှိလာရမည် မဟုတ်ပါလော။
သူငယ်။ ။ရှိလာရပါလိမ့်မည်။
ဆော့။ ။သုံးပေသုံးကြိမ်သည် ပေပေါင်းမည်မျှဖြစ်သနည်း။ သူငယ်။ ။ကိုးပေပါ။
ဆော့။ ။အသင်ဆိုခဲ့သော လေးပေခွင်၏ နှစ်ဆသည် မည်မျှဖြစ်မည် နည်း။
သူငယ်။ ။ရှစ်ပေဖြစ်ရမည်။
ဆော့။ ။ထိုသို့ဖြစ်လျှင် အသင်ဆိုခဲ့သော ရှစ်ပေခွင်ကို သုံးပေအနား မျဉ်းဖြင့်လည်း ပြု၍မရနိုင်သည်မှာ မျက်မြင် မဟုတ်ပါလော။
သူငယ်။ ။ဆော့ခရတ္တိ၊ ဟုတ်ပါသည်။
ဆော့။ ။ထိုသို့တပြီးကား ရှစ်ပေခွင်အတွက် လိုအပ်သော အနားမျဉ်း သည် မည်မျှ ရှည်ရမည်နည်း။ လူကလေး၊ ပေမည်မျှ ရှည်မည်ဟု အသင် မပြောချင်လျှင် လက်ဖြင့်ထောက်ပြပါဘိ။
သူငယ်။ ။ဆော့ခရတ္တိ၊ ကျွန်တော် မသိတော့ပါ။
စာပိုဒ် ၁၉ 
ဆော့။ ။(မီနိုဘက်သို့လှည့်၍) မီနို၊ မြင်ပြီလော။ လူကလေး၌ မှတ်မိ သတိရခြင်း အနုဿတိသဘော ဖြစ်လာပုံသည် တိုးတက်လာပြီ မဟုတ်ပါလော။ ရှစ်ပေ (စတုရန်း) ခွင်အတွက် လိုအပ်သော အနားမျဉ်းကို လူကလေးသည် အစ ကနဦးကလည်း အကယ်မသိခဲ့၊ ယခုတိုင်လည်း မသိသေး။ သို့ရာ တွင် အစကနဦး၌ သူသိပါ၏ဟု သူအထင်ရှိ၍ သူအကယ်သိဘိသကဲ့သို့ သူသိ၏ဟု သူစိတ်ချလက်ချ ပြောခဲ့သည်။ ထိုအခါကသော် သူ့မှာ ဒွိဟလုံးဝ မရှိဖြစ်ခဲ့သည်။ ယခုမူ သူ့မှာ ဒွိဟဖြစ်နေပြီ။ ဒွိဟဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူ မသိဟု သူသိလာသဖြင့် သူမသိသည်ကို သူ သိ၏ဟု သူမထင်နိုင်တော့ပြီ။ မီနို၊ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။
ဘု။ ။မီနို၊ လူကလေးသည် သူ မသိခဲ့ပါတကားဟု ယခု သူသိ လာပြီဖြစ်သဖြင့် သူ့မှာ ဉာဏ်ပွင့်လာပြီဟု မဆိုနိုင်ပြီလော။
မီ။ ။ဆိုနိုင်ပါသည်။
 ဆော့။ ။ယခုအခါတွင် ကျွန်ုပ်တို့သည် လူကလေးကို ဒွိဟဖြစ်အောင် ပြုခဲ့ကြပြီ၊ တော်ပီဒိုးနှင့် ထိစေ တွေ့စေ၍ ဓာတ်လိုက်ခြင်း ထုံခြင်း ကျဉ်ခြင်း ဖြစ်အောင် ပြုခဲ့ကြပြီ။ ထိုသို့ ပြုခဲ့ကြသဖြင့် လူကလေးမှာ အကျိုးယုတ်သွား ပါသလော။
မီ။ ။အကျိုးမယုတ်ဟု ထင်ပါသည်။
ဆော့။ ။စင်စစ်မှာ ကျွန်ုပ်တို့သည် လူကလေးကို အကျိုးပြုခဲ့ကြပြီ။ မှန်ရာကန်ရာကို စူးစမ်းရှာဖွေနိုင်မှုတွင် လူကလေးကို အထောက်အပံ့ပြုခဲ့ကြပြီ။ ယခုအခါတွင် လူကလေးသည် သူ မသိဟု သူ သိလာပြီဖြစ်သဖြင့် သူအကယ် သိအောင် သူ့အလိုအလျောက် ဝမ်းပန်းတသာ သူ အားထုတ်ပေတော့မည်။ ယခင်အခါကသော် စတုရန်းခွင်က နှစ်ဆဖြစ်လျှင် အနားမျဉ်းကလည်း နှစ်ဆ ဖြစ်လာရမည်ဟု လူကလေးသည် ပရိသတ်ဗိုလ်ပုံအလယ်တွင် အကြိမ် ပေါင်များစွာ တခမ်းတနား ပြောခြင်း ဟောခြင်းပြု၍ သူ့ကိုယ်သူ လူဟုတ်ကြီး ထင်မိရာသည်။ မီနို၊ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။ | ဆော့။ သူ့ကိုယ်သူ လူဟုတ်ကြီးဟု အထင်ရှိနေလျှင် လူကလေးသည် သူမသိသည်ကို သူ အကယ်သိနေပြီဟု သူ အထင်ရှိနေပေလိမ့်မည်။ ထိုအခါ သူသိသည်ဟု သူအထင်ရှိနေသော အရာကို စူးစမ်းရှာဖွေခြင်းသော်လည်းကောင်း၊ သိအောင်အားထုတ်ခြင်းသော်လည်းကောင်း သူပြုပါဦးမည်လော။ သူအကယ် မသိဟု သူသိလာ၍ ဒွိဟဖြစ်လာပြီးသည့်နောက် သိချင်စိတ်ပေါက်လာသော အခါမှာမှသာ စူးစမ်းရှာဖွေခြင်းသော်လည်းကောင်း၊ သိအောင် အားထုတ်ခြင်း သော်လည်းကောင်း သူ ပြုပေလိမ့်မည်။
မီ။ ။ဆော့ခရတ္တိ၊ ဟုတ်ပါသည်။ | ဆော့။ ။ထိုသို့ဆိုလျှင် တော်ပီဒိုငါး၏ အထိအတွေ့သည် သူ့အဖို့ အကျိုးမရှိပြီလော။
မီ။ ။ရှိ၏ဟု ထင်လာပါပြီ။
စာပိုဒ် ၂၀ 
ဆော့။ ။မီနို၊ စောင့်ကြည့်ပါဦး။ ဒွိဟဖြစ်လာရသော အကြောင်းကြောင့် လူကလေးသည် ကျွန်ုပ်နှင့်အတူ လက်တွဲ၍ ရှစ်ပေခွင်အတွက် လိုအပ်သော အနားမျဉ်းကို ရှာချင်ပေလိမ့်မည်။ ကျွန်ုပ်အဖို့မှာ သူ့ကို သင်ရန်ပြရန်မဟုတ်၊ မေးခွန်းထုတ်ရန်သာ ဖြစ်သည်။ ကျွန်ုပ်က သူ့ကို သင်နေသလော၊ ပြနေသလော၊  သို့တည်းမဟုတ် မေးခွန်းထုတ်နေခြင်းသာလောဟူသော အချက်ကို အသင်က သတိပြု၍ ကျွန်ုပ် သင်နေ ပြနေသည်ကို တွေ့လျှင် ထောက်ပြပါဘိ။ (သူငယ် ဘက်သို့ လှည့်၍ သရုပ်ပြပုံ ၃ ကို ဆွဲပြုပြီးနောက်) လူကလေး၊ ဤခွင်(အေ) သည် လေးပေခွင်လော။ . 

 
သူငယ်။ ။ဟုတ်ပါသည်၊ လေးပေခွင်ပါ။
ဆော့။ ။ဤလေးပေခွင်သို့ အလားတူဖြစ်သော ဤခွင် (ဘီ)ကို ပေါင်းလိုက်ချင်ပါသည်၊ ပေါင်းရမည်လော။
သူငယ်။ ။ပေါင်းပါ။
ဘု။ ။ထို့နောက် အလားတူဖြစ်သော ဤခွင် (စီ)ကို ပေါင်းလိုက် လျှင် ဤသို့ ရမလာပြီလော။
သူငယ်။ ။ရလာပါသည်။ ။
ဆော့။ ။နောက်တစ်ခါ ဤထောင့်၌ ဤခွင်(ဒီ)ကို ဖြည့်ကြည့်မည် လာ။ သူငယ်။ ။ဖြည့်ပါ၊ ဖြည့်၍ရပါသည်။
ဆော့။ ။လူကလေး၊ ကြည့်ပါ။ အရွယ်တူ လေးပေခွင် လေးခု ဖြစ်မလာပြီလော။
သူငယ်။ ။ဖြစ်လာပါပြီ။
။ ။ကောင်းပြီ။ ဤခွင်ကြီးတစ်ခုလုံးသည် ဤလေးပေခွင်ငယ် (အေ)၏ အဆပေါင်း မည်မျှ ဖြစ်မည်နည်း။
သူငယ်။ ။လေးဆပါ။ | ဆော့။ လူကလေးဆိုခဲ့သည်မှာ လေးပေခွင်၏ နှစ်ဆသာဖြစ်သည်။ ဟုတ်ပါသလော၊ မှတ်မိပါသလော။
 သူငယ်။ ။ဟုတ်ပါသည်။ မှတ်မိပါသည်။
။ ။ကောင်းပြီ။ လေးပေခွင်တိုင်းကို ထက်ဝက်ပိုင်း၍ ထောင့်တန်း ဖြတ်ကြည့်မည်။ ဤမျဉ်းလေးခု (ခရ၊ ရလ၊ လယ၊ ယခ) ရလာပြီ မဟုတ်ပါ လာ။ သူငယ်။ ။ရလာပါသည်။
ဆော့။ ။ဤမျဉ်းလေးခုသည် ညီကြသည် မဟုတ်ပါလော၊ ထို့ပြင် ဤမျဉ်းလေးခုကြောင့် ဤလေးထောင့်အတွင်းခွင် (ခရလယ)တစ်ခုကို ရလာပြီ၊ ဟုတ်ပါသလော။ ။
သူငယ်။ ။ဟုတ်ပါသည်။
ဆော့။ ။ကောင်းပြီ၊ ဤလေးထောင့် အတွင်းခွင်သည် မည်မျှကြီးပါ သနည်း။ လူကလေး စဉ်းစား၍ ပြောစမ်းပါ။
သူငယ်။ ။ဆော့ခရတ္တိ၊ ကျွန်တော် မပြောတတ်ပါ။
စာပိုဒ် ၂၁ 
ဆော့။ ။မပြောတတ်လျှင် ကျွန်ုပ်မေးသည်ကို ဖြေကြည့်စမ်းပါ။ ဤမျဉ်း အသီးသီး (ခရ၊ ရလ၊ လယ၊ ယခ)သည် ဤခွင်ငယ်အသီးသီး (အေ၊ ဘီ၊ စီ၊ ဒီ)ကို ထက်ဝက်ပိုင်း၍ ထောင့်တန်းဖြတ်ထားကြသည် မဟုတ်ပါလော။
သူငယ်။ ။ဟုတ်ပါသည်။
ဆာ။ ။ထို့နောက် ဤလေးထောင့်အတွင်းခွင်၌ ဤသုံးထောင့်တွင် (ခညဃ)မျိုး မည်မျှပါပါသနည်း။
သူငယ်။ ။(ခညယ၊ ခညရ၊ ညလရ၊ ညလယ) လေးခု ပါသည်။
ဆာ။ ။လူကလေး ဖြေပါဦး၊ ဤခွင်ငယ်(အေ)၌ သုံးထောင့်ခွင် မည်မျှပါပါသနည်း။ ။
သူငယ်။ ။နှစ်ခုပါပါသည်။
ဆော့။ ။လေးရအောင် နှစ်ကို အကြိမ်မည်မျှပြုရသနည်း။ သူငယ်။ ။နှစ်ကြိမ်ပြုရပါသည်။
ဆော့။ ။ထိုသို့တပြီးကား ဤလေးထောင့်အတွင်းခွင်၌ (စတုရန်း) ပေပေါင်း `မည်မျှရှိလာမည်နည်း။
သူငယ်။ ။ရှစ်ပေရှိလာရပါမည်။
ဆော့။ ။လူကလေး၊ ရှစ်ပေရှိလာခြင်းသည် မည်သည့်မျဉ်းကြောင့် ပေနည်း။
 သူငယ်။ ။ဤမျဉ်း (ယခ)ကြောင့် ဖြစ်ပါသည်။
ဆော့။ ။ဤမျဉ်း (ယခ)ဆိုသည်မှာ ဤလေးပေခွင် (အေ)ကို ထက်ဝက်ပိုင်း၍ ထောင့်တန်းဖြတ်ထားသော မျဉ်းပေလော။
သူငယ်။ ။ဟုတ်ပါသည်။
ဆော့။ ။ဤမျဉ်း (ယခ)ကို ထောင့်ဖြတ်မျဉ်းဟု ဆိုဖီဆရာကြီးတို့က ဆိုကြသည်။ ဆိုကြသည့်အတိုင်း ဆိုသင့်သည်ဖြစ်လျှင် အချင်း လူကလေး၊ လေးထောင့် စတုရန်းခွင်တစ်ခုကို နှစ်ဆပြုလိုလျှင် လေးထောင့်စတုရန်းခွင်၏ ထောင့်ဖြတ်မျဉ်းဖြင့် ပြုမှသာရသည် မဟုတ်ပါလော။ သူငယ်။ ။ဆော့ခရတ္တိ၊ ဟုတ်ပါသည်။
ဆော့။ ။အချင်းမီနို၊ အသင် မည်သို့ သဘောရပါသနည်း။ ဤ အရာကား ဟုတ်၏၊ ထိုအရာကား မဟုတ်ဟုပြော၍ ဖြေခဲ့သော လူကလေး၏ အတ္တနောမတိသည် (ဝါ) အထင်အမြင်များသည် သူ့ဘာသာသူ စဉ်းစား၍ ရခဲ့သော အထင်အမြင်များပင် မဟုတ်ပါလော။
မီ။ ။ဆော့ခရတ္တိ၊ သူ့ဘာသာသူ စဉ်းစား၍ရခဲ့သော သူ့အထင် အမြင်ချည်းသာ ဖြစ်သည်။
ဆော့။ ။သို့ရာတွင် လူကလေးသည် အစကနဦးကသော် သိခဲ့သည် မဟုတ်ချေ။ ကျွန်ုပ်တို့သည် ထိုသို့ပင် ဆိုခဲ့ကြသည် မဟုတ်ပါလော။
မီ။ ။ထိုသို့ပင် ဆိုခဲ့ကြပါသည်။ ။
ဆော့။ ။သို့ရာတွင် ဤအရာသည် ဟုတ်၏၊ ထိုအရာသည် မဟုတ်ဟု ထင်ခဲ့ မြင်ခဲ့သော လူကလေး၏ အတ္တမနောမတိသည် (ဝါ) အထင်အမြင်သည် လူကလေး၌ ရှိခဲ့ရမည်သာ ဖြစ်သည်။
မီ။ ။ရှိခဲ့ပုံ ရပါသည်။
ဆော့။ ။ထိုသို့ဆိုလျှင် မသိသူဟူသမျှသည် သူ မသိသောအရာများ နှင့် စပ်လျဉ်း၍ သူ အကယ်ထင်ခဲ့မြင်ခဲ့သော သူ့အထင်အမြင်တို့သည် သူ့စိတ် တွင် ငုပ်နေခြင်း အနုဿယသဘောအဖြစ်ဖြင့် ကိန်းဝပ်လျက်ရှိခဲ့ကြရမည်သာ ဖြစ်သည်၊ ထိုသို့ မဆိုနိုင်ပြီလော။
မီ။ ။ဆိုရမည်ကဲ့သို့ပင်။
ဆော့။ ။ယခုအခါတွင် လူကလေး၏ အနုဿယအထင်အမြင်များ သည် သူ၏ စိတ်၌ အိပ်မက်သဖွယ် တရေးရေး ထင်လာကြပြီ။ ထပ်တလဲလဲ အမေးခံရသည်ဖြစ်လျှင်၊ နည်းအမျိုးမျိုးဖြင့် အမေးခံရသည်ဖြစ်လျှင် အမေးခံရ သူသည် နောက်ဆုံး၌ သူတကာကဲ့သို့ပင် ပြတ်ပြတ်သားသား သိလာရမည် မဟုတ်ပါလော။
 မီ။ ။သိလာရမည်သာ။
ဆော့။ ။မေးသာမေးပါ၊ အမေးခံရသူသည် အသင်အပြမခံရဘဲနှင့်ပင် သူ၌ရှိခဲ့သော အနုဿယ အထင်အမြင်တို့ကို သူ့အလိုအလျောက် သူ ပြန်၍ ရလာမည် ဖြစ်သည်။
မီ။ ။ရလာမည်ဟု ဆိုရမည်သာ။
ဆော့။ ။သူ့စိတ်၌ရှိခဲ့သော အနုဿယ အထင်အမြင်တို့ကို သူ့အလို အလျောက် သူ ပြန်၍ ရလာခြင်းဟူသည် မှတ်မိသတိရခြင်း အနုဿတိသဘောပင် မဟုတ်ပါလော။
မီ။ ။ဟုတ်ပေ၏။
ဆော့။ ကောင်းပြီ။ ယခု လူကလေးမှာ ရှိလာသော အသိသည် တစ်ချိန် တစ်ခါက သူသင်ယူခဲ့သောကြောင့်သော်လည်း ဖြစ်ရာသည်၊ သူ့မှာ အစဉ်ကိန်းဝပ်လျက် ရှိခဲ့သောကြောင့်သော်လည်း ဖြစ်ရာသည်။
မီ။ ။ဟုတ်ပါသည်။
ဆော့။ ။လူကလေးမှာ အစဉ် ကိန်းဝပ်လျက်ရှိခဲ့သည် ဖြစ်လျှင် လူကလေးသည် အသိရှိသူသာ အစဉ်ဖြစ်ခဲ့ရမည်။ တစ်ချိန်တစ်ခါက လူကလေး သင်ယူခဲ့သည် ဖြစ်လျှင် ဤဘဝ၌ သင်ယူခြင်းကား မဟုတ်နိုင်။ မီနို၊ တစ်ဦး တစ်ယောက်သောသူသည် လူကလေးကို ဂျီသြမေထရီပညာ သင်ပေးဖူးပါ သလော၊ သင်ပေးဖူးသည်ဖြစ်လျှင် ယခုသိသကဲ့သို့ ဂျီသြမေထရီပညာတစ်ရပ် လုံးကိုလည်းကောင်း၊ အခြားအခြားသောပညာရပ်များကိုလည်းကောင်းလူကလေး သိမည် ဖြစ်သောကြောင့်ပင်။ မီနို၊ ဤသူငယ်သည် တစ်ဦးဦးထံမှ ထိုပညာရပ် များကို သင်ယူဖူးပါသလော၊ ဤသူငယ်သည် အသင်၏ ငယ်မွေး ခြံပေါက် ဖြစ်သောကြောင့် သူ့အကြောင်းကို အသင် သိမည်ဧကန် ဖြစ်သည်။
မီ။ ။ဆော့ခရတ္တိ၊ မည်သူ့ထံကမျှ သူ မသင်ယူဖူးပါ။ ကျွန်ုပ် ဧကန် သိပါသည်။
ဆော့။ ။သို့ရာတွင် ယခု သူ သိနေပြီ မဟုတ်ပါလော။ မီ။ ။သူ မသိဟု မငြင်းနိုင်တော့ပါ။
ဆော့။ ကောင်းပြီ။ ယခု သူ သိလာခြင်းသည် ဤဘဝ၌ သူသင်ယူ ခဲ့သောကြောင့် မဟုတ်လျှင် တစ်ချိန်တစ်ခါတုန်းက သူသိခဲ့သောကြောင့် ဖြစ်၏ဟု မဆိုနိုင်ပြီလော။
 မီ။ ။ဆိုနိုင်ပါ၏။
ဆော့။ ။ဆိုနိုင်သည်ဖြစ်လျှင် သူ လူမဖြစ်ခင် တစ်ချိန်တစ်ခါတုန်းက သူ သိခဲ့သောကြောင့်ဖြစ်၏ဟု မဆိုနိုင်ပြီလော။
မီ။ ။ဆိုနိုင်ပါ၏။ | ဆော့။ ။မေးခွန်းအမျိုးမျိုး၏ ပယောဂကြောင့် နိုးကြားလာ၍ ယခု အခါ အသိရလာသော လူကလေး၏ အနုဿယ အထင်အမြင်သည် သူ လူဖြစ်ကတည်းကလည်း သူ့မှာရှိခဲ့၍ သူလူမဖြစ်ခင်ကလည်း သူ့မှာရှိခဲ့သည် ဖြစ်လျှင် သူ၏ နာမ်ဓာတ်သည် သူ့ဘဝအဆက်ဆက်၌ပင် အနုဿယ အထင် အမြင်နှင့် ပြည့်စုံခဲ့ပြီဟု မဆိုနိုင်ပြီလော။ အဘယ်ကြောင့်ဆိုသော် သူကျင်လည် ခဲ့သော ဘဝအဆက်ဆက်တွင် သူသည် လူဖြစ်သည့်အခါ ဖြစ်ခဲ့၍ လူမဖြစ်ခဲ့သည့် အခါ မဖြစ်ခဲ့သောကြောင့်ပင်။
မီ။ ။ဟုတ်ပါသည်၊ ဆိုနိုင်ပါသည်။ | ဆော့။ ။ထို့ပြင် မြင်ခဲ့သမျှ တွေ့ခဲ့သမျှကို အကယ်သိခဲ့သော အသိ သည် နာမ်ဓာတ်၌ အစဉ်ကိန်းဝပ်လျက် ရှိခဲ့သည်ဖြစ်လျှင် နာမ်ဓာတ်သည် အမတ သဘော ဖြစ်ရလိမ့်မည်။ ထို့ကြောင့် မီနို၊ ယခု အသင်မသိသည်ကို (ဝါ) မမှတ်မိသည်ကို မှတ်မိ သတိရအောင် အားထုတ်ပါ။ အနုဿတိဉာဏ် ရအောင် အားထုတ်ပါ။
မီ။ ။ဆော့ခရတ္တိ၊ အသင်၏ ဆင်ခြေကို ကျွန်ုပ် သဘောကျတတ ဖြစ်လာပါပြီ။
ဘု။ ။မီနို၊ ကျွန်ုပ်လည်း ကျွန်ုပ်၏ ဆင်ခြေကို ကြိုက်နေမိသည်။ ကျွန်ုပ်၏ ဆင်ခြေစကားတွင် အရာရာတိုင်းကိုကား ဟုတ်သည် မှန်သည်ဟု ကျွန်ုပ် စိတ်မချသေးပါ။ သို့ရာတွင် အလုပ်ဖြင့်လည်းကောင်း၊ အပြောဖြင့် လည်းကောင်း ကျွန်ုပ် အစွမ်းကုန် အားထုတ်လိုသော အချက်တစ်ချက်ရှိသည်။ ထိုအချက်သည် အခြားမဟုတ်။ မသိသည်ကို စူးစမ်းရှာဖွေချင်သော အချက် ဖြစ်သည်။ မသိသည်ကို စူးစမ်းရှာဖွေခြင်းသည် အချည်းအနှီးတည်းဟု မယူဆ ကြဘဲ မသိသည်ကို သိအောင် စူးစမ်းခြင်း၊ ရှာဖွေခြင်းပြုရမည်ဟု ယူဆကြ သည် ဖြစ်လျှင် ကျွန်ုပ်တို့သည် ပို၍ လူဖြစ်ကျိုးနပ်မည်၊ ပို၍ ယောက်ျားပီသရာ ရောက်မည်၊ ပို၍ နိုးကြားထကြွခြင်းရှိ၍ လူပျင်းလူဖျင်းသဘော နည်းသွားမည် ဖြစ်သည်။ ကျွန်ုပ်သည် ထိုသို့ နှလုံးသွင်း၍ အလုပ်ဖြင့်လည်းကောင်း၊ အပြော ဖြင့်လည်းကောင်း အစွမ်းကုန် အားထုတ်မည်။ မည်သူနှင့်မဆို ရင်ဆိုင်မည်။
 မီ။ ။ဆော့ခရတ္တိ၊ ဤဆင်ခြေလည်း သဘောကျစရာပင်။
ဆော့။ ။ကောင်းပြီ။ မသိသည်ကို စူးစမ်းရမည်၊ ရှာဖွေရမည်၊ သိအောင် အားထုတ်ရမည်ဟု ကျွန်ုပ် သဘောကျပြီး ဖြစ်သည်။ အသင်လည်း ယခု သဘောကျလာပြီ။ ထိုသို့တပြီးကား၊ ကျွန်ုပ်တို့ မသိကြသေးသော ဂုဏ် သိက္ခာသဘောကို သိအောင် အားထုတ်သင့်သည်၊ ကျွန်ုပ် အစွမ်းကုန် အားထုတ်မည်။ မီနို၊ အသင်ကော ကျွန်ုပ်နှင့် လက်တွဲ၍ အားထုတ်ပါမည်လော။
✥﹤--- www.ebooks4mm.org ---﹥✥

၁၂။ ဆော့ခရတ္တိ၏ ဂုဏ်သိက္ခာ အယူအဆ (ခ)
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် မီနို (Men) ကထာမှပင် ဖြစ်သည်။ စာပိုဒ်အမှတ် ၂၂ မှ ၂၄ အထိ ဖြစ်သည်။ အထက်တွင် စာပိုဒ်အမှတ် ၁ မှ ၁၂ အထိ တစ်ကြိမ်၊ စာပိုဒ်အမှတ် ၁၃ မှ ၂၁ အထိတစ်ကြိမ် ပေါင်း နှစ်ကြိမ် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ၁ မှ ၁၂ အထိဖြစ်သောအကြိမ်တွင် ဂုဏ် သိက္ခာ၌ သူ့သဘောသက်သက်ရှိနိုင်ကြောင်း ဆွေးနွေးခဲ့ကြသည်။ ၁၃ မှ ၂၁ အထိဖြစ်သော အကြိမ်တွင် ဂုဏ်သိက္ခာသဘောကို တွေ့လိုတွေ့ငြား ဆွေးနွေးရာမှ ပညာသင်ကြားမှုသဘောသို့ပြောင်း၍ ဆွေးနွေးခဲ့ကြသည်။ စကားဆုံးခါနီးတွင် ဆော့ခရတ္တိက “ကျွန်ုပ်တို့ မသိကြသေးသော ဂုဏ်သိက္ခာသဘောကို သိအောင် အားထုတ်သင့်သည်။ ကျွန်ုပ် အစွမ်းကုန် အားထုတ်မည်။ မီနို၊ အသင်ကော ကျွန်ုပ်နှင့် လက်တွဲ၍ အားထုတ်ပါမည် လော”ဟု မီနိုကို မေးပါသည်။ ။
သို့ရာတွင် မီနိုသည် ဂုဏ်သိက္ခာသဘောကိုသိအောင် အားထုတ်ခြင်း မပြုလို။ ဂုဏ်သိက္ခာသည် သင်ယူ၍ရမရ ပြဿနာ၌သာ စိတ်ဝင်စားနေ သဖြင့် ထိုပြဿနာကိုသာ ဆော့ခရတ္တိအား အတင်းမေးပါတော့သည်။ ထို့ကြောင့် ဆော့ခရတ္တိသည် ဂုဏ်သိက္ခာသဘောအကြောင်းကို တစ်ခန်းရပ် ၍ ထိုပြဿနာသို့ လမ်းကြောင်းပြောင်း၍ဆွေးနွေးရရှာသည်။ ထိုဆွေးနွေး ပွဲတွင် ဂုဏ်သိက္ခာသည် သင်၍ ရ မရ အဆုံးအဖြတ် မပေးနိုင်ကြပါ။ သို့ရာတွင် ဂုဏ်သိက္ခာသဘောနှင့် စပ်လျဉ်း၍ တွေးစရာကြံစရာ၊ တွေ ပုံ  ကြံပုံတို့ကို ထိုဆွေးနွေးပွဲ၌ တွေ့နိုင်သည်။ အထူးသဖြင့် ပြဿနာတစ်ခု အတွက် အဖြေရှာရာတွင် အဆိုကြမ်း(Hypothesis)ပြု၍ တွေးကာကြံကာ အဖြေရှာသော အဆိုကြမ်းပြု အဖြေရှာနည်းကို သိနိုင်သည်။
ရှေးဦးစွာ ဂုဏ်သိက္ခာသည် အသိတရားဖြစ်ခဲ့သော် သင်ယူ၍ရ၏ဟု အဆိုကြမ်းပြုကြသည်။ ထို့နောက် ဂုဏ်သိက္ခာသည် အသိတရား ဟုတ် မဟုတ် စိစစ်ကြသည်။ စိစစ်ကြရာတွင် (က)ဂုဏ်သိက္ခာသည် ကောင်းသော အရာဖြစ်သည်ဟု ဆိုကြကြောင်း၊ (ခ) ကောင်းသောအရာသည် အကျိုးပြု တတ်ကြောင်း၊ (ဂ) ကောင်းသောအရာတို့သည် ရုပ်ပိုင်း ကိစ္စများတွင် ခွန်အားကြီးခြင်း၊ အဆင်းလှခြင်း၊ ဥစ္စာပေါများခြင်း စသည်တို့ဖြစ်၍ စိတ်ပိုင်းကိစ္စများတွင် စောင့်စည်းခြင်း၊ သူရသတ္တိရှိခြင်း စသော အခြား ဂုဏ်သိက္ခာတို့ဖြစ်ကြောင်း၊ (ဃ) ထိုအကောင်းများသည် မိုက်မဲခြင်း မောဟနှင့်တွဲလျှင် အန္တရာယ်ပြုတတ်၍ ဝိဇ္ဇာအသိတရားနှင့်တွဲလျှင် အကျိုးပြု တတ်ကြောင်း၊ (င) ထို့ကြောင့် ဂုဏ်သိက္ခာသည် အသိတရားဖြစ်၏ဟု ဆိုနိုင်ကြောင်း၊ (စ) ဂုဏ်သိက္ခာသည်ဆိုသည့်အတိုင်း အသိတရားဖြစ်လျှင် သင်၍ရနိုင်ကြောင်း၊ (ဆ) သို့ရာတွင် အသိတရားနှင့်အညီ ကျင့်ကြအောင် သင်တတ်သော ဆရာကိုမတွေ့ဖူးကြောင်း (ဇ) သင်တတ်သောဆရာမရှိလျှင် ဂုဏ်သိက္ခာသည် သင်၍ရသောအရာ မဟုတ်ဟု ဆိုသင့်ကြောင်း စိစစ်၍ ဆွေးနွေးကြသည်။ ထိုဆွေးနွေးချက်များကို ဖော်ပြလတ္တံ့သော စာပိုဒ်များ၌ တွေ့နိုင်ပါသည်။ ဂုဏ်သိက္ခာသည် သင်၍ မရသောအရာ ဖြစ်၏ဟု ဆိုချင်သော ဆော့ခရတ္တိ၏အလိုမှာ ဂုဏ်သိက္ခာအကြောင်း ပြောသော ဆရာ၏ စကားကို ကြားနာရုံဖြင့် တရားနာသောသူသည် တစ်ထိုင်တည်းတွင် ဂုဏ်သိက္ခာကို ရနိုင်သည်မဟုတ်၊ တရားသဘောကို သိပြီးသည့်နောက် မိမိ၏ ကိုယ်နှုတ်နှလုံးသုံးပါး၏အားဖြင့် တစ်စတစ်စ ကျင့်နိုင်မှသာ ဂုဏ်သိက္ခာကို ရနိုင်သည်ဟု ဆိုလိုရင်းဖြစ်ကြောင်း အဋ္ဌကထာဆရာတို့ ဖွင့်ကြသည်ကို ဆင်ခြင်ရန် ဖြစ်သည်။
စာပိုဒ် ၂၂ 
မီနို။ ။ကြိုက်ပါသည်၊ အားထုတ်ပါမည်။ သို့ရာတွင် မူလ မေးခွန်းကိုပင် ပြန်၍မေးချင်ပါသည်။ ဂုဏ်သိက္ခာရှိအောင် အားထုတ်ကြရာတွင် ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာကို မည်သို့ သဘောထားမည်နည်း။ သင်၍ရသော အရာဟု သဘောထားမည်လော၊ သူ့အလိုအလျောက် ရောက်လာတတ်သော အရာဟု သဘောထားမည်လော၊ အခြားတစ်နည်းနည်းအားဖြင့် ရောက်လာတတ်သော အရာဟု သဘောထားမည်လော။ ပသို့နည်း။
ဆော့ခရတ္တိ။ ။မီနို၊ ကျွန်ုပ်သည် အသင့်ကိုလည်း နိုင်၍ ကျွန်ုပ် ကိုယ်ကိုလည်း ကျွန်ုပ် နိုင်သည်ဖြစ်လျှင် ဂုဏ်သိက္ခာသဘောကို ဧကန်ဧက သိပြီးမှသာ ဂုဏ်သိက္ခာဟူသည် သင်၍ရသောအရာ ဟုတ်သလော၊ မဟုတ် သလောဟူသော အမေးအတွက် အဖြေရှာမည်ဖြစ်သည်။ သို့ရာတွင် အသင်သည် ကျွန်ုပ်ကိုသာ အနိုင်ကျင့်ချင်၍ အသင့်ကိုယ်ကိုကား အသင် အနိုင်မကျင့်ဘဲ နေသည်။ အသင် နားလည်နေသော လွတ်လပ်ခြင်း၏သဘောသည် ဆန္ဒာဂတိ ပါသော သဘောဖြစ်နေပြီ။ ခေါင်းမာလှသောအသင့်ကို ကျွန်ုပ် မလွန်ဆန်နိုင် တော့ပါ၊ အလျှော့ ပေးလိုက်ပါတော့မည်။ ထို့ကြောင့် မည်သို့သောသဘောရှိ၏ဟု ကျွန်ုပ် မသိသေးသော အရာတစ်ခု၏ လက္ခဏာကို ကျွန်ုပ် ရှာရတော့မည်ကဲ့သို့ ဖြစ်သည်။ ထိုအခါ အသင်ကလည်း ကျွန်ုပ်ကို စိုးစဉ်းမျှ လိုက်လျောပါ။ ကျွန်ုပ် တောင်းဆိုချင်သော အချက်တစ်ခုရှိသည်။ ထိုအချက်သည် ဤသို့ ဖြစ်သည်။ ဂုဏ်သိက္ခာဟူသည် သင်၍ရသောအရာပေလော၊ အခြားတစ်နည်းနည်း အားဖြင့် ရောက်လာတတ်သော အရာပေလောဟူသော အမေးအတွက် အဖြေ ရှာရာတွင် အဆိုကြမ်းတစ်ခုပြု၍ အဖြေရှာချင်သည်၊ ထိုသို့သော ရှာခွင့်ကို ပေးပါ။
 အဆိုကြမ်းဆိုသည်မှာ အခြားမဟုတ်ပါ။ မေးလာသော ပြဿနာတစ်ခု အတွက် အဖြေရှာရာတွင် ဂျီသြမေထရီ ပညာရှင်တို့ သုံးလေ့သုံးထရှိသော အဖြေရှာနည်းတစ်ခု ဖြစ်သည်။ ပုံစံကား၊ သတ်မှတ်ထားသော စက်ဝိုင်းခွင် တစ်ခု၌ မိမိထည့်ချင်သော အကျယ်အဝန်း (ဧရိယာ)တစ်ခုကို သုံးထောင့်တွင် အဖြစ်ဖြင့်ထည့်၍ ဝင် မဝင် မေးလာသောအခါ ဂျီသြမေထရီပညာရှင်က ပြန်ပြောတတ်သည်မှာ ထည့်၍ ဝင် မဝင်ကို ကျွန်ုပ် ချက်ချင်းမပြောနိုင်ပါ။ သို့ရာတွင် ကျွန်ုပ်တို့၏ ပညာ၌ အဆိုကြမ်းဟုခေါ်သော အဖြေရှာနည်းတစ်ခု ရှိသည်၊ ထိုနည်းသည် ဤသို့ဖြစ်သည်။ (အကျယ်အဝန်းအားဖြင့် လေးထောင့် ခွင် ကခစဆ နှင့် ညီမျှသော) ဤသုံးထောင့်ခွင် ဆခည သည် (အချင်း ခတ ပေါ်၌ တည်ထားသော) ဤလေးထောင့်ခွင် ကခတန ထက်ငယ်နေသည်ကို တွေ့ရသည်။ ထိုသို့တွေ့ရသည့်အတိုင်းမျှသာ ဤသုံးထောင့်ခွင် ခဆည၌ အကျယ်အဝန်းရှိ၏ဟု အဆိုကြမ်းပြု၍ စိစစ်ပါက အဖြေတစ်ခုခု ထွက်လာနိုင် သည်။ ထိုမျှလောက် အကျယ်အဝန်းမရှိဟု အဆိုကြမ်းပြု၍ စိစစ်လျှင်လည်း အခြားတစ်ပါးသော အဖြေတစ်မျိုး ထွက်လာနိုင်သည်။ ထို့ကြောင့် ဤသုံးထောင့် ခွင် ခဆညကို ဤစက်ဝိုင်း၌ထည့်၍ ရ မရ ကောက်ချက်မချသေးခင် ဤ သုံးထောင့်ခွင် ခဆည၏ ငယ်နေခြင်းသည် ဖြစ်နိုင်ခဲ့သော်ဟု သို့တည်းမဟုတ် မဖြစ်နိုင်ခဲ့သော်ဟု အဆိုကြမ်းပြု၍ အဖြေရှာလိုသည်။ ဤသို့လျှင် ဂျီသြမေထရီ ပညာရှင်က ပြန်ပြောရာသည်။

က ထိုနည်းတူစွာ ဂုဏ်သိက္ခာနှင့် စပ်လျဉ်း၍လည်း ဂုဏ်သိက္ခာကို သင်၍ ရ မရဟူသော ပြဿနာအတွက် ဆိုခဲ့သည့်အတိုင်းသဘောထား၍ အဖြေရှာ သင့်သည် ထင်သည်။ ဂုဏ်သိက္ခာဟူသည် အဘယ်နည်း။ ကျွန်ုပ်တို့ မသိကြ။ ထို့ကြောင့် မီနို၊ ဂုဏ်သိက္ခာသည် သင်၍ရသော အရာ ဟုတ် မဟုတ် သိရ အောင် ကျွန်ုပ်တို့သည် အဆိုကြမ်းတစ်ခုပြု၍ အဖြေရှာမည်။ ဂုဏ်သိက္ခာသည်  စေတသိက်စိတ်ဓာတ် အစုထဲ၌ရှိသော အရာအပေါင်းတွင် မည်ကဲ့သို့သော အရာမျိုးပေနည်း။ ဂုဏ်သိက္ခာသည် စေတသိက် စိတ်ဓာတ်တစ်ခုဖြစ်သော ဝိဇ္ဇာအသိတရားနှင့်တူလျှင် သင်၍ရသည်၊ မတူလျှင် သင်၍မရဟု အဆိုကြမ်း ပြုမည်။ ဤနေရာတွင် သိခြင်း မသိခြင်းကို အနုဿတိ မှတ်မိခြင်း သတိ မရခြင်း၊ မမှတ်မိခြင်း သတိမရခြင်းဟု ဆိုချင်လျှင်လည်း ဆိုနိုင်သည်။ ဝေါဟာရ ပညတ်မျှသာ ဖြစ်သောကြောင့် မည်သို့ပင် ဆိုစေကာမူ သဘောအားဖြင့် အတူတူသာ ဖြစ်သည်။ မီနို၊ မေးချင်ပါ သေးသည်၊ လူခပ်သိမ်းကို သင်ပေးလေ့ရှိသော အရာသည် လောက၌ တစ်ခုတည်းသာ ရှိသည်၊ ထိုအရာ သည် အသိတရား ဖြစ်သည်။ ထိုသို့ ဆိုမည်လော။
မီ။ ။ဆော့ခရတ္တိ၊ ဆိုချင်ပါသည်။
စာပိုဒ် ၂၃ 
ဆော့။ ။ကောင်းပြီ။ အကယ်၍ ဂုဏ်သိက္ခာသည် အသိတရား တစ်မျိုး ဖြစ်ခဲ့သော် ဂုဏ်သိက္ခာသည် သင်၍ရသော အရာဖြစ်ရမည်၊ ထိုသို့ မဆိုနိုင် ပြီလော။
မီ။ ။ဆိုနိုင်သည်ပေါ့။
ဆော့။ ။ဟုတ်ပြီ။ ဤတစ်ချက် ပြတ်ပေပြီ။ ဂုဏ်သိက္ခာသည် အသိ တရားတစ်မျိုးဖြစ်ခဲ့သော် သင်၍ ရသည်။ အသိတရား မဟုတ်ခဲ့သော် သင်၍ မရ။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။
ဆော့။ ။ထိုသို့ဆိုလျှင် နောက်ထပ် စဉ်းစားရဦးမည့် အချက်သည် ဤသို့ ဖြစ်သည်။ ဂုဏ်သိက္ခာသည် အသိတရား ဟုတ်ပါသလော၊ သို့တည်း မဟုတ် အသိတရားနှင့် မတူသော အရာပေလော။ ထိုအချက်ကို ကျွန်ုပ်တို့ စဉ်းစားကြရလိမ့်မည်။ ကြိုက်ပါသလော။
မီ။ ။ကြိုက်ပါသည်။ ။
ဆော့။ ။မီနို၊ မေးချင်ပါသည်။ ဂုဏ်သိက္ခာကို ကောင်းသောအရာဟု လူခပ်သိမ်းတို့ ဆိုတတ်ကြသည် မဟုတ်ပါလော၊ ဂုဏ်သိက္ခာသည် ကောင်းသော အရာဖြစ်၏ဟု ကျွန်ုပ်တို့ ယူထားမည်။
မီ။ ။ဟုတ်ပါသည်။ ဆိုတတ်ကြပါသည်။ ။
ဆော့။ ကောင်းပြီ။ ထိုသို့ယူလျှင် မီနို၊ အသိတရားနှင့်တွဲ၍မနေသော အသိတရားနှင့် တခြားစီဖြစ်သော အကောင်းသည် လောက၌ရှိခဲ့သော် ဂုဏ် C”
 သိက္ခာသည် အသိတရား မဖြစ်နိုင်။ သို့ရာတွင် အသိတရားနှင့် တွဲ၍ မနေသော အသိတရားနှင့် တခြားစီဖြစ်သော အကောင်းသည် လောက၌မရှိခဲ့သော် ဂုဏ်သိက္ခာသည် အသိတရားဖြစ်နိုင်၏ဟု ယူဖွယ် ရှိသည်။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်၊ ကြိုက်ပါသည်။
ဆာ။ ။မီနို၊ ကျွန်ုပ်တို့ လူကောင်းဖြစ်ကြသည်မှာ ဂုဏ်သိက္ခာ ရှိကြသောကြောင့် မဟုတ်လော။ ။
မီ။ ။ဂုဏ်သိက္ခာ ရှိကြသောကြောင့်သာပါ။ | ဆော့။ ။အကောင်းသည် အကျိုးပြုသည်ဟု ဆိုရာသည်။ အဘယ် ကြောင့်ဆိုသော် ကောင်းသော အရာဟူသမျှသည် အကျိုးပြုတတ်သောကြောင့်ပင်။
မီ။ ။ဟုတ်ပါသည်၊ လက်ခံပါသည်။ ။
ဆော့။ ။ထို့ကြောင့် ဂုဏ်သိက္ခာသည် အကျိုးပြုတတ်၏ဟု ဆိုရလိမ့် မည်၊ ဆိုရမည်လော။
မီ။ ခုနက ဆင်ခြေအရသော် လက်ခံခဲ့ပြီးပင် ဖြစ်သည်။ ထို့ကြောင့် ဆိုရမည်။
ဆော့။ ။ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ကို အကျိုးပြုတတ်သောအရာများ သည် မည်သည့်အရာများပေနည်း။ ပုံစံကား၊ ကျန်းမာခြင်းလော၊ ခွန်အား ကြီးခြင်းလော၊ အဆင်းလှခြင်းလော၊ ဥစ္စာပေါများခြင်းလော။ အလားတူ အရာများပေလော။
မီ။ ။ထိုအရာအားလုံးပင် အကျိုးပြုသော အရာများပါပေ။
ဆော့။ ။သို့ရာတွင် မီနို၊ ထိုအရာများကပင် တစ်ခါတစ်ရံ ကျွန်ုပ် တို့ကို အန္တရာယ်ပြုတတ်ကြသည် မဟုတ်ပါလော။ ပသို့နည်း။
မီ။ ။ဟုတ်ပေ၏။ တစ်ခါတစ်ရံ အန္တရာယ်ပြုတတ်ကြ၏ဟု ဆိုရလိမ့်မည်။ “ ။ ။ထိုသို့ဆိုလျှင် တစ်ခါတစ်ရံ အကျိုးပြုတတ်၍ တစ်ခါတစ်ရံ အန္တ ရာယ်ပြုတတ်ခြင်း၏ အကြောင်းရင်းကို ကျွန်ုပ်တို့ ဆင်ခြင်ကြည့်ဖို့လိုသည်။ မီနို၊ ကျန်းမာခြင်း အဆင်းလှခြင်း စသော အရာတို့ကို နှိုင်းနှိုင်းချိန်ချိန် သုခမိန်သဘောဖြင့် အသုံးပြုလျှင် ထိုအရာတို့သည် အကျိုးပြုတတ်ကြသည်။ နှိုင်းနှိုင်းချိန်ချိန် သုခမိန်သဘောဖြင့် အသုံးမပြုလျှင် အန္တရာယ်ပြုတတ်ကြသည်။ အသုံးပြုပုံ မှန် မမှန်သည် အကြောင်းရင်းဖြစ်သည်။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။ ။
ဆော့။ ထိုမှတစ်ဆင့်တက်၍ စေတသိက် စိတ်ဓာတ်ကောင်းများ ကိုလည်း ဆင်ခြင်ကြည့်ဦးမည်။ အသင်.ပည်း သိပြီးဖြစ်သည့်အတိုင်း စိတ်ဓာတ်  ကောင်းများသည် စောင့်စည်းမှု သံယမ ရှိခြင်း၊ သဒ္ဓမ္မရှိခြင်း၊ သူရသတ္တိရှိခြင်း သိလွယ်ခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ စိတ်ထား မြင့်မြတ်ခြင်း စသည်တို့ ဖြစ်သည်။ ဟုတ်ပါသည်လော။
မီ။ ။ဟုတ်ပါသည်။
ဘု။ ။အသိတရားသည်လည်း စေတသိက် စိတ်ဓာတ်ပင်ဖြစ်သည်။ သို့ရာတွင် စောင့်စည်းမှု သံယမ ရှိခြင်း၊ သဒ္ဓမ္မ ရှိခြင်း စသည်တို့နှင့်မတူ၊ တခြားစီဖြစ်သောကြောင့် ထိုအရာတို့ကို အသိတရားဟု မခေါ်ကြပါ။ မီနို၊ မေးချင်ပါသည်။ စောင့်စည်းမှု သံယမ ရှိခြင်း၊ သဒ္ဓမ္မ ရှိခြင်း အစရှိသော ထိုအရာတို့သည်လည်း ကျွန်ုပ်တို့ကို တစ်ခါတစ်ရံ အကျိုးပြုတတ်၍ တစ်ခါ တစ်ရံ အန္တရာယ်ပြုတတ်ကြသည်။ ပုံစံကား၊ နှိုင်းနှိုင်းချိန်ချိန် သုခမိန်သဘော မပါသော သူရသတ္တိရှိခြင်းမျိုး ဖြစ်သည်၊ (ဝါ) အတင့်ရဲခြင်း ဖြစ်သည်။ အကြင်သူသည် မိမိ၏ သူရသတ္တိကို ဆင်ခြင်၍ အသုံးပြု၏၊ ထိုသူ အကျိုးခံစားရသည်။ အကြင်သူသည် မိမိ၏သူရသတ္တိကို အဆင်ခြင်မဲ့ အသုံး ပြု၏၊ ထိုသူသည် ဘေးတွေ့သည်။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။
ဆော့။ ။မီနို၊ စောင့်စည်းခြင်းလည်း ထိုသဘောအတိုင်းပင်။ သိလွယ် ခြင်းတို့သည်လည်း ထိုသဘောအတိုင်းပင်။ ဆင်ခြင်၍ အသုံးပြုလျှင် အကျိုး ခံစားရသည်။ အဆင်ခြင်မဲ့ အသုံးပြုလျှင် ဘေးတွေ့သည်။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။
ဆော့။ ။အချုပ်မှာ စိတ်၌ဖြစ်ပေါ်သမျှ လှုပ်ရှားသမျှတို့သည် အမှား အမှန်အကျိုးအပြစ်တို့ကို ပိုင်းခြားသိမြင်တတ်သော အသိတရား (ဝါ) ပညာ သဘောနောက်သို့လိုက်လျှင် ချမ်းသာသုခကို ပေးသည်၊ မိုက်မဲခြင်း မောဟ နောက်သို့လိုက်လျှင် ဘေးဖြစ်စေသည်။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။
စာပိုဒ် ၂၄ 
ဆော့။ ။ကောင်းပြီ။ ဂုဏ်သိက္ခာသည် စိတ်ထဲက အရာလည်းဖြစ်၍ အကျိုးပြုရမည့် အရာလည်းဖြစ်လျှင် ဂုဏ်သိက္ခာသည် ပညာသဘောဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် စောင့်စည်းခြင်း၊ သူရသတ္တိရှိခြင်း အစရှိသော စေတသိက် စိတ်ဓာတ်တို့ ကိုယ်တိုင်က အကျိုးပြုတတ်သည်လည်းမဟုတ်၊ အန္တရာယ်ပြုတတ် သည်လည်း မဟုတ်သောကြောင့် ဖြစ်သည်။ တဖန် ထိုစိတ်ဓာတ်တို့သည်  ပညာသဘော နောက်သို့ လိုက်ပါက အကျိုးပြုတတ်၍ မောဟ နောက်သို့ လိုက်ပါက အန္တ ရာယ်ပြုတတ်သည်ကိုလည်း ဂုဏ်သိက္ခာက မြင်တတ်သော ကြောင့် ဖြစ်သည်။ ဤဆင်ခြေအရသော် ဂုဏ်သိက္ခာသည် အကျိုးပြုတတ်သည် ဖြစ်သောကြောင့် ဂုဏ်သိက္ခာကို ပညာသဘောတစ်မျိုးဟု ဆိုရလိမ့်မည်။
မီ။ ။ဆော့ခရတ္တိ၊ ကျွန်ုပ် သဘောကျပါသည်။ ။
ဆော့။ ။ထိုသို့ဆိုလျှင် တစ်ခါတစ်ရံ အကျိုးပြု၍ တစ်ခါတစ်ရံ အန္တရာယ်ပြုသော ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဥစ္စာ ရုပ်ဆင်းအင်္ဂါ အစရှိသောအရာ တို့၏ ကိစ္စ၌လည်း ထိုအရာတို့ကို စိတ်က မှန်မှန်ကန်ကန် ဦးဆောင်သွားပါက ထိုအရာတို့သည် အကျိုးပြု၍ စိတ်က အမှားမှားအယွင်းယွင်း ဦးဆောင်သွားပါက ထိုအရာတို့သည် အန္တရာယ်ပြု၏ဟု မဆိုနိုင်ပြီလော။ ယေဘုယျအားဖြင့် စိတ်ပိုင်းဆိုင်ရာ ကိစ္စတွင် ပညာသဘောနောက်သို့လိုက်သော စေတသိက် စိတ်ဓာတ်တို့သည် အကျိုးပြုတတ်၍ မောဟနောက်သို့လိုက်သော စေတသိက် စိတ်ဓာတ်တို့သည် အန္တရာယ်ပြုတတ်သည်ဟု ဆိုခဲ့သကဲ့သို့ ဖြစ်သည်။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။
ဆော့။ ။ထို့ပြင် ပညာသဘောယှဉ်သော စိတ်သည် လမ်းမှန်ကို ပြတတ်၍ ပညာသဘောမယှဉ်သောစိတ်သည် လမ်းမှားကို ပြတတ်သည်။ ထိုသို့ ဆိုမည်လော။ ။
မီ။ ။ဆိုရမည်ပေါ့။
ဆော့။ ။ကောင်းပြီ။ ထိုသို့ဆိုလျှင် ယေဘုယျသဘောတရားတစ်ခုကို သိရပြီဟု ဆိုနိုင်သည်။ လူ့လောကတွင် အကောင်းချည်း ဖြစ်စေလိုပါက အခြားအခြားသော ရုပ်ပိုင်းဆိုင်ရာ အရာအားလုံးအဖို့မှာ စိတ်သည် အခရာ ဖြစ်သည်။ စိတ်ထဲက စေတသိက် စိတ်ဓာတ်များအဖို့မှာ စေတသိက်စိတ်ဓာတ် တစ်ခုဖြစ်သော ပညာသဘောသည် အခရာဖြစ်သည်။ ဤသို့လျှင် ယေဘုယျ သဘောတရားတစ်ခုကို သိရပြီဟု မဆိုနိုင်ပြီလော။ ထို့ကြောင့် အကျိုးပြု တတ်သော အရာသည် ဂုဏ်သိက္ခာဖြစ်မည်ဟု ဆိုရာသည်။ ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာကို အကျိုးပြုတတ်သောအရာဟုဆိုသည် မဟုတ်ပါလော။
မီ။ ။ဟုတ်ပါသည်။ ဆိုပါသည်။ ။
ဆော့။ ။ထိုသို့ဆိုလျှင် ဂုဏ်သိက္ခာသည် ပညာသဘောဖြစ်သည်ဟု ဆိုရာရောက်သည်။ ဂုဏ်သိက္ခာသည် အားလုံးစုံနှင့် သက်ဆိုင်သော သဗ္ဗတ္ထက အနေဖြင့်သော်လည်းကောင်း၊ ဂုဏ်သိက္ခာ၏အစိတ်အပိုင်း တစ်ခုစီတစ်ခုစီနှင့် သက်ဆိုင်သော ဧကေကအနေဖြင့်သော်လည်းကောင်း ပညာသဘော ဖြစ်ရမည်။
 မီ။ ။ဆော့ခရတ္တိ၊ အသင်၏ အဆိုသည် ပြတ်သားပုံရသည်။
ဆော့။ ။ကောင်းပြီ။ ဂုဏ်သိက္ခာသည် ပညာသဘောဖြစ်၏ဟူသော အဆိုသာ မှန်သည်ဖြစ်ပါက ပုထုဇဉ် လူ့သဘာဝသည် လူကို ကောင်းအောင် မပြုတတ်ဟု ဆိုရလိမ့်မည်။ ။
မီ။ ။ဟုတ်ပါသည်။ ကျွန်ုပ်လည်း ထိုသို့ပင်သဘောရပါသည်။ | ဆော့။ ။စဉ်းစားစရာတစ်ခုရှိသေးသည်။ အကယ်၍လူကောင်းသည် ပုထုဇဉ်သဘာဝအလျောက် ကောင်းသည်ဖြစ်လျှင် ပုထုဇဉ်သဘာဝအလျောက် ကောင်းသောသားငယ်များကို ရွေးတတ်သူများ ရှိကြမည်ဖြစ်သည်။ သူတို့ရွေး ပေးသော သားငယ်များကို ကျွန်ုပ်တို့က ယူ၍ တိုက်ထဲ၌ လှောင်၍ မွေးကျွေး သိမ်းဆည်းထားနိုင်သည်။ သားငယ်များကို မည်သူကမျှ မဖျက်မဆီးနိုင်အောင် ရွှေတုံးရွှေခဲများကို မှတ်သား၍ သိမ်းဆည်းထားသည်ထက် သားငယ်များကို ပို၍ ဂရုစိုက်မှတ်သားကာ သိမ်းဆည်းထားနိုင်သည်။ သားငယ်များ အရွယ် ရောက်လာကြသောအခါ နိုင်ငံ၏အကျိုးအတွက် သူတို့ကို အသုံးချနိုင်သည်။
မီ။ ။ဆော့ခရတ္တိ၊ ဖြစ်နိုင်ပါသည်။ ။
ဆော့။ သို့ရာတွင် မီနို၊ အကောင်းသည် သူ့သဘာဝအလျောက် ကောင်းသည်မဟုတ်၊ အကောင်းဖြစ်အောင် ပညာသင်ပေးမှသာ အကောင်း ဖြစ်မည်ဟု ဆိုချင်သည်။ ဆိုရမည်လော။
မီ။ ။ဆိုရမည်ပေါ့။ ဆော့ခရတ္တိ၊ ကျွန်ုပ်တို့ ယခုကောက်ချက်ချနိုင်ကြ ပြီ ထင်သည်။ ဂုဏ်သိက္ခာသည် အမှားအမှန် အကျိုးအပြစ်တို့ကို ပိုင်းခြားသိမြင် တတ်သော အသိတရား သဘောဖြစ်သည်ဟု (ဝါ) ပညာသဘောဖြစ်သည်ဟု ခုနက ဆိုခဲ့သဖြင့် ဂုဏ်သိက္ခာသည် သင်၍ရသောအရာဖြစ်သည်ဟု ဆိုရလိမ့် မည်။ ထိုသို့ မဟုတ်ပါလော။
ဘု။ ။ခုနက ဆိုခဲ့ကြသည်ကား မှန်၏။ သို့ရာတွင် ထိုအဆိုကို လက်ခံလိုက်သဖြင့် မှားကုန်ကြပြီဆိုအံ့။ ပသို့ဖြစ်မည်နည်း။
မီ။ ။ခုနက တင်ပြခဲ့သော ဆင်ခြေအရသော် ထိုအဆိုသည် မှန်နေပုံရပါသည်။
ဆော့။ ။မီနို၊ ခုနအတွက် မှန်နေရုံနှင့် မပြီးသေး။ အခုအတွက်ရော နောင်အတွက်ရော မှန်နိုင်မှဖြစ်မည်။ သို့မှသာ ထိုအဆိုခိုင်မည်။
မီ။ ။ဆော့ခရတ္တိ၊ ပသို့နည်း။ အသင်စကားတစ်မျိုး ပြောလာပြန်ပြီ။ ထိုအဆိုကို အသင် အဘယ်ကြောင့် မကြိုက်နိုင်ရသနည်း။ ဂုဏ်သိက္ခာသည် အသိတရားဟုတ်မှ ဟုတ်ပါလေစဟု အသင် အဘယ့်ကြောင့် ဒွိဟဖြစ်လာရပြန် သနည်း။
 ဆော့။ ။မီနို၊ ဂုဏ်သိက္ခာသည် အသိတရားဖြစ်ရိုးမှန်ပါက ဂုဏ်သိက္ခာ သည် သင်၍ရသော အရာဖြစ်၏။ ထိုအဆိုကို ကျွန်ုပ် ကြိုက်ပါသည်။ မပယ် လိုပါ။ သို့ရာတွင် ဂုဏ်သိက္ခာသည် အသိတရား ဟုတ်မှ ဟုတ်ပါလေစ၊ ကျွန်ုပ် ဒွိဟဖြစ်နေသေးသည်။ ကျွန်ုပ်မှာ ပြောစရာအကြောင်းကောင်း ရှိပါ၏။ အသင် စဉ်းစားကြည့်ပါဦး။ မည်သည့်အရာပင် ဖြစ်စေကာမူ ထိုအရာသည် သင်၍ရသော အရာဖြစ်လျှင် အကယ်သင်တတ်သောဆရာ ရှိရမည်၊ အကယ် တတ်မြောက်သော တပည့် ရှိရမည်။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်၊ ရှိရမည်ပေါ့။ ။
ဆော့။ ။ပြန်ဘက်အားဖြင့် တွေးကြည့်ပါဦး၊ အရာတစ်ခုကို အကယ် သင်တတ်သော ဆရာလည်းမရှိ၊ အကယ်တတ်မြောက်သော တပည့်လည်းမရှိဟု ဆိုအံ့။ ထိုအရာကို သင်၍မရနိုင်ဟု ယူသည်က ပို၍သင့်မည်ထင်သည်။
✥﹤--- www.ebooks4mm.org ---﹥✥

၁၃။ ဆော့ခရတ္တိ၏ ဂုဏ်သိက္ခာ အယူအဆ (ဂ)
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် မီနိုကထာမှပင် ဖြစ်သည်။ စာပိုဒ်အမှတ် ၂၅ မှ ၂၇ အထိ ဖြစ်သည်။ စာပိုဒ် ၂၂ မှ ၂၃၊ ၂၄ တို့တွင် အဆုံးသတ် စကားများ၌ ဂုဏ်သိက္ခာသည် သင်၍ရသော အရာမဟုတ်နိုင်ကြောင်း၊ အကယ်၍ သင်၍ရသော အရာဖြစ်လျှင် သင်တတ်သောဆရာရှိရမည် ဖြစ်ကြောင်း၊ သင်တတ်သောဆရာလည်း မရှိ၍ တတ်မြောက်သောတပည့် လည်း မရှိလျှင် ဂုဏ်သိက္ခာသည် သင်၍ရသောအရာမဟုတ်သောကြောင့်သာ ဖြစ်ကြောင်း ဆော့ခရတ္တိက ဆိုခဲ့ပါသည်။ ယခု ဖော်ပြလတ္တံ့သော စာပိုဒ်တို့တွင် ထိုအဆိုကို ဆော့ခရတ္တိက ရှင်းပြသည်ကို တွေ့နိုင်ပါသည်။
ဆော့ခရတ္တိက ရှင်းပြရာတွင် ဂုဏ်သိက္ခာရှိသူတို့သည် ရှေးခေတ်က လည်း ရှိခဲ့ကြောင်း၊ ယခုခေတ်၌လည်း ရှိနေကြောင်း၊ အကယ်၍ဂုဏ် သိက္ခာသည် သင်၍ရသော အရာဖြစ်ခဲ့လျှင် ဆိုခဲ့သော ဂုဏ်သိက္ခာရှိသူတို့ သည် သူတို့၏ ဂုဏ်သိက္ခာမျိုးကို သူတို့၏သားများရကြအောင် သင်ပေး ကြမည်သာဖြစ်ကြောင်း၊ သို့ရာတွင် မည်သူမျှ သူတို့၏ ဂုဏ်သိက္ခာမျိုးကို သူတို့၏ သားများရကြအောင် သင်မပေးနိုင်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ အက်သင်းမြို့ နိုင်ငံ၏ ရေတပ်ကို တည်ထောင်ဖွဲ့စည်း၍ ရေတပ်တိုက်ပွဲများ တွင် အက်သင်း၏ ဂုဏ်ကျက်သရေနှင့်တကွ အက်သင်း၏ တန်ခိုးအာဏာ ကို ဂရိလောက၌ဖြန့်ခဲ့သော ဂရိခေါင်းဆောင်တစ်ဦးသည် သူ၏ စွမ်းပကား ဂုဏ်သိက္ခာကို သူ့သားအား သင်မပေးနိုင်ခဲ့ကြောင်း စသည်တို့ကို သာဓကအဖြစ် တင်ပြ၍ ဆော့ခရတ္တိက ဆိုခဲ့ပါသည်။
 ယခုဖော်ပြလတ္တံ့သော စာပိုဒ်များ၌ မီနိုအပြင် အက်သင်းမြို့နိုင်ငံ ခေါင်းဆောင်တစ်ဦးဖြစ်သော အနိုင်းတသည် စကားဝိုင်းသို့ ဝင်လာဆွေးနွေး သည်ကို တွေ့နိုင်သည်။ အနိုင်းတသည် နောင်အခါတွင် ဆော့ခရတ္တိကို တရားစွဲသူတစ်ဦးဖြစ်သည်။ အနိုင်းတသည် အသစ်ဟူသမျှကို မကောင်းဟု ယူ၍ အသစ်ကို အလွန်ရွံမုန်းသောသူ ဖြစ်သည်ဟုဆိုသည်။ အထူးသဖြင့် ဂရိဆိုဖီဆရာများကို မျက်မုန်းကျိုးနေသူ ဖြစ်သည်။ ဆိုဖီဆရာတို့ကို အက်သင်းမြို့နိုင်ငံ၏ ရန်သူဟု သိမ်းကျုံး၍ အထင်ရှိနေသူ ဖြစ်သည်။
ဆော့ခရတ္တိသည် ဆိုဖီဆရာများကဲ့သို့ ပြောဟောသင်ပြခြင်းဖြင့် အသက် မွေးသူမဟုတ်သော်လည်း အနိုင်းတသည် ဆော့ခရတ္တိ၏ အမေးအမြန်း အစစ်အဆေး အဝေအဖန်တို့ကို သိပ်သဘောကျလှသည် မဟုတ်ဟုလည်း ဆိုသည်။ ထို့ကြောင့် သူ့စကားတွင် ဆိုဖီဆရာများအပေါ်၌ အနိုင်းတ မလိုတမာစိတ်ထားရှိပုံ၊ မလိုတမာစိတ်ဖြင့် တစ်ယူသန်သိမ်းကျုံး၍ အပြစ် မြင်တတ်ပုံတို့ကို ပလေးတိုးက သရုပ်ဖော်ခဲ့သည်ဟု ဆိုကြသည်။
စာပိုဒ် ၂၅ 
မီ။ ။ဆော့ခရတ္တိ၊ ထိုဆင်ခြေအရကား ဟုတ်ပါ၏။ သို့ရာတွင် ဂုဏ်သိက္ခာကို သင်ပေးတတ်သော ဆရာသည် လောက၌ မရှိဟု အသင် ထင်ပါသလော။
ဆော့။ ။မီနို၊ ကျွန်ုပ် ရှာဖူးလှပြီ။ ထိုစကားသည် မှန်၏။ ဒုက္ခခံ၍ ကျွန်ုပ် ရှာဖူးသည်။ သို့ရာတွင် အချည်းနှီးသာ။ ရှာရာတွင် ကျွန်ုပ်သည် သူတစ်ပါးနှင့်လည်း တွဲ၍ ရှာဖူးသည်။ အထူးသဖြင့် ဂုဏ်သိက္ခာသင်ပေးသော ဆရာတို့၏ အရည်အချင်းကို သိသည်ဟု ကျွန်ုပ် ယူဆသောသူတို့နှင့် တွဲ၍ ရှာဖူးပါသည်။ အလို၊ ပြောတွင်းဆိုတွင်း၌ပင် ကျွန်ုပ်တို့ တွေ့ချင်နေသော အနိုင်းတ ရောက်လာပြီ။ သူ့ထံမှ အကြံကောင်း ဉာဏ်ကောင်း တောင်းကြည့် ချင်သည်။ အချင်းမီနို၊ အနိုင်းတသည် ပညာလည်းရှိ၍ ဥစ္စာလည်းရှိသော အဖ၏သား မဟုတ်ပါလော။ အနိုင်းတ၏ အဖသည် ပေါလိခရတ္တိ၏ အမွေ ပစ္စည်းကို သက်သက်သာသာရလိုက်သော အစ္စမဲ့နိုအကဲ့သို့ ကံစွပ်၍ ကြွယ်ဝ လာသော သူကြွယ်မျိုးမဟုတ်။ သူ့ဉာဏ်၊ သူ့ပညာ၊ သူ့လုံ့လတို့ဖြင့် ကြွယ်ဝ လာသော သူကြွယ်ဖြစ်သည် မဟုတ်ပါလော။ ထို့ပြင် အနိုင်းတ၏ အဖသည် ဥစ္စာမာနရှိသော၊ စော်ကားမော်ကား ပြောဆိုပြုမူတတ်သော၊ စိတ်ညစ်စရာ ကောင်းသောသူ မဟုတ်။ လောကဝတ် ဓမ္မဝတ်တို့၌ လိမ္မာသူ ဖြစ်သည်။ ထို့ပြင် အနိုင်းတ၏ အဖသည် သားဖြစ်သူအနိုင်းတကို ဆိုဆုံးမတတ်၍ ပညာကောင်း ပေးခဲ့သူ ဖြစ်သည်။ ထို့ကြောင့် မဟုတ်လော၊ အက်သင်းပြည်သူတို့သည် ယခုအခါတွင် နိုင်ငံတော်၏ အထွတ်အထိပ်ရာထူးတစ်ခုတွင် အနိုင်းတကို အများသဘောတူ ရွေးကောက်တင်မြှောက်ထားကြခြင်းဖြစ်သည်။ အပေါင်းတသည် ထိုသို့သော သားကောင်းတစ်ဦးဖြစ်သည်။ ဂုဏ်သိက္ခာကို သင်တတ်သော  ဆရာသည် လောက၌ ရှိ မရှိ သိရအောင်အဖြေရှာကြရာတွင် မည်သူကမဆို အကြံဉာဏ်တောင်းထိုက်သော ပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် အချင်းအပေါင်းတ ကျွန်ုပ်ကိုလည်း ကူညီပါ။ မိသိ၊ ဖသိ၊ ဆွေသိ၊ မျိုးသိဖြစ်ကြသော အသင်၏ ငယ်ပေါင်းကြီးဖော် မီနိုကိုလည်း ကူညီပါ။ ဂုဏ်သိက္ခာကို သင်တတ်သော ဆရာသည် လောက၌ ရှိပါသလော။ ဤမေးခွန်းကို ဖြေရန် ဖြစ်သည်။
ကောင်းပြီ၊ ဤသို့ စဉ်းစားကြည့်ရအောင်။ မီနိုကို ဆေးဆရာဖြစ်စေချင်သည် ဆိုအံ့။ ဆေးပညာအတွက် မည်သူ့ထံသို့ မီနိုကို ကျွန်ုပ်တို့ ပို့ကြမည်နည်း။ ဆေးဆရာများထံသို့ ပို့ကြမည် မဟုတ်ပါလော။ | အနိုင်းတ။ ။ဟုတ်သည်။
ဆော့။ ။ဖိနပ်ချုပ်သမားကောင်း ဖြစ်စေချင်လျှင်ကော ဖိနပ်ချုပ်သမား များထံ ပို့ကြမည် မဟုတ်ပါလော။
အနိုင်း။ ။ဟုတ်သည်ပေါ့။
ဆော့။ ။တစ်ခုခုဖြစ်စေချင်တိုင်း သက်ဆိုင်ရာသို့ ပို့ကြမည် မဟုတ် ပါလော။
အနိုင်း။ ။ဟုတ်သည်ပေါ့။
ဆော့။ ။ကောင်းပြီ။ ထိုအကြောင်းကိုပင် တစ်မျိုးမေးချင်သေးသည်။ ဆိုခဲ့ကြသည့်အတိုင်း မီနိုကို ဆေးဆရာဖြစ်စေချင်လျှင် မီနိုကို ဆေးဆရာများ ထံသို့ ပို့ကြမှသာ အမှန်ဖြစ်မည်။ ထိုသို့ဆိုလျှင် အတတ်ပညာတစ်ခုခု သင်ယူ လိုသူကို ထိုအတတ်ပညာ မတတ်သူတို့ထံသို့ မပို့ဘဲ ထိုအတတ်ပညာကို တတ်သည်လည်းဖြစ်၍ တတ်ကြောင်း ထုတ်ဖော်ပြောဆိုလျက် အဖိုးအခယူ၍ သင်ပေးသည်လည်းဖြစ်သော သူထံသို့ ပို့မှသာ မှန်မည်ဟု ဆိုရာမရောက်ပါ လော။ ထိုသဘောအတိုင်း သက်ဆိုင်ရာသို့ပို့လျှင် မှန်ရာကန်ရာကို ကျွန်ုပ်တို့ ပြုကြသည် မမည်ပါလော။
အနိုင်း။ ။မည်သည်ပေါ့။
ဆာ။ ။ပလွေသမားဖြစ်စေချင်လျှင်လည်း ထိုသဘောအတိုင်း ဖြစ်ရ မည်ပေါ့။ အခြားအခြားသော ကိစ္စများအတွက်လည်း ထိုသဘောအတိုင်းပင် ဖြစ်ရမည်။ စဉ်းစားကြည့်စမ်းပါ။ အကြင်သူကို ပလွေသမားဖြစ်စေချင်၏၊ ထိုသူကို ပလွေအတတ် တတ်သည်လည်းဖြစ်၍ ပလွေအတတ် တတ်ကြောင်း ဖော်ပြောဆိုလက် အဖိုးအယု၍ ပေးသည်လည်းဖြစ်သော သူ့ထံသိ  မပို့ဘဲ ပလွေဆရာဟုတ်ပါသည်ဟု မဆိုသည်လည်း ဖြစ်၍ ပလွေအတတ်သင် တပည့်ဟူ၍ တစ်ကောင်တစ်မြီးမျှ မရှိသည်လည်းဖြစ်သော သူတို့ကို ကျွန်ုပ်တို့က နားပူနားဆာ ပြုခဲ့သည်ရှိသော် ကျွန်ုပ်တို့ မိုက်ရာကျမည်ဖြစ်သည်။ အချင်း အနိုင်းတ၊ ထိုသို့ပြုခဲ့သော် ဉာဏ်မရှိရာ မရောက်ပါလော။
အနိုင်း။ ။ဆော့ခရတ္တိ၊ ထိုသို့ ပြုသောသူသည် လူရူးလူမိုက်သာ ဖြစ်ရာသည်။
ဘု။ ။ဟုတ်သည်။ အချင်းအပေါင်းတ၊ တစ်ဦးခေါင်းတစ်ပညာ ဆိုသည့်အတိုင်း ကျွန်ုပ်တို့နှစ်ဦးသည် ခေါင်းချင်းဆိုင် တိုင်ပင်၍ မီနိုဆိုခဲ့သော စကားကို စိစစ်ကြည့်ရအောင်။ မီနို ဆိုခဲ့သည်မှာ ဤသို့ဖြစ်သည်။ အိုးအိမ်ကိစ္စ တိုင်းနိုင်ငံကိစ္စတို့ကို စီမံတတ်အောင်၊ အမိအဖ၏ ကျေးဇူးကို ဆပ်ကြအောင်၊ တိုင်းသူပြည်သားတို့ ပျော်ရွှင်ကြအောင်၊ တိုင်းသူပြည်သားတို့ အလုပ်လုပ်ချင်ကြ အောင် ပြုပေးနိုင်စွမ်းရှိသော ဂုဏ်သိက္ခာကို သူအလိုရှိသည်ဟု မီနို ဆိုခဲ့ဖူးသည်။ ကျွန်ုပ်တို့သည် မီနိုကို မည်သူ့ထံသို့ ပို့မည်နည်း။ အထက်ကဆိုခဲ့ကြသည့် အတိုင်း လိုရင်းသဘောကို ကောက်ယူရမည်ဖြစ်လျှင် ဂုဏ်သိက္ခာကို သင်ပေး နေသည်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလျက် သင်ယူလိုသူများထံမှ အဖိုးအခယူ၍ သင်ပေးနေကြသော သူများထံသို့ မီနိုကို ပို့ကြမည် မဟုတ်ပါလော။
အနိုင်း။ ။ဆော့ခရတ္တိ၊ ဂုဏ်သိက္ခာသင်ပေးနေသည်ဆိုသောသူများသည် မည်သူများပေနည်း။ ။
ဆော့။ ။အနိုင်းတ၊ ထိုသူများကို အသင် သိပါသည်။ ဆိုဖီဆရာဟု အများကသမုတ်ကြသောသူများ မဟုတ်ပါလော။
အနိုင်း။ ။ဆော့ခရတ္တိ၊ ရှေ့မဆက်ပါနှင့်တော့။ ဆိုဖီဆရာဟူသော အသံကို ကျွန်ုပ် နားကြားပြင်းကတ်သည်။ ကျွန်ုပ်၏ ဆွေညာတကာထဲမှ ဖြစ်စေ၊ မိတ်ဆွေထဲမှဖြစ်စေ မည်သူ့ကိုမျှ ထိုလူစုနှင့် မပတ်သက်စေချင်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုလူစုထံသို့ ခဏခဏသွား၍ ထိုလူစု၏ တရားကို နာယူသူအပေါင်းသည် ပျက်စီးကြမည်မှာ သေချာသောကြောင့်ပင်။ ထိုလူစုသည် အဖျက်သမားသက်သက် ဖြစ်သည်။
စာပိုဒ် ၂၆ 
ဘု။ ။အချင်းအနိုင်းတ၊ အသင် ပသို့ဆိုလိုက်သနည်း။ ကောင်းရာ ကောင်းကြောင်းကို သိသည်ဟု ဆိုကြသောသူများတွင် ဆိုဖီဆရာများလည်း ပါသည်။ ထိုအခါ ဆိုဖီဆရာများကိုသာ ကွက်၍ အဖျက်သမားဟု အသင်  ဆိုချင်ပါသလော။ ဆိုဖီဆရာများသည် သူတို့ထံသို့ ရောက်လာကြသောသူများကို ကောင်းအောင်မပြုသည့်အပြင် ပျက်စီးအောင်ပင်ပြုသည်ဟု အသင်ဆိုချင်ပါ သလော။ ဆိုဖီဆရာများက လူသိရှင်ကြား အဖိုးအခယူ၍ ဂုဏ်သိက္ခာသင်ပေး နေခြင်းကို အဖျက်လုပ်ငန်းဟု အသင်ဆိုချင်ပါသလား။ ကျွန်ုပ်အဖို့မှာ အသင်၏ စကားကို မယုံနိုင်လောက်အောင် ဖြစ်သည်။ ကျွန်ုပ်သည် ဆိုဖီဆရာကြီး ပရောတောရကို ကောင်းစွာသိသည်။ သူ၏ ပညာကို အရပ်က ဝိုင်း၍ ပူဇော် ကြသဖြင့် ပရောတဂေါရသည် အင်မတန် စီးပွားဖြစ်ခဲ့သည်။ စီးပွားဖြစ်သည့် အရာတွင် အလွန်လက်မြောက်သော တမော့ဆရာ ဖိဒိအဲထက် သာသည်၊ တမော့ဆရာ ဆယ်ဦးထက်ပင် သာသေးသည်။ အချင်းအနိုင်းတ၊ အက်သင်း တွင် ဖိနပ်ပြင်သမား၊ အဝတ်အင်္ကျီ အဖာအထေးသမားတို့ ရှိသည် မဟုတ်ပါ လော။ ထိုသူတို့သည် မိမိတို့ထံ အပ်လာသောပစ္စည်းတို့ကို ပြင်တန်လျှင်ပြင်၍ အဖာအထေးပြုတန်လျှင် အဖာအထေးပြုကြသည် မဟုတ်ပါလော။ ပြင်ပြီး၍ အဖာအထေးပြုပြီး၍ ပြန်ပေးသောအခါ ထိုပစ္စည်းတို့သည် မူလအပ်စဉ်ကထက် ပို၍ကောင်းလာရမည် မဟုတ်ပါလော။ အကယ်၍ အပ်စဉ်ကထက် ပို၍ဆိုးသွား သည်ဖြစ်လျှင် ပစ္စည်းရှင်တို့သည် ရက်သုံးဆယ်လောက်အတွင်းတွင် ထိုအဆိုးကို တွေ့လာကြမည်သာ။ ထိုအခါ ထိုပစ္စည်းရှင်တို့သည် ထိုသူတို့ထံ၌ နောက်တစ်ခါ အပ်တော့မည် မဟုတ်သဖြင့် ထိုအပြင်သမား အဖာအထေးသမား တို့သည် ထမင်းငတ်၍ သေကြရမည် ဖြစ်သည်။ ဆိုဖီဆရာကြီး ပရောတဂေါရသည် လူငယ်များကို ပညာသင်ပေးခဲ့သည်မှာ အနှစ် လေးဆယ် ကြာမြင့်ခဲ့သည်။ အကယ်၍ ပရောတဂေါရသည် တပည့်များကို ပျက်စီးအောင်ပြုခဲ့သည်ဖြစ်လျှင် သူ့ကျောင်းထွက်တပည့်များကလည်း ဆိုးလာကြသည်ဖြစ်လျှင် အမိအဖတို့သည် ထိုအနှစ်လေးဆယ်အတွင်းတွင် ပရောတောရ၏ အဖျက်လုပ်ငန်းကို အဘယ် မှာလျှင် မရိပ်မိဘဲ နေကြအံ့နည်း။ အသက်ခုနစ်ဆယ်တွင် အနိစ္စ ရောက်ခဲ့ သော ပရောတဂေါရသည် အနှစ်လေးဆယ်မျှ ပညာသင်ပေးမှုကို ပြုခဲ့ပြီးသည့် နောက် သူ၏ အမည်သတင်းသည် ယခုတိုင် မွှေး၍ ကျန်နေသေးသည်။ အခြား အခြားသော ဆိုဖီဆရာတို့၏ အမည်သတင်းသည်လည်း မွှေးလျက်ပင် ဖြစ်သည်။ ပရောတောရ မတိုင်မီက ဆိုဖီဆရာများလည်း ထိုအတိုင်းပင်။ အသက်ထင်ရှား ရှိနေကြသော ဆိုဖီဆရာများလည်း ထိုအတိုင်းပင်။ အချင်း အနိုင်းတ၊ ဆိုဖီဆရာများသည် အဖျက်သမားများဖြစ်၏ ဟူသော အသင်၏ စကားကို လက်ခံရမည်ဖြစ်လျှင် ထိုစကားကို ကျွန်ုပ်သည် မည်သို့ အဓိပ္ပာယ်  ကောက်ရမည်နည်း၊ ဆိုဖီဆရာတို့သည် လူငယ်များကို လိမ်နေကြသည်ဟု အဓိပ္ပာယ်ကောက်ရမည်လော၊ သို့တည်းမဟုတ် သူတို့ကိုယ်ကို သူတို့ လိမ်နေ ကြသည်ဟု အဓိပ္ပာယ်ကောက်ရမည်လော။ ထို့ပြင် ဆိုဖီဆရာများကို ပညာရှိ ကဝိဟု လူခပ်သိမ်းက သမုတ်နေကြခိုက်တွင် လူရူးလူမိုက်များသာဟု ကျွန်ုပ်တို့က ဆိုကြရမည်လော။
အနိုင်း။ ။ဆော့ခရတ္တိ၊ လူရူးလူမိုက်များသာဟု ဆိုပါလေ။ ပိုမိုက်သူ များသည် ထိုဆိုဖီဆရာများကို ကြေးပံ့နေကြသော လူငယ်များ ဖြစ်သည်။ ထိုဆိုဖီဆရာများထံသို့ သားများကို ပို့နေကြသော အမိအဖများ ဖြစ်သည်။ အမိုက်ဆုံးမှာ ကိုယ့်နိုင်ငံသား ဆိုဖီဆရာကိုဖြစ်စေ၊ အခြားနိုင်ငံသား ဆိုဖီဆရာကို ဖြစ်စေ မမောင်းမနှင်မထုတ် ကြည်ကြည်ဖြူဖြူ လက်ခံနေကြသော ပြည်သူများ ဖြစ်သည်။
ဆော့။ ။အနိုင်းတ၊ ပသို့ဆိုလိုက်သနည်း။ အသင့်ကို ဆိုဖီဆရာတစ်ဦး ဦးက မဟုတ်မဟတ် ပြောဖူးဆိုဖူး ပြုဖူးပါသလော၊ စော်ကားဖူးပါသလော။ ဆိုဖီဆရာလောကတစ်ခုလုံးကို အသင် ခါးခါးသီးသီး ဆိုလှချေ၏တကား။
အနိုင်း။ ။ဆော့ခရတ္တိ၊ ကျွန်ုပ်သည် ဤအသက် ဤအရွယ်အထိ မည်သည့်အခါကမျှဆိုဖီဆရာတို့နှင့် အဆက်အဆံမပြုခဲ့။ ကျွန်ုပ်၏ အဆွေအမျိုး တပည့်သားမြေးတို့ကိုလည်း ဆိုဖီဆရာတို့နှင့် ဆက်ဆံခွင့်မပေးခဲ့။
ဆော့။ ။ထိုသို့ဆိုလျှင် ဆိုဖီဆရာများအကြောင်းကို အသင် ကျကျနန မသိဟု ဆိုရမည်ပေါ့။ ဆိုဖီဆရာတို့နှင့် စပ်လျဉ်း၍ မည်သည့်အတွေ့အကြုံမျှ အသင့်မှာ မရှိခဲ့ဟု ဆိုရမည်ပေါ့။ ။
အနိုင်း။ ။ဆိုပါ။ နောင်အခါမှာလည်း ကျွန်ုပ် မတွေ့ချင် မကြုံချင်ပါ။
ဆော့။ ။အချင်း အနိုင်းတ၊ ဆိုဖီဆရာတို့နှင့် စပ်လျဉ်း၍ မည်သည့် အတွေ့အကြုံမျှ အသင့်မှာ မရှိခဲ့ဟုဆိုသော် သူတို ဆိုးမှန်းကို အသင်မည်သို့ သိပါသနည်း။
| အနိုင်း။ ။အလွယ်သာပါ။ ကျွန်ုပ်မှာ အတွေ့အကြုံ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆိုဖီဆရာဆိုသူသည် မည်သို့သောလူစားဖြစ်သည်ကို ကျွန်ုပ် သိပြီးဖြစ်သည်။
| ဆော့။ ။အံ့ဖွယ်ပင်။ အနိုင်းတ၊ ထိုသို့ဆိုလျှင် အသင်သည် နတ်မျက်စိ ရသူ ဖြစ်မည်လား မသိ။ အသင်၏ စကားအရသော် အသင် မည်သို့  သိသည်ကို ကျွန်ုပ် သဘောမပေါက်ပါ။ ရှိပါစေတော့၊ ကျွန်ုပ်တို့သည် မီနို ပျက်စီးအောင် ပညာသင်ပေးသောသူတို့ကို ရှာနေသည်မဟုတ်ပါ။ ထို့ကြောင့် မီနို ပျက်စီးအောင် ပညာသင်ပေးသူများသည် ဆိုဖီဆရာများဖြစ်၏ဟု အသင် ဆိုချင်လျှင် ဆိုပါတော့။ ထို့နောက် ကျွန်ုပ် ဤသို့မေးချင်ပါသည်။ ဂုဏ်သိက္ခာ အရာ၌ မီနို ပြောင်မြောက်အောင် သင်ပေးတတ်သူသည် ဤမြို့၌ ရှိပါသလော။ အသင်သိလျှင် ပြောပါဘိ။
အနိုင်း။ ။ဆော့ခရတ္တိ၊ အသင်က ပြောလိုက်ပါလော။
ဆော့။ ။အနိုင်းတ၊ ဂုဏ်သိက္ခာဆရာ ဖြစ်မည်ဟု ကျွန်ုပ် ထင်သော သူများကို မီနိုအား ခုနက ကျွန်ုပ် ပြောပြီးပါပြီ။ သို့ရာတွင် ထိုသူတို့သည် အဖျက်သမားများသာ ဖြစ်၏ဟု အသင်က ဆိုလိုက်သဖြင့် ကျွန်ုပ် မျက်စိလည် သွားပြီ၊ ကျွန်ုပ် မပြောတတ်တော့ပြီ။ အသင်က ပြောမှသာ ဖြစ်တော့မည်။ ဆိုဖီဆရာများသည် အဖျက်သမားများသာ ဖြစ်၏ဟုဆိုသော အသင်၏စကား သည် ဟုတ်သလောက်လည်း ဟုတ်တန်ရာပါသည်။ အသင်၏အလှည့်သို့ရောက် လာပြီ ဖြစ်သဖြင့် အသင်ကပြောပါဦး။ အသင်၏မိတ်ဆွေ မီနိုသည် ဤအက်သင်. မြို့ကြီးတွင် မည်သည့်ပုဂ္ဂိုလ်ကို ချဉ်းကပ်သင့်ပါသနည်း။ ပုဂ္ဂိုလ်တစ်ဦးဦး၏ အနည်နာမကိုပါ ပြောနိုင်လျှင် ပြောပါဘိ။
စာပိုဒ် ၂၇ 
အနိုင်း။ ။ဆော့ခရတ္တိ အဘယ့်ကြောင့် ပုဂ္ဂိုလ်တစ်ဦးဦးကို ခေါင်းတပ်၍ မေးပါသနည်း။ ဤမြို့ကြီးတွင် မီနိုသည် အက်သင်းမြို့သား စေတနာကောင်း ရှိသူ အများအပြားကို တွေ့နိုင်ပါသည်။ ထိုပုဂ္ဂိုလ်တို့ ဆိုသည့်အတိုင်းသာ မီနိုက လိုက်နာမှုပြုနိုင်သည်ဖြစ်လျှင် မီနို လူကောင်းဖြစ်လာနိုင်သည်။ စင်စစ်မှာ အက်သင်းမြို့သား စိတ်ကောင်းရှိသူများသည် မီနိုကို လူကောင်းဖြစ်လာ အောင် ပြုရာတွင် ဆိုဖီဆရာများထက် သာပါလိမ့်မည်။ ။
ဆော့။ ။ကောင်းပါပြီ။ အသင်ဆိုသော စေတနာကောင်းရှိသူများသည် ဘယ်ပုံဘယ်နည်းဖြင့် လူကောင်းဖြစ်လာကြပါသနည်း။ တစ်ဦးတစ်ယောက်သော သူထံမှ မသင်မယူဘဲသူတို့အလိုအလျောက် လူကောင်းဖြစ်လာကြပါသလား။ ထိုပုဂ္ဂိုလ်တို့သည် မိမိတို့ မသင်မယူခဲ့သည်တို့ကို သူတစ်ပါးအား ပြန်၍ သင်ပေးနိုင်ပါမည်လော။
အနိုင်း။ ထိုပုဂ္ဂိုလ်တို့သည် သူတို့၏ အဖများထံမှ သင်ယူခဲ့ကြသည်ဟု ထင်ပါသည်။ သူတို့၏အဖများသည်လည်း စေတနာကောင်း ရှိသူများပင်  ဆော့ခရတ္တိ၊ ဤအက်သင်းမြို့ကြီးတွင် စေတနာကောင်းရှိသူ အများအပြား မရှိဟု အသင် အထင်ရှိပါသလား။
ဆော့။ ။အနိုင်းတ၊ အများအပြားပင် ရှိပါသည်။ ထိုပုဂ္ဂိုလ်များသည် နိုင်ငံရေးရာကိစ္စများ၌ စေတနာကောင်း ထားတတ်ကြသောသူများဖြစ်သည်ဟု ကျွန်ုပ်ထင်သည်။ ရှေးခေတ်ကလည်း ရှိခဲ့သည်။ ယခုခေတ်တွင်လည်းရှိသည်။ သို့ရာတွင် ထိုပုဂ္ဂိုလ်များသည် ဂုဏ်သိက္ခာကို သင်ပေးတတ်သော ဆရာများလည်း ဖြစ်၏ဟု ဆိုနိုင်ပါမည်လော။ ကျွန်ုပ်တို့ ဆွေးနွေးရမည့် အချက်သည် ဤအချက် ဖြစ်သည်။ အက်သင်းမြို့၌ စေတနာကောင်းရှိသူ အမြောက်အမြား ရှိ မရှိဟူသော အချက် မဟုတ်ပါ။ ဂုဏ်သိက္ခာသည် သင်၍ ရ မရ ဟူသော အချက်သာ ဖြစ်သည်။ ရှေးခေတ်က ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ယခုခေတ် ပုဂ္ဂိုလ်တို့သည်လည်းကောင်း မိမိတို့၏ဂုဏ်သိက္ခာကို သူတစ်ပါးအား သင်ပေး တတ်ကြပါသလော။ သို့တည်းမဟုတ် ဂုဏ်သိက္ခာဟူသည် သင်၍ရသောအရာ ဖြစ်သလော။ ကျွန်ုပ်နှင့် မီနိုသည် ဤပြဿနာကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။ ကောင်းပြီ။ အသင်၏ အကြိုက်အတိုင်း ထပ်၍ဆွေးနွေးကြရအောင်။ သိမိတကလိကို စိတ်ကောင်းရှိသူဟု အသင် ဆိုမည်လော။
(သိမိတကလိဆိုသူသည် လွန်ခဲ့သော နှစ်တစ်ရာခန့်ကသော် အက်သင်း မြို့နိုင်ငံ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အက်သင်း၏ ရေတပ်ကြီးကို တည်ထောင် ဖွဲ့စည်း၍ ရေတပ်တိုက်ပွဲများတွင် အက်သင်း၏တန်ခိုးအာဏာနှင့် ဂုဏ်ကျက်သရေတို့ကို ဆောင်ခဲ့သူ ဖြစ်သည်။)
အနိုင်း။ ။ဆိုရမည်ပေါ့။ သူ့ထက်တော်သူ မရှိသလောက်ပင်။
ဆော့။ ။ကောင်းပြီ။ မိမိ၏ ဂုဏ်သိက္ခာကို ပြန်၍သင်ပေးတတ်သော ဆရာသည် လောက၌ရှိသည်ဖြစ်လျှင် သိမိတကလိသည် ထိုဆရာမျိုး မဖြစ်နိုင် ပြီလော။
အနိုင်း။ ။သူကသာ အလိုရှိလျှင် ဖြစ်နိုင်သည်ပေါ့။
ဆော့။ ။ထိုသို့ဆိုလျှင် သိမိတကလိ၌ သူတစ်ပါးကိုလည်း သူကဲ့သို့ ပင် လူကောင်းဖြစ်စေချင်သော စေတနာ မရှိနိုင်ပြီလော၊ ယုတ်စွအဆုံး သူ့သား အပေါ်၌ပင် ထိုစေတနာမျိုးကို မထားနိုင်ပြီလော၊ သို့တည်းမဟုတ် သူ့သား အပေါ်၌ပင် ထိုစေတနာမျိုးကို မထားနိုင်၍ သူ့ဂုဏ်သိက္ခာကို သူ့သားအား သင်ပေးခြင်းမပြုခဲ့ဟု အသင်အထင်ရှိပါသလော။ သိမိတကလိတွင် ကလိအဖန္တ အမည်ရှိသော သားတစ်ယောက်ရှိကြောင်း အသင် ကြားဖူးလိမ့်မည်။
 သိမိတကလိ သည် သူ့သားကလိအဖန္တကို မြင်းစီးကောင်းဖြစ်အောင် မြင်းစီးပညာ အသင်ခိုင်း သည်။ သူ့သားကလည်း တော်ပါသည်။ မြင်း၏ကျောပေါ်၌ ခြေစုံရပ်လျက် မြင်းကို စီးနိုင်သည်၊ ခြေစုံရပ်လျက်ပင် လှံလျင် ကစားနိုင်သည်။ ထိုသားသည် အဖခိုင်းသမျှကို သင်ယူခဲ့သည်ဖြစ်ရာ ကျွမ်းကျင်သည့်အရာတွင် လက်ဖျားခါ လောက်သည်။ ဤသို့ဖြင့် အဖသည် ဆရာကောင်းထံမှ သူ့သား သင်ယူနိုင်သမျှ သင်ယူစေ၍ လူချွန်တစ်ဦးဖြစ်လာအောင် ဆောင်ရွက် ခဲ့သည်။ ဤအကြောင်းကို လည်း လူကြီးသူမများထံမှ အသင် ကြားဖူးမည် ထင်သည်။ အနိုင်း။ ။ကြားဖူးသည်ပေါ့။
ဆော့။ ။ထိုသို့ဆိုလျှင် သားဖြစ်သူ၌ ပါရမီဓာတ်ခံကောင်း မရှိဟု မဆိုနိုင်သည်မှာ သေချာသည်။
အနိုင်း။ ။သေချာသည်ပေါ့။ သူ့သားလည်း လူညံ့မဟုတ်။ ပါရမီရှင်ပေ။
ဆော့။ ။သို့ရာတွင် ကလိအဖန္တသည် သူ့အဖ တတ်သိလိမ္မာရာ ဖြစ်သော အရေးအရာများ၌ သူ့အဖ သိမိတကလိကဲ့သို့ တတ်သိလိမ္မာခြင်း ရှိသည်ဟု အသင် ကြားဖူးပါသလော။
အနိုင်း။ ။ထိုသို့ကား မကြားဖူးပါ။
ဆော့။ ။ထိုသို့ဆိုလျှင် အဖသိမိတကလိတွင် ဆိုခဲ့သော မြင်းစီးပညာ စသော ပညာများအတွက်သာ သူ့သားကို သင်စေလိုသော စေတနာရှိသည်။ သူတတ်သိလိမ္မာရာဖြစ်သော အရေးအရာများ၌ကား သူ့သားကို သူ့အိမ်နီးနားချင်း များ၏ သားများထက်သာအောင် ပြုလိုသောစေတနာမရှိဟု ယူရတော့မည်ကဲ့သို့ ဖြစ်ပြီ။ အကယ်၍ ဂုဏ်သိက္ခာသည် သင်၍ရသောအရာသာဖြစ်လျှင် ထိုအယူကို ကျွန်ုပ်တို့ ယူထိုက်ပါသလော။
အနိုင်း။ ။ထိုသို့ဆိုလျှင် မယူထိုက်ဟု ကျွန်ုပ် ထင်သည်။
ဆော့။ ။အနိုင်းတ၊ သိမိတကလိကို စိတ်ကောင်းရှိသူဟုလည်းကောင်း၊ ဂုဏ်သိက္ခာကို သင်ပေးနိုင်သူဟုလည်းကောင်း အသင်ဆိုခဲ့သည် မဟုတ်ပါလော။
ကောင်းပြီ။ နောက်တစ်ဦးကို စိစစ်ကြည့်ချင်သေးသည်။ အရိတိုက်ဒီကို အသင် သိပါသည်။
(အရိတိုက်ဒီသည် လွန်ခဲ့သော အနှစ် ခြောက်ဆယ်လောက်က ထင်ရှားခဲ့သော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူ၏ နိုင်ငံချစ်စိတ်ဓာတ်ကြောင့် လည်းကောင်း၊ သီလ သမာဓိကြောင့်လည်းကောင်း ကျော်စောသူ ဖြစ်သည်။)
 ထိုပုဂ္ဂိုလ်သည်လည်း အသင် ဆိုခဲ့သည့်အတိုင်း စိတ်ကောင်း ရှိသူပင် မဟုတ်ပါလော။
အနိုင်း။ ။ဟုတ်ပါသည်။
ဆော့။ ။အရိတိုက်ဒီသည်လည်း သူ့သားကို သူတကာတို့ထက်သာ အောင် ပညာအမျိုးမျိုးကို အသင်ခိုင်းသည် မဟုတ်ပါလော။ နောက်ဆုံးတွင် မည်သို့ ဖြစ်လာသနည်း။ သူ့သားကို သူ့ဆန္ဒအတိုင်း သူ ပြုနိုင်ပါသလော။ သူ့သားကို အသင်ကိုယ်တိုင် တွေ့ဖူးသဖြင့် အသင်အသိပင်။ နောက်တစ်ဦးကို စိစစ်ကြည့်ချင်သေးသည်။ ဂရိတို့ လောက၌ အလွန် ရာဇဝင်ပြောင်ခဲ့သော ခေါင်းဆောင်ကြီး ပရီကလိ ဖြစ်သည်။ အသင်လည်း သိပြီးဖြစ်သည့်အတိုင်း သူ့သားနှစ်ယောက်ကို လူချွန်ဖြစ်အောင် သူ့ကိုယ်တိုင် ဂရုတစိုက် ချီးမြောက် ခဲ့သည်။
အနိုင်း။ ။ဟုတ်ပါသည်။
ဘု။ ။သူ့သားနှစ်ယောက်ကို မြင်းစီးကောင်းဖြစ်အောင် သူသင်ပေး သည်။ ပျို့လင်္ကာ၊ ကဗျာဂီတ၊ အားကစားအစရှိသော ဝိဇ္ဇာပညာအမျိုးမျိုးကို ဒိုးကဲ့သို့ မွေ့နိုင်အောင် သူ လေ့ကျင့်ပေးသည်။ သို့ရာတွင် ပရီကလိသည် သူ့ ဂုဏ်သိက္ခာမျိုးကို သင်မပေးခဲ့သဖြင့် သူ့မှာ ဂုဏ်သိက္ခာသင်ပေးဖို့ စေတနာ မရှိဟု အသင်ဆိုမည်လော။ စင်စစ် ခေါင်းဆောင်ကြီးပရီကလိမှာ စေတနာရှိ မည်သာ။ သူ့ဂုဏ်သိက္ခာမျိုးကို သင်မပေးခဲ့သည်မှာ ဂုဏ်သိက္ခာသည် သင်၍ ရသော အရာမဟုတ်သောကြောင့် ဖြစ်သည်ဟု ကျွန်ုပ်ထင်သည်။ ဂုဏ်သိက္ခာ သင်မပေးသော ဂုဏ်သိက္ခာရှင်သည် သဘောထားသေးသိမ်သူဖြစ်၍ ထိုသို့သော သူမျိုးသည် လက်တစ်ဆုပ်စာလောက်သာ ရှိပါသည်ဟု အသင် ဆိုချင်လျှင် ဆိုနိုင်ပါ၏။ သို့ရာတွင် ခေါင်းဆောင်တစ်ဦးဖြစ်သော သူစီဒီကို ကြည့်ပါဦး။ သူစီဒီဒီသည်လည်း သူ့သားနှစ်ယောက်ကို သူကိုယ်တိုင် ဂရုတစိုက် ချီးမြှောက် ခဲ့သူဖြစ်သည်။ ကောင်းပေ့ဆိုသော အခြေခံပညာရပ်များကို သင်ပေးသည့်အပြင် ဂရိတို့လောက၌ ကျော်လှေမော်ပေ့ဆိုသော နပန်းဆရာကြီးများ၌ အပ်နှံ၍ နပန်းကျော်များ ဖြစ်လာကြအောင် သင်စေသည်။ အနိုင်းတ၊ အသင်လည်း သိသည်ပေါ့။
အနိုင်း။ ။သူပြော ငါပြောလောက်သာ ကြားဖူးပါသည်။
 ဆော့။ ။အကယ်၍ ဂုဏ်သိက္ခာသည် သင်၍ရသောအရာဖြစ်လျှင် ထိုသားနှစ်ယောက်၏ အဖဖြစ်သော သူစီဒီဒီသည် ငွေကုန်ကြေးကျများလှသော အခြားအရာများကို အသင်ခိုင်းမည် မဟုတ်။ ငွေတစ်ပြားတစ်ချပ်မျှ အကုန် အကျခံဖို့မလိုဘဲ သူ့ဂုဏ်သိက္ခာမျိုးကို သူကိုယ်တိုင်သင်ပေးမည်သာ ဖြစ်သည်။ သင်မပေးခဲ့ဟူသော အကြောင်းကြောင့် သူစီဒီဒီကို သဘောထားသေးသိမ်သူဟု အသင်ဆိုမည်လော။ ထို့ပြင် သူစီဒီဒီကို ဤအက်သင်းမြို့ကြီး၌လည်းကောင်း၊ မဟာမိတ်နိုင်ငံများ၌လည်းကောင်း မိတ်ကောင်းဆွေကောင်း မရှိသူဟု အသင် ဆိုမည်လော။ စင်စစ်မှာ သူစီဒီဒီသည် ပဒေသရာဇ်အနွယ်ဖြစ်၍ ဂရိတို့လောက တွင် သြဇာတိက္ကမကြီးသောသူဖြစ်သည်။ သူစီဒီဒီသည် နိုင်ငံရေးရာကိစ္စများ၌ လုံးပန်းနေရသဖြင့် သူ့သားများကို သူကိုယ်တိုင် သင်မပေးနိုင်စေကာမူ သူ့ ဂုဏ်သိက္ခာမျိုးကို သူ့သားများရကြအောင် သင်ပေးနိုင်သော ဆရာကောင်းကို သူ့နိုင်ငံသားများတွင်ဖြစ်စေ၊ သူတစ်ပါးနိုင်ငံသားများတွင်ဖြစ်စေ သူ တွေ့ ရမည် သာ ဖြစ်သည်။ အချင်း အနိုင်းတ၊ အကြောင်းကိုရှာလျှင် ဂုဏ်သိက္ခာသည် သင်၍ရသောအရာမဟုတ်သောကြောင့်သာ ဖြစ်ရာသည်။
အနိုင်း။ ။ဆော့ခရတ္တိ၊ အသင်သည် သူတစ်ပါးအကြောင်းကို အကောင်း မပြောတတ်၊ အမနာပပြောတတ်သူ ဖြစ်သည်။ ဤသို့လျှင် ကျွန်ုပ်ယူသည်။ အသင်စကားပြောလျှင် သတိထား၍ ပြောပါ။ အများအားဖြင့် မြို့ကြီးများတွင် သူတစ်ပါးကို ကျေးဇူးများအောင်ပြုသည်ထက် ဘေးဖြစ်အောင် ပြုသည်က ပို၍လွယ်သည်။ အထူးသဖြင့် ဤခေတ် ဤအက်သင်းမြို့၌ ပို၍လွယ်သည်။ ဆော့ခရတ္တိ၊ ထိုသဘောကို အသင် သိပါသည်။
(ထိုသို့ဆို၍ အနိုင်းတသည် စကားဝိုင်းမှ ထသွားသည်။)
✥﹤--- www.ebooks4mm.org ---﹥✥

၁၄။ ဆော့ခရတ္တိ၏ ဂုဏ်သိက္ခာ အယူအဆ (ဃ)
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် မီနိုကထာမှပင်ဖြစ်သည်။ စာပိုဒ် ၂၈ မှ နိဂုံစာပိုဒ် ၃၁ အထိ ဖြစ်သည်။ စာပိုဒ် ၂၅၊ ၂၆၊ ၂၇ တို့တွင် ဆော့ခရတ္တိသည် ဂုဏ်သိက္ခာ အကြောင်းကို အက်သင်း နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော၊ အဟောင်းကိုသာ အကောင်းဟုယူဆတတ် သော၊ တစ်ယူသန်စိတ်ရှိသော အနိုင်းတဆိုသူနှင့် ဆွေးနွေးသည်။ အနိုင်းတ သဘောမကျသဖြင့် စကားဝိုင်းမှထသွားသည်။ ယခု ဖော်ပြလတ္တံ့သော စာပိုဒ်များတွင် ဆော့ခရတ္တိသည် မီနိုနှင့် ပြန်၍ဆွေးနွေးသည်ကို တွေ့နိုင်သည်။
ထိုဆွေးနွေးပွဲတွင် ဂုဏ်သိက္ခာသည် သင်၍မရသောအရာ ဖြစ်ပုံကို ဆော့ခရတ္တိက ဆက်၍ပြောသည်။ ပြောရာတွင် (က) ဂုဏ်သိက္ခာသည် သင်၍မရသောအရာ ဖြစ်သောကြောင့် အသိတရား မဖြစ်နိုင်ကြောင်း၊ (ခ) ထို့ကြောင့် ပြည်ရေးပြည်ရာ ကိစ္စအဝဝ၌ ရာဇဝင်တွင်လောက်အောင် ဆောင်ရွက်တတ်ကြသော ဂုဏ်သိက္ခာရှင်ခေါင်းဆောင်တို့သည် အသိတရား ဖြင့် ဆောင်ရွက်ခဲ့ကြသည်ဟု မဆိုနိုင်ကြောင်း၊ (ဂ) ထိုသို့မဆိုနိုင်လျှင် မှန်သောအထင်အမြင်ဖြင့် (ဝါ) မှန်သော အတ္တနောမတိဖြင့် ဆောင်ရွက်ခဲ့ ကြသည်ဟု ဆိုနိုင်ကြောင်း၊ (ဃ) မှန်သော အတ္တနောမတိ၏ သဘောသည် ပုဇွန်းနတ်ဆရာတို့၏ နိမိတ်ဟောသဘောနှင့်တူကြောင်း၊ နှိုးဆော်အပ်သော စက်နှလုံးဖြင့် (ဝါ) ပြောခိုက်ပြုခိုက်တို့တွင်စိတ်တက်ကြွမှုရှိလာခြင်းအားဖြင့် (ဝါ) စေတနာဗလဝဖြင့် ဆောင်ရွက်ကြသည်ဟု ဆိုနိုင်ကြောင်း၊ (င) စိတ်တက်ကြွမှုဖြင့် ပြောနိုင်သောသူ၊ ပြုနိုင်သောသူတို့ကို ပါရမီရှင်ဟု  ခေါ်ထိုက်ကြောင်း၊ (စ) ရာဇဝင်တွင်သော နိုင်ငံခေါင်းဆောင်တို့သည် စိတ်တက်ကြွမှုဖြင့် ပြောနိုင် ပြုနိုင်သောသူများဖြစ်သဖြင့် ထိုပုဂ္ဂိုလ်တို့ကို ပါရမီရှင်ဟု ခေါ်ထိုက်ကြောင်း၊ (ဆ) ထို့ကြောင့် ဂုဏ်သိက္ခာသည် သင်၍ ရသော အရာ မဟုတ်၊ သူ့အလိုအလျောက် ရောက်လာသော အရာမဟုတ်၊ ပါရမီကြောင့် ဖြစ်လာသော အရာဖြစ်နိုင်သည်ဟု ဆိုချင်ကြောင်း နိဂုံးချုပ်တွင် ဆော့ခရတ္တိက တင်ပြခဲ့သည်။
အောက်ပါစာပိုဒ်များတွင် အမှန်သို့ ရောက်အောင် လမ်းပြရာ၌ သိမှုရှိခြင်းက သာမက မှန်သော အတ္တနောမတိရှိခြင်းကလည်း အမှန်သို့ ရောက်အောင် ပို့တတ်ကြောင်း၊ ရာဇဝင်တွင်အောင် ဆောင်ရွက်နိုင်ကြသော ပုဂ္ဂိုလ်ထူးတို့၏ ကိုယ်နှုတ်နှလုံး စွမ်းရည်သည် (ဝါ) ဂုဏ်သိက္ခာသည် ထိုပုဂ္ဂိုလ်ထူးတို့၏ ပါရမီကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ဆိုခဲ့သည်ကို ဆင်ခြင်ရန် ဖြစ်သည်။
စာပိုဒ် ၂၈ 
ဆော့။ ။မီနို၊ အနိုင်းတစိတ်ဆိုးသွားပြီထင်သည်။ စိတ်ဆိုးမည်ဆိုလျှင်လည်း သူ့အဖို့မှာ စိတ်ဆိုးစရာပေပေါ့။ အဘယ့်ကြောင့်ဆိုသော် ပထမ တစ်ချက်မှာ သိမိတကလိ၊ ပရီကလိ အစရှိသော အတိတ်ခေတ်က နိုင်ငံခေါင်းဆောင် များကို ကျွန်ုပ်က ချိုးချိုးဖဲ့ဖဲ့ ပြောသည်ဟု သူ အထင်ရှိသောကြောင့်ဖြစ်သည်။ ဒုတိယတစ်ချက်မှာ သူလည်း မျက်မှောက်ခေတ် အက်သင်းမြို့ နိုင်ငံခေါင်းဆောင် တစ်ဦးဖြစ်သည်ဟု သူ့ကိုယ်သူ ယူဆနေသောကြောင့် ဖြစ်သည်။ ရှိပါစေတော့။ ကျွန်ုပ်ဆိုခဲ့သော စကား၏သဘောကို တစ်နေ့နေ့တွင် သူ သိလာလိမ့်မည်။ ထိုအခါ သူစိတ်ပြေလာမည်ထင်သည်။ ယခုမူ ကျွန်ုပ်တင်ပြသောဆင်ခြေ စကားကို ဖြစ်ရပ်အမှန် စကားလော၊ ချိုးချိုးဖဲ့ဖဲ့စကားလောဟု သူခွဲခြား၍ သိပုံမရဖြစ်နေသေးသည်။ မီနို၊ အသင့်ကိုသာ မေးရပါတော့မည်။ အသင်တို့ သီဆလီနိုင်ငံ၌လည်း စေတနာကောင်းရှိကြသော နိုင်ငံရေးခေါင်းဆောင် ပုဂ္ဂိုလ်များ မရှိကြပြီလော။
မီ။ ။ရှိကြပါသည်။
ဆော့။ ။ကောင်းပြီ။ ထိုပုဂ္ဂိုလ်တို့သည် သူတို့၏ ဂုဏ်သိက္ခာကို လူငယ်များအား သင်ပေးလိုကြပါသလော၊ သူတို့ကိုယ်ကိုသူတို့ ပညာသင် ဆရာဟု ဆိုကြပါသလော၊ ဂုဏ်သိက္ခာဟူသည် သင်၍ရသောအရာဖြစ်သည်ဟု ဆိုကြပါသလော။
မီ။ ။မဆိုကြပါ။ သူတို့ မဆိုကြသည်မှာ သေချာပါသည်။ သို့ရာတွင် ဂုဏ်သိက္ခာကို သင်၍ရလေဟန် ပြောကြသံကိုကား တစ်ခါတစ်ရံ ကျွန်ုပ် ကြားရသည်။ သင်၍မရဟု ပြောကြသံကိုလည်း တစ်ခါတစ်ရံ ကြားရ ပါသေးသည်။
ဆော့။ ။ထိုသို့ဆိုလျှင် ထိုပုဂ္ဂိုလ်များကိုယ်တိုင်က မဝေခွဲနိုင်ဖြစ်နေကြ သည်ဟု ဆိုရာသည်။ ထိုအခါ ထိုပုဂ္ဂိုလ်များကို ဂုဏ်သိက္ခာတင်တတ်သော ဆရာဟု ကျွန်ုပ်တို့က ခေါ်နိုင်ပါမည်လော။
 မီ။ ။မခေါ်နိုင်ပါ။
ဆော့။ ။ဆိုဖီဆရာများကိုကော အသင် မည်သို့ဆိုချင်ပါသနည်း။ ထိုသူတို့သည် သူတို့ကိုယ်ကို သူတို့ ပညာသင်ဆရာဟု လူသိရှင်ကြား ပြောဆိုနေကြသူများ ဖြစ်သည်။ ထိုသူတို့ကိုကော ဂုဏ်သိက္ခာ သင်တတ်သော ဆရာဟု အသင် ယူဆပါသလော။ ။
မီ။ ။ဆော့ခရတ္တိ၊ ဆိုဖီဆရာကြီး ဒေါ့ဂျိယကို တွေးမိတိုင်း ကျွန်ုပ် ချီးကျူးမိသော အချက်တစ်ချက်ရှိသည်။ ထိုအချက်မှာ ဆရာကြီးသည် ဂုဏ်သိက္ခာ သင်ပေးမည်ဟု မည်သည့်အခါမျှ တပည့်များအား ကတိမပေးခြင်း ဖြစ်သည်။ အခြားတစ်ပါးသော ဆိုဖီဆရာများ ကတိပေးကြသည်ကို သူ ကြားလျှင် သူ အပြစ်တင်လေ့ ရှိသည်။ ဆိုဖီဆရာ၏တာဝန်သည် တပည့်များကို ပရိသတ်အလယ်၌သော်လည်းကောင်း၊ တရားရုံး၌သော်လည်းကောင်း စကား ပြောတတ်အောင် တရားဟောတတ်အောင် သင်ပေးရန်သာဖြစ်၏ဟု ဆရာကြီး ဂေါ့ဂျိယက ဆိုလေ့ရှိပါသည်။
ဆော့။ ။ထိုသို့ဆိုလျှင် ဆိုဖီဆရာများသည် ဂုဏ်သိက္ခာသင်တတ်သော ဆရာ မဟုတ်ဟု အသင် အထင် ရှိနေသည်။
မီ။ ။ဆော့ခရတ္တိ၊ ကျွန်ုပ် မပြောတတ်ပါ။ ကျွန်ုပ်သည် သူသူငါငါ တွေးသကဲ့သို့ပင် တွေးတတ်ပါသည်။ ဆိုဖီဆရာများသည် ဂုဏ်သိက္ခာ သင်ပေး တတ်သော ဆရာဟုတ်သလော၊ ဟုတ်၏ဟုလည်း တစ်ခါတစ်ရံ တွေးမိသည်။ မဟုတ်ဟုလည်း တစ်ခါတစ်ရံ တွေးမိသည်။
ဆော့။ ။မီနို၊ ဤပြဿနာတွင် အသင်သိသော နိုင်ငံခေါင်းဆောင် များလည်း စိတ်နှစ်ခွဖြစ်ခဲ့သည။ အသင်လည်း စိတ်နှစ်ခွဖြစ်နေသည်။ ထိုမျှ မကသေးပါ။ စာဆို သီဩဂနီပင်လျှင် စိတ်နှစ်ခွဖြစ်ခဲ့၍ စိတ်နှစ်ခွဖြစ်ကြောင်း ဆိုခဲ့သည်။
မီ။ ။ဆော့ခရတ္တိ၊ အဘယ်ကဗျာများတွင် သီဩဂနီ ဆိုခဲ့ပါ သနည်း။
ဆော့။ ။သူ၏ တမ်းချင်းကဗျာများတွင် ဆိုခဲ့ပါသည်။ ဆိုမှာ “ဘုန်းကြီးသူတို့ကို ချဉ်းကပ်ပါ။ အကူစားခြင်း၊ အတူသောက်ခြင်းအမှုတို့ကို ပြုပါ။ သြဝါဒ စကားတို့ကို အလေးဂရုပြုပါ။ အဘယ့်ကြောင့်ဆိုသော် ကောင်းသောသူတို့ထံမှ ကောင်းသည်တို့ကို အသင်ရနိုင်သောကြောင့်ဖြစ်သည်။ မကောင်းသောသူနှင့် ရောမိလျှင်ကား အသင်၌ရှိသော အသိဉာဏ်ပင် ပျောက် ပျက်သွားရာသည်။ ဤသို့လျှင် သီဩဂနီက ဆိုခဲ့ပါသည်။ ဤအဆိုကို  ထောက်လျှင် ဂုဏ်သိက္ခာသည် သင်၍ရသောအရာ ဖြစ်သည်ဟု အဓိပ္ပာယ် ကောက်၍ရသည်။ ထိုအချက်ကို အသင် မြင်ပါသလော။
မီ။ ။မြင်ပါသည်။
ဆော့။ ။သို့ရာတွင် သီဩဂနီသည် နောက်အပိုဒ်များတွင် တဖြည်း ဖြည်း လေသံပြောင်းသွားသည်။ လေသံပြောင်းပုံမှာ
”လောက၌ သိအောင်ပြု၍ ထိုအသိကို လူ့စိတ်တွင်းသို့ သွင်းလိုက်နိုင် သည်'ဟု သူ ဆိုလိုက်သေးသည်။ ထိုနောက် ဆက်၍ ဆိုသည်မှာ “အကြင်သူသည် ကောင်းသောသူ၏ သားလည်းဖြစ်၏။ ပညာရှိတို့၏ စကားကို နာယူသူလည်း ဖြစ်၏၊ ထိုသူ လူဆိုးလူမိုက် ဖြစ်သွားသည်ကို တွေ့ရခဲသည်။ သို့ရာတွင် လူဆိုးလူမိုက်ကို လူကောင်းဖြစ်လာအောင် သင်ပေး၍ကား မရနိုင်'ဟု ဆိုပြန် သည်။ မီနို၊ ရှေ့စကားနှင့် နောက်စကားတို့ မညီဖြစ်နေကြပြီ။ သူ့စကားကိုပင် သူ ပြန်ငြင်းထားသည်။ မြင်ပါသလော။
မီ။ ။ဟုတ်ပါ၏။ မြင်ပါသည်။ | ဆော့။ ။အချင်းမီနို၊ ဂုဏ်သိက္ခာမှတစ်ပါး အခြားသော ပညာရပ်များ သည် ရှိ၏။ ထိုပညာရပ်များကို သင်ပေးတတ်သည်ဟု ထုတ်ဖော်ပြောဆို၍ ဆရာလုပ်နေသူများလည်း ရှိ၏။ ထိုအခါ မည်သည့်ပညာရပ်တွင် ထိုဆရာများကို တကယ့်ဆရာ မဟုတ်ဟု ဆိုနိုင်ပါသနည်း။ ထို့ပြင် မည်သည့်ပညာရပ်တွင် ထိုဆရာများကို သူတို့ကိုယ်တိုင် မတတ်သူ၊ မသိသူ၊ ညံ့သူ၊ ဖျင်းသူဟု ဆိုနိုင် ပါသနည်း။ အသင် ပြောနိုင်ပါသလော။ တစ်ဖန် လူတော်လူကောင်းဟု အသိ အမှတ် အပြုခံရသော ပုဂ္ဂိုလ်များကိုယ်တိုင်က ပညာရပ်တစ်ခုကို သင်၍ရ၏ဟု လည်း တစ်ခါတစ်ရံ ပြောကြ၍ သင်၍မရဟုလည်း တစ်ခါတစ်ရံ ပြောကြ ပြန်သည်။ မီနို၊ အရာတစ်ခုနှင့် စပ်လျဉ်း၍ ပရိသတ်၌ ထိုမျှဝိဝါဒ ကွဲနေကြရ သည်ဖြစ်လျှင် ထိုအရာကို အကယ်သင်နိုင်သော ဆရာ အစစ်အမှန် ရှိ၏ဟု ဆိုနိုင်ပါတော့မည်လော။
မီ။ ။ဆော့ခရတ္တိ၊ မဆိုနိုင်တော့ပါ။
ဆော့။ ။မီနို၊ ဆိုဖီဆရာများလည်း တကယ့်ဆရာမဟုတ်၊ လူတော် လူကောင်း ပုဂ္ဂိုလ်များလည်း တကယ့်ဆရာမဟုတ်ဟု ယူလျှင် မည်သူမျှ တကယ့်ဆရာ မဟုတ်နိုင်ဟု ဆိုရတော့မည်။
မီ။ ။ဆိုရမည်ပေါ့။
ဆော့။ ။တကယ့်ဆရာ မရှိဟုဆိုလျှင် တကယ့်တပည့်လည်း မရှိဟု မဆိုနိုင်ပြီလော။
 မီ။ ။ဆိုနိုင်သလိုလိုပင်။
ဆော့။ ။အကြင်ပညာရပ်တစ်ခုနှင့် စပ်လျဉ်း၍ တကယ်သင်ပေးနိုင် သော ဆရာလည်းမရှိ၊ တကယ်ရအောင် သင်ယူနိုင်သော တပည့်လည်း မရှိ၊ ထိုပညာရပ်သည် သင်၍မရနိုင်သောအရာဖြစ်၏ဟု ကျွန်ုပ်တို့ လက်ခံခဲ့ကြသည် မဟုတ်ပါလော။ ။
မီ။ ။ဟုတ်ပါသည်။ လက်ခံခဲ့ကြပါပြီ။
ဆော့။ ။ထိုသို့ဆိုလျှင် ဂုဏ်သိက္ခာ သင်ပေးနိုင်သောဆရာကို မတွေ့ နိုင်ဟု ဆိုရတော့မည်။ ဟုတ်ပါသလော။
မီ။ ။ဆိုရတော့မည်ပေါ့။ ။
ဆော့။ ။ဆရာကို မတွေ့၍ ဆရာမရှိဟုဆိုလျှင် တပည့် ရှိနိုင် ပါမည်လော။
မီ။ ။တပည့်လည်း ရှိနိုင်ပုံ မရပါ။
ဆော့။ ။ထိုသို့ဆိုလျှင် ဂုဏ်သိက္ခာကို သင်၍မရဟု ဆိုရာသည်။ ဟုတ်ပါသလား။
စာပိုဒ် ၂၉ 
မီ။ ။ကျွန်ုပ်တို့၏ စုံစမ်းပုံ စုံစမ်းနည်းသာ မှန်သည်ဖြစ်လျှင် ဟုတ်သည်ဟု ဆိုရမည်ကဲ့သို့ ဖြစ်သည်။ အံ့ဩစရာဖြစ်နေပြီ၊ ထိုသို့သာ ဆိုရမည်ဖြစ်လျှင် လောက၌ လူကောင်း မရှိတော့ပြီ၊ ရှိသည်ဟု ဆိုလျှင်လည်း ထိုလူကောင်းသည် မည်သို့မည်ပုံ ကောင်းလာရသနည်း။ အံ့သြစရာပေ။
ဆော့။ ။ဟုတ်ပါ၏။ အသင်နှင့် ကျွန်ုပ်သည် သနားစရာ လူတစ်ရှဉ်း ဖြစ်နေပြီ။ ဆရာကြီး ဒေါ့ဂျီယကလည်း အသင့်ကို ပြောမပြခဲ့၊ ဆရာကြီး ပရောဒိက ကလည်း ကျွန်ုပ်ကို ပြောမပြခဲ့။ ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်၍ ကိုယ့်ဉာဏ်စွမ်းကို ကိုယ်အားကိုးကြရတော့မည်။ လူကောင်းဖြစ်အောင် သင် တတ်သော ဆရာကို တစ်နည်းဖြင့် စုံစမ်း၍ မရလျှင် တစ်နည်းဖြင့် စုံစမ်းကြ ရတော့မည်။ ဤစကားကို ဆိုရသည်မှာ ဆွေးနွေးကြစဉ်က အချက်တစ်ချက်ကို ကျွန်ုပ်တို့ ထည့်၍ မစဉ်းစား၊ အမေ့မေ့အမှားမှား ချန်ထားခဲ့ကြသောကြောင့် ဖြစ်သည်။ လူခပ်သိမ်းသည် အမှားအမှန် အကျိုးအပြစ်ကို ခွဲခြားသိမြင်သော ဝိဇ္ဇာ အသိတရား၏ လမ်းပြရာသို့ လိုက်ကြပါမှ မှန်သော ကောင်းသောအမှုကို ပြုတတ်၏ဟူသော အချက်တစ်ချက်တည်းကိုသာ ယခုဆွေးနွေးခဲ့သည်အထိ ကျွန်ုပ်တို့ အာရုံပြုခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ လူကောင်းသည်  မည်သို့မည်ပုံ ကောင်းလာရသည်ကို ကျွန်ုပ်တို့ မသိမမြင်ခဲ့ခြင်း ဖြစ်သည်။ စင်စစ်မှာ အာရုံပြုစရာ ရှိပေသေးသည်။ ။
မီ။ ။ဆော့ခရတ္တိ၊ ပသို့နည်း။ ရှင်းပါဦး။
ဆော့။ ။ရှင်းပါမည်။ လူကောင်းသည် လူခပ်သိမ်းကို အကျိုးပြုတတ် ၏ (ဝါ) လူခပ်သိမ်းအတွက် အသုံးကျ၏။ ထိုအဆိုကို ကျွန်ုပ်တို့ လက်ခံခဲ့ ကြပြီ မဟုတ်ပါလော။ မှန်သည်ဟုလည်း မဆိုနိုင်ပြီလော။
မီ။ ။ဆိုနိုင်ပါသည်။
ဆော့။ ။ထို့ပြင် လူကောင်းသည် ကျွန်ုပ်တို့၏ ကံသုံးပါးအမူအရာ တို့ကို မှန်ရာ ကောင်းရာသို့ ရောက်အောင် လမ်းပြသည်ဆိုအံ့၊ ထိုလူကောင်း သည် အသုံးကျမည်သာ ဖြစ်သည်။ ထိုအဆိုကိုလည်း ကျွန်ုပ်တို့ လက်ခံခဲ့ကြပြီ၊ မှန်သည်ဟုလည်း ဆိုခဲ့ကြပြီ။ ဟုတ်ပါသလော။
မီ။ ။ဟုတ်ပါသည်။ ။
ဆော့။ ။ထိုသို့ဆိုလျှင် အသိတရားရှိသူ (ဝါ) သိသောသူမှတစ်ပါး မည်သူမျှ လမ်းမှန်ကို မပြတတ်ဟု လက်ရုံးဆန့်တန်း၍ ဆိုနိုင်သော ဧကဝုစ် စကားသည် မှားပြီဟုဆိုရတော့မည်ကဲ့သို့ ဖြစ်နေပြီ။
မီ။ ။ဆော့ခရတ္တိ၊ အသင်ပသို့ဆိုလိုက်သနည်း။ အသင့်ဆင်ခြေကို အသင် ပြေလည်အောင် ရှင်းရလိမ့်မည်။ ။
ဆော့။ ။ရှင်းပါမည်။ အကြင်သူသည် လာရိဆာ အရပ်သို့ (ဝါ) အရပ်တစ်ခုခုသို့ သွားရာလမ်းကို သိ၍ ထိုလမ်းအတိုင်း သွားဖူး၏၊ သူတစ်ပါးကို လည်း ခေါ်ဖူး၏။ ထိုသူသည် ထိုလမ်းကို ဧကန်မုချ ပြတတ်သည်ဟု မဆိုနိုင် ပြီလော။
မီ။ ။ဆိုနိုင်သည်ပေါ့။
ဆော့။ ။မေးပါဦးမည်။ အကြင်သူသည် ထိုလမ်းကို သိခြင်းလည်း မရှိ၊ ရောက်ဖူးခြင်းလည်း မရှိ။ သို့ရာတွင် ထိုလမ်းနှင့် စပ်လျဉ်း၍ မှန်သော အယူအဆ၊ မှန်သောအထင်အမြင် (ဝါ) မှန်သောအတ္တနောမတိ ရှိ၏။ ထိုသူ သည် ထိုလမ်းကို ပြတတ်သည်ဟုကော မဆိုနိုင်ပြီလော။
မီ။ ။ဆိုချင်လျှင် ဆိုနိုင်ပါသည်။
ဆော့။ ။ဦးဖြူ သိသော အရာနှင့် စပ်လျဉ်း၍ ဦးမဲ၌ မှန်သော အတ္တနောမတိရှိသည်ဟု ဆိုလျှင်ကော ပသို့နည်း၊ ဦးမဲသည် ဦးဖြူကဲ့သို့ပင် ထိုအရာအတွက် လမ်းမှန်ကို ပြတတ်သည်ဟု မဆိုနိုင်ပြီလော။
မီ။ ။ဆိုနိုင်ပါ၏။
 ဆော့။ ။ထိုသို့တပြီးကား၊ မှန်သော အတ္တနောမတိသည် ဝိဇ္ဇာ အသိတရားကဲ့သို့ပင် ကျွန်ုပ်တို့၏ ကံသုံးပါး အမူအရာတို့ကို ကောင်းအောင် မှန်အောင် လမ်းပြတတ်သည်ဟု ဆိုရာသည်။ ဂုဏ်သိက္ခာသဘောတို့ ဆွေးနွေး ကြစဉ်က ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့သောအချက်သည် ဤအချက် ဖြစ်သည်။ ထိုအခါကသော် ကျွန်ုပ်တို့၏ ကံသုံးပါး အမူအရာတို့ကို ကောင်း အောင် မှန်အောင် ပြုတတ်သောအရာသည် ဝိဇ္ဇာ အသိတရား တစ်ခုတည်းသာ ဖြစ်၏ဟု ကျွန်ုပ်တို့ ယူဆခဲ့ကြသည်။ ယခုမူ ထိုအရာသည် ဝိဇ္ဇာ အသိတရား သာမက မှန်သော အတ္တနောမတိလည်း ဖြစ်နိုင်၏ဟု ကျွန်ုပ်တို့ သိလာကြ ရပြီ။ ဟုတ်ပါသလော။
မီ။ ။ဟုတ်သလိုလိုပင်။
ဆော့။ ထို့ကြောင့် မှန်သော အတ္တနောမတိသည် အသိတရားကဲ့သို့ ပင် လူခပ်သိမ်းကို အကျိုးပြုတတ်၏ (ဝါ) လူခပ်သိမ်းအတွက် အသုံးကျ၏ဟု ဆိုရာသည်။
စာပိုဒ် ၃၀ 
မီ။ ။ဆော့ခရတ္တိ၊ နေပါဦး၊ မတူသောအချက် ရှိပါသေးသည်။ သိသော သူသည် လမ်းမှန်ကို အခါခပ်သိမ်း ပြနိုင်သည်၊ မှန်သော အတ္တနောမတိ ရှိသူကား လမ်းမှန်ကို တစ်ခါတစ်ရံသာ ပြနိုင်လိမ့်မည်။
ဆော့။ ။မီနို၊ မှန်သော အတ္တနောမတိ ရှိသူသည် မှန်ကန်စွာ ယူဆ တတ်သမျှ ကာလပတ်လုံး မှန်ရမည် မဟုတ်ပါလော။
မီ။ ။ဟုတ်သလိုလိုကား ရှိပါ၏။ သို့ရာတွင် ကျွန်ုပ်အဖို့ အံ့သြစရာ ဖြစ်နေပြန်ပြီ။ အသင် ဆိုတိုင်းသာ ဟုတ်သည်ဖြစ်လျှင် လူခပ်သိမ်းတို့သည် မှန်သော အတ္တနောမတိထက် အသိတရားကို အဘယ့်ကြောင့် ပို၍ချစ်ခင်လေးစား ကြပါသနည်း။ ထို့ပြင် မှန်သောအတ္တနောမတိဟုလည်းကောင်း၊ အသိတရားဟု လည်းကောင်း အဘယ့်ကြောင့် နှစ်မျိုးကွဲနေကြရပါသနည်း။ အံ့သြစရာပေ။
- ဆော့။ ။မီနို၊ အသင့်အဖို့ အဘယ်ကြောင့် အံ့သြစရာဖြစ်နေရသည်ကို အသင် စဉ်းစားမိပါသလော။ သို့တည်းမဟုတ် ကျွန်ုပ်က ရှင်းပြရမည်လော။
မီ။ ။ဆော့ခရတ္တိ၊ အသင်က ရှင်းပြပါဘိ။
ဆော့။ ။အသင့်အဖို့ အံ့သြစရာဖြစ်နေရသည်မှာ ရှေးဟောင်းပုံပြင် ထဲက ဒါလဖန်တီးပြုလုပ်သော အရုပ်တို့ကို အသင် သတိမထားသောကြောင့် ဖြစ်သည်။ အသင်တို့ သီဆလိနိုင်ငံ၌ ဆရာဒိဒါလ၏ အရုပ်ရှိဟန် မတူသော ကြောင့်လည်း ဖြစ်တန်ရာသည်။
 မီ။ ။ဆော့ခရတ္တိ၊ ရှင်းပါဦး။
ဆော့။ ။ရှင်းပါမည်။ ထိုအရုပ်တို့၏ သဘောမှာ သူတို့ကို တစ်နေရာ ရာ၌ အစွဲအမြဲ ချည်နှောင်ထားခြင်းမပြုလျှင် သွားချင်ရာသို့ သွားတတ်ကြသည်။ အစွဲအမြဲ ချည်နှောင်ထားမှသာ ရပ်၍နေတတ်ကြသည်။ ။
မီ။ ။ဆော့ခရတ္တိ၊ အသင်ပြောသော ဒိဒါလအရုပ်သည် ကျွန်ုပ်၏ မေးခွန်းနှင့် မည်သို့သက်ဆိုင်ပါသနည်း။ မည်သည့်အချက်ကို အသင် ပြောချင် သောကြောင့်နည်း။ ။
ဆော့။ ။မီနို၊ နားထောင်ပါဦး။ ဒီဒါလအရုပ်သည် အသင်၏ကိုယ်ပိုင် ပစ္စည်းဖြစ်သည်ဟု ဆိုအံ့။ သို့ရာတွင် ထိုအရုပ်ကို ချည်နှောင်ထားခြင်းမပြု လျှင် အသင့်အဖို့ ပိုင်ရကျိုးနပ်မည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ထိုအရုပ် သည် ကျွန်ပြေးကဲ့သို့ ပြေး၍ အဝေး၌သာ ရှိနေတတ်သောကြောင့် ဖြစ်သည်။ ချည်နှောင်ခြင်းပြုထားမှသာ အသင့်အဖို့ ပိုင်ရကျိုးနပ်သည်။ အဘယ်ကြောင့် ဆိုသော် ဒီဒါလအရုပ်သည် နှစ်သက်စရာ အနုပညာလက်ရာဖြစ်သောကြောင့် ပင်။ မီနို၊ ကျွန်ုပ် ပြောချင်သောအချက်မှာ မှန်သော အတ္တနောမတိသည် ဒိဒါလအရုပ်နှင့် တူသည်ဟု ဆိုချင်သောအချက်ဖြစ်သည်။ မှန်သော အတ္တနောမတိ သည် ဒီဒါလအရုပ်ကဲ့သို့ ရပ်၍နေလျှင် ကောင်းသည်၊ အကျိုးပြုတတ်သည်။ သို့ရာတွင် မှန်သောအတ္တနောမတိသည် လူ့စိတ်၌ ရပ်၍ နေတတ်သည်မဟုတ်၊ လူ့စိတ်မှထွက်၍ ခြေဦးတည့်ရာ သွားနေတတ်သည်။ အကြောင်းအကျိုး ဆင်ခြင်တတ်သော သမ္ပဇဉ်ဉာဏ်ဖြင့် ချည်နှောင်ထားပါမှသာ ရပ်၍နေတတ် သည်။ ထိုအခါ ကောင်းသည်၊ အကျိုးပြုတတ်သည်။ သမ္ပဇဉ်ဉာဏ်ဆိုသည်မှာ အခြားမဟုတ်။ အလျင်က ကျွန်ုပ်တို့ သဘောကျ လက်ခံခဲ့ပြီးဖြစ်သော ဘဝ အဆက်ဆက်၌ ကြုံခဲ့ရသဖြင့် ထင်ခဲ့မြင်ခဲ့သော အနုဿယအထင်အမြင် သဘော ဖြစ်သည်(ဝါ) မှတ်မိသိရှိ သတိရခြင်း အနုဿတိသဘော ဖြစ်သည်။ မှန်သော အတ္တနောမတိကို သမ္ပဇဉ်ဉာဏ်ဖြင့် အစွဲအမြဲ ချည်နှောင်ထားဖို့ လိုသည်။ သို့မှသာ မှန်သော အတ္တနောမတိသည် အသိတရားဘဝကိုရ၍ ခိုင်နိုင်သည်။ ထို့ကြောင့် လူခပ်သိမ်းတို့သည် မှန်သော အတ္တနောမတိထက် အသိ တရားကို ပို၍ ချစ်ခင်လေးစားကြခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သမ္ပဇဉ် ဉာဏ်ဖြင့် ချည်နှောင်ထားမှု ရှိမရှိကို အကြောင်းပြုလျက် အသိတရားဟု လည်းကောင်း၊ မှန်သော အတ္တနောမတိဟုလည်းကောင်း နှစ်မျိုး ကွဲနေကြခြင်း ဖြစ်သည်။
မီ။ ။ဆော့ခရတ္တိ၊ အသင်' ဥပမာပေး ကောင်းလေစွ။
ဆော့။ ။မီနို၊ ကျွန်ုပ် ယခုဆိုသော စကားသည် ကျွန်ုပ် ဧကန် သိ၍ ဆိုသောစကား မဟုတ်၊ အနုမာန မှန်းဆ၍ ဆိုသောစကားသာ ဖြစ်သည်  သို့ရာတွင် အသိတရားနှင့် မှန်သောအတ္တနောမတိတို့ မတူကြဟူသော စကား သည်ကား ကျွန်ုပ် မှန်းဆ၍ဆိုသော အနုမာနစကားမဟုတ်။ သိ၍ဆိုသော ဧဝကန် စကားဖြစ် သည်။ ကျွန်ုပ် သိ၍ သိသည်ဟု ဆိုနိုင်သော အချက် များများ စားစား မရှိပါ။ သို့ရာတွင် အသိတရားနှင့် မှန်သောအတ္တနောမတိတို့ မတူကြ ဟူသော အချက်သည် ကျွန်ုပ် သိ၍ သိသည်ဟု ဆိုနိုင်သော အချက်တို့တွင် တစ်ချက် အပါအဝင် ဖြစ်သည်။
မီ။ ။ဆော့ခရတ္တိ၊ အသင်၏စကားသည် မှန်သောစကားပင်။
ဆော့။ ။မီနို၊ မှန်သော အတ္တနောမတိသည် ကျွန်ုပ်တို့၏ ကံသုံးပါး အမူအရာတို့ကို ကောင်းအောင် မှန်အောင် လမ်းပြရာတွင် အသိတရားကဲ့သို့ အကျိုးသက်ရောက်ခြင်းရှိ၏ဟု ကျွန်ုပ် ဆိုချင်သည်။ ထိုစကားကော မှန်သော စကားပေလော။
မီ။ ။ထိုစကားလည်း မှန်သောစကားပင်။
ဆော့။ ။ထိုသို့ဆိုလျှင် ကျွန်ုပ်တို့၏ ကံသုံးပါး အမူအရာတို့ကို ကောင်းအောင် မှန်အောင် လမ်းပြသည့်ကိစ္စတွင် မှန်သော အတ္တနောမတိသည် ဂုဏ်ကျေးဇူးအရာ၌သော်လည်းကောင်း၊ အသုံးကျမှုအရာ၌သော်လည်းကောင်း အသိတရားအောက် မနိမ့်ဟု ဆိုရာသည်။ သို့တည်းမဟုတ် မှန်သော အတ္တနောမတိ ရှိသူသည် အသိတရား ရှိသူအောက် မဟုတ်ဟု ဆိုရာသည်။ ဆိုရမည်လော။ မီ။ ။ဆိုပါ။ ဆိုထိုက်ပါသည်။
စာပိုဒ် ၃၁ 
ဆော့။ ။ကောင်းပြီ။ လူကောင်းသည် လူခပ်သိမ်းအတွက် အသုံးကျသည် ဟူသော အချက်ကို ကျွန်ုပ်တို့ လက်ခံခဲ့ကြပြီ မဟုတ်ပါလော။
မီ။ ။ဟုတ်ပါသည်။ လက်ခံခဲ့ကြပါပြီ။
ဆော့။ ။ထိုသို့ဆိုလျှင် လူကောင်းဟုလည်းကောင်း၊ နိုင်ငံအတွက် အသုံးကျသူဟုလည်းကောင်း ရှိရာတွင် ထိုသူတို့ကောင်းလာကြခြင်း၊ အသုံးကျ လာကြခြင်းတို့သည် အသိတရားကြောင့်သာမက မှန်သော အတ္တနောမတိကြောင့် လည်း ဖြစ်သည်ဟုလည်းကောင်း၊ တစ်ဖန် အသိတရားနှင့် မှန်သောအတ္တနော မတိတို့သည် သဘာဝအလျောက် (ဝါ) သူတို့အလိုအလျောက် သက်ဆင်းလာ သော အရာလည်းမဟုတ်၊ သင်၍ရသော အရာလည်းမဟုတ်ဟုလည်းကောင်း သိလာရပြီဖြစ်ရာ အသင် မည်သို့ ဆိုချင်ပါသနည်း။ အသိတရားသည် လည်းကောင်း၊ မှန်သော အတ္တနောမတိသည်လည်းကောင်း အလိုအလျောက် သက်ဆင်း လာသည်ဟု အသင် အထင် ရှိပါသလော။
 မီ။ ။ကျွန်ုပ် ထိုသို့ မထင်နိုင်ပါ။
ဆော့။ ။ထိုသို့ဆိုလျှင် လူကောင်းဖြစ်လာခြင်း၊ အသုံးကျလာခြင်းတို့ သည်လည်း အလိုအလျောက် သက်ဆင်းလာသည် မဟုတ်နိုင်ဟု ဆိုရာသည်။
မီ။ ။ဆိုပါ။ ဆိုနိုင်ပါသည်။ ။
ဆော့။ ။ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ ဆက်၍ ဆွေးနွေးကြရာ၌ အလို အလျောက် သက်ဆင်းလာခြင်း အကြောင်းတရားကို ဖယ်လိုက်ကြရတော့မည်။ ဖယ်လိုက်လျှင် လူကောင်းဖြစ်လာခြင်း၊ အသုံးကျလာခြင်းတို့သည် ဂုဏ်သိက္ခာ တည်းဟူသော အကြောင်းတရားကြောင့်ပေလော။ အကယ်၍ ဂုဏ်သိက္ခာတည်း ဟူသော အကြောင်းတရားကြောင့်ဖြစ်၏ဟုဆိုလျှင် ဂုဏ်သိက္ခာသည် သင်၍ ရသော အရာ ဖြစ်သောကြောင့်လော။ မေးခွန်းဟောင်းသည် ထပ်၍ ပေါ်လာရ ပြန်ပြီ။
မီ။ ။ဟုတ်ပါ၏။ ထိုမေးခွန်း ထပ်၍ ပေါ်လာပြန်ပြီ။
ဆော့။ ။သို့ရာတွင် ဂုဏ်သိက္ခာသည် အမှားအမှန် အကျိုးအပြစ်ကို ခွဲခြားသိမြင်သော အသိတရားဖြစ်ခဲ့သော် (ဝါ) ပညာသဘောဖြစ်ခဲ့သော် သင်၍ ရ၏ဟု ကျွန်ုပ်တို့ ဆိုခဲ့ကြသည် မဟုတ်ပါလော။
မီ။ ။ဆိုခဲ့ကြပါသည်။
ဆော့။ ။ဂုဏ်သိက္ခာကို သင်၍ရခဲ့သော် ဂုဏ်သိက္ခာသည် ပညာ သဘောဖြစ်၏ဟုလည်း ဆိုခဲ့ကြသည် မဟုတ်ပါလော။
မီ။ ။ဟုတ်ပါသည်။ ဆိုခဲ့ကြပါသည်။
ဆော့။ ဂုဏ်သိက္ခာကို သင်တတ်သောဆရာရှိလျှင် ဂုဏ်သိက္ခာကို သင်၍ရသည်၊ ထိုသို့သော ဆရာမရှိလျှင် သင်၍မရဟုလည်း ဆိုခဲ့ကြသည် မဟုတ်ပါလော။ ။
မီ။ ။ဟုတ်ပါသည်။ ဆိုခဲ့ကြပါသည်။
ဆော့။ ။သို့ရာတွင် ဂုဏ်သိက္ခာကို သင်တတ်သောဆရာသည် လောက၌ မရှိဟုလည်း ဆိုခဲ့ကြသည် မဟုတ်ပါလော။
မီ။ ။ဆိုခဲ့ကြပါသည်။
ဆော့။ ။ထို့ကြောင့် ဂုဏ်သိက္ခာသည် သင်၍ရသောအရာ မဟုတ်၊ အသိတရားလည်း မဟုတ်ဟု ဆိုခဲ့ကြသည် မဟုတ်ပါလော။
မီ။ ။ဟုတ်ပါသည်၊ ဆိုခဲ့ကြပါသည်။ ။
ဆော့။ ။သို့ရာတွင် ဂုဏ်သိက္ခာသည် ကောင်းသောအရာဖြစ်၏ ဟုလည်း ကျွန်ုပ်တို့ လက်ခံခဲ့ကြသည် မဟုတ်ပါလော။
 မီ။ ။ဟုတ်ပါသည်။
ဆာ။ ။ထို့ပြင် လမ်းမှန်ကို ပြနိုင်ခြင်းသည် ကောင်းသည်၊ အသုံးကျ သည်ဟုလည်း ဆိုခဲ့ကြသည် မဟုတ်ပါလော။
မီ။ ။ဟုတ်ပါသည်။ ဆိုခဲ့ကြပါသည်။
ဆော့။ ။ထို့ပြင် လမ်းမှန်ပြသော အရာများသည် အသိတရားလည်း ဖြစ်၍ မှန်သော အတ္တနောမတိလည်း ဖြစ်၏ဟုလည်းကောင်း၊ အသိတရားနှင့် မှန်သော အတ္တနောမတိရှိသူတို့သည် လမ်းမှန်ကို ပြတတ်ကြ၏ဟုလည်းကောင်း ဆိုခဲ့ကြသည် မဟုတ်ပါလော။ မတော်တဆ လမ်းမှန်သို့ရောက်သော သဘော သည်ကား လူ၏ အသိတရားနှင့် လည်းကောင်း၊ လူ၏ မှန်သောအတ္တနောမတိ နှင့်လည်းကောင်း မဆိုင်ပါ။ သို့ရာတွင် မှန်ရာကန်ရာသို့ ရောက်အောင် လမ်းပြနိုင်သော ကိစ္စ၌ အရာနှစ်ခုသည် ရှိမြဲဖြစ်သည်။ ထိုအရာနှစ်ခုသည် အခြားမဟုတ်။ လူ၏ အသိတရားနှင့် လူ၏မှန်သော အတ္တနောမတိတို့ပင် ဖြစ်သည်။ ထိုသို့ မဟုတ်ပါလော။
မီ။ ။ဟုတ်ပါသည်။ | ဆော့။ ။အချင်းမီနို၊ ဂုဏ်သိက္ခာသည် သင်၍ရသောအရာ မဟုတ် သဖြင့် ဂုဏ်သိက္ခာသည် အသိတရား မဟုတ်နိုင်ဟု ဆိုရလိမ့်မည်။
မီ။ ။ဆိုရမည်ပေါ့။ ။
ဆော့။ ။ထိုသို့ဆိုလျှင် ကောင်းအောင် အသုံးကျအောင်ပြတတ်သော ရှေ့ဆောင်လမ်းပြနှစ်ခုရှိသည့်အနက် တစ်ခုဖြစ်သော အသိတရားကို ကျွန်ုပ်တို့ ပယ်ကြရတော့မည်။ အသိတရားသည် ပြည်ရေးပြည်ရာကိစ္စတို့တွင် ရှေ့ဆောင် လမ်းပြ မဟုတ်နိုင်တော့ပြီဟု ဆိုကြရတော့မည်။
မီ။ ။ဟုတ်ပါ၏။ ဆိုကြရတော့မည်။
ဆော့။ ။ထို့ကြောင့် နိုင်ငံခေါင်းဆောင် သိမိတကလိသည် လည်း ကောင်း၊ အနိုင်းတပြောသော နိုင်ငံခေါင်းဆောင်များသည်လည်းကောင်း နိုင်ငံကို ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်ကြရာတွင် ပညာသဘောဖြင့် ဆောင်ရွက် ခဲ့ကြသည်လည်း မဟုတ်၊ ပညာသဘော ရှိနေခြင်းကြောင့် ဆောင်ရွက်နိုင်ခဲ့ကြ သည်လည်း မဟုတ်၊ ဤသို့ပင် ဆိုကြရတော့မည်။ ထို့ကြောင့်သာလျှင် နိုင်ငံ ခေါင်းဆောင်များသည် သူတစ်ပါးကို မိမိတို့နှင့်တူအောင် ပြုနိုင်စွမ်း မရှိခဲ့ ကြခြင်း ဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်တို့၏ အရည်အချင်းများ သည် အသိတရား၏ အစွမ်းကြောင့် ဖြစ်လာသော အရာမဟုတ်သောကြောင့်ပင်။
မီ။ ။ဆော့ခရတ္တိ၊ ဟုတ်သလိုလို ရှိပါသည်။
 | ဆော့။ ။ကောင်းပြီ။ ထိုအရည်အချင်းများသည် အသိတရား၏အစွမ်း ကြောင့် ဖြစ်လာသည်မဟုတ်ဟုဆိုလျှင် ရွေးစရာတစ်ခုသာ ကျန်တော့သည်။ ထိုအရာသည် ပြည်ရေးပြည်ရာကိစ္စတို့ကို ဆောင်ရွက်ကြရာတွင် နိုင်ငံခေါင်းဆောင် များ၌ ရှိသော၊ မှန်သော အတ္တနောမတိ ဖြစ်မည်ဟု မဆိုနိုင်ပြီလော။ ထိုသဘောသည် ဘာသာရေး ယုံကြည်ကိုးကွယ်မှုကိစ္စတွင် နိမိတ်ဟောသော သဘောနှင့် ခပ်ဆင်ဆင်တူသည်။ အဘယ်ကြောင့်ဆိုသော် နိမိတ်ဟောဆရာ၊ ပုစွန်းနတ်ဆရာတို့သည် သိ၍ဟောသည် မဟုတ်သော်လည်း နတ်ဒေဝါ၏ အပူးအဝင်ကို ခံရ၍ တက်ကြွခြင်းဖြစ်လာသောစိတ်ဖြင့် သူတို့ ဟောသော နိမိတ်စကားတို့သည် မှန်တတ်ကြသောကြောင့် ဖြစ်သည်။
မီ။ ။ကျွန်ုပ်လည်း ထိုသို့ပင် ထင်မိသည်။
ဆော့။ ကောင်းပြီ။ ကိုယ်ဟောသည်ကိုလည်းကောင်း၊ ကိုယ်ပြုသည် ကိုလည်းကောင်း သိ၍ဟောသည်၊ သိ၍ပြုသည်မဟုတ်သော်လည်း အရေးတော် ပေါ်လာခိုက် စိတ်ဓာတ်တက်ကြွ စေတနာဗလဝဖြင့် ပြောနိုင် ဟာနိုင် ဆောင်ရွက်နိုင်ကြသော အောင်ပွဲရ အာဇာနည်ပုဂ္ဂိုလ်တို့ကို အသင် မည်သို့ ဆိုမည်နည်း။ ပါရမီရှင်ဟု မဆိုနိုင်ပြီလော။ ။
မီ။ ။ဆော့ခရတ္တိ၊ ဆိုရတော့မည်သာ။
ဆော့။ ။ထိုသို့တပြီးကာ၊ နိမိတ်ဟောဆရာကိုလည်းကောင်း၊ ပုဇွန်း နတ်ဆရာကိုလည်းကောင်း၊ ကဗျာစာဆိုကိုလည်းကောင်း၊ သဘင်သည် အစရှိ သော အနုပညာသည်တို့ကိုလည်းကောင်း ပါရမီရှင်ဟုခေါ်လျှင် မှန်သည်ဟု မဆိုထိုက်ပြီလော။ အထူးသဖြင့် ကိုယ်ပြောသည်ကို ကိုယ်မသိသော်လည်း အရေးတော်ပေါ်၍ အရေးတော်စကားကို စိတ်နောက်ကိုယ်ပါ ပြောနေခိုက်တွင် နတ်ဒေဝါ၏ နှိုးဆော်ခြင်းကိုခံရ၍ စိတ်ဓာတ်တက်ကြွ စေတနာဗလဝဖြစ်လာ သောကြောင့် အောင်ပွဲရတတ်ကြသော နိုင်ငံခေါင်းဆောင်များကို ပါရမီရှင်ဟု မဆိုထိုက်ပြီလော။
မီ။ ။ဆိုရမည်ပေ။ | ဆော့။ ။မိန်းမတို့သည် ယောက်ျားကောင်းများကို “ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင်'ဟု ဆိုတတ်ကြသည်။ စပါတာအမျိုးသားတို့သည်ယောက်ျားကောင်းကို ချီးမွမ်းလိုလျှင် “ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ပေတကား”ဟု ချီးကျူးတတ်ကြသည်။
မီ။ ။ဆော့ခရတ္တိ၊ ထိုသူတို့၏ စကားသည် မှန်ပုံရပါသည်။ သို့ရာတွင် အပြောအဟောကောင်း၍၊ အဆောင်အရွက်ကောင်း၍ အောင်ပွဲရ သော နိုင်ငံခေါင်းဆောင်ကို ပုစ္ဆန်းနှင့် စာဆိုနှင့် နှိုင်း၍ပြောသော အသင်၏ စကားကိုသာ အနိုင်းတ ကြားလျှင် အသင့်ကို စိတ်နေလိမ့်မည်ထင်သည်။
 ဆော့။ ။မီနို၊ သူ စိတ်ခုလျှင်လည်း မတတ်နိုင်ပါ။ နောင်တစ်နေ့နေ့ တွင် အနိုင်းတနှင့် ထပ်၍ ဆွေးနွေးရဦးမည်။ ယခု ကျွန်ုပ်တို့ ဉာဏ်စွမ်းရှိသမျှ စူးစမ်းခြင်း၊ ဆွေးနွေးခြင်း၊ တင်ပြခြင်း ပြုခဲ့ကြသည်တွင် ဂုဏ်သိက္ခာသည် သူ့အလိုအလျောက် ဖြစ်ပေါ်လာသော အရာလည်း မဟုတ်၊ သင်၍ရသော အရာလည်း မဟုတ်ဟု သိခဲ့ကြသည်။ ဂုဏ်သိက္ခာရှိသည်ဟု ကျော်စောထင်ရှား သော သူအဖို့မှာ ဂုဏ်သိက္ခာသည် သူကိုယ်တိုင်မသိသော၊ သူ့ပါရမီကြောင့် သူ ရလာ သော အရာသာ ဖြစ်၏ဟုလည်း သိခဲ့ကြရပြီ။ နိုင်ငံခေါင်းဆောင် အကျော် အမော်များတွင် တစ်ဦး၏ ဂုဏ်သိက္ခာကို အခြားတစ်ဦးအား သင်ပေးနိုင်သူ ရှိပါသည်ဟု ဆိုဘိမူကား ကျွန်ုပ် မပြောတတ်ပြီ။ အကယ်၍ ထိုသို့သော သူမျိုး ရှိသည်ဟုဆိုလျှင် ထိုသူကို ဇမ္ဗူမှာတစ်လူဟု ဆိုသင့်သည်။ နာမ်မရှိ၍ ရုပ်သာရှိသော ဟေဒီဘုံ (သေမင်းနိုင်ငံ)၌ တီရဲ့ ရှဆိုသူတစ်ဦးသာ ရှိ၏ဟု စာဆို ဟိုးမားဆိုသကဲ့သို့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တီရဲ့ ရှအကြောင်း ကို ဟိုးမားက ဆိုခဲ့သည်မှာ “ဟေဒိဘုံတွင် တီရဲ့ ရှတစ်ဦးသာ အသိစိတ်ရှိသူ ဖြစ်၍ ကြွင်းသော သူတို့သည် ထိုမှဤမှ လူးလာပျံသန်းနေကြသော အရိပ် အယောင်များသာ ဖြစ်သည်”ဟု ဆိုခဲ့သောကြောင့် ဖြစ်သည်။ ထိုနည်းတူစွာ ဂုဏ်သိက္ခာ သင်တတ်သူဟူ၍ ရှိလျှင်လည်း ထိုသူသည် အရိပ်အယောင်များ အလယ်တွင် အကယ်ရှိသူ အဟုတ်ရှိသူ ဖြစ်ရာသည်။
မီ။ ။ဆော့ခရတ္တိ၊ ကောင်းလေစွ။
ဆော့။ ။မီနို၊ ကျွန်ုပ်တို့ ဆင်ခြင်စဉ်းစားခဲ့သမျှမှ ကောက်ချက်ထုတ် ရမည်ဆိုလျှင် ဤသို့ဖြစ်နိုင်သည်။ တစ်ဦးတစ်ယောက်သောသူထံသို့ ဂုဏ်သိက္ခာ သည် ရောက်လာတတ်၏ဟုဆိုလျှင် သူ့ပါရမီကြောင့်သာ ရောက်လာခြင်းဖြစ်မည် ဟု ကောက်ချက်ထုတ်နိုင်သည်။ သို့ရာတွင် ဟုတ်မဟုတ် အသေအချာ သိလို လျှင်ကား မနုဿလူသားဆီသို့ ဂုဏ်သိက္ခာ မည်သို့မည်ပုံ ရောက်လာတတ် သည်ကို စုံစမ်းခြင်းမပြုခင် ဂုဏ်သိက္ခာသဘောကို ရှေးဦးစွာ စုံစမ်းခြင်းပြုရ ဦးမည် ဖြစ်သည်။ အချင်းမီနို၊ အချိန် အတော်ညောင်းသွားပြီ။ ကျွန်ုပ်မှာ သွားစရာရှိသေးသည်။ ဂုဏ်သိက္ခာအကြောင်းနှင့် စပ်လျဉ်း၍ အသင် နှစ်သက် လက်ခံခဲ့သည်တို့ကို အနိုင်း နှစ်သက်လက်ခံအောင် အနိုင်းတကို အသင် သွေးပါဘိ။ သို့မှသာ အနိုင်းတသည် ပျော့ပျောင်းသိမ်မွေ့လာမည်။ အနိုင်းတကို အသင် သွေးနိုင်သည်ဖြစ်လျှင် အက်သင်း ပြည်သူပြည်သားတို့၏ အကျိုးကိုလည်း အသင် ဆောင်ရာရောက်မည် ဖြစ်ပါသည်။
✥﹤--- www.ebooks4mm.org ---﹥✥

၁၅။ ဆော့ခရတ္တိ၏ မေတ္တာ အယူအဆ (က)
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်များသည် စာပွဲသဘင် (Symposium)ကထာမှ ကောက်နုတ်သော စာပိုဒ်များဖြစ်သည်။ ဂရိတို့ဘာသာစကား၌ ချစ်နှစ်သက် သော စိတ်ကို (ဝါ) မေတ္တာကို အဲ့ရော့ (Eros)ဟု ခေါ်သည်။ ဂရိလူမျိုး တို့သည် အဲရော့ကို နတ်တစ်ပါးဟု သဘောထား၍ အဲ့ရော့အချစ်နတ်သားဟု ခေါ်ကြသည်။ ဆော့ခရတ္တိတို့ခေတ် မတိုင်မီကသော် အဲ့ရော့၏အနက်သည် ပြန့်ပြောခြင်းမရှိသေး။ ကာမဂုဏ်အာရုံတို့ကို နှစ်သက်ခြင်းတဏှာလောဘဟု လည်းကောင်း၊ ပေမဟုလည်းကောင်း၊ ရာဂဟုလည်းကောင်း ယေဘုယျ အားဖြင့် သိနားလည်ကြသည်ဟုဆိုသည်။ နောင်အခါ၌ လူတို့၏ အကျင့် စရိုက် သိမ်မွေ့လာသည်နှင့်အမျှ အဲ့ရော့သည် လေးနက်သော အဓိပ္ပာယ်သစ် ကို ဆောင်လာသည်ဟုလည်း ဆိုသည်။ ပညာရှင်တို့သည် မိမိတို့၌ အတွေ့ ကြံများပြားတိုးတက်လာသည့် အလျောက် အဲ့ရော့၏ သဘောကို အမျိုးမျိုး မြင်လာ၍ အမျိုးမျိုး ဖွင့်ဆိုလာကြသည်။ ဆော့ခရတ္တိ၏ အမြင်သည် အခြား အခြားသော အမြင်တို့ထက် ထူးသည်ဟု အဋ္ဌကထာဆရာတို့ ဆိုကြသည်။ ဆော့ခရတ္တိ၏ အမြင်ထူးကို ပလေးတိုးက မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။
ဤကထာ ဖြစ်ပေါ်လာပုံသည် ဤသို့ဖြစ်သည်။ ဘီစီ ၄၁၆ ခုနှစ် တွင် ဂရိတို့၏ ပြဇာတ်ပြိုင်ပွဲ၌ အာဂသွန်အမည်ရှိသော ပြဇာတ်ဆရာသည် ပြဇာတ်ဆု အချီးအမြှင့်ကို ခံရသည်။ ထိုအခါ အာဂသွန်သည် မိမိ၏အိမ်၌ ထမင်းစားပွဲ တည်ခင်း၍ အောင်ပွဲခံသည်။ ထိုထမင်းစားပွဲသို့ မိတ်ဆွေများ ဖြစ်ကြသော ဖီဒရ၊ အရစ္စတော့ဒိမ၊ ပေါ့စေနိအဲ့၊ အဲရိဇိမခ၊ အရစ္စတော့  ဖန္နီ၊ ဆော့ခရတ္တိတို့ တက်ရောက်ကြသည်။ ထမင်းစားပြီးကြသောအခါ ပြုနေကျဖြစ်သော စပျစ်ဝိုင် မသောက်မနေ သောက်ရခြင်း၊ ဂီတအတီး အမှုတ် နားထောင်ခြင်းတို့ကို မပြုကြတော့ဘဲ စာပွဲသဘင် ကျင်းပကြသည်။ မေတ္တာသဘောကို ချီးကျူးလိုသဖြင့် မေတ္တာအကြောင်းကို စကားဆိုကြ လျှင် သင့်မည်ဟု အဲရိဇိမခက အဆိုသွင်းရာ အားလုံးသဘောတူ ထောက်ခံကြသည်။ ထို့နောက် စကားဝိုင်းတွင် ဖီဒရကစတင်၍ မေတ္တာ၏ ဂုဏ်ကို ချီးကျူးပြောဆိုသည်။ ထို့နောက် ပေါ့စေနိအဲ့ဆိုသည်။ ထို့နောက် ဆေးဆရာ အဲရိဇိမခဆိုသည်။ ထို့နောက် ဟာသပြဇာတ်ဆရာ အရစ္စတော့ ဖနှိုဆိုသည်။ ဆော့ခရတ္တိအလှည့်သို့ ရောက်သောအခါ ဆော့ခရတ္တိသည် အာဂခွန်၏ အဆိုစကားကို စိစစ်၍ မေတ္တာသဘောကိုဖွင့်သည်။ ထို့နောက် ဆော့ခရတ္တိကပင် မေတ္တာ၏ ဂုဏ်ကို ချီးကျူးပြောဆိုသည်။ ဤသို့ဖြင့် စာပွဲသဘင်ကထာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ။
ဖော်ပြလတ္တံ့သော စာပိုဒ်များသည် ဆော့ခရတ္တိဆိုသော မေတ္တာ ဘွဲ့ စကားတို့၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ ဆော့ခရတ္တိ၏စကား တွင် မေတ္တာအကြောင်းကို မန္တနိအမြို့တော်၌ ထင်ရှားကျော်စောသော နိမိတ်ဟော မယ်တော်ကြီး ဒိုင်အာတိမနှင့် ပြောဟောဆွေးနွေး၍ သိခဲ့ရ သော မယ်တော်ကြီး၏ အယူအဆအဖြစ်ဖြင့် တင်ပြထားသည်။ စင်စစ်မှာ ဆော့ခရတ္တိသည် ပညာအချို့နှင့် ဆွေးနွေးပြီးနောက် မေတ္တာနှင့် စပ်လျဉ်း၍ မိမိ၏ အတွေ့အကြုံကို အမှီပြု၍ ယူဆခြင်းသာဖြစ်ရာ၏ဟု အဋ္ဌကထာ ဆရာတို့ ဆိုကြသည်။
စာပွဲသဘင်ကထာသည် ပလေးတိုး၏ ကထာစာတမ်းများအနက် ပြောင်မြောက်သော စာတမ်းတစ်ပုဒ်ဖြစ်၏ဟု ဆိုကြသည်။ စာတမ်းတွင် မေတ္တာသည် လူခပ်သိမ်းအဖို့မှာ ပေမအသွင်၊ တဏှာလောဘအသွင်၊ ရာဂအသွင်၊ သမုဒယအသွင်၊ သံယောဇဉ်အသွင်တို့ကို ယူတတ်ကြသကဲ့သို့ ပညာသတိရှိသူတို့အဖို့မှာ ပညာအသွင်၊ ကုသလ ကောင်းခြင်းအသွင်၊ သောဘဏ တင့်တယ်ခြင်းအသွင်တို့ကို ပြောင်း၍ယူနိုင်သော သဘော ရှိကြောင်း ဖွင့်ဆိုသည်ကို တွေ့နိုင်သည်။ ။
မေတ္တာကို ချီးကျူးပြောဆိုခြင်းနှင့်စပ်လျဉ်း၍ ဆော့ခရတ္တိ အလျင် ပြောဆိုကြသော ပုဂ္ဂိုလ်များတွင် ပညာဉာဏ် စကားထက် သဒ္ဒါလင်္ကာရ၊ အတ္တာလင်္ကာရ စကားလှတို့ကို ပို၍ အသားပေး ပြောဆိုတတ်ကြသော ဆိုဖီဆရာကြီးတို့၏ အလေ့အလာနောက်သို့ လိုက်ချင်သောသူလည်း ပါ၍ ဆေးဆရာလည်းပါ၍ ဟာသပြဇာတ်ဆရာလည်းပါသည်ဖြစ်ရာ ပလေးတိုး သည် ထိုသူတို့၏ သဘာဝကို ပေါ်အောင် သရုပ်ဖော်တတ်သည်ဟု ယခုတိုင် ချီးကျူးကြသည်။ ထို့ပြင် အာဂသွန်ဂုဏ်ပြုပွဲ၌ ထမင်းစားပြီးကြသည့်နောက် မိတ်ဆွေတစ်စုသည် ဝိုင်းထိုင်၍ စပျစ်ဝိုင်သောက်ရင်း၊ အပျော်အရွှင်  သဘောလည်းပါ၍ အလေးအနက်သဘောလည်းပါသော စကားတို့ကို တစ်ယောက်တစ်လှည့်စီ ဆိုကြရသည်ဖြစ်ရာ ထိုစကားတို့ကို ရေးပြရာ၌ ပလေးတိုးသည် အပျော်အရွှင်လည်းပါ၍ အလေးအနက်လည်းပါသော စာပွဲသဘင်၏ သဘာဝကို ပေါ်အောင် သရုပ်ဖော်တတ်သည်ဟုလည်း ယခုတိုင် ချီးကျူးကြပါသည်။ ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် ဆော့ ခရတ္တိ၏ စကားများဖြစ်၍ လေးနက်သော အစိတ်အပိုင်းသာ ဖြစ်သည်။
အောက်ပါစာပိုဒ်များ၌ မေတ္တာသည် ကောင်းသောသဘောလည်း မဟုတ်၊ မကောင်းသောသဘောလည်း မဟုတ်၊ တင့်တယ်သောသဘော လည်း မဟုတ်၊ မတင့်တယ်သော သဘောလည်းမဟုတ်၊ ကောင်းခြင်း မကောင်းခြင်း အစွန်းနှစ်ဘက်တို့အလယ်၌လည်းကောင်း၊ တင့်တယ်ခြင်း မတင့်တယ်ခြင်း အစွန်းနှစ်ဘက်တို့အလယ်၌လည်းကောင်း မဇ္ဈိမပဋိပဒါ အဖြစ်ဖြင့် ရပ်တည်နေသောသဘောသာဖြစ်၏ဟု ဆိုသည်ကို ဆင်ခြင်ရန် ဖြစ်သည်။
 ထိုအခါ ဆော့ အသင်သဘောပေသိရှိနိုင်သောသူပေ ကျွန်ုပ်က မေးသောအခါ အသင်မည်သို့ဖြေမည်နည်း။ မေးသောမေးခွန်းအတွက် ပြန့်ပြောသော အဖြေကောင်းကို အသင် ပေးလိုလျှင် အဖဟူသည် ငဖြူ၏ အကို ဆိုလို၏ဟု ဖြေဖို့ မဟုတ်။ သား ရှိသော သမီး ရှိသောသူ ဟူဟူသရွေ့ကို ဆိုလို၏ဟု ဖြေရန် ဖြစ်သည်၊ ထိုအမျိုးသာလျှင် ကျွန်ုပ်၏ မေးခွန်းအတွက် ပြန့်ပြောသော အဖြေကောင်း ဖြစ်ချိမ့်မည်။ ထိုသို့ မဟုတ်ပါလော။
ဟုတ်ပါသည်ဟု အာဂသွန်က ဆိုပါသည်။
အမိဟူသည် အဘယ်နည်းဟု ကျွန်ုပ်က မေးသော အခါ၌လည်း ထိုသဘောအတိုင်း အသင် သင့်သည် မဟုတ်ပါလော။
ဟုတ်ပါသည်။ | ထိုအခါ ဆော့ခရတ္တိက အချင်းအာဂသွန်၊ ထပ်၍မေးပါရစေဦး။ သို့မှသာ ကျွန်ုပ်သိလိုသောအချက်ကို အသင်သဘောပေါက်မည် ဖြစ်သည်။ ကောင်းပြီ၊ အစ်ကိုဟူသည် တစ်ဦးတစ်ယောက်သောသူ ကင်း၍ တည်ရှိနိုင်သောသူပေလော၊ သို့တည်းမဟုတ် တစ်ဦးတစ်ယောက်သောသူကို ငဲ့၍သာ ရှိအပ်သိအပ်သောသူ ပေလော။
တစ်ဦးတစ်ယောက်သောသူကို ငဲ့၍သာ ရှိအပ်သိအပ်သောသူ ဖြစ်ပါသည်။
ထိုတစ်ဦးတစ်ယောက်ဆိုသည်မှာ ညီငယ်သော်လည်းကောင်း၊ ညီမငယ် သော်လည်းကောင်း ဖြစ်သင့်သည် မဟုတ်ပါလော။ ဟုတ်ပါသည်။ ထိုအခါ ဆော့ခရတ္တိက ဆက်၍မေးပြန်သည်မှာ အချင်းအာဂသွန်၊ မေတ္တာဟူသည် အရာတစ်ခုခုကို ချစ်နှစ်သက်သော သဘောပေလော၊ သို့တည်းမဟုတ် ချစ်နှစ်သက်အပ်သော အရာတစ်ခုခု ကင်း၍ တည်ရှိနိုင်သော သဘောပေလော။ ။
| ဆော့ခရတ္တိ၊ ချစ်နှစ်သက်အပ်သော အရာတစ်ခုခုကို ငဲ့၍သာ တည်ရှိ နိုင်သော သဘောပါ။
စာပိုဒ် (ခ) 
ကောင်းပြီ။ မေတ္တာဟုဆိုရာတွင် ချစ်နှစ်သက်အပ်သောအရာ တစ်ခုခု ပါမြဲဟူသော အချက်ကို မှတ်ထားစေချင်ပါသည်။ မေးပါဦးမည်။ အာဂသွန်၊ မေတ္တာဟူသည် ချစ်နှစ်သက်အပ်သောအရာတစ်ခုခုကို လိုချင်မက်မောတတ်ပါသလော။
လိုချင်မက်မောခြင်း ရှိသည်ပေါ့။
 ထိုသို့ဆိုလျှင် လိုချင်မက်မောခြင်းမရှိမီ လိုချင်မက်မောအပ်သောအရာ သည် မေတ္တာအဖို့ ရှိနိုင်ပါသလော။
ဆော့ခရတ္တိ၊ ရှိဟန်မတူပါ။ | အာဂသွန်၊ ရှိဟန်မတူဟု မဆိုသင့်ပါ၊ မရှိဧကန်ဟု ဆိုသင့်ပါသည်။ လိုချင်မက်မောသူသည် သူ့မှာလိုနေသော သူ့မှာချို့တဲ့နေသော အရာကိုသာ လိုချင်မက်မော ဖြစ်သည်။ သူ့မှာ ရှိပြီးဖြစ်လျှင် လိုချင်မက်မောခြင်းဖြစ်တော့ မည် မဟုတ်ပါ။ လိုချင်မက်မောခြင်း မဖြစ်သေးသမျှကာလပတ်လုံး၊ လိုချင် မက်မောအပ်သောအရာသည် မရှိနိုင်သည်မှာ ဧကန်ဖြစ်၏ဟု ကျွန်ုပ် ဆိုရဲသည်။ အသင် မည်သို့သဘောရပါသနည်း။
ထိုသို့ဆိုလျှင် ဟုတ်ပေသည်။ မရှိဧကန် ဖြစ်ရမည်သာ။
စာပိုဒ် (ဂ)
 ကောင်းပြီ၊ မေးပါရစေဦး။ အရပ်မြင့်သောသူသည် အရပ်မြင့်ခြင်းကို လိုချင် မက်မောဖို့ လိုပါသေးသလော၊ ဗလကောင်းသူသည် ဗလကောင်းခြင်းကို လိုချင် မက်မောဖို့ လိုပါသေးသလား။
| ဆော့ခရတ္တိ၊ အထက်ကဆိုခဲ့သည့်အတိုင်း ဆင်ခြင်လျှင် လိုချင်မက်မောဖို့ လိုသည်ဟု ဆိုရန်မဖြစ်နိုင်တော့ပါ။
| အဘယ်ကြောင့်နည်း။ အရပ်မြင့်ခြင်းသည် သူ့မှာ ရှိနေသောကြောင့်လော၊ ဗလကောင်းခြင်းသည် သူ့မှာ ရှိနေသောကြောင့်လော။
ဟုတ်ပါသည်။ ။
ကောင်းပြီ၊ အာဂသွန်။ ဗလကောင်းသူသည် ဗလကောင်းချင်သေးသည် ဖြစ်လျှင်၊ လျင်မြန်ဖျတ်လတ်သူသည် လျင်မြန်ဖျတ်လတ်ချင်သေးသည်ဖြစ်လျှင်၊ ကျန်းမာသူသည် ကျန်းမာချင်သေးသည်ဖြစ်လျှင် ပသို့နည်း။ ရှိနေပါလျက် ရှိချင်သေးသော ထိုထိုသောသူတို့သည် လောက၌ ရှိတတ်ကြသည်။ ထို့ကြောင့် ဗလကောင်းသူသည် ဗလကောင်းချင်သေးသည်ဖြစ်လျှင်၊ လျင်မြန်ဖျတ်လတ်သူ သည် လျင်မြန်ဖျတ်လတ်ချင်သေးသည် ဖြစ်လျှင်၊ ကျန်းမာသူသည် ကျန်းမာချင် သေးသည် ဖြစ်လျှင် ပသို့နည်းဟု ကျွန်ုပ် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။ ထိုမေးခွန်းကို ထုတ်သည်မှာ စကားမကျန်စေချင်သောကြောင့် ဖြစ်သည်။ မိမိ ကိုယ်ကို မိမိလှည့်စားရာ မရောက်စေချင်သောကြောင့် ဖြစ်သည်။ အချင်းအာဂသူ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မိမိလိခင်သော ဂုဏ်ထူးကို ရရှိနေ သူတို့  အဖို့မှာ ထိုဂုဏ်ထူးသည် သူတို့လက်၌ ယခု ရှိနေသည်ဖြစ်ရာ ရှိနေသော ထိုဂုဏ်ထူးကို လိုချင်မက်မောခြင်းသည် စင်စစ် ဖြစ်နိုင်တော့မည် မဟုတ်ပါ။ သို့ရာတွင် ကျန်းမာသော ငါသည် ကျန်းမာခြင်းကို လိုချင်၏။ ကြွယ်ဝသော ငါသည် ကြွယ်ဝခြင်းကို လိုချင်၏ဟု တစ်ဦးတစ်ယောက်သောသူက ဆိုလာလျှင် မည်သို့ပြန်ပြောသင့်ပါသနည်း။ အဆွေကောင်း၊ ကျန်းမာခြင်း ရှိနေပါလျက် ကျန်းမာခြင်းကို လိုချင်ခြင်းသည် အနာဂတ်၌လည်း ဆက်၍လိုချင်ခြင်းဖြစ်ရာ ၏။ ကြွယ်ဝခြင်းရှိနေပါလျက် ကြွယ်ဝခြင်းကို လိုချင်ခြင်းသည် အနာဂတ်၌လည်း ဆက်၍လိုချင်ခြင်း ဖြစ်ရာ၏။ ထို့ကြောင့် ယခုလက်ရှိဖြစ်နေသော အရာကိုပင် လိုချင်သေး၏ဟု အသင် ဆိုအံ့။ ထိုအရာကို အနာဂတ်၌လည်း အသင် ဆက်၍ လိုချင်ရာရောက်သည် မမည်ပါလောဟု ထိုသူကို ပြန် မေးသင့်သည်။ ထိုသို့ မေးလျှင် ဟုတ်ပါသည်ဟု ထိုသူ ဝန်ခံရပေလိမ့်မည်။
အချင်းဆော့ခရတ္တိ၊ ဟုတ်ပေ၏။ ။
ဆော့ခရတ္တိက ဆက်၍ပြောသည်မှာ အာဂသွန်၊ အကြင်သူသည် သူ့လက်၌ ယခုရှိနေသော အရာကိုပင် အနာဂတ်၌လည်း ဆက်၍ ရှိစေချင်၏။ ထိုအခါ ထိုသူသည် သူ့လက်၌ မရှိသေးသော အရာကို လိုချင်မက်မောခြင်းပင် ဖြစ်ရာ မရောက်ပြီလော။
ရောက်၏ဟု ဆိုနိုင်ပါသည်။
ထိုသို့ ဆိုနိုင်သည်ဖြစ်လျှင် လိုချင်မက်မောသူသည် သူ့မှာ လိုနေသော၊ သူ့မှာ ချို့တဲ့နေသော အရာကို လိုချင်မက်မောခြင်းပင် ဖြစ်၏ဟု မဆိုနိုင်ပြီ လော။ ထို့ပြင် သူ့မှာ လိုနေသော၊ သူ့မှာ ချို့တဲ့နေသော အရာသည် သူ လိုချင် မက်မောသော အရာဖြစ်၏ဟုလည်း မဆိုနိုင်ပြီလော။ ဆိုနိုင်သည်ပေါ့။
စာပိုဒ် (ဃ) 
အချင်း အာဂသွန်၊ ကျွန်ုပ်တို့ ယခုဆိုခဲ့ကြသော စကားတို့ကို ဆင်ခြင်၍ ကောက်ချက်ချကြည့်ရအောင်။ ပထမအချက်မှာ မေတ္တာဟူသည် ချစ်နှစ်သက်အပ် သော အရာတစ်ခုခုကို လိုချင်မက်မောသော သဘောဖြစ်သည်။ ဒုတိယအချက်မှာ သူ လိုချင်မက်မောသော အရာသည် သူ့မှာ လိုနေသော၊ သူ့မှာ ချို့တဲ့နေသော အရာဖြစ်သည်။ ထိုသို့ မဟုတ်ပါလော။
ဟုတ်ပါသည်။
 ကောင်းပြီ။ အချင်း အာဂသွန်၊ အသင်၏ အချစ်ဘွဲ့ ထောမနာစကားတွင် မေတ္တာကမက်မောတောင့်တသောအရာတို့ကို အသင်ထည့်၍ဆိုခဲ့သည်၊ ထိုအရာ တို့ကို အသင် သတိရပါသေးသလော။ အသင် သတိမရဟုဆိုလျှင် ကျွန်ုပ်က ပြန်ပြောပါမည်။ အသင် ဆိုခဲ့သည်တို့တွင် ဤသို့သော သဘောမျိုး ပါသည်။ အဆင်းမလှခြင်း(ဝါ) မတင့်တယ်ခြင်း ဒုဗ္ဗဏ္ဏသဘောကိုမက်မောတောင့်တသော မေတ္တာသည် ဒေဝလောက၌မရှိ၊ ထို့ကြောင့် နတ်ဒေဝါတို့သည် တင့်တယ်ခြင်း သောဘဏသဘောကို မက်မောတောင့်တသောမေတ္တာဖြင့်သာ မိမိတို့၏ ဒေဝ လောကကို သုခဘုံပြုကြ၏။ ထိုစကားကို အသင် ဆိုခဲ့သည်၊ ဟုတ်ပါသလော။
ဟုတ်ပါသည်၊ ဆိုခဲ့ပါသည်။
ဆိုထိုက်သောစကားပင်။ ကောင်းပြီ၊ ဆိုထိုက်၍ ဆိုခဲ့သည် ဖြစ်လျှင် မေတ္တာဟူသည် အဆင်းမလှသည်ကို(ဝါ) မတင့်တယ်သည်ကို လိုချင်မက်မော သောသဘော မဖြစ်နိုင်။ တင့်တယ်သည်ကို လိုချင်မက်မောသော သဘော ဖြစ်ရမည်ဟု ယူနိုင်သည်မဟုတ်ပါလော။
ဟုတ်ပါသည်၊ ထိုသို့ယူရမည်သာ။
ကောင်းပြီ၊ မေတ္တာဟူသည် သူ့မှာ လိုနေသော၊ သူ့မှာ ချို့တဲ့နေသောအရာ ကိုသာ လိုချင်မက်မောတတ်၏ဟုကျွန်ုပ်တို့ လက်ခံခဲ့ကြသည် မဟုတ်ပါလော။
ဟုတ်ပါသည်၊ လက်ခံခဲ့ကြပါသည်။ | ထိုသို့တပြီးကား မေတ္တာမှာ လိုနေသော၊ ချို့တဲ့နေသော အရာသည် မည်သို့သောအရာ ဖြစ်မည်နည်း၊ တင့်တယ်သောအရာ ဖြစ်မည်ဟု ဆိုရမည် မဟုတ်ပါလော။
ဆိုရတော့မည်သာ။
ထိုသို့တပြီးကား တင့်တယ်ခြင်း လိုနေသော၊ ချို့တဲ့နေသောမေတ္တာ၌ တင့်တယ်သောသဘော ရှိ၏ဟု ဆိုနိုင်ပါတော့မည်လော၊ မည်သည့်နည်းနှင့်မျှ ဆိုနိုင်တော့မည် မဟုတ်ပါ။
ထိုသို့တပြီးကား မေတ္တာဟူသည် တင့်တယ်သောသဘော ဖြစ်နိုင်ပါတော့ မည်လော။
ထိုအခါ အာဂသွန်က ဆိုသည်မှာ | အချင်း ဆော့ခရတ္တိ၊ မေတ္တာသည် တင့်တယ်သောသဘောမဖြစ်နိုင်ဟု ဆိုရတော့မည်ဖြစ်သဖြင့် ကျွန်ုပ်အဖို့ ခက်ချေပြီ။ ကျွန်ုပ် ဆိုသောစကားကိုပင်  ကျွန်ုပ် မသိနားမလည်ရာ ရောက်နေပြီ၊ အကယ် မသိပါဘဲလျက်၊ နားမလည် ပါဘဲလျက် ကျွန်ုပ် ဆိုရာရောက်နေပြီ။
အချင်း အာဂသွန်၊ အသင်၏ အချစ်ဘွဲ့ထောမနာစကားသည်ကား သာယာနာပျော်ဖွယ်ဖြစ်ပါ၏။ နာ၍မပြီးဖြစ်ပါ၏။ မေးခွန်းတစ်ခုနှစ်ခုလောက်ကို မေးချင်ပါသေးသည်၊ ဖြေပါဦး။ ကောင်းခြင်း ကုသလသဘောသည် တင့်တယ်၏ ဟု အသင် ဆိုခဲ့သည်။ ဟုတ်ပါသလော။ | ဟုတ်ပါသည်၊ ဆိုခဲ့ပါသည်။
ထိုသို့တပြီးကား မေတ္တာသည် တင့်တယ်သောသဘော မဟုတ်ဟု ဆိုခဲ့ သောကြောင့်လည်းကောင်း၊ ကောင်းသောသဘောသည် တင့်တယ်သော သဘော ဖြစ်၏ဟု ဆိုခဲ့သောကြောင့် လည်းကောင်း မေတ္တာ၌ ကောင်းသော သဘောမရှိ၊ ကောင်းသောသဘော လိုနေ၏၊ ကောင်းသောသဘောချို့တဲ့နေ၏ဟု ဆိုရတော့ မည်သာ။
အချင်း ဆော့ခရတ္တိ၊ ကျွန်ုပ်သည် အသင့်ကို မချေနိုင်တော့ပါ၊ အသင် ဆိုတိုင်းသာ ဖြစ်နေရပေပြီ။
စာပိုဒ် (င) 
အဆွေကောင်း အာဂသွန်၊ ထိုသို့မဆိုပါလင့်။ မှန်သောစကားကိုသာ အသင် မချေနိုင်ခြင်းဖြစ်သည်၊ ဆော့ခရတ္တိကိုချေရန်မှာကား အလွယ်သာပါ။ အာဂသွန်၊ အသင့်ကို ကျွန်ုပ် မမေးတော့ပါ၊ မန္တန်မြို့တော်က နိမိတ်ဟောမယ်တော်ကြီး ဖြစ်သော ဒိုင်အာတိမထံမှ ကျွန်ုပ်တို့ ကြားခဲ့ဖူးသော မေတ္တာသဘောကို ကျွန်ုပ် ပြောပြပါတော့မည်။ မယ်တော်ကြီးသည် မေတ္တာသဘောကို သိသူလည်း ဖြစ်သည်။ အခြားအခြားသော လူမှုကိစ္စတို့ကို သိသူလည်းဖြစ်သည်။မယ်တော် ကြီးသည် အက်သင်းမြို့တော်၌ ဆိုက်လာမည့် ရောဂန္တရကပ်ကို ကြိုတင်သိထား သည့်အလား၊ ဗလိနတ်စာကျွေးကြကုန်ဟု အက်သင်းမြို့သားတို့ကို သတိပေး နှိုးဆော်ခဲ့ဖူးသည်။ အက်သင်းမြို့သားတို့သည် မယ်တော်ကြီး၏ စကားကို လိုက်နာဆောင်ရွက်ကြသဖြင့် ကပ်ဆိုး၏ဒဏ်ကို ချက်ချင်းမခံကြရ။ ဆယ်နှစ်ခန့် ကြာမြင့်သောအခါမှာမှ ခံကြရသည်။ မေတ္တာသဘောကို ရှင်းလင်းပြောဟောရာ တွင် မယ်တော်ကြီးသည် ကျွန်ုပ်၏ လက်ဦးဆရာဖြစ်သည်။ မယ်တော်ကြီး ထံမှ ကျွန်ုပ် ကြားနာခဲ့ရသော မေတ္တာသဘောကို ကျွန်ုပ် ယခု ပြန်ပြောပါမည်။
အချင်းတို့၊ ကျွန်ုပ်တို့နှစ်ဦး ယခုလက်ခံကြသာ အချက်မှစ၍ပြန်ပြော လိုပါသည်။ အချင်းအာဂသွန်၊ ကျွန်ုပ်သည် အသင်ကဲ့သို့ပင် မေတ္တာသဘောကို  ရှေးဦးစွာ ဖွင့်ဆိုပါမည်။ ထို့နောက်မှသာ မေတ္တာ၏ အာနုဘော်ကြောင့် ဖြစ် ပေါ်လာတတ်သော အကျိုးတရားတို့ကို ပြောမည်။ မေတ္တာသဘောကို ဖွင့်ဆို ရာတွင် မယ်တော်ကြီးသည် ကျွန်ုပ်ကို မေးမြန်းစိစစ်၍ ဖွင့်ဆိုခဲ့ပါသည်။ ထို့ ကြောင့် မယ်တော်ကြီး၏ မေးမြန်းစိစစ်ပုံအတိုင်း ကျွန်ုပ်က ပြန်ပြောလိုသည်။ မေတ္တာသဘောနှင့် စပ်လျဉ်း၍ အာဂသွန်ဆိုသကဲ့သို့ ကျွန်ုပ်လည်း ဆိုခဲ့ပါသည်။ ဆိုခဲ့သည်မှာ မယ်တော်ကြီး၊ မေတ္တာသည် တန်ခိုးကြီးသော နတ်ဒေဝါတစ်ပါး ဖြစ်၏၊ တင့်တယ်သောသဘော ဖြစ်၏။ ကျွန်ုပ်က ထိုသို့ဆိုလိုက်သောအခါ အာဂသွန်၏အဆိုကို ကျွန်ုပ် ယခုချေသကဲ့သို့ ကျွန်ုပ်၏ အဆိုကို မယ်တော်ကြီးက ချေခဲ့သည်။ မေတ္တာသည် တင့်တယ်သောသဘောလည်းမဟုတ်၊ ကောင်းသော သဘောလည်းမဟုတ်ဟု မယ်တော်ကြီးက ဆိုပါသည်။
စာပိုဒ် (စ) 
ထိုအခါ ကျွန်ုပ်က ပြန်၍မေးသည်မှာ အချင်းမယ်တော်ကြီး၊ မေတ္တာသည် တင့်တယ်သော သဘောမဟုတ်လျှင် မတင့်တယ်သော သဘောပေလော။ ကောင်းသော သဘောမဟုတ်လျှင် မကောင်းသော သဘောပေလော။
ဆော့ခရတ္တိ၊ အသင်၏အမေးသည် ရှက်ဖွယ်လိလိသာ။ တင့်တယ်သော သဘောမဟုတ်ဟု ဆိုရုံမျှဖြင့် မတင့်တယ်သောသဘော ဖြစ်ပြီဟု ဆိုရတော့ မည်လော။
ဆိုရမည်။
ဝိဇ္ဇာ အသိတရားမဟုတ်သော အရာတိုင်းကို အဝိဇ္ဇာ မသိတရားဟု ဆိုရတော့မည်လော။ ဝိဇ္ဇာနှင့် အဝိဇ္ဇာ အစွန်းနှစ်ဖက်တို့၏ အလယ်၌ မဇ္ဈိမ ပဋိပဒါ သဘောအဖြစ်ဖြင့် မည်သည့်တရားမျှမရှိနိုင်ဟု အသင် အထင်ရှိပါ သလော။
မယ်တော်ကြီး ရှိနိုင်သည်ဟုဆိုအံ့၊ မည်သည့်တရားပေနည်း။
ဆော့ခရတ္တိ၊ ကြောင်းကျိုးယုတ္တိ မပြနိုင်သော်လည်း အမှန်ကို မြင်တတ် သော မှန်သော အတ္တနောမတိပင်။ အသင်လည်း သိသည့်အတိုင်း မှန်သော အတ္တ နောမတိသည် ကြောင်းကျိုးယုတ္တိမပြနိုင်သော သဘောဖြစ်သဖြင့် ထိုသဘောကို ဝိဇ္ဇာအသိတရားဟု မဆိုနိုင်။ အဘယ်ကြောင့်ဆိုသော် ဝိဇ္ဇာအသိ တရားသည် ကြောင်းကျိုးယုတ္တိ ပြနိုင်သောကြောင့်ပင်။ တစ်ဖန် ထိုသဘောကို အဝိဇ္ဇာ မသိတရားဟုလည်း မဆိုနိုင်။ အဘယ့်ကြောင့်ဆိုသော် အဝိဇ္ဇာ မသိတရားသည် အမှန်ကို မမြင်တတ်သောကြောင့်ပင်။ စင်စစ်မှာ မှန်သော အတ္တနောမတိသည်  ဝိဇ္ဇာနှင့် အဝိဇ္ဇာ အစွန်းနှစ်ဖက်တို့၏ အလယ်၌ မဇ္ဈိမပဋိပဒါ သဘောအဖြစ်ဖြင့် ရပ်တည်နေသော စိတ်ဓာတ် ဖြစ်သည်။
အချင်းမယ်တော်ကြီး၊ ထိုတရားမျိုး ရှိနိုင်ပါသည်။
ထိုသို့တပြီးကား၊ တင့်တယ်သော သဘောမဟုတ်တိုင်း မတင့်တယ်သော သဘောဖြစ်၏ဟု မဆိုသင့်။ ကောင်းသောသဘောမဟုတ်တိုင်း ညံ့သော ဆိုး သော သဘောဖြစ်၏ဟု မဆိုသင့်။ မေတ္တာသည် တင့်တယ်သောသဘော၊ ကောင်းသောသဘော မဟုတ်ဟူသော အကြောင်းကြောင့် မတင့်တယ်သော သဘော၊ ညံ့သော ဆိုးသော သဘောဖြစ်၏ဟု မဆိုသင့်။ မေတ္တာသည် တင့်တယ်ခြင်းနှင့် မတင့်တယ်ခြင်း အစွန်းနှစ်ဖက်တို့၏ အလယ်၌လည်းကောင်း၊ ကောင်းခြင်းနှင့် ညံ့ခြင်း ဆိုးခြင်း အစွန်းနှစ်ဖက်တို့၏ အလယ်၌လည်းကောင်း မဇ္ဈိမဋိပဒါ သဘောအဖြစ်ဖြင့် ရပ်တည်နေသော စိတ်ဖြစ်၏ဟုသာ ဆိုလိုက်သည်။
စာပိုဒ် (ဆ) 
မယ်တော်ကြီး၊ အရပ်ကမူကား မေတ္တာကို မဟာဒေဝနတ်ကြီးပါဟု ယူဆလက် ထားကြပါသည်။
| ဆော့ခရတ္တိ၊ အရပ်ဆိုသည်မှာ မည်သူတို့ပေနည်း။ မသိသောသူများ ပေလော။ သိသောသူများကော ပါသေးသလော။ ။
အကြွင်းမရှိ၊ အားလုံးကပင် လက်ခံကြပါသည်။ ထိုအခါ မယ်တော်ကြီး ဒိုင်အာတိမက ရယ်မော၍ဆိုသည်မှာ ဆော့ခရတ္တိ၊ မေတ္တာသည် နတ်ဒေဝါမဟုတ်ဟု ဆိုကြသောသူများသည် မေတ္တာကို နတ်ဒေဝါဟု မည်သည့်နည်းနှင့်မျှ လက်ခံကြမည် မဟုတ်။ မေတ္တာသည် နတ်ဒေဝါမဟုတ်ဟု ဆိုကြသောသူများသည် မည်သူများ ဆော့ခရတ္တိ၊ ဆိုကြသူများတွင် အသင်လည်း ပါသည်၊ ကျွန်ုပ်လည်း ပါသည်။ ။
မယ်တော်ကြီး၊ ကျွန်ုပ်ပါသည်ဟု အသင် အဘယ့်ကြောင့်ဆိုနိုင်ပါသနည်း။
ကျွန်ုပ် ရှင်းပြမည်။ နတ်ဒေဝါတို့သည် ချမ်းသာကြ၏၊ တင့်တယ်ကြ၏ ဟု အသင်ဆိုမည်သာ ဖြစ်သည်။ နတ်ဒေဝါ အမြောက်အမြားရှိသည့်အနက် တစ်ပါးပါးသော နတ်ဒေဝါသည် မချမ်းသာ၊ မတင့်တယ်ဟု အသင် ဆိုရဲပါ သူလော။
မယ်တော်ကြီး၊ ကျွန်ုပ် မဆိုရဲပါ။
ပေနည်း"တ္တာသည် န  ကောင်းပြီ။ ကောင်းသော၊ တင့်တယ်သော သဘောရှိသူသည် ချမ်းသာ ၏ဟု အသင် ဆိုမည်လော။ ။
ဆိုမည်ပေါ့။ သို့ရာတွင် မေတ္တာ၌ ကောင်းသော၊ တင့်တယ်သောသဘောလိုနေသော ကြောင့်လည်းကောင်း၊ ချို့တဲ့နေသောကြောင့် မေတ္တာသည် ကောင်းသည်ကို လည်းကောင်း၊ တင့်တယ်သည်ကိုလည်းကောင်း လိုချင်တောင့်တသော သဘော ဖြစ်၏ဟု အသင် လက်ခံခဲ့ပြီ မဟုတ်ပါလော။
ဟုတ်ပေ၏။ ကျွန်ုပ် လက်ခံခဲ့ပါသည်။
မေတ္တာ၌ ကောင်းသောသဘောလည်း ချို့တဲ့နေ၏၊ တင့်တယ်သော သဘောလည်း ချို့တဲ့နေ၏ဟု အသင်လက်ခံခဲ့ပြီးဖြစ်လျှင် မေတ္တာကို နတ်ဒေဝါ ဟု အသင် ဆိုနိုင်ပါတော့မည်လော။
ဆိုနိုင်စရာအကြောင်း မရှိတော့ပါ။ | အချင်းဆော့ခရတ္တိ၊ ထို့ကြောင့်ပင် မေတ္တာသည် နတ်ဒေဝါ မဟုတ်ဟု ဆိုကြသူများတွင် အသင်လည်း ပါ၏ဟု ကျွန်ုပ် ဆိုခဲ့ခြင်း ဖြစ်သည်။
✥﹤--- www.ebooks4mm.org ---﹥✥

၁၆။ ဆော့ခရတ္တိ၏ မေတ္တာ အယူအဆ (ခ)
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်များသည် စာပွဲသဘင် ကထာမှပင် ဖြစ်သည်။ ထိုစာပိုဒ်များတွင် မေတ္တာသဘော ဆွေးနွေးခန်းကိုပင် တွေ့နိုင်သည်။ ယခင်စာပိုဒ်များတွင် ပလေးတိုးသည် မေတ္တာသဘောကို ဖွင့်ရာ၌ မေးမြန်း စိစစ်နည်းကို သုံးခဲ့သည်။ ဖော်ပြလတ္တံ့သော စာပိုဒ်များ၌ကား ဆော့ခရတ္တိ၏ မေတ္တာအမြင်ကို ကဗျာဆန်ဆန် (ဝါ) နားလည်လွယ် နှစ်သက်ဖွယ်ဖြစ်အောင် တင်ပြထားသည်ကို တွေ့နိုင်သည်။ တင်ပြရာတွင် ပလေးတိုးသည် ဂရိ တို့၏ ပုရာဏ်ကျမ်းထွက် ပုံပြင်မှ မေတ္တာသဘောကို ထပ်တူပြုခြင်း ရူပကအလင်္ကာသုံး၍လည်းကောင်း၊ ဥပမာတင်စား၍လည်းကောင်း ဖွဲ့ထား သည်ဖြစ်ရာ အဋ္ဌကထာ ဆရာတို့ ချီးကျူးကြပါသည်။ အက်ဖရာဒိုတိခေါ် မေတ္တာနတ်သမီးအကြောင်းသည် ကထာ၌ ထင်ရှားသဖြင့် အထူးမဆိုတော့ ပြီ။ စာပွဲသဘင်၌ ဆော့ခရတ္တိအလျင် စကားဆိုခဲ့သော ဟာသပြဇာတ်ဆရာ အရစ္စတော့ဖX ဆိုခဲ့သော ကမ္ဘာဦးလူအကြောင်းကိုကား မြန်မာစာဖတ် ပရိသတ် ကြိုတင်သိထိုက်သည်ဟု ထင်ပါသည်။ ထိုအကြောင်းကို သိထားပြီး ဖြစ်မှသာ ကထာတစ်နေရာ၌ ဖော်ပြခဲ့သော “ကိုယ်ထက်ဝက်'ဟူသော စကား၏ အနက်ကို အလွယ်တကူ သိနားလည်နိုင်မည်ဖြစ်သည်။ ။
'ကိုယ်ထက်ဝက်' (Their Other Half ဟူသော စကား နှင့် စပ်လျဉ်း၍ သိရန်ရှိသည်မှာ ဤသို့ဖြစ်သည်။ ကမ္ဘာဦးလူသည် မျက်နှာ နှစ်ခု၊ လက်လေးခု၊ ခြေလေးခုရှိသော သတ္တဝါဖြစ်သည်။ ကိုယ်ခန္ဓာသည် မတ်မတ်ရှိသည်။ လုံးသည်။ မျက်နှာတို့သည် အချင်းချင်းဆိုင်နေကြသည်။ လမ်းလျှောက်သောအခါ မတ်မတ်လျှောက်သော်လည်း ပြေးသောအခါ  လက်လေးခု၊ ခြေလေးခုထောက်၍ သစ်တုံးကဲ့သို့ လိမ့်သည်။ ခွန်အား ကြီးသည်၊ အလိုရမ္မက်ကြီးသည်။ ဒေဝလောကသို့တက်၍ စစ်ထိုးရန် အားထုတ်သည်။ ထိုအခါ ဒေဝါဓိပတိဖြစ်သော ဇုနတ်မင်းနှင့်တကွ နတ် ဒေဝါအပေါင်းတို့သည် ထိတ်လန့်ကြသဖြင့် နတ်သဘင်အစည်းအဝေး ခေါ်၍ တိုင်ပင်ကြသည်။ ဝရဇိန်လက်နက်ဖြင့်ခွင်းလျှင် အလိုရမ္မက်ကြီးလှ သော လူသားတို့သည် ပျက်စီးကြတန်ရာသည်။ ပျက်စီးကြသည်ဖြစ်ပါက နတ်ဒေဝါတို့ကို ပူဇော်ပသကြမည့် သတ္တဝါများ ရှိကြမည်မဟုတ်တော့ပြီ။ ထို့ကြောင့် လူသားတို့ကို မသတ်လိုကြ။ အခက်ကြုံနေကြရသည်။ ထိုအခါ ဇုနတ်မင်းက အကြံထုတ်သည်မှာ ဤသို့ဖြစ်သည်။ ငါတို့သည် လူသားတို့ကို သတ်ဖို့မလို၊ အားနည်းအောင်နိုင်လျှင် ငါတို့ကို အနှောင့်အယှက် ပေးနိုင် ကြမည်မဟုတ်။ အားနည်းအောင် ပြုရမည်ဖြစ်လျှင် လူသား၏ ကိုယ်ခန္ဓာကို ထက်ခြမ်းခွဲလိုက်ရန်ဖြစ်သည်။ ထိုသို့ပြုလျှင် လူသားတို့လည်း မပျက်မစီး ဖြစ်မည်၊ ငါတို့လည်း အေးချမ်းမည်။ ထိုမျှသာမကသေး၊ လူဦးရေလည်း တိုးလာနိုင်သည်ဖြစ်သောကြောင့် ငါတို့သည် ယခင်ကထက် ပို၍ အပူဇော် အပသကို ခံကြရလိမ့်မည်။ လူသားတို့သည် ယခင်က ခြေ လေးခုထောက်၍ လမ်းလျှောက်နိုင်လျှင် ယခုအခါတွင် ခြေနှစ်ခုသာ ထောက်၍ လမ်းလျှောက် စေမည်။
နတ်မင်းကြီးငုသည် ထိုသို့ဆို၍ လူသားတို့၏ ကိုယ်ခန္ဓာကို ထက်ခြမ်းခွဲလိုက်သည်။ အပေါ်လိုနတ်မင်းက ဆေးကုပေးလိုက်ရာ ထိုအခါမှ စ၍ ကမ္ဘာဦးလူသည် ယခုလူကဲ့သို့ ဖြစ်လာသည်။ နှစ်ကိုယ်ကွဲကြသောအခါ တစ်ကိုယ်သည် တစ်ကိုယ်ကို အလွန်တောင့်တသည်။ တွေ့ကြလျှင် သေသည့်တိုင်အောင် မခွဲတမ်း ပိုက်ဖက်ထားကြသည်။ ကိုယ်တစ်ခုသေလျှင် ကျန်ခဲ့သောကိုယ်သည် အဖော်ရှာသည်။ ကံတူအကျိုးပေးကိုယ်တစ်ခုနှင့် တွေ့လျှင် ထိုကိုယ်နှစ်ခုသည် တစုံမက်မက်ဖြစ်လျက် အသက်ထက်ဆုံး ပိုက်ဖက်ထားကြသည်။ နတ်မင်းကြီးဇုသည် ထိုအခြင်းအရာကို မြင်သော အခါ အလွန်သနားသဖြင့် အဖိုသဘော၊ အမသဘောတို့ကို ဖန်တီးပေးလိုက် သည်။ ဤသို့ဖြင့် လူ့လောက၌ သားသမီး မြေးမြစ် ပွားများလာ၍ လူသား အစဉ်အဆက် ဖြစ်ပေါ်လာရသည်ဟု ဟာသပြဇာတ်ဆရာ အရစ္စတော့ဖနှိုက ပရိပူရာဏ်ကျမ်းကိုကိုး၍ ပြက်လုံးထုတ်ခဲ့သည်။ ထို့ကြောင့် “ကိုယ်ထက်ဝက်" ဆိုသည်မှာ ကျား အဖို့ မ ကိုလည်းကောင်း၊ မ အဖို့ ကျား ကိုလည်းကောင်း ဆိုရာရောက်သည်ဟု ယူရာသည်။ ။
အောက်ပါစာပိုဒ်များတွင် ဆော့ခရတ္တိ၏ အာဘော်အရသော် မေတ္တာဟူသည် ဝိဇ္ဇာအသိတရားနောက်သို့ တကောက်ကောက် လိုက်၍ ကောင်းခြင်းကုသလသဘောကို အစဉ်ထာဝရ ရရှိနေရန် တောင့်တသော စိတ်ဖြစ်၏ဟု ဆိုသည်ကို ဆင်ခြင်ရန်ဖြစ်သည်။
စာပိုဒ် (ဇ) 
ထိုအခါ ဆော့ခရတ္တိက မေးပြန်သည်မှာ အချင်း ဒိုင်အာတိမ၊ မေတ္တာသည် နတ်ဒေဝါမဟုတ်ဟု အသင်ဆိုလျှင် မည်ကဲ့သို့သော သူပေနည်း။ မနုဿလူသားလော။
ဆော့ခရတ္တိ၊ မနုဿလူသားလည်း မဟုတ်ပါ။ ထိုသို့တပြီးကား မည်ကဲ့သို့သော သူပေနည်း။
လူ့သဘောနှင့် နတ်သဘော အစွန်းနှစ်ဖက်တို့၏ အလယ်၌ မဇ္ဈိမပဋိပဒါ သဘောအဖြစ်ဖြင့် ရပ်တည်နေသူပင်။
ဒိုင်အာတိမ၊ ထိုသို့သောသူသည် မည်သူပေနည်း။ ပြောပါဦး။
ဆော့ခရတ္တိ၊ ဝိဇ္ဇာဓိုရ်တစ်မျိုးပင်။ အဘယ့်ကြောင့်ဆိုသော် ဝိဇ္ဇာဓိုရ် လောကသည် လူ့လောကနှင့် နတ်လောကတို့၏ အလယ်၌ တည်ရှိနေသော ကြောင့် ဖြစ်သည်။
ကောင်းပါပြီ။ ဝိဇ္ဇာဓိုရ်၌ မည်သို့သော တန်ခိုး ရှိပါသနည်း။
ဆော့ခရတ္တိ၊ လူ့လောကအကြောင်းကို နတ်တို့ထံသို့ တင်ပြရှင်းပြနိုင် သော တန်ခိုးရှိသည်။ နတ်လောကအကြောင်းကို လူတို့အားပြောပြရှင်းနိုင်သော တန်ခိုးရှိသည်။ လူတို့က ပူဇော်သည်၊ ဆုတောင်းသည်တို့ကို နတ်တို့ထံ၌ တင်ပြနိုင်သော တန်ခိုးရှိသည်။ နတ်တို့က ဆုံးမသည်၊ ဆုပေးသည်တို့ကို လူတို့အား ပေးအပ်နိုင်သော တန်ခိုးရှိသည်။ ဤသို့ဖြင့် ဝိဇ္ဇာဓိုရ်သည် တစ်ဘုံစီခြားလျက်ရှိသော လူ့လောကနှင့် နတ်လောကတို့ကို ရွှေလမ်းငွေလမ်း ခင်း၍ ဤလောကဓာတ်ကို နှစ်ခြမ်းမကွဲအောင် ထိန်းထားလျက်ရှိသည်။ နတ် ဒေဝါတို့ကို ကိုယ်စားပြုသော ပုစ္ဆန်းနတ်ဆရာတို့သည်လည်းကောင်း၊ နိမိတ်ဟော ဆရာတို့သည်လည်းကောင်း ဝိဇ္ဇာဓိုရ်မှတစ်ဆင့် ဖြစ်ပေါ်လာကြရသည်။ နတ်ပူဇော်  ခြင်း၊ နိမိတ်ဟောခြင်း၊ မန္တန်ရွတ်ခြင်းတို့သည် ဝိဇ္ဇာဓိုရ်မှတစ်ဆင့် ဖြစ်ပေါ် လာကြရသည်။ နတ်ဒေဝါဟူသည် တိုက်ရိုက်အားဖြင့် လူနှင့် အဆက်အသွယ် မပြုချေ။ လူနှင့် နတ်ဒေဝါတို့သည် နိုးသောအခါ၌ ဖြစ်စေ၊ အိပ်သောအခါ၌ ဖြစ်စေ ဝိဇ္ဇာဓိုရ်မှ တစ်ဆင့်သာလျှင် အသိအမြင်ရ၍ အမေးအမြန်း အဖြေအဆို ပြုနိုင်ကြသည်။ ထိုသို့သော အဆက်အသွယ်ကို သိသောအသိသည် ဝိဇ္ဇာဓိုရ် သဘော ဖြစ်သည်။ အခြားတစ်ပါးသော အတတ်ကို သိသော အသိသည်ကား ပုထုဇဉ် အသိသာ ဖြစ်သည်။ ဝိဇ္ဇာဓိုရ်တို့သည် အရေအတွက်အားဖြင့် များလည်းများ၍ အထူးထူးအပြားပြားလည်း ရှိသည်ဖြစ်ရာ ဝိဇ္ဇာဓိုရ်တစ်မျိုးသည် မေတ္တာဖြစ်သည်။
စာပိုဒ် (ဈ)
ကောင်းပါပြီ။ အချင်း ဒိုင်အာတိမ၊ မေတ္တာတည်းဟူသော ဝိဇ္ဇာဓိုရ်၏ အမိအဖကို သိချင်ပါသေးသည်။ ပြောပါဦး။
ဆော့ခရတ္တိ၊ ပြောရမည်ဖြစ်လျှင် နောက်ကြောင်းပြန်၍ ပြောမှသာလျှင် ပြည့်စုံလိမ့်မည်။ သို့ရာတွင် ကျွန်ုပ်ပြောပြပါမည်။ ဇုနတ်မင်း၏ သမီးဖြစ်သော အက်ဖရာဒိုက်တိ အမည်ရှိသော မေတ္တာနတ်သမီးကို ဖွားသောနေ့တွင် ဒေဝလောက တစ်ခုလုံးသည် ဝမ်းမြောက်ခြင်းဖြစ်၍ နတ်သုဒ္ဓါပွဲသဘင်ကို ကျင်းပပါသည်။ ထိုအခါ ကြွယ်ဝခြင်းတည်းဟူသော သေဋ္ဌနတ်သားသည် ထိုပျော်ပွဲသဘင်သို့ တက်ပါသည်။ ထိုသို့သော ပျော်ပွဲသဘင်မျိုး၌ တွေ့ကြုံတတ် သည့်အတိုင်း ခေါင်းပါးမွဲတေခြင်းတည်းဟူသော မိဆင်းရဲသည် နတ်သုဒ္ဓါကို တောင်းရန် တံခါးဝသို့ ရောက်လာပါသည်။ ထိုအခါ နတ်သူရာ ယစ်မူးသော သေဋ္ဌနတ်သားသည် ဇုနတ်မင်းကြီး၏ ဥယျာဉ်သို့ဝင်၍ အိပ်မောကျလျက် ရှိသည်။ ထိုအခြင်းအရာကိုမြင်သော မိဆင်းရဲသည် ဆင်းရဲပင်ပန်းသော မိမိ၏ ဘဝဆိုးမှ လွတ်မြောက်လိုသဖြင့် သေဋ္ဌနတ်သားကိုမှီ၍ သားရအောင် ပြုအံ့ဟု ကြံလေသည်။ ထိုနောက် သေဋ္ဌနတ်သား၏ နံပါး၌ လဲလျောင်းလိုက်သည် ဖြစ်ရာ မေတ္တာသည် မိဆင်းရဲ၏ဝမ်း၌ ပဋိသန္ဓေတည်၍ ဖွားလာပါသည်။ မေတ္တာသည် အက်ဖရာဒိုက်တိ နတ်သမီး ဖွားမြင်သောနေ့၌ ဖွားလာသော အကြောင်းကြောင့်လည်းကောင်း၊ အက်ဖရာဒိုက်တိနတ်သမီး၏ လှပတင့်တယ် သော အဆင်းကိုမြင်၍ ထိုအဆင်းကို ချစ်နှစ်သက်ခြင်းဖြစ်ခဲ့သော အကြောင်း ကြောင့်လည်းကောင်း မေတ္တာသည် နောင်အခါတွင် အက်ဖရာဒိုက်တိနတ်သမီး၏ လက်ပါးစေတစ်ဦး ဖြစ်လာပါသည်။
 တမ်း တသည် သူ့အခါက်သည်။ အိမ်တံခါးမရှိ။ မြေကြီး၌ | 
စာပိုဒ် (ည) 
ဆော့ခရတ္တိ၊ ထို့ပြင် ဆိုစရာရှိပါသေးသည်။ မေတ္တာတွင် သူ့အမိ၏ သဘောလည်း ပါ၍ သူ့အဖ၏ သဘောလည်းပါသည်။ အမိ၏သဘောပါပုံမှာ မေတ္တာသည် သူ့အမိ မိဆင်းရဲကဲ့သို့ ဆင်းရဲသောသဘောဖြစ်သည်။ မေတ္တာကို တင့်တယ်၏ဟု လည်းကောင်း၊ သိမ်မွေ့၏ဟုလည်းကောင်း လူခပ်သိမ်းတို့သည် အထင်ရှိကြ ကုန်သည်။ စင်စစ်သော်ကား မေတ္တာသည် ထိုသို့မဟုတ်။ ရုန့်ရင်း ကြမ်းတမ်း သည်၊ ညစ်ညမ်းသည်။ စီးစရာဖိနပ်မရှိ၊ နေစရာအိမ်မရှိ။ မြေကြီး၌ လဲလျောင်း သည်၊ လမ်းတကာ၌ အိပ်စက်သည်၊ အိမ်တံခါးဝ၌ နေနားသည်။ ဤသို့ဖြင့် မေတ္တာသည် သူ့အမိ မိဆင်းရဲကဲ့သို့ အစဉ်ထာဝရ ပူပန်သောက ဖြစ်၍ တတောင့်တတ နေရသည်။ တစ်ဖန် မေတ္တာသည် သူ့အဖ သေဋ္ဌနတ်သား - ကဲ့သို့ တင့်တယ်သောသဘောကို မြတ်နိုးသည်။ ကောင်းသောသဘောကို မြတ်နိုးသည်။ မြတ်နိုးသည့်အတိုင်း အမြဲတစေ ကြိုးကြံသည်၊ ရဲရင့်သည်။ လုံ့လကြီးသည်၊ ဇွဲကောင်းသည်၊ အကြံအစည်များသည်၊ မုဆိုးကဲ့သို့ ချောင်း တတ် လိုက်တတ်သည်၊ ဉာဏ်ထုတ်တတ်သည်၊ ပညာလိုလားသည်။ အရည်အချင်းကောင်း ရှိသည်၊ မှန်သောသစ္စာဓမ္မကို ချစ်သည်၊ ညှိတတ်သည်။ စုန်းအတတ် မှော်အတတ်ကို သိသည်၊ နှုတ်ရေးလိမ္မာသည်။ ။
တစ်ဖန် မေတ္တာသည် ဇာတိအားဖြင့် သေတတ်သောသဘောလည်း မဟုတ်၊ မသေတတ်သော သဘောလည်းမဟုတ်။ တစ်နေ့တည်း၌ပင် ရှင်သည့် အခါလည်း ရှိ၍၊ သေသည့်အခါ၌လည်း ရှိသည်။ သို့ရာတွင် သူ့အဖကဲ့သို့ သေရာမှ အသက်ပြန်ဝင်၍ ရှင်လာတတ်သည်။ အစဉ်ထာဝရ ရနေသူလည်း ဖြစ်၍ အစဉ်ထာဝရ ကုန်နေသူလည်းဖြစ်သည်။ ချမ်းသာခြင်းလည်း မရှိ၍ ချို့တဲ့ခြင်းလည်း မရှိသူ ဖြစ်သည်။ ။
ထို့ပြင် မေတ္တာသည် ဝိဇ္ဇာအသိတရားနှင့် အဝိဇ္ဇာ မသိတရား အစွန်း နှစ်ဖက်တို့၏ အလယ်၌ ရပ်တည်နေသူလည်း ဖြစ်သည်။ နတ်ဒေဝါသည် အသိတရားကို မတောင့်တသော၊ အသိတရားကို မရှာသောသူ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အသိတရားရှိပြီးသူဖြစ်သောကြောင့်ပင်။ ထိုနည်းတူစွာ လောက၌ အသိတရားရှိပြီးဖြစ်သူ၊ ရှိနေသူဖြစ်လျှင် ထိုသူသည်လည်း အသိ တရားကို မရှာတော့ပြီ။ ဤကား ဝိဇ္ဇာအသိတရားရှိသူ၏ သဘောဖြစ်သည်။ တစ်ဖန် အသိတရားမရှိသောသူသည်လည်း အသိတရားကို မတောင့်တသော၊ အသိတရားကို မရှာသောသူဖြစ်သည်ကို တွေ့ရပြန်သည်။ ဤတွင် အဝိဇ္ဇာ မသိတရား၏ အပြစ်ကို မြင်နိုင်သည်။ ထိုအပြစ်သည် ဤသို့ ဖြစ်သည်။  သော သဘောဖြစ်၏ဟု အသင် ဆိုခဲ့ခြင်းဖြစ်သည်။ စင်စစ်မှာ တင့်တယ်သော သဘောကသာ ချစ်နှစ်သက်အပ်သော၊ တောင့်တအပ်သောအရာ ဖြစ်သည်။ ချစ်နှစ်သက်သော တောင့်တသော သဘောသည်ကား (ဝါ) မေတ္တာသည်ကား ကျွန်ုပ်ရှင်းပြခဲ့သည့်အတိုင်း ဝိဇ္ဇာအသိတရားနှင့် အဝိဇ္ဇာမသိတရားတို့၏ အလယ်၌ တည်ရှိသော ပညာရှိသဘောသာ ဖြစ်သည်။
စာပိုဒ် (၄) 
အချင်း ဒိုင်အာတိမ၊ အသင်၏ စကားသည် သင့်ပါသည်။ သို့ရာတွင် မေးပါရ စေဦး။ မေတ္တာသည် အသင် ရှင်းပြခဲ့သည့်အတိုင်းဖြစ်လျှင် မေတ္တာသည် လူခပ်သိမ်းအတွက် မည်သို့ အကျိုးရှိပါသနည်း။
ဆော့ခရတ္တိ၊ ဤမေးခွန်းသည် မေးခွန်းအသစ်ဖြစ်သည်။ ကောင်းပါပြီ၊ အကျိုးရှိပုံကို အသင် သိအောင် ကျွန်ုပ်အားထုတ်ပါမည်။ ကျွန်ုပ်သည် မေတ္တာ၏ သဘောကိုလည်းကောင်း၊ မေတ္တာ၏ မျိုးရိုးဇာတိကို လည်းကောင်း ဆိုခဲ့ပြီ။ ထို့ပြင် မေတ္တာသည် တင့်တယ်ခြင်းကို ချစ်နှစ်သက်သော၊ တောင့်တသော သဘောဖြစ်၏ဟု အသင်လည်း လက်ခံခဲ့ပြီ။ သို့ရာတွင် ပရိသတ်က ကျွန်ုပ် တို့ကို အချင်းဆော့ခရတ္တိနှင့် ဒိုင်အာတိမတို့၊ တင့်တယ်သောသဘောကို ချစ် နှစ်သက်ခြင်း၊ တောင့်တခြင်းဆိုသည်မှာ အဘယ်နည်းဟု မေးကြသည်ဆိုအံ့။ ကျွန်ုပ်တို့က “ မည်သို့ ဖြေကြမည်နည်း။ ကျွန်ုပ် ထပ်၍ ရှင်းရှင်းလင်းလင်း မေးပါဦးမည်၊ တင့်တယ်သောသဘောကို ချစ်နှစ်သက်ခြင်း တောင့်တခြင်းတို့၏ ရည်ရွယ်ချက်သည် အဘယ်နည်းဟု မေးကြသည်ဆိုအံ့၊ မည်သို့ဖြေကြမည်နည်း။
ဒိုင်အာတိမ၊ တင့်တယ်သောသဘောကို ရရှိလိုခြင်းပေပါ့။
ဟုတ်ပေ၏။ သို့ရာတွင် ဆော့ခရတ္တိ၊ အသင်၏အဖြေသည် မပြည့်စုံ ပါ။ ထိုအဖြေမှတစ်ဆင့် မေးခွန်းအသစ် ပေါ်လာနိုင်သေးသည်။ ကောင်းပြီ။ တင့်တယ်သောသဘောကို ရရှိလိုက်သောသူသည် မည်သို့သောအကျိုးကျေးဇူးကို ခံစားရမည်နည်းဟု မေးကြပြန်သည်ဆိုအံ့၊ အသင် မည်သို့ဖြေမည်နည်း။
ဒိုင်အာတိမ၊ ထိုမေးခွန်းကို ချက်ချင်းလက်ငင်း ကျွန်ုပ် မဖြေနိုင်ပါ။
ကောင်းပြီ။ ထိုမေးခွန်းကို ချက်ချင်းလက်ငင်း အသင်မဖြေနိုင်ဟုဆိုလျှင် ထိုမေးခွန်း၌ တင့်တယ်သောသဘောဟူသော စကားအစား ကောင်းခြင်းကုသလ သဘောကို ထည့်ကြည့်မည်။ ထို့နောက် ကောင်းခြင်းကို ချစ်နှစ်သက်သော၊ ကောင့်တသော သဘော၏ ရည်ရွယ်ချက်သည် အဘယ်နည်းဟု ကျွန်ုပ်က မေးမည်။ အသင် မည်သို့မည်နည်း။
 ဒိုင်အာတိမ၊ ကောင်းသောသဘောကို ရရှိလိုခြင်းဖြစ်၏ဟု ဖြေရမည်။
ကောင်းပြီ။ ကောင်းသောသဘောကို ရရှိလိုက်သောသူသည် မည်သို့သော အကျိုးကျေးဇူးကို ခံစားရမည်နည်း။ ။
ဟုတ်ပြီ။ အဖြေရလွယ်လာပါပြီ။ ချမ်းသာခြင်းသုခအကျိုးကို ခံစားရ မည်ပေါ့။
ဆော့ခရတ္တိ၊ ဖြစ်နိုင်ပါသည်။ ကောင်းသောသဘောကို ရရှိလိုက်သဖြင့် ချမ်းသာခြင်းသုခကို ခံစားရသောသူသည် စိတ်ချမ်းသာခြင်းဖြစ်မည်ဟု ဆိုရ တော့မည်သာ။ ထိုသို့ဆိုလျှင် စိတ်ချမ်းသာခြင်းကို အဘယ့်ကြောင့် လိုချင်ရ သနည်းဟု နောက်ထပ်မေးရန် အကြောင်းမရှိတော့ပြီ။ လမ်းဆုံးသို့ ရောက်နေပြီ။
ဟုတ်ပါသည်။ ထိုသို့ပင် ဆိုရတော့မည်။
စာပိုဒ် (၃) 
သို့ရာတွင် မေးချင်ပါသေးသည်။ ဆော့ခရတ္တိ၊ စိတ်ချမ်းသာခြင်းကို နှစ်သက် တောင့်တသော မေတ္တာသဘောသည် လူတိုင်း၌ရှိနေသည်ဟု အသင် ထင်ပါ သလော၊ လူတိုင်းသည် ကောင်းသော သဘောကို အစဉ်အမြဲ လို ရှိပါသလော၊ သို့တည်းမဟုတ်၊ အချို့၌သာ ထိုသဘောမျိုး၊ ထိုဆန္ဒမျိုး ရှိကြသည်ဟု အသင်ထင်ပါသလော။
| ဒိုင်အာတိမ၊ လူအားလုံး၌ပင် ထိုသဘောမျိုး ထိုဆန္ဒမျိုး ရှိကြ၏ဟု ကျွန်ုပ် ဆိုချင်ပါသည်။ ။
ကောင်းပြီ။ လူအားလုံး၌ပင် ထိုသဘောမျိုး၊ ထိုဆန္ဒမျိုး အစဉ်အမြဲ ရှိနေကြသည်ဖြစ်လျှင် လူအားလုံး၌ပင် မေတ္တာရှိနေကြသူဟု (ဝါ) အရပ်သုံး စကားအရ ချစ်သူဟု ဆိုသင့်သည်။ သို့ရာတွင် လူအားလုံးကို ချစ်သူဟု အရပ်က မဆိုကြ။ အချို့သောသူတို့ကိုသာ ချစ်သူဟု ခေါ်၍ ထိုအချို့အတွက်သာ ချစ်သူ ဟူသော ဝေါဟာရကို အရပ်ကသုံးစွဲပြောဆိုကြသည်။ ထိုသို့ဖြစ်ရသည် မှာ အဘယ့်ကြောင့်နည်း။
ဟုတ်ပေ၏။ အံ့သြစရာပင်။
စာပိုဒ် (ပ) 
ဆော့ခရတ္တိ၊ စင်စစ်မှာ အံ့သြစရာ မဟုတ်ပါ။ အကြောင်း ရှိပါသည်။ ချစ်နှစ်သက်သောစိတ် အမျိုးမျိုး (ဝါ) အချစ်စိတ် အမျိုးမျိုး ရှိသည့်အနက်  အချစ်စိတ် တစ်မျိုးကိုသာကွက်၍ ထိုအချစ်စိတ်မျိုးအား အချစ်စိတ်အားလုံးနှင့် သက်ဆိုင်သော မေတ္တာဟူသော သဗ္ဗတ္ထက နာမပညတ်ပေးပြီးလျှင် ထိုအချစ် စိတ်မျိုးကိုသာ မေတ္တာဟု ခေါ်ဝေါ်သုံးစွဲကြသည်။ ကျန်သောအချစ်စိတ်တို့ကို ကား ဆိုင်သင့်ရာရာ နာမပညတ်ပေး၍ ခေါ်ဝေါ်သုံးစွဲကြသည်။ အံ့ဩစရာဖြစ်ရ သည်မှာ အရပ်တွင် ထိုသို့ အုတ်အရောရော ကျောက်အရောရော ခေါ်ဝေါ် သုံးစွဲတတ်ကြသောကြောင့် ဖြစ်သည်။ ဝေါဟာရ အခေါ်အသုံး အရောရော အနှောနှော ဖြစ်နေကြသော အခြားကိစ္စများလည်း ရှိကြပါသည်။
ဟုတ်ပေလိမ့်မည်။ သို့ရာတွင် ဒိုင်အာတိမ၊ ရှင်းသည်ထက် ရှင်းအောင် ဥဒါဟရုဏ်ဆောင်၍ ပြပါဦး။
ကောင်းပါပြီ၊ ပြပါမည်။ ကဗျာသဘောဟူသော ဝေါဟာရဖြင့် ဥဒါ ဟရုဏ်ဆောင်ပါမည်။ အသင်လည်း သိပြီးဖြစ်သည့်အတိုင်း ကဗျာသဘော၏ အရင်းခံအနက်သည် ဖန်တီးခြင်း အမျိုးမျိုးကို ဟောသည်။ မဖြစ်တရားမှ အဖြစ်တရားသို့ ကူးပြောင်းလာအောင် ပြုခြင်းဟူသမျှကို ဟောသည်။ အခြား တစ်ပါးသော အနုပညာများသည်လည်း ဖန်တီးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အနုပညာ ပြုသူတိုင်းကို (ဝါ) ဖန်တီးခြင်း ပြုသူတိုင်းကို ကဗျာကဝိဟုပင် ခေါ်သင့်သည်။ ။ | ဟုတ်ပါသည်။ ထိုသို့ပင် ခေါ်သင့်ပါသည်။
သို့ရာတွင် ဆော့ခရတ္တိ၊ အခြားတစ်ပါးသော အနုပညာပြုသူတို့ကို ကဗျာကဝိဟု ကျွန်ုပ်တို့ မခေါ်ကြပါ။ အခြားတစ်ပါးသော နာမပညတ်ဖြင့် ခေါ်ကြသည်။ ကဗျာကာရန်သုံး၍ ဖန်တီးသော သဘောကို ကွက်၍ယူပြီးနောက် ထိုသဘောတစ်ခုတည်းကိုသာ ကဗျာသဘောဟု နာမပညတ် ပေးကြသည်။ ထိုသဘောပါအောင် ဖန်တီးသူမျိုးကိုသာ ကဗျာကဝိဟု ခေါ်ကြသည်။ ထိုနည်း တူစွာ မေတ္တာဟူသော ဝေါဟာရကို ခေါ်ဝေါ်သုံးခဲ့ရာ၌လည်း ထိုသဘောအတိုင်း ပင် ဖြစ်သည်။ အချစ်အမျိုးမျိုးနှင့် သက်ဆိုင်သော မေတ္တာဝေါဟာရ၏ သဗ္ဗတ္ထကအနက်သည် ကောင်းသည်ကိုလည်းကောင်း၊ စိတ်ချမ်းသာခြင်းသုခကို လည်းကောင်း နှစ်သက်တောင့်တသော သဘောကိုဟောသည်။ ထိုသဘောသည် တန်ခိုးကြီးသည်၊ လှည့်စားတတ်သည်။ ရွှေငွေပစ္စည်းဥစ္စာ ချစ်သောအသွင်ကို ယူသည့်အခါ ယူသည်၊ ကာယဗလ အားကစား ချစ်သောအသွင်ကို ယူသည့် အခါ ယူသည်၊ ပညာချစ်သောအသွင်ကို ယူသည့်အခါ ယူသည်။ ထိုသို့သော အသွင်တစ်ခုခုရှိသောသူကိုကား ချစ်သူဟု မဆိုကြပါ။ ချစ်နှစ်သက်စရာတစ်မျိုး ကို စွဲစွဲလမ်းလမ်း စုံမက်နေသောသူကိုသာ ချစ်သူဟု အရပ်က ဆိုပါသည်။ ထိုသို့ မဟုတ်ပါလော။
 ဒိုင်အာတိမ၊ ဟုတ်ပါသည်။ အသင်၏ ရှင်းချက်သည် လျော်ကန်သင့်မြတ် ပါပေသည်။
ချစ်နှစ်သက်ကဝက်ကိုသော်လည်း ကောင်းသောကြသည်။ သို့ရာတွင် 
စာပိုဒ် (ဏ) 
ထို့နောက် ဒိုင်အာတိမက ဆက်၍ ဆိုပြန်သည်မှာ အချင်းဆော့ခရတ္တိ၊ အရပ်ထဲ၌ ပြောနေကြသောစကားတစ်ရပ်ရှိပါသေး သည်။ ထိုစကားသည် ဤသို့ဖြစ်သည်။ ချစ်သူဆိုသည်မှာ သူ၏ “ကိုယ်ထက်ဝက်" ဖြစ်သောသူကို လိုက်လံရှာဖွေသောသူ ဖြစ်၏ဟု ပြောတတ်ကြသည်။ သို့ရာတွင် ကျွန်ုပ်သိရသည်မှာ “ကိုယ်ထက်ဝက်”သည် ကောင်းသောသဘောသာ မဟုတ်ရိုး မှန်လျှင် “ကိုယ်ထက်ဝက်”ကိုသော်လည်းကောင်း၊ တစ်ခုလုံးကိုသော်လည်းကောင်း ချစ်နှစ်သက်သော၊ တောင့်တသော စိတ်သည် မေတ္တာ မဖြစ်နိုင်ချေ။ ကောင်း သော သဘောကို တောင့်တသောစိတ်သာလျှင် မေတ္တာဖြစ်နိုင်သည်။ အဘယ့် ကြောင့်ဆိုသော် မကောင်းဟု အထင် ရှိကြလျှင်၊ ဘေးဖြစ်စေတတ်သည်ဟု အထင် ရှိကြလျှင် လူခပ်သိမ်းတို့သည် မိမိတို့၏ အခြေအလက်တို့ကိုပင် စွန့်လိုသောစိတ် ရှိတတ်ကြသောကြောင့် ဖြစ်သည်။ ။ | ဆော့ခရတ္တိ၊ အကြင်သူသည် ကောင်းသည်ကို မိမိ၏ ပစ္စည်းဟုလည်း ကောင်း၊ မကောင်းသည်ကို မိမိ၏ပစ္စည်း မဟုတ်ဟုလည်းကောင်း ယူဆလာ၏။ ထိုသူသည် ထိုသို့ယူဆလာသော အခါမှာမှသာ မိမိ၏ပစ္စည်းကို နှစ်သက်ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်လျှင် နှစ်သက်ခြင်းမဖြစ်။ အဘယ့်ကြောင့်ဆိုသော် လူခပ်သိမ်းတို့ ချစ်နှစ်သက်ကြသောအရာဟူသမျှသည် ကောင်းသော သဘော သာ ဖြစ်သောကြောင့်ပင်။ ဆော့ခရတ္တိ၊ အသင် မည်သို့သဘောရပါသနည်း။
ဒိုင်အာတိမ၊ အသင် သဘောရသကဲ့သို့ပင် ကျွန်ုပ်လည်း သဘောရ ပါသည်။
ထိုသို့သဘောရသည်ဖြစ်လျှင် လူခပ်သိမ်းတို့သည် ကောင်းသည်ကိုသာ တောင့်တခြင်း ရှိတတ်၏ဟု မဆိုနိုင်ပြီလော။
ဆိုနိုင်ပါသည်။
ထို့နောက် ကောင်းသည်ကို တောင့်တခြင်းဆိုသည်မှာ ကောင်းသည်ကို ရရှိရန် တောင့်တခြင်းဖြစ်၏ဟု ကျွန်ုပ် ဖြည့်၍ ဆိုလိုက်ချင်သည်။ ဖြည့်ရ မည်လော။
ဖြည့်ပါ၊ ဖြည့်သင့်ပါသည်။
 ထိုမျှသာမကသေးပါ။ အစဉ်ထာဝရ ရရှိနေရန် တောင့်တခြင်းဖြစ်၏ဟု အစဉ်ထာဝရ ဟူသော စကားကို ထည့်၍ ဆိုလိုက်ချင်ပါသေးသည်။ ထည့်ရ မည်လော။
ထည့်နိုင်ပါသည်၊ ထည့်ပါ။
ပေါင်းလိုက်သော် မေတ္တာဟူသည် ကောင်းခြင်း ကုသလသဘောကို မိမိအဖို့ အစဉ်ထာဝရ ရရှိနေရန် တောင့်တသောစိတ်ဖြစ်၏ဟု အဖြေ ထွက်လာပါသည်။ ဆော့ခရတ္တိ၊ ထိုအဖြေသည် မှန်ပါ၏လော။
ထိုအခါ ဆော့ခရတ္တိက ဒိုင်အာတိမ၊ မှန်ပါသည်ဟု ဆိုလိုက်ပါသည်။
✥﹤--- www.ebooks4mm.org ---﹥✥

၁၇။ ဆော့ခရတ္တိ၏ မေတ္တာ အယူအဆ (ဂ)
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် စာပွဲသဘင်ကထာမှပင် ဖြစ်သည်။ ထိုစာပိုဒ်တွင် မေတ္တာဟူသည် ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေသည့် အမတဂုဏ်ကို အလိုရှိသော စိတ်လည်းဖြစ်ကြောင်း ဆွေးနွေးထားသည်ကို တွေ့နိုင်ပါသည်။ ထို့ပြင် မေတ္တာစိတ်ကို ပွားများတတ်လျှင် ထူးခြားသော ဝိဇ္ဇာအသိတရားကို မြင်နိုင်ကြောင်း ဆက်၍ဆိုထားသည်ကိုလည်း တွေ့နိုင် ပါသည်။
ဝိဇ္ဇာအသိတရားကို မြင်နိုင်သည်အထိ မေတ္တာစိတ်ပွားများပုံကို တင်ပြရာတွင် ဆော့ခရတ္တိ၏ အယူအဆသည် ထိုခေတ်ထိုအခါကသော် ထူးခြားသော အယူအဆသစ် ဖြစ်၏ဟု အဋ္ဌကထာဆရာတို့ ဆိုကြသည်။ ထိုအယူအဆတွင် မေတ္တာ၌ တဏှာလောဘ ပါတတ်သည်ကို အပြစ် မတင်လိုသော အချက် ပါသည်။ တဏှာလောဘကို ပဲ့ပြင် ထိန်းကျောင်း ပေးနိုင်လျှင် နောက်ဆုံးအဆင့်၌ ဝိဇ္ဇာအလင်းကို ရနိုင်စရာအကြောင်းရှိ၏ဟု ယူသော အချက် ပါသည်။ ကိုယ်၏တင့်တယ်ခြင်းကို ရှုရာမှ စိတ်၏ တင့်တယ်ခြင်းကိုရလာအောင် မည်သို့မည်ပုံ ရှုရကြောင်း ဖွင့်ဆိုသော အချက်ပါသည်။
အောက်ပါစာပိုဒ်တို့သည် ဆော့ခရတ္တိ၏ မေတ္တာဘွဲ့ မိန့်ခွန်းတွင် နိဂုံးချုပ် ဖြစ်သည်။ ထိုစာပိုဒ်တို့တွင် ဖောက်ပြန်သော သဘောရှိသော ကာမဂုဏ်အာရုံတို့၏ အယောင်ဆောင်အလှကို ဉာဏ်မျက်စိဖြင့် ရှုရင်း ဉာဏ်အားကောင်းအောင်ပြု၍ မဖောက်မပြန်သော အဟုတ်ရှိအနှစ်သဘောကို သိမြင်လာအောင် အားထုတ်လျှင် ဖြစ်နိုင်ကြောင်းဆိုထားသည်ကို ဆင်ခြင်ရန် ဖြစ်သည်။
စာပိုဒ် (တ) 
ထို့နောက် ဒိုင်အာတိမက ဆက်၍ပြောသည်မှာ အချင်းဆော့ခရတ္တိ၊ မေတ္တာဟူသည် ကောင်းသော သဘောကို မိမိ အတွက် အစဉ်ထာဝရ ရရှိရန် တောင့်တသော စိတ်ဖြစ်၏ဟုဆိုလျှင် မေတ္တာ စိတ်ရှိနေကြသူတို့သည် မည်သို့ပြုမူတတ်ကြပါသနည်း။ မေတ္တာစိတ်ရှိကြောင်းကို ပြရန် မည်ကဲ့သို့သော အမှုကို ပြုတတ်ကြပါသနည်း။ ထိုသူတို့၏ ပြုပုံပြုနည်း အစဉ်သည် အဘယ်နည်း။ ဆော့ခရတ္တိ၊ အသင် သိလျှင် ကျွန်ုပ်အားပြောပြပါဘိ။
အချင်း ဒိုင်အာတိမ၊ ကျွန်ုပ်သာ ပြောပြတတ်သည်ဖြစ်လျှင် အသင်၏ ပညာကို ထိုမျှလောက် ကျွန်ုပ် လေးစားမည် မဟုတ်ပါ၊ အသင့်ထံသို့ ရောက် လာမည်လည်း မဟုတ်ပါ။ )
ကောင်းပြီ၊ ကျွန်ုပ်၏ အမေးကို ကျွန်ုပ်ကပင် ဖြေရမည်။ မေတ္တာစိတ် ရှိနေကြသူတို့ ပြုတတ်ကြသည်မှာ အခြားမဟုတ်။ တင့်တယ်သောသဘောကို ကိုယ်ဖြင့်သော်လည်းကောင်း၊ စိတ်ဖြင့်သော်လည်းကောင်း အသစ်ပွားအောင် ပြုတတ်ကြခြင်း ဖြစ်သည်။
အချင်း ဒိုင်အာတိမ၊ ကျွန်ုပ် မလိုက်နိုင်ပါ။ ဖွင့်ပါဦး။
ဖွင့်ပါမည်။ အသင်နားပေါက်အောင် တစ်မျိုးပြင်၍ ဆိုပါမည်။ လူခပ်သိမ်း တို့၏ ကိုယ်အစဉ်သဏ္ဌာန်၌လည်းကောင်း၊ စိတ်အစဉ်သန္တာန်၌လည်းကောင်း တစ်စတစ်စ ကြီးပွားလာတတ်ခြင်း ဥပစယ သဘော ရှိ၏။ ကာလလျား၍ အရင့်အမာဖြစ်လာကြသောအခါ ထိုဥပစယသဘောသည် ဖွားမြင်ခြင်းပသဝကို (ဝါ) အသစ်ဖြစ်ပွားမှုကိုပြုရန် အလိုရှိလာတတ်သည်။ ထိုအခါ မတင့်တယ်သော အရာကို အသစ်မပွားတတ်၊ တင့်တယ်သောအရာကိုသာ အသစ်ပွားတတ်သည်။ အသစ်ပွားတတ်သော ထိုသဘာဝသည် စင်စစ် မြတ်၏။ ထိုသဘာဝသည် သေတတ်ခြင်းမတသဘောရှိသောသတ္တဝါတို့အား မသေတတ်ခြင်း အမတဂုဏ်ကို ပေး၏။ ထိုသဘာဝသည် မသင့်မတော်သည်နှင့်ကြုံလျှင် မဖြစ်မပေါ်တ်သော  ကို စောင့်ရှောက်တတ်သော ထိုသဘာဝသသောအရာမဟုတ်ပါ သဘာဝဖြစ်၏။ ဆော့ခရတ္တိ၊ တင့်တယ်ခြင်းသည် သင့်တော်သောအရာ မဟုတ်ပါလော။ မတင့်တယ်ခြင်းသည် မသင့်တော်သောအရာမဟုတ်ပါလော။ ထို့ကြောင့် အသစ်ပွားတတ်သော ထိုသဘာဝသည် ဖွားလတ္တံ့သော တင့်တယ်ခြင်း ကို စောင့်ရှောက်ရသော နတ်ဒေဝီဖြစ်၏ဟု ဆိုကြခြင်း ဖြစ်သည်။ ကိုယ်အစဉ် သဏ္ဌာန်၌လည်းကောင်း၊ စိတ်အစဉ်သန္တာန်၌လည်းကောင်း ကြီးပွားလာခြင်း ရှိသောသူသည် တင့်တယ်ခြင်းနှင့်ကြုံသောအခါ တည်ငြိမ်စွာနေတတ်၍ အသစ် ပွားစရာရှိသည်တို့ကို သက်သက်သာသာ ပွားပေးတတ်သည်။ မတင့်တယ် ခြင်းနှင့် ကြုံသောအခါ၌မူကား ထိုင်းမှိုင်းခြင်း၊ ပူပန်ခြင်း၊ ဆုတ်နစ်ခြင်းဖြစ်၍ မသက်မသာ မြုံနေတတ်သည်။ ထို့ကြောင့် ကိုယ်အစဉ်သဏ္ဌာန်၌လည်းကောင်း၊ စိတ်အစဉ်သန္တာန်၌လည်းကောင်း ကြီးပွားလာခြင်းရှိသောသူသည် တင့်တယ် ခြင်းကို လွန်စွာတောင့်တ၏။ အဘယ့်ကြောင့်ဆိုသော် တင့်တယ်ခြင်းကို ရလျှင် သူ ဆောင်ထားရသော ဝန်ထုပ် ကျသွားသောကြောင့် ဖြစ်သည်။ ဆော့ခရတ္တိ၊ မေတ္တာဟူသည် တင့်တယ်ခြင်းကို ချစ်နှစ်သက်သော သဘောသာဖြစ်၏ဟု အသင် အထင် ရှိခဲ့သည်။ စင်စစ်မူ အသင် အထင်ရှိသည့်အတိုင်း မဟုတ်ပါ။
စာပိုဒ် (ထ) 
ဒိုင်အာတိမ၊ ကျွန်ုပ် အထင်ရှိသည့်အတိုင်း မဟုတ်ဟုဆိုလျှင် အဘယ်သဘော ပေနည်း။ ။
ဆော့ခရတ္တိ၊ မေတ္တာဟူသည် တင့်တယ်ခြင်းကို အာရုံပြု၍ တင့်တယ် ခြင်း အသစ်ပွားလာရန် တောင့်တသောသဘော ဖြစ်သည်။
ဒိုင်အာတိမ၊ ဟုတ်ပါမည်လော။ ဟုတ်ပါသည်။
ဒိုင်အာတိမ၊ တင့်တယ်ခြင်း အသစ်ကို မေတ္တာက အဘယ့်ကြောင့် ပွားပေးချင်ရပါသနည်း။ ။
ဆော့ခရတ္တိ၊ အဘယ့်ကြောင့်ဆိုသော် အသစ်ပွားပေးခြင်းသည် (ဝါ) အမျိုးဆက်ပေးခြင်းသည် သေတတ်ခြင်း မတ သဘောရှိသော သတ္တဝါအား မသေတတ်ခြင်း အမတ ဂုဏ်ကို ပေးနိုင်သောကြောင့်ပင်။ မေတ္တာဟူသည် ကောင်းသောသဘောကို မိမိအဖို့ အစဉ်ထာဝရ ရရှိရန်တောင့်တသော စိတ်ဖြစ်၏ ဟု ကျွန်ုပ်တို့ လက်ခံခဲ့ကြသည်ဖြစ်ရာ မေတ္တာစိတ်ရှိသူသည် ကောင်းသော သဘောနှင့်တကွ အမတဂုဏ်ကို အလိုရှိသူဖြစ်၏ဟု ဆိုရတော့မည်သာ။ ထိုသို့ဆိုလျှင် မေတ္တာဟူသည် အမတဂုဏ်ကို အလိုရှိသောသဘောဖြစ်၏ဟု ဆိုရာရောက်တော့သည်။ ဤသို့လျှင် မယ်တော်ကြီးဒိုင်အာတိမက ဆိုပါသည်။
 စာပိုဒ် (ဒ) 
ထို့နောက် ဆော့ခရတ္တိက စာပွဲသဘင်၌ ဆက်၍ပြောသည်မှာ အချင်းတို့၊ မေတ္တာအကြောင်းကို ဆွေးနွေးကြသည့်အခါတိုင်း ဒိုင်အာ တိမသည် မေတ္တာ၏သဘောကို ကျွန်ုပ်အား အကြိမ်ကြိမ် ပြောပြဖူးပါသည်။ ဒိုင်အာတိမ၏ အဆိုတစ်ခုကို ကျွန်ုပ် မှတ်မိသေးသည်။ ထိုအဆိုသည် ဤသို့ ဖြစ်သည်။ ဒိုင်အာတိမက ပြောသည်မှာ ဆော့ခရတ္တိ၊ မေတ္တာစိတ်ရှိခြင်း၏ အကြောင်းရင်းသည် အဘယ်နည်း။ မေတ္တာစိတ်သည် အဘယ်အကြောင်းကြောင့် ဖြစ်ပေါ်ရသနည်း။ အသင်သည် မြေ၌ကျက်စားသော တိရစ္ဆာန်တို့ကို သတိထား၍ ကြည့်ဖူးပါသလော။ ကောင်းကင်၌ ကျက်စားသော တိရစ္ဆာန်တို့ကို သတိထား၍ ကြည့်ဖူးပါသလော။ ထိုတိရစ္ဆာန်တို့သည် အချစ်ရောဂါစွဲကပ်လာ၍ မျိုးဆက်ပွားချင်လာကြသောအခါ အဘယ်မျှ ဒုက္ခကြီးကြပါသနည်း။ ထိုတိရစ္ဆာန်တို့သည် ရှေးဦးစွာ အရွေးလိုက်ကြ ရသည်။ ထို့နောက် သားပေါက်သောအခါ သားငယ်တို့ကို စောင့်ရှောက်ကြရ သည်။ သားအုပ်မသည် မည်မျှပင် အကောင်သေးစေကာမူ ရန်သူဖြစ်သော အကောင်ကြီးကို ခံကိုက်၍ မိမိ၏ သားငယ်များအတွက် အသက်ကို အသေခံဝံ့ သည်။ လူသတ္တဝါသည်လည်း ထိုသဘောအတိုင်း ပြုမူတတ်သည်။ လူသား၏ အပြုအမူသည် အဆင်ခြင်ဉာဏ်ကြောင့်ဖြစ်၏ဟု ဆိုချင်ပါက ဆိုနိုင်ပါ၏။ တိရစ္ဆာန်၏ အပြုအမူသည် အဘယ်အကြောင်းကြောင့် ဖြစ်ရသနည်း။ ဆော့ ခရတ္တိ၊ အသင် သိလျှင် ပြောပါဘိ။
ဒိုင်အာတိမ၊ ကျွန်ုပ် မသိပါ။
ဆော့ခရတ္တိ၊ ဤအကြောင်းလောက်ကိုမျှ အသင် မသိဟုဆိုလျှင် အသင်သည် မေတ္တာအရာ၌ ဆရာတစ်ဆူ ဖြစ်နိုင်ပါတော့မည်လော။
စာပိုဒ် (ဓ) 
ဒိုင်အာတိမ၊ ကျွန်ုပ် မသိသောကြောင့်သာ အသင့်ထံသို့ ကျွန်ုပ် လာ၍ မေးရခြင်း ဖြစ်သည်။ အသင်သိလျှင် ကျွန်ုပ်အား ပြောပါဘိ။
ကောင်းပြီ၊ ပြောပါမည်။ မေတ္တာသည် အမတဂုဏ်ကို အလိုရှိသော သဘောဖြစ်၏ဟု ကျွန်ုပ်ဆိုခဲ့ပြီ။ ထိုအဆိုကို အသင်လက်ခံလျှင် မေတ္တာသည် အံ့သြစရာကြီးတစ်ခု မဖြစ်နိုင်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုအဆိုကို အခြေခံ၍ ကြံဆကြည့်ပါက မတသဘာဝသည် အမတဂုဏ်ကို ရနိုင်သလောက် ရအောင် ရှာမြဲ အားထုတ်မြဲဖြစ်သည်ဟူသော အချက်ကို အသင်တွေးမိနိုင်သော  ကြောင့် ဖြစ်သည်။ ကောင်းပြီ၊ မတသဘာဝသည် အမတဂုဏ်ကိုရအောင် မည်သို့ပြုတတ်ပါသနည်း၊ အမျိုးဆက်ပေးခြင်းအားဖြင့် ရအောင်ပြုသည် မဟုတ်ပါလော။ အဘယ့်ကြောင့်ဆိုသော် အမျိုးဆက်ပေးခြင်းဟူသည် အဟောင်း နေရာ၌ အသစ်ထည့်ခြင်း ဖြစ်သောကြောင့်ပင်။ စင်စစ်မှာ လူတစ်ဦးတည်း၌ပင် အဟောင်းကို အသစ်က ဆက်ခံနေသည်ကို တွေ့နိုင်သည်။ လူသည် အကလေး အရွယ်၌လည်း လူဖြစ်သည်။ လူအိုအရွယ်၌လည်း လူဖြစ်သည်။ သို့ရာတွင် အကလေးအရွယ်မှစ၍ လူအိုအရွယ်သို့တိုင်အောင် သူ့ကိုယ်အစဉ်သဏ္ဌာန်၌ ပျက်ခြင်း၊ အသစ်ဖြစ်ခြင်းတို့ ရှိခဲ့ကြရသည် မဟုတ်ပါလော။ သူ့ဆံပင်၊ သူ အရိုး၊ သူ့အသား၊ သူ့အသွေး အစရှိသော သူ့ခန္ဓာတစ်ခုလုံးသည် အစဉ်မပြတ် ပြောင်းနေသည် မဟုတ်ပါလော။ သူ့ကိုယ်အစဉ်သဏ္ဌာန်၌သာမက သူ့စိတ်အစဉ် သန္တာန်၌လည်း ပြောင်းနေသည်သာဖြစ်သည်။ သူ့စရိုက်၊ သူ့စေတနာ၊ သူ့ ဆန္ဒ၊ သူ့အမြင်၊ သူ့ဝေဒနာ၊ သူ့အကြောက် စသည်တို့သည် င္ငံ၌ အမြဲမနေ။ ဥပါဒ် ဌ် တင် သဘောဖြင့် (ဝါ) ဖြစ်တုံ တည်တံ့ ပျက်တုံ၊ ပျက်တုံ၊ ဖြစ်တုံ တည်တဲ့ သဘောဖြင့် ပြောင်းနေသည်သာဖြစ်သည်။ ထိုနည်းတူစွာ အသိတရား ကိစ္စ၌လည်း ပြောင်းနေသည်သာ ဖြစ်သည်။ အတတ်ပညာအချို့ကို သိသော အသိသည် ပျောက်သည့် အခါ ပျောက်၍ အခြားသော အတတ်ပညာတို့ကို သိသောအသိသည် ပေါ်သည့်အခါ ပေါ်သည်။ ထိုအခါ အသိတရားသည် ပြောင်းနေသည်ဟု ဆိုအပ်သည်။ ထိုမျှသာ မကသေးပါ။ တစ်ခုတည်းသော အတတ်ပညာကို သိသော အသိ၌ပင် ပြောင်းနေသည်။ အဘယ့်ကြောင့်ဆိုသော် မှတ်မိသတိရခြင်း အနုဿတိဟူသော စကားဝေါဟာရရှိသည်ကို ထောက်ခြင်း အားဖြင့် အသိတရားသည် ကျွန်ုပ်တို့ကို စွန့်ရန် အားထုတ်တတ်ခြင်းရှိ၏ဟု ယူနိုင်သောကြောင့်ဖြစ်သည်။ မေ့လျော့သည်ဟူသော စကားကိုထောက်ခြင်းအား ဖြင့်အသိတရားသည် ကျွန်ုပ်တို့ကို လုံးထွန့်တက်ခြင်းရှိ၏ဟု ယူနိုင်သောကြောင့် ဖြစ်သည်။ တဖန် အနုဿတိသဘောကိုပင် ထောက်ခြင်းအား ဖြင့် စွန့်သွားသော အသိတရား၏ နေရာ၌ အသိတရားအသစ် ဝင်လာတတ်ခြင်း ရှိ၏ဟု ယူနိုင် သောကြောင့်ဖြစ်သည်။ ထိုအခါ အနုဿတိသဘောသည် အသိတရားအဟောင်း နှင့် အသိတရားအသစ်တို့ကို အမျှင်မပြတ် ဆက်ပေးသကဲ့သို့ဖြစ်ရာ အသိတရား သည် အပြောင်းအလဲမရှိဟု လည်းကောင်း၊ တစ်ခုတည်း ဖြစ်၏ဟုလည်းကောင်း၊ တစ်မျိုးတည်းဖြစ်၏ဟုလည်းကောင်း ထင်စရာ ဖြစ်လာ ရသည်။ စင်စစ်မှာ ပြောင်းနေခြင်းသာဖြစ်သည်။ ဆော့ခရတ္တိ၊ မတ သဘာဝ သည် ဤသဘောမျိုးဖြင့် သာ အမတအသွင်ကို ယူနေခြင်းဖြစ်သည်။ စင်စစ်မှာ နတ်ဒေဝါတို့သဘော ကဲ့သို့ ပကတိရှိမြီးတိုင်း ရှိနေခြင်းကားမဟုတ်။ အဟောင်းတွင် အသစ် ဝင်၍ အဟောင်းကို အသစ်က ဆက်ခံလျက် တည်နေသည်ဟု ထင်ရသော ဖြစ်တဲ့  တည်တံ့ ပျက်တုံ၊ ပျက်တုံ ဖြစ်တုံ တည်တံ့ အစဉ်သန္တာန်သာ ဖြစ်သည်။ ထိုသို့သော အစဉ်သန္တာန်ကို မှီလျက် ကိုယ်၌လည်းကောင်း၊ အခြားသော အရာများ၌လည်းကောင်း ရှိသော မတ သဘာဝသည် အမတဂုဏ်ကို ဆောင် နေခြင်းဖြစ်သည်။ အမတသဘာဝသည်ကား သူ့သဘာဝအလျောက် ရှိနေသည် သာ ဖြစ်သည်။ ဤသို့ဖြင့် ပေါက်လာ၊ ဖွားလာသည်တို့ကို (ဝါ) သားသမီးတို့ကို ချစ်တတ်ကြသည်မှာ အံ့သြစရာမဟုတ်၊ ဓမ္မတာဖြစ်သည်။ ထိုဓမ္မတာအရ မေတ္တာစိတ် ရှိလိုခြင်းသည် အမတဂုဏ်ကို ရလိုသောကြောင့် ဖြစ်၏ဟု ယူရာသည်။
စာပိုဒ် (န) 
ဒိုင်အာတိမက ထိုသို့ဆိုသောအခါ ကျွန်ုပ်သည် အံ့အားသင့်နေမိသည်။ ထို့နောက် ကျွန်ုပ်က ဆက်၍မေးသည်မှာ အချင်း ဒိုင်အာတိမ၊ အသင်၏ ဉာဏ်ပညာကို ကျွန်ုပ် ချီးကျူးပါ၏။ သို့ရာတွင် အသင်ဆိုခဲ့သော စကားကို အဟုတ်အမှန်ဟု ကျွန်ုပ် ယူရမည်လော။
ထိုအခါ ဒိုင်အာတိမသည် နိမိတ်ဟော မယ်တော်ကြီး၏ လေသံဖြင့် ရဲရဲတောက် ပြောလိုက်သည်မှာ ဆော့ခရတ္တိ၊ ကျွန်ုပ်ဆိုခဲ့သော စကားသည် မြေကြီးလက်ခတ်ဆတ်ဆတ် မလွဲ မှန်သည်ဖြစ်သောကြောင့် ယူပါလေ။ လူသတ္တဝါသည် အခြားသော သတ္တဝါကဲ့သို့ မဟုတ်။ ဂုဏ်ကိုလည်းကောင်း၊ ကျော်စောခြင်းကိုလည်းကောင်း အလိုရှိသော သတ္တဝါဖြစ်သောကြောင့် ပြင်းပြစွာ အားထုတ်လိုခြင်း ဤဟိတစိတ် သည် လူသတ္တဝါ၌ရှိသည်။ ထိုစကားသည် မှန်၏။ ထိုစကားကို အသင် သတိပြုမိခြင်းမရှိလျှင် လူသတ္တဝါတို့သည် အဆင်ခြင်မဲ့ကြချေ၏တကား၊ အရူးအနှမ်းတို့သာတကားဟု အသင်ဆိုမိမည်ဖြစ်သည်။ ထိုစကားကို သတိပြုမိ လျှင်မူကား ထိုသို့ဆိုချင်တော့မည်မဟုတ်ပါ။ လူသတ္တဝါတို့သည် ကမ္ဘာကျေသော် လည်း ဥဒါန်းမကျေသော ကျော်စောကိတ္တိ ဂုဏ်အတွက် ပြင်းပြစွာ အားထုတ် လိုခြင်း ဤ ဟိတစိတ်ဓာတ်ကြောင့် ဘေးရန်အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်တတ် ကြသည်။ ရွှေငွေဥစ္စာကို အကုန်အကျခံတတ်ကြသည်။ ဆင်းရဲဒုက္ခအပေါင်းကို ခံယူတတ်ကြသည်။ သေစရာရှိလျှင်ပင် . အသေခံတတ်ကြသည်။ မိမိတို့၏ ရင်နှစ်သားသမီးအတွက်ပင် ထိုမျှလောက် အနစ်နာခံကြမည် မဟုတ်။ မိဖုရားကြီး အက်စက်စတိသည် မင်းကြီး အဒါမိတ၏ အသက်ကို ကယ်ချင် သောကြောင့် မိမိ၏ အသက်နှင့်လဲ၍ အသေခံခဲ့သည်ဟု အသင်ယူဆပါသလော။
 အာဇာနည်သူရဲကောင်း အာခီလိသည် သူ့ချစ်ဆွေ ပါထရော့ကလ သေရသည့် အတွက် သူ့အသက်ကို အဆုံးခံရန် အားထုတ်ခဲ့သည်ဟု အသင်ယူဆပါ သလော။ မင်းကြီး ကောဒရသည် သူ့သားတော်များအတွက် သူ့နိုင်ငံကို ထိန်းသိမ်းလိုသောကြောင့် သူ့အသက်ကို အသေခံခဲ့သည်ဟု အသင်ယူဆပါ သလော။ စင်စစ်မှာ ထိုသူတို့သည် မိမိတို့၏ သူရသတ္တိကို အထင်အရှား ပြခြင်းအားဖြင့် ကမ္ဘာကျေ သော်လည်း ဥဒါန်းမကျေသော ကျော်စောကိတ္တိ ဂုဏ်ကိုရ၍ အမတသဘာဝသို့ ဝင်နိုင်ကြသည်ဟု ယုံကြည်ကြသောကြောင့် သူတို့၏အသက်ကို သူတို့ မမှုကြခြင်း ဖြစ်သည်ဟု ကျွန်ုပ် ယူပါသည်။
ဆော့ခရတ္တိ၊ လူခပ်သိမ်းတို့သည် ကျော်စောကိတ္တိဂုဏ်ကိုလည်းကောင်း၊ အမတဂုဏ်ကိုလည်းကောင်း ချစ်နှစ်သက် ကြသောစိတ် ရှိကြသောကြောင့်သာ ကိတ္တိဂုဏ်၊ အမတဂုဏ် ရရာရကြောင်း ဖြစ်သော ကိုယ်နှုတ်နှလုံး အမူအရာတို့ကို ပြုတတ်ကြ၏ဟု ကျွန်ုပ် ယူသည်။ အရည်အချင်းကောင်း ရှိကြလေလေ၊ (၅) ကိုယ်စွမ်းဉာဏ်စွမ်းရှိကြလေလေ သူတကာထက် ထူး၍ ပြုကြလေလေဖြစ်၏ဟု ကျွန်ုပ်ထင်သည်။
စာပိုဒ် (ပ)
အချင်း ဆော့ခရတ္တိ၊ ရုပ်ပိုင်းဘဝ၌ အသစ်ပွားကြသောသူတို့သည် ရွာသူတို့ ဓလေ့ကို ကျင့်၍ သားသမီးတို့ကို ပွားကြသည်။ ထိုသူတို့သည် ဤနည်းဖြင့် မိမိတို့၏ မေတ္တာစိတ်ကို အထင်အရှားပြကြသည်။ ထိုသူတို့သည် ဤနည်းဖြင့် သူတို့အလိုရှိသော အမတဂုဏ်ကို ရနိုင်သည်ဟု ထင်ကြသည်။ အဘယ့်ကြောင့် ဆိုသော် ထိုသူတို့သည် နောင်အခါတွင် သားသမီး မြေးမြစ်တို့၏ သတိရ အောက်မေ့ခြင်းကို ခံကြရမည်ဟု အထင်ရှိ၍ ကြည်နူးတတ်ကြသောကြောင့် ဖြစ်သည်။ ရုပ်ပိုင်းဘဝမှာထက် စိတ်ပိုင်းဘဝ၌ ပို၍ အသစ်ပွားကြသောသူတို့ လည်း လောက၌ရှိကြသေးသည်။ ထိုသူတို့သည် မာနသိက သားသမီးတို့ကို ဖန်တီး၍ ပွားတတ်ကြသည်။ ထိုသားသမီးတို့ကား အဘယ်နည်းဟု မေးငြား အံ့။ ယေဘုယျအားဖြင့် ပညာသဘောပေတည်းဟု ဆိုအပ်၏။ ဂုဏ်သိက္ခာ တရားပေတည်းဟု ဆိုအပ်၏။ အမိအဖတို့ကား အဘယ်နည်းဟု မေးငြားအံ့။ ဖန်တီးတတ်ကြသော ကဝိတို့ပေတည်းဟု ဆိုအပ်၏။ တီထွင်တတ်ကြသော အနုပညာသည်၊ လက်မှုပညာသည်တို့ပေတည်းဟု ဆိုအပ်၏။ တစ်ဖန် ပညာ  သဘော၏ အမြတ်ဆုံးသော အစိတ်အပိုင်းကား အဘယ်နည်းဟု မေးငြားအံ့။ တိုင်းရေးပြည်မှု၊ လူရေးလူမှုတို့ကို စီမံခန့်ခွဲရာ၌ ကျင့်အပ်သော စောင့်စည်းခြင်း သံယမတရားနှင့် သဒ္ဓမတရားတို့ပေတည်းဟု ဆိုအပ်၏။
စာပိုဒ် (ဖ) 
အကြင်သူ၌ ငယ်ရွယ်စဉ်အခါကပင် စိတ်ပိုင်းဘဝဆိုင်ရာ အသစ်ပွားလိုသော၊ တက်ကြွသော စေတနာလည်း ရှိ၏။ အသစ်ပွားနိုင်သော စွမ်းရည်လည်းရှိ၏။ ထိုသူသည် အရွယ် ရောက်လာသော အခါ မိမိ၌ ရှိသော ထိုစေတနာနှင့် ထိုစွမ်းရည်တို့မှ အသစ်ပွားခြင်း (ဝါ) ဖွားမြင်ခြင်း ပသဝကို အလိုရှိလာတတ် သည်။ ထိုအခါ ထိုသူသည် ပသဝကိစ္စအလို့ငှာ တင့်တယ်သော ပတ်ဝန်းကျင်ကို လိုက်လံရှာဖွေတတ်သည်။ အဘယ့်ကြောင့်ဆိုသော် မတင့်တယ်သော ပတ်ဝန်း ကျင်၌ ပသဝကိစ္စကို မပြုနိုင်သောကြောင့်ဖြစ်သည်။ ကိုယ်၏ တင့်တယ်ခြင်း သည် ကိုယ်၏ မတင့်တယ်ခြင်းထက် ပို၍ သင့်မြတ်သည်ဖြစ်ရာ ထိုသူသည် ပသဝ ကိစ္စအလို့ငှာ တင့်တယ်သောကိုယ်ရှိသူကို ရှာမည်ဖြစ်သည်။ တင့်တယ် သူ၏ ကိုယ်၌ စိတ်ကောင်း စိတ်မြတ်ကိုလည်း တွေ့သည်ဖြစ်လျှင် ထိုသူသည် ထိုကိုယ်နှင့် ထိုစိတ်ရှိသူကို အပေါင်းအဖော်အဖြစ်နှင့် နှစ်သက် လက်ခံမည် ဖြစ်သည်။ ထိုအခါ အပေါင်းအဖော်ကို အကြောင်းပြု၍ ဂုဏ်သိက္ခာစကားသည် လည်းကောင်း၊ လူကောင်းသူကောင်းတို့၏ ကံသုံးပါး အမူအရာစကားသည် လည်းကောင်း ထိုသူ၏ နှုတ်၌ ဖြစ်ထွန်း၍ ထိုစကားတို့ကို ပြောနိုင်လာသည်။ ထိုအပေါင်းအဖော်နှင့် သီတင်းကွေ့ကွေ့ ပေါင်းဖက်တွေ့ရခြင်းအားဖြင့် ထိုသူသည် သူ၏ သန္တာန်၌ ကြာမြင့်စွာကပင် ကြီးပွားခြင်း ရှိနေသည်တို့ကို ဖွားမြင်ခြင်း ပသဝ ပြုလာနိုင်သည်။ ထိုသို့ပင် ကျွန်ုပ် ယူဆသည်။ အဘယ့်ကြောင့်ဆိုသော် မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ ထိုအပေါင်းအဖော်၏ တင့်တယ်သော သဘောကို သတိရအောက်မေ့ခြင်း ရှိနိုင်သောကြောင့် ဖြစ်သည်။ တစ်ဖန် ပသဝကိစ္စပြီး၍ မာနသိက သားသမီးတို့ ဖြစ်ထွန်းလာကြသောအခါ ထိုသူသည် ထိုအပေါင်းအဖော်နှင့် လက်တွဲ၍ ထိုမာနသိက သားသမီးတို့ကို ကြီးပြင်းအောင် မွေးကျွေးပြုစုရပြန်သည်။ ဤသို့ဖြင့် ထိုအပေါင်းအဖော်နှင့် ပေါင်းဖက်မိခြင်း သည် ကာယိက သားသမီးတို့၏ အဖယောင်္ကျားနှင့် အမိမိန်းမတို့ ပေါင်းဖက်မိ ခြင်းထက် ပို၍ စိတ်ချရသည်ဟု ဆိုရာသည်။ အဘယ့်ကြောင့်ဆိုသော် အမတ ဂုဏ်ကိုလည်းကောင်း၊ တင့်တယ်ခြင်း သောဘဏဂုဏ်ကိုလည်းကောင်း ဆောင်နိုင် ကြသော အစွမ်းသတ္တိအရာတွင် မာနသိက သားသမီးတို့သည် ကာယိက သားသမီးတို့ထက် သာကြသောကြောင့် ဖြစ်သည်။
 စာပိုဒ်(ဗ)
ဆော့ခရတ္တိ၊ လူခပ်သိမ်းတို့သည် ကာယိက သားသမီးတို့ထက် မာနသိက သားသမီးတို့ကို ပို၍အလိုရှိကြမည်ဖြစ်သည်။ ထိုစကားသည် မှန်၏။ စာဆို ကဝိ ဟိုးမားသည်လည်းကောင်း၊ နှဲဆီအော့သည်လည်းကောင်း၊ ထိုထိုသော စာဆိုကဝိတို့သည်လည်းကောင်း ယခုတိုင် ကျော်စောသော အမတဂုဏ်ရှိသော၊ ကဗျာတည်းဟူသော မာနသိက သားသမီးတို့ကို မွေးပေးခဲ့ကြပြီ။ ထိုစာဆို ကဝိတို့ကိုမြတ်နိုးသောသူသည် ထိုစာဆိုကဝိတို့၏ မာနသိက သားသမီးမျိုးကို အဘယ်မှာလျှင် အလိုမရှိဘဲ နေပါအံ့နည်း။ တစ်ဖန် ဤသို့ဆင်ခြင်ကြည့်ပါဦး။ လိုင်ကာဂ သုခမိန်သည် စပါတာနိုင်ငံကို စောင့်ရှောက်နိုင်သော အခြေခံဥပဒေနှင့် ကာကွယ်ရေးစနစ်တည်းဟူသော မာနသိက သားသမီးတို့ကို မွေးပေးခဲ့ပြီ။ ထိုမာနသိက သားသမီးတို့သည် စပါတာနိုင်ငံကိုသာမက ဂရိဒေသတစ်ခုလုံးကိုပင် အကျိုးပြုလျက်ရှိသည်။ တစ်ဖန် အက်သင်းနိုင်ငံ၌လည်း ဆိုလွန်သုခမိန်သည် အက်သင်းနိုင်ငံကို စောင့်ရှောက်နိုင်သော အခြေခံဥပဒေ မာနသိက သားသမီးတို့ကို မွေးပေးခဲ့ သည်။ တစ်ဖန် အခြားတစ်ပါးသော ဒေသများ၌လည်း ဂရိအမျိုးသား များထဲမှလည်းကောင်း၊ ဂရိအမျိုးသားမဟုတ်သူများထဲမှ လည်းကောင်း ပညာရှိ တို့သည် လူခပ်သိမ်းတို့ကို အကျိုးပြုသော အထူးထူးအပြားပြားသော ကံသုံးပါး အမှုတို့ကို ပြု၍ သူတို့၏ ဂုဏ်သိက္ခာတို့ကို စံအဖြစ်ဖြင့် ပြခဲ့ကြပြီ။ ဆိုခဲ့သော ပုဂ္ဂိုလ်ကျော်တို့၏ မာနသိက သားသမီးတို့ကို အကြောင်းပြုလျက် နောင်လာ နောက်သား တို့သည် ထိုပုဂ္ဂိုလ်ကျော်တို့ကို မြတ်နိုးခြင်းဖြစ်ကြသဖြင့် ကျောင်း၊ တန်ဆောင်း တို့ကို ဆောက်လုပ်၍ ကိုးကွယ်ကြသည်မှာ အထင်အရှားဖြစ်သည်။ ကာယိက သားသမီးတို့ကိုအကြောင်းပြု၍ကား မည်သည့်အမိအဖကိုမျှ ကျောင်း၊ တန်ဆောင်းဆောက်လုပ်၍ ကိုးကွယ်ကြခြင်းမရှိခဲ့ပါ။ ဤအချက်သည်လည်း အထင်အရှား ဖြစ်သည်။
စာပိုဒ် (ဘ) 
ဆော့ခရတ္တိ၊ ကျွန်ုပ်ဆိုခဲ့သည်တို့သည် မေတ္တာကပေးနိုင်သော သမည တန်ခိုး ဣဒ္ဓိပါဒ်တို့ အကြောင်းသာ ဖြစ်သည်။ ထိုတန်ခိုးဣဒ္ဓိပါဒ်မျိုးကို ရအောင် အသင်အားထုတ်ချင်သည်ဆိုပါက အသင့်ကို အရင်းကစ၍ သင်ပေး နိုင်သည်။ ထိုမှတစ်ဆင့်တက်၍ မှန်ကန်သော ကျင့်စဉ်အတိုင်း ကျင့်မှသာ ရနိုင်သည်ဖြစ်သော မဟိဒ္ဓိတန်ခိုးမျိုးကိုကား အသင် ရအောင် အားထုတ်နိုင်ပါမည်လော။ ကျွန်ုပ် မပြောတတ်။ သို့ရာတွင် ကျွန်ုပ် သိသည်ကို ကျွန်ုပ် မဆိုဘဲ နေသောကြောင့်  အသင် မသိလိုက်ရခြင်းဖြစ်၏ဟု စကား မဖြစ်ရအောင် ကျွန်ုပ် သိသမျှကို ကျွန်ုပ် ဆိုပါမည်။ အသင် လိုက်နိုင်လျှင် လိုက်ပါလေ။
ဆော့ခရတ္တိ၊ မေတ္တာလမ်းကို လိုက်လိုသော ပုဂ္ဂိုလ်သည် ပျိုရွယ်စဉ် အခါကပင် ရုပ်ပိုင်းဘဝ၏ တင့်တယ်သောသဘောကို အာရုံပြုရန်ဖြစ်သည်။ အာရုံပြုရာ၌ ဆရာကောင်း၏ ဩဝါဒကိုယူ၍ အားထုတ်လျှင် ထိုပုဂ္ဂိုလ်သည် ရှေးဦးစွာ တင့်တယ်သောကိုယ်ရှိသူတစ်ဦးကိုသာ ချစ်ခင်၍ စိတ်ကောင်းစိတ်မြတ် ပွားများလာအောင် အားထုတ်ရန်ဖြစ်သည်။ ထို့နောက် ထိုပုဂ္ဂိုလ်သည် ဤကိုယ် ထိုကိုယ်ရှိ တင့်တယ်ခြင်းသည် ထိုထိုသော အခြားကိုယ်တို့၏ တင့်တယ်ခြင်း နှင့် အတူတူပင် ဖြစ်သည်ကို တစ်စတစ်စ မြင်လာရာသည်။ ကိုယ်အမျိုးမျိုး၌ ရှိသော တင့်တယ်ခြင်းအမျိုးမျိုး၏ အနှစ်သာရကို ထိုပုဂ္ဂိုလ် ရှာသည်ဖြစ်လျှင် တင့်တယ်ခြင်းဟူသည် တစ်မျိုးတည်းသာဖြစ်၏ဟု ထိုပုဂ္ဂိုလ်တွေ့၍ လက်ခံ လာရာသည်။ ထိုအခါ ထိုပုဂ္ဂိုလ်သည် တင့်တယ်သောကိုယ်ရှိသူအားလုံး၌ပင် အချစ် ဝင်လာ၍ ထိုပုဂ္ဂိုလ်၏ စိတ်တွင် တင့်တယ်သော ကိုယ်ရှိသူတစ်ဦးကိုသာ စွဲလမ်းချင်သော မေတ္တာ၏အားသည် လျော့ပါးလာရာသည်။ ထိုမေတ္တာမျိုးသည် ယုတ်နိမ့်၏၊ သာမညသာဖြစ်၏ဟု ထိုပုဂ္ဂိုလ် သိမြင်လာရာသည်။
စာပိုဒ် (မ) 
ထိုမှတစ်ဆင့်တက်သော် စိတ်ပိုင်းဘဝ၏ တင့်တယ်သောသဘောသည် ရုပ်ပိုင်း ဘဝ၏ တင့်တယ်သောသဘောထက်ပို၍ မြတ်၏ဟု ထိုပုဂ္ဂိုလ် ဆင်ခြင်မိရာ သည်။ ထိုအခါ စိတ်ကောင်းစိတ်မြတ် ဖူးခါစ ပွင့်ခါစဖြစ်သောသူကိုတွေ့လျှင်ပင် ထိုပုဂ္ဂိုလ်သည် ထိုသူ၏ စိတ်ကောင်းစိတ်မြတ်ကို မြတ်နိုးခြင်းဖြစ်၍ လူငယ် လူရွယ်တို့၏ အကျိုးအတွက် ကောင်းသောတရားတို့ကို သိမြင်လာကာ ကောင်းသော ပြောဟောခြင်းကို ပြုရာသည်။ ပြုဖန်များသော် လူခပ်သိမ်းတို့၏ ပြုလုပ်မှု ပြောဆိုမှု ကြံစည်မှုတို့၌လည်းကောင်း၊ ဥပဒေထုံးစံစသော လောကဓမ္မ၊ ရာဇဓမ္မတို့၌လည်းကောင်းရှိသော၊ တင့်တယ်သောသဘောကိုပါ သိမြင်လာ၍ တင့်တယ်သောသဘောဟူသမျှသည်အတူတူသာဖြစ်၏ဟုလည်းကောင်း၊ ကိုယ်၏ တင့်တယ်သော သဘောသည် အသေးအဖွဲသာ ဖြစ်၏ဟုလည်းကောင်း သဘော ပေါက်လာရာသည်။ ။
စာပိုဒ် (ယ)
 ထိုမှတစ်ဆင့်တက်ပြန်သော် ထိုပုဂ္ဂိုလ်သည် အသိပညာ အတတ်ပညာတို့၌ ရှိသော တင့်တယ်ခြင်းကို အလိုရှိ၍ ထိုပညာတို့ကို အာရုံပြုချင်လာရာသည်။ ထိုအခြေတွင် ထိုပုဂ္ဂိုလ်သည် တစ်ဦးတစ်ယောက်၏ တင့်တယ်ခြင်းကို  စွဲလမ်းချင်သော သက္ကာရ၏ ကျွန်မဟုတ်တော့ပြီ။ လောကဓမ္မ၊ ရာဇဓမ္မတစ်ခုခု၏ တင့်တယ် ခြင်းကို စွဲလမ်းချင်သော သက္ကာရ၏ကျွန် မဟုတ်တော့ပြီ။ ထို ပုဂ္ဂိုလ်သည် သမုဒ္ဒရာ ကဲ့သို့ ကျယ်ပြောသော အားလုံးစုံသောတင့်တယ်ခြင်းကို ရှုရင်း သူ ၏ စိတ်သန္တာန်၌ ပညာသဘောကိုချစ်နှစ်သက်ခြင်းပြင်းပြလာ၍ မြတ်သောအတွေး၊ မြတ်သော အသိ၊ မြတ်သောစကားတို့ ပွင့်လာ၊ သီးလာအောင် အားထုတ်လာရာသည်။ ဤသို့ဖြင့် ထိုပုဂ္ဂိုလ်သည် တစ်ဖက်ကမ်း သို့ရောက်၍ အားအင် ပြည့်လာ၍ တစ်လောကလုံး၏ တင့်တယ်ခြင်းကိုသိသော ထူးခြားသော ဝိဇ္ဇာအသိတရား တစ်မျိုးကို သိမြင်လာရာသည်။ ဆော့ခရတ္တိ၊ ထိုသို့သော ဝိဇ္ဇာအသိတရား အကြောင်းကို ကျွန်ုပ် ဆက်၍ ပြောရပါတော့မည်။ နားစိုက်ပါလော့။
စာပိုဒ် (ရ) 
ဆော့ခရတ္တိ၊ အကြင်သူသည် မေတ္တာလမ်းကို လိုက်၏။ အစဉ်အတိုင်းလည်း အားထုတ်၏။ ထိုသူသည် နောက်ဆုံးအဆင့်သို့ ရောက်လျှင် ပကတိသိဒ္ဓ တင့်တယ်ခြင်း (ပကတိအားဖြင့် ပြီးမြောက်ခြင်းရှိသော တင့်တယ်ခြင်း) ကို မြင်လာရမည် ဖြစ်သည်။ ဆော့ခရတ္တိ၊ ဤကား မေတ္တာလမ်းကို လိုက်သဖြင့် သိနိုင်သော အသိထူးပေတည်း၊ (ဝါ) မဟိဒ္ဓိတန်ခိုးပေတည်း။ ပကတိသိဒ္ဓ တင့်တယ်ခြင်းသည် ခိုင်မြဲသည်။ ပကတိသိဒ္ဓ တင့်တယ်ခြင်း၌ သြဇာ မရှိ၊ မရဏမရှိ၊ ကြီးပွားခြင်းမရှိ၊ ယုတ်လျော့ခြင်းမရှိ၊ ပကတိသဘော ဖြစ်သည်။ တစ်ဖန် မှတ်သားရန် ရှိသေးသည်မှာ ပကတိသိဒ္ဓ တင့်တယ်ခြင်းသည် ဤအစိတ်အပိုင်း၌ တင့်တယ်၍ ထိုအစိတ်အပိုင်း၌ မတင့်တယ်သောသဘော လည်း မဟုတ်၊ ဤအချိန်၌ တင့်တယ်၍ ထိုအချိန်၌ မတင့်တယ်သောသဘော လည်း မဟုတ်၊ ဤကိစ္စ၌ တင့်တယ်၍ ထိုကိစ္စ၌ မတင့်တယ်သောသဘော လည်း မဟုတ်၊ အခြေအနေကိုလိုက်၍ ဤသူတို့အဖို့ တင့်တယ်၍ ထိုသူတို့အဖို့ မတင့်တယ်သော သဘောလည်းမဟုတ်။ မေတ္တာလမ်းစဉ်အတိုင်း အားထုတ်သော သူ၏ အမြင်တွင် လက်၊ မျက်နှာ စသော ကိုယ်အစိတ်အပိုင်း၏ အသွင်ကို ဆောင်သည်လည်း မဟုတ်။ အသိပညာ၊ အတတ်ပညာတစ်ခုခု၏ အသွင်ကို ဆောင်သည်လည်း မဟုတ်။ တိရစ္ဆာန်၊ ကောင်းကင်၊ ရေ၊ မြေစသော သက်ရှိ သက်မဲ့ အရာတစ်ခုခု၏အသွင်ကို ဆောင်သည်လည်း မဟုတ်။ ပကတိ သိဒ္ဓ တင့်တယ်ခြင်းသည် ဖြစ်နေသော၊ ပျက်နေသော၊ တိုးနေသော၊ လျော့နေသော၊ အားလုံးစုံသော သက်ရှိသက်မဲ့တို့၌ မဖောက်မပြန် မပြောင်းမလဲ မထောက်မင့် ပကတိအားဖြင့် ရှိနေသောသဘောသာ ဖြစ်သည်။
စာပိုဒ် (လ) 
ဆော့ခရတ္တိ၊ အကြင်သူသည် ကျွန်ုပ်ဆိုခဲ့သည့်အတိုင်း အပြစ်ကင်းသော၊ကလေး ကို ချစ်ခင်တတ်သော ကလေးချစ်စိတ်၊ လူငယ်ကိုချစ်တတ်သော သူငယ်ချစ်စိတ်မှ အစပြုလျက် မေတ္တာလမ်းစဉ်အတိုင်း အားထုတ်၍ မေတ္တာ၏ တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ပကတိသိဒ္ဓတင့်တယ်ခြင်းကို သိမြင်လာ၏။ ထိုသူသည် သိဒ္ဓိပေါက်ဖို့ မဝေး တော့ပြီ။ အဆင့်ဆင့်တက်ရသော မေတ္တာလမ်းစဉ်၌ ရှေးဦးစွာ တင့်တယ်သော ကိုယ် ရှိသူတစ်ဦးကို အာရုံပြုရန်ဖြစ်သည်။ ထို့နောက် နှစ်ဦးကို၊ ထို့နောက် သုံးဦးကို စသည်ဖြင့် အားလုံးကို အာရုံပြုရန်ဖြစ်သည်။ ထို့နောက် ကောင်းသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့၏ တင့်တယ်ခြင်းကို အာရုံပြုရန်ဖြစ်သည်။ ထို့နောက် အသိပညာ၊ အတတ်ပညာအမျိုးမျိုး၏ တင့်တယ်ခြင်းကို အာရုံပြုရန် ဖြစ်သည်။ ထိုအဆင့်မှတက်သော် ပကတိသိဒ္ဓ တင့်တယ်ခြင်းကို မြင်သော အမြင်နိမိတ်ကိုရ၍ ပကတိသိဒ္ဓတင့်တယ်ခြင်း၏ အနှစ်သာရကို သဘောပေါက် လာနိုင်သည်။
စာပိုဒ် (ဝ) 
ထိုနောက် ဒိုင်အာတိမက ဆက်၍ပြောပြန်သည်မှာ အချင်းဆော့ခရတ္တိ၊ လူ့ဘဝကို ရခိုက်တွင် မေတ္တာလမ်းကို လိုက်၍ ကျင့်ရန် အားထုတ်သင့်သည်။ အကြင်သူသည် ပကတိသိဒ္ဓ တင့်တယ်ခြင်းကို သိ၏။ ထိုသူသည် ရွှေငွေဥစ္စာ၊ ရတနာ၊ အဝတ်ပုဆိုးတို့ကို တပ်မက်ခြင်းမဖြစ် တော့ပြီ။ တွေဝေမိန်းမောခြင်းကို ဖြစ်စေတတ်သော (ဖြစ်နိုင်လျှင် စားခြင်း သောက်ခြင်းတို့ကိုပင်) မေ့စေတတ်သော၊ မျက်စိအောက်မှ အပျောက် မခံနိုင် လောက်အောင် စွဲလမ်းစေတတ်သော၊ အသည်းခိုက်အောင် တရှိုက်မက်မက်ဖြစ်စေ တတ်သော၊ မခွဲနိုင်မခွာရက် ဖြစ်စေတတ်သော ပျိုမျစ်သူတို့ကိုပင် တပ်မက်ခြင်း မဖြစ်တော့ပြီ။ ဆော့ခရတ္တိ၊ အကြင်သူသည် ကာမဂုဏ်အာရုံတို့နှင့် အရောအစပ် မရှိသော၊ တဏှာလောဘ မယှဉ်သော၊ သန့်ရှင်းစင်ကြယ်သော ပကတိသိဒ္ဓိ တင့်တယ်ခြင်းကို သဘောပေါက်၍ ပွားများ၍ ထိုတရားနှင့် နေတတ်၏။ ထိုသူကို အသင် မည်သို့ဆိုမည်နည်း။ ထိုသူ၏ ဘဝသည် ခြောက်သွေ့၏။ ခေါင်းပါး၏ဟု အသင်ဆိုမည်လော။ လောက၌ ပညာမျက်စိဖြင့်သာ မြင်နိုင် စွမ်းရှိသော ပကတိသိဒ္ဓ တင့်တယ်ခြင်းကို သိသောသူသာလျှင် တင့်တယ် သယောင်ယောင်၊ ကောင်းသယောင်ယောင် အသွင် ဆောင်တတ်သော အယောင်ဆောင်တို့ကို မပွားအောင်ပြုနိုင်၏။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည်  ထိုအယောင်ဆောင်တို့နှင့် ထိတွေ့ခြင်းမရှိသောကြောင့်ဖြစ်သည်။ တစ်ဖန်ထိုသို့ သော သူသာလျှင် ဂုဏ်သိက္ခာတရားတို့ကို ပွားအောင် ပြုနိုင်၏။ အဘယ့်ကြောင့် ဆိုသော် ထိုသူသည် အယောင်ဆောင်မဟုတ်သော၊ မဖောက်မပြန်သောဝိဇ္ဇမာနတ္တ အဟုတ်ရှိတရားနှင့် ထိတွေ့ခြင်းရှိသောကြောင့် ဖြစ်သည်။ ထိုသို့သောသူသာလျှင် အမြင့်ဆုံးအဂ္ဂဘုံ၏ အချစ်အကြည်ကို ခံယူနိုင်မည် ဖြစ်သည်။ ထိုသို့သော သူကိုသာလျှင် အမတဂုဏ်ရှိသူဟု ခေါ်ထိုက်ပေသည်။
စာပိုဒ် (သ) 
ထို့နောက် စာပွဲသဘင်၌ ဆော့ခရတ္တိက ဆက်၍ဆိုသည်မှာ အချင်း ဖီဒရနှင့်တကွ ချစ်မိတ်ဆွေအပေါင်းတို့၊ ဒိုင်အာတိမသည် ကျွန်ုပ်ကို ဤသို့ပြောဟောနားချသဖြင့် ကျွန်ုပ် တရားကျခဲ့ပြီ။ မေတ္တာတရား သာလျှင် လူ့လောကအတွက် ကိုးကွယ်ရာဖြစ်၏။ မေတ္တာတရား သာလျှင် လူသား တို့၏ ပုထုဇဉ်သဘာဝ၊ ပုထုဇဉ်စရိုက်တို့အတွက် အသင့်မြတ်ဆုံး ဖြစ်၏။ မေတ္တာတရားကို လူတိုင်းလေးစားထိုက်၏။ ဤသို့လျှင်ကျွန်ုပ်ဆိုချင်ပါ တော့သည်။ ကျွန်ုပ်သည် မေတ္တာတရားကို လေးစား၏။ မေတ္တာလမ်းစဉ်ကို အားထုတ်၏။ သူတစ်ပါးတို့ လေးစားအားထုတ်ကြအောင်လည်း ပြောဟော တိုက်တွန်း ပါသည်။ ကျွန်ုပ်သည် မေတ္တာတရား၏ကျေးဇူးကို ယခုလည်း ချီးကျူးပါ၏။ နောင်အခါ ၌လည်း ချီးကျူးမည်ဖြစ်သည်။ အချင်းဖီဒရ၊ ကျွန်ုပ် ယခုဆိုခဲ့သော စကားစုကို မေတ္တာဘွဲ့ ဟုအမည်ပေးချင်သည်။ သို့ရာတွင် အသင် မကြိုက်ပါက အသင် ပေးချင်သော အမည်နာမကို ပေးပါ။ ကျွန်ုပ် လက်ခံပါသည်။
လူသား တို့၏ ကို လူတိုင်းလေးစား လေးစား၏။
ပြောဟော  
✥﹤--- www.ebooks4mm.org ---﹥✥

၁၈။ ဆော့ခရတ္တိနှင့် သူကြွယ်အို 
နိဒါန်း 
အောက်ပါစာပိုဒ်များသည် ပလေးတိုး၏ (Republic) သမ္မတနိုင်ငံကထာ အတွဲ ၁ မှ ကောက်နုတ်သော စာပိုဒ်များ ဖြစ်သည်။ သမ္မတနိုင်ငံကထာသည် ပလေးတိုး၏စာအပေါင်းတွင် အကျော်စောဆုံးလည်းဖြစ်၍ အရေးအကြီး ဆုံးလည်းဖြစ်၏ဟု ဆရာ့ဆရာများ အဆုံးအဖြတ်ပေးကြသည်။ ထိုကထာ တွင် ပလေးတိုးသည် သူ၏ လူမှုရေးဒဿနအမြင်ကို လည်းကောင်း၊ သူ၏ နိုင်ငံရေး ဒဿနအမြင်ကိုလည်းကောင်း တင်ပြခဲ့သည်ဟု ဆိုပါသည်။ တစ်ဖန် တင်ပြရာတွင် လောက၌တရားရှိခြင်း သဒ္ဓမ္မသဘောနှင့် တရားမဲ့ခြင်း အဓမ္မသဘောတို့ကို လူတစ်ဦးချင်း၏ ကိုယ် နှုတ် နှလုံး အမူအရာတို့အတွက် လည်းကောင်း၊ တစ်နိုင်ငံလုံး၏ ကိုယ် နှုတ် နှလုံး အမူအရာတို့အတွက် လည်းကောင်း စဉ်းစားဆင်ခြင်စရာဖြစ်အောင် တင်ပြခဲ့ခြင်း ဖြစ်သည်ဟု လည်း ဆိုပါသည်။
အောက်ပါ စာပိုဒ်သုံးပိုဒ်သည် သမ္မတနိုင်ငံကထာ၏ အစချီနိဒါန်း မျှသာ ဖြစ်သည်။ ထိုနိဒါန်းသည် ပိုင်ရိအမြို့သား ဆိဖလ အမည်ရှိသော သူကြွယ်အိုနှင့် ဆော့ခရတ္တိတို့ စကားဆိုကြသောအခန်းဖြစ်သည်။ ထိုအခန်း တွင် ဆော့ခရတ္တိက မေးခွန်းထုတ်ရာ ဇရာဒုဗ္ဗလ အရွယ်သို့ ရောက်နေပြီဖြစ် သော ဆိဖလသည် အရွယ်အိုနှင့်စပ်လျဉ်းသော သူ့သဘောထားကိုလည်း ကောင်း၊ ပစ္စည်းဥစ္စာနှင့် စပ်လျဉ်းသော သူ့သဘောထားကိုလည်းကောင်း ပြောပြသည်။ ထိုသို့ပြောပြရာမှ အစပြု၍ နောက်ပိုင်းဖြစ်သော သမ္မတနိုင်ငံ ကထာ စာတမ်းတစ်ခုလုံးတွင် တရားရှိခြင်း သဒ္ဓမ္မဂုဏ်သိက္ခာ၏ အထူးထူး သော သဘောတို့ကို ပလေးတိုးက ဖွင့်ဆိုခဲ့သည်။ ပြောဟော ဆွေးနွေးကြ သော စကားတို့ကို နောင်အခါကျမှ ဆော့ခရတ္တိက သူ့မိတ်ဆွေများအား  နောက်ကြောင်းပြန်သဘောဖြင့် ပြန်ပြောလေဟန် ပလေးတိုးက ရေးထား သည်။ အောက်ပါ စာပိုဒ်တို့တွင် အိုသူ၌ စိတ်ကောင်း ရှိသည်ဖြစ်လျှင် အိုခြင်းသည် မခံမရပ်နိုင်သောဝန်ထုပ် မဟုတ်ဟု လည်းကောင်း၊ ပစ္စည်း ဥစ္စာမှရအပ်သော ကျေးဇူးသည် ပစ္စည်းရှာရာ၌ ကောက်ကောက်ကျစ်ကျစ် ပြုဖို့မလိုတော့ဘဲ သေခါနီး၌ အသေဖြောင့်နိုင်ခြင်းဖြစ်သည်ဟုလည်းကောင်း ဆိုခဲ့သည်ကို ဆင်ခြင်ရန် ဖြစ်သည်။
စာပိုဒ် (က) 
ကျွန်ုပ် (ဆော့ခရတ္တိ)သည် သရေရှင် အမျိုးသားတို့ ကိုးကွယ်သော လနတ်သမီး ဗြိဌိကို ပူဇော်လိုသဖြင့် ဗိန္ဒိနတ်ကွန်း ရှိရာ ပိုင်ရိအ မြို့သို့ အဆွေကောင်း ဂလော့ကုနူနှင့်အတူ သွားပါသည်။ ဗိန္ဒိနတ်ပွဲသည် ကျွန်ုပ်တို့အဖို့ အသစ်အဆန်း ဖြစ်ရာ နတ်ပွဲကျင်းပပုံကို မျက်ဝါးထင်ထင် မြင်ချင်သောကြောင့်လည်း ဖြစ် သည်။ နတ်ကွန်း၌ ပိုင်ရိအမြို့သားတို့၏ နတ်ပွဲ ကျင်းပပုံကို မြင်သောအခါ ကျွန်ုပ်သည် အလွန်နှစ်သက်ခြင်း ဖြစ်သည်။ သရေရှင်အမျိုးသားတို့၏ နတ်ပွဲ ကျင်းပပုံသည်လည်း ပိုင်ရိအမြို့သားတို့၏ ကျင်းပပုံထက် သာသည်ဟု မဆို နိုင်စေကာမူ နှစ်သက်စရာပင်ဖြစ်သည်။ ဂလော့ကုန္နနှင့် ကျွန်ုပ်သည် ဗိန္ဒိနတ်သမီး ကို ပူဇော်၍ နတ်ပွဲကို ကြည့်ပြီးကြသောအခါ အက်သင်းမြို့သို့ ပြန်ရန် အက်သင်းမြို့ဘက်သို့ ခြေဦးလှည့်လိုက်ကြပါသည်။ ကျွန်ုပ်တို့ ခြေလှမ်းပြင် သည်ကို ပိုင်ရိအမြို့သားဖြစ်သော ဆိဖလသူကြွယ်၏ သားဖြစ်သူ ပေါလိမာခါ သည် ကျွန်ုပ်တို့ကို ခပ်လှမ်းလှမ်းမှ မြင်သောကြောင့်ပေလား မသိ၊ သူ၏ လက်ပါးစေ လုလင်တစ်ယောက်ကို ကျွန်ုပ်တို့ရှိရာသို့ လွှတ်၍ အဆိုခိုင်းပါသည်။ လုလင်သည် ကျွန်ုပ်၏ ကျောဘက်ကဖျင်စကို ဆွဲကာ “ဆရာကြီးတို့ ခင်ဗျား၊ သူကြွယ်သား ပေါလိမာခက မှာလိုက်ပါသည်၊ သူ့ကို စောင့်ကြပါဦးတည့်”ဟု ဆိုပါသည်။ ။
ထိုအခါ ကျွန်ုပ်တို့သည် နောက်သို့လှည့်၍ သူကြွယ်သား အဘယ်မှာ နည်းဟု လုလင်ကို မေးရာ သူကြွယ်သား လာနေပါပြီ၊ စောင့်ကြပါဟု လုလင်က ပြန်ပြောပါသည်။
ထိုအခါ စောင့်ရသည်ပါ့ဟု ဂလော့ကုန္က ဆိုပါသည်။ များမကြာမီ ပေါလိမာခ ရောက်လာသည်။ သူနှင့်အတူ အဒိုင်မန္တပါ ပါသည်။ နိုင်စိအ၏သား နိုင်စိရတ္တလည်း ပါပါသည်။ ထို့ပြင် နတ်ပွဲသို့လာကြဟန်တူသော အပေါင်း အဖော်အချို့ လည်း ပါကြပါသည်။
 ပေါလိမာခက ကျွန်ုပ်အား အချင်းဆော့ခရတ္တိ၊ အသင်တို့သည် မြို့ကြီးသို့ ပြန်ကြတော့မည်ထင်သည်ဟုဆိုရာ ကျွန်ုပ်က ဟုတ်ပါသည်၊ အသင် ထင်သည့် အတိုင်းပင်ဟု ပြန်ပြောပါသည်။
အချင်း ဆော့ခရတ္တိ၊ ကျွန်ုပ်တို့လူစုတွင် လူအတော်များများပါသည်။ အသင် မြင်ပါ၏လော။
မြင်သည်ပေါ့။
အသင်သည် ကျွန်ုပ်တို့ လူစုလောက် ဗလ ကောင်းပါ၏လော၊ ဗလ ကောင်းသည် မဟုတ်လျှင် အသင် ယခု ရပ်နေသောနေရာမှ တစ်ဖဝါးမျှ မရွှေ့ပါနှင့်တော့။ ။
အချင်း ပေါလိမာခ၊ အသင်၏စကားကို ကျွန်ုပ်တို့က မကြိုက်၍ငြင်းပါ သော်လည်း ငြင်း၍ မရဟုဆိုလျှင် နောက်တစ်နည်းကို အဆူအလှယ် သုံး၍ မရနိုင်ပြီလော၊ မြို့ကြီးသို့ ပြန်ခွင့်ပေးပါမည့်အကြောင်း ကျွန်ုပ်တို့က ဖျောင်းဖျ တောင်းပန်လျှင် မဖြစ်နိုင်ပြီလော။
ဆော့ခရတ္တိ၊ ကျွန်ုပ်တို့က နားပိတ်ထားကြသည်ဖြစ်လျှင် အသင်တို့က ဖျောင်းဖျပြောဆို၍ကော ရနိုင်ပါမည်လော။
ထိုသို့ဆိုလျှင် မရနိုင်ဘူးပေါ့ဟု ဂလော့ကုန္နက ပြန်ပြောပါသည်။
ထိုအခါ အဒိုင်မန္တက ကြားဝင်၍ပြောသည်မှာ အချင်း ခရတ္တိ ညပိုင်းတွင် မြင်းစီး မီးတုတ်ကမ်းပြိုင်ပွဲကို ကျင်းပကြလိမ့်ဦးမည်၊ ထိုသတင်းကို အသင်တို့ မကြားမိကြပြီလော။
ထိုအခါ ကျွန်ုပ်က ပြန်ပြောသည်မှာ မြင်းစီး၍ပြိုင်ကြမည့် ပြိုင်ပွဲလော၊ ထိုသို့ဆိုလျှင် အသစ်အဆန်းကို မြင်ရဦးတော့မည်ပေါ့။ ပသို့နည်း၊ ပြိုင်ပွဲတွင် မြင်းစီးတို့က မီးတုတ်များကို ကိုင်၍ လက်ဆင့်ကမ်း၍ မြင်းအပြေးပြိုင်မည့် သဘောပေလော။
ထိုအခါ ပေါလိမာခက ပြောသည်မှာ ဆော့ခရတ္တိ၊ ပြိုင်ပွဲ၏သဘောသည် ထိုသဘောပင်။ ထိုမျှသာ မကသေးပါ။ တစ်ညလုံးကျင်းပမည့် ပူဇော်ပွဲလည်း ပါသေးသည်။ ဆော့ခရတ္တိ၊ ထိုပွဲကို အသင် ကြည့်လိုက်သည်၊ ကျွန်ုပ်၏ အိမ်၌ ညစာစားကြပါ၊ စားပြီးကြလျှင် ပွဲသွားကြည့်ကြမည်။ ထိုပွဲသို့ လူငယ် လူရွယ်အများအပြား လာကြလိမ့်မည်။ ထိုအခါ ဆွေးနွေးပွဲစကားဝိုင်းများ ဖြစ်နိုင်စရာအကြောင်း ရှိသည်။ ထို့ကြောင့် မြို့ကြီးသို့ ယခုချက်ချင်း မပြန်ကြပါနှင့်ဦး၊ တစ်ညလောက် ဆိုင်းကြပါဦး။
ထိုအခါ ဂလော့ကုန္နက ပြောသည်မှာ ဆိုင်းကြပါဦးဟု အသင်က ဆိုလျှင် တစ်ည ဆိုင်းပါမည်။
ထိုအခါ အသင်ဆိုင်းလျှင် ကျွန်ုပ်လည်း ဆိုင်းမည်ဟု ကျွန်ုပ်ကလည်း ဂလော့ကုနူအား ဆိုလိုက်ပါသည်။
စာပိုဒ် (ခ)
ထိုသို့ဆို၍ ကျွန်ုပ်တို့သည် ပေါလိမာခ၏ အိမ်သို့ လိုက်သွားကြသည်။ ပေါလိမာခ၏ အိမ်တွင် ပေါလိမာခ၏ ညီများကို လည်းကောင်း၊ မိတ်ဆွေများကို လည်းကောင်း တွေ့ရပါသည်။ ပေါလိမာခ၏ အဖဖြစ်သော ဆီဖလကိုလည်း တွေ့ရပါသည်။ ဆိဖလထံသို့ ကျွန်ုပ် မရောက်သည်မှာ ကြာပြီ။ ယခုတွေ့ရသော အချိန်တွင် ဆိဖလသည် အတော် အိုနေပြီ။ ဆိဖလသည် ထိုင်ခုံပေါ်၌ ဖုံအပျော့စား တင်၍ ထိုင်နေသည်။ အိမ်တွင်း ယဇ်ပူဇော်ပွဲကို ကျင်းပပြီးခါစ ဖြစ်သဖြင့် သူ၏ဦးခေါင်းတွင် ပူဇနပန်းခွေကို ပန်ဆင်ထားသည်။ ဧည့်ခန်းတွင် လခြမ်းသဏ္ဌာန် ခင်းကျင်းထားသော ထိုင်ခုံများပေါ်၌ ကျွန်ုပ်တို့ ထိုင်မိကြ သောအခါ ဆိဖလသည် ကျွန်ုပ်ကို မြင်၍ ဝမ်းသာအားရ နှုတ်ဆက်သည်။ ထို့နောက် ကျွန်ုပ်ကို ပြောသည်မှာ | ဆော့ခရတ္တိ၊ ကျွန်ုပ်ထံသို့ အသင် မလာသည်မှာကြာပြီ၊ နေနိုင်အားလှ သည်။ ကျွန်ုပ်သာ သန်သန်မာမာဖြစ်လျှင် အသင့်ကို အလာခိုင်းမည်မဟုတ်ပါ။ ယခုအခါတွင် ကျွန်ုပ်သည် ဇရာဒုဗ္ဗလ အိုမင်းမစွမ်း အရွယ်သို့ ရောက်နေပြီ ဖြစ်သဖြင့် ကျွန်ုပ်အဖို့မှာ အက်သင်းမြို့သို့ အရောက်အပေါက် မလွယ်တော့ ပါ။ ထို့ကြောင့် ဆော့ခရတ္တိ၊ ကျွန်ုပ်ဆီသို့ မကြာခဏ လာစေချင်သည်။ အဘယ်ကြောင့်ဆိုသော် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယအာရုံငါးပါးဖြင့် ခံစား ရရှိအပ်သော ကာယသုခ ဆုတ်ယုတ်လာလေလေ ပြောဟော ဆွေးနွေးခြင်း၊ ကြားနာခြင်းတို့မှ ရရှိအပ်သော ဓမ္မသဝန ဓမ္မဒေသနာသုခကို အလိုရှိလာလေလေ ဖြစ်သောကြောင့်ပင်။ ဆော့ခရတ္တိ၊ ကျွန်ုပ်၏အိမ်ကို အသင့်အိမ်ဟု သဘောထား ပါ။ ဝင်ပါ၊ ထွက်ပါ။ ဤသူငယ်များနှင့် ချစ်ချစ်ခင်ခင်နေပါ။ အသင်နှင့် ကျွန်ုပ်သည် မိတ်ဟောင်းဆွေဟောင်း ဖြစ်ကြသည့်အားလျော်စွာ အသင်သည် အိမ်သူအိမ်သား တစ်ဦးပင် ဖြစ်ပါသည်ဟု ဆိဖလက ဆိုပါသည်။
ထိုအခါ ကျွန်ုပ်ကပြောသည်မှာ ဆိဖလ၊ ဇရာပိုင်းသို့ ရောက်နေကြပြီ ဖြစ်သော ပုဂ္ဂိုလ်တို့နှင့် ပြောဟောဆွေးနွေးရသည်ထက် မြတ်သောအရာသည် မရှိဟု ကျွန်ုပ် ယူဆပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ လျှောက်ကြ ရဦးမည်ဖြစ်သော ဘဝခရီးတွင် ထိုပုဂ္ဂိုလ်တို့သည် ခရီးအတော်အတန် ပေါက်ခဲ့ ကြပြီ ဖြစ်သောကြောင့်ပင်။ ထိုပုဂ္ဂိုလ်တို့၏ ဘဝခရီးသည် ချော၏လော၊  ကြမ်း၏ လော၊ လွယ်၏လော၊ ခက်၏လောဟု ကျွန်ုပ်တို့က မေးထိုက်သည် ဖြစ်သောကြောင့်ပင်။ ဆိဖလ “အရွယ်အိုခန်းဝသို့၊ လှမ်းကြွ၍ ဝင်ပြီ”ဟုကဗျာ စာဆိုတို့ ဖွဲ့ဆိုခဲ့ကြသည့်အတိုင်း အသင်လည်း အရွယ်အိုခန်းဝသို့ လှမ်းကြွ၍ ဝင်ခဲ့ပြီ။ ထို့ကြောင့် မေးကြည့်ချင်ပါသည်။ ဘဝလမ်းဆုံးသို့ ရောက်ခါနီးတွင် ပသို့ဖြစ်တတ်ပါသနည်း။ ပင်ပန်းစရာတို့သည် ပိုလာပါသလော။ အမိန့်ရှိပါဘိ။
ထိုအခါ ဆီဖလကဆိုသည်မှာ အချင်းဆော့ခရတ္တိ၊ ကျွန်ုပ်၏ သန္တာန်၌ မည်သို့ဖြစ်သည်ကို ပြောပြပါမည်။ လူအိုလူမင်း အချင်းချင်း အလွန်တွေ့ချင်ကြ သည်။ သမဏေန သမဏာ၊ ဂေါဏေန ဂေါဏာ ဆိုသကဲ့သို့ဖြစ်သည်။ တွေ့ကြ ဆုံကြသောအခါ အများအားဖြင့် ကျွန်ုပ်၏ မိတ်ဆွေများသည် ညည်း တတ်ကြသည်။ မစားနိုင်တော့ပါ၊ မသောက်နိုင်တော့ပါ၊ ပျိုရွယ်စဉ်ကကဲ့သို့ မပျော်နိုင်တော့ပါ ချစ်ချင်စိတ် ကြိုက်ချင်စိတ် မရှိတော့ပါ၊ လူ့ဘဝ၌ နေ၍ မကောင်းတော့ပါ။ ထိုသို့ ညည်းတတ်ကြသည်။ အချို့ကလည်း အရွယ်အိုလျှင် အဆွေအမျိုးတို့ကပင် မလိုချင်၊ ငြိုငြင်ကြသည်ဟု ဆိုတတ်ကြပါသေးသည်။ ဤသို့ဖြင့် ကျွန်ုပ်၏ မိတ်ဆွေများသည် အရွယ်အိုဇရာ၌ အပြစ်ပုံချချင်ကြ သည်။ သို့ရာတွင် ကျွန်ုပ်၏ အထင်မှာ ထိုသူတို့သည် အညည်းသမားများဖြစ် သည်၊ အပြစ်မဟုတ်သည်ကို အပြစ်ဟုမြင်နေကြသည်။ အရွယ်အိုသာ အပြစ် ဖြစ်ရိုးမှန်လျှင် အရွယ်အိုသို့ရောက်နေပြီဖြစ်သော ကျွန်ုပ်သည်လည်း သူတို့ကဲ့သို့ ညည်းမိမည် ဖြစ်သည်။ သို့ရာတွင် ကျွန်ုပ်အဖို့မှာ အရွယ်အိုသည် အပြစ်မဟုတ်၊ ညည်းစရာမဟုတ်။ ကျွန်ုပ်အဖို့သာမက ကျွန်ုပ်သိသော အခြားသော လူအို လူမင်းတို့ အဖို့မှာလည်း အပြစ်မဟုတ်၊ ညည်းစရာမဟုတ်ဟု ကျွန်ုပ်သိရသည်။ အိုမင်းမစွမ်း အရွယ်သို့ရောက်ခဲ့ပြီဖြစ်သော စာဆိုကြီး ဆော့ဖကလိ မိန့်ဖူးသော စကားကို ကျွန်ုပ် မှတ်မိသည်။ ဆော့ဖကလိအား “အချင်း ဆော့ဖကလိ၊ အိုမင်း မစွမ်းအရွယ်တွင် မ နှင့်စပ်၍ ပျိုတုန်းကကဲ့သို့ စိတ်ရှိနိုင်ပါသေး၏လော” ဟု မေးလိုက်ရာ ဆော့ဖကလိက “အချင်းတို့၊ မရှိပါရစေနှင့်တော့၊ မရှိဘဲ နေရသည်ကိုပင် ဝမ်းမြောက်ခြင်း ဖြစ်နေရပါသည်။ ဒေါထနေသော အရူး တစ်ယောက်တည်း၏ လက်တွင်းမှသာမက၊ ဒေါထနေကြသော အရူးအမျိုးမျိုး၏ လက်တွင်းမှလည်း လွတ်မြောက်လာရသကဲ့သို့ ဖြစ်နေပါသည်”ဟု ပြန်ပြောပါ သည်။ ကျွန်ုပ်သည် ထိုစကားကို ကြားစဉ်ကလည်း သဘောကျခဲ့သည်။ ယခု လည်း သဘောကျဆဲဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အိုမင်းမစွမ်းအရွယ်တွင် တဏှာပေမ၏ အပူအလောင်မှ လွတ်မြောက်လာကြရသဖြင့် ချမ်းသာခြင်းတစ်မျိုး ကို ရနိုင်ကြသောကြောင့် ဖြစ်သည်။ တဏှာပေမအားပျော့လာ၍ အဖမ်းအညှစ် အား လျော့လာသောအခါ အသင်သည် ဆော့ဖကလိ ဆိုခဲ့သည့်အတိုင်း  ဥမ္မတ္တက အရူးအမျိုးမျိုး၏ ကျေးကျွန်ဘဝမှ လွတ်မြောက်ခြင်းကို ရနိုင်သည်။ မစားနိုင် မသောက်နိုင်သောဒုက္ခ၊ မပျော်နိုင် မပါးနိုင်သောဒုက္ခ၊ အဆွေအမျိုးတို့၏ အငြိုအငြင်ခံရသော ဒုက္ခမှစ၍ ထိုထိုသော ဒုက္ခအပေါင်းတို့နှင့် တွေ့ကြုံရခြင်း သည် စင်စစ်မှာ အရွယ်အိုဇရာကြောင့်မဟုတ်။ အိုသူ၏ စိတ်ထားသဘောထား ကြောင့် ဖြစ်သည်ဟု ကျွန်ုပ် ယူပါသည်။ သမာဓိရှိ၍ ယောနိသောမနသိကာရ အသင့်အတင့် နှလုံးသွင်းတတ်ခြင်းရှိသောလူအိုအဖို့မှာ အိုခြင်းသည် မခံမရပ် နိုင်သော၊ မသယ်မပိုးနိုင်သော ဝန်ထုပ်ဝန်ပိုး မဟုတ်ပါ။ သမာဓိမရှိဘိမူကား၊ အသင့် အတင့် နှလုံးသွင်းတတ်ခြင်းမရှိဘိမူကား အိုသည်ဖြစ်စေ၊ ပျိုသည်ဖြစ်စေ ထိုထိုသော ဒုက္ခအပေါင်းတို့၏ အဖိအစီး အနှိပ်အစက်ကို ခံကြရမည်သာ ဖြစ်သည်။ ဤသို့ဆိုလျှင် ဆီဖလက ပြောပါသည်။
စာပိုဒ် (ဂ) 
အချင်းတို့၊ ကျွန်ုပ်သည် ဆီဖုလ၏ စကားကို ကြားသောအခါ ပီတိ အလွန်ဖြစ်သည်။ ဆီဖလကို ဆက်၍ ပြောဟောစေလိုသောအာသီသ ဖြစ်လာ သည်။ ထို့ကြောင့် ဆီဖလကို အောက်၍ ထုတ်လိုသဖြင့် ဤသို့လျှင် ကျွန်ုပ်က တောက်ကြည့်ပါသည်။ ဆိဖလ၊ အသင်၏ အဖြေကို လူခပ်များများက ကြိုက်ကြမည် မဟုတ်ပါ။ အိုခြင်းတည်းဟူသော ဝန်ထုပ်ဝန်ပိုးကို ပေါ့အောင် ပြုသောအရာသည် အသင်ဆိုခဲ့သော အိုသူ၏ စိတ်ထား သဘောထား မဟုတ် နိုင်၊ အိုသူ၌ရှိသော ပစ္စည်းဥစ္စာသာ ဖြစ်နိုင်သည်ဟု သူတို့က အထင်ရှိကြရာ သည်။ ချမ်းသာလျှင် အစစအရာရာ၌ အဆင်ပြေသည်၊ ချမ်းသာလျှင် စိတ် အေးရသည်ဟု ဆိုတတ်ကြသည် မဟုတ်ပါလော။ ။
ထိုအခါ ဆိဖလက ပြန်ပြောသည်မှာ ဆော့ခရတ္တိ၊ ဟုတ်ပေ၏။ ချမ်းသာလျှင် အစစအရာရာ၌ အဆင်ပြေသည်၊ ချမ်းသာလျှင် စိတ်အေးရသည်။ ထိုစကားသည် မှန်ပါသည်။ ထို့ကြောင့် ကျွန်ုပ်၏စကားကို မယုံဟု သူတို့က ဆိုလျှင် ဆိုနိုင်ပါသည်။ သူတို့၏စကားသည် ဟုတ်သလောက်လည်း ဟုတ်ပါ သည်။ သို့ရာတွင် သူတို့ထင်သလောက်ကား မဟုတ်ပါ။ အညတရဖြစ်သော ဆာရီဖန် ကျွန်းသားတစ်ဦးက အက်သင်းမြို့သားကြီးဖြစ်သော စစ်သေနာပတိ ဟောင်း သိမိတကလိကို ချိုးနှိမ်လိုသဖြင့် ငါ့တော့တော့ ပြောဖူးသည်မှာ “အချင်း သိမိတကလိ၊ အသင် ကျော်စောသည်မှာ အသင် တော်သောကြောင့် မဟုတ်၊ အသင် အက်သင်းမြို့ကြီးသား ဖြစ်သောကြောင့်သာပါ"ဟု ဆိုရာ သိမိတကလိက ထိုဆာရီဖန် ကျွန်းသားအား 'အချင်း ဆာရီဖန် ကျွန်းသား၊  အကျွန်ုပ်သည် အသင်တို့၏ ကျွန်းသားဖြစ်နေလျှင် ကျွန်ုပ်ကျော်စောမည်မဟုတ် ပါ၊ အသင်သည် အက်သင်းမြို့ကြီးသားဖြစ်နေလျှင်လည်း အသင်ကျော်စော မည်မဟုတ်ပါ'ဟု သိမိတကလိက ပြန်၍ချေပပါသည်။ ထိုနည်းတူစွာ ပစ္စည်း ဥစ္စာ မချမ်းသာသောအကြောင်းကြောင့်၊ အိုခြင်းဒုက္ခကို ဝန်ထုပ်ဝန်ပိုးပမာ ထမ်းရွက်နေကြရပါသည်ဟု ဆိုသောသူတို့အား ကျွန်ုပ်ကလည်း သိမိတကလိက ပြန်ပြောသကဲ့သို့ ပြန်ပြောနိုင်သည်မှာ အချင်းတို့၊ လူကောင်းပင်ဖြစ်လင့်ကစား ပစ္စည်းဥစ္စာ မရှိလျှင် အိုခြင်းဒုက္ခကို ခံနိုင်ရည်ရှိရန် မလွယ်ဟု အသင်တို့က ဆိုသည်ရှိသော် ပစ္စည်းဥစ္စာ ပေါများကြွယ်ဝလင့်ကစား လူဆိုးလူညံ့ဖြစ်လျှင် စိတ်ချမ်းသာခြင်းကို မရနိုင်ဟု ကျွန်ုပ်က ပြန်ပြောလိုက်မည်ဖြစ်သည်။ ဤသို့လျှင် ဆိဖလက ဆိုပါသည်။ ။
ထို့နောက် ကျွန်ုပ်က မေးပြန်သည်မှာ ဆိဖလ၊ ယခု အသင်၌ ပစ္စည်း ဥစ္စာ ပေါများနေခြင်းသည် အသင် အမွေရခဲ့သောကြောင့်လော အသင် ကိုယ်တိုင် ရှာမှီးခဲ့သောကြောင့်လောဟု မေးပါသည်။
ထိုအခါ ဆိဖလက ဆော့ခရတ္တိ၊ ကျွန်ုပ်၌ ပစ္စည်းဖြစ်လာပုံကို ပြောပါ မည်။ အသင် ချိန်ဆကြည့်ပါ။ စီးပွားရေးရာတွင် ကျွန်ုပ်သည် ကျွန်ုပ်၏အဖနှင့် အဘိုးတည်းဟူသော အစွန်းနှစ်ခု၏ အလယ်တွင် ရပ်တည် နေသူဖြစ်သည်။ ကျွန်ုပ်၏ အဘိုးသည် ကျွန်ုပ်မှာ ယခု ရှိနေသလောက်ဖြစ်သော ပစ္စည်းတို့ကို သူ့မိဘထံမှ အမွေရခဲ့သည်။ သူ့လက်ထက်တွင် ထိုပစ္စည်း တို့ကို နှစ်ဆမက တိုးပွားအောင် ပြုခဲ့သည်။ ထို့နောက် ကျွန်ုပ်၏ အဖ လက်ထက်တွင် ထိုပစ္စည်းတို့သည် ကျွန်ုပ်မှာ ယခု ရှိနေသည်ထက် လျော့နည်းသွားသည်။ အကယ်၍ ကျွန်ုပ်၏ သားများအား ကျွန်ုပ်၏ အဖထံမှ ကျွန်ုပ်၏ အမွေရခဲ့ သည်ထက် မလျော့မနည်းစေရဘဲ ပိုပိုမိုမို အမွေ ပေးနိုင်ခဲ့သည်ရှိသော် ကျွန်ုပ် ကျေနပ်ပါပြီ။
ထိုအခါ ကျွန်ုပ်က ပြောပြန်သည်မှာ ဆီဖလ၊ ထိုအမေးကို ကျွန်ုပ် မေးသည်မှာ အခြားကြောင့်မဟုတ်ပါ။ အသင်သည် ငွေကို စွဲစွဲလမ်းလမ်း စုံမက်ခြင်းမရှိဟု ကျွန်ုပ် အထင်ရှိသောကြောင့် ဖြစ်ပါသည်။ ပစ္စည်းဥစ္စာကို မိမိတို့ကိုယ်တိုင် မရှာမမှီခဲ့ကြသော သူများတွင် ယေဘုယျအားဖြင့် ထိုသဘော မျိုး ရှိတတ်သည်ကို ကျွန်ုပ် တွေ့ရသည်။ ကိုယ်တိုင်ရှာမှီးခဲ့ကြဃာ သူများ အဖို့မှာ ပစ္စည်းကို စုံမက်ကြသည့်အရာတွင် ပိုတတ်ကြပါသည်။ ပိုပုံမှာ ဤသို့ဖြစ်သည်။ လူတိုင်းလူတိုင်းသည် ပစ္စည်းကို အသုံးချချင်ကြသဖြင့် ပစ္စည်းကို စုံမက်ကြသည်မှာ မမ္မတာဖြစ်သည်။ ပစ္စည်းမှတစ်ဆင့် အမြတ်ပွားချင် ကြသဖြင့် ပစ္စည်.ကို စုံမက်ကြားမှာ ဘာပင်ဖြစ်သည်။ သို့ရာတွင်  ပစ္စည်းကို ကိုယ်တိုင်ရှာမှီးကြသော သူတို့၌ အစုံအမက်ပိုပုံမှာ ကဗျာစာဆိုသည် မိမိကိုယ်တိုင် ရေးဖွဲ့သည်ကို စွဲလမ်း၍ မိမိ၏စာကို စုံမက်သကဲ့သို့လည်းကောင်း၊ မိဘသည်မိမိတို့၏ ရင်သွေးဖြစ်သည်ကို စွဲလမ်း၍ မိမိတို့၏ သားသမီးကို စုံမက်သကဲ့သို့ လည်းကောင်း သူတို့ကိုယ်တိုင် ရှာ၍ ရသည်ကို စွဲလမ်း၍ သူတို့၏ ပစ္စည်းကို စုံမက်တတ်ကြခြင်းဖြစ်သည်။ ထိုသို့သော စွဲလမ်းစုံမက်ခြင်းမျိုး ရှိသောကြောင့် ထိုသူတို့သည် အပေါင်း အသင်းရခက်သောသူများ ဖြစ်သည်။
လောက၌ အနိဋ္ဌာရုံတစ်မျိုး ဖြစ်သည်။ ထိုသူတို့သည် ငွေကိုသာ အကောင်းထင်၍ အစစအရာရာကို ငွေဖြင့်သာ ချိန်စက်၍ အဖိုးဖြတ်ချင်ကြသည်။ ။
ထိုအခါ ဆိဖလက ကျွန်ုပ်အား ဆော့ခရတ္တိ၊ မှန်လှပေသည်ဟု ဆိုပါသည်။
ထိုအခါ ကျွန်ုပ်က ဆိဖလအား အလွန်မှန်ပါသည် ဆိဖလ၊ မေးချင်ပါ သေးသည်။ ပစ္စည်းဥစ္စာမှ ရအပ်သော စည်းစိမ်အပေါင်းတွင် မည်သို့သော ကျေးဇူးသည် အကြီးဆုံးဖြစ်ပါသလဲဟု မေးလိုက်ပါသည်။
ထိုအခါ ဆီဖလက ကျွန်ုပ်အား ဆော့ခရတ္တိ၊ အကယ်၍ ဤမည်သော ကျေးဇူးသည် အကြီးဆုံး ဖြစ်၏ဟု ကျွန်ုပ်က ဆိုအံ့။ ကျွန်ုပ်ဆိုသော အဆိုကို လက်ခံကြမည် မဟုတ်ဟု ကျွန်ုပ် ထင်သည်။ ကျွန်ုပ် ပြောချင်သည်မှာ ဤသို့ ဖြစ်သည်။ အကြင်သူသည် သေဘက်သို့နီးလာသော အရွယ်သို့ရောက်၏။ သေဘက်သို့ နီးလာပြီဟု သတိရ၏။ သေရေးကို တွေးစ ပြုလာ၏။ ထိုအခါ မည်သည့် အခါကမျှ မဖြစ်ခဲ့ဖူးသော ထိတ်လန့် တုန်လှုပ်ခြင်းသည် ထိုသူ၏ စိတ်၌ ဖြစ်လာတတ်သည်။ အောက်အဝီစိ ဟေဒီဘုံသည်ရှိ၏။ ဤဘဝ၌ မကောင်းမှုဒုစရိုက်ပြုခဲ့သည်ဖြစ်လျှင် (၁) တရားမဲ့ခြင်း အဓမ္မအမှုကို ပြုခဲ့သည် ဖြစ်လျှင် ဟေဒီဘုံ၌ငရဲခံကြရ၏ဟူသော စကားတို့သည် ထိုသူအဖို့မှာ ယခင် အခါကသော် ရယ်စရာ မောစရာ ပေါ့ပေါ့တန်တန်စကားမျှသာဖြစ်သော်လည်း သေရမည်ကို ကြောက်သော ကြောက်စိတ် ပေါ်လာသောအခါ၌ကား ဟေဒိဘုံသည် အကယ်ပင် ရှိလေသလောဟူသော သံသယ ကုက္ကုစ္စသည် ညှဉ်းပန်း နှိပ်စက်ခြင်းကို ပြုလာသည်။ ထိုအခါ ထိုသူသည် ဆောက်တည်ရာမရ ဖြစ်လာတတ်သည်။ ထိုသို့ ဖြစ်လာတတ်သည်မှာ အိုမင်း၍ မစွမ်းမသန်ဖြစ်လာ သောကြောင့်သော်လည်း ဖြစ်ရာသည်။ သေဘက်သို့ နီးလာ၍ အသိအမြင် ရှင်းလာသဖြင့် စိုးရိမ်စိတ်၊ ကြောင့်ကြစိတ်တို့သည် အစုလိုက် အပြုံလိုက်ဝင်လာ သောကြောင့်သော်လည်း ဖြစ်ရာသည်။ ထိုအခါ ထိုသူသည် မိမိ၏ အတိတ်ကို ပြန်လည် အောက်မေ့၍ မိမိ၏ အတိတ်ကို ပြန်၍ ကြည့်လာတတ်သည်။ သူတစ်ပါးကို ငါ မတရားပြုခဲ့မိသလောဟု သူ့ကိုယ်သူပြန်မေးလာတတ်သည်။
 မတရားသောအမှုတို့ကို ကြိမ်ဖန်များစွာ ငါပြုခဲ့ပြီဟု အမှတ်ရလာ၍ စိတ် မသန့် ဖြစ်လာလျှင် ထိုသူသည် အိပ်နေခိုက်၌ပင် လန့်ဖျပ်လူးလွန့်တတ်သော ကလေးကဲ့သို့ အထိတ်တလန့် ဖြစ်လာတတ်သည်။ ရှေ့ပြေးနိမိတ်ဆိုးတို့ကို မြင်လာတတ်သည်။ မတရားသောအမှုကို ငါ မပြုခဲ့ဟု သိ၍ စိတ်သန့်သော သူအဖို့မှာ ကဗျာစာဆို ပင်ဒါ ဆိုဖူးသည့်အတိုင်း ကောင်းသောလားရာသုဂတိ သို့ ငါရောက်နိုင်၏ဟူသော မျှော်လင့်စရာ အာရုံတစ်ခုခုသည် သူ၏ အိုမင်း မစွမ်း အရွယ်တွင် စိတ်ဖြေစရာ ဖြစ်သည်။ လက်ကသုံးတောင်ဝှေးကဲ့သို့ သူ့ကို ဖေးဖေးမမ ပြုရာသည်။ ပင်ဒါက ဆိုခဲ့သည်မှာ အကြင်သူသည် တရားကိုစောင့်၍ တရားနှင့်အညီ ကျင့်၏။ ထိုသူသည် တရား၏ အစောင့်အရှောက်ကို ရအံ့ဟု မျှော်လင့်နိုင်၍ စိတ်သက်သာရာ ရနိုင်သည်။ ဤသို့ဖြင့် မျှော်လင့်စရာအာရုံသည် သူ၏ အိုမင်းမစွမ်း အရွယ်တွင် သူ့အဖို့ မိတ်ကောင်းဆွေကောင်း ဖြစ်သည်။ မစမည့်သူ ဖြစ်သည်။ ထိတ်လန့် တုန်လှုပ်ခြင်းမီးကို ငြိမ်းမည့်သူ ဖြစ်သည်”
စာဆိုပင်ဒါသည် ထိုသို့ ဆိုခဲ့သည် မဟုတ်ပါလော။ ထူးခြားလှသော အဆိုအမိန့် မဟုတ်ပါလော။ ဤတွင် ပစ္စည်းဥစ္စာမှ ရအပ်သော ကျေးဇူးကြီးမား ပုံသည် ထင်ရှားလာပါပြီ။ ထိုကျေးဇူးသည် လူတိုင်း အဖို့ကား မဟုတ်။ တရားစောင့်သူ အဖို့သာ ဖြစ်သည်။ ထိုကျေးဇူးကား အခြားမဟုတ်။ ပစ္စည်း ဥစ္စာရှိသော အကြောင်းကြောင့် ပစ္စည်းရှာရာတွင် ကောက်ကျစ်စဉ်းလဲခြင်း၊ လိမ်လည်ခြင်းတို့ကို ပြုဖို့မလိုတော့ခြင်း ဖြစ်သည်။ ကောက်ကျစ်စဉ်းလဲမည်၊ လိမ်လည်မည်ဟု ကြံရွယ်ခြင်းမရှိပါဘဲလျက် ကောက်ကျစ် စဉ်းလဲမိခြင်း၊ လိမ်လည်မိခြင်းတို့ကိုပင် ပြုဖို့မလိုတော့ခြင်း ဖြစ်သည်။ ထို့ပြင် ဘဝတစ်ပါးသို့ ကူးသောအခါ နတ်ဒေဝါတို့ကို ပူဇော်စရာရှိပါလျက် ငွေမရှိ၍ ပူဇော်ခြင်း မပြုခဲ့ရဟု သော်လည်းကောင်း၊ ကြွေးမြို့ပေးဆပ်စရာ ရှိပါလျက် ငွေမရှိ၍ ပေးဆပ်ခြင်း မပြုခဲ့ရဟုသော်လည်းကောင်း ပူပန်ရန်မလိုတော့ခြင်းလည်းဖြစ်သည်။ ဤသို့ဖြင့် အသေ ဖြောင့်မည်ဟူသော နှလုံးသွင်းရှိနိုင်ခြင်းကြောင့် စိတ်အေးရခြင်းကျေးဇူးကို ခံစားနိုင်သည်။ အခြားတစ်ပါးသော ကျေးဇူးများလည်း ရှိကြပါ၏။ သို့ရာတွင် ချိန်စက်၍ကြည့်သောအခါ အသေဖြောင့်မည်ဟူသော နှလုံးသွင်းကြောင့် စိတ်အေးရခြင်း ကျေးဇူးသည် စဉ်းစားတတ်သောသူအဖို့မှာ အကြီးဆုံး၊ အမြတ်ဆုံးဖြစ်သည်ဟု ကျွန်ုပ်ယူပါသည်။
ထိုအခါ ကျွန်ုပ်က ဖလအား ကောင်းလေစွ ကောင်းလေစွဟု ဆို၍ သာဓုခေါ်လိုက်ပါသည်။
✥﹤--- www.ebooks4mm.org ---﹥✥

၁၉။ ဆော့ခရတ္တိ၏ ပညာရှိသဘော အယူအဆ 
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် ခမာယာစနာ သို့မဟုတ် ချေပချက် (Apology)ကထာမှ ကောက်နုတ်သော စာပိုဒ် အမှတ် ၄ မှ ၁၀ အထိ ဖြစ်သည်။ Apology ဟူသော အင်္ဂလိပ်ဝေါဟာရ၏ ပုဒ်အနက်ကိုလိုက်၍ ခမာ ယာစနာဟု ဆိုရာတွင် ဝန်ခံတောင်းပန်ချက်ဟု မြန်မာအနက်ရပါသည်။ စင်စစ်မှာ ဝန်ခံတောင်းပန်ချက် မဟုတ်။ ဆော့ခရတ္တိသည် တရားခုံရုံး ရှေ့မှောက်၌ သူ့ကိုယ်တိုင် ချေပခဲ့သောစကားတို့ဖြစ်သဖြင့် “ချေပချက်” ဟု အဓိပ္ပာယ် ကောက်သင့်ကြောင်းကို ပလေးတိုး အဋ္ဌကထာဆရာတို့က ဆိုကြပါသည်။ ထို့ကြောင့် ချေပချက်ကထာဟု ခေါ်လျှင်လည်း ရနိုင်သည် ထင်ပါသည်။
ချေပချက်ကထာနှင့် စပ်လျဉ်း၍ ကြိုတင်သိအပ်သော အချက်တစ်ခု မှာ ချေပချက်စကားတို့သည် အသက် ၇ဝ အရွယ်သို့ ရောက်ခဲ့ပြီဖြစ်သော ဆော့ခရတ္တိက တရားခုံရုံးရှေ့၌ တရားခံအဖြစ်ဖြင့် ချေပပြောဆိုခဲ့သော စကားများ ဖြစ်သည်ဟူသောအချက်ဖြစ်သည်။ တရားစွဲဆိုခြင်းခံရသော ဆော့ခရတ္တိကို စစ်မေးသော တရားခုံရုံးတွင် ရှေးခေတ်ဂရိတို့ ဒီမိုကရေစီစနစ် အရ အက်သင်းမြို့သား ၅ဝဝ ခန့်သည် တရားသူကြီးများ အဖြစ်ဖြင့်ပါဝင် ကြားနာကြသည်။ အထက်ကဆိုခဲ့သည့်အတိုင်း ထိုခေတ်ကသော် ရှေ့နေ စနစ် မရှိသေး။ ထို့ကြောင့် တရားခုံရုံးရှေ့၌ တရားလိုက စွဲချက်တင်၍ ပြောဆိုပြီးသောအခါ တရားခံက တရားလို၏ စွဲချက်တို့ကို မိမိကိုယ်တိုင် ပြန်လည်ချေပရသည်။
 ဆော့ခရတ္တိကို တရားစွဲသူသုံးဦးရှိသည်။ တစ်ဦးသည် အက်သင်း မြို့ နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်သော အနိုင်းတဖြစ်သည်။ နောက်တစ်ဦး သည် မထင်ရှားသော ပြဇာတ်ဆရာ မီလီတဖြစ်သည်။ ကျန်တစ်ဦးသည် အပြောကောင်းအဟောကောင်းဟု ထင်ရှားသော လိုင်ကုနူ ဖြစ်သည်။ အခါကာလမှာ ပဲလပါနိဆစစ်ပွဲကြီးအပြီးတွင် မင်းသုံးဆယ်အဖွဲ့ အုပ်စိုး ပြီးနောက် ဂရိဒီမိုကရေစီအစိုးရ ပြန်တက်လာသော အကူးအပြောင်းကာလ ဖြစ်သည်။ ထိုကာလတွင် အနိုင်းတသည် အက်သင်းမြို့ နိုင်ငံရေးသမား များနှင့် လက်မှုပညာသည်များတို့ကို ကိုယ်စားပြုပါသည်ဟုဆိုလည်း ကောင်း၊ မီလီတသည် ပြဇာတ်ဆရာ စာဆိုကဝိတို့ကို ကိုယ်စားပြုပါသည်ဟု ဆို၍လည်းကောင်း၊ လိုင်ကုနူးသည် ၀စနာလင်္ကာရ အဟောသင် အပြောသင် ဆိုဖီဆရာများတို့ကို ကိုယ်စားပြုပါသည်ဆို၍လည်းကောင်း သုံးဦးပေါင်း၍ စွဲချက်တင်ကြသည်။ စွဲချက်တွင် တရားခံဆော့ခရတ္တိသည် ဂရိနတ်ဒေဝါသစ် များကို ဖန်တီးခဲ့သူဖြစ်ကြောင်း၊ ဂရိလူငယ်လူရွယ်တို့၏ စိတ်ဓာတ်ကို ဖျက်ဆီးခဲ့သူဖြစ်ကြောင်း ပါရှိသည်။ ။
ဂရိတို့လောက၌ လူမှုသုဒုတရားတို့ကို တစ်သက်လုံး ပြောဟော ဆွေးနွေး၍ သင်ပြလာသော ဆော့ခရတ္တိသည် ထိုစွဲချက်ပါ အချက်နှစ်ခုကို တရားခုံရုံးရှေ့၌ ပြန်လည်ချေပသည်။ သို့ရာတွင် အဆိုပါအချက်နှစ်ခုကို မချေပသေးမီ သူ့အပေါ်၌ ပဲလပါနိဆ စစ်ပြီးခေတ် အက်သင်းမြို့နိုင်ငံရေး သမားအချို့က၊ ပြဇာတ်ဆရာ စာဆိုကဝိနှင့် ၀စနာလင်္ကာရဆရာအချို့က လက်မှုပညာသည်အချို့က အထင်မှားအမြင်မှား ဖြစ်ခဲ့ကြပုံကိုလည်းကောင်း၊ အထင်မှားမှု အမြင်မှားမှုကြောင့် သူ့အကြောင်း မကောင်းသတင်းလွှင့်၍ အမနာပစကားပြော၍ အရပ်သားများ နားယောင်အောင် ကုန်းချောခဲ့ကြပုံကို လည်းကောင်း၊ အမနာပစကားတို့ကြောင့် သူ့အပေါ်၌ အရပ်သားအချို့က မလိုတမာစိတ် ထားခဲ့ကြပုံကိုလည်းကောင်း ရှေးဦးစွာ ရှင်းပြသည်။
အောက်ပါကောက်နုတ်ချက် စာပိုဒ်များတွင် ဆော့ခရတ္တိ၏ ရှင်းပြ ချက်ကို တွေ့နိုင်သည်။ ထိုရှင်းပြချက်၌ပင် အဝိဇ္ဇာမသိတရားကို အဝိဇ္ဇာ မသိတရားမှန်းသိ၍ လက်ခံလာတတ်ခြင်းသည် (ဝါ) ကိုယ် မသိမှန်းကို သိလာခြင်းသည် ဝိဇ္ဇာအသိတရားအတွက်အသိသဲလွန်စ ရလာခြင်းဖြစ်သည် ဟုလည်းကောင်း၊ ထိုသဘောသည် ပညာရှိ၏ သဘောတစ်ရပ်ဖြစ်သည်ဟု လည်းကောင်း ဆော့ခရတ္တိက ဆိုခဲ့သည်ကို ဆင်ခြင်ရန် ဖြစ်သည်။
စာပိုဒ် ၄ 
ကျွန်ုပ်သည် ပညာစကားပြောဟောသင်ပြ၍ အဖိုးအခငွေကြေးယူသူ ဖြစ်သည်ဟု အရပ်ထဲ၌ သတင်းစကား ဖြစ်ခဲ့တန်ရာသည်။ ထိုသတင်းစကား သည်လည်း လုံးဝ မမှန်ပါ။ ပညာစကား ပြောဟောနိုင်သော အရည်အချင်း ရှိသဖြင့် အဖိုးအခငွေကြေး အပူဇော်ခံရခြင်းသည် ဂုဏ်တစ်ပါးဖြစ်၏ဟု ကျွန်ုပ်ယူ သည်။ ဂေါ့ဂျိယ အမည်ရှိသော ဆိုဖီဆရာကြီးသည် ရှိ၏။ ပရောဒိက အမည် သော ဆိုဖီဆရာကြီးသည် ရှိ၏။ တိပိအမည်ရှိသော ဆိုဖီဆရာကြီးသည်ရှိ၏။ ထိုဆိုဖီဆရာကြီးတို့သည် ဂရိတို့ဒေသရှိ မြို့တော်များသို့ လှည့်လည်သွား လာ၍ လူငယ်လူရွယ်တို့အား သူတို့၏ဇာတိရပ်ရွာများကို စွန့်ချင်ကြအောင် ပြောဟော သင်ပြခြင်းကို ပြုနိုင်ကြပါပေသည်။ ထိုအခါ များစွာကုန်သော လူငယ်လူရွယ်တို့သည် ထိုဆိုဖီဆရာကြီးတို့နောက်သို့လိုက်၍ အဖိုးအခငွေကြေး ပူဇော်၍ ပညာသင်ယူကြပါသည်။ ပညာရကြသောအခါ ကျေးဇူးစကားကို ဆိုကြပါသည်။ ပါရိအနှံ့ အမည်ရှိသော ဆိုဖီဆရာကြီးသည် အပြောအဟော အသင်အပြအလို့ငှာ ကျွန်ုပ်တို့၏ အက်သင်းမြို့တော်သို့ ယခုရောက်လာပြီဟု ကျွန်ုပ် ကြားရသည်။ အက်သင်းမြို့တော်တွင် ဆိုဖီဆရာကြီးတို့ကို အဖိုးအခါ ငွေကြေးဖြင့် ပူဇော်ရာ၌ အလွန်ရက်ရောသော ပုဂ္ဂိုလ်တစ်ဦး ရှိပါသည်။ ထိုပုဂ္ဂိုလ်၏အမည်သည် ကလှိအ ဖြစ်သည်။ ကလှိအသည် သားနှစ်ယောက်၏ အဖဖြစ်သဖြင့် ကျွန်ုပ်က မေးဖူးသည်မှာ အချင်း ကလှိအ၊ အသင်၏ သား နှစ်ယောက်သည် မြင်းငယ် နွားငယ်ဖြစ်ဘိမူ မြင်းကောင်း၊ နွားကောင်းတို့၏ ဂုဏ်သိက္ခာနှင့် ပြည့်စုံအောင် သင်ပြလေ့ကျင့်ပေးတတ်သော မြင်းဆရာ နွား ဆရာတို့ကို ရှာဖို့အရေးသည် ခဲယဉ်းလိမ့်မည် မဟုတ်။ ယခုမူ အသင်၏ သားနှစ်ယောက်သည် မနုဿလူသားဖြစ်သောကြောင့် အသင်သည် မည်သို့သော ဆရာကို ခေါ်ပါမည်နည်း။ လူတော်လူကောင်း ဖြစ်လာအောင် ပြုတတ်သော  ဂုဏ်သိက္ခာကို လည်းကောင်း၊ နိုင်ငံခေါင်းဆောင်ကောင်း ဖြစ်လာအောင် ပြုတတ်သော ဂုဏ်သိက္ခာကို လည်းကောင်း သိသော ပညာရှိသည် ရှိပါ၏လော။ အသင်သည် သားနှစ်ယောက်၏အဖ ဖြစ်သောကြောင့် ဤအရေးကို စဉ်းစားခဲ့ပြီဟု ကျွန်ုပ် ယူဆသည်။ ထိုပညာရှိသည် ရှိပါ၏လောဟု ကလှိအကို ကျွန်ုပ်က မေးဖူးပါသည်။ ထိုအခါ ကပ္ပီအက ဖြေသည်မှာ အချင်း ဆော့ခရတ္တိ၊ ရှိပါ၏။ ထိုအခါ မည်သူပေနည်း၊ အဖိုးအခ ငွေကြေး မည်မျှ ပူဇော်ရပါသနည်း ဟု ကျွန်ုပ်က မေးပြန်ရာ အီဗီန အမည်ရှိသော ဆိုဖီဆရာကြီး ဖြစ်သည်။ မိနေဒင်္ဂါးင းပြား ပူဇော်ရ၏ဟု ကပ္ပီအက ဖြေပါသည်။ အီဗီနသည် လူတော်လူကောင်း ဂုဏ် သိက္ခာကို လည်းကောင်း၊ နိုင်ငံခေါင်းဆောင်ကောင်း ဂုဏ်သိက္ခာကို လည်းကောင်း တတ်သိသသူဖြစ်လျှင် တစ်ဖန် ထိုမျှလောက်သော အဖိုးအခငွေကြေးကိုသာ အပူဇော်ခံ၍ ပြောဟော သင်ပြခြင်းကို ပြုလျှင် ကောင်းလေစွ။ ဆရာကြီးအီဗီနကို ကျွန်ုပ် ချီးကျူးပါ၏။ ကျွန်ုပ်၌ အီဗီန၏ ပညာမျိုး ရှိသည်ဖြစ်လျှင် ကျွန်ုပ်လည်း ဂုဏ်ယူချင် ပါသည်။ သို့ရာတွင် အက်သင်းမြို့သား တရားသူကြီးတို့ ကျွန်ုပ်၌ အီဗီန၏ပညာမျိုး မရှိပါ။
စာပိုဒ် ၅ 
ထိုစကားကို ကျွန်ုပ်ဆိုသောအခါ အသင်တို့ ပရိသတ်ထဲမှ တစ်ဦးတစ်ယောက် သောသူသည် ဤသို့ မေးခွန်းထုတ်နိုင်ပါ၏။ အချင်း ဆော့ခရတ္တိ၊ ထိုသို့ တပြီးကား၊ အသင်သည် အဘယ်အကြောင်းများကြောင့် တရားအစွဲ ခံရပါ သနည်း။ သာမန်အမှုလောက်သာ အသင်ပြုခဲ့သည်ဖြစ်လျှင် အသင့်အကြောင်း မကောင်းသတင်းသည် မထွက်ခဲ့တန်ရာ။ အသင်ပြုသော အမှုသည် သာမန် မဟုတ်သောကြောင့်သာ အသင့်အကြောင်း မကောင်းသတင်းသည် ထွက်ခဲ့ခြင်း ဖြစ်တန်ရာသည်။ ကျွန်ုပ်တို့သည် မတရားသည်ကို အလိုမရှိ၊ တရားသည်ကိုသာ အလိုရှိသည်။ ထို့ကြောင့် အသင့်ကိုယ်တိုင် သင်္ကာရှင်းသင့်သည် မဟုတ် ပါလောဟု မေးခွန်းထုတ်နိုင်ပါသည်။ ထုတ်သင့်သော မေးခွန်းပင်။ ကျွန်ုပ် သင်္ကာရှင်း ပါမည်။ နားစိုက်ကြပါကုန်။ ကျွန်ုပ်က သင်္ကာရှင်းသောအခါ ကျွန်ုပ်၏စကားသည် အချို့သောသူတို့အဖို့ ပြည်တီတီစကားမျှသာ ဖြစ်၏ဟု ထင်ဖွယ်ရှိပါ၏။ သို့ရာတွင် ကျွန်ုပ်သည် မှန်သောစကားကိုသာ ဆိုပါမည်။
အက်သင်းမြို့သားတို့၊ ကျွန်ုပ်အကြောင်း မကောင်းသတင်းထွက်ခဲ့သည် မှာ မည်သည့်အကြောင်းကြောင့်မျှမဟုတ်။ ကျွန်ုပ်တွင် အသိဉာဏ် တစ်မျိုး ရှိသောကြောင့် ဖြစ်ပါသည်။ ထိုအသိဉာဏ်သည် အဘယ်နည်းဟု မေးငြားအံ့။
 မနုဿလူသားတိုင်း၌ရှိသော သာမန် လူ့အသိဉာဏ်ဖြစ်၏ဟု ဖြေရအံ့ သကဲ့သို့ ဖြစ်ပါသည်။ ကျွန်ုပ်၌ ပညာရှိသည်ဟု ဆိုချင်ကြလျှင် ထိုအသိဉာဏ်မျိုး ရှိခြင်းသာ ဖြစ်နိုင်ပါသည်။ အထက်က ဆိုခဲ့သော ဆိုဖီဆရာကြီးတို့၌ကား ကျွန်ုပ်၏ အသိဉာဏ်ထက် လွန်ကဲသော အသိဉာဏ်ရှိ ကြသဖြင့် ထိုဆိုဖီ ဆရာကြီးတို့သည် အတိပဏ္ဍိတပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ လွန်ကဲသော အသိဉာဏ်ဟူသည် အဘယ်နည်း။ ထိုအသိဉာဏ်မျိုး ကျွန်ုပ်၌ မရှိသောကြောင့် ကျွန်ုပ် မသိပါ။ လွန်ကဲသော အသိဉာဏ်ရှင်ဟူ၍ ကျွန်ုပ်ကို ဆိုချင်ကြလျှင် ဆိုကြသော ထိုသူအပေါင်းသည် မဟုတ်မမှန်သောစကားကို ဆိုရာ ရောက်နိုင် သည်။ ကျွန်ုပ်အပေါ်၌ အရပ်က မလိုတမာစိတ် ထားချင်လာကြအောင် ပြုရာ ရောက်ပါသည်။ အက်သင်း မြို့သားတို့၊ ကျွန်ုပ်သည် စကားတစ်ခွန်းကို ဆိုချင်ပါ၏။ ထိုစကားကို မဆိုတန် ဆိုရသလောဟု မကဲ့ရဲ့ကြပါကုန်လင့်။ စင်စစ်မှာ ထိုစကားသည် ကျွန်ုပ်၏စကားမဟုတ်။ ဂရိလူမျိုးတို့ ကိုးကွယ်ကြ သော ဒယ်လဖီ နတ်နန်းရှင် အပေါ်လို နတ်မင်း (သူရိယဒေဝ)၏ စကား ဖြစ်ပါသည်။ ကျွန်ုပ်၌ရှိသော လူ့အသိဉာဏ်ကို ပညာဟူ၍ ခေါ်ရမည်လော။ ကျွန်ုပ် မသိပါ။ အကယ်၍ ပညာပါပေဟု ခေါ်လိုကြလျှင် ထိုပညာကို ကျွန်ုပ်သည် မည်သို့ ရခဲ့သနည်း။ ထိုပညာ၏သဘောသည် အဘယ်နည်း။ ထိုပုစ္ဆာတို့ကို ဖြေရန် ကျွန်ုပ် အားထုတ်ပါမည်။ အားထုတ်ရာတွင် ရှေးဦးစွာ အပေါ်လိုနတ်မင်း၏ အဟောစကားကို သက်သေအဖြစ် တင်ပြလိုပါသည်။
အသင်တို့သည် ခီရီဖုန္န အမည်ရှိသောသူကို ကောင်းစွာ သိကြပါလိမ့် မည်။ ခီရီဖုန္နသည် ငယ်စဉ်ကပင် ကျွန်ုပ်နှင့် ချစ်ကျွမ်းဝင်ခဲ့သူဖြစ်သည်။ အသင်တို့ ယုံကြည်အားကိုးသော ပါတီဝင် ရဲဘော်လည်း ဖြစ်သည်။ ယခင် မင်းသုံးဆယ်အဖွဲ့ လက်ထက်ကသော် အသင်တို့နှင့်အတူ ပြည်အနှက် ခံရ ပြီးသည့်နောက် ယခုအခါတွင် အသင်တို့နှင့်အတူအက်သင်းမြို့တော်သို့ ပြန် ရောက်လာသူဖြစ်သည်။ ခီရီဖုန္နသည် သူစိတ်ပါသော ကိစ္စမျိုးတွင် စိတ်နောက် ကိုယ်ပါ ထက်ထက်သန်သန် ပြုတတ်သူမဟုတ်ပါလော။ တစ်နေ့သ၌ ခီရီဖုန္ သည် ဒယ်လဖီနတ်နန်းသို့သွား၍ နတ်မေးခြင်းကို ပြုပါသည်။ အက်သင်းမြို့သား တို့၊ ငြိမ်ကြပါဘိ၊ နားစိုက်ကြပါဘိ။ ပညာအရာတွင် ကျွန်ုပ်ထက်သာသောသူ သည် လောက၌ရှိပါသလောဟု ခီရီဖုန္နသည် အပေါ်လိုနတ်မင်းကို မေးပါသည်။ ထိုအခါ နတ်ဝိဇ္ဇာကို ရသော ပိုက်သိအ ပုစ္ဆန်းနတ်ဆရာက ပညာအရာတွင် ဆော့ခရတ္တိထက် သာသောသူသည် လောက၌ မရှိဟု ဟောလိုက်ပါသည်။ ယခုအခါ၌ ခီရီဖုသည် ကွယ်လွန်ခဲ့ပြီ။ သို့ရာတွင် ခီရီဖုန္၏ အမေးသည်  လည်းကောင်း၊ အပေါ်လိုနတ်မင်း၏ အဟောစကားသည်လည်းကောင်း အကယ် ရှိခဲ့ဖူးကြောင်းကို ခံရီဖုနှင့် ညီအစ်ကိုတော်စပ်သူက သက်သေခံပါလိမ့်မည်။ ထိုသူသည် ဤတရားခုံရုံး၌ ယခု ရှိနေပါသည်။
စာပိုဒ် ၆ 
သက်သေအဖြစ်ဖြင့် နတ်မင်းအဟောစုကားကို ဤတရားခုံရုံး၌ တင်ပြရသည်မှာ ကျွန်ုပ်အပေါ်၌ အရပ်က မလိုတမာစိတ်ထားခဲ့ကြခြင်းသည် ကြာမြင့်သော ကာလကပင်ရှိခဲ့ကြောင်း ထင်ရှားစေလိုသောကြောင့် ဖြစ်ပါ သည်။ နတ်မင်း၏ အဟော စကားကို ကျွန်ုပ် ကြားရသော ထိုအခါကသော် ကျွန်ုပ်သည် “ဤသို့ တွေးကြည့်မိသည်။ အပေါ်လို နတ်မင်းသည် အဘယ်ကို ရည်၍ ဟောလိုက်ပါ သနည်း။ အသိခက်လှသော နတ်မင်း၏ စကားကို ငါသည် မည်သို့ အဓိပ္ပာယ် ကောက်ရပါမည်နည်း။ ငါ၌ ပညာဟူသည် အမြောက်အမြား လည်း မရှိ၊ စိုးစဉ်းမျှလည်း မရှိ။ ထို့ပြင် ငါ၌ ပညာ မရှိဟုလည်း ငါသိ၏။ ထိုသို့သော ငါ့အား ပညာအကြီးဆုံးဟု နတ်မင်းကဟောလိုက်သည်မှာ ပသို့ နည်း၊ အပေါ်လိုနတ်မင်းသည် မုသားစကားကို ဆိုမည် မဟုတ်၊ နတ်မင်း စင်လျက် မုသားစကားကို မဆိုတန်ရာ၊ ဤသို့လျှင် ကျွန်ုပ် တွေးကြည့်မိခဲ့ ပါသည်။ အဖန်တလဲလဲပင် တွေးကြည့်ပါသေးသည်။ သို့ရာတွင် သဘော မပေါက်ခဲ့ပါ။ ထို့ကြောင့် အပေါ်လိုနတ်မင်း၏ အဟောစကားကို စောဒက တက်ချင်စိတ် မရှိသော်လည်း စုံစမ်းလိုသော ဆန္ဒကား ပြင်းပြလာပါသည်။ ကျွန်ုပ် စုံစမ်းခဲ့ဖူးသည်မှာ ဤသို့ဖြစ်သည်။ ။
ရှေးဦးစွာ ကျွန်ုပ်၌ စိတ်အကြံဖြစ်ခဲ့သည်မှာ ငါသည် ပညာရှိကို တွေ့ အောင်ရှာမည်။ တွေ့လျှင် ဒယ်လဖီနတ်နန်းသို့သွား၍ အရှင်နတ်မင်း၊ နတ်မင်း သည် ကျွန်ုပ်ကို ပညာအရှိဆုံးဟု ဟောခဲ့ပါသော်လည်း စင်စစ်မှာ ဤပုဂ္ဂိုလ် သာလျှင် ပညာအရာ၌ အကျွန်ုပ်ထက် သာသူဖြစ်ပါ၏ဟု နတ်မင်းကို ဦးတိုက်လျှောက်ထားခြင်းကို ပြုမည်။ ဤသို့လျှင် ကျွန်ုပ်၌ စိတ်အကြံဖြစ်ခဲ့ ပါသည်။ ထို့နောက် ကျွန်ုပ်သည် ပညာကြီးပါပေသည်ဟု သတင်းကြီးသော ပုဂ္ဂိုလ်တစ်ဦးကို ချဉ်းကပ်ပါသည်။ ထိုပုဂ္ဂိုလ်၏ အမည်ကို ဖော်ပြရန် လိုမည် မထင်ပါ။ ထိုပုဂ္ဂိုလ်သည် နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ကျွန်ုပ်သည် ထိုပုဂ္ဂိုလ်ကို မေးမြန်းစိစစ်ခြင်းပြုကြည့်သောအခါ ဤသို့ သိလာရ ပါသည်။ ထိုပုဂ္ဂိုလ်သည် ပညာကြီးပါပေသည်ဟု အထင်အကြီးခံနေရသူသာ ဖြစ်သည်။ သူ့ကိုယ်သူ အထင်ကြီးနေသူသာ ဖြစ်သည်၊ စင်စစ်မှာ ထိုပုဂ္ဂိုလ်၌ ပညာ အကယ်ရှိသည် မဟုတ်။ ကျွန်ုပ်သည် ဤသို့ သိလာရပါသည်။ ထို့ကြောင့်  ထိုပုဂ္ဂိုလ်သည် အထင်အကြီးခံနေရသူသာဖြစ်ကြောင်း၊ သူ့ကိုယ်သူ အထင်ကြီး နေသူသာဖြစ်ကြောင်း သူ သိခွင့်ရလာအောင် ကျွန်ုပ်သည် မေးမြန်း စိစစ်၍ ထောက်ပြလိုက်ပါသည်။ ထိုအခါ မည်သို့ဖြစ်လာသည်ဟု ထင်ပါသနည်း။ ကျွန်ုပ်သာလျှင် ထိုပုဂ္ဂိုလ်၏ ရွံရှာမုန်းတီးခြင်းကို ခံလာရပါတော့သည်။ ထိုမျှ မကသေးပါ၊ သူ့ပရိသတ်၏ ရွံရှာမုန်းတီးခြင်းကိုပါ ခံလာရပါတော့သည်။ ထို့ကြောင့် ကျွန်ုပ်သည် ထိုပုဂ္ဂိုလ်ထံမှ ခွာ၍ ဤသို့ တွေးကြည့်မိပြန်သည်။ လူတော်လူကောင်း ဂုဏ်သိက္ခာအကြောင်းကို ငါလည်းမသိ၊ သူလည်းမသိ။ သို့ရာတွင် ငါက သူ့ထက် သာပါသေး၏တကား။ အဘယ့်ကြောင့်ဆိုသော် သူသည် မည်သည့်အရာကိုမျှမသိ။ မသိသော်လည်း သိသည်ဟု အထင်ရှိနေ သောကြောင့် ဖြစ်သည်။ ငါကား မသိလည်း မသိ၊ သိသည်ဟုလည်း အထင် မရှိသောကြောင့် ဖြစ်သည်။ ဤအချက်တွင် ငါက သူ့ထက် သာပေသေးသည်။ ဤသို့လျှင် တွေးကြည့်မိသည်။ ထို့နောက် ကျွန်ုပ်သည် ပညာအရာ၌ ထိုပုဂ္ဂိုလ်ထက် သာသေးသည်ဟု သတင်းကြီးသော ပုဂ္ဂိုလ်တစ်ဦးကို ချဉ်းကပ် ပြန်သည်။ ထိုပုဂ္ဂိုလ်ကို မေးမြန်းစိစစ်ခြင်း ပြုကြည့်သောအခါ၌လည်း ပထမ ပုဂ္ဂိုလ်ကဲ့သို့ပင် ဖြစ်သည်ကို သိရပါသည်။ ထိုအခါကလည်း ထိုပုဂ္ဂိုလ်၏ ရွံရှာ မုန်းတီးခြင်းကိုသာမက သူ့ ပရိသတ်၏ ရွံရှာမုန်းတီးခြင်းကိုပါ ခံခဲ့ရ ပြန်သည်။
စာပိုဒ် ၇ 
ထို့နောက် ကျွန်ုပ်သည် ပညာရှိဟူ၍ သတင်းကြီးကြကုန်သော ပုဂ္ဂိုလ်များ ထံသို့ အစဉ်တစိုက်သွား၍ မေးမြန်းစိစစ်ခြင်းကို ပြုကြည့်ပြန်သည်။ ပြုကြည့်သည့် အခါတိုင်း၌ ကျွန်ုပ် အမုန်းခံရခြင်းသာ အဖတ်တင်သည်ကို တွေ့လာရပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် စိတ်မသက်မသာဖြစ်၍ ထိတ်လန့်ခြင်းပင် ဖြစ်လာမိ သည်။ သို့ရာတွင် အပေါ်လိုနတ်မင်း၏ အလိုတော် အစစ်အမှန်ကို သိအောင် အားထုတ်ရခြင်းသည် ဦးစားပေးထိုက်သော၊ မြတ်သောအလုပ်ဖြစ်သည်ဟု ယူဆလျက် ကျွန်ုပ်သည် သတင်းကြီးကြသော ပညာရှိအခေါ်ခံသူတို့ထံ သွား၍ မေးမြန်းစိစစ်ခြင်းကို ဆက်လက်၍ ပြုကြည့်ပါသေးသည်။ အက်သင်း မြို့သားတို့၊ ကျွန်ုပ်သည် မှန်သောစကားကို ဆိုပါမည်။ မေးမြန်း စိစစ်ခြင်း ပြုသည့်အခါတိုင်း ယခင်ကကဲ့သို့ပင် တွေ့ခဲ့ရပါသည်။ ပညာရှိပါပေသည်ဟု သတင်းအကြီးဆုံးဖြစ်သော ပုဂ္ဂိုလ်တို့သည် အမိုက်ဆုံးဖြစ်၍ စိုးစဉ်းမျှ သတင်းကြီး သူတို့သည် ပညာအမြော်အမြင် အသင့်အတင့်ရှိ၍ အသင့်အတင့်တော်ကြသည်ကို သိလာရပါသည်။
 အက်သင်း မြို့သားတို့၊ ကျွန်ုပ်၏ ပညာရှိ ရှာပုံတော်အကြောင်းကို ဆက်၍ ဆိုပါဦးမည်။ ပညာရှိတို့ကို အပန်းတကြီး ဟီးတိုက်၍ ရှာပါသော်လည်း နောက်ဆုံး၌ အပေါ်လိုနတ်မင်း၏ အဟောကို မငြင်းသာ၊ မပယ်သာ လိုက်နာ လက်ခံရသော စခန်းသို့ ဆိုက်ခဲ့ရပုံကိုပါထည့်၍ ဆိုသွားပါမည်။ ပညာရှိပုဂ္ဂိုလ်ကို နိုင်ငံရေးလောကတွင် ရှာ၍မတွေ့သောအခါ ကျွန်ုပ်သည် စာဆိုကဝိလောကသို့ ခြေဦးလှည့်လိုက်ပါသည်။ လမ်းခရီးတွင် ကျွန်ုပ်သည် ဤသို့တွေးကြည့်ပြန် သည်။ ဧကန္တ၊ စာဆိုကဝိ လောကသို့ ငါ ရောက်လျှင် ပညာ မရှိသော ငါ၏ အဖြစ်သည် ထင်ရှား လာပေတော့အံ့။ ဤသို့လျှင် တွေးကြည့်မိသည်။ ထို့ကြောင့် ကျွန်ုပ်သည် စာဆိုကဝိတို့ အတင့်အတယ် အဖွယ်အရာ ဖွဲ့ဆိုခဲ့ ကြသော အဖွဲ့အနွဲ့ တို့ကို ယူ၍ အချင်းစာဆိုကဝိတို့၊ ဤအဖွဲ့ အဖွဲ့တို့သည် အသင်တို့၏ စာများ၌ ပါပါသည်၊ ဤအဖွဲ့အနွဲ့ တို့၏ အတင့်အတယ် အဖွယ်အရာသဘောသည် အဘယ်နည်း၊ ပြောပြပါဘိဟု စာဆိုကဝိတို့ကို ကျွန်ုပ်က မေတ္တာရပ်ပါသည်။ အက်သင်းမြို့သားတို့၊ အသင်တို့အား ဟုတ်တိုင်း မှန်ရာကို ဖော်ရမည်ဖြစ်လျှင် ရှက်ဖွယ်လိလိဖြစ်ပါ၏။ သို့ရာတွင် ဖော်ရမည် သာ။ စင်စစ်မှာ အဖွဲ့အနွဲ့တို့၏ အတင့်အတယ် အဖွယ်အရာသဘောကို အသင်တို့ကသာလျှင် စာဆိုကဝိတို့ထက် သာလွန် ကောင်းမွန်စွာ ပြောပြတတ် ကြမည် ဖြစ်ပါသည်။ စာဆိုကဝိတို့သည် တေးကဗျာ၊ ပြဇာတ် စသည် တို့ကို ပညာအမြော်အမြင်ဖြင့် ဖွဲ့ဆိုကြသည် မဟုတ်။ ပြည့်လျှမ်း လာသော တက်ကြွမှုစိတ်ဖြင့် (ဝါ) ဥဒါနစိတ်ဖြင့် ဖွဲ့ဆိုခြင်းသာဖြစ်သည်။ စာဆိုကဝိတို့ သည် နတ်၏ အပူးအဝင်ကို ခံရ၍ နတ်ဝိဇ္ဇာကို ရလာသော ပုစ္ဆန်းနတ်ဆရာ တို့နှင့် တူကြပါသည်။ ပုဂျွန်းနတ်ဆရာတို့သည် အပူးအဝင် ခံရသဖြင့် စိတ် တက်ကြွခြင်းရှိသော အခိုက်အတန့်၌သာ ထူးခြားသောစကားတို့ကို ဆိုတတ် ကြသည်။ သို့ရာတွင် မိမိတို့ဆိုခဲ့ကြသည်ကို မိမိတို့ကိုယ်တိုင် သိကြသည် မဟုတ်ပါ။ စာဆိုကဝိတို့သည်လည်း ထိုအတိုင်းသာ ဖြစ်တန်ရာသည်။ ဤသို့ လျှင် ကျွန်ုပ် သိခဲ့ရပါသည်။ ထို့ပြင် သိခဲ့သေးသည်မှာ စာဆိုကဝိတို့သည် တေးကဗျာ၊ ပြဇာတ် စသည်တို့ကို ဖွဲ့ဆိုတတ်ကြရုံမျှဖြင့် သူတို့မသိသော တစ်ပါးသော အရာတို့ကိုလည်း သူတို့အသိဖြစ်သည်ဟု အထင်ကြီးတတ်ကြ ခြင်း ဖြစ်သည်။ ထို့ကြောင့် ပညာအရာတွင် နိုင်ငံရေးလောက၌ ကျွန်ုပ်က သာသကဲ့သို့ စာဆိုကဝိလောက၌လည်း ကျွန်ုပ်ကပင် သာနေသေးသည်ဟု တွေးမိပါသည်။ ထိုသို့တွေး၍ စာဆိုလောကမှ ကျွန်ုပ် ခွာခဲ့ရပြန်ပါသည်။
 စာပိုဒ် ၈ 
နောက်ဆုံး၌ ကျွန်ုပ်သည် လက်မှုပညာသည် လောကကို ချဉ်းကပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တွင် မည်သည့် အရာကိုမျှ ငါ မသိဟူသော နှလုံးသွင်း ရှိသောကြောင့် ဖြစ်သည်။ ထို့ပြင် လက်မှုပညာသည်တို့သည် သူတို့၏ အတတ်ပညာနှင့် စပ်လျဉ်း၍ ကောင်းသည်၊ တင့်တယ်သည်တို့ကို အကယ် သိမြင်ကြသူများ ဖြစ်သည်ဟု ယူဆထားသောကြောင့်လည်း ဖြစ်ပါ သည်။ ထိုသူတို့နှင့်တွေ့၍ မေးမြန်းစိစစ်ခြင်း ပြုမိသောအခါ ကျွန်ုပ် ယူဆ ထားသည့်အတိုင်း ဟုတ်မှန်ကြောင်း သိရပါသည်။ လက်မှုပညာသည်တို့သည် ကျွန်ုပ် မသိသော၊ များလှစွာသော အရာတို့ကို ကောင်းစွာ သိကြသူများ ဖြစ်သည်။ ဤအချက်တွင် သူတို့သည် ကျွန်ုပ်ထက် သာကြပါပေသည်။ သို့ရာတွင် သတိပြုခဲ့မိသေးသည်မှာ အလွန်လက်မြောက်သော လက်မှု ပညာသည်များပင် စာဆိုကဝိတို့ကဲ့သို့ အထင်ကြီးတတ်ကြခြင်း ဖြစ်သည်။ ထိုသူတို့သည် လက်မှု ပညာကို တတ်သိကျွမ်းကျင်ရုံမျှဖြင့် အခြားအခြားသော အရေးပါအရာရောက် သော ကိစ္စများကိုပါ သိကြသည်ဟု အထင်ရှိချင်ကြသည်။ ထိုသူတို့၏ ပညာ အသိအမြင်သည် အတ္တမာန်လောင်းရိပ်၌ အမိခံနေရရှာသည်။ ထို့ကြောင့် အပေါ်လိုနတ်မင်း၏ ပုစ္ဆာန်နတ်ဆရာနေရာကို ကျွန်ုပ် ယူ၍ မိမိကိုယ်ကို မိမိ မေးကြည့်သည်မှာ အချင်းဆော့ခရတ္တိ၊ ယခင်အခါများကသော် နိုင်ငံရေးလောက ၌လည်းကောင်း၊ စာဆိုကဝိလောက၌လည်းကောင်း၊ လက်မှုပညာသည်လောက၌ လည်းကောင်း သတင်းကြီးကြသော ထိုထိုသော ပုဂ္ဂိုလ်ကျော်တို့ သိသော အတတ်ပညာမျိုးသည် အသင်၌ မရှိဖြစ်ခဲ့၏။ မိုက်မဲခြင်းမျိုးလည်း အသင်၌ မရှိ ဖြစ်ခဲ့၏။ ထိုအသင်သည် ယခင်အခါများက ကဲ့သို့ပင် ဖြစ်လိုသလော၊ ထိုပုဂ္ဂိုလ်တို့ကဲ့သို့ အတတ်ပညာလည်းရှိ၍ မိုက်မဲခြင်းလည်းရှိသော အဖြစ်ကို ယူလိုသလောဟု မေးကြသင့်သည်။ ထိုအခါ ကျွန်ုပ်ကပင် ပုစ္ဆန်းနတ်ဆရာ နေရာမှဆင်း၍ အရှင်နတ်မင်း၊ ယခင်အခါများက ကဲ့သို့ပင် ထိုထိုသော ပုဂ္ဂိုလ်ကျော်တို့ သိသော အတတ်ပညာမျိုးလည်း မရှိ၊ မိုက်မဲခြင်းမျိုးလည်း မရှိသည်၏ အဖြစ် ကိုသာ ယူပါရစေဟု နတ်မင်းအား အဖြေပေးဘိသကဲ့သို့ မိမိကိုယ်ကို မိမိ အဖြေပေးလိုက် ပါသည်။
စာပိုဒ် ၉ 
အက်သင်း မြို့သားတို့၊ ကျွန်ုပ်သည် ဆိုခဲ့သည့်အတိုင်း မေးမြန်းစိစစ်ခြင်းကို ပြုဖန်များလတ်သော် ကျွန်ုပ်ကို ရပ်ရွာ၏ ရန်သူဟု လည်းကောင်း၊ နိုင်ငံတော်၏ ရန်သူဟု လည်းကောင်း သဘောထားလာကြ ပါသည်။ ကျွန်ုပ် အကြောင်း  မကောင်းသတင်း လွှင့်လာကြ ပါသည်။ ပညာ ရှိပါပေသည်ဟု သတင်း ကြီးကြသော ပုဂ္ဂိုလ်တို့ကို ကျွန်ုပ်က မေးမြန်းစိစစ်ခြင်းပြုလျက် ထိုပုဂ္ဂိုလ်တို့၌ ပညာအမြော်အမြင် ဟူ၍ အကယ်မရှိကြောင်း သူတို့သိခွင့်ရကြအောင် ကျွန်ုပ်က ထောက်ပြနိုင်သော အခါတိုင်း ကျွန်ုပ်ကို ပညာဓိပတိပါပေ၊ ကဝိကြီးတစ်ဆူ ပါပေဟု ပြောလာကြသည်။ အဘယ့်ကြောင့်ဆိုသော် သတင်းကြီးသူများ၌ မရှိသော၊ လိုနေသေးသော ပညာသဘောသည် ကျွန်ုပ်၌ရှိသည်ဟု ကျွန်ုပ်၏ အမေးအမြန်းကို ကြားသိကြသော ပရိသတ်က အထင်ရှိလာကြသောကြောင့် ဖြစ်သည်။ အက်သင်း မြို့သားတို့၊ စင်စစ်မှာ အပေါ်လို နတ်မင်းသာလျှင် လောကခပ်သိမ်း လူခပ်သိမ်းကိုသိ၍ ပညာရှိသူဖြစ်သည်။ ယခင်အခါ နတ်မေး စဉ်ကသော် အပေါ်လိုနတ်မင်းသည် ပုဇွန်းနတ်ဆရာမှတစ်ဆင့် ဟောခဲ့ရာ၌ ပုထုဇဉ် လူသားတို့၏ ပညာ အမြော်အမြင်သည် သာမညသာ ဖြစ်သည်။ အချည်းနှီးသာဖြစ်သည်ဟု ဟောလိုခြင်း ဖြစ်တန်ရာသည်။ နတ်မင်း၏ အဟောစကား၌ ဆော့ခရတ္တိ အမည်ကို ထည့်၍ ဆိုခဲ့ပါ၏။ သို့ရာတွင် ဆော့ခရတ္တိ အမည်ရှိသော အကျွန်ုပ်ကို ပညာအကြီးဆုံးဟု ဆိုလိုဟန် မတူပါ။ ကျွန်ုပ်ကို ဥပမာအဖြစ်သုံး၍ ဟောခဲ့ခြင်းမျှသာ ဖြစ်တန်ရာသည်။ အကြင်သူသည် မိမိ၏ပညာအမြော်အမြင်ကို သာမညသာ၊ အချည်းနှီးသာဟူ၍ ဆော့ခရတ္တိကဲ့သို့ သဘောပေါက်သူဖြစ်၏။ ထိုသူကိုသာ ပညာအကြီးဆုံးဟု နတ်မင်းက ဆိုချင်ရင်းဖြစ်ပါသည်။ သို့ကြောင့် အကျွန်ုပ်သည် အပေါ်လိုနတ်မင်း ကို ရိုသေမြတ်နိုးသောအားဖြင့် အရပ် လေးမျက်နှာသို့ လှည့်၍ ပညာရှိဟု အသမုတ်ခံကြရသော ပုဂ္ဂိုလ်တို့ကို ရှာပုံတော်ကြီးဖြင့် ရှာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အက်သင်းပြည်သားကိုဖြစ်စေ၊ တိုင်းတစ်ပါးသားကိုဖြစ်စေ ရှာ၍ တွေ့သောအခါတိုင်း ပညာရှိမရှိ မေးမြန်းစိစစ်ခြင်းကို ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ပညာ မရှိသည်၏အဖြစ်ကို သိသောအခါတိုင်း နတ်မင်း၏ အလိုတော်ကို ထောက်ခံသောအားဖြင့် ထိုပုဂ္ဂိုလ်၌ ပညာဟူ၍ အကယ်မရှိ ကြောင်း ထိုပုဂ္ဂိုလ် သိခွင့်ရအောင် ထောက်ပြခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်သည် ပြည်သူခပ်သိမ်း၏ အကျိုးစီးပွားကိုလည်းကောင်း၊ မိမိ၏အကျိုး စီးပွားကိုလည်းကောင်း မဆောင်မရွက်နိုင်ဖြစ်ခဲ့ရသည်။ အပေါ်လိုနတ်မင်း၏ ဝေယျာဝစ္စ တစ်ခုတည်းကိုသာ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည် ဖြစ်ရာ ယခုအခါ၌ ကျွန်ုပ်မှာသာ ဆင်းရဲမွဲတေ၍ အခြေမလှသောဘဝသို့ ဆိုက်ခဲ့ရသည်။
ကို ရှိနေဆိုချင်ရင်းဖြစ်ပါသူဖြစ်၏။ ထိုသူများ၊ အချည်းနှီးသာ  
စာပိုဒ် ၁၀ 
အက်သင်း မြို့သားတို့၊ ကျွန်ုပ်တွင် ဆိုစရာ ရှိပါသေး၏။ လူငယ် အချို့သည် လူချမ်းသာတို့၏သားများ ဖြစ်ကြသဖြင့် အချိန်ပို အချိန်အားရှိသူများ ဖြစ်သည်။ ထိုလူငယ်တို့သည် သူတို့ အလိုအလျောက် ကျွန်ုပ် နောက်သို့ တကောက် ကောက် လိုက်၍ ကျွန်ုပ်တို့ ပြောဟောကြသည်ကို နာတတ်ကြပါသည်။ ထိုနောက် ကျွန်ုပ်၏ မေးပုံမေးနည်း၊ စိစစ်ပုံစိစစ်နည်းကို သဘောကျကြသော ထိုလူငယ်တို့သည် တစ်ပါးသောအရပ်များတွင် ကျွန်ုပ်ကိုတု၍ သူတို့ကိုယ်တိုင် စမ်းကြည့်ကြပါသည်။ ထိုအခါ မသိသော်လည်း သိသည်ဟု အထင်ရှိနေကြ ကုန်သော၊ စိုးစဉ်းမျှသာသိသော်လည်း သိသည်ဟု အထင်ရှိနေကြကုန်သော သူအပေါင်းကို ထိုသူငယ်တို့သည် မျက်ဝါးထင်ထင် မြင်လာကြပါသည်။ ထိုအခါ မည်သို့ ဖြစ်လာပါသနည်း။ ထိုလူငယ်တို့၏ မေးမြန်း စိစစ်ခြင်းကို ခံကြရသော သူတို့သည် မိမိတို့ကိုယ်ကိုကား စိတ်မခုလိုကြ ကျွန်ုပ်ကိုသာ စိတ်ခုလာကြပါသည်၊ လူမွေကြီး လူဖွေကြီးဟု ကျွန်ုပ်ကို ခေါ်လာကြပါသည်။ လူငယ်တို့ကို ဖျက်ဆီးနေပါပြီဟု ကျွန်ုပ်ကို လက်ညှိုးထိုးလာကြပါသည်။ လူမွှေကြီး လူဖွေကြီးဟု အခေါ်ခံရလောက်အောင် မည်သို့သော အပြုအမူကို ကျွန်ုပ် ပြုမူသောကြောင့်ပါနည်း၊ လူငယ်တို့ကို ဖျက်ဆီးသည်ဟု လက်ညှိုး အထိုးခံရလောက်အောင် မည်သို့သောစကားကို ကျွန်ုပ် ပြောဟောသောကြောင့် ပါနည်း။ ကျွန်ုပ်က ထိုသို့မေးပါသည်။ ထိုအခါ ထိုသူတို့သည် မည်သို့သော အပြုအမူကြောင့်ဟူ၍လည်း မသိ။ မည်သို့သောစကားကို ပြောဟောသောကြောင့် ဟူ၍လည်း မသိ၊ မသိသဖြင့် မဖြေတတ်၊ မဖြေတတ်သဖြင့် မဖြေနိုင်။ တစ်ဖန် လက်မှိုင်ချ၍လည်း မနေချင်ကြသဖြင့် ထိုသူတို့သည် တက္ကသီလဝန္တပုဂ္ဂိုလ်တို့ကို ပုတ်ခတ်လိုသောအခါ၊ သိက္ခာချလိုသောအခါ အရပ်ထဲ၌ ဆိုမြဲ စောင်းမြဲဖြစ်သော သိမ်ဖျင်းသော နှုတ်ပြစ် ကုန်းချောစကားတို့ကို ဆိုလာကြပါသည်။ အထက် ဘဝဂ်ကို ကြံစည်သူတည့်။ အောက် အဝီစိကို ကြံစည်သူတည့်။ နတ်ဒေဝါတို့ကို မယုံသူတည့်။ အယုတ်ကို အမြတ်ဖြစ်အောင် ပြောတတ်သူတည့်။ ထိုသို့လျှင် ကျွန်ုပ် အကြောင်းကို အမနာပ ပြောလာတတ်ကြ ပါသည်။ ထိုသူတို့သည် မိမိတို့၏ သိယောင်ကားဇာတိ၊ တတ်ယောင်ကားဇာတိ ပေါ်ကုန်မည်စိုးသဖြင့် မသိသည်ကို မသိဟု ဝန်မခံလိုသောသူများသာ ဖြစ်သည်။ ထိုသို့သော လူမျိုး သည် လောက၌များလှစွာ၏။ ထိုသူတို့သည် အကျော်တစောကို မက်မောသူများ လည်းဖြစ်၏။ အကျော်တစောအတွက် လုံ့လကြီးသူများလည်းဖြစ်၏။ တစ်ဖန် အပြောအဟော ပါးနပ်လိမ္မာသူများလည်း ဖြစ်ပြန်ရာ ထိုသူတို့၏ စကားကိုသာ  လူသိများ၍ ထိုသူတို့၏ စကားကသာ အောင်ခဲ့ပါသည်။ ထိုအခါ ကျွန်ုပ် အကြောင်း မကောင်းသတင်းတို့သည် အသင်တို့ကို နားသွင်းပြီးသား ဖြစ်လာ ကြရသည်။ ထို့ကြောင့်သာလျှင် ကျွန်ုပ်ကို အမှုလုပ်ချင်ကြသော မီလီတသည် လည်းကောင်း၊ အနိုင်းတသည်လည်းကောင်း၊ လိုင်ကုဋသည်လည်းကောင်း ဤတရားခုံရုံးတွင် တရားစွဲဆိုခွင့်ကို ရခဲ့ကြခြင်းဖြစ်သည်။ မီလီတသည် စာဆိုကဝိတို့ကိုယ်စား ကျွန်ုပ်ကို ရန်ရှာ၍ တရားတွေ့သူဖြစ်သည်။ အပေါင်းတသည် နိုင်ငံရေးသမားနှင့် လက်မှုပညာသည်တို့ကိုယ်စား ကျွန်ုပ်ကို ရန်ရှာ၍ တရား တွေ့သူ ဖြစ်သည်။ လိုင်ကုဋသည် ဝစနာ လင်္ကာရဆရာတို့ ကိုယ်စား ကျွန်ုပ်ကို ရန်ရှာ၍ တရားတွေ့သူဖြစ်သည်။အထက်က ကျွန်ုပ် အစီရင်ခံခဲ့သည့် အတိုင်း ကျွန်ုပ် အပေါ်၌ ထားခဲ့ကြသော မလိုတမာစိတ်တို့သည် အနှစ်နှစ် အလလကပင် စုလျက်ပုံလျက် ရှိခဲ့ကြသည်မှာ ထင်ရှားသိသာလောက်ပါပြီ။ ထိုမျှလောက် အားကောင်းနေပြီဖြစ်သော မလိုတမာစိတ်တို့ကို ယခုချက်ချင်း ပပျောက်သွားအောင် နာရီပိုင်းမျှသောအချိန်အတွင်း၌ ကျွန်ုပ်သည် မည်သို့မျှ ချေပနိုင်မည် မဟုတ်ပါ။
အက်သင်းမြို့သား တရားသူကြီးတို့၊ ကျွန်ုပ်သည် အသင်တို့ရှေ့မှောက် တွင် ဟုတ်တိုင်းမှန်ရာကို အစီရင်ခံခဲ့ပါပြီ။ မည်သည့် အကြောင်းအချက်ကိုမျှ ကြီးသောကြောင့်ဟူ၍လည်းကောင်း၊ ငယ်သောကြောင့်ဟူ၍သော်လည်းကောင်း ထိမ်ချန်ခဲ့ခြင်းလည်းမရှိ၊ လှည့်စားခဲ့ခြင်းလည်းမရှိ၊ တိတိကျကျ ရိုးရိုးမတ်မတ် ဆိုခဲ့ခြင်းဖြစ်သည်။ ထိုသို့သော အပြောအဆိုမျိုးကြောင့် ကျွန်ုပ်ကို ဝိုင်း၍ မုန်း ကြသည်ဟု ကျွန်ုပ်သိပါ၏။ ထိုသို့ ဝိုင်း၍မုန်းခဲ့ကြသည်ဟူသော အချက်ကပင် အမှန်ကိုသာ ကျွန်ုပ် ဆိုခဲ့ကြောင်း၊ ထို့ကြောင့်သာ ကျွန်ုပ်အပေါ်၌ မလိုတမာစိတ် ထားခဲ့ကြကြောင်း ထောက်ပြနိုင်သော သက်သေခံဖြစ်ပါသည်။ အသင်တို့သည် ထိုအကြောင်းတို့ကို ယခုချက်ချင်းလည်း စုံစမ်းနိုင်ကြပါသည်။ နောင်အခါ၌လည်း စုံစမ်းနိုင်ကြပါသည်။ စုံစမ်းကြသည်ဖြစ်လျှင် ဟုတ်မှန်ကြောင်း အသင်တို့ သိလာကြပါလိမ့်မည်။
✥﹤--- www.ebooks4mm.org ---﹥✥

၂၀။ ဆော့ခရတ္တိ၏ မှက်ရဲဥပမာ 
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် ချေပချက် (Apology) ကထာမှပင် ဖြစ်သည်။ စာပိုဒ်အမှတ် ၁၆၊ ၁၇၊ ၁၈ တို့ ဖြစ်သည်။ ဆော့ခရတ္တိကို တရားစွဲကြရာတွင် ဆော့ခရတ္တိသည် နတ်ဒေဝါအသစ်တို့ကို ဖန်တီးနေသူ ဖြစ်ကြောင်း၊ လူငယ်လူရွယ်တို့၏ စိတ်ဓာတ်ကို ဖျက်ဆီးနေသူဖြစ်ကြောင်း၊ တရားခုံရုံးရှေ့၌ စွပ်စွဲခဲ့ကြသဖြင့် ဆော့ခရတ္တိက ပြန်လည်ချေပခြင်းကို ပြုခဲ့သည်။ ချေပခြင်းကို ပြုရာတွင် တရားလိုတစ်ဦးဖြစ်သော မီလီတကို အပြန်အလှန် မေးခွန်းထုတ်၍ ချေပသောအခါ မီလီတသည် ပြေလည်အောင် မဖြေနိုင် ဖြစ်ခဲ့ရသည်။
အောက်ပါစာပိုဒ်များသည် ဆော့ခရတ္တိက ဆက်၍ချေပသောစကား များပင် ဖြစ်သည်။ ထိုစာပိုဒ်များတွင် ဆော့ခရတ္တိ လူသိရှင်ကြား ဟောလေ့ရှိသော တရားကိုလည်းကောင်း၊ ဆော့ခရတ္တိ၏ ဘဝအဓိဋ္ဌာန်ကို လည်းကောင်း တွေ့နိုင်သည်။ စိတ်ကောင်းမွေးကြဖို့အရေးကို အက်သင်း မြို့သားတို့ ဦးစားပေးသင့်ကြောင်း၊ မြင်းကောင်းကို အမြဲမပြတ် ဖျတ်လတ် ခြင်းဖြစ်နေအောင် မြက်ရဲသည် ထိုမြင်းကောင်းကို ကိုက်ခဲတတ်သကဲ့သို့ အက်သင်းမြို့သားတို့ကို မမေ့မလျော့သော သတိဖြစ်နေကြအောင် ဆော့ ခရတ္တိက အမြဲမပြတ် ဝေဖန်နှိုးဆော်ခြင်းပြုနေမည်ဖြစ်ကြောင်း ဆော့ခရတ္တိ ဆိုခဲ့သည်ကို ဆင်ခြင်ရန် ဖြစ်သည်။
စာပိုဒ် ၁၆ 
အက်သင်း မြို့သားတို့၊ ကျွန်ုပ်၌ အပြစ် မရှိကြောင်း ကျွန်ုပ်က ချေပခဲ့ရာတွင် မီလီတ၏ စွပ်စွဲချက်သည် ပျက်လောက်ပါပြီ။ ဆက်၍ ချေပရန် လိုတော့မည် မထင်ပါ။ သို့ရာတွင် ထိုထိုသော ပညာရှိ အခေါ်ခံသူများက လည်းကောင်း၊ ထိုသူတို့၏ ပရိသတ်များကလည်းကောင်း ကျွန်ုပ်၏ ပညာကြောင့် ကျွန်ုပ်ကို မုန်းခဲ့ကြသည်မှာကား အကယ်ပင် ဖြစ်သည်။ ကျွန်ုပ်၏ အသက်နှင့်ခန္ဓာသည် ပျက်စီးခြင်းသို့ ရောက်ရသည်ဖြစ်လျှင် မီလီတကြောင့်လည်း မဟုတ်နိုင်ပါ။ ဆိုခဲ့သော ပရိသတ်တို့၏ မလိုတမာစိတ်၊ ဣဿာမစ္ဆေရစိတ်တို့ကြောင့်သာ ဖြစ်ရာသည်။ မလိုတမာစိတ်၊ ဣဿာမစ္ဆေရ စိတ်တို့သည် များစွာကုန်သော ဓမ္မိကပုဂ္ဂိုလ်တို့၏ အသက်နှင့်ခန္ဓာကို ဖျက်ဆီး ခဲ့ကြပြီ၊ နောင်အဖို့၌လည်း ဖျက်ဆီးကြဦးမည်သာ ဖြစ်သည်။ ကျွန်ုပ်ကို ဖျက်ဆီးပြီးလျှင် အဖျက်ဇာတ်လမ်း ဆုံးပြီဟု ယူ၍ အသင်တို့ စိုးရိမ်ခြင်းမဖြစ်ကြပါ ကုန်လင့်။ ။
ထိုသို့တပြီးကား၊ အသင်တို့ ပရိသတ်ထဲမှ တစ်ဦးတစ်ယောက်သောသူက ကျွန်ုပ်ကို ဤသို့ မေးနိုင် ပါသည်။ အချင်း ဆော့ခရတ္တိ၊ အသင်၏ ပညာလမ်းစဉ်သည် အသင်၏ အသက်နှင့်ခန္ဓာကို ပျက်စီးချိန် မတိုင်မီ ဖျက်ဆီး တန်ရာ၏ဟု အသင်သိ၏။ ထိုသို့သိပါလျက် ထိုပညာလမ်းစဉ်ကို အသင် အဘယ်ကြောင့် လိုက်သနည်း။ အသင် မကြောက်သလော၊ မရှက်သလော၊ ဤသို့ မေးနိုင်ပါသည်။ ထိုအခါ ကျွန်ုပ်သည် ဤသို့ဖြေလိုပါသည်။ အချင်းတို့၊ အသင်တို့၏စကားသည် မသင့်။ အကြင်သူသည် လောက၌ လူဖြစ်ကျိုးနပ်လိုသူ ဖြစ်၏။ ထိုသူသည် သေရေးရှင်ရေးကို ထည့်၍မတွေးအပ်။ မိမိ၏ ကိုယ်နှုတ် နှလုံးအမူအရာသည် တရားနှင့်ယှဉ်သလော၊ မယှဉ်သလောဟူသောအချက်ကိုသာ တွေးအပ်သည်။ အသင်တို့၏ အယူအတိုင်း ယူရသည်ရှိသော် ထရွိုင် စစ်ပွဲ၌  အသက်စွန့်ကြကုန်သော နတ်မျိုးအာဇာနည်တို့သည် အချည်းနှီးသောသူများသာ ဖြစ်ချိမ့်မည်။ အထူးသဖြင့် ထိုအာဇာနည်များအနက် အသက်ထက် အရှက်ကို ငဲ့သော အာခီလိသည် အချည်းနှီးသောသူသာ ဖြစ်ချိမ့်မည်။ ပါထရော့ကလသည် ရန်သူ ဖြစ်သော ဟက္ကတာ၏ လက်ချက်ဖြင့် စစ်ပွဲ၌ကျပြီဟု ကြားသောအခါ ရဲဘက်အဆွေခင်ပွန်းကောင်းဖြစ်သော အာခီလိသည် ဟက္ကတာကို ဒေါသဖြစ်၍ လက်စားချေခြင်းဖြင့် ဆုံးမချင်သောစိတ်သည် ပြင်းပြလာပါသည်။ ထိုအခါ အာခီလိ၏ မယ်တော်ဖြစ်သော သက်တစ္စနတ်သမီးသည် သားတော်ကို တားပါသည်။ ကျွန်ုပ် မှတ်မိသလောက် ပြန်ပြောပါမည်။ မယ်တော် သက်တစ္စ နတ်သမီးက ဆိုသည်မှာ ချစ်သားအာခီလိ၊ လက်စားချေ၍ ဆုံးမလိုသော သားတော်သည် ဟက္ကတာကို သတ်လျှင် သားတော်လည်း အသတ်ခံရလိမ့်မည်။ ဟက္ကတာနောက်သို့ သားတော် လိုက်ရမည့် အရေးကို ကြမ္မာဂြိုဟ်ဆိုးသည် စောင့်မျှော်လျက်နေသည်။ မယ်တော်နတ်သမီးသည် ဤသို့ သတိပေးပါသည်။
သို့ရာတွင် အာခီလိသည် သေရေးကို မမှု၊ သေဘေးကို မကြောက်။ အရှက်နှင့် လူလုပ်နေရမည်ကိုသာ ကြောက်သည်။ ထို့ကြောင့် အာခံလိက ဆိုသည်မှာ သားတော်သည် ရန်သူကို လက်စားချေ၍ သေလိုက်ချင်ပါသေး၏။ ရောင်စုံခြယ်တိုက်သင်္ဘောများရှိရာ ရေတပ်စခန်းတွင် တပ်စွဲလျက် ရယ်ဖွယ်ကြီး အဖြစ်မခံလိုပါ၊ ဆန်ကုန်မြေလေး မဖြစ်လိုပါဟု ဆိုပါသည်။ အက်သင်းမြို့သား တို့၊ အာခီလိသည် ဤကိစ္စတွင် သေရေးကို ထည့်တွေးခဲ့သည်ဟု အသင်တို့ ထင်ကြပါသလော။ ယောက်ျားကောင်းမည်သည်မှာ မိမိအလိုရှိရာ စစ်မြေပြင်၌ ဖြစ်စေ၊ မိမိ၏ ဗိုလ်မှူးစစ်ကဲက တာဝန်ပေးထားရာ စစ်မြေပြင်၌ဖြစ်စေ သေဘေးကို ရင်ဆိုင်ရမည်သာ ဖြစ်သည်။ သေရေးကို ထည့်၍မအပ်။ ရှက်ဖွယ်အရေး ကိုသာ တွေးအပ်သည်။ အက်သင်းမြို့သားတို့ ထိုစကားသည် မှန်၏။
စာပိုဒ် ၁၇ 
အက်သင်း မြို့သားတို့၊ ကျွန်ုပ် ပျိုရွယ်စဉ်အခါကသော် အက်သင်းမြို့သားတို့ သဘောတူတင်မြှောက်ကြသော ဗိုလ်မှူးစစ်ကဲတို့သည် ကျွန်ုပ်အား ပေါတိဒီ စစ်မြေပြင်၌လည်း တာဝန် ပေးခဲ့ဖူးသည်။ အန်ဖီပလိ စစ်မြေပြင်၌လည်း တာဝန် ပေးခဲ့ဖူးသည်။ ဒီလံယန် စစ်မြေပြင်၌လည်း တာဝန် ပေးခဲ့ဖူးသည်။ ထိုစစ်မြေပြင်များတွင် ကျွန်ုပ်သည် တာဝန်ကျရာ စစ်စခန်း၌ ကြံ့ကြံ့ရပ်စွဲ၍ သူများနည်းတူ သေဘေးကို ရင်ဆိုင်ခဲ့သည်။ ထိုသို့သော အကျွန်ုပ်အားမိမိကိုယ် ကို လည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း မေးမြန်း စိစစ်ခြင်းဖြင့် ပညာ ရှာလော့ဟု အပေါ်လိုနတ်မင်းက တာဝန်ပေးခဲ့ပြီဟု ကျွန်ုပ် ယူဆသည်။
 ထိုအခါ ထိုသို့သော အကျွန်ုပ်က ယခုအခါ သေဘေးကို သော်လည်းကောင်း၊ တစ်ခုခုကိုသော် လည်းကောင်း ကြောက်သောအကြောင်းကြောင့် မိမိထမ်းဆောင် ရမည့် ပညာပါရမီတာဝန်ကို ခေါင်းရှောင်ခဲ့သည်ရှိသော် ကျွန်ုပ်၏ အပြုအမူ သည် ဖောက်ပြန်သောအပြုအမူ ဖြစ်ချိမ့်မည်။ ထို့ပြင် သေဘေးကို ကြောက်သော ကြောင့် ကျွန်ုပ်သည် မိမိ၌ ပညာ မရှိသည်ကို ရှိ၏ဟူသော ထင်တစ်လုံးဖြင့် နတ်မင်း၏ အလိုတော်ကို မလိုက်နာဘဲ နေလျှင်လည်း နတ်ဒေဝါတို့ကို မယုံသူ မိစ္ဆာဒိဋ္ဌိဟု ကျွန်ုပ်ကို တရားခုံရုံး၌ တင်၍ စွပ်စွဲကြဦးမည်သာဖြစ်သည်။
သေဘေးကိုကြောက်ခြင်းသည် ပညာမရှိသည်ကို ရှိ၏ဟု ထင်နေကြ သောကြောင့် ဖြစ်သည်၊ မသိသည်ကို သိ၏ဟု ထင်နေကြသောကြောင့် ဖြစ် သည်။ သေခြင်းတရားသည် လူ့လောကအတွက် အကောင်းဆုံးတရားဖြစ်မည် ဆိုလျှင်လည်း ဖြစ်နိုင်သည် မဟုတ်ပါလော။ သို့ရာတွင် လူခပ်သိမ်းတို့သည် သေခြင်းတရားကို အကောင်းလော အဆိုးလောဟု ဧကန်ဧက မသိပါဘဲလျက် သိဘိသကဲ့သို့ အဆိုးတရားဟုယူ၍ သေခြင်းကို ကြောက်နေကြသည်။ ထိုသဘောသည် အလိုမရှိအပ်သော အဝိဇ္ဇာမသိတရားဖြစ်သည်။ မသိသည်ကို သိ၏ဟု ထင်နေခြင်းဖြစ်သည်။ ဤအချက်၌လည်း ကျွန်ုပ်နှင့် လူခပ်သိမ်းတို့ အယူအဆ မတူကြဟု ကျွန်ုပ် ထင်သည်။ ကျွန်ုပ်၌ ရှိသော ပညာသည် သူတစ်ပါး၌ရှိသော ပညာထက်သာသည်ဟု ဆိုချင်ကြလျှင် ထိုသာသော အချက်သည် အခြားမဟုတ်။ တမလွန်ဘဝ၌ မည်သို့ဖြစ်မည်ကို ကျွန်ုပ် အပိုင်အနိုင် မသိပါဘဲလျက် သိ၏ဟု ကျွန်ုပ်၌ အထင်မရှိခြင်းဖြစ်သည်။
သို့ရာတွင် ကျွန်ုပ်သိသော တရားသည် ရှိ၏။ ထိုတရားသည် အခြား မဟုတ်။ လောက၌ မကောင်းမှုကိုပြုလျှင် ထိုပြုမှုသည် ဆို၏၊ ယုတ်၏။ လူ နတ်မရွေး ကျွန်ုပ်ထက်မြတ်သောသူကို မရိုမသေပြုလျှင် ထိုပြုမှုသည် ဆို၏။ ယုတ်၏ဟူသော တရားဖြစ်သည်။ ကျွန်ုပ်သည် မကောင်းဟုသိသော အမှုကိုပြုရန် ကြောက်သည်၊ ဝန်လေးသည်။ ကောင်း၏ဟုသိသော အမှုကိုပြုရန် မကြောက်၊ ဝန်မလေး။ ပြုရမည်သာဖြစ်သည်။ အနိုင်းတက အသင်တို့ကို ပြောခဲ့သည်မှာ ဆော့ခရတ္တိကို တရားစွဲရခြင်းသည် သေဒဏ်စီရင်ထိုက်သောကြောင့် ဖြစ်သည်။ သေဒဏ်စီရင်ထိုက်ဟု ယူဆလျှင် ကနဦးကပင် တရားစွဲဆိုခြင်းကို ပြုမည် မဟုတ်။ ဆော့ခရတ္တိကို သေဒဏ်စီရင်ဘဲ တရားသေလွှတ်လိုက်ကြသဖြင့် ဆော့ခရတ္တိ အသက်ချမ်းသာရာရလျှင် အသင်တို့၏ သားများသည် ဆော့ခရတ္တိ နောက်သို့လိုက်၍ ဆော့ခရတ္တိ ပြောဟောသည့်အတိုင်း လိုက်နာကြလိမ့်မည်။ ထိုအခါ ထိုလူငယ်တို့သည် အဖတ်ဆယ်မရအောင် ပျက်စီးကြလိမ့်မည်။ အနိုင်းတသည် ဤသို့ ဆိုခဲ့သည် မဟုတ်ပါလော။
 အက်သင်းမြို့သားတို့၊ အကယ်၍ အသင်တို့သည် အနိုင်းတကို မယုံ၍ အနိုင်းတ၏ စကားကို မကြိုက်သဖြင့် ကျွန်ုပ်အား အချင်းဆော့ခရတ္တိ၊ ငါတို့ သည် အနိုင်းတ၏စကားကို လက်မခံပါ။ အသင့်ကို ကွင်းလုံးကျွတ် လွှတ်ပါ မည်။ သို့ရာတွင် အသင်သည် ကတိတစ်ခုကိုပြုပါ။ ထိုကတိသည် အခြား မဟုတ်။ အသင်ထမ်းဆောင်နေသည်ဆိုသော ပညာပါရမီတာဝန်ကို စွန့်ပါမည် ဟူသော ကတိဖြစ်သည်။ ထိုကတိကို အသင်ပြုလျှင် အသင့်ကို လွှတ်မည်။ သို့ရာတွင် အသင် လွတ်ပြီးသည့်နောက် ထိုကတိကို အသင်ဖျက်လျှင်မူကား အသင့်ကို အဆုံးစီရင်ရလိမ့်မည်ဟု အသင်တို့ကဆို၍ ထိုစည်းကမ်းချက်ဖြင့် ကျွန်ုပ်ကို လွှတ်ခဲ့သော် ကျွန်ုပ်သည် ဤသို့ ပြန်ပြောချင်ပါသည်။ အချင်းတို့၊ အသင်တို့သည် သနားသောစိတ်ရှိကြသဖြင့် အသင်တို့ကို ကျွန်ုပ် ကျေးဇူး တင်ပါ၏။ ကျွန်ုပ်သည် အသင်တို့၏ ချစ်ခင်မြတ်နိုးသူ ဖြစ်ပါ၏။ သို့ရာတွင် ကျွန်ုပ်သည် အသင့်တို့ထက် နတ်မင်းကိုပို၍ လေးစားရပါလိမ့်မည်။ ကျွန်ုပ်တွင် ဤအသက် ဤခန္ဓာ မြဲနေသမျှကာလပတ်လုံး ကျွန်ုပ်၏ပညာလမ်းစဉ်ကို ကျွန်ုပ် စွန့်မည်မဟုတ်။ ကျွန်ုပ် သိသမျှကို ပြောဟောနေမည်သာ ဖြစ်သည်။ အသင်တို့ကို သတိပေးနှိုးဆော်နေမည်သာ ဖြစ်သည်။ ကျွန်ုပ်နှင့် ဆုံမိသူတိုင်းအား အချင်းမိတ်ဆွေ၊ အသင်သည် တန်ခိုးကြီးသော၊ ဗိုလ်ခြေများသော၊ ပညာထွန်းသော အက်သင်းမြို့တော်က မြို့တော်သားစင်စစ် ဖြစ်ပါ၏။ ထိုသို့သော အသင်သည် ရွှေငွေအသပြာ ရာထူးဂုဏ်သိန်စည်းစိမ်ဥစ္စာ နောက်သို့သာ တကောက်ကောက် လိုက်နေသည်။ ပညာရဖို့အရေးကိုကား အသင် သတိမရ။ အမှန်တရားရှာဖို့ အရေးကိုကား အသင်သတိမရ။ စိတ်ကောင်းမွေးဖို့ အရေးကိုကား အသင်သတိမရ။ လျစ်လျူပြု၍နေသည်။ ထိုသို့သော အပြုအမူသည် အက်သင်းမြို့တော်သား အခေါ်ခံသူအဖို့ ရှက်ဖွယ်မဟုတ်ပါလောဟု ကျွန်ုပ်က မေးမည်သာ ဖြစ်သည်။ ။
ထိုသို့ အမေးခံရသူက ပညာရဖို့အရေးကိုလည်း သူ လျစ်လျူမပြုပါ။ အမှန်တရားရှာဖို့အရေးကိုလည်း သူလျစ်လျူမပြုပါ၊ စိတ်ကောင်းမွေးဖို့ အရေးကိုလည်း သူလျစ်လျူမပြုပါဟု ဖြေခဲ့သည်ရှိသော် ထိုအဖြေမျှဖြင့် ကျွန်ုပ် ကျေနပ်မည်မဟုတ်။ ကျွန်ုပ်၏ အလေ့အလာအတိုင်း မေးမြန်းစိစစ်ခြင်းကို ပြုဦးမည်သာ။ ထိုသို့ပြုသဖြင့် လူတော်လူကောင်းဖြစ်အောင် ပြုပေးတတ်သော ဂုဏ်သိက္ခာတရားကို သူ အကယ်မသိ။ မသိပါဘဲလျက် ထိုဂုဏ်သိက္ခာ သူ့မှာ ရှိပါသည်ဟူသော အပြောမျှသာ ဖြစ်နေသည်ဟု ကျွန်ုပ် ထင်လျှင် အချင်း ရွှေမြို့တော်သား၊ အသင်သည် အဖိုးထိုက် အဖိုးတန်ကို အောက်မှာထား၍ အပေါစားကို အထက်သို့တင်လေပြီ။ ကျွန်ုပ်သည် ဤသို့ အပြစ်ပြော၍ နောင်  အခါမှာ ဂုဏ်တင်မမှားအောင် သူ့အား လမ်းပြရလိမ့်မည်။ ထိုကိစ္စကို လူကြီး လူငယ်မရွေး၊ အက်သင်းပြည်သား တိုင်းတစ်ပါးသားမရွေး ကျွန်ုပ်နှင့် တွေ့သော သူတိုင်း၏ အကျိုးစီးပွားအလို့ငှာ ကျွန်ုပ် ဆောင်ရွက်ရလိမ့်မည်။ အက်သင်း ပြည်သားဖြစ်လျှင် ကျွန်ုပ်နှင့် ပို၍ နီးစပ်သောသူဖြစ်သောကြောင့် သူ့အတွက် ကျွန်ုပ် ပို၍အားထုတ်မည်။ အဘယ့်ကြောင့်ဆိုသော် ထိုတာဝန်ကို ကျွန်ုပ်အား နတ်မင်းက အပ်နှင်းထားသောကြောင့် ဖြစ်သည်။
ထိုတာဝန်ကို ကျွန်ုပ်သည် ဤအသက် ဤအရွယ်အထိ ထမ်းဆောင် ခဲ့ပြီ။ ထို့ကြောင့် ကျွန်ုပ်တို့နိုင်ငံတွင် ကျေးဇူးများခဲ့ကြပြီ မဟုတ်ပါလော။ ထိုကျေးဇူးထက်သာသော ကျေးဇူးသည် မရှိဟု ကျွန်ုပ် ထင်သည်။ ကျွန်ုပ်သည် ထိုမှဤမှ သွားလာလှည့်လည်ခဲ့ပြီ။ ရောက်လေရာရာ၌ လူကြီးလူငယ်မရွေး အသင်တို့ကို ပြောဟော ဆုံးမခဲ့ပြီ။ အချင်းတို့၊ စိတ်ကောင်းမွေးဖို့အရေးကို ဦးစားပေးကြပါဘိ။ စိတ်ကောင်းမမွေးနိုင်ကြသေးမီ အာရုံငါးပါး၏အလိုကို မလိုက်ချင်ကြပါနှင့်ဦး။ ရွှေငွေဥစ္စာ အမြောက်အမြားရဖို့အရေးကို မစဉ်းစားချင်ကြ ပါနှင့်ဦး။ ဂုဏ်သိက္ခာတရားဟူသည် ရွှေမှငွေမှဖြစ်လာသည်မဟုတ်၊ ဂုဏ်သိက္ခာ တရားမှသာ ရွှေတို့ ငွေတို့ ဖြစ်လာကြရသည်။ ဂုဏ်သိက္ခာတရားမှသာ သူခပ်သိမ်း၏ အကျိုးစီးပွားသည်လည်းကောင်း၊ မိမိ၏အကျိုးစီးပွားသည်လည်း ကောင်း ဖြစ်လာကြရသည်။ ထိုသို့ ပြောဟောခဲ့သည်မှာ အကြိမ်ပေါင်း များပါပြီ။ ထိုတရားသည် ကျွန်ုပ်၏တရားဖြစ်၏။ ထိုတရားကြောင့် လူငယ် လူရွယ်တို့ ပျက်စီးကြရသည်ဟု ဆိုလျှင် လူမွှေကြီး လူပွေကြီးဆိုသူသည် ထိုတရားကို ဟောခဲ့သော အကျွန်ုပ်ပင် ဖြစ်မည်။ ကျွန်ုပ် ဟောခဲ့သော တရား သည် ထိုတရား မဟုတ်၊ အခြားတစ်ပါးသော တရား ဖြစ်၏ဟု အသင်တို့ ပရိသတ်ထဲမှ တစ်ဦးဦးက ပြောလျှင် ပြောသူသည် မုသားပြောသူဖြစ်ရာသည်။
ထို့ကြောင့် အက်သင်းမြို့သားတို့၊ အသင်တို့ကို ကျွန်ုပ် မေတ္တာရပ်လို ပါ၏။ အသင်တို့သည် အနိုင်းတ ပြောသည့်အတိုင်း ပြုချင်လျှင်လည်း ပြုပါ မပြုချင်လျှင်လည်း မပြုဘဲ နေပါ။ ကျွန်ုပ်ကို လွှတ်ချင်လျှင်လည်း လွှတ်ပါ။ မလွှတ်ချင်လျှင်လည်း မလွှတ်ဘဲနေပါ။ အသင်တို့ ကြိုက်ရာကို ပြုနိုင်ကြပါသည်။ ကျွန်ုပ်၏ ပညာလမ်းစဉ်ကိုကား ကျွန်ုပ် မပြောင်း။ အကြိမ်တစ်ရာ သေရစေကာမူ ကျွန်ုပ် မပြောင်း၊ ဤစကားကို အသင်တို့ မြဲမြဲမှတ်ကြပါကုန်။
(ဆော့ခရတ္တိက ထိုသို့ ဆိုလိုက်သောအခါ တရားခုံရုံး တရားသူကြီးများနှင့် ပရိသတ်သည် ဆူဆူပူပူ ပြုလာကြသည်။)
စာပိုဒ် ၁၈ 
အက်သင်း မြို့သားတို့၊ ဆူဆူပုပူ မပြုကြပါကုန်လင့်၊ ငြိမ်ကြပါဘိ၊ နားထောင်ကြပါဘိ။ ကျွန်ုပ် ထပ်မံ၍ မေတ္တာရပ်ပါ၏။ ကျွန်ုပ် ပြောနေသည်မှာ အသင်တို့၏ အကျိုးစီးပွားအတွက် ဖြစ်သည်။ ကျွန်ုပ်မှာ ဆိုစရာရှိပါသေးသည်။ အသင်တို့ကြားလျှင် ဆူဆူပူပူ ပြုချင်ကြဦးမည်လားမသိ။ သို့ရာတွင် သည်းခံ၍ ဆုံးအောင်နားထောင်ကြပါဦး။ အသင်တို့ မြဲမြဲမှတ်ထားသင့်သည်မှာ ကျွန်ုပ်ကဲ့သို့ သောသူကို အဆုံးစီရင်လိုက်လျှင် ကျွန်ုပ်နစ်နာသည်ထက် အသင်တို့က ပို၍ နစ်နာကြပါလိမ့်မည်။ စင်စစ်မှာ ကျွန်ုပ်ကို မည်သူမျှနစ်နာအောင် မပြုနိုင်ကြ ပါ။ မီလီတလည်း မပြုနိုင်ပါ၊ အပေါင်းတလည်း မပြုနိုင်ပါ။ အဘယ့်ကြောင့် ဆိုသော် လောက၌ လူဆိုးလူမိုက်သည် လူတော်လူကောင်းကို နစ်နာအောင် မပြုနိုင်ဟူသော လောကပါလတရား ရှိသောကြောင့် ဖြစ်သည်။ အနိုင်းတသည် ကျွန်ုပ်ကို သတ်လိုက သတ်နိုင်ပါ၏၊ ပြည်နှင်ဒဏ်ပေးလိုက ပေးနိုင်ပါ၏။ ကျွန်ုပ်၏ ပြည်သူ့အခွင့်အရေးကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်ပါ၏။ ထိုသို့ပြုလိုက် သဖြင့် ကျွန်ုပ်အား ကြီးလေးသောအပြစ်ကို ပေးလိုက်ပြီဟု အနိုင်းတသည် ထင်ပေလိမ့်မည်။ ပရိသတ်ကလည်း ထိုသို့ပင် ထင်ကြပေလိမ့်မည်။ ကျွန်ုပ်က မူကား ထိုသို့မထင်ပါ။ အပေါင်းတသည် ယခုအခါ ဤအမှုတွင် သူ ကိုယ်တိုင် လုံးပန်းနေသည်။ လူတစ်ယောက်၏ အသက်ကိုသတ်ရန် တရားနှင့်မညီသော အားထုတ်မှုကို ပြုနေသည်။ ထိုမကောင်းမှုကြောင့် အနိုင်းတသည် မိမိကိုယ်ကိုပင် မိမိ အပြစ်ပေးနေသည်ဟု ကျွန်ုပ် ထင်သည်။ သူ ခံရမည့် အပြစ်ဒဏ်သည် ကျွန်ုပ်ခံရမည့် အပြစ်ဒဏ်ထက် ပို၍ဆိုးသည်ဟု ကျွန်ုပ် ထင်သည်။ ။
အက်သင်းမြို့သားတို့၊ ကျွန်ုပ်က ထိုသို့ဆိုသဖြင့် ကျွန်ုပ် လွတ်ရာ လွတ်ကြောင်းအတွက် လျှောက်လဲနေသည်ဟု အသင်တို့ ထင်ကြရာသည်။ ထင်စရာပင်။ စင်စစ်မှာ ကျွန်ုပ်အတွက် မဟုတ်။ အသင်တို့အတွက် ပြောနေ ခြင်းသာ ဖြစ်သည်။ ကျွန်ုပ်ကို သတ်လိုက်ခြင်းအားဖြင့် နတ်မင်းက အသင်တို့ အား သနားတော်မူထားသာ ဒေဝဒိန္နတ်ပေး ဆုလက်ဆောင်ကို အသင်တို့ ပြစ်မှားမိရာမရောက်အောင် ကျွန်ုပ်က ပြောနေခြင်းဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်ုပ်ကို အသင်တို့ သတ်လိုက်ကြပါက လူစားရဖို့ မလွယ်သော ကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် နတ်မင်း၏ အလိုတော်အတိုင်း နိုင်ငံ၌ တွယ်နေသော မှက်ရဲနှင့်တူသည်။ ထိုဥပမာ့သည် ရယ်စရာကောင်းလှပါသည်။ သို့ရာတွင် ထိုဥပမာကိုပင် သုံးပါရစေ။ နိုင်ငံတော်သည် ကိုယ်ကာယ ထွားကျိုင်းသော မြင်းကောင်းနှင့် တူသည်။ ကိုယ်ကာယ ထွားကျိုင်းသော အကြောင်းကြောင့် ထိုမြင်းကောင်းသည် လေးလံထိုင်းမှိုင်၍ ငိုင်တတ်ပါသည်။
 ထိုအခါ မြင်းကောင်းပီပီ နိုးကြားဖျတ်လတ်ခြင်း ရှိအောင် ပြုပေးဖို့ လိုသည်။ ကျွန်ုပ်သည် နတ်မင်း၏အလိုတော်အတိုင်းနိုင်ငံ၌တွယ်နေသော မှက်ရဲဖြစ်ရာ အသင်တို့ကို နေရာတကာတွင် နေ့ရှိသမျှ တွယ်၍ နှိုးဆော်နေမည်သာဖြစ်သည်။ သွေးဆောင် နေမည်သာ ဖြစ်သည်၊ ဆုံးမနေမည်သာ ဖြစ်သည်။ အက်သင်း မြို့သားတို့၊ ကျွန်ုပ်ကဲ့သို့သောသူကို အသင်တို့ ရရန်လွယ်မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်၏ အသက်ကို ချမ်းသာပေးလိုက်ကြလျှင် ကောင်းမည်၊ ကျွန်ုပ်က ထိုသို့ အကြံပေးပါသည်။ ကျွန်ုပ်က ထိုသို့ ဆိုသဖြင့် အသင်တို့ စိတ်တို ကြဦးမည်လားမသိ။ အိပ်ချင်မူးတူး ဖြစ်နေသော သူကို အတင်းလှုပ်နှိုးလိုက်လျှင် စိတ်တိုတတ်သကဲ့သို့ ဖြစ်နိုင်ပါသည်။ အသင်တို့သည် အနိုင်းတ၏သြဝါဒအတိုင်း ကျွန်ုပ်ကို ကိစ္စတုံးပြုလိုက်သဖြင့် လောကကြီး အေးချမ်းပြီဟု အသင်တို့အထင် ရှိ၍ အိပ်ပျော်သွားကြလိမ့်ဦးမည်။ နတ်မင်းသည် အခြားမြက်ရဲတစ်ကောင် ကို အသင်တို့ထံသို့ နောက်ထပ် စေလွှတ်ခြင်း မပြုလျှင် အသင်တို့သည် တစ်သက်လုံး အိပ်ပျော်နေကြမည် ဖြစ်သည်။
အသင်တို့၏ အကျိုးစီးပွားအလို့ငှာ နတ်မင်းသည် ကျွန်ုပ်ကို အသင်တို့ အား သနားတော်မူခဲ့ကြောင်း ကျွန်ုပ် ဆိုခဲ့ပြီ။ ထိုအဆိုအတွက် ကျွန်ုပ် သက်သေတည်ပါမည်။ သက်သေသည် ဤသို့ ဖြစ်သည်။ လူလားမြောက်သည့် အချိန်မှစ၍ ဤယနေ့အထိ ကျွန်ုပ်သည် ပုထုဇဉ်သတ္တဝါတို့၏ သဘာဝကိုဖီဆန် လျက် ကိုယ်ကျိုး ကိုယ့်ကိစ္စကို လျစ်လျူပြုခဲ့သည်။ မိမိ၏ အိမ်မှုကိစ္စကို ပြန် မကြည့်ဘဲနေခဲ့သည်။ ဆင်းရဲပင်ပန်းသည်ကို သည်းခံခဲ့သည်။ တစ်ဖန် ထိုသို့ သော အကျွန်ုပ်ကပင် အသင်တို့၏ အကျိုးအလို့ငှာ အစဉ်မပြတ် ကြိုးပမ်းခဲ့သည်။ အဖကဲ့သို့လည်းကောင်း၊ အစ်ကိုကဲ့သို့လည်းကောင်း တစ်ဦးချင်း ချဉ်းကပ်၍ လူတော်လူကောင်းဖြစ်အောင်ပြုပေးတတ်သော ဂုဏ်သိက္ခာတရားကို အသင်တို့ သတိပြုမိကြအောင် ပြောဟောသွေးဆောင်ခြင်းကို ပြုခဲ့သည်။ ထိုသို့ ပြုသဖြင့် ကျွန်ုပ်အဖို့ဖြစ်သော အကျိုးအမြတ်ကို ကျွန်ုပ် ယူခဲ့ပါသလော၊ အဖိုးအခါ ငွေကြေးကို ကျွန်ုပ် ရခဲ့ပါသလော။ အကယ်၍ ယူခဲ့သည် ရခဲ့သည်ဖြစ်လျှင် ကျွန်ုပ် အဆိုပါပေ။ ယခုသော်မူကား အသင်တို့လည်း သိကြသည့်အတိုင်း ဤအမှုတွင် တရားလိုတို့သည် မျက်နှာပြောင်တိုက်၍ ကျွန်ုပ်ကို စွပ်စွဲရဲကြ သော်လည်း အကျိုးအမြတ်ကို ကျွန်ုပ် ယူခဲ့သည်ဟုလည်းကောင်း၊ အဖိုးအခါ ငွေကြေးကို ကျွန်ုပ် ရခဲ့သည်ဟုလည်းကောင်း တစ်ခွန်းတစ်ပါဒမျှ မဟရဲကြပါ။ သက်သမပြနိုင်ကြပါ။ ကျွန်ုပ် ဆိုခဲ့သမျှသည် သစ္စာစကားဖြစ်ကြောင်းကိုကား အသင်တို့ ကျေနပ်လောက်အောင် ကျွန်ုပ် သက်သေပြနိုင်ပါသည်။ ထိုသက်သေ သည် အခြားမဟုတ်။ ကျွန်ုပ်၏ လှမွဲဘဝပင် ဖြစ်သည်။
✥﹤--- www.ebooks4mm.org ---﹥✥

၂၁။ ဆော့ခရတ္တိ၏ လူဖြစ်ကျိုး မနပ်တရား 
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် ချေပချက် (Apology) ကထာမှပင် ဖြစ်သည်။ စာပိုဒ် အမှတ် ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၃၃ တို့ ဖြစ်သည်။ တရားလို တို့သည် တရားခုံရုံးရှေ့တွင် စွဲချက်အဆိုတင်ပြီးနောက် သေဒဏ်ပေးလိုက် သည်ဟု အဆိုသွင်းခဲ့သည်။ ဆော့ခရတ္တိကလည်း ပြန်လည်ချေပချက်ကို တင်ခဲ့သည်။ ခုံရုံးတရားသူကြီး ငါးရာခန့်သည် အဆိုအချေတို့ကို ကြားနာ ပြီးနောက် ဆော့ခရတ္တိ၌ အပြစ်ရှိမရှိ မဲခွဲကြသည်။ တရားခုံရုံးတွင် သဘာပတိ ရှိပါ၏။ သို့ရာတွင် သဘာပတိသည် ယခုခေတ် တရားသူကြီး ကဲ့သို့ ဥပဒေကြောင်းအားဖြင့်လည်းကောင်း၊ ကြောင်းခြင်းရာအားဖြင့် လည်းကောင်း လမ်းညွှန် ထိန်းကျောင်းနိုင်သည်မဟုတ်ချေ။ ထို့ကြောင့် အဂတိလေးပါး လိုက်ချင်လျှင် အလွယ်တကူ လိုက်နိုင်သော လူစုလူဝေး သည် အခြေအနေအရ ဆန္ဒာဂတိ၊ ဘယာဂတိ၊ ဒေါသာဂတိတို့ကိုလိုက်၍ မဲပေးချင်လျှင် ဖြစ်နိုင်သောသဘောရှိသည်ဟု ယူဆကြသည်။ ဤကား စကားချပ်။ ခုံရုံးတရားသူကြီး ငါးရာက မဲခွဲလိုက်သောအခါ တရားလိုသုံးဦး ဘက်က မဲ ၂၈၀၊ (တစ်ဦးစီအတွက် မဲ ၉၀ ကျော်စီ) ရ၍ တရားခံ ဆော့ခရတ္တိဘက်က မဲ ၂၂ဝ ရသဖြင့် ဆော့ခရတ္တိ၌ အပြစ်ရှိသည်ဟု အဆုံးအဖြတ် ပေးလိုက်သည်။ ဤတွင် ဒီမိုကရေစီစနစ်အရ မဲ များရာက နိုင်စတမ်းဖြစ်သောကြောင့် တရားလိုများဘက်က နိုင်သည်ဟု ဆိုရ သော်လည်း၊ နိုင်သည့်ဘက်သည် တစ်ဦးတည်း၏မဲအားမဟုတ်။ သုံးဦး ပေါင်း၏ မဲအားဖြစ်သည်။ တစ်ဦးစီ၏ မဲအားသည် တစ်ရာမျှမပြည့်ချေ။ ဤအချက်ကို ဆော့ခရတ္တိက ထောက်ပြခဲ့သည်။ ဤကား စကားချပ်။
 ထို့နောက် တရားလိုတို့က အဆိုသွင်းခဲ့သော သေဒဏ်ကို ဆော့ခရတ္တိကို ကြိုက်မကြိုက်၊ မကြိုက်လျှင် မိမိကြိုက်သော အပြစ်ဒဏ်တင်ပြရန် ထုံးစံ အတိုင်း တရားခုံရုံးက အခွင့်ပြုပြန်သည်။
အောက်ပါစာပိုဒ်တို့တွင် မိမိ၌ အပြစ်မရှိသဖြင့် သေဒဏ်လက်မခံနိုင် ကြောင်း ပြန်ကြားသော ဆော့ခရတ္တိ၏ အဖြေစကားတို့ကို တွေ့နိုင်သည်။ ဆော့ခရတ္တိ၏အဖြေသည် ခပ်မာမာဖြစ်သည်။ ထို့ပြင် ထိုအဖြေ၌ ဆော့ ခရတ္တိ၏ လူဖြစ်ကျိုးမနပ် အယူအဆကိုလည်းကောင်း၊ ဆော့ခရတ္တိ၏ သူရသတ္တိကိုလည်းကောင်း၊ ဆော့ခရတ္တိ၏ စိတ်ကောင်းစေတနာကောင်းကို လည်းကောင်း တွေ့နိုင်သည်။ “မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း မေးမြန်းစိစစ်ခြင်းမရှိသော လူ့ဘဝသည် နေရကျိုးမနပ်၊ အချည်းအနှီးသော ဘဝသာဖြစ်၏”ဟူသော ဆော့ခရတ္တိ၏ ဒဿနအမြင်ကို ဆင်ခြင်ရန် ဖြစ်သည်။
စာပိုဒ် ၂၅ 
အက်သင်းမြို့သား တရားသူကြီးတို့၊ ကျွန်ုပ်မှာ အပြစ်ရှိသည်ဟု အသင်တို့က မဲခွဲ၍ဆုံးဖြတ်လိုက်ကြသော်လည်း ကျွန်ုပ် တုန်လှုပ်ခြင်းမဖြစ်ပါ။ အဘယ့်ကြောင့် ဆိုသော် အကြောင်းအမျိုးမျိုး ရှိသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ထိုအဆုံးအဖြတ်ကို မဆွကပင် ကျွန်ုပ် တွက်ထားသောကြောင့် ဖြစ်သည်။ သို့ရာတွင် မဲအရေအတွက်သည် တစ်ဖက်နှင့်တစ်ဖက် မတိမ်းမယိမ်းသာ ဖြစ်နေသဖြင့် ကျွန်ုပ် အံ့သြမိသည်။ စင်စစ်မှာ အပြစ်ပေးချင်သော လူစုဘက်၌ မဲအား အလွန်ကောင်းလိမ့်မည်ဟု ကျွန်ုပ် ထင်မိ၏။ ယခုသော် ကျွန်ုပ် ထင်သလောက် မဲအားမကောင်းပါ။ အကယ်၍ မဲသုံးဆယ်သာ အခြားတစ်ဖက်သို့ ပါသွားသည်ဖြစ်လျှင် ကျွန်ုပ်သည် တရားသေ လွတ်နိုင်သည်။ မီလီတ၏ လက်ရှိမဲအခြေအနေ၌ပင် မီလီတ၏ စွဲချက်သည် ပျက်နေပြီ။ ထိုမျှသာ မကသေးပါ။ မီလီတ၏ မဲအားသည် မဲအားလုံး၏ ငါးပုံတစ်ပုံမပြည့် သည်မှာ အသင်တို့ မျက်မြင်ဖြစ်ရာ အနိုင်းတနှင့် လိုင်ကုနုတို့သာ ဤအမှု၌ မပါပါက မီလီတသည် ဥပဒေအရ ဒြက္ကမာဒင်္ဂါးတစ်ထောင်ဖြစ်သော ငွေဒဏ်ပင် ထိုက်သင့်စရာ အကြောင်း ရှိပါသည်။
စာပိုဒ် ၂၆ 
ရှိပါစေတော့၊ သေဒဏ်အဆိုကိုကား သူက တင်ခဲ့ပြီ။ အက်သင်းမြို့သား တရားသူကြီးတို့၊ ကျွန်ုပ်ဘက်ကလည်း ကျွန်ုပ် လက်ခံနိုင်သော အပြစ်ဒဏ်အဆိုကို တင်ရဦးမည်ဖြစ်ရာ မည်သို့သောအဆိုကို ကျွန်ုပ် တင်ရမည်နည်း။ ကျွန်ုပ် ခံထိုက်သော အပြစ်ဒဏ်အတွက်အဆိုပင်။ ကောင်းပါပြီ၊ မည်သို့သော အပြစ် ဒဏ်ကို ခံထိုက်ပါသည်ဟု ကျွန်ုပ်က ဆိုရမည်နည်း။ လူပျင်းလူဖျင်းတို့၏ အကျိုးမဲ့နေခြင်းကို ကျွန်ုပ် မနေခဲ့သောကြောင့်လော။ သူတကာတို့ လိုချင်မျက်စိ  ရှိကြသော ရွှေငွေဥစ္စာတို့ကို ကျွန်ုပ်က လျစ်လျူပြုခဲ့သောကြောင့်လော။ သူတကာတို့ လိုချင်မျက်စိရှိကြသော ကိုယ့်တစ်အိမ်ထောင်ကောင်းစားရေးကို ကျွန်ုပ်က လျစ်လျူပြုခဲ့သောကြောင့်လော။ သူတကာတို့ လိုချင်မျက်စိရှိကြသော သေနာပတိရာထူးကို ကျွန်ုပ်က လျစ်လျူပြုခဲ့သောကြောင့်လော။ သူတကာတို့ လိုချင်မျက်စိရှိကြသော နိုင်ငံရေးသြဇာအာဏာကို ကျွန်ုပ်က လျစ်လျူပြုခဲ့သော ကြောင့်လော။ ထိုရာထူး ဤရာထူးတို့ကို ကျွန်ုပ်က လျစ်လျူပြုခဲ့သောကြောင့် လော။ ထိုအဖွဲ့ဝင် ဤအဖွဲ့ဝင် ဂုဏ်တို့ကိုကျွန်ုပ်က လျစ်လျူပြုခဲ့သောကြောင့် လော၊ ထိုသို့သော ကိုယ်ရေးကိုယ်တာ ရယူမှုတို့ကို ကျွန်ုပ်က လျစ်လျူပြု၍ ဖြောင့်မတ်မှန်စွာ ကျင့်ခဲ့သောကြောင့်လော။ ထိုသို့သော ကိုယ်ရေးကိုယ်တာ ရယူမှုတို့အတွက် အသက်အဆုံးခံ၍ ကျွန်ုပ် မမိုက်ခဲ့သောကြောင့်လော။
အကြင်အရပ်၌ အသင်တို့ကိုသော်လည်းကောင်း၊ မိမိကိုယ်ကိုသော်လည်း ကောင်း လူကောင်းသူကောင်းဖြစ်လာအောင် ကျွန်ုပ်ကိုယ်ကို ကျွန်ုပ် အသုံးမချနိုင်။ ထိုအရပ်သို့ ကျွန်ုပ် မသွား။ အကြင်အရပ်၌ လူတိုင်းလူတိုင်းကို လူကောင်း သူကောင်းဖြစ်လာအောင် ကျွန်ုပ်ကိုယ်ကို ကျွန်ုပ် အသုံးချနိုင်၏။ ထိုအရပ်သို့ ကျွန်ုပ် သွား၏။ ရင်းရင်းနှီးနှီး တွေ့ဆုံ၏။ ပြောဟောနားချခြင်းကို ပြု၏။ အချင်းတို့၊ ကိုယ်ကျိုးစီးပွားအတွက် အားမထုတ်မီ ကိုယ့်ကိုယ်နှုတ်နှလုံးကို ကောင်းအောင် ပြုကြပါဦးလော့။ လူတော်လူကောင်းဖြစ်အောင် ပြုပေးတတ် သော ဂုဏ်သိက္ခာတရားကို ရှာကြပါဦးလော့။ ဝိဇ္ဇာအသိတရားကို ရှာကြပါဦး လော့။ နိုင်ငံ၏ အကျိုးကို ရှေးဦးစွာ စဉ်းစားပြီးမှသာ နိုင်ငံအတွက် ပြုဖွယ် ကိစ္စတို့ကို စဉ်းစားကြပါလော့။ နေရာတကာ၌ ထိုသဘောအတိုင်း ကိုယ်နှုတ် နှလုံးသုံးကြပါလော့။ ဤသို့လျှင် ကျွန်ုပ်သည် ပြောဟောနားချခြင်းကို ပြုခဲ့သည်။
အက်သင်းမြို့သားတို့၊ကျွန်ုပ်ပြုခဲ့သော ထိုကုသိုလ်ကံစေတနာတို့ကြောင့် ကျွန်ုပ်နှင့် ထိုက်တန်သောအရာသည် မည်သည့်အရာမျိုး ဖြစ်သင့်ပါသနည်း။ ကျွန်ုပ်သည် သူ့အကျိုးကို ဆောင်ခဲ့၏။ ထို့ကြောင့် ကျွန်ုပ်နှင့် ထိုက်တန်သော အရာကို ကျွန်ုပ်က အဆိုတင်ရမည်ဖြစ်လျှင် ထိုအရာသည် ဧကန်မုချ အကောင်းသာ ဖြစ်ထိုက်သည်။ အကောင်းဟု ဆိုရာမှာလည်း ကျွန်ုပ်နှင့် သင့်သော အကောင်းသာ ဖြစ်ထိုက်သည်။ ကျွန်ုပ်သည် အသင်တို့၏ ကျေးဇူးရှင်လည်း ဖြစ်၏။ အသင်တို့ကို ပြောဟောသင်ပြရန် ကြောင့်ကြမဲ့ အချိန်ကို အလိုရှိသူလည်း ဖြစ်၏။ လူမွဲ လူဆင်းရဲလည်းဖြစ်၏။ ထိုသို့သော သူအဖို့ အဘယ်မည်သောဆုသည် အသင့်ဆုံး ဖြစ်နိုင်ပါသနည်း။ အက်သင်း မြို့သားတို့၊ မြို့တော်ခန်းမဆောင်တွင် နိုင်ငံတော်စရိတ်ဖြင့် ကျွေးမွေးထားထိုက် သော ဆုထက် မြတ်သောဆုသည် မရှိပြီ။ အိုလံပစ်ပွဲတော်တွင် မြင်းစီးပြိုင်ပွဲ၌  သော်လည်းကောင်း၊ မြင်းနှစ်ကောင်က၊ မြင်းလေးကောင်က ရထားပြိုင်ပွဲ၌ သော်လည်းကောင်း အောင်ပန်းရသောသူကို ထိုဆုမျိုးဖြင့် ချီးမြှင့်ခြင်းပြုလျှင် ကျွန်ုပ်ကို ပို၍ ချီးမြှင့်ခြင်းပြုထိုက်သည် မဟုတ်ပါလော။ အိုလံပစ်အောင်ပန်း ရသူသည် စားဝတ်နေရေး၌ ပြည့်စုံသူဖြစ်၏။ ကျွန်ုပ်သည် စားဝတ်နေရေး၌ ချို့တဲ့သူဖြစ်သည်။ အိုလံပစ်အောင်ပန်းရသူသည် အသင်တို့အား စိတ်ပျော်ရွှင်မှု ကိုသာ ပေးသူ ဖြစ်သည်။ ကျွန်ုပ်သည် အသင်တို့အား စိတ်ချမ်းသာမှုကို ပေးသူ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်နှင့် ထိုက်တန်သော အကျိုးခံစားခွင့်ကို အကြောင်းပြု၍ ကျွန်ုပ်ခံထိုက်သော အပြစ်ဒဏ်ကို ကျွန်ုပ်က အဆိုတင်ရမည် ဖြစ်လျှင် အိုအချင်းတို့၊ ကျွန်ုပ်ကို မြို့တော်ခန်းမဆောင်၌ ကျွေးမွေးထားကြ ပါကုန်။ ဤသို့လျှင် ကျွန်ုပ်က ဆိုလိုက်ချင်ပါသည်။
စာပိုဒ် ၂၇ 
တရားခုံရုံး၌ သားငယ်သမီးငယ်တို့ကို ပြကာ ငိုကြွေး၍သော် လည်းကောင်း၊ မြည်တမ်း၍သော် လည်းကောင်း ကိုယ်ချမ်းသာရာရကြောင်းအတွက် တောင်းပန် ခယခြင်းကို ကျွန်ုပ် မပြုလိုဟု ကျွန်ုပ် ဆိုခဲ့ပြီ။ ယခုတစ်ဖန် ကျွန်ုပ်က ထိုသို့ ဆိုလိုက်ပြန်ရာ ခေါင်းမာစွဟု ကျွန်ုပ်ကို အသင်တို့ ဖြိုးချင်ကြပေလိမ့်မည်။ စင်စစ်မှာ ခေါင်းမာသောကြောင့် ကျွန်ုပ် ထိုသို့ဆိုသည် မဟုတ်ပါ။ ထိုသို့ ဆိုရာ၌ ကျွန်ုပ်မှာ အကြောင်းရှိပါသည်။ ထိုအကြောင်းသည် ဤသို့ ဖြစ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ တစ်သက်တွင် မည်သူ့ကိုမျှ နစ်နာအောင် တမင်သက်သက် မတရား မပြုခဲ့ဖူးပါ။ ထိုစကားသည် မှန်၏။ ထိုစကား မှန်ကြောင်း အသင်တို့ယုံအောင် ကျွန်ုပ် ရှင်းပြချင်ပါ၏။ သို့ရာတွင် ရှင်းပြရန် အချိန်မရ သဖြင့် မအောင်မြင်ခဲ့ပါ။ သေဒဏ်ထိုက်သော အမှုမျိုးကို နေ့ချင်းပြီး မစီရင်ရဟူသော ဥပဒေသည် အခြားအခြားသော မြို့နိုင်ငံများ၌ ရှိပါ၏။ အက်သင်းမြို့နိုင်ငံ၌ ထိုဥပဒေမျိုးရှိလျှင် ကျွန်ုပ်သည် အသင်တို့ယုံအောင် ရှင်းပြရန် အချိန်ရမည် ဖြစ်သည်။ ယခုသော် ကျွန်ုပ်အပေါ်၌ အနှစ်နှစ် အလလက ထားခဲ့ကြသော မလိုတမာစိတ်တို့ ကျေပျက်သွားအောင် တစ်နေ့တာမျှသော အချိန်အတွင်း၌ ကျွန်ုပ် မည်သို့ ချေဖျက်နိုင်ပါမည်နည်း။
ရှိပါစေတော့။ ကျွန်ုပ်သည် မည်သူ့ကိုမျှ နစ်နာအောင် မတရားမပြုခဲ့ဖူး ပါ။ ထို့ကြောင့် ကျွန်ုပ်ကိုယ်ကို နှစ်နာအောင်လည်း ကျွန်ုပ် မတရားပြုမည် မဟုတ်ပါ။ မကောင်းသောဘေး၊ မကောင်းသောဒဏ်ကို ကျွန်ုပ် ခံထိုက်သည်ဟု ကျွန်ုပ် မယူဆပါ။ ပြစ်ဒဏ်ဆိုးကို ပေးပါဟု ကျွန်ုပ် အဆိုတင်မည်မဟုတ်ပါ။ အဘယ့်ကြောင့် ထိုအဆိုမျိုးကို ကျွန်ုပ်က တင်ရမည်နည်း။ မီလီတ အဆိုတင်ခဲ့  သော သေဒဏ်ကို ကျွန်ုပ် ကြောက်သောကြောင့်လော။ မဟုတ်ပါ။ သေခြင်း ဟူသည် အကောင်းလော၊ အဆိုးလောဟု ကျွန်ုပ် မသိသဖြင့် အဆိုးဖြစ်၏ဟု ဧကန်မုချ ကျွန်ုပ် သိသော အပြစ်ဒဏ်တစ်ခုခုကို အဘယ့်ကြောင့် ကျွန်ုပ်က အဆိုတင်ရမည်နည်း။ ထောင်ဒဏ်ပေးပါဟု အဆိုတင်ရမည်လော။ အဘယ့် ကြောင့် အကျွန်ုပ် ထောင်အကျခံရမည်နည်း။ အဘယ့်ကြောင့် အကျဉ်းထောင် အုပ်ချုပ်ရေးအဖွဲ့ဝင်တို့၏ ကျေးကျွန်သဖွယ် ကျွန်ုပ် နေရမည်နည်း။ ဒဏ်ငွေ ဆောင်ပါရစေ၊ ဒဏ်ငွေမဆောင်နိုင်သေးခင် ထောင်ဒဏ်ခံပါမည်ဟု အဆိုတင်ရ မည်လော။ ထိုအဆိုသည်လည်း ကျွန်ုပ်အဖို့ အကြောင်းထူးမည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်မှာ ဒဏ်ငွေဆောင်စရာ ငွေမရှိ၍ ထောင်အကျ ခံရမည် ဖြစ်သောကြောင့်ပင်။
ပြည်နှင်ဒဏ်ကို ကျွန်ုပ်က အဆိုတင်ရမည်လော။ ထိုအဆိုကို အသင်တို့ သဘောကျလိမ့်မည်ဟု ကျွန်ုပ် ထင်ပါ၏။ သို့ရာတွင် ထိုအဆိုကို ကျွန်ုပ်တင်လျှင် ကျွန်ုပ်၏အသက်ကို ကျွန်ုပ် ခင်တွယ်လွန်းရာ ကျချိမ့်မည်၊ ဉာဏ်မရှိရာ ကျချိမ့်မည်။ တစ်နိုင်ငံသားချင်းဖြစ်သော အသင်တို့ကပင် ကျွန်ုပ်ပြောဟောသည် တို့ကို မခံမရပ်နိုင်ဖြစ်၍ ကျွန်ုပ်ကို ငြိုငြင်၍ ကျွန်ုပ်ကို စက်ဆုပ်၍ ကျွန်ုပ်ကို ပြည်နှင်ဒဏ်ခတ်လိုက်သည်ဖြစ်လျှင် အခြားအခြားသော နိုင်ငံများကကော ကျွန်ုပ်ကို သည်းခံနိုင်ကြပါမည်လော။ အက်သင်းမြို့သားတို့၊ မည်သည့်နည်းနှင့်မျှ သည်းခံနိုင်ကြပါမည် မဟုတ်ပါ။ ကျွန်ုပ် ခြေချရာ အရပ်တိုင်း၌ ကျွန်ုပ်ကို ပြည်နှင်ဒဏ်ခတ်ကြမည်သာ ဖြစ်သည်။ ထိုအခါ ကျွန်ုပ်သည် ဤအသက် ဤအရွယ်သို့ရောက်ခါမှ တစ်ပြည်ဝင် တစ်ပြည်ထွက် လှည့်လည် သွားလာလျက် ခြေသလုံးအိမ်တိုင် ပြုနေရသည်ဖြစ်လျှင် ကျွန်ုပ်၏ ဘဝသည် အဘယ်မှာ ကောင်းနိုင်ပါတော့အံ့နည်း။ ကျွန်ုပ် ခြေချရာအရပ်တိုင်း၌ လူငယ် လူရွယ်တို့သည် ဤမြို့မှာကဲ့သို့ပင် ကျွန်ုပ်နောက်သို့ တကောက်ကောက် လိုက်ကြပေလိမ့်ဦးမည်။ အကယ်၍ အကပ်မခံလိုသဖြင့် ကျွန်ုပ်က သူတို့ကို နိုင်သည်ဆိုအံ့၊ သူတို့ ကပင် သူတို့၏ အကြီးအကဲများကို တိုင်၍ ကျွန်ုပ်ကို နိုင်ကြလိမ့်မည်။ အကယ်၍ သူတို့ကို ကျွန်ုပ်က လက်ခံသည်ဆိုအံ့။ သူတို့၏ အမိအဖများသည် သူတို့အတွက် စိုးရိမ်မကင်းဖြစ်၍ ကျွန်ုပ်ကို နိုင်ကြပေလိမ့်မည်။ ထိုသို့ဖြစ်လာ မည်မှာ သေချာပါသည်။
စာပိုဒ် ၂၈ 
အက်သင်း မြို့သားတို့၊ အသင်တို့ ပရိသတ်ထဲမှ တစ်ဦးတစ်ယောက်သော သူက ဤသို့ မေးနိုင်ပါသည်။ အခွင်: ဆော့ခရတ္တိ၊ အက်သင်းမြို့တော်မှ  အသင် ထွက်သွားပြီးသည့်နောက် အသင် ဆိတ်ဆိတ်မနေနိုင်ပြီလော၊ ငြိမ်းချမ်းစွာ မနေနိုင်ပြီလော။ ထိုသို့မေးလျှင် ကျွန်ုပ်အဖို့ အဖြေရကျပ်ပါသည်။ မည်သို့ပင် ကျွန်ုပ်က ကြိုးစား၍ ဖြေစေကာမူ ကျွန်ုပ်ကို အသင်တို့ ယုံကြည်မည် မဟုတ်ပါ။ ကျွန်ုပ် ရေငုံ၍ မနေလိုသည်မှာ နတ်မင်းကို မထေမဲ့မြင်ပြုရာ ရောက်မည်စိုးသောကြောင့် ဖြစ်၏ဟု ကျွန်ုပ်က ဖြေလျှင် အသင်တို့ ယုံကြပါ မည်လော။ ကျွန်ုပ်၏ စိတ်ရင်းကို ဖုံးကွယ်လို၍ လှည့်ပတ်ပြောဆိုခြင်းသာ ဖြစ်သည်ဟု အသင်တို့ အထင်ရှိကြပေလိမ့်မည်။ တစ်ဖန် လောက၌ လူဖြစ် လာလျှင် လူတော်လူကောင်းဂုဏ်သိက္ခာတရားတို့ကို ပြောဟောဆွေးနွေးရခြင်း သည် အမြတ်ဆုံး ဖြစ်၏။ ထို့ပြင် အသင်တို့ ကြားခဲ့ပြီးဖြစ်သော အခြား အခြားသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ မိမိကိုယ်ကို လည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း ကျွန်ုပ် မေးမြန်းစိစစ်လေ့ရှိသည့်အတိုင်း မေးမြန်း စိစစ်ရခြင်းသည် လည်းကောင်း အမြတ်ဆုံးဖြစ်၏။ မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း မေးမြန်း စိစစ်ခြင်း မရှိသော လူ့ဘဝသည် နေရကျိုးမနပ်။ အချည်းအနှီးသောဘဝသာဖြစ်၏။ ထို့ကြောင့်သာလျှင် ကျွန်ုပ် ရေငုံ၍ မနေလိုခြင်းဖြစ်၏။ ထိုသို့ ကျွန်ုပ်က ဖြေပြန်လျှင်လည်း အသင်တို့ အဖို့ ယုံနိုင်စရာတစ်ကွက်မျှ ရှိမည်မဟုတ်ပါ။ ကျွန်ုပ်ကမူကား အမှန်အတိုင်း ဆိုခြင်းသာ ဖြစ်သည်။ သို့ရာတွင် အသင်တို့ယုံအောင် ပြုရန်မှာ မလွယ်ပါ။
ထို့ပြင် ကျွန်ုပ်သည် မကောင်းသောဘေး၊ မကောင်းသောဒဏ်ကို ခံထိုက်သည်ဟု မည်သည့်အခါကမျှ မတွေးခဲ့၊ မယူဆခဲ့ပါ။ ကျွန်ုပ်မှာသာ ငွေရှိခဲ့လျှင် ကျွန်ုပ်ဆောင်ထိုက်သော ဒဏ်ငွေကို ကျွန်ုပ်အဆိုတင်မည်ဖြစ်သည်။ ထိုအဆိုကြောင့်ကား ကျွန်ုပ် နစ်နာမည်မဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်၏လက်ရှိ အခြေအနေအရ ကျွန်ုပ်မှာ တစ်ပြားတစ်ချပ်မျှ မရှိပါ။ အကယ်၍ ကျွန်ုပ် ပေးဆောင်နိုင်သလောက်ကိုသာ အသင်တို့က လက်ခံနိုင်ကြမည်ဖြစ်လျှင် ဤကိစ္စသည် ချောမောနိုင်ပါသည်။ မိနေဒင်္ဂါးတစ်ပြားလောက်ကိုကား ကျွန်ုပ် ပေးနိုင်လိမ့်မည်ဟု ထင်ပါ၏။ ထို့ကြောင့် မိနေဒင်္ဂါးတစ်ပြားကို ဒဏ်ငွေအဖြစ် ကျွန်ုပ်က အဆိုတင်ပါသည်။ အက်သင်းမြို့သားတို့၊ နေကြပါဦး။ ကျွန်ုပ်၏ မိတ်ဆွေကောင်းများဖြစ်ကြသော ပလေးတိုးကလည်းကောင်း၊ ခရီတော်ကလည်း ကောင်း၊ ခရီတော်ဗလကလည်းကောင်း၊ အပေါ်လိုဒေါရကလည်းကောင်း၊ မိနေဒင်္ဂါးသုံးဆယ် အဆိုကိုတင်ရန် ကျွန်ုပ်အား ပြောနေကြပါသည်။ အာမခံ ပေးမည်ဟုလည်း ပြောနေကြပါသည်။ ထို့ကြောင့် မိနေဒင်္ဂါးသုံးဆယ်ကို ဒဏ်ငွေအဖြစ် ကျွန်ုပ်က အဆိုတင်ပါသည်။ ထိုဒဏ်ငွေအတွက် ထိုပုဂ္ဂိုလ် လေးဦးက ရက်ရက်ရောရော အာမခံကြပါလိမ့်မည်။
 (ဆော့ခရတ္တိသည် မိနေဒင်္ဂါးသုံးဆယ်ကို ဒဏ်ငွေအဖြစ် အဆိုတင်ပြီး သောအခါ တရားခုံရုံးသည် သေဒဏ်လော၊ ငွေဒဏ်လောဟု ဆုံးဖြတ်ရန် မဲခွဲကြပြန်သည်။ သေဒဏ် ဘက်က မဲများပြန်သဖြင့် ဆော့ခရတ္တိအား သေဒဏ်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
ဆော့ခရတ္တိသည် တုန်လှုပ်ခြင်း မဖြစ်။ ဒေါသမဖြစ်။ သောကပရိဒေဝမဖြစ်။ လောကကို စိတ်မနာ။ သေဒဏ်ကို အကြည်အသာ လက်ခံလိုက်သည်။ တရားခုံရုံးက သူ့အပေါ်၌ မတရားပြုရာ ရောက်ကြောင်းကိုသာ ထောက်ပြခဲ့သည်။ သူ့ဘက်ကို မဲပေးကြသော ခုံရုံး တရားသူကြီးပရိသတ် အစိတ်အပိုင်းကိုရည်၍ ဆက်လက် ပြောဆိုသော ဆော့ခရတ္တိ၏ စကားတွင် အဆိုပါသဘောတို့ကို တွေ့ရပါသည်။ ထို့ပြင် ဆော့ခရတ္တိက ဆက်လက်၍ ပြောဆိုရာတွင် သေခြင်းသည် သူ့အဖို့မှာ အကောင်းသာ ဖြစ်ကြောင်း၊ သေခြင်းသည် အိပ်မက်ဆိုးအနှောင့်အယှက် မရှိသော၊ ပြန်လည်မနိုးတော့သော အိပ်ပျော်ခြင်းတစ်မျိုး ဖြစ်နိုင်ကြောင်း၊ ထိုသို့မဟုတ်လျှင် နောင်ဘဝသို့ ရောက်သွားခြင်းဖြစ်နိုင်ကြောင်း နောင်ဘဝသို့ ရောက်သွားသည်ဖြစ်လျှင် နောင်ဘဝ၌ အာဇာနည် ယောက်ျားကောင်းများကို ပြန်၍တွေ့နိုင်ကြောင်း၊ နောင်ဘဝတွင် ကိုယ့်အယူအဆကို ဖွင့်ဟ ပြောဆိုမိသောကြောင့် အသတ်ခံရမည်ကို ကြောက်ဖို့ လိုတော့မည်မဟုတ်ကြောင်း ဆိုပြန်သည်။ ထို့နောက် ဆော့ခရတ္တိသည် အောက်ပါအတိုင်း နိဂုံးချုပ်ခဲ့သည်။)
စာပိုဒ် ၃၃
 အက်သင်းမြို့သား တရားသူကြီးတို့၊ အသင်တို့လည်း သေခြင်းတရားကို အကောင်းဟု နှလုံးသွင်း၍ ကြိုဆိုတတ်ကြပါကုန်။ ထို့ပြင် မှန်သည်ဟု ကျွန်ုပ် ဧကန်ဟောနိုင်သော တရားသည် လောက၌ ရှိ၏။ ထိုတရားကိုလည်း နှလုံးသွင်း၍ ယူတတ်ကြပါကုန်။ ထိုတရားသည် အခြားမဟုတ်။ လူကောင်း ဟူသမျှသည် ဤဘဝ၌လည်း မဆင်းရဲ၊ နောင်ဘဝ၌လည်း မဆင်းရဲ၊ နတ်ဒေဝါတို့၏ အစောင်အမကို မုချရကြမည်ဖြစ်သည်။ ဤတရားပင်တည်း။ ကျွန်ုပ် ယခုကြုံတွေ့ နေသော အမှုသည် အကြောင်းတိုက်ဆိုင်လာသောကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်။ သေရွာသို့ ကျွန်ုပ် သွားလိုက်ခြင်းအားဖြင့် ဝဋ်ဆင်းရဲအပေါင်းမှ ကျွန်ုပ် လွတ်မြောက်ချိန်တန်သောကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်၏ဟု ကျွန်ုပ် ယူပါသည်။ ထို့ကြောင့်သာလျှင် ကျွန်ုပ်ကို အခါခပ်သိမ်း စောင့်ရှောက်တတ်သည်လည်းဖြစ်၍ ကျွန်ုပ်အဖို့ မသင့်ပါက ကျွန်ုပ်ကို တားမြစ်တတ်သည်လည်းဖြစ်သော အသံတော် နတ်နိမိတ်သည် ဤအကြိမ်တွင် ကျွန်ုပ်ကို တားမြစ်ခြင်းမပြု၊ ခပ်မဆိတ်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သာလျှင် ကျွန်ုပ်ကို စွပ်စွဲကြသော၊ သေဒဏ်ပေးကြသော သူတို့အပေါ်၌ ကျွန်ုပ် အမျက် မထွက်ခြင်းဖြစ်သည်။ ထိုသူတို့ကမူကား ကျွန်ုပ် ယူသကဲ့သို့ ယူကြသည်မဟုတ် ပါ။ ကျွန်ုပ် နစ်နာအောင် ကျွန်ုပ်အား အပြစ်ကြီးပေးလိုက်ပြီဟု ယူကြပါသည်။ ထိုသူတို့၏ အယူသည် အပြစ်တင်လိုက်သောအယူပင်။
 သို့ရာတွင် ထိုသူတို့ကို ကျွန်ုပ်က မေတ္တာရပ်လိုသည်မှာ အချင်းတို့၊ ကျွန်ုပ်၏သားများ လူလားမြောက်လာကြသောအခါ သူတို့ကို ဆုံးမကြပါဘိ။ လူတော်လူကောင်း ဂုဏ်သိက္ခာတရားထက် ငွေရဖို့အရေးကိုသာ သူတို့လုံးပန်း နေကြသည်ဟု အသင်တို့ အထင်ရှိကြပါက အသင်တို့ကို ကျွန်ုပ်က မေးမြန်း စိစစ်၍ အသင်တို့၏ စိတ်နှလုံးကို ပင်ပန်းအောင်ပြုသကဲ့သို့ အသင်တို့ကလည်း ကျွန်ုပ်၏ သားများကို ပြုကြပါ။ မည်သို့သောသူမျှ မဟုတ်ပါဘဲလျက် ဟုတ်သယောင် ဟန်ဆောင်၍ နေကြသည်ဟု အသင်တို့ အထင်ရှိကြပါက ဟန်ဆောင်၍ နေကြသောကြောင့်လည်းကောင်း၊ လူဟုတ်ဖြစ်အောင် အားမထုတ် ဘဲ နေကြသောကြောင့်လည်းကောင်း အသင်တို့ကို ကျွန်ုပ်က ပြစ်တင်မောင်းမဲ ခြင်း ပြုသကဲ့သို့ အသင်တို့ကလည်း ကျွန်ုပ်၏ သားများကို ပြုကြပါ။ ထိုသို့သာ အသင်တို့ပြုကြသည်ဖြစ်လျှင် အကျွန်ုပ်ကိုလည်းကောင်း၊ ကျွန်ုပ်၏ သားများကိုလည်းကောင်း အသင်တို့သည် တရားနှင့်အညီ ကျေးဇူးပြုခဲ့ကြပြီဟု ကျွန်ုပ် ဆိုချင်ပါသည်။ ဤသို့လျှင် ကျွန်ုပ်က အသင်တို့ကို မေတ္တာရပ်ပါသည်။
အက်သင်းမြို့သားတို့၊ ကျွန်ုပ် သွားချိန်တန်ပါပြီ။ ထို့ကြောင့် အသင် တို့နှင့် အကျွန်ုပ် လမ်းခွဲကြရမည်။ ကျွန်ုပ်၏လမ်းသည် သေလမ်း ဖြစ်သည်။ အသင်တို့၏လမ်းသည် နေလမ်း ဖြစ်သည်။ မည်သည့်လမ်းက သာသနည်း။ အသင်တို့လည်း မသိ။ ကျွန်ုပ်လည်း မသိ။ မည်သူမျှ မသိ။ အဂ္ဂဘုံသာသိတော့ သည်။
✥﹤--- www.ebooks4mm.org ---﹥✥

၂၂။ ဆော့ခရတ္တိ၏ အရပ်ထင်မြင်ချက် အယူအဆ 
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် ခရီတော် (Crito) ကထာမှ ကောက်နုတ် သော စာပိုဒ်အမှတ် ၁ မှ ၈ အထိ ဖြစ်သည်။
ခရီတော်ကထာ ဆိုသည်မှာ အက်သင်းမြို့၊ အကျဉ်းထောင် အတွင်း၌ ဆော့ခရတ္တိနှင့် ဆော့ခရတ္တိ၏ မိတ်ဆွေရင်းချာတစ်ဦးဖြစ်သော ခရီတော်အမည်ရှိသော သူကြွယ်တို့ မေးမြန်းပြောဟောကြသော အကြောင်း ဖြစ်သည်။ ဆော့ခရတ္တိကို ခေါင်းဆောင်သုံးဦးက တရား စွဲဆိုသဖြင့် အက်သင်းမြို့ တရားခုံရုံး၌ အမှုစစ်ဆေးခဲ့ကြောင်း၊ ထိုအမှုတွင် ဆော့ခရတ္တိ က ပြန်လည်ချေပခဲ့ကြောင်း၊ အမှုတွင် ဆော့ခရတ္တိ ရှုံး၍ သေဒဏ် ချမှတ်ခြင်း ခံရကြောင်းတို့ကို ချေပချက်ကထာ၌ ဖော်ပြခဲ့ပြီး ဖြစ်သည်။
ဆော့ခရတ္တိကို သေဒဏ်ချမှတ်ပြီးသည့်နောက် ချက်ချင်း အဆုံး မစီရင်ဖြစ်သော အကြောင်းတစ်ရပ် ပေါ်လာသည်။ ထိုအကြောင်းသည် ဤသို့ဖြစ်သည်။ ဂရိလူမျိုးတို့သည် နှစ်စဉ်နှစ်တိုင်း ဒီလော့ကျွန်းငယ်တွင် အပေါ်လို (သူရိယဒေ၀) နတ်မင်းကို ပူဇော်လေ့ ရှိကြသည်။ ထိုအခါ အက်သင်းမြို့သူမြို့သားများသည် ဒီလော့ကျွန်း၌ ကျင်းပသော အပေါ်လို နတ်ပွဲသို့ နတ်သင်္ဘောကိုစေလွှတ်လေ့ရှိသည်။ နတ်သင်္ဘောသည် ဒီလော့ ကျွန်းတွင် တစ်လခန့် ဆိုက်ကပ် နားနေလေ့ ရှိသည်။ အက်သင်းမြို့တော် တရားခုံရုံး၏ ထုံးစံတစ်ခုမှာ နတ်သင်္ဘောသည် အက်သင်းမြို့မှ ခွာသည့်  အချိန်မှစ၍ အက်သင်းမြို့သို့ပြန်ရောက်လာသည့်အချိန်အထိ အက်သင်း မြို့တွင် သေဒဏ်ချမှတ်ခြင်းခံရသော ရာဇဝတ်ကောင်ကို အဆုံးစီရင်ရဘဲ ဆိုင်းထား၍ အကျဉ်းထောင်၌ ခေတ္တနေစေရခြင်းဖြစ်သည်။ နတ်သင်္ဘော ပြန်ရောက်လာသောအခါမှာမှ အဆုံးစီရင်ရသည်။ အဆုံးစီရင်ခြင်းဆိုသည်မှာ သက်ဆိုင်ရာ ထောင်အာဏာပိုင်တို့က ရာဇဝတ်ကောင်ကို အဆိပ်အသောက် ခိုင်းခြင်းဖြစ်သည်။ ဆော့ခရတ္တိကို သေဒဏ်ချမှတ်သောနေ့၌ပင် နတ်သင်္ဘော သည် နတ်ပွဲကျင်းပရာ ဒီလော့ကျွန်းသို့ လွှင့်သည်ဖြစ်ရာ အဆုံးစီရင်မှုကိစ္စကို ခေတ္တဆိုင်းထားရခြင်း ဖြစ်လေသည်။ ။
အကျဉ်းထောင်၌ ဆော့ခရတ္တိနေရစဉ် ဆော့ခရတ္တိ၏ မိတ်ဆွေများ သည် ဆော့ခရတ္တိကို အကျဉ်းထောင်မှခိုးယူ၍ တစ်နယ်တစ်ကျေးသို့ ခေါ်သွားရန် စီမံစိုင်းပြင်းကြသည်။ သို့ရာတွင် ဆော့ခရတ္တိသည် မိတ်ဆွေ များ၏ အကြံအစည် အစီအမံကို ငြင်းဆန်ခဲ့သည်။ ဆော့ခရတ္တိက မငြင်းဆန်လျှင် အသက်ချမ်းသာရာနိုင်သည်ဟု အဆိုရှိသည်။ တရားစွဲသူ များကပင် ဆော့ခရတ္တိကို သေစေရန်ရည်ရွယ်၊ အက်သင်းမြို့၌ ဆော့ခရတ္တိ မနေနိုင်အောင် ကြံစည်ခြင်းမျှသာဖြစ်၏ဟုလည်း အဆိုရှိသည်။ သို့ရာတွင် အမှု စစ်ဆေးစဉ်ကသော် ဆော့ခရတ္တိသည် အခါတိုင်း ကဲ့သို့ပင် မကိုင်းမညွတ်၊ မိမိ၏ အယူအဆကို ကိုင်၍ ကျောက်စာတိုင်ကဲ့သို့ ခိုင်ခဲ့သည်ဖြစ်ရာ သေပြစ် သေဒဏ်အပေးကို ခံလိုက်ရသည်။ ထို့ကြောင့် အကျဉ်းထောင်မှ လွတ်မြောက်ရန် ဆော့ခရတ္တိကို မိတ်ဆွေများက ချော့မော့ သွေးဆောင်ကြသည်။ သို့ပါသော်လည်း ဆော့ခရတ္တိသည် မိမိ၏အယူအဆကို ကိုင်၍ ကျောက်စာ တိုင်ကဲ့သို့ပင် ခိုင်ခဲ့ပြန်သည်။ ခရီတော်ကထာတွင် ထိုအယူအဆတို့ကို အန္တဝါသိက ပလေးတိုးက တင်ပြနိုင်ခဲ့သည်။
ဆော့ခရတ္တိကို ချော့မော့သွေးဆောင်ကြသောသူများအနက် ခရီတော် ဆိုသူသည် ဆော့ခရတ္တိကို ချော့မော့သွေးဆောင်ရာတွင် ဇွဲအကောင်းဆုံး ဖြစ်သည်ဟု ဆိုနိုင်သည်။ ဆော့ခရတ္တိ အဆိပ်မသောက်ခင် နှစ်ရက်သုံးရက် အလိုလောက်မှာပင် ဆော့ခရတ္တိကို ချော့မော့သွေးဆောင်ခြင်းကို ပြုသေး သည်။ ခရီတော်သည် အက်သင်းမြို့တွင် သူကြွယ်တစ်ဦး ဖြစ်သည်။
ဆော့ခရတ္တိနှင့် ချစ်ကျွမ်းဝင်သူ ဖြစ်သည်။ ဆော့ခရတ္တိကို ကြည်ညိုသူ ဖြစ်သည်။ အသက်အရွယ်အားဖြင့် ဆော့ခရေတ္တိနှင့် မတိမ်းမယိမ်းဖြစ်၏ဟု အဆိုရှိရာ အသက် ၇ဝ ခန့်၊ သို့မဟုတ် ၇၀ ကျော်လောက် ဖြစ်နိုင်သည်။ ခရီတော်ကထာ စာတမ်းသည် ခရီတော်၏ နောက်ဆုံးချော့မော့သွေးဆောင် ခြင်းနှင့် ဆော့ခရတ္တိ၏ နောက်ဆုံးအကြောင်း ငြင်းဆန်ခြင်းတို့၏  အကြောင်းကို တင်ပြထားသော စာတမ်းဖြစ်သည်။ ထို့ပြင် နှလုံးကြေကွဲရရှာ သော ခရီတော်၏ သဘာဝကို လည်းကောင်း၊ မှန်ကန်သော အယူအဆ သဘောတရားကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲနိုင်သော ဆော့ခရတ္တိ၏ သဘာဝကို လည်းကောင်း ကြေကွဲစရာ၊ ချီးကျူးစရာဖြစ်အောင် ဖွဲ့ဆိုထားသော စာတမ်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ။
အောက်ပါစာပိုဒ်တို့တွင် အရပ်၏ ထင်မြင်ချက်သဘောနှင့် စပ်လျဉ်း ၍ ဆော့ခရတ္တိ၏ အယူအဆကို တွေ့နိုင်သည်။ လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်းလည်း၊ လူကောင်းတစ်ယောက်၊ ချီးမွမ်းပျောက်၏ဟူသော မြန်မာတို့၏ အတွေ့အကြုံ အယူအဆ သဘောမျိုးကိုလည်း တွေ့နိုင်သည်။
 ဆွေးနွေးကြသူများ - ဆော့ခရတ္တိ နှင့် ခရီတော်။
နေရာ - အက်သင်းမြို့၊ အကျဉ်းထောင်။ 
အချိန် - အရုဏ်တက်ခါစ။
 
စာပိုဒ် ၁ 
ဆော့ခရတ္တိ။ ။ခရီတော်ပါတကား၊ အဘယ်ကိစ္စကြောင့် အသင် ရောက်လာ သနည်း။ စောလွန်းလှချေ၏တကား။ ခရီတော်။ ။ဟုတ်ပါသည်၊ စောလွန်းလှပါသည်။
ဆော့။ ။ယခု မည်သည့်အချိန်လောက်ရှိပြီနည်း။ ခ။ ။အရုဏ်တက်ခါနီးပါပြီ။ ။
ဆော့။ ။ယခုကဲ့သို့သော အချိန်မျိုးတွင် ထောင်မှူးက အသင့်ကို ခွင့်ပြုသည်မှာ အံ့သြစရာပါပေ။
ခ။ ။အံ့သြစရာ မရှိပါ။ ကျွန်ုပ် မကြာခဏ လာတတ်သဖြင့် ကျွန်ုပ်ကို ထောင်မှူးက သိနေပါပြီ။ ထို့ပြင် သူ့ကို ကျွန်ုပ်က ကျေးဇူးပြုထား သောကြောင့်လည်း ဖြစ်ပါသည်။ ။
ဘု။ ။အသင် ရောက်နေသည်မှာ ကြာပြီလော၊ ယခုပင်လော။ ခ။ ။အတန်ငယ် ကြာပါပြီ။
ဘု။ ။သူငယ်ချင်း၊ အဘယ့်ကြောင့် ထိုင်၍ စောင့်နေရသနည်း၊ နှိုးပါတော့လော။ ။
ခ။ ။အဘယ့်ကြောင့် နှိုးရမည်နည်း။ ကျွန်ုပ်ပင်လျှင် အိပ်နိုင်အောင်၊ စိတ်မချမ်းမသာ မဖြစ်အောင် မနည်းကြိုးစားနေရသောအခါ ဖြစ်သည်။ ထိုအခါ မျိုးတွင် အသင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို မြင်သောအခါ ကျွန်ုပ်မှာ  အံ့သြခြင်းဖြစ်ရသည်။ ထို့ကြောင့် အသင့်ကို မနှိုးဘဲ တမင်သက်သက် ထိုင်၍ စောင့်နေခြင်းဖြစ်သည်။ ထို့ပြင် ပူပင်သောကမရှိဘဲ အသင်နေနိုင်သမျှ နေစေချင် သော စေတနာကြောင့်လည်း ဖြစ်သည်။ တောင့်တခြင်းလည်းမရှိ၊ ကြောင့်ကြ ခြင်းလည်း မရှိ ရွှင်ရွှင်ပျပျ အသင် နေတတ်သည်ကို ကျွန်ုပ်သည် မကြာခဏ သတိထားမိပါ၏။ သို့ရာတွင် သေရအံ့သောဘေးကို အသင်ကဲ့သို့ သည်းခံ၍ အသင်ကဲ့သို့ ဥပေက္ခာပြုနိုင်သော အသင်၏ သမာဓိမျိုးကိုကား ကျွန်ုပ်သည် တစ်သက်နှင့်တစ်ကိုယ် မတွေ့ဖူးသေးပါ။
ဆော့။ ။အချင်း ခရီတော်၊ ဤအသက် ဤအရွယ်သို့ ရောက်ခါမှ သေခြင်းကို ကြောက်၍ စိတ်ချောက်ချားခြင်း ဖြစ်နေရသေးလျှင် အဘယ်မှာ ကောင်းနိုင်ပါတော့အံ့နည်း။ ။
ခ။ ။ဆော့ခရတ္တိ၊ အသင်နှင့် သက်တူရွယ်တူမျှဖြစ်ကြကုန်သော တစ်ပါးသောသူတို့သည် အသင်ကဲ့သို့ ကံဆိုးသောအဖြစ်နှင့် ကြုံကြရပါသည်။ သို့ရာတွင် ထိုသူတို့သည် အသက်အရွယ်ကြောင့်ကား တုန်လှုပ်ချောက်ချားခြင်း ကင်းကြသည် မဟုတ်ပါ။ )
ဆော့။ ။ဖြစ်နိုင်ပါ၏။ ခရီတော်၊ စောစောစီးစီး အသင်ရောက်လာခြင်း အကြောင်းကို အသင် မပြောသေးပါ၊ ပြောပါဦး။ ။
ခ။ ။ပြောပါမည်။ စိတ်မချမ်းသာစရာသတင်း ဖြစ်ပါ၏။ ထို သတင်းသည် အသင့်အဖို့ အကြောင်းထူးမည် မဟုတ်သော်လည်း ကျွန်ုပ် နှင့် တကွ အသင်၏ မိတ်သင်္ဂဟအပေါင်းတို့အဖို့မှာကား စိတ်မချမ်းသာစရာ ဖြစ်ကြရပါသည်။ ကျွန်ုပ်အဖို့မှာ စိတ်နှလုံးကြေကွဲရပါသည်။ ။
ဆော့။ ။အပေါ်လို နုတ်သင်္ဘောသတင်းပေလော။ အပေါ်လိုနတ် သင်္ဘောသည် ဒီလော့ကျွန်းမှ ပြန်၍ရောက်လာလျှင် ကျွန်ုပ် သေရတော့အံ့ဟူ သော အကြောင်းကြောင့်လော။ ထိုနတ်သင်္ဘောသည် ယခုရောက်လာပြီလော။
ခ။ ။မရောက်သေးပါ။ သို့ရာတွင် ယနေ့ရောက်လိမ့်မည် ထင်ပါ သည်။ အပေါ်လိုနတ်သင်္ဘောသည် ဆုန္နအမ်ကျွန်းငယ်၌ ကျန်ရစ်ခဲ့၏ဟု ကျွန်းငယ်မှ ရောက်လာကြသော ခရီးသည်တို့က ပြောကြသည်။ နတ်သင်္ဘော ယနေ့ရောက်လျှင် နက်ဖြန်တွင် အသင်၏ အသက် ဆုံးရချေတော့မည်။ (ဆုန္အမ်သည် အက်သင်းမြို့မှ မိုင် ၃ဝ အကွာ၌ရှိသော ကျွန်းငယ်ဖြစ်သည်။)
စာပိုဒ် ၂ 
ဆော့။ ။ကောင်းလေစွ၊ နတ်ဒေဝါတို့က ထိုသို့ အလိုရှိကြသည် ဖြစ်လျှင် လိုတော်အတိုင်းပင်။ သို့ရာတွင် နတ်သင်္ဘောသည် ယနေ့ ရောက်မည်မထပါ ၊  ခ။ ။အဘယ့်ကြောင့်နည်း၊ အကြောင်းရှိထိုက်ပေသည်။
ဆာ။ ။အကြောင်းကို ကျွန်ုပ် ပြောပြပါမည်။ နတ်သင်္ဘော ယနေ့ ရောက်လျှင် နောက်တစ်နေ့၌ ကျွန်ုပ် သေရမည်မုချ ဖြစ်သည်။ ထိုသို့ မဟုတ် ပါလော။
။ ။သိသူတို့က ထိုသို့ပင် ပြောကြပါသည်။
ဆော့။ ။အချင်း ခရီတော်၊ နတ်သင်္ဘောသည် ယနေ့ရောက်မည် မဟုတ်ပါ၊ နက်ဖြန်ခါမှ ရောက်မည်ဟု ကျွန်ုပ် ထင်သည်။ ထင်ရသည့်အကြောင်း မှာ ကျွန်ုပ်၏ အိပ်မက်ကြောင့် ဖြစ်သည်။ အိပ်ရာမှ မနိုးခင် တစ်ခဏ၌ ကျွန်ုပ် အိပ်မက်မြင်သည်။ ကျွန်ုပ် အိပ်နေသည်ကို မနှိုးဘဲ အသင်ထိုင်၍စောင့် နေစဉ်က မြင်သောအိပ်မက် ဖြစ်ဟန်တူပါသည်။ ။
ခ။ ။မည်သို့သော အိပ်မက်ပေနည်း၊ ပြောပါဘိ။
ဆာ။ ။အိပ်မက်တွင် အမျိုးသမီးနှင့်တူသော သဏ္ဌာန် တစ်ခုကို ကျွန်ုပ် မြင်သည်။ ထိုသဏ္ဌာန်၌ တင့်တယ်သော ရုပ်လက္ခဏာ ရှိသည်။ ငြိမ်သက်သော အမူအရာရှိသည်၊ တောက်ပသော ကိုယ်ရုံကို လွှမ်းခြုံလျက်ရှိ သည်။ ကျွန်ုပ်ကို ခေါ်၍ ပြောသည်မှာ ဆော့ခရတ္တိ၊ ဤနေ့မှစ၍ ရေသော် တတိယမြောက်သောနေ့၌ မြေဆီကြွယ်ဝ သိုင်းဒေသသို့ အသင် သွားရပေအံ့ ဟု ဆိုပါသည်။
(ကောက်နုတ်ချက်သည် အိလိယတ်မဟာကဗျာမှ ဖြစ်သည်။ အာဇာနည် အာခီလိကပြောသောစကားဖြစ်သည်။ ဆိုလိုရင်းမှာ ဇာတိဌာနသို့ ပြန်ရတော့ အံ့ဟူ၏။)
ခ။ ။ထူးခြားသော အိပ်မက်ပါပေ။
ဆာ။ ။အချင်းခရီတော်၊ အိပ်မက်၏ အဟောသည် ပြတ်သားလှပေ သည်။ ကျွန်ုပ် ဤသို့ထင်သည်။
စာပိုဒ် ၃ 
ခ။ ။သေချာလွန်းသည်ဟုပင် ထင်စရာဖြစ်နေပြီ။ သို့ရာတွင် ဆော့ခရတ္တိ၊ ကျွန်ုပ်၏ စကားကို ဤတစ်ကြိမ်တွင် နားထောင်ပါဘိ။ အသက် တစ်ချောင်းကို အလဟဿ မဖြစ်အောင် အသင် ပြုထိုက်ပြီ။ ဤအရပ်ကို စွန့်၍ လွတ်ရာ ကျွတ်ရာသို့ အသင်သွားထိုက်ပြီ။ အသင်ငြင်းဆန်ခဲ့သည်ရှိသော် ကျွန်ုပ်အဖို့မှာ နှစ်ခါပြန် လူဖြစ်ရှုံးရတော့မည်။ ရှေးဦးစွာ ကျွန်ုပ်မှာ အစားမရနိုင်သော အဆွေ ခင်ပွန်းကောင်းနှင့် ကွေကွင်းရမည်။ ထို့နောက် ငွေစကြေးစပေးကာမျှ  ဖြင့် အသင်၏ အသက်ကို ကယ်နိုင်ပါလျက် မကယ်ဘဲ လျစ်လျူပြုခဲ့သည်ဟု မသိသူတို့က ကျွန်ုပ်ကို အထင်လွဲကြလိမ့်မည်။ အဆွေခင်ပွန်းထဂ ငွေကို ပို၍ မက်လှချေ၏ဟု အထင်ခံရခြင်းထက် ရှက်ဖွယ်ကောင်းသောအရာသည် လောက၌ မရှိပြီ။ တစ်ဖန် အသင်၏ အသက်ကို ကယ်ရန် ကျွန်ုပ်တို့သည် အစွမ်းကုန် အားထုတ်ကြပါသော်လည်း အသင့် ကိုယ်တိုင်က ဤနေရာမှ တစ်ဖဝါးမျှ မခွာလိုသောကြောင့် ရေတိမ်နစ်ရခြင်း ဖြစ်၏ဟု ကျွန်ုပ်တို့က အရပ်ကို ရှင်းပြကြစေကာမှု၊ ကျွန်ုပ်တို့ကို အရပ်က ယုံကြပါမည်လော။ အရပ်က မည်သို့ ထင်ကြမည်နည်း။
ဆော့။ အချင်း ခရီတော်၊ အရပ်၏ထင်မြင်ချက်ကို ကျွန်ုပ်တို့သည် အဘယ့်ကြောင့် အလိုရှိချင်ကြပါသနည်း။ လူကောင်းသူကောင်းတို့သာလျှင် လောက၌ အလေးဂရုပြုထိုက်သော ပုဂ္ဂိုလ်များ မဟုတ်တုံလော။ ထိုပုဂ္ဂိုလ်တို့ သည် ဖြစ်ခဲ့သည်တို့ကို ဖြစ်ခဲ့သည့်အတိုင်း မြင်ကြမည်သာဖြစ်သည်။
ခ။ ။ဟုတ်ပါ၏။ သို့ရာတွင် အချင်းဆော့ခရတ္တိ၊ အရပ်၏ ထင်မြင်ချက်ကိုလည်း လေးစားရမည်ဖြစ်သည်။ ယခုဖြစ်ခဲ့ပုံကို ကြည့်ပါ။ အရပ်က အကောင်းမထင်သောသူကို အရပ်ကပင် ဖျက်ဆီးခဲ့ပြီ မဟုတ်ပါလော။
ဆော့။ ။အချင်း ခရီတော်၊ ထိုအတိုင်းသာဖြစ်ပါစေဟု ကျွန်ုပ်ဆိုလိုက် ချင်သည်။ အဘယ့်ကြောင့်ဆိုသော် ဖျက်ဆီးနိုင်သောသတ္တိသည် အရပ်၌ ရှိသည်ဖြစ်လျှင် ကျေးဇူးပြုနိုင်သော သတ္တိသည်လည်း အရပ်၌ ရှိမည် မုချဖြစ်သောကြောင့်ပင်။ လောက၌ ထိုသို့သာ ဖြစ်လာနိုင်လျှင် မည်မျှ ကောင်းမည်နည်း။ သို့ရာတွင် အရပ်၌ ဖျက်ဆီးနိုင်သော သတ္တိလည်းမရှိပါ။ ကျေးဇူးပြုနိုင်သော သတ္တိလည်း မရှိပါ။ အဘယ့်ကြောင့်ဆိုသော် အရပ်သည် လူတစ်ဦးတစ်ယောက်ကို လူလိမ္မာဖြစ်အောင်လည်း မပြုနိုင်ပါ၊ လူမိုက်ဖြစ်အောင် လည်း မပြုနိုင်ပါ။ ထို့ကြောင့် ဖြစ်သည်။ အရပ်၏ အမူအရာဆိုသည်မှာ အရပ်၌ ပေါ်ပေါက်လာသော အခြေအနေကိုလိုက်၍ ပြုကြသော အမူအရာသာ ဖြစ်သည်၊ မီးစင်ကြည့် ကကြခြင်းသာ ဖြစ်သည်။
စာပိုဒ် ၄ 
ခ။ ။ရှိပါစေတော့။ ကျွန်ုပ်သည် ဤအချက်နှင့်စပ်လျဉ်း၍ အသင်နှင့် အငြင်းအခုံ မဖြစ်လိုပါ။ အချင်းဆော့ခရတ္တိ၊ ကျွန်ုပ်ကို ဖွင့်ပြောပါဘိ။ အသင် သည် ကျွန်ုပ်နှင့်တကွ မိတ်ဆွေသင်္ဂဟအပေါင်းတို့အတွက် စိုးရိမ်မကင်းဖြစ်နေ  သောကြောင့် အသင် ငြင်းဆန်နေခြင်းပေလော။ အသင် လွတ်ရာကျွတ်ရာသို့ ရောက်သွားလျှင် ထိုအကြောင်းကို သိကြသော သတင်းပေးတို့က ကျွန်ုပ်တို့ကို ဘေးဖြစ်အောင် ပြုကြလိမ့်မည်ဟု အသင်စိုးရိမ်မကင်းဖြစ်နေခြင်းလော။ ကျွန်ုပ်တို့ ကို စွပ်စွဲကြသဖြင့် ကျွန်ုပ်တို့၏ စည်းစိမ်ဥစ္စာသည် ပျက်စီးတန်ရာ၏ဟုလည်း ကောင်း၊ ထိုထက်ကြီးလေးသော အပြစ်ဒဏ်ကို ကျွန်ုပ်တို့ ခံကြရတန်ရာ၏ဟု ည်းကောင်း အသင် စိုးရိမ်မကင်းဖြစ်နေခြင်းလော။ ဆော့ခရတ္တိ၊ ထိုသို့ မဖြစ်ပါလင့်။ အသင်သာ အသက်ချမ်းသာရာရပါစေ။ ကျွန်ုပ်တို့အဖို့ စည်းစိမ် ဥစ္စာ အဆုံးခံထိုက် ပါသည်။ ထို့ထက် ကြီးလေးသော အပြစ်ဒဏ်ကိုပင် ခံထိုက်ကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အကူအညီကို အသင် လက်ခံပါ။ ကျွန်ုပ်တို့ စီမံသမျှကို အသင်လိုက်နာပါ။
ဆော့။ ။အချင်း ခရီတော်၊ အသင်ဆိုသည့်အတိုင်း ကျွန်ုပ်၌ စိုးရိမ် မကင်းခြင်း ရှိပါ၏။ သို့ရာတွင် ထိုအကြောင်းတစ်ခုတည်းကြောင့် မဟုတ်ပါ။ အခြားအကြောင်းများလည်း ရှိပါသေးသည်။
ခ။ ။ဆော့ခရတ္တိ၊ မစိုးရိမ်ပါလင့်။ အသင်လွတ်မြောက်အောင် ပင်ပန်းဆင်းရဲခြင်း မရှိစေရဘဲ အသင့်ကို ဆောင်ကြဉ်းပေးလိုသူတို့သည် ရှိကြပါသည်။ သတင်းပေးဆိုသူ၏ပြဿနာမှာ မခဲယဉ်းလှပါ။ ငွေစကြေးစ စိုးစဉ်းမျှ ခွံ့ လိုက်လျှင် ကိစ္စပြီးနိုင်ပါသည်။ ကျွန်ုပ်၏ စည်းစိမ်ဥစ္စာအားလုံးကို အသင်၏ အသက်တစ်ချောင်းအတွက် ပုံအပ်ပြီး ဖြစ်ပါသည်။ ကျွန်ုပ်၏ စည်းစိမ်ဥစ္စာအားလုံး ပျက်စီးမည်ကိုမြင်၍ အသင်စိုးရိမ်ခြင်း ဖြစ်နေသေးလျှင် ကျွန်ုပ် ရှင်းပြပါမည်။ ကျွန်ုပ်နှင့်အတူ မျှဝေ၍ အကုန်ခံကြမည့်သူများ ရှိပါသည်။ သီဗီမြို့သားဖြစ်သော ဆိမိအ ဆိုသူသည် အသင်လွတ်မြောက်အောင် ကြံဆောင်ရေးအတွက် ငွေ အမြောက်အမြား ယူလာခဲ့ပြီ။ ထို့ပြင် ဒီဗီနှင့်တကွ အခြားသော မိတ်ဆွေများသည် လည်း ထိုကိစ္စအတွက် ငွေကြေးအကုန်ခံစရာ ရှိလျှင် အကုန်ခံရန် အသင့် ရှိကြပြီ။ ထို့ကြောင့် ကျွန်ုပ်တို့ကို ငဲ့၍ အသင်စိတ် မလျှော့ပါနှင့်။ ထို့ပြင် အသင် လွတ်မြောက်၍ အရပ်တစ်ပါးသို့ရောက်လျှင် အသင်၌ ဖြစ်လတ္တံ့သော ဧကန္တကို အသင်အမှုဆိုင်စဉ်က အသင်ဆိုခဲ့သည်။ ထိုဖြစ်လတ္တံ့သော ဧကန္တကိုလည်း အသင် မျှော်တွေး၍ ပူပန်ခြင်းမဖြစ်ပါလင့်။ အသင့်ကို ချစ်ခင် လေးစားသူတို့သည် အက်သင်းမြို့၌သာ ရှိကြသည် မဟုတ်ပါ။ အသင်ရောက်ရာ အရပ်တိုင်း၌ အသင့်ကို ချစ်ခင်လေးစားကြမည်သာ ဖြစ်သည်။ သီဆလိပြည်တွင် ကျွန်ုပ်၏ အဆွေခင်ပွန်းများ ရှိကြပါ၏။ ထိုသူတို့ထံသို့ အသင်သွားလိုလျှင် နိုင်ပါသည်။ ထိုသူတို့သည် အသင့်ကို  ချစ်ခင်လေးစားကြလိမ့်မည်။ အသင့်ကို ဘေးမသီရန်မခအောင် စောင့်ရှောက် ကြလိမ့်မည်။
စာပိုဒ် ၅ 
ခ။ ။အချင်း ဆော့ခရတ္တိ၊ ကျွန်ုပ်ဆိုပါဦးအံ့။ အသင်သည် လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ရနိုင်ပါလျက် မယူဘဲ အသင်၏ အသက်နှင့်ခန္ဓာကို မညှာမတာပြုခဲ့သည်ရှိသော် မှန်သောအမှုကို အသင်ပြုသည်ဟု ကျွန်ုပ် မယူနိုင်ပါ။ ထို့သို့ ပြုသဖြင့် အသင်သည် အသင်၏ ပျက်စီးရာ ပျက်စီးကြောင်းကို အလိုရှိကြကုန်သော သူတို့၏ အလိုကို ဖြည့်ရာ ရောက်ပေ လိမ့်မည်။ ရန်သူအားရအောင် ပြုရာ ရောက်ပေလိမ့်မည်။ ထို့ပြင် ဆိုစရာ ရှိပါသေး၏။ ထိုသို့ပြုသဖြင့် အသင်သည် မိဘတို့ဝတ္တရား၌ ပျက်ကွက်ရာ ရောက်သည်။ အသင်သည် အသင်၏သားငယ်တို့ကို မွေးကျွေးသုတ်သင်ခြင်း၊ ပညာပေးခြင်း ပြုထိုက်သည် မဟုတ်ပါလော။ ထိုသို့ မပြုဘဲ စွန့်ခဲ့သည်ရှိသော် ထိုသားငယ် တို့သည် မျက်စိသူငယ်နှင့် ကျန်ရစ်၍ ဖြစ်လိုရာ ဖြစ်ကုန်ကြတော့မည် မဟုတ်ပါလော။ အဖမဲ့သားတို့ ကြုံကြရမည်ဖြစ်သော ဆင်းရဲဒုက္ခအပေါင်းကို ခံကြရတော့မည် မဟုတ်ပါလော။ အချင်းဆော့ခရတ္တိ၊ အကြင်သူသည် သား သမီးကို ကျွေးမွေးသုတ်သင်ရန် အလိုမရှိ။ ပညာပေးရန်အလိုမရှိ။ ထိုသူသည် သားသမီးကို ရအောင် မပြုထိုက်။ ထိုသို့မဟုတ်တုံလော။ လူတော်လူကောင်း ဂုဏ်သိက္ခာကို အသင် အလေးအမြတ်ပြု၏ဟု အသင်တစ်သက်လုံး အစဉ်တစိုက် ပြောဟောခဲ့ပြီ။ ထိုသို့သော အသင်သည် ထိုဂုဏ်သိက္ခာကို ယောက်ျားကောင်း ပီသစွာ ကျင့်ထိုက်သည် မဟုတ်ပါလော။ ယခုသော် အသင်သည် အလွယ်လမ်းကို လိုက်ရာရောက်နေပြီ။ ယခုကြုံရသော အမှုကိစ္စတစ်ခုလုံးသည် ကျွန်ုပ်တို့အားလုံး သတ္တိကြောင်ခဲ့ကြသောကြောင့် ဖြစ်ရသည်ဟု အရပ်က ပြောကြဆိုကြတော့ မည်။ ထိုအရေးကို တွေးမိတိုင်း ကျွန်ုပ်အတွက်လည်း ကျွန်ုပ် ရှက်သည်၊ မိတ်ဆွေသင်္ဂဟ အားလုံးအတွက်လည်း ကျွန်ုပ် ရှက်သည်။ စင်စစ်မှာ ဤအမှုသည် တရားခုံရုံးသို့ပင် ရောက်လိုက်သည် မဟုတ်ပါ။ မရောက်ထိုက်ပါဘဲ လျက် ရောက်ခဲ့ရပြီ။ တစ်ဖန် ရောက်ခဲ့စေကာမူ အမှုသွားအမှုလာတစ်မျိုး တစ်မည်ဖြစ်လာအောင် ကြံဆောင်အားခဲခြင်း ရှိထိုက်သည်။ ရှိထိုက်ပါလျက် မရှိဖြစ်ခဲ့ရပြီ။ ထို့ကြောင့် သေဒဏ်စီရင်သည်အထိ ဤအဆိုးအနေဆိုးဘဝ သို့ ဆိုက်ခဲ့ရသည်။ တစ်ဖန် ဆိုက်ခဲ့ရစေကာမူ အသင်၏ လွတ်မြောက်ရေး အတွက် အခက်အခဲ မရှိနိုင်ပါဘဲလျက် ကျွန်ုပ်တို့ကလည်း မဆောင်ရွက် နေကြလျှင် အသင်ကလည်း အသင်၏ အသက်နှင့်ခန္ဓာကို ဂရုမစိုက်ဘဲနေလျှင်  ပသို့ဆိုကြမည်နည်း။ ကျွန်ုပ်တို့ မိုက်မဲတွေဝေကြသောကြောင့်သာ၊ ကျွန်ုပ်တို့ သတ္တိကြောင်ကြသောကြောင့်သာ အသင်၏ လွတ်မြောက်ရေးသည် ဆုံးရှုံးခဲ့ ရ၏ဟု အထင်အမြင်အပြောအဆို ရှိကြတော့မည်မှာ မုချဖြစ်သည်။ ထို့ကြောင့် အချင်း ဆော့ခရတ္တိ၊ အသင်၏ အသက်နှင့်ခန္ဓာကိုလည်း အပျက်အစီး မခံပါ နှင့်။ ကျွန်ုပ်တို့ကိုလည်း အရှက်တကွဲအကျိုးနည်း မဖြစ်ပါစေနှင့်။ အသင်၏စိတ်ကို ဆုံးဖြတ်ပါ။ အထွေအထူး တွေးနေဖို့ မဟုတ်တော့ပါ။ ဆုံးဖြတ်ပြီးသားပင် ဖြစ်သင့်ပြီ။ အသင်၏ လွတ်မြောက်ရေးအတွက် ကျွန်ုပ်တို့၌ စီမံစရာရှိပါ၏။ ယနေ့ည အပြီး စီမံရလိမ့်မည်။ အချိန်နှောင်းလျှင် အကြောင်းမညီ ဖြစ်မည်။ အချင်းဆော့ခရတ္တိ၊ ကျွန်ုပ်တို့စီမံသမျှကို အသင် လက်ခံပါ။ မငြင်းဆန်ပါလင့်။
စာပိုဒ် ၆ 
ဆော့။ ။အချင်း ခရီတော်၊ အသင်၏ ရဲရဲတောက်စေတနာသည် အဖိုးအနဂ္ဃ ထိုက်ပါပေသည်။ သို့ရာတွင် စေတနာကို အမှန်ဘက်သို့ဦးတည်နိုင်ပါမှ ထို စေတနာသည် အကျိုးပေးမည်။ အမှားဘက်သို့ဦးတည်မိပါမူ စေတနာရဲရဲတောက် ဖြစ်လေလေ၊ အန္တရာယ်ကြီးလေလေ ဖြစ်မည်။ ထို့ကြောင့် အသင်တို့ စီမံသမျှကို ကျွန်ုပ်လက်ခံထိုက် လက်မခံထိုက် စဉ်းစားသင့်ကြသည်။ ကျွန်ုပ်၏ သဘောမှာ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ လက်မခံလို။ အကောင်းအဆိုး၊ အကျိုးအပြစ်ကို ပြတတ်သော သမ္ပဇဉ် အဆင်ခြင်ဉာဏ်ကိုသာ လက်ခံ လိုသည်။ သမ္ပဇဉ် အဆင်ခြင်ဉာဏ်သာလျှင် လောက၌အမြတ်ဆုံးဟု ကျွန်ုပ် ယူသောကြောင့် ဖြစ်သည်။ ယခင်အခါက ကျွန်ုပ်တို့ အလေးအမြတ်ပြု၍ လက်ခံခဲ့ကြသော သဘောတရားတစ်ခုကို ယခုအခါ ကျွန်ုပ် သေရအံ့သော အရေးကြုံလာသောအကြောင်းကြောင့် ကျွန်ုပ်တို့ ပယ်ကြတော့မည်လော။ ထိုသို့သော သဘောတရားကို ကျွန်ုပ်သည် အလေးအမြတ်ပြုဆဲ ဖြစ်သည်၊ လက်ခံဆဲဖြစ်သည်။ ထိုသဘောတရားထက်သာလွန်သော တရားမှန်၊ တရားသစ် တစ်ခုကို ကျွန်ုပ် မရသေးသမျှ ကာလပတ်လုံး လက်ရှိ သဘောတရားကို ကျွန်ုပ် မပယ်နိုင်သည်မှာ သေချာပါသည်။ ရန်သူတို့သည် အရာအထောင် မကသော ထောင်သွင်းအကျဉ်းချခြင်း၊ ဥစ္စာဘဏ္ဍာသိမ်းယူခြင်း၊ သေဒဏ်ပေး ခြင်းတို့ကို ပြုကြစေကာမူ ကျွန်ုပ် မပယ်နိုင်ပါ။ ကလေးသူငယ်တို့ကို ဘုတ်၊ ပြိတ္တာ၊ သားရဲ၊ တစ္ဆေတို့ဖြင့် ခြောက်၍ ရသကဲ့သို့ ကျွန်ုပ်ကို ခြောက်၍ရမည် မဟုတ်ပါ။ အချင်း ခရီတော်၊ ဤကိစ္စကို ယထာဘူတကျကျ စဉ်းစားနိုင်အောင် မည်သည့်အချက်မှစ၍ စဉ်းစားလျှင် ကောင်းမည်နည်း။ ယခင်အခါများကသော်
စာပိုဒ် ၇ 
ဘု။ ။အလားတူအကြောင်းတစ်ရပ်ကို တင်ပြပါမည်။ အသင် အဘယ်သို့ မြင်မည်နည်း။ အားကစားလေ့ကျင့်သူတစ်ဦးသည် လူတိုင်းလူတိုင်းက ချီးမွမ်း သော စကားတို့ကို လည်းကောင်း၊ ကဲ့ရဲ့ သောစကားတို့ကို လည်းကောင်း၊ အထွေထွေသော ထင်မြင်ချက်စကားတို့ကိုလည်းကောင်း နားထောင်၍ လေ့ကျင့်မှု ကို ပြုသင့်သလော။ သို့တည်းမဟုတ် အားကစားဆရာသော် လည်းကောင်း၊ ဆေးဆရာသော်လည်းကောင်းဖြစ်သော ပုဂ္ဂိုလ်တစ်ဦးတည်း၏ စကားကို နာယူ၍ လေ့ကျင့်မှုကို ပြုသင့်သလော။ ။
ခ။ ။ထိုပုဂ္ဂိုလ်တစ်ဦးတည်း၏ စကားကိုသာ နာယူသင့်ပါသည်။
ဆော့။ ။ထိုသို့ဖြစ်လျှင် လေ့ကျင့်သူသည် ထိုပုဂ္ဂိုလ်တစ်ဦးတည်း၏ ချီးမွမ်းစကား၊ ကဲ့ရဲ့ စကားတို့ကိုသာ လေးစားထိုက်၍ အရပ်၏ ထင်မြင်ချက် စကားတို့ကို မလေးစားထိုက်ဟု ဆိုသင့်သည် မဟုတ်ပါလော။
ခ။ ။ဆိုသင့်သည်ပင်။
ဆော့။ ထို့ပြင် လေ့ကျင့်သူသည် တတ်သိလိမ္မာသော၊ တစ်ဦးတည်း သော ဆရာ၏ နည်းပေးလမ်းပြအတိုင်းသာလျှင် စားခြင်းကိုလည်းကောင်း၊ အိပ်ခြင်းကိုလည်းကောင်း၊ ပြုမူခြင်းကိုလည်းကောင်း၊ လေ့ကျင့်ခြင်းကိုလည်း ကောင်း ပြုထိုက်၍ အခြားတစ်ပါးသော သူတို့၏ ထင်မြင်ချက်များကို အရေး မပေးထိုက်ဟု မဆိုသင့်ပြီလော။
ခ။ ။ဆိုရမည်သာ။
ဆော့။ ။တတ်သိလိမ္မာသူ တစ်ဦးတည်း၏ စကားကို မနာယူဘဲ တတ်သိ လိမ္မာခြင်းမရှိကြသောသူ အများ၏ ထင်မြင်ချက် စကားတို့ကို နားထောင်၍ လေ့ကျင့်မှုကို ပြုလျှင် လေ့ကျင့်သူသည် ဘေးမဖြစ်နိုင်ပြီလော။
ခ။ ။ဘေးဖြစ်မည်မှာ သေချာပါသည်။ ဆော့။ ။မည်သို့ဖြစ်နိုင်သနည်း။ ။ ခ။ ။သူ့ကိုယ်ကာယကို ထိခိုက်နိုင်ပါသည်။
ဆော့။ ။အခြားအခြားသော လူမှုကိစ္စတို့၌လည်း ထိုသို့ပင် ဖြစ်နိုင် သည်။ အချင်းခရီတော်၊ ကျွန်ုပ်တို့ ယခုပြောဟောဆွေးနွေးနေကြသော အမှား အမှန် ပြဿနာ၊ တရားမှု မတရားမှု ပြဿနာ၊ အကောင်း အဆိုး ပြဿနာ တို့တွင် အရပ်၏ ထင်မြင်ချက်ကို လေးစားရမည်လော၊ သို့တည်းမဟုတ် တတ်သိလိမ္မာသော သူတစ်ဦးတည်း၏ ထင်မြင်ချက်ကို လေးစားရမည်လော။
 စင်စစ်မှာ ကျွန်ုပ်တို့သည် အရပ်၏ ထင်မြင်ချက်ထက် တတ်သိ လိမ္မာသူ တစ်ဦးတည်း၏ ထင်မြင်ချက်ကို ပို၍ လေးစားထိုက်ကြပေသည်။ အကယ်၍ တတ်သိ လိမ္မာသူ၏ ထင်မြင်ချက်ကို ကျွန်ုပ်တို့ မလေးစားကြလျှင် မည်သို့ ဖြစ်မည်နည်း။ အမှန်ကိုပြုခြင်းကြောင့် အကောင်းအမွန်ဖြစ်လာတတ်၍ အမှားကို ပြုခြင်းကြောင့် အဆိုးအယုတ်ဖြစ်လာတတ်၍ ကျွန်ုပ်တို့၏ ရုပ်နာမ်ခန္ဓာ၌ ကိန်းတည်လျက်ရှိနေသော သဘာဝဓမ္မ(နာမ်ဓာတ်)ကို ထိခိုက်အောင် ပြုကြရာ မရောက်ပြီလော။ ထိုသဘာဝ ဓမ္မသည် ရှိပါသလော။
ခ။ ။အချင်းဆော့ခရတ္တိ ရှိပါသည်။
စာပိုဒ် ၈ 
ဆော့။ ။ အချင်း ခရီတော်၊ အလားတူအကြောင်းတစ်ရပ်ကို ကျွန်ုပ် တင်ပြ ပါဦးမည်။ ကျွန်ုပ်တို့သည် တတ်သိလိမ္မာခြင်း မရှိကြသော သူအများ၏ စကားကို နာယူကြလျက်၊ ကျန်းမာခြင်းကြောင့် ခွန်အားဗလတိုးပွားလာတတ်၍ အနာရောဂါကြောင့် ခွန်အားဗလဆုတ်ယုတ်လာတတ်သော အရာကို ဖျက်ဆီး လိုက်သည်ရှိသော် လူဖြစ်နေ၍ ကောင်းပါတော့မည်လော။ ထိုအရာသည် ကိုယ်ကာယ မဟုတ်လော။
ခ။ ။ဟုတ်ပါသည်။ ကိုယ်ကာယပင်။
ဆော့။ ကျွန်ုပ်တို့၏ ကိုယ်ကာယသည် ပျက်စီးပြီဆိုအံ့၊ ကျွန်ုပ်တို့ သည် အသက် ရှင်နိုင်ပါတော့မည်လော။
ခ။ ။အသက် မရှင်နိုင်တော့ပါ။
ဆော့။ ။တရားရှိခြင်းကြောင့် အကောင်းအမွန် ဖြစ်လာတတ်၍ တရားမဲ့ခြင်းကြောင့် အဆိုးအယုတ် ဖြစ်လာတတ်သော သဘာဝဓမ္မသည် လူသတ္တဝါတို့၌ မြတ်သောအစိတ်အပိုင်း တစ်ခုအဖြစ်ဖြင့် ကိန်းတည်လျက်ရှိ သည်။ ထိုသဘာဝဓမ္မကို ဖျက်ဆီးလိုက်လျှင်တော့ လူဖြစ်၍နေကောင်းပါတော့ မည်လော။ ထိုသဘာဝဓမ္မသည် လောက၌ တရားရှိမှုနှင့် တရားမဲ့မှုတို့နှင့် သက်ဆိုင်သဖြင့် ထိုသဘာဝဓမ္မသည် ရုပ်ခန္ဓာသက်သက်ဖြစ်သော ကိုယ်ကာယ လောက် အရေးမကြီးဟု အသင် ယူပါသလော။
ခ။ ။အချင်း ဆော့ခရတ္တိ၊ ကျွန်ုပ် မယူပါ။
ဆော့။ ထိုသို့ မယူလျှင် ထိုသဘာဝဓမ္မသည် ကိုယ်ကာယထက် မြတ်သည်ဟု အသင် ဆိုချင်ပါသလော။
ခ။ ။ထိုသဘာဝဓမ္မသည် အလွန် မြတ်ပါသည်။
 ဆော့။ ။သူငယ်ချင်းခရီတော်၊ ထိုသို့တပြီးကား၊ ကျွန်ုပ်တို့အကြောင်း ကို အရပ်က မည်သို့ပင် အထင်ရှိ၍ မည်သို့ပင် ပြောကြစေကာမူ ကျွန်ုပ်တို့ အလေးဂရု မပြုထိုက်။ ဤအရာသည်ကား သဒ္ဓမ္မ၊ ထိုအရာသည်ကား အဓမ္မဟု ခွဲခြား၍သိသော သူတစ်ဦး၏ ထင်မြင်ချက်ကိုသာ အလေးဂရုပြုထိုက် သည်။ အမှန်အတိုင်း ပြောဆိုသည်ကိုသာ အလေးဂရုပြုထိုက်သည်။ အချင်း ခရီတော်၊ အမှန်အမှားပြဿနာ၊ အကောင်း အဆိုး ပြဿနာ၊ တရားမှု မတရားမှု ပြဿနာ တို့တွင် အရပ်၏ ထင်မြင်ချက်ကို လေးစားထိုက်၏ဟု အသင်ဆိုဦးစကပင် အသင် မှားခဲ့ပြီ။ သို့ရာတွင် အရပ်သည် ကျွန်ုပ်တို့ကို သေတွင်းသို့ ပို့နိုင်စွမ်းရှိ၏ဟု ဆိုချင်လျှင်ကား ဆိုနိုင်ပါသည်။
ခ။ ။ဆော့ခရတ္တိ၊ ဆိုကြမည်မှာ မုချ ဖြစ်သည်။
ဆော့။ ။ဆိုကြလျှင်လည်း မမှားပါ။ သို့ရာတွင် ကျွန်ုပ်တို့ လက်ခံ ခဲ့ကြသော သဘောတရားသည် မယိမ်းမယိုင် ခိုင်မြဲတိုင်းခိုင်လျက် ရှိသည်ကို သိရသဖြင့် ကျွန်ုပ် အားရပါသည်။ ထိုမှဆက်၍ အဆိုတစ်ခုကို ကျွန်ုပ် ပြုချင်ပါသေးသည်။ လက်ခံသင့်၊ လက်မခံသင့် ကျွန်ုပ်တို့ စဉ်းစားထိုက်သည်။ ထိုအဆိုသည် အခြားမဟုတ်။ လူဖြစ်ကာမတ္တသည် မြတ်နိုးစရာမဟုတ်သေး၊ လူကောင်းဖြစ်ရခြင်းသည်သာလျှင် မြတ်နိုးစရာ စင်စစ်ဖြစ်၏ ဟူသော အဆို ဖြစ်သည်။ ထိုအဆိုကို အသင် လက်ခံပါသလော။
ခ။ ။လက်ခံပါသည်။
ဆော့။ ။လူကောင်းဖြစ်ရခြင်းဆိုသည်မှာ လောက၌ မှန်သော၊ တရား ရှိသော ကိုယ်နှုတ်နှလုံးကို သုံးရခြင်း မဟုတ်ပါလော။ ထိုသဘောသည်လည်း ခိုင်သော သဘောပေလော။
ခ။ ။ခိုင်သော သဘောပါပေ။  
✥﹤--- www.ebooks4mm.org ---﹥✥

၂၃။ ဆော့ခရတ္တိ၏ နိုင်ငံသားကောင်း သဘောအယူအဆ
နိဒါန်း
ဖေါ်ပြလတ္တံသော စာပိုဒ်တို့သည်       ခရီတော်ကထာမှပင် ဖြစ်သည်။ စာပိုဒ် အမှတ် ၉ မှ အဆုံး ပိုဒ်ဖြစ်သော ၁၇ အထိ ဖြစ်သည်။ စာပိုဒ် ၁ မှ ၈ အထိတွင် အက်သင်းမြို့ တရားခုံရုံး၏ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့သော ဆော့ခရတ္တိသည် အကျဉ်းထောင်၌နေရစဉ် မိတ်ဆွေ သူကြွယ်တစ်ဦးဖြစ်သော ခရီးတော်က ဆော့ခရတ္တိအား အကျဉ်းထောင်မှ ထွက်ပြေးသင့်ကြောင်း ပြော၍ သွေးဆောင်ခဲ့သည်။ အောက်ပါစာပိုဒ်များတွင် ခရီတော်က ဆက်လက်၍ သွေးဆောင်ပြန်ရာ ဆော့ခရိတ္တိသည် တရားဥပဒေ၏ အဆုံးအဖြတ်ကို ခံယူပြီးခါမှ တရားဥပဒေကို မချိုးဖောက်သင့်ကြောင်းဆို၍ ခရီးတော်၏ စကားကို ငြင်းဆန်ပြန်သည်။ ဤသို့ဖြင့် ဆော့ခရတ္တိသည် နိုင်ငံသားကောင်း၏ သဘောတစ်ရပ်ကို စံအဖြစ် ကာယကံမြောက်ပြခဲ့သည်ဟု ဆိုနိုင်သည်။
ဆော့ခရတ္တိ၏ တရားဥပဒေဆိုင်ရာ အယူအဆနှင့် စပ်လျဉ်း၍ အဌကထာဆရာတို့သည် ယခုအခါတွင် ကိုယ်လိုရာ ကိုယ်ကောက်တတ်ကြသည်ဟု ဆိုသည်။ သိုရာတွင့် ဆော့ခရတ္တိသည် တရားဥပဒေ၏ ဂုဏ်ကို အစဉ်တစ်စိုက်ဆိုခဲ့သည် ဖြစ်ရာ တရားဥပဒေသာလျှင် ဦးလည်မသုန် လေးစားအပ်သော အရာဖြစ်ကြောင်း၊ ဆော့ခရတ္တိ ဆိုမိန်သော နိုင်ငံတော် ဟူသော စကားသည် ဆော့ခရတ္တိ၏ အလိုအရ အာဏာဟူသော အနက်၊ လူမျိုးမြတ်ခြင်းဟူသော အနက်တို့ကို မဆောင်၊ တရားဥပဒေအနက်ကိုသာ ဆောင်ကြောင်း ဆိုကြသေးသည်။ သိုရာတွင် ခရီတော်ကထာ၌ အစ၏ ကောင်းခြင်း၊ အဆုံး၏ကောင်းတို့နှင့် စပ်လျှင်ကား အဌကထာဆရာတို့ သဘောမကွဲ၊ တစ်သံတည်း ချီးကျူးကြသည်။ ဆော့ခရတ္တိ၏ ရဲရင့်သော အဆုံးအဖြတ် ပေါ်လွင်အောင် ပလေးတိုးက ဖော်နိုင်ပုံကိုလည်း တစ်သံ တည်း ချီးကျူးကြသည်။ အောက်ပါ စာပိုဒ်များတွင် ဥပဒေကို ရိုသေ လေးစားရမည့်တာဝန်သည် နိုင်ငံသားကောင်းတို့၏ တာဝန် ဖြစ်ကြောင်း၊ နိုင်ငံသားကောင်းဖြစ်လိုလျှင် ဥပဒေကို ရိုသေလေးစားရမည်ဖြစ်ကြောင်း၊ ဥပဒေမကောင်းဟုထင်မြင်လျှင် ဥပဒေကောင်းကိုရအောင် အားထုတ်အပ် ကြောင်း၊ မကောင်းသောဥပဒေပင် ဖြစ်စေကာမူ မပြင်သေးသမျှကာလ ပတ်လုံး ထိုဥပဒေကိုသာ ရိုသေလေးစားအပ်ကြောင်း၊ ဥပဒေ ကောင်းစေ ကာမူ လူမကောင်းလျှင် အကျိုးမဖြစ်ဘဲ အပြစ်ပင် ဖြစ်တတ်ကြောင်း စသော အချက်တို့ကို သေဘေးကြုံသော်လည်း သက်လုံကောင်းခဲ့သော ဆော့ခရတ္တိက အကြောင်းအကျိုး ဆက်သွယ်၍ ပြောဟောခဲ့သည်ကို တွေ့နိုင်သည်။
စာပိုဒ် ၉ 
ဆော့ခရတ္တိ။ ။အချင်းခရီတော်၊ ကျွန်ုပ်တို့သည် အဆိုပြုခဲ့ကြပြီ၊ လက်ခံခဲ့ကြပြီ။ ထိုမှဆက်၍ အက်သင်းမြို့သားတို့၏အလိုဆန္ဒမပါဘဲ ထွက်ပြေးတိမ်းရှောင် ခြင်းကို ကျွန်ုပ် ပြုသင့် မပြုသင့်၊ ကျွန်ုပ်တို့ စဉ်းစားကြမည်။ ထွက်ပြေးတိမ်းရှောင် ခြင်းသည် မှန်၏ဟု ကျွန်ုပ် သဘောပေါက်လျှင် အသင် စီမံသမျှကို ကျွန်ုပ် လိုက်နာမည်၊ မမှန်ဟု သဘောပေါက်လျှင် အသင်၏ အကြံအစည် အစီအမံ တို့ကို အသင် စွန့်ရလိမ့်မည်။ ငွေအကုန် ခံထိုက်သည်ဟူသော အဆွေခင်ပွန်း ကောင်း ဝတ္တရားကို ကျွန်ုပ်အလေးပြုအပ်သည်ဟု အသင် ဆိုခဲ့သည်။ အရပ်က ကဲ့ရဲ့ မည်ကို ရှက်အပ်၊ ကြောက်အပ်သည်ဟူသော ဟီရိဩတ္တပ္ပ တရားကို ကျွန်ုပ် အလေးပြုအပ်သည်ဟု အသင်ဆိုခဲ့သည်။ သားသမီးတို့အား ပညာပေးထိုက်သည်ဟူသော မိဘတို့ဝတ္တရားကို ကျွန်ုပ် အလေးပြုအပ်သည်ဟု အသင်ဆိုခဲ့သည်။ စင်စစ်မှာ ထိုတရားတို့သည် လူတစ်ယောက်၏အသက်ကို သတ်စရာရှိသောအခါ၌လည်း မဆင်မခြင်သတ်တတ်၍ ပြန်၍ရှင်စေလိုသောအခါ ၌လည်း တတ်နိုင်ခြင်းသာ ရှိပါက ပြန်၍ရှင်အောင်ပြုရန် ဝန်မလေးတတ်သော ရွာသူတို့၏ တရားများသာ ဖြစ်သည်။ ထိုတရားများသည် သမ္ပဇဉ် အဆင်ခြင် ဉာဏ်နောက်သို့ အစဉ်တစိုက် လိုက်ကြသည် မဟုတ်ပါ။ ကျွန်ုပ်တို့အဖို့မှာ ဆွေးနွေးအပ်သော အခြေခံ သဘောတရားကိုသာ အာရုံစိုက်သင့်သည်ဖြစ်သော ကြောင့် ဆွေးနွေးလက်စဖြစ်သော အချက်ကို ပြန်၍ကောက်ကြရလိမ့်မည်။ ထိုအချက်သည် အခြားမဟုတ်၊ ကျွန်ုပ်ကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်ခြင်းကို ပြုရာ၌သော်လည်းကောင်း၊ ကျွန်ုပ်၏ လွတ်မြောက်ရေးအတွက် သူတစ်ပါးကို အနစ်နာခံခိုင်း၍ ငွေပေးခြင်း ကျေးဇူးစကားဆိုခြင်းတို့ကို ပြုရာ၌သော်လည်း ကောင်း ကျွန်ုပ်တို့သည် အမှန်ကို ပြုကြရာရောက်သလော၊ သို့တည်းမဟုတ် အမှားကို ပြုကြရာရောက်သလောဟူသောအချက် ဖြစ်သည်။ အကယ်၍အမှား  ကို ပြုကြရာရောက်၏ဟု အဖြေထွက်လျှင် ဆော့ခရတ္တိသည် ဤနေရာမှ တစ်ဖဝါးမျှမခွာဘဲ နေလိုက်သဖြင့် ဆော့ခရတ္တိ သေရတော့မည်၊ ဘေးဆိုး ဒဏ်ဆိုးကို ဆော့ခရတ္တိ ခံရတော့မည်ဟူသော သောကပရိဒေဝ ဒေါမနဿတို့ကို ဖို့မလိုတော့ပြီဟု ကျွန်ုပ် ထင်သည်။ ခ။ ။ကောင်းပါပြီ၊ အသင်၏စကားသည် သင့်ပါသည်။ အချင်း ဆော့ခရတ္တိ၊ မည်သို့ ဆွေးနွေးကြမည်နည်း။ ။
ဆော့။ ။နှစ်ဦးခေါင်း နှစ်ပညာ ပါခွင့်ရအောင် အဆိုအချေပြု၍ ဆွေးနွေးကြမည်။ ကျွန်ုပ် ဆိုသမျှကို အသင်က ချေပါ။ အသင်က ချေနိုင်သည် ဖြစ်လျှင် ကျွန်ုပ်က အလျှော့ပေးမည်။ အသင်က မချေနိုင်လျှင် အက်သင်း မြို့သားတို့၏ အလိုဆန္ဒမပါဘဲ ထွက်ပြေးတိမ်းရှောင်ခြင်းကို ကျွန်ုပ် ပြုသင့်သည် ဟူသော အသင်၏စကားကို အသင် ရုပ်သိမ်းရလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် ဤကိစ္စတွင် ကျွန်ုပ်သည် အသင်နှင့် ဖီလာမဖြစ်ချင်။ အသင် ကျေနပ်လက်ခံပြီးမှသာ ပြုစရာရှိသည်ကို ကျွန်ုပ် ပြုလိုသောကြောင့် ဖြစ်သည်။ အခြေခံသဘောတရားကို ကျွန်ုပ်က ရှေးဦးစွာ တင်ပြ၍ ဆိုမည်။ အသင်က စဉ်းစား၍ ချေပါဘိ။
၃။ ကောင်းပါပြီ။ ချေပါမည်။
စာပိုဒ် ၁၀ 
ပြုထိုက်၍ ပြုခြင်းသည် ဆိုပခုအခါ၌လည်း လမ်းငယ်မျှသော ဆော့။ အချင်း ခရီတော်၊ မည်သည့်ကိစ္စ၌မဆို မှားသောအမှုကို တမင်သက်သက် မပြုထိုက်ဟု ကျွန်ုပ်တို့ ဆိုကြမည်လော။ သို့တည်းမဟုတ် အချို့ကိစ္စများ၌သာ ပြုထိုက်၍ အချို့ကိစ္စများ၌ မပြုထိုက်ဟု ဆိုကြမည်လော။ သို့တည်းမဟုတ် မှားသောအမှုကို ပြုခြင်းသည် ဆိုးညစ်၏ ယုတ်မာ၏ဟု ယခင်အခါများက ကျွန်ုပ်တို့ လက်ခံခဲ့ကြသည့်အတိုင်း ယခုအခါ၌လည်း လက်ခံကြမည်လော။ ယခင်အခါများက လက်ခံခဲ့ကြသော သဘောတရားတို့ကို အနည်းငယ်မျှသော ရက်အတွင်းတွင် စွန့်လွှတ် ကြတော့မည်လော။ တစ်သက်ပတ်လုံး ဤ အသက်ဤအရွယ်အထိ ကျွန်ုပ်တို့ စိတ်ထက်ထက်သန်သန် ပြောဟောခဲ့ကြသော စကားတို့သည် ကလေး စကားကဲ့သို့ ပြီးပြီးပျောက်ပျောက် ဖြစ်ကြရတော့မည် လော။ သို့တည်းမဟုတ် အရပ်က မည်သို့ပင် ထင်ကြစေကာမူ၊ ထို့ပြင် အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ၊ အကျိုးဖြစ်စေ၊ အပြစ်ဖြစ်စေ နောင်အခါ ပေါ်ပေါက်လာစေကာမှ မှားသော အမှုကို ပြုခြင်းသည် အခါခပ်သိမ်း  ဆိုးညစ်၏၊ ယုတ်မာ၏ဟူသော သဘောတရားကိုသာ ကျွန်ုပ်တို့ ဆုပ်ကိုင် ထားကြမည်လော။ အချင်းခရီတော်၊ ဆုပ်ကိုင် ထားကြရမည်ဟု အသင် ဆိုချင်ပါသလော။
ခ။ ။ဆိုချင်ပါသည်။ ဘု။ ။ကောင်းပြီ။ မှားသောအမှုကို ကျွန်ုပ်တို့ ပြုအပ်ပါသလော။ ခ။ ။မပြုအပ်။
ဆော့။ ။အမှားပြုခြင်းကို အမှားပြုခြင်းဖြင့် လက်တုံ့ပြန်အပ်၏ဟု အရပ်က ယူဆတတ်ကြသည်။ သို့ရာတွင် မှားသောအမှုကို မပြုအပ်ဟု ကျွန်ုပ်တို့ လက်ခံခဲ့ကြသည် ဖြစ်သောကြောင့် အရပ်က ယူဆသကဲ့သို့ အမှား လျှင် အမှားချင်း လက်တုံ့ပြန်အပ်သည်ဟု မဆိုလိုက်တော့ပြီ။ အသင် ဆိုချင် ပါသေးသလော။
ခ။ ။မဆိုချင်တော့ပါ။
ဆော့။ ။ခရီတော်၊ မေးချင်ပါသေးသည်။ တစ်ဖက်သား နစ်နာ ပျက်စီးအောင် ပြုအပ်ပါသလော။
ခ။ ။မပြုအပ်ပါ။
ဆော့။ ။ကောင်းပြီ။ နစ်နာပျက်စီးအောင် ပြုခြင်းကို နစ်နာပျက်စီး အောင် ပြုခြင်းဖြင့် လက်တုံ့ပြန်အပ်၏ဟု အရပ်က ယူဆတတ်ကြသည်။ သို့ရာတွင် တစ်ဖက်သား နစ်နာပျက်စီးအောင် မပြုအပ်ဟု ကျွန်ုပ်တို့ လက်ခံခဲ့ကြသည် ဖြစ်သောကြောင့် အရပ်က ယူဆသကဲ့သို့ အဖျက်အဆီးလျှင် အဖျက်အဆီးချင်း လက်တုံ့ပြန်အပ်သည်ဟု ဆိုလျှင် မှန်ပါမည်လော။
ခ။ ။မမှန်ပါ။ ။
ဆော့။ ထိုသို့ဆိုလျှင် အမှားပြုခြင်းနှင့် နှစ်နာပျက်စီးအောင် ပြုခြင်း တို့သည် တစ်သဘောတည်း ဖြစ်နေသောကြောင့်လော။ ။
ခ။ ။ဟုတ်ပါသည်။ တစ်သဘောတည်း ဖြစ်နေသောကြောင့်ပင်။
ဆော့။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ကို မည်သို့ပင် ပြုကျင့်ကြစေကာမူ အမှားပြုခြင်းကို အမှားပြုခြင်းဖြင့်သော်လည်းကောင်း၊ အဖျက်အဆီးကို အဖျက် အဆီးဖြင့်သော်လည်းကောင်း လက်တုံ့မပြန်အပ်ဟု ဆိုရန်ရှိတော့သည်။ ခရီ တော်၊ ကျွန်ုပ်တို့သည် ထိုသို့ဆိုခဲ့ကြ၍ ထိုသို့သိခဲ့ကြပြီ။ ထိုသဘောတရားကို အသင် လေးလေးနက်နက် ပြန်၍စဉ်းစားပါ။ အဘယ့်ကြောင့်ဆိုသော် လက်တုံ့ မပြန်အပ်ဟူသော သဘောတရားကို လက်ခံသူ၊ လက်ခံချင်သူ ဦးရေသည် လောက၌ အလွန်နည်းလှသည်။ ထို့ပြင် လက်ခံသူနှင့် လက်မခံသူတို့သည် အမြင်ချင်း မတူကြသောကြောင့် တစ်ဦးကို တစ်ဦး ငါက မြတ်သည်၊ သူက  ယုတ်သည်ဟု ပြောဆိုတတ်ကြသည်။ အချင်းခရီတော်၊ အမှားလျှင် အမှားချင်း၊ အဖျက်အဆီးလျှင် အဖျက်အဆီးချင်း လက်တုံ့မပြန်အပ်ဟူသော သဘောတရား သည် မှန်သောသဘောတရား ဖြစ်၏ဟု အသင်ယုံကြည်နှစ်သက်ပါသလော။ ဆက်၍ ပြောဟောဆွေးနွေးကြသောအခါ ထိုတရားကို အခြေခံမျဉ်းအဖြစ်ဖြင့် ကျွန်ုပ်တို့ အသုံးပြုကြမည်လော၊ သို့တည်းမဟုတ် ထိုတရားကို အသင် ပယ်လိုသလော။ ကျွန်ုပ်အဖို့မှာ ကျွန်ုပ်သည် ထိုတရားကို ယခင်အခါများကလည်း ယုံကြည်လက်ခံခဲ့သည်။ ယခုလည်း လက်ခံဆဲဖြစ်သည်။ အသင့်သဘောကား ပသို့နည်း။ ပြောစရာရှိလျှင် ပြောပါ။ ကြားချင်ပါသည်။ အကယ်၍ အသင် လည်း ယခင်အခါများက ယုံကြည်လက်ခံခဲ့သည့်အတိုင်း ယခုလည်း ယုံကြည် လက်ခံဆဲဖြစ်၏ဟု အသင်ဆိုလျှင် နောက်တစ်ချက်ကို ဆက်၍ ဆွေးနွေးကြမည်။
ခ။ ။ဆော့ခရတ္တိ၊ ကျွန်ုပ်၏ သဘောထား မပြောင်းပါ။ ထို့ကြောင့် ဆက်စရာ ရှိသည်ကို ဆက်ပါဘိ။ ။
ဆော့။ ။ကောင်းပြီ။ ဆက်ပါမည်။ မေးခွန်းထုတ်၍ ဆက်မည်။ မှန်၏ဟု သဘောတူ၍ လက်ခံကြရာတွင် အကြင်သူသည် ထိုသို့လက်ခံကြောင်း ကို တစ်ဦးတစ်ယောက်သောသူအား ကတိပြု၏။ ထိုသူသည် ကတိအတိုင်း ပြုမူထိုက်ပါသလော။ ။
ခ။ ၂ကတိအတိုင်း ပြုမူထိုက်သည်သာ။
စာပိုဒ် ၁၁ 
ဆာ။ ။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ ယခု ကြုံတွေ့နေရသော ကိစ္စနှင့်တွဲ၍ စဉ်းစားကြမည်။ ကျွန်ုပ်သည် နိုင်ငံတော်၏ အလိုဆန္ဒ မပါဘဲ ထွက်ပြေး တိမ်းရှောင်ခြင်းကို ပြုခဲ့သည်ရှိသော် တစ်ဖက်သားကို နစ်နာပျက်စီးအောင် ပြုရာ မရောက်ပြီလော၊ (ဝါ) နစ်နာ ပျက်စီးအောင် ကျွန်ုပ်တို့ စိုးစဉ်းမျှ မပြုထိုက်သော သူတို့ကို နစ်နာ ပျက်စီးခြင်းသို့ ရောက်အောင် ကျွန်ုပ်တို့ ပြုရာ မမည်ပြီလော။ မှန်၏ဟု သဘောတူလက်ခံ၍ ပြုခဲ့ကြသောကတိကို ကျွန်ုပ်တို့ ဖျက်ရာ မမည်ပြီလော။ ။
ခ။ ။ဆော့ခရတ္တိ၊ မေးခွန်း၏သဘောကို ကျွန်ုပ် နားမလည်ပါ။ ထို့ကြောင့် မဖြေတတ်ပါ။
ဆော့။ ။ကောင်းပြီ၊ တစ်နည်းဆိုပါမည်။ အသင် ဤသို့စိတ်ကူးကြည့် ပါ။ ဤနေရာမှ ခွာ၍ ထွက်ပြေး တိမ်းရှောင်ခြင်းကို ကျွန်ုပ် ပြုအံ့ဆဲဆဲတွင် အက်သင်းနိုင်ငံ တရားဥပဒေနှင့် အစိုးရတို့သည် ကျွန်ုပ်ထံသို့ လာ၍ မေးကြ  သည်ဆိုအံ့။ မေးကြပုံမှာ အချင်းဆော့ခရတ္တိ၊ မည်သို့ ပြုမည်ဟု အသင်ကြံစည် နေပါသနည်း။ ကြံစည်သည့်အတိုင်း အသင် အားထုတ်နေသည် ဖြစ်လျှင် အသင် အားထုတ်သည်နှင့်အမျှ တရားဥပဒေတည်းဟူသော ငါတို့နှင့်တကွ နိုင်ငံတော်တစ်ခုလုံးကို နစ်နာပျက်စီးခြင်းသို့ရောက်အောင် အသင်ပြုရာ မရောက် ပြီလော။ အကယ်၍ တရားဥပဒေအရ ချမှတ်သော ပြစ်ဒဏ် စီရင်ချက်၌ အာဏာမရှိဖြစ်၍ ထိုသို့သော ပြစ်ဒဏ်စီရင်ချက်ကို ပျက်ပြယ်အောင် ပြည်သူ လူတစ်စုသည် လက်နှင့်နေသည်ကို ခြေနှင့်ဖျက်သကဲ့သို့ ဖျက်လျှင် နိုင်ငံတော် သည် တည်တံ့နိုင်ပါတော့မည်လော။ ဤသို့လျှင် တရားဥပဒေက ကျွန်ုပ်ကို မေးနိုင်ပါသည်။ အချင်း ခရီတော်၊ ထိုမေးခွန်းကို သို့တည်းမဟုတ် ထိုမေးခွန်း မျိုးကို မေးလာကြလျှင် ကျွန်ုပ် မည်သို့ဖြေရမည်နည်း။ အဘယ့်ကြောင့်ဆိုသော် တရားဥပဒေအရ တရားခုံရုံးတစ်ခုက ချမှတ်သော ပြစ်ဒဏ်စီရင်ချက်ဟူသမျှ သည် ခိုင်လုံ၏ဟု ပြဋ္ဌာန်းထားသောကြောင့် ဖြစ်သည်။ ထို့ပြင် ခိုင်လုံကြောင်းကို လျှောက်လဲလို၍ လျှောက်လဲခဲ့သည် ဖြစ်လျှင် အာဝဇ္ဇန်းကောင်းသူ၌ ပြောစရာ များစွာရှိ၍ များစွာပြောနိုင်သောကြောင့်လည်း ဖြစ်သည်။ တရားဥပဒေကို မနာခံဘဲ မနေအပ်ဟု ထိုသူကဆိုလျှင် ကျွန်ုပ်က မှန်ပါ၏။ သို့ရာတွင် နိုင်ငံတော်သည် ကျွန်ုပ် အပေါ်၌ မှားသောအမှုကို ပြုခဲ့ပြီ၊ ကျွန်ုပ်၏ အမှုကို မမှန်မကန် စီရင်ခဲ့ပြီဟု ကျွန်ုပ်က ဖြေရမည်လော။ မည်သို့ ဖြေရမည်နည်း။ ခ။ ။ဆော့ခရတ္တိ၊ ထိုသို့သာ ဖြေရလိမ့်မည်။ ထိုအဖြေမှတစ်ပါး အခြားမရှိ။
စာပိုဒ် ၁၂ 
ဆော့။ ။ကျွန်ုပ်က ထိုသို့ ဖြေလျှင် တရားဥပဒေက ကျွန်ုပ်ကို ဤသို့ ပြန်မေးနိုင်သည်။ အချင်းဆော့ခရတ္တိ၊ ငါတို့ နှစ်ဦးနှစ်ဖက် သဘောတူလက်ခံ၍ ပြုခဲ့သောကတိ၌ ထိုအချက် ပါပါသလော။ နိုင်ငံတော်က တရားဥပဒေအရ ချမှတ်သော ပြစ်ဒဏ်စီရင်ချက် ဟူသမျှကို လိုက်နာရန်သာရှိ၍ လိုက်နာပါမည် ဟုသာ အသင် ကတိပြုခဲ့သည် မဟုတ်ပါလော။ ဤသို့လျှင် တရားဥပဒေက ကျွန်ုပ်ကို ပြန်မေးနိုင်ပါသည်။ ထိုအမေးကြောင့် ကျွန်ုပ်၏စိတ်၌ ကတိပြုခဲ့ ခြင်း ရှိမရှိ၊ ဒွိဟသံသယဖြစ်လာ၍ အံ့အားသင့်နေရသည်ဖြစ်လျှင် တရားဥပဒေက ကျွန်ုပ်ကို မေးနိုင်သေးသည်မှာ အချင်းဆော့ခရတ္တိ၊ အံ့အားသင့်၍ မနေပါလင့်။ အသင်သည် မေးခြင်း ခြင်းတို့၌ ဝါသနာထုံသူဖြစ်သောကြောင့် တရားဥပဒေ တည်းဟူသော ငါတို့၏အမေးကို ပြန်ဖြေရန် အသင်အသင့်ပြင်ပါ။ မေးပါတော့ မည်။ တရားဥပဒေတည်းဟူသော ငါတို့ကို အသင် ဖျက်ဆီးမည်ပြုရာတွင်  အသင်၌ ဖျက်ဆီးနိုင်ခွင့် ရှိ၏ဟု ယူဆနိုင်လောက်အောင် မည်သည့်အချက်ကို အသင် မကျေမနပ် ဖြစ်နေသနည်း။ လူ့ဘဝကို အသင်ရလာအောင် ရှေးဦးစွာ ငါတို့က အသင့်ကို ဆောင်ကြဉ်းခဲ့သည် မဟုတ်ပါလော။ အသင်၏အဖနှင့် အသင်၏အမိတို့သည် ငါတို့၏ အကူအညီဖြင့် တရားဝင် လင်မယားအဖြစ်ကို ရခဲ့ကြသည် မဟုတ်ပါလော။ ထို့ကြောင့် အသင်သည် လူ့လောကတွင် တင့်တင့် တယ်တယ် ဖြစ်လာခဲ့သည် မဟုတ်ပါလော။ ငါတို့သည် လူ့လောကကို စောင့်ရှောက် ထိန်းသိမ်းသောအားဖြင့် အိမ်ထောင်သားမွေးကိစ္စအဝဝကို စည်းကမ်း တကျဖြစ်အောင် ပြုပေးခဲ့သည် မဟုတ်ပါလော။ ထိုသို့သော ငါတို့ အပေါ်၌ အသင် အပြစ်မြင်သလော။ ဤသို့လျှင် တရားဥပဒေက ကျွန်ုပ်ကို မေးနိုင်ပါသည်။ ထိုအခါ အပြစ်မမြင်ပါဟု ကျွန်ုပ်က ဖြေရလိမ့်မည်။ တစ်ဖန် တရားဥပဒေက မေးနိုင်သေးသည်မှာ ဆော့ခရတ္တိ၊ အသင့်ကိုယ်တိုင် သားသမီး အဖြစ်ဖြင့် အမွေးအကျွေး အပြုအစုခံရသော ကျေးဇူးကိုလည်းကောင်း၊ ပညာတတ်မြောက် သော ကျေးဇူးကိုလည်းကောင်း အသင်ရခဲ့ပြီ။ ထိုသို့ရအောင် ဥပဒေပြဋ္ဌာန်းပေး ခဲ့သော ငါတို့အပေါ်၌ အသင်သည် အပြစ်မြင်သလော။ ပညာသင်ကြားရေးကိစ္စ ကို ပြဋ္ဌာန်းပေးခဲ့သော ငါတို့သည် အသင် ကဗျာ စာပေ တတ်အောင်၊ ဂီတ ပညာတတ်အောင်၊ အကပညာတတ်အောင်၊ အားကစားပညာတတ်အောင် အသင်၏ အမိအဖတို့အား တာဝန်ပေးခဲ့ရာတွင် ငါတို့သည် မှန်သောအမှုကို ပြုခဲ့သည် မဟုတ်ပါလော။ ဤသို့လျှင် မေးနိုင်ပါသည်။ ထိုအခါ ဟုတ်ပေ၏ဟု ကျွန်ုပ်က ဖြေရလိမ့်မည်။ တစ်ဖန် တရားဥပဒေက မေးနိုင်သေးသည်မှာ ဆော့ခရတ္တိ၊ ငါတို့သည် အသင့်ကို လူ့လောကသို့ တင့်တင့်တယ်တယ် ရောက်လာအောင် ဆောင်ကြဉ်းခဲ့ပြီ၊ မွေးကျွေးပြုစုခဲ့ပြီ၊ ပညာပေးခဲ့ပြီ၊ ထို့ကြောင့် အသင်၏ ဘိုးဘေးဘီဘင်တို့ကဲ့သို့ အသင်လည်း ငါတို့၏ 1.မြေး ဖြစ်ပြီ။ ငါတို့၏ လက်အောက်ခံ ဖြစ်ပြီ၊ သို့စင်လျက် ငါတို့၏ သားမြေး မဟုတ်။ ငါတို့၏ လက်အောက်ခံမဟုတ်ဟု ဆို၍ ငါတို့ကို အသင် ငြင်းဆန်နိုင်ပါသလော။ ငြင်းဆန်နိုင်သည် မဟုတ်လျှင် ငါတို့သည် အထက် ဖြစ်၍ အသင်သည် အောက်ဖြစ်သည်ဟု ယူဆနိုင်သည်။ ထိုအခါ အသင့်အပေါ်၌ ငါတို့က ပြုနိုင်သကဲ့သို့ ငါတို့ အပေါ်၌ အသင်က ပြုမူနိုင်သည်ဟု အသင်ထင်ပါသလော။ စင်စစ်မှာ အသင့်တွင် ပြုမူပိုင်ခွင့်မရှိ။ အသင်၏အမိက သော်လည်းကောင်း၊ အသင်၏ အဖကသော်လည်းကောင်း၊ အသင်၏ ဆရာ သမားကသော်လည်းကောင်း အသင့်ကို ပုတ်ခတ်ခြင်း၊ ဆဲရေးခြင်း၊ အနိုင်အထက် ပြုခြင်း၊ တုံ့ပြန် အနိုင်အထက်ပြုခြင်း တစ်ခုခု ပြုသောကြောင့် အသင်က တုံ့ပြန်ပုတ်ခတ်ခြင်း၊ တုံ့ပြန် ဆဲရေးခြင်း၊ တုံ့ပြန်အနိုင်အထက်ပြုခြင်း တစ်ခုခုကို အသင်းဖတ်ပါလော။ ဤ တရားဥပဒေ တင့်တင့်တယ်တ  ပြုနိုင်ခွင့် ရှိ၏ဟု အသင် ယူပါသလော။ မယူပါဟု အသင် ဆိုမည်သာ။ တစ်ဖန် အသင့်ကို ဖျက်ဆီးခြင်းသည် မှန်၏ဟု တရားဥပဒေတည်းဟူသော ငါတို့ကထင်မြင်သောကြောင့် ငါတို့ကိုသော်လည်းကောင်း၊ နိုင်ငံတော်ကို သော်လည်းကောင်း ဖျက်ဆီးခြင်းသည် မှန်၏ဟု အသင် ထင်ပါသလော။ ဂုဏ်သိက္ခာတရားကို ပြောဟောလေ့ရှိသော ဆော့ခရတ္တိ၊ လက်တုံ့ပြန်ခြင်းကို ပြုထိုက်၏ဟု အသင်ယူပါသလော။ နိုင်ငံတော်ကို အမိ အဖ ထက် ပို၍ အလေးအမြတ်ပြုအပ်သည်မဟုတ်ပါလော။ ပို၍သဒ္ဓါကြည်ညိုခြင်း ရှိအပ်သည် မဟုတ်ပါလော။ နိုင်ငံတော်က အမျက် ရှိသောအခါ အမျက်ပြေအောင် သွေးဆောင် ချော့မော့ခြင်းကို ပြုအပ်သည် မဟုတ်ပါလော။ သွေးဆောင် ချော့မော့၍မရသည့် အဆုံး၌ နာခံအပ်သည် မဟုတ်ပါလော။ ထိုတရားတို့ကို အသင်ကဲ့သို့သော ပညာရှိသည် မေ့လျော့နေပြီလော။ နိုင်ငံတော်သည် ထောင် ဒဏ်ကိုသော်လည်းကောင်း၊ ကြိမ်ဒဏ်ကိုသော်လည်းကောင်း အသင့်အားပေး လျှင် အသင်သည် ခံယူရမည်သာ ဖြစ်သည်။ နိုင်ငံတော်သည် စစ်မြေပြင်တွင် အသင် ဒဏ်ရာရအော၊ အသင် အသက်ဆုံးရှုံးအောင် အသင့်ကို စစ်မြေပြင်သို့ လွှတ်စေကာမူ အသင်သည် ချီတက်ရမည်သာဖြစ်သည်။ နိုင်ငံ၏ ရန်သူကို အရှုံးပေးခြင်း၊ နောက်ဆုတ်ခြင်း၊ တာဝန်ရှောင်ခြင်းတို့ကို အသင် မပြုအပ်။ စစ်မြေပြင်၌သော်လည်းကောင်း၊ တရားခုံရုံး၌သော်လည်းကောင်း၊ နေရာတကာ ၌သော်လည်းကောင်း နိုင်ငံတော်က စေသမျှကို အသင် လိုက်နာရမည်သာ ဖြစ်သည်။ အကယ်၍ လိုက်နာခြင်း မရှိပါက မည်သည့် အရာကား မှား၏၊ မည်သည့်အရာကား မှန်၏ဟု နိုင်ငံတော်က သဘောပေါက် လက်ခံနိုင်အောင် အသင်ပြုထိုက်သည်သာ ဖြစ်သည်။ အမိကိုသော် လည်းကောင်း၊ အဖကိုသော် လည်းကောင်း အန္တ ရာယ်ပြုခြင်းမှ ရှောင်ကြဉ်ထိုက်၏ဟုဆိုလျှင် နိုင်ငံတော် ကို အန္တရာယ်ပြုခြင်းမှ ပို၍ရှောင်ကြဉ်ထိုက်ပေသည်။ ဤသို့လျှင် တရားဥပဒေ က ကျွန်ုပ်ကို ဆိုပေလိမ့်မည်။ အချင်း ခရီတော်၊ ထိုအခါ ကျွန်ုပ်သည် မည်သို့ ပြန်၍ဖြေရမည်နည်း။ တရားဥပဒေ၏ စကားသည် မှန်သလော၊ မှားသလော။ ခ။ ။ဆော့ခရတ္တိ၊ တရားဥပဒေ၏စကားသည် မှန်ပါသည်။
စာပိုဒ် ၁၃ 
ဆာ။ ။ထိုသို့ဖြစ်လျှင် တရားဥပဒေက ဆိုဦးမည်မှာ၊ ဆော့ခရတ္တိ၊ ငါတို့၏ စကားမှန်၏ဟု အသင် ဆိုပါက အသင် ယခု ထွက်ပြေးတိမ်းရှောင်မည် ပြုခြင်းသည် နစ်နာပျက်စီးအောင် အသင် မပြုထိုက်သော ငါတို့ကို နစ်နာ ပျက်စီးခြင်းသို့ ရောက်အောင် အသင်ပြုသည်မည်၏။ အဘယ့်ကြောင့်ဆိုသော်  ငါတို့သည် အသင်နှင့်တကွ နိုင်ငံသားတိုင်းအား တင့်တယ်သော လူ့ဘဝကိုလည်း ကောင်း၊ မွေးကျွေးပြုစုခြင်းကိုလည်းကောင်း၊ ပညာကိုလည်းကောင်း၊ အကောင်း ဟူသမျှ၏ အဖို့အစုကိုလည်းကောင်း ပေးခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် အသင်တို့ လူလားမြောက်လာကြသည်နှင့် တစ်ပြိုင်နက် နိုင်ငံတော်အကြောင်း ကိုလည်းကောင်း၊ တရားဥပဒေတည်းဟူသော ငါတို့အကြောင်းကိုလည်းကောင်း အသင်တို့ စောင့်ကြည့်လေ့လာကြပြီးနောက် ငါတို့ကို မကြိုက်လျှင် အသင်တို့ သည် ကိုယ်ပိုင်ပစ္စည်းဘဏ္ဍာနှင့်တကွ သွားလိုရာ သွားနိုင်ကြသည်ဟု ငါတို့က အခွင့်ပေးထားသောကြောင့်လည်း ဖြစ်သည်။ ငါတို့သည် မည်သူ့ကိုမျှ တားမြစ် ခြင်း မပြု။ နှောင့်ယှက်ခြင်း မပြု။ အခွင့် ပေးခဲ့ပြီ။ သို့ရာတွင် ငါတို့၏ တရားစီရင်မှု အလေ့အလာကိုလည်းကောင်း၊ နိုင်ငံတော်အုပ်ချုပ်မှု အလေ့အလာ ကို လည်းကောင်း ကိုယ်တွေ့မျက်မြင် ဖြစ်ပြီးသည့်နောက် နိုင်ငံတော်အတွင်း၌ပင် နေထိုင်သောသူအဖို့မှာ ထိုသူသည် ငါတို့၏ အမိန့်ကို နာခံပါမည်ဟု အလိုအလျောက် သဘောတူ လက်ခံ၍ ကတိပြုရာရောက်၏။ ထိုသို့သောသူသည် ငါတို့၏အမိန့်ကို မနာခံဘဲ နေခဲ့သည်ရှိသော် ငါတို့အပေါ်၌ ပြစ်မှားခြင်းသုံးမျိုး ကို ကျူးလွန်ပြီဟု ငါတို့ အခိုင်အမာယူဆသည်။ ပထမတစ်မျိုးမှာ ထိုသူသည် ငါတို့ကို မရိုမသေပြုခြင်းအားဖြင့်၊ အမိအဖကို မရိုမသေပြုခြင်းဖြစ်သည်။ ဒုတိယတစ်မျိုးမှာ ငါတို့သည် ထိုသူ၏ ပညာရေးအတွက် ဆောင်ရွက်ခဲ့သော ကြောင့် ဖြစ်သည်။ တတိယတစ်မျိုးမှာ ထိုသူသည် ငါတို့၏အမိန့်ကို နာခံပါ မည်ဟု ကတိပြုပြီးကာမှ ငါတို့၏အမိန့်ကိုလည်း မနာခံ၊ ငါတို့၏ အမိန့်ကို မှားသည်ဟူ၍လည်း ငါတို့ သဘောပေါက်အောင် မပြုခဲ့သောကြောင့် ဖြစ်သည်။ ငါတို့၏ အမိန့်ကိုနာခံရမည်ဟု မည်သူ့ကိုမျှ အတင်းအကျပ် ငါတို့မပြု။ ငါတို့ ကို နာခံမည်လော၊ သို့တည်းမဟုတ် ငါတို့မှားလျှင် ငါတို့သဘောပေါက်အောင် ငါတို့၏ အမှားကို ထောက်ပြမည်လော ဟူသော အချက် နှစ်ချက်အနက် ထိုသူသည် ကြိုက်ရာကို ရွေးခွင့်ရှိသည်။ ရွေးခွင့်ကို ငါတို့က ထိုသူအား ပေးထားသည် မဟုတ်ပါလော။ သို့ရာတွင် ထိုသူသည် ငါတို့ကိုလည်း နာခံ ခြင်းမပြုဘဲနေသည်၊ ငါတို့သဘောပေါက် လက်ခံအောင် ငါတို့အမှားကိုလည်း ထောက်မပြဘဲ နေသည်၊ ဤသို့လျှင် တရားဥပဒေက ထိုသူကို စွပ်စွဲလိမ့်မည်။
စာပိုဒ် ၁၄ 
ဆော့။ ။အချင်း ခရီတော်၊ တရားဥပဒေသည် ကျွန်ုပ်ကိုလည်း တဲ့ ဆော့ခရတ္တိ၊ ထွက်ပြေးတိမ်းရှောင်ခြင်းကို အသင်ပြုလျှင် ထိုသူကို စွပ်စွဲသကဲ့သို့ အသင့်ကိုလည်း ငါတို့က စွပ်စွဲရလိမ့်မည်။ ထိုအခါ အသင်၏ အမှားသည်  ဘူးပေါ်သလို ပေါ်လာမည်မှာ သေချာသည်။ အက်သင်းမြို့သားအပေါင်းတွင် ဆော့ခရတ္တိဟု ကျော်စောသော အသင်၏ အမှားသည် ပို၍ ကြီးမားထင်ရှားလာ လိမ့်မည်။ ဤသို့လျှင် တရားဥပဒေက ဆိုရာသည်။ ထိုအခါ အချင်း တရား ဥပဒေ၊ အသင်သည် အက်သင်းမြို့သားအပေါင်းတွင် ကျွန်ုပ် တစ်ဦးတည်းကို သာ ခေါင်းခေါက်၍ အဘယ့်ကြောင့် ဆိုရသနည်းဟု ကျွန်ုပ်က ပြန်မေးသည် ဆိုအံ့။ ထိုအခါ တရားဥပဒေက အချင်းဆော့ခရတ္တိ၊ အသင်သည် သူတကာ ထက်ထူး၍ ကတိပြုခဲ့သောကြောင့် ဖြစ်သည်။ အသင်သည် နိုင်ငံတော်နှင့်တကွ ငါတို့ကို သဘောတူလက်ခံကြောင်း သက်သေအထင်အရှားရှိသည်။ သဘောတူ လက်ခံခြင်းသာ မရှိလျှင် အသင်သည် ငါတို့၏ အက်သင်းမြို့တွင် အစဉ် မပြတ်နေထိုင်မည် မဟုတ်။ အခြားသော အက်သင်းမြို့သားတို့ကဲ့သို့ အက်သင်း မြို့မှခွာ၍ တစ်ပါးသော အရပ်၌ နေသည့်အခါ နေမည်ဖြစ်သည်။ အသင်ကမူ ကား စစ်မြေပြင်သို့ စစ်ချီထွက်ရသည့်အခါမှာမှတစ်ပါး မည်သည့်အရပ်သို့မျှ အသင်မသွားဘဲ နေသည်။ အက်သင်းနိုင်ငံ အပ၌ ကျင်းပမြဲ ဖြစ်သော ဂရိလူမျိုး တို့၏ ပွဲတော်ကြီးများကိုပင် အသင် အကြည့်အရှု မသွားဘဲနေသည်။ အခြားသော သူတို့ ပြုတတ်ကြသကဲ့သို့ အလည်အပတ်သဘောဖြင့် ခရီး ထွက်ခြင်းကိုပင် အသင် မပြုဘဲ နေသည်။ အခြားတစ်ပါးသော နိုင်ငံများ အကြောင်း၌ လည်းကောင်း၊ အခြားတစ်ပါးသော တရားဥပဒေများ အကြောင်း၌လည်းကောင်း အသင် စိတ်ဝင်စားပုံမရ။ ငါတို့အကြောင်းနှင့်တကွ ငါတို့၏ နိုင်ငံအကြောင်း တို့နှင့်သာ အသင် ရောင့်ရဲခြင်းရှိခဲ့သည်။ အသင်သည် ထိုမျှလောက် ငါတို့ကို သဘောကျ၍ ငါတို့ကို လက်ခံ၍ ငါတို့နှင့်အတူ နေခဲ့ပြီ။ ထို့ပြင် အသင်သည် ငါတို့၏နိုင်ငံ၌ အိမ်ရာထောင်ခြင်း၊ သားမွေးခြင်း တို့ကို ပြုခဲ့သည်ဖြစ်ရာ ထိုသို့ပြုခြင်းသည် ငါတို့ကို အသင် ကျေနပ်နှစ်သက်ခြင်း ရှိသောကြောင့် ဖြစ်သည်။ ထို့ပြင် အသင့်ကို တရားစွဲကြစဉ် ကလည်း အသင်ကသာ အလိုရှိသည် ဖြစ်လျှင် ပြည်နှင်ဒဏ်ကို အသင် အဆိုပြုနိုင်သည်။ အက်သင်းမြို့သားတို့၏ အလိုဆန္ဒ မပါဘဲ အသင်ပြု လတ္တံ့သောအမှုကို နိုင်ငံတော်က ယခုအခါ၌ အသင့်အား ပြုခွင့် မပေးနိုင်သော်လည်း ထိုအခါကသော် ပြုခွင့်ပေးမည်သာ ဖြစ်သည်။ သို့ရာတွင် ထိုအခါကသော် ပြည်နှင်ဒဏ်ထက် သေဒဏ်ကို ပို၍ သဘောကျပါသည်၊ သေဒဏ်ကသာ မြတ်ပါသေးသည်ဟု အသင်သည် ပလွှားသောစကားကို ဆိုခဲ့ သည်။ ပလွှားသောစကားကို လူသိရှင်ကြား ဆိုပြီးခါမှ တရားဥပဒေကည်း ဟူသော ငါတို့ကို ဖျက်လိုဖျက်ဆီး  သဘောဖြင့် အသင် စော်ကားသည်ဖြစ်လျှင် ရှက်ဖွယ်မဟုတ်တုံလော။ ငါတို့ကို သဘောတူ လက်ခံ၍ ငါတို့နှင့် အတူနေပါ မည်ဟု ဆိုခဲ့သော အသင်၏ ကတိကိုပင် အသင်ဖျက်၍ ထွက်ပြေးတိမ်းရှောင် ခြင်းကို ပြုသည်ဖြစ်လျှင် အသင်၏ အပြုအမူသည် ကျွန်သပေါက်တို့၏ အပြုအမူဖြစ်၏ဟု ဆိုရလိမ့်မည်။ အချင်း ဆော့ခရတ္တိ၊ အသင်သည် နှုတ်အမူအရာအားဖြင့် မဟုတ်သော်လည်း ကိုယ်အမူအရာအားဖြင့်ကား တရားဥပဒေတည်းဟူသော ငါတို့ကို သဘောတူ လက်ခံ၍ ငါတို့နှင့်အတူ နေပါမည်ဟု အသင် ကတိပြုခဲ့ပြီ။ ထိုစကား မှန်မမှန် ရှေးဦးစွာ အသင် ပါဘိ။ ဤသို့လျှင် တရားဥပဒေက ကျွန်ုပ်ကို မေးလိမ့်မည်။ အချင်း ခရီတော်၊ ထိုအခါ ကျွန်ုပ် မည်သို့ပြန်ဖြေရမည်နည်း။ ကတိ မပေးခဲ့ပါဟု ကျွန်ုပ် ဖြေရမည်လော။ ။
ဓ။ ။ဆော့ခရတ္တိ၊ ကတိမပေးခဲ့ဟု မဆိုသာပြီ။
ဆော့။ ။ထိုသို့ဖြစ်လျှင် တရားဥပဒေက ဆိုဦးမည်မှာ၊ အချင်း ဆော့ခရတ္တိ၊ အသင်ပေးခဲ့သော ကတိသည် အမှုမဲ့အမှတ်မဲ့ ကောက်ကာငင်ကာ ပေးခဲ့သော ကတိမဟုတ်၊ ကြောက်၍ပေးခဲ့သော ကတိမဟုတ်၊ မသိနားမလည်၍ ပေးခဲ့သော ကတိမဟုတ်။ နှိုင်းနှိုင်းချိန်ချိန် စဉ်းစားဆင်ခြင်ပြီးမှ ပေးခဲ့သော ကတိဖြစ်သည်။ အနှစ်ခုနစ်ဆယ်ခန့် စဉ်းစားပြီးမှ ပေးခဲ့သောကတိဖြစ်သည်။ ထိုအနှစ်ခုနစ်ဆယ်မျှသော ကာလအတွင်းတွင် ငါတို့ကို အသင် သဘောမကျပါက သို့တည်းမဟုတ် ထိုကတိ၌ သမစိတ္တ၊ သမာဆန္ဒမပါမရှိဟု အသင်ထင်မြင်ပါက အသင်သည် အက်သင်းမြို့မှ တံခါးမရှိ ဓားမရှိ အသင့် အလိုအလျောက် ထွက်သွားနိုင်ခွင့်ရှိခဲ့သည်။ ထိုအခါကသော် အသင် သွားလိုရာသို့ သွားနိုင်ခွင့် ရှိခဲ့သည်။ အအုပ်အချုပ် ကောင်းလှပါသည်ဟု အသင် ချီးကျူးလေ့ရှိသော စပါတာနိုင်ငံသို့ သွားလိုသလော၊ သွားနိုင်ခွင့်ရှိခဲ့သည်။ ထိုသို့သော ခရီတိနိုင်ငံ သို့ သွားလိုသလော၊ သွားနိုင်ခွင့်ရှိခဲ့သည်။ သို့တည်းမဟုတ် အခြားသော ဂရိ နိုင်ငံတို့သို့ ဖြစ်စေ၊ လူမျိုးခြားနိုင်ငံတို့သို့ဖြစ်စေ သွားလိုသလော၊ သွားနိုင်ခွင့် ရှိခဲ့သည်။ သို့ရာတွင် အသင်သည် ငါတို့၏နိုင်ငံကို (ဝါ) တရားဥပဒေတည်း ဟူသော ငါတို့ကို နှစ်သက်သဘောကျသောကြောင့်သာ (တရားဥပဒေမရှိသော နိုင်ငံကိုလည်း မည်သူ သဘောကျနိုင်ပါမည်နည်း။) ငါတို့၏ အက်သင်းနိုင်ငံမှ အသင် တစ်ဖဝါးမျှမခွာခဲ့ခြင်း ဖြစ်သည်။ အကျိုးအကန်း အချည့်အနဲ့တို့သော်မှ အက်သင်း နိုင်ငံ၌ အသင်လောက် အတည်တကျ နေလိုခြင်း မရှိခဲ့ကြချေ။ အသင်ကမူကား ထိုသူတို့ထက်ပို၍ စွဲစွဲမြဲမြဲ နေနိုင်ခြင်း ရှိခဲ့သည်။ အသင်သည်  ယခု ထွက်ပြေးတိမ်းရှောင်တော့မည်ပြုသည်။ ဆော့ခရတ္တိ၊ အသင်၏ ကတိကို မဖျက်ပါလင့်။ ထွက်ပြေးတိမ်းရှောင်သော အကြောင်းကြောင့် အသင့်ကိုယ်ကို ရယ်ဖွယ်ကြီး မဖြစ်ပါစေလင့်။ ဤသို့လျှင် တရားဥပဒေက ကျွန်ုပ်ကို ဆိုမည် မဟုတ်တုံလော။
စာပိုဒ် ၁၅ 
ဆော့။ ။ခရီတော်၊ တရားဥပဒေက ဆိုဦးမည်မှာ၊ အချင်း ဆော့ခရတ္တိ၊ အသင် ခြေလှမ်းမမှားလေနှင့်။ အသင်ခြေလှမ်းမှားလိုက်သော အကြောင်းကြောင့် မည်သူ့မှာ အကျိုးရှိမည်နည်း။ စင်စစ် အသင့်မှာလည်း အကျိုးမရှိ အသင့် မိတ်ဆွေများမှာလည်း အကျိုးမရှိ။ အသင်ခြေလှမ်းမှားလျှင် အသင့်မိတ်ဆွေ များသည် အက်သင်းနိုင်ငံသား အခွင့်အရေးကို စွန့်လွှတ်ကြရလိမ့်မည်။ ပြည်နှင်ဒဏ်ခံကြရလိမ့်မည်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးကြရလိမ့်မည်။ ထိုစကားသည် မှန်၏။ ထို့ပြင် တရားဥပဒေကောင်းရှိသောကြောင့် အအုပ်အချုပ်ကောင်းသည်ဟု ကျော်စောကြသော သီဗီမြို့သို့ ဖြစ်စေ၊ မီဂရမြို့သို့ ဖြစ်စေ အသင် သွား၍ တိမ်းရှောင်နေသည်ဆိုအံ့။ ထိုမြို့နှစ်မြို့သည် အသင့်ကို ရန်သူကဲ့သို့ သဘော ထားကြလိမ့်မည်။ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကိုချစ်သောသူတိုင်းသည် အသင့် ကို ဥပဒေဖျက်သီလကြောင်ဟု ယူ၍ မျက်စောင်းထိုးကြလိမ့်မည်။ အသင် ထွက်ပြေး တိမ်းရှောင်သော အကြောင်းကြောင့်၊ အက်သင်းမြို့က တရားခုံရုံး သည်လည်း သူ့စီရင်ချက် ဖြောင့်မှန်သည်ဟု ယုံကြည်စိတ်ချ၍ အကျေနပ်ကြီး ကျေနပ် ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တရားဥပဒေကို ဖျက်ဆီးတတ်သ သူသည် လူငယ်လူရွယ်တို့ကို လည်းကောင်း၊ လူမလိမ္မာတို့ကို လည်းကောင်း ဖျက်ဆီးတတ်သသူ ဖြစ်နိုင်စရာ အကြောင်းရှိ၏ဟု မုချယူနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်လျှင် အသင်သည် အအုပ်အချုပ်ကောင်းသော မြို့ကြီးပြကြီးများကို လည်းကောင်း၊ ပညာရှိသူတော်ကောင်းများကို လည်းကောင်း ရှောင်ကွင်း၍ နေရပေတော့မည်။ ထိုအခါ ထိုသို့သော ဘဝမျိုးသည် အဘယ်မှာ ကောင်းနိုင်ပါတော့အံ့နည်း။ အကယ်၍ သင်သည် မျက်နှာပြောင်တိုက်၍ ပညာရှိသူတော်ကောင်း တို့ ပွဲလယ်သို့ ဝင်သည်ဆိုအံ့၊ ပြောဟောသည်ဆိုအံ့။ အဘယ်စကားကို အသင်ပြောဟောမည်နည်း။ ဤအရပ်၌ အသင် ပြောဟော သကဲ့သို့ လောက၌ ဂုဏ်သိက္ခာတရားသည်သာ အမြတ်ဆုံး ဖြစ်ကြောင်း၊ တရားဥပဒေသာ အမြတ်ဆုံး ဖြစ်ကြောင်း၊ ဖြောင့်မတ်မှန်ကန်စွာ အုပ်ချုပ်ခြင်း သည်သာ အမြတ်ဆုံးဖြစ်ကြောင်းတို့ကို အသင်ပြောဟောမည် မဟုတ်ပါလော။ ထိုသို့ ပြောဟောမည်ဖြစ်လျှင် အသင်၏ အပြောနှင့် အသင်၏ အပြုအမူတို့သည်  ညီကြ ပါတော့မည်လော၊ သင့်ပါတော့မည်လော။ စင်စစ် မသင့်တော့ပြီ။ တစ်ဖန် အအုပ်အချုပ်ကောင်း သော မြို့ကြီးပြကြီးများကို အသင်ရှောင်ကွင်း၍ သီဆလိ နိုင်ငံရှိ ခရီတော်၏ မိတ်ဆွေများထံသို့ အသင်သွားသည်ဆိုအံ့။ ထိုနိုင်ငံ၌ မည်သည့် အရာတို့ကို အသင် တွေ့မည်နည်း။ အုပ်ချုပ်ရေး ကိစ္စတို့၌လည်းကောင်း၊ တရားစီရင်ရေးကိစ္စတို့၌လည်းကောင်း အကွပ်မဲ့ကြမ်း ပရမ်းပတာ ဟူဘိသကဲ့သို့ ဖောက်လွဲဖောက်ပြန် ဖြစ်နေကြသည်တို့ကို အသင် တွေ့မည်မုချ ဖြစ်သည်။ ဆိတ်သားရေကို ဝတ်ဆင်၍ ကျွန်ပြေးအဝတ်ကို ဝတ်ဆင်၍ အသင် မည်ကဲ့သို့ ရုပ်ဖျက်ခဲ့ရပုံ၊ ရယ်စရာမောစရာအလုံးစုံကို ထိုအရပ်၌ အသင်က ပြောပြသောအခါ ထိုအရပ်သားတို့သည် ရယ်မောပျော်ရွှင်၍ နှစ်သက်ခြင်းဖြစ်ကြတန်ရာသည်။ သို့ရာတွင် အချင်း ဆော့ခရတ္တိ၊ ဤအသက် ဤအရွယ်သို့ ရောက်ခါမှ တစ်စွန်းတစ်စလောက်မျှသော အရွယ်ကြွင်း အရွယ် ကျန်ကို အသင်နှမြော၍၊ အသင်စုံမက်၍၊ အသင်မက်မော၍ နေရသေးသလော။ ထိုသို့သော နှမြောမှု၊ စုံမက်မှု၊ မက်မောမှုတို့ကြောင့် အသင်သည် အမြတ်ထား အပ်သော တရားဥပဒေကို ချိုးဖောက်ရသလောဟု အသင့်ကို သတိပေး၍ ဆုံးမမည့်သူကို ထိုအရပ်၌ ရှိမည်ဟု အသင် ထင်ပါသလော။ ထိုအရပ်သားတို့ မနှစ်သက် မလိုလားသော စကားကို အသင် မဆိုသေးသမျှ ကာလပတ်လုံး ထိုသို့သောသူမျိုးသည် ထိုအရပ်၌ ပေါ်လာမည်ဟု ငါတို့မထင်။ သို့ရာတွင် ထိုသူတို့ မနှစ်သက် မလိုလားသော စကားကို အသင်ဆိုသည်နှင့်တစ်ပြိုင်နက် ထိုသူတို့သည် အသင့်ကို ရစရာမရှိအောင် ရှုတ်ချပြောဆိုကြမည်မှာ မုချဖြစ်သည်။ ထိုအရပ်၌ အသင့်တွင် အသက်နှင့်ခန္ဓာတို့သည် မြဲနေကြပါသေး၏။ သို့ရာတွင် အသင့် ဘဝကား ပသို့ဖြစ်မည်နည်း။ လူတကာကို အောက်ကျို၍၊ လူတကာကို မျက်နှာချိုသွေး၍ နေရမည့်ဘဝသာ ဖြစ်ချေတော့မည်။ ထိုအခါ အသင်သည် မည်သို့သာနေရတော့မည်နည်း။ စားခြင်း သောက်ခြင်းအမှုတို့ဖြင့်သာ ထိုအရပ်၌ အသင်နေရချေတော့မည်။ စားခြင်း သောက်ခြင်းအမှုတို့အတွက်သာ ထိုအရပ်သို့ အသင် သွားခြင်း ဖြစ်ရချေတော့မည်။ အသင်ဟောလေ့ရှိသောဂုဏ်သိက္ခာ တရားတို့သည်လည်းကောင်း၊ အသင် ပြောလေ့ရှိသော တရားရှိခြင်း သဒ္ဓမ္မ ဂုဏ်သိက္ခာတရားသည်လည်းကောင်း သဲထဲရေသွန်သကဲ့သို့ ဖြစ်ကြပြီ။
တဖန် သားငယ်များကို မွေးကျွေးပြုစုရေးအတွက် လည်းကောင်း၊ သားငယ်များအား ပညာပေးရေးအတွက်လည်းကောင်း အသင်မသေချင်သေးဟု အသင် ဆိုသည်ဖြစ်အံ့။ ထိုအခါ သီဆလိနိုင်ငံသို့ အသင့်သားငယ်များကို အသင် ခေါ်သွားရတော့မည်၊ ထိုအခါ အက်သင်းနိုင်ငံသားအဖြစ်ကို သားငယ်  များအား အစွန့်ခိုင်းရတော့မည်။ ဤသို့ဖြင့် အသင့် သားငယ်များကို အသင် ကျေးဇူးပြုရာရောက်သည်ဟု အသင် ထင်ပါသလော။ သို့တည်းမဟုတ် အသင့်အဖို့ အသင့်သားငယ်များနှင့် တကွဲတပြားနေရစေကာမူ အသင် အသက် ထင်ရှားရှိနေသေးသောကြောင့် အသင့်သားငယ်များသည် အသင့် မိတ်ဆွေများ၏ အစောင်အမ အကြည့်အရှုကို ရ၍ မကြောင့်မကြ မတောင့်မတ နေကြရလိမ့်မည်ဟု အသင် ထင်ပါသလော၊ ပညာရကြလိမ့်မည်ဟု အသင် ထင်ပါသလော။ သီဆလိနိုင်ငံသို့ အသင် သွားမှသာ အသင့်သားငယ်များကို အသင့် မိတ်ဆွေများက စောင်မကြည့်ရှုကြတော့မည်လော။ အသင်ဘဝတစ်ပါးသို့ ပြောင်းသွားလျှင်ကော၊ အသင့်မိတ်ဆွေများသည် စောင်မကြည့်ရှုခြင်းကို မပြုကြ တော့ပြီလော။ အသင့်မိတ်ဆွေများသာ မိတ်ဆွေကောင်းပီသကြသည်ဖြစ်လျှင် အသင် ဘဝတစ်ပါးသို့ ပြောင်းသွားစေကာမူ စောင်မကြည့်ရှုခြင်းကို ပြုကြ မည်သာ ဖြစ်သည်။ ထိုစကားသည် မှန်၏။
စာပိုဒ် ၁၆ 
ဆော့။ ။အချင်းခရီတော် တရားဥပဒေကဆိုဦးမည်မှာ၊ ဆော့ခရတ္တိ၊ အသင့်ကို မွေးကျွေးပြုစုခဲ့သော ငါတို့၏ စကားကို အသင် နာယူပါ။ အသင်၏ အသက်ကိုလည်းကောင်း၊ အသင်၏ သားငယ်များကိုလည်းကောင်း အဦးထား၍ မှန်သောတရားကို အနှောင်းထား၍ အသင် မစဉ်းစားပါလင့်။ မှန်သောတရား ကို အဦးထား၍ စဉ်းစားပါ။ သို့မှာသာ အသင်သည် တမလွန်ဘဝ၌ မျက်နှာကောင်းရမည်။ ခရီတော်ပြောသည်ကို နာယူခဲ့သည်ရှိသော် အသင်နှင့် တကွ အသင် ချစ်နှစ်သက်သောသူတို့သည် ချမ်းသာ သုခကိုလည်းကောင်း၊ သူတော်ကောင်းဖြစ်ရခြင်းကိုလည်းကောင်း၊ ကောင်းစွာနေရခြင်းကိုလည်းကောင်း ဤဘဝ၌လည်း ရကြမည်မဟုတ်၊ နောင် ဘဝ၌လည်း ရကြမည် မဟုတ်။ ထွက်ပြေးတိမ်းရှောင်ခြင်းကို အသင်မပြုဘဲ နေခဲ့သော် အသင်သည် အပြစ်ကင်းသူ၊ အနစ်နာခံသူ၊ အမှားမပြုသူအဖြစ်ဖြင့် အသင့်ဘဝကို အသင်အဆုံးသတ်ခွင့် ရနိုင်သည်။ တရားဥပဒေ မကောင်းသောကြောင့် မဟုတ်ဘဲ လူမကောင်း သောကြောင့် လူ့ဒဏ်ခံလိုက်ရသူအဖြစ်ဖြင့် အသင့်ဘဝကို အသင် အဆုံးသတ်ခွင့် ရနိုင်သည်။ သို့ရာတွင် တရားဥပဒေတည်း ဟူသော ငါတို့အား အသင်ပေးခဲ့သော အသင်၏ကတိကို အသင်ဖျက်၍ ထွက်ပြေးတိမ်းရှောင်ခြင်းကို အသင်ပြုခဲ့သည်  ရှိသော်၊ ထို့ပြင် အသင်စိုးစဉ်းမျှ မပြစ်မှားအပ်သော အသင့်ကိုယ်ကိုလည်းကောင်း၊ ထိုသို့သော အသင့်မိတ်ဆွေများကိုလည်းကောင်း၊ ထိုသို့သော အသင့်နိုင်ငံကို လည်းကောင်း၊ ထိုသို့သော ငါတို့ကိုလည်းကောင်း အသင်ပြစ်မှား၍ ထွက်ပြေး တိမ်းရှောင်ခြင်းကို အသင်ပြုခဲ့သည်ရှိသော်၊ ငါတို့သည် အသင် အသက်ထင်ရှား ရှိနေသမျှကာလပတ်လုံး အသင့်အပေါ်၌ အမျက်မပြေ ဖြစ်ကြရတော့မည်။ ထိုမျှသာမကသေး ငါတို့၏ ညီတော် နောင်တော်များ ဖြစ်ကြကုန်သော တမလွန်ဘဝက တရားဥပဒေများကလည်း ငါတို့ကို အသင် ပြစ်မှားခဲ့ပြီဟု သိပြီး ဖြစ်ကြသဖြင့် အသင့်ကို ရန်သူသဖွယ် သဘောထားကြ လိမ့်မည်။ ထို့ကြောင့် ဆော့ခရတ္တိ၊ တရားဥပဒေတည်းဟူသော ငါတို့၏ စကားကိုသာ အသင် နာယူပါ၊ ခရီတော်၏ စကားကို မနာယူပါလေနှင့်။ ဤသို့လျှင် တရားဥပဒေက ကျွန်ုပ်ကို ဆိုလိမ့်မည်။
စာပိုဒ် ၁၇ 
ဆော့။ ။သူငယ်ချင်း ခရီတော်၊ ခေါ်ရီဗင့် နတ်ဝင်သည်တို့၏ နားတွင် ဒေဝပူဇန နတ်ပလွေသံကို ကြားနေရသကဲ့သို့ ကျွန်ုပ်၏ နားတွင်လည်း တရားဥပဒေ၏ ပြောသံဆိုသံတို့ကို ကြားယောင်ယောင် ဖြစ်နေသည်။ အခြား တစ်ပါးသော အသံတို့ကို ကျွန်ုပ် နားမဝင်နိုင်တော့ပြီ။ ခရီတော်၊ အသင် ပြောချင်၍ ပြောဦးမည်ဖြစ်သော စကားတို့သည် ကျွန်ုပ်အဖို့ အချည်းနှီးသာ ဖြစ်မည်ဟု ကျွန်ုပ် သိပါ၏။ သို့ရာတွင် အသင့်မှာ ပြောစရာ ရှိသေးလျှင် ပြောပါဦး။ နားထောင်ပါမည်။
ခ။ ။ဆော့ခရတ္တိ၊ ကျွန်ုပ်၌ ပြောစရာမရှိတော့ပြီ။
ဆော့။ သူငယ်ချင်း ခရီတော်၊ အသင့်မှာ ပြောစရာ မရှိတော့ပြီဟု ဆိုလျှင် ကျွန်ုပ်အဖို့မှာ အဂ္ဂဘုံ၏ အလိုတော်ကိုသာ ဖြည့်စရာ ရှိတော့သည်။ အဂ္ဂဘုံ ခေါ်ရာသို့သာ လိုက်စရာ ရှိတော့သည်။
✥﹤--- www.ebooks4mm.org ---﹥✥

၂၄။ ဆော့ခရတ္တိ၏ ဘဝနိဂုံး 
နိဒါန်း 
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် ဖီဒေါ် (Phaedo) ကထာမှ ကောက်နုတ်သော စာပိုဒ်အမှတ် ၂၊ ၃၊ ၆၄၊ ၆၅၊ ၆၆ တို့ ဖြစ်သည်။
ဆော့ခရတ္တိသည် တရားအစွဲအဆိုခံခဲ့ရသည်ဖြစ်ရာ ဆော့ခရတ္တိက ချေပခဲ့သော စကားတို့ကို ချေပချက်ကထာ၌ တွေ့ခဲ့ရပြီ။ ထို့နောက် ဆော့ခရတ္တိအား သေဒဏ်ချမှတ်ပြီးသည့်နောက် အကျဉ်းထောင်၌ ဆော့ ခရတ္တိရှိနေစဉ် မိတ်ဆွေများကလည်းကောင်း၊ တပည့်များကလည်းကောင်း ဆော့ခရတ္တိကို ခိုးယူလိုသဖြင့် ဆော့ခရတ္တိကို သွေးဆောင်ကြရာ ထွက်ပြေး တိမ်းရှောင်ခြင်း မပြုဟု ဆော့ခရတ္တိက ငြင်းဆန်ခဲ့သည်ကို ခရီတော် ကထာ၌ တွေ့ခဲ့ရပြီ။
အောက်ပါ စာပိုဒ်များတွင် ဆော့ခရတ္တိ၏ ဘဝနိဂုံး အခန်းကို တွေ့နိုင်သည်။ ဖီဒေါ်ဆိုသူသည် ဆော့ခရတ္တိ၏ တပည့်တစ်ဦးဖြစ်သည်။
သေဒဏ်ပေးချက်အရ အကျဉ်းထောင်၌ ဆော့ခရတ္တိ အဆိပ်သောက်စဉ် ကသော် ဖီဒေါ်လည်း အပါး၌ရှိသည်။ ဆော့ခရတ္တိ အသုဘကိစ္စပြီးသည့် နောက် ဖိဒေါ်သည် မိမိ၏ဇာတိဌာနသို့အပြန် လမ်းခရီးတွင် ဖလိအမြို့သို့ ဝင်၍ အက်ဒီခရတ္တိအမည်ရှိသော မိတ်ဆွေ၏အိမ်၌ ခေတ္တဝင်နားသည်။ အက်ဒီခရတ္တိဆိုသူသည်လည်း ဆော့ခရတ္တိကို ကြည်ညိုသော တပည့်ပင် ဖြစ်သည်။ ဆော့ခရတ္တိ အနိစ္စရောက်စဉ်ကသော် အက်သင်းမြို့သို့ မလာ မရောက်နိုင်သူဖြစ်ရာ ဆော့ခရတ္တိသတင်းကို တောင့်တလျက် ရှိသည်။ ထိုအခိုက်တွင် ဖီဒေါ် ရောက်လာသဖြင့် ဆော့ခရတ္တိ အနိစ္စရောက်ပုံကို မေးလေသည်။ ထိုအခါ ဖီဒေါ်က ပြန်ပြောသည်။ ဖီဒေါ်ပြန်ပြောသည့် သဘောအတိုင်း နောင်အခါ၌ပလေးတိုးက မှတ်တမ်းရေးထားခြင်းဖြစ်သည်။
 ဖီဒေါ်ကထာသည် ထိုမှတ်တမ်းဖြစ်သည်။ ဖီဒေါ်ကထာတွင် ဆော့ခရိတ္တိ နောက်ဆုံးပြောဟောခဲ့သော တရားကို သိနိုင်သည်။ တရားသဘောအချုပ်မှာ မျက်မှောက်ဘ၀၌ပြုသော ကောင်းမှု မကောင်းမှု၊ ကုသိုလ်ကံ အကုသိုလ်ကံ တို့သည် တမလွန်ဘ၀၌ အကျိုးအပြစ်တို့ကို ဖန်တီးတတပုံ ဖြစ်သည်။ သို့ရာတွင် ယခု ဖော်ပြလတ္တံ့သောစာပိုဒ်များသည် ဆော့ခရတ္တိ၏ ဘဝ နိဂုံးနှင့်ဆိုင်သော စာပိုဒ်များသာ ဖြစ်သည်။ ဆော့ခရတ္တိ ပြောဟော ခဲ့သော တရားစကားဆိုင်ရာ စာပိုဒ်တို့ကို ချန်ခဲ့သည်။
အောက်ပါစာပိုဒ်များတွင် ချီးကျူးဖွယ်ဖြစ်သော ဆော့ခရတ္တိ၏ ဘဝကူးသတ္တိ ရုပ်ပုံလွှာကို တွေ့နိုင်သည်။ ကြေကွဲဖွယ်ဖြစ်သော တပည့်များ၏ ဆောက်တည်ရာမရ ရုပ်ပုံလွှာများကိုလည်း တွေ့နိုင်သည်။
ဆော့ခရတ္တိ အသက်ပျောက်ခန်း သရုပ်ဖော်စကားပြေသည် ကမ္ဘာ့စာပေ တွင် အလွန်ထင်ရှားသော စကားပြေ ဖြစ်သည်ဟု အဆိုရှိသည်။
စာပိုဒ် ၂ 
အက်ဒီခရတ္တိ။ ။အချင်းဖီဒေါ်၊ ဆော့ခရတ္တိ၏ ဘဝနိဂုံးသည် ပသို့နည်း၊ မည်သို့သော တရားစကားကို သူ ပြောဟောခဲ့ပါသနည်း။ မည်သို့သော အပြုအမူကို သူ ပြုခဲ့ပါသနည်း။ မိတ်ဆွေများအနက် မည်သူမည်ဝါတို့သည် သူ့အနီး၌ ရှိကြပါသနည်း။ သူ ဘဝကူးခါနီးတွင် အထီးကျန်နေရရှာသလော၊ သူ့မိတ်ဆွေများ မလာရအောင် အာဏာပိုင်တို့က တားမြစ်ကြပါသလော၊ အချင်း ဖီဒေါ် ပြောပါဘိ။
ဖီဒေါ်။ ။အထီးကျန် မဟုတ်ပါ။ သူ့အပါး၌ မိတ်ဆွေအချို့ ရှိကြပါ သည်။ ။
အက်ခွံ။ ။ကောင်းလေစွ။ ဖီဒေါ်၊ အသင့်တွင် ကိစ္စ အထွေအထူး မရှိ လျှင် အကြောင်းစုံကို ပြောပါဦးလော့။
ဖီဒေါ်။ ။ကျွန်ုပ်မှာ ကိစ္စအထွေအထူး မရှိပါ၊ ပြောပါမည်။ ဆော့ ခရတ္တိအကြောင်းသာ ဖြစ်လျှင် ကျွန်ုပ် ကိုယ်တိုင်ကလည်း အလွန်ပြောချင်သည်၊ သူတစ်ပါးက ပြောသည်ကိုလည်း ကျွန်ုပ် အလွန်နားထောင်ချင်သည်။ ပြောရ သောကြောင့်သော်လည်းကောင်း၊ နားထောင်ရသောကြောင့်သော်လည်းကောင်း ဆော့ခရတ္တိ၏ ဂုဏ်ကျေးဇူးကို ကျွန်ုပ် အောက်မေ့ခွင့်ရခြင်းသည် ကျွန်ုပ်အဖို့ ပီတိတစ်မျိုး ဖြစ်ပါသည်။
အက်မီ။ ။နာသူများသည်လည်း အသင်ကဲ့သို့ပင်။ အသင်၏ ပီတိမျိုးကို ရှာနေသူများ ဖြစ်ပါသည်။ အချင်းဖီဒေါ်၊ ပြောစရာရှိသမျှကို ခရာစေ့တွင်းကျ ပြောပါဘိ။
ဖီဒေါ်။ ။အချင်း အက်ခံခရတ္တိ၊ ဆော့ခရတ္တိအပါး၌ ကျွန်ုပ်ရှိစဉ်က သော် သေရအံ့သော မိတ်ဆွေတစ်ဦး၏ အနီး၌ ရှိနေသည်ဟု ကျွန်ုပ် မထင်မိ ခဲ့ပါ။ ဤအချက်သည် အလွန်ထူးသည်။ ထို့ကြောင့် ထိုအခါကသော် ကျွန်ုပ်  သည် ဆော့ခရတ္တိကို ကရုဏာဖြစ်ရမှန်းမသိ ဖြစ်ခဲ့သည်။ ဆော့ခရတ္တိသည် သေခါနီး၌ပင် သေခြင်းကို မကြောက်ပါ။ သူ့အမူအရာသည် အခါတိုင်းက ကဲ့သို့ပင် အားရစရာကောင်းလှသည်။ သူ့စကားသည် အခါတိုင်းကကဲ့သို့ပင် ကြည်ညိုစရာကောင်းလှသည်။ ဆော့ခရတ္တိသည် ဘဝတစ်ပါးသို့ သွားရာ၌ပင် နတ်ဒေဝါတို့၏ အစောင်အမကို ရခဲ့ပြီဟု ကျွန်ုပ်ထင်မိသည်။ ဘဝတစ်ပါးသို့ ရောက်လျှင်လည်း ချမ်းသာသုခကို ရမည်ဟု ကျွန်ုပ် ထင်မိသည်။ ထို့ကြောင့် ထိုအခါကသော် ဆော့ခရတ္တိကို ကျွန်ုပ် ကရုဏာဖြစ်ရမှန်းမသိခဲ့ခြင်း ဖြစ်ဟန် တူသည်။ ကျွန်ုပ်သည် ဆော့ခရတ္တိနှင့် တရားစကားပြောဟော ဆွေးနွေးသည့် အခါတိုင်း ပီတိဖြစ်သည်။ ယခုတစ်ကြိမ်ပြောဟောဆွေးနွေးကြသောအခါ၌မူကား ပီတိ မဖြစ်တော့ပါ။ ပီတိ မဖြစ်ဟုလည်း ကျွန်ုပ် မဆိုချင်ပါ။ ပီတိ ဖြစ်ပါ၏။ သို့ရာတွင် ဆော့ခရတ္တိနှင့် ကွေကွင်းရချေတော့မည်ဟူသော အသိကလည်း မိုးနေ သဖြင့် ပီတိတွင် ဒေါမနဿ ဝင်နေပါသည်။ ပီတိတွင် ဒေါမနဿဝင်၍ ဒေါမနဿတွင် ပီတိဝင်နေသော ခံစားမှုကို ကျွန်ုပ်တစ်ယောက်တည်းသာ ခံစားရသည် မဟုတ်ပါ။ ရောက်လာကြကုန်သော မိတ်ဆွေ အားလုံးပင် ခံစား ကြရပါသည်။ အညှာလွယ်လှသော အပေါ်လိုဒေါရ၏ သဘောကို အသင် လည်း အသိ ဖြစ်သည်။
အက်ဒီ။ ။သိပါ၏။
ဖီဒေါ်။ ။အပေါ်လိုဒေါရသည် သတိလွတ်၍ ဆောက်တည်ရာမရ ဖြစ်ခဲ့သည်။ အပေါ်လိုဒေါရကို မြင်သောအခါ ကျွန်ုပ်လည်း သတိလွတ်၍ ဆောက်တည်ရာမရ ဖြစ်မိသည်။ ကျန်မိတ်ဆွေအားလုံးလည်း သတိလွတ်၍ ဆောက်တည်ရာမရ ဖြစ်လိုက်ကြသည်။ ။
အက်မီ။ ။အချင်းဖီဒေါ၊ ထိုအခါကသော် ဆော့ခရတ္တိအပါး၌ မည်သူ မည်ဝါတို့ ရှိကြပါသနည်း။ ။
ဖီဒေါ်။ ။အက်သင်းမြို့သားများအနက် အပေါ်လိုဒေါရ ရှိသည်။ ခရီတော်ဗလနှင့် ခရီတော်တို့ သားအဖရှိသည်။ ဟာမော်ဂျီနိုရှိသည်။ အင်္ဂျီနိ ရှိသည်။ အစ္စဒီနိ ရှိသည်။ အန္တီသီနိ ရှိသည်။ ပီအန္ဒအရပ်မှ တိစိပ ရှိသည်။ မီနီဇိန ရှိသည်။ အခြားသူများလည်းရှိကြသည်။ ထိုအခါကသော် ပလေးတိုး သည် နာမကျန်းဖြစ်နေသည် ထင်သည်။ ။
အက်ခီ။ ။အခြား မြို့သူမြို့သားများကော ရှိကြပါသလော။
ဖီဒေါ်။ ။ရှိကြပါသည်။ သီဗီမြို့မှ ဆိမိအ ရှိသည်။ စီဗီ ရှိသည်။ ဖီဒွန်ဒီ ရှိသည်။ မိဂရိမြို့မှ ရောက်လာကြသော ယူကလစ်နှင့် တာပဇန်တို့ ရှိကြသည်။
 အက်ခံ။ ။အရိစတိပနှင့် ကလီအုံဗရောတတို့ကော မလာကြဘူးလား။ ဖီဒေါ်။ ။မလာကြပါ။ အိဇိန္နမြို့၌ ခရီးလွန်နေကြသည်ဟု သိရပါသည်။ အက်ဒီ။ ။အခြားရှိပါသေးသလော။ ဖီဒေါ်။ ။မရှိတော့ပါ။ ဆိုခဲ့သမျှပင်။
အက်မီ။ ။အချင်းဖီဒေါ်၊ ရောက်လာကြသူများကို သိရပါပြီ။ အသင် တို့သည် အဘယ်စကားကို ပြောဟောကြပါသနည်း။ ပြောပါဘိ။
စာပိုဒ် ၃ 
ဖီဒေါ်။ ။ပြောပါမည်၊ အစကစ၍ ပြောပါမည်။ ပြောဟောခဲ့ကြသော စကား တို့ကို တစ်လုံးမကျန် ပြန်ပြောနိုင်အောင် ကျွန်ုပ် အားထုတ်ပါမည်။
ဆော့ခရတ္တိရှိရာ အကျဉ်းထောင်သည် ဆော့ခရတ္တိကို တရားစွဲဆိုရာဖြစ်သော တရားခုံရုံးနှင့် အလှမ်းမဝေးလှပါ။ ထို့ကြောင့် ဆော့ခရတ္တိ မလွန်မီ ယခင် နေ့များကသော် ကျွန်ုပ်တို့သည် တရားခုံရုံးသို့ နံနက်တိုင်းလာ၍ စုဝေးလေ့ရှိ ကြပါသည်။ အကျဉ်းထောင်တံခါးဖွင့်သည်အထိ တရားခုံရုံး၌ စကားပြောဟော ရင်း စောင့်ကြပါသည်။ အကျဉ်းထောင်ဖွင့်သောအခါ ဆော့ခရတ္တိအခန်းသို့ ဝင်၍ ဆော့ခရတ္တိနှင့် ပြောဟော ဆွေးနွေးတတ်ကြသည်မှာ တစ်နေကုန် တစ်နေခန်းမျှ ဖြစ်သည်။ ဆော့ခရတ္တိ လွန်မည့်နေ့ နံနက်ပိုင်းကမူကား အခါ တိုင်းထက်စော၍ ကျွန်ုပ်တို့ စုဝေးမိကြသည်။ ကျွန်ုပ်တို့သည် ယမန်နေ့ညက ဆော့ခရတ္တိ အခန်းမှ ထွက်လာကြသောအခါ အပေါ်လို နတ်သင်္ဘောသည် ဒီလော့ကျွန်းငယ်မှ အက်သင်းမြို့သို့ ရောက်လာပြီဟု သတင်းရကြပါသည်။ ထိုအခါ နောက်တစ်နေ့နံနက်တွင် အခါတိုင်းထက်စော၍ စုဝေးနိုင်ကြအောင် ကျွန်ုပ်တို့ စီစဉ်လိုက်ကြသောကြောင့် ဖြစ်သည်။ ထိုနေ့နံနက်တွင် အကျဉ်း ထောင်တံခါးသို့ ကျွန်ုပ်တို့ ရောက်ကြသောအခါ ထောင်မှူးသည် ရုတ်တရက် ထောင်ဝင်ခွင့်မပေးသေးဘဲ ကျွန်ုပ်တို့ကို အစောင့်ခိုင်းပါသည်။ ထောင်မှူးက ပြောသည်မှာ ကျွန်ုပ်လာ၍ခေါ်သောအခါမှာမှ ဝင်ကြပါ၊ ထောင်ပိုင်ဆယ့်တစ်ဦး အဖွဲ့ သည် ဆော့ခရတ္တိ၏အခန်း၌ ရှိနေကြသည်။ ဆော့ခရတ္တိ၏ သံခြေချင်းကို ဖြုတ်နေကြသည်။ ဆော့ခရတ္တိကို ယနေ့နေကွယ်လျှင် အဆုံးစီရင်ရန် အမိန့် ပြန်နေကြသည်။ ထောင်မှူးသည် ဤသို့ ပြောပါသည်။ အတန်ကြာသော် ထောင်မှုသည် ပြန်လာ၍ ကျွန်ုပ်တို့အား ထောင်ဝင်ခွင့်ပေးပါသည်။ ဆော့ခရတ္တိ ၏အခန်းသို့ ကျွန်ုပ်တို့ ဝင်မိကြသောအခါ သံခြေချင်း' မရှိတော့ပြီဖြစ်သော  ဆော့ခရတ္တိကို မြင်ကြရပါသည်။ ဆော့ခရတ္တိအနီးတွင် သူ့မယား ဇန်ဒီပီရှိသည်။ ဇန်သီပီသည် သားငယ်ကို ရင်ခွင်၌ပိုက်ထားသည်။ ကျွန်ုပ်တို့ကို မြင်သောအခါ ဇန်သီပီသည် ဟစ်အော်ငိုကြွေး၍ မိန်းမတို့ဝါသနာအတိုင်း “အို ဆော့ခရတ္တိ၊ ရှင့်မိတ်ဆွေကြီးတွေ လာကြပြီလေ၊ စကားပြောကြပါဦးလော့၊ ဤအကြိမ်သည် ရှင့်အတွက်လည်း နောက်ဆုံးအကြိမ် ဖြစ်သည်၊ သူတို့အတွက်လည်း နောက်ဆုံး အကြိမ်ဖြစ်သည်၊ အားရအောင် ပြောကြပါဦးလော့'ဟု ဆို၍ ငိုပါသည်။
ထိုအခါ ဆော့ခရတ္တိသည် ခရီတော်ကို လှမ်းကြည့်၍ 'ခရီတော်၊ ဇန်သီပီကို ချော့ခေါ်သွားလျှင်ကောင်းမည်”ဟု လှမ်းပြောရာ ခရီတော်၏ တပည့် အချို့သည် ဇန်ဒီပီကို ချော့မော့၍ အပြင်သို့ ခေါ်သွားကြသည်။ ဇန်သီပီသည် ရင်ဘတ်စည်တီးငိုကြွေးလျက် လိုက်ပါသွားသည်။
အခန်းတွင်းမှ ဇန်သီပီ ထွက်သွားသောအခါ ဆော့ခရတ္တိသည် ခုတင် ပေါ်၌ ထိုင်၍ ခါးကို အနည်းငယ်ကိုင်း၍ သူ့ခြေသလုံးနှင့် ခြေချင်းဝတ်တို့ကို အသာအယာ နှိပ်နေသည်။ နှိပ်ရင်းပြောသည်မှာ အချင်းတို့၊ သုခဟုခေါ်သော အရာသည် အံ့ဩစရာဖြစ်သည်။ သူ၏ ရန်ဘက်ဟု ယူဆအပ်သော ဒုက္ခနှင့် တစ်ဆက်တည်း ဖြစ်နေသည်မှာလည်း အံ့သြစရာ ဖြစ်သည်။ သတ္တဝါတို့တွင် ထိုနှစ်ခုသည် တစ်ချိန်တည်း၌ တစ်ပြိုင်နက် မရှိတတ်သော်လည်း တစ်ခုနောက်သို့ တစ်ခုက ကောက်ကောက်ပါ လိုက်နေတတ်သည် မဟုတ်ပါလော။ ဦးခေါင်း တစ်လုံးတည်း တပ်ပေးထားခြင်းခံရသော ခန္ဓာကိုယ်နှစ်ခု ရှိနေဘိသကဲ့သို့ ဖြစ်သည်။ အကယ်၍ ဒဏ္ဍာရီဆရာဖြစ်သော အီဆွတ်သည် ထိုသဘောကို သတိပြုမိသည်ဖြစ်လျှင် ဒဏ္ဍာရီတစ်ပုဒ် ဖြစ်နိုင်သည်။ အီဆွတ်သည် ရန်ဘက်ဖြစ် ကြသော သုခနှင့် ဒုက္ခတို့ စစ်ထိုးကြပုံကိုလည်းကောင်း၊ ထိုအခါနတ်ဒေဝါသည် စစ်ပြေငြိမ်းသည်ကို အလိုရှိသဖြင့် ကြားဝင်၍ ဖျန်ဖြေပုံကိုလည်းကောင်း၊ ဖျန်ဖြေ၍မရသည့်အဆုံး၌ ထိုနတ်ဒေဝါသည် ထိုရန်ဘက်နှစ်ခုကိုဆက်၍ ဦးခေါင်း တစ်ခုတပ်ပေးလိုက်ပုံကို လည်းကောင်း ဇာတ်လမ်းဆင်၍ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်အောင် ရေးခဲ့မည်သာဖြစ်သည်။ ထို့ကြောင့် တစ်ခုကို ခံစားရယူခြင်းရှိလျှင် အခြားတစ်ခုကိုပါ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ခံရသည်။ ယခု ကျွန်ုပ်၏ အဖြစ်ကို ကြည့်ပါ။ သံခြေချင်းကြောင့် နာကျင်ခြင်းဒုက္ခ ခံစားရပြီးသည့်နောက် သက်သာရာရခြင်းသုခသည် ရောက်လာရသည်။ ဤသို့လျှင် ဆော့ခရတ္တိက ဆီး၍ ပြောပါသည်။
(ထိုအကြောင်းမှ အစပြု၍ ဆော့ခရတ္တိနှင့် သူ့မိတ်ဆွေတို့သည် အထူးထူး အ များပြားသော တရားစကားတို့ကို ပြောဟောဆွေးနွေးကြပါသည်။ နေကုန်ခါနီးအယ် ဖြစ်သည်။ ဆွေးနွေးပွဲတွင် ဆော့ခရတ္တိက ဦးဆောင်သည်။ ချေပခြင်း၊ စောဒကဝင်ခြင်းတို့တွင်  ဆိမိအနှင့် စီဗီတို့သည် အထူး ထင်ရှားသည်။ ရှေးခေတ် ဂရိတရားခုံရုံး၏ ထုံးစံအရ သေဒဏ်ချမှတ်ခြင်းခံရသော ရာဇဝတ်ကောင်သည် ထောင်မှူးတို့ ဖျော်စပ်ပေးသော ဟင်မလောက်ခေါ် အဆိပ်သေဆေးကို နေကုန်ခါနီးတွင် သောက်ရသည်။ ဆော့ခရတ္တိတို့ တရားစကားပြောဟောကြပုံသည် ဖီဒေါ်ကထာတွင် စာပိုဒ် ၄ မှ စာပိုဒ် ၆၃ အထိ ဖြစ်သည်။ ဆော့ခရတ္တိ အနိစ္စရောက်ပုံသည် စာပိုဒ် ၆၄ မှ အဆုံးဖြစ်သော ၆၆ အထိ ဖြစ်သည်။)
စာပိုဒ် ၆၄ 
ဖီဒေါ်။ ။အချင်းအက်ခံခရတ္တိ၊ ဆော့ခရတ္တိ ထိုသို့ပြောဟောပြီးသည်၏ အဆုံး၌ ခရီတော်ကဆိုသည်မှာ ဆော့ခရတ္တိ၊ အသင်၏ သားငယ်များအတွက် အဘယ်ကို အလိုရှိပါသနည်း။ ပြောပါဘိ။ ထို့ပြင် အခြား မှာစရာရှိသည်ကို လည်း မှာပါ၊ ဆောင်ရွက်ပါမည်။ ခရီးတော်က ထိုသို့ဆိုပါသည်။
ထိုအခါ ဆော့ခရတ္တိက အချင်းခရီတော်၊ ကျွန်ုပ်၌ မှာစရာဟူ၍ အထွေ အထူး မရှိပါ။ ကျွန်ုပ်မှာနေကျအတိုင်းသာ မှာချင်ပါသည်။ ကိုယ်နှုတ်နှလုံးကို မမေ့မလျော့သော သတိဖြင့် ထိန်းသိမ်းကြပါဟု မှာချင်ပါသည်။ ထိန်းသိမ်း ပါမည်ဟု အသင် ကတိပြုသည် ဖြစ်စေ၊ မပြုဘဲနေသည်ဖြစ်စေ အကယ် ထိန်းသိမ်းနိုင်ခြင်းသာလျှင် ပဓာန ဖြစ်သည်။ ထိန်းသိမ်းနိုင်သည်ဖြစ်လျှင် ကျွန်ုပ်ကိုလည်း အကျိုးပြုရာ ရောက်သည်။ အသင်တို့ အားလုံးကိုလည်း အကျိုးပြုရာရောက်သည်။ ကိုယ်နှုတ်နှလုံးကို ထိန်းသိမ်းနိုင်ခြင်းမရှိကြလျှင် ယနေ့ပြောဟောကြသော၊ ယခင့်ယခင်အခါများက ပြောဟောခဲ့ကြသော စကား တို့ကို သတိပြုနိုင်ခြင်း မရှိကြလျှင် ထိန်းသိမ်းပါမည်ဟု အသင်တို့ ယခုဆိုကြ စေကာမူ အကြောင်းထူးမည် မဟုတ်ပါ။ ဤသို့လျှင် ဆော့ခရတ္တိက မှာပါသည်။
ထိုအခါ ခရီတော်က ထိန်းသိမ်းနိုင်အောင် အားထုတ်ပါမည်ဟု ကတိပေး လိုက်သည်။ ထို့နောက် ခရီတော်က ဆော့ခရတ္တိ၊ အသင့်ကို ကျွန်ုပ်တို့ မည်သို့ မည်ပုံ သင်္ဂြိုဟ်ရမည်နည်းဟု မေးပါသည်။
| ထိုအခါ ဆော့ခရတ္တိက အသင်တို့ ကြိုက်သလိုသာ ပြုကြပါဟု ဆို၍ တစ်ဖန် သူငယ်ချင်း ခရီတော်၊ သဂြိုဟ်ခြင်း ပြုသောအခါ ကျွန်ုပ်ကို အသင် မြဲမြဲ ချုပ်ကိုင်ထားနိုင်မည်လော။ အသင့်လက်မှ ကျွန်ုပ် လွတ်၍မပြေးနိုင်အောင် အသင် ပြုနိုင်မည်လောဟုမေး၍ မသိမသာပြုံးပါသည်။ ထို့နောက်ကျွန်ုပ်တို့ ဘက်သို့ လှည့်၍ ဆိုပြန်သည်မှာ အချင်းတို့၊ ခရီတော် သဘောပေါက်အောင်  ကျွန်ုပ် မည်သို့ ပြုရမည်နည်း။ ခရီတော်သည် ကျွန်ုပ် အသက်ထင်ရှားရှိနေစဉ်၌ပင် ဦးဆောင် ပြောဟောနေသော ဆော့ခရတ္တိအဖြစ်ဖြင့် ကျွန်ုပ်ကို မမြင်။ မကြာမီ မြင်ရတော့မည်ဖြစ်သော လူသေအလောင်းကောင်အဖြစ်ဖြင့်သာ ကျွန်ုပ်ကို သူ မြင်နေသည်။ ထို့ကြောင့်သာလျှင် ကျွန်ုပ်ကို မည်သို့မည်ပုံ သင်္ဂြိုဟ်ရမည်နည်း ဟု သူ မေးလိုက်ခြင်းဖြစ်သည်။ ဤတရားပွဲတွင် ကျွန်ုပ်သည် အကျယ်ဝိတ္ထာရ ပြု၍ ပြောဟောခဲ့ပြီ။ ယခုပြောဟောခဲ့သမျှတွင် အဆိပ်သေဆေးကို သောက် ပြီးသောအခါ သင်တို့နှင့်အတူ ကျွန်ုပ် မနေလိုပြီ။ ကောင်းရာသုဂတိဘုံသို့ ကျွန်ုပ် ကူးတော့မည်ဟူသော သဘော ထင်ရှားအောင် ကျွန်ုပ် အားထုတ် ခဲ့သည်။ သို့ရာတွင် ကျွန်ုပ်လည်း စိတ်သက်သာမှုရအောင်၊ အသင်တို့လည်း စိတ်သက်သာမှုရအောင် တောင်စဉ်ရေမရ ကျွန်ုပ် ပြောနေသည်ဟုသာ ခရီတော်၏ စိတ်၌ ဥပါဒါန်ကြောင့် သံသယ ကုက္ကုစ္စဖြစ်နေခဲ့ဟန်တူသည်။ ထို့ကြောင့် မိတ်ဆွေအားလုံးက ဤသို့ပြုကြပါ။ ကျွန်ုပ် အမှုဆိုင်စဉ် အခါကသော် မရီ တော်သည် ကျွန်ုပ်အတွက် တရားခုံရုံးသို့ အာမခံပေးဖူးသည်။ ယခု ကျွန်ုပ် အဆိပ်သေဆေးသောက်မည့် ကိစ္စတွင် အသင်တို့က ကျွန်ုပ်အတွက် ခရီတော်သို့ အာမခံပေးကြပါ။ တရားခံဖြစ်သော ကျွန်ုပ်အတွက် တရားခုံရုံး၌ အာမခံရာ တွင် ဤအရပ်မှ ဆော့ခရတ္တိ တစ်ဖဝါးမျှ မခွာစေရပါ။ ဤအရပ်၌သာ ဆော့ ခရတ္တိ နေပါစေ့မည်ဟု ခရီတော်က အာမခံပေးခဲ့ပါသည်။ သေရအံ့သော ကျွန်ုပ်အတွက် အာမခံကြရာ၌ကား၊ ဤအရပ်၌ ဆော့ခရတ္တိ မနေစေရပါ။ အရပ် တစ်ပါးသို့ ဆော့ခရတ္တိ သွားရပါစေ့မည်ဟု အသင်တို့က ခရီတော်သို့ အာမခံ ပေးကြရန် ဖြစ်သည်။ ထိုသို့သော အာမခံချက်မျိုးရှိနေသည်ဖြစ်လျှင် ဘဝ တစ်ပါးသို့သာ ဆော့ခရတ္တိ ကူးပြောင်းခြင်းဖြစ်၏ဟု ခရီတော်စိတ်ချ၍ ခရီတော် စိတ်ဖြေနိုင်မည် ဖြစ်သည်။ ဆော့ခရတ္တိ၏ ရုပ်ခန္ဓာကိုယ်ကောင်ကြီး ကိုသာ မြေမြှုပ်ခြင်းဖြစ်၏။ မီးသင်္ဂြိုဟ်ခြင်းဖြစ်၏ဟု ခရီတော် စိတ်ချ၍ ခရီတော် စိတ်ဖြေနိုင်မည် ဖြစ်သည်။ မြေမြှုပ်ခြင်းကြောင့်၊ မီးသင်္ဂြိုဟ်ခြင်းကြောင့် ကျွန်ုပ် မရှုမလှခံရပြီဟုယူ၍ ကျွန်ုပ်အတွက် ခရီတော် ဝမ်းနည်းပူဆွေးခြင်း မဖြစ်ဘဲ စိတ်ဖြေနိုင်မည် ဖြစ်သည်။ ထို့ပြင် ဆော့ခရတ္တိကို တင့်တယ်စွာ ခင်းကျင်းစီရင်ခဲ့ပြီ၊ ဆော့ခရတ္တိကို သင်္ချိုင်းသို့ လိုက်၍ပို့ခဲ့ပြီ၊ ဆော့ခရတ္တိကို မြေမြှုပ်ခဲ့ပြီဟူသောစကားကို ခရီတော် မပြောစေလိုပါ။ ထိုသို့သော ဝစီပညတ် သည် မမှန်ပါ။ အလိုမရှိအပ်ပါ။ လွဲမှားသော ဝစီပညတ်သည် လွဲမှားသော အတွေး အခေါ်ကို ဖြစ်စေတတ်သည်မက စိတ်နှလုံးသို့ ကူးစက်ဖျက်  တတ်သော သဘောလည်း ရှိသည် မဟုတ်ပါလော။ သူငယ်ချင်း ခရီတော်၊ သတိထားပါ၊ စိတ်တင်းပါ။ ဆော့ခရတ္တိကို မဟုတ်ဘဲ ဆော့ခရတ္တိ၏ ရုပ်ခန္ဓာ ကိုယ်ကောင်ကြီးကိုသာ မြေမြှုပ်လိုက်ပြီဟု အသင် ပြောပါ။ ထိုသို့ ပြော၍ ထိုကိုယ်ကောင်ကြီးကို အသင်ကောင်းသည် ထင်သည့်အတိုင်း ပြုပါ။ ထုံးစံ ရှိသည့်အတိုင်း ပြုပါ။
စာပိုဒ် ၆၅ 
ဖီဒေါ်။ ။အချင်း အက်ခံခရတ္တိ၊ ဆော့ခရတ္တိသည် ထိုသို့ဆိုပြီးနောက် ထိုင်ရာမှထ၍ ရေချိုးခန်းသို့ ဝင်ပါသည်။ ထိုအခါ ခရီတော်သည် ကျွန်ုပ်တို့ကို စောင့်နေကြရန် ပြော၍ ဆော့ခရတ္တိနောက်သို့ လိုက်သွားသည်။ ဤသို့ဖြင့် ဆော့ခရတ္တိ ပြန်လာဦးမည်ကို စောင့်မျှော်ရင်း ဆွေးနွေးခဲ့ကြသော တရား အကြောင်းကို ကျွန်ုပ်တို့အချင်းချင်း ပြန်ပြောင်းပြောဆိုနေကြပါသည်။ ပြောဆို နေကြရင်း ဆော့ခရတ္တိအတွက် ပူဆွေးဝမ်းနည်းခြင်း၊ နှမြောခြင်း ဖြစ်ခဲ့ကြရ သည်။ ဆော့ခရတ္တိသည် ငါတို့၏ ကျေးဇူးရှင်ဖခင်ပေတကား၊ ဆော့ခရတ္တိ မရှိလျှင် ငါတို့သည် ကိုးကွယ်ရာမဲ့ ဖြစ်ကြရပေတော့မည်တကား၊ ဤသို့လျှင် မြည်တမ်းကြပါသည်။ ဆော့ခရတ္တိ ရေမိုးသုံးသပ်ပြီးသောအခါ ရှေးဦးစွာ သူ့ သားငယ်များနှင့် တွေ့ ပါသည်။ သူ့မှာ သားကြီးတစ်ယောက်၊ လူမမည်သားငယ် နှစ်ယောက် ရှိသည်။ ထို့နောက် သူ့မိသားစုမှ မိန်းမသားများ ရောက်လာကြ သည်။ ဆော့ခရတ္တိသည် ခရီတော်၏ မျက်မှောက်တွင် သူ့အဆွေအမျိုးများနှင့် စကားစမြည်ပြောသည်၊ မှာစရာရှိသည်ကို မှာသည်။ ထို့နောက် သားမယားနှင့် အဆွေအမျိုးတို့ကို ပြန်လွှတ်၍ ကျွန်ုပ်တို့ရှိရာအခန်းသို့ ပြန်လာသည်။
အဆွေအမျိုးများနှင့် စကားပြောသည်မှာ အတန်ငယ်ကြာသဖြင့် ကျွန်ုပ်တို့ ရှိရာသို့ ဆော့ခရတ္တိ ပြန်လာသောအခါ နေဝင်ခါနီးအချိန်သို့ ရောက်ပြီ။
ဆော့ခရတ္တိသည် ကျွန်ုပ်တို့ဝိုင်း၌ ဝင်၍ ထိုင်ပါသည်။ သို့ရာတွင် စကားများများ မပြောတော့ပါ။ အတန်ကြာသောအခါ ထောင်မှူးဝင်လာ၍ ဆော့ခရတ္တိနံပါး၌ ရပ်၍ ဆော့ခရတ္တိ၊ ထောင်ပိုင်ဆယ့်တစ်ဦးအဖွဲ့၏ အမိန့်အရ အဆိပ်သေဆေးကို သောက်ပါတော့ဟု ဆိုရန် ကျွန်ုပ်မှာ တာဝန်ရှိပါသည်။ အခြားသောသူတို့ကို ကျွန်ုပ်က ထိုသို့ဆိုသောအခါ ထိုသူတို့သည် အမျက်ထွက်၍ ကျွန်ုပ်ကို ရေရွတ်ကြပါသည်။ ထိုအခါ ထိုသူတို့ကို ကျွန်ုပ်က ပြန်၍ ပြစ်တင်မောင်းမဲ ခြင်းကို ပြုရပါသည်။ အသင်မူကား ဤနေရာသို့ရောက်လာကြကုန်သော သူ အပေါင်းတွင် ကြည်ညိုစရာအကောင်းဆုံး ဖြစ်ပါပေသည်။ အသိမ်မွေ့ဆုံး  ဖြစ်ပါပေသည်။ အတော်ဆုံး အမြတ်ဆုံး ဖြစ်ပါပေသည်။ ထို့ကြောင့် ပြစ်တင် မောင်းမဲခြင်းကို ကျွန်ုပ် ပြုရတော့မည် မဟုတ်ပါ။ ကျွန်ုပ်အပေါ်၌ အသင် အမျက်မထားဟု ကျွန်ုပ် သိပါ၏။ အမျက်ထားစရာရှိလျှင် အခြားသူများသာ ဖြစ်ကြရာသည်။ ထို့ကြောင့် အသင့်ထံသို့ ကျွန်ုပ် ယခုလာ၍ နှုတ်ဆက်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်လာရသည့်အကြောင်းကို အသင် သိပြီး ဖြစ်ပါလိမ့်မည်။
ဆော့ခရတ္တိ၊ သည်းခံနိုင်သမျှ သည်းခံပါတော့။ ထောင်မှူးသည် ထိုသို့ဆို၍ ငိုပါလေသည်။ ထို့နောက် တစ်ဖက်သို့လှည့်၍ အခန်းမှထွက်သွားမည်ပြုပါ၏။
ဆော့ခရတ္တိသည် ထောင်မှူးကို ကြည့်၍ ကျွန်ုပ်ကလည်း အသင့်ကို နှုတ်ဆက်ပါသည်။ အသင်စေသည့်အတိုင်း ကျွန်ုပ် လိုက်နာရန် အသင့်ရှိပါသည် ဟု ပြန်ပြောပါသည်။ ထိုနောက် ကျွန်ုပ်တို့ဘက်သို့ လှည့်၍ ဆိုပြန်သည်မှာ အချင်းတို့၊ ထောင်မှူးသည် ယဉ်ကျေးပါဘိ၏။ အကျဉ်းထောင်သို့ ကျွန်ုပ် ရောက်လာသည့်အခါမှစ၍ ထိုသူသည် ကျွန်ုပ်ထံသို့ မကြာခဏ လာလေ့ရှိသည်။ တစ်ခါတစ်ရံ ကျွန်ုပ်နှင့် စကားပြောသည်။ ကြင်နာတတ်သူ ဖြစ်သည်။ ကျွန်ုပ်အတွက် သူလည်း ပူဆွေးဝမ်းနည်းသည်ကို အသင်တို့အမြင်ဖြစ်သည်။ အချင်း ခရီတော်၊ သူစေသည့်အတိုင်း ကျွန်ုပ်တို့လိုက်နာကြရမည်။ အဆိပ်ကို စီရင်ပြီးဖြစ်လျှင် ယူလာပါစေလော့။ မစီရင်ရသေးလျှင် စီရင်ပါစေလော့။ ဤသို့လျှင် ဆော့ခရတ္တိက ဆိုပါသည်။ ။
ထိုအခါ ခရီတော်က ဆော့ခရတ္တိ၊ နေမင်းသည် မကွယ်သေးပါ။ တောင်ထိပ်၌ ရှိဆဲပင်။ အခြားတစ်ပါးသော သူတို့သည် အဆိပ်သေဆေးကို သောက်ပါတော့ဟု အမိန့်ပေးခံရပြီးသည့်နောက် အချိန်အတော်ကြာမှ အဆိပ် သေဆေးကို သောက်ကြပါသည်။ ထိုအချိန်အတွင်းတွင် စားခြင်း၊ သောက်ခြင်း အမှုကို ပြုကြသည်။ အချို့သည် စုံမက်နှစ်သက်သူတို့နှင့် မြူးထူးပျော်ပါးခြင်း အမှုကိုပင် ပြုကြသည်။ ထို့ကြောင့် ဆော့ခရတ္တိ၊ အလျင်မလိုပါနှင့်၊ အချိန်ရှိပါ သေးသည်ဟု ခရီတော်က ဆိုပါသည်။ ။
ထိုအခါ ဆော့ခရတ္တိက အချင်းခရီတော်၊ အသင်ပြောသောသူတို့၏ အမူအရာသည် မမှားပါ။ အချိန်ဆွဲထားခြင်းအားဖြင့် အကျိုးအမြတ်ရသည်ဟု သူတို့ အထင်ရှိကြသောကြောင့် ဖြစ်သည်။ သူတို့ပြုသကဲ့သို့ ကျွန်ုပ် မပြုဘဲနေ ခြင်းသည်လည်း မှန်သည်။ အဆိပ်သေဆေးကို နောက်အကျခံ၍သောက်ခြင်း အားဖြင့် ကျွန်ုပ်အဖို့ အကြောင်းမထူးဟု ကျွန်ုပ် ယူဆသောကြောင့်ဖြစ်သည်။ အကြောင်းမထူးမှန်း သိပါလျက် သေမင်းလက်သို့ ကျွန်ုပ်ကိုယ်တိုင် ဝကွက်၍  အပ်ခဲ့ပြီးဖြစ်သော ကျွန်ုပ်၏ အသက်ကို ကျွန်ုပ်က တွယ်တာနေရသေးသည် ဖြစ်လျှင် ကျွန်ုပ်ကိုယ်ကို ကျွန်ုပ် ကဲ့ရဲ့ပြစ်တင်ခြင်း ပြုသင့်တော့သည်။ ကျွန်ုပ် အလိုရှိသည့်အတိုင်းသာ ဆောင်ရွက်ကြပါ၊ ကျွန်ုပ်ကို မတားကြပါနှင့်တော့။ ဤသို့လျှင် ဆော့ခရတ္တိက တောင်းဆိုပါသည်။
စာပိုဒ် ၆၆ 
ဖီဒေ။ ။အချင်းအက်ဒီခရတ္တိ၊ ထိုအခါ ခရီတော်သည် အပါး၌ စောင့် နေသော အမှုထမ်းတစ်ဦးကို လက်ပြလိုက်ရပါတော့သည်။ အမှုထမ်းသည် ထသွား၍ အတန်ကြာသောအခါ ပြန်လာသည်။ သူနှင့်အတူ အဖော်တစ်ယောက် ပါလာသည်။ ထိုသူသည် အဆိပ်ကျွေးလုလင် ဖြစ်သဖြင့် အဆိပ်သေဆေးကို ခွက်ငယ် တစ်ခု၌ ထည့်၍ ယူလာပါသည်။ ဆော့ခရတ္တိသည် ထိုသူကို မြင်သောအခါ အချင်းလူကောင်း၊ အသင်သည် ဤကိစ္စ၌ တတ်ကျွမ်းသူဖြစ် သည်။ ကျွန်ုပ် မည်သို့ပြုရမည်ကို ပြောပါဘိဟုဆိုရာ ထိုသူက အဆိပ်သောက် ပြီးသောအခါ စကြံလျှောက်ပါ။ အသင်၏ ခြေတို့သည် လေးလံလာပါလိပ် မည်။ ထိုနောက် အိပ်ရာ၌ လဲလျောင်းနေပါ၊ အဆိပ်သေဆေးသည် သူ့သတ္တိဂုံ ပြလာပါလိမ့်မည်ဟု ဆိုပါသည်။ ဆိုရင်းပင် အဆိပ်ခွက်ကို ဆော့ခရတ္တိလက်သို့ ကမ်းပေးလိုက်သည်။ အချင်းအက်ဒီခရတ္တိ၊ ဆော့ခရတ္တိသည် တုန်လှုပ်ခြင်း မဖြစ်ပါ။ မျက်နှာမပျက်ပါ၊ မျက်နှာမပါ၊ အသင်လည်း သူ့သတ္တိကိုသိပြီး ဖြစ်သည့်အတိုင်း ဆော့ခရတ္တိသည် အဆိပ်ပေးသူကို စေ့စေ့ကြည့်၍ အဆိပ် ခွက်ကို အသာအယာ လှမ်းယူပါသည်။ ထို့နောက် ဆော့ခရတ္တိက အချင်း လူကောင်း၊ ကျွန်ုပ်သည် နတ်ဒေဝါတို့ကို ပူဇော်ပသလိုသည်။ ပူဇော်ပသသော အားဖြင့် စိုးစဉ်းမျှသော အဆိပ်ရည်ကို ဤမဟာပထဝီမြေကြီး၌ သွန်းခွင့်ပြုပါ မည်လောဟု မေးပါသည်။ ထိုအခါ အဆိပ်ကျွေးလုလင်က ဆော့ခရတ္တိ၊ အဆိပ်သေဆေးကို စီရင်သောအခါ ကျွန်ုပ်တို့သည် မျှတရုံသာ စီရင်ကြပါ သည်ဟု ဆိုရာ ဆော့ခရတ္တိက ဟုတ်ပေ၏။ ကျွန်ုပ် သိပါပြီ။ သို့ရာတွင် အဆိပ်ရည်သွန်းခွင့်ကို မရစေကာမူ ဘဝကူးကောင်းအောင် နတ်ဒေဝါတို့၏ အစောင်အမကိုကား ကျွန်ုပ် တောင်းရလိမ့်မည်။ နတ်မင်းတို့၊ ကျွန်ုပ်သည် ဘဝတစ်ပါးသို့ ကူးတော့ပါမည်၊ စောင်မကြပါကုန်လော့။ ဆော့ခရတ္တိသည် ထိုသို့ဆိုပြီးလျှင် ရွှင်လန်းသောအမူအရာဖြင့် အဆိပ်ခွက်ကို မြှောက်ကိုင်ပါသည်။ ထို့နောက် နှုတ်ခမ်၌တေ့၍ အသက်အသံကိုမျှ မကြားစေရဘဲ သောက်ချလိုက် ပါသည်။
 ဤအချိန်အထိ ကျွန်ုပ်တို့သည် အသင့်အတင့် နှလုံးသွင်း၍ စိတ်ကို ထိန်းနိုင်ကြပါသည်။ အဆိပ်သေဆေးကို ဆော့ခရတ္တိသောက်၍ မျိုချလိုက်သော အခါ၌ကား ကျွန်ုပ်တို့သည် စိတ်ကို ထိန်း၍ မရကြတော့ပါ။ ကျွန်ုပ်သည် စိတ်ကို ထိန်းထားပါလျက် မျက်ရည်တို့သည် အသွယ်သွယ် စီးကျလာကြပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏ မျက်နှာကို ဖျင်ဖြင့်ဖုံး၍ ကျိတ်ငိုရပါသည်။ ကျွန်ုပ်ငိုသည်မှာ ဆော့ခရတ္တိကြောင့် မဟုတ်ပါ။ ချစ်ခင်ရင်းနှီးသော မိတ်ဆွေ ကောင်းနှင့် ကွေကွင်းရသဖြင့် ကျွန်ုပ်မှာ ကံဆိုးမိုးမှောင်ကြီးကျတော့မည်ကို ကျွန်ုပ် သတိပြုမိသောကြောင့် ဖြစ်ပါသည်။ စင်စစ်မှာ ကျွန်ုပ်သည် ပထမ အဦးဆုံး ငိုရသူမဟုတ်ပါ။ ခရီတော်သည် ကျွန်ုပ်အလျင် ထိုင်ရာမှထ၍ တစ်နေရာ သို့ ရွေ့သွားပါသည်။ တစ်ချိန်လုံး မျက်ရည်အသွယ်သွယ်နှင့် ဖြစ်နေသော အပေါ်လိုဒေါရသည် ဤတစ်ကြိမ်တွင် ဟစ်၍ ငိုလိုက်သည်ဖြစ်ရာ တစ်ပြုလုံး ငိုပွဲကြီးဆင်ကြရပါတော့သည်။ ဆော့ခရတ္တိ တစ်ဦးသာလျှင် အခြေမပျက် ငြိမ်သက်လျက် ရှိပါသည်။ ဆော့ခရတ္တိက ဆိုသည်မှာ မည်သို့ဖြစ်ကုန်ကြပါ သနည်း၊ သင်တို့သည် ယောက်ျားစင်စစ် ဖြစ်ကြပါလျက် အသင်တို့၏ အမူအရာသည် ဆန်းလေစွ။ မိန်းမသားများသာ ထိုသို့ပြုတတ်ကြသည်ဟု အထင်ရှိသောကြောင့် မိန်းမသားများကိုသာ ပြင်ပသို့ ကျွန်ုပ် လွှတ်ခဲ့သည်။ ထိုသို့လွှတ်ခဲ့သည်မှာ တိတ်တိတ်ဆိတ်ဆိတ် သေရခြင်းသည် မြတ်သည်ဟု ကျွန်ုပ် ကြားဖူးသောကြောင့်ဖြစ်သည်။ အချင်းတို့၊ တိတ်ကြပါဘိ၊ စိတ်တင်း ကြပါဘိဟု ဆော့ခရတ္တိက ဆိုပါသည်။ ထိုအခါကျမှသာ ကျွန်ုပ်တို့သည် ရှက်ရမှန်း သိလာ၍ မျက်ရည်တို့ကို သိမ်းကြပါသည်။
ထို့နောက် ဆော့ခရတ္တိသည် စကြံလျှောက်ပါသည်။ အတန်ကြာသော် သူ့ခြေတို့သည် လေးလာပြီဟု ပြော၍ အဆိပ်ကျွေးလုလင်၏ အမှာအတိုင်း အိပ်ရာ၌ လဲလျောင်း ပါသည်။ အဆိပ်ကျွေးလုလင်သည် ဆော့ခရတ္တိကိုယ် ပေါ်သို့ လက်တင်လိုက်သည်။ အတန်ကြာသောအခါ ဆော့ခရတ္တိ၏ ခြေဖျား နှင့် ခြေထောက်တို့ကို စမ်းကြည့်သည်။ ခြေဖျားကို နာနာဆိတ်၍ နာသလော ဟု မေးသည်။ ဆော့ခရတ္တိက မနာဟုဆိုသည်။ ထိုအခါ ပေါင်ကိုဆိတ်ကြည့် သည်။ ထို့နောက် ပေါင်တွင် တစ်စတစ်စတက်၍ ဆိတ်ကြည့်ပြန်သည်။ ဆိတ်ကြည့်ရင်း အေးစက်လာပြီ၊ တောင့်လာပြီဟု ပြောပါသည်။ တစ်ဖန် ဆော့ခရတ္တိ၏ ကိုယ်ကို နောက်တစ်ကြိမ်စမ်းကြည့်၍ နှလုံးသားသို့ အဆိပ် ရောက်လျှင် အသက်ကုန်လိမ့်မည်ဟု ပြောပါသည်။ ထို့နောက် ပေါင်ခြံလောက် ကိ အေးစက်လာသည်။ ထိုအခါ ဆော့ခရတ္တိသည် သူ့မျက်နှာ၌ ဖုံးထားသော  ဖျင်ကိုလှပ်၍ စကားလှမ်းပြောပါသည်။ ထိုစကားသည် ဆော့ခရတ္တိ နောက်ဆုံး ပြောသောစကားပင်။ ဆော့ခရတ္တိက လှမ်းပြောသည်မှာ ခရီတော်၊ အက်စခလိပိအ နတ်မင်းကို ကြက်ဖတစ်ကောင် ပသစရာ ကျွန်ုပ်မှာ ကျန်ရှိနေသည်။ သူ့ ကျေးဇူးကို ကျွန်ုပ်ကိုယ်စား အသင်က ဆပ်လိုက်ပါဘိဟု ပြောပါသည်။ ထိုအခါ ခရီတော်က စိတ်ချပါ၊ ဆပ်လိုက်ပါမည်၊ ဆော့ခရတ္တိ မှာစရာရှိပါ သေးသလောဟု ခရီတော်က ပြန်မေးသောအခါ စကားမေး မရတော့ပါ။ တစ်မိနစ် နှစ်မိနစ်ခန့်ကြာသောအခါ ဆော့ခရတ္တိသည် တစ်ချက်မျှ တွန့်သွား ပါသည်။ ထောင်အမှုထမ်းတို့သည် ဖုံးထားသောဖျင်စကိုမ၍ ဖွင့်လိုက်ရာ မျက်ဖြူဆိုက်နေသည်ကို မြင်ကြရပါသည်။ ခရီတော်သည် အလောင်းရှိရာသို့ သွား၍ ပွင့်နေသောမျက်စိကို ပိတ်လိုက်ပါသည်။ ဟနေသောပါးစပ်ကို စေ့လိုက် ပါသည်။
အချင်းအက်ခီခရတ္တိ၊ အဆွေခင်ပွန်းကောင်းဖြစ်သော ဆော့ခရတ္တိသည် ဤသို့လျှင် သူ့ဘဝနိဂုံးကို ချုပ်သွားပါသည်။ ကျွန်ုပ်သည် မှန်သောစကားကို ဆိုပါမည်။ ကျွန်ုပ်သိသမျှ ပြောရမည်ဖြစ်လျှင် သူ့ခေတ်က ပုဂ္ဂိုလ်များတွင် ဆော့ခရတ္တိသည် ပညာအကြီးဆုံး ဖြစ်သည်။ သူတော်ကောင်းတရားနှင့် အပြည့်စုံဆုံး ဖြစ်သည်။ အတော်ဆုံး၊ အမြတ်ဆုံး ဖြစ်ပါပေသတည်း။
(မှတ်ချက်။ ။အက်စခလိပိအ နတ်မင်း ဆိုသည်မှာ ရှေးခေတ် ဂရိ လူမျိုးတို့ ကိုးကွယ်ကြသော ဆေးဆရာနတ် ဖြစ်သည်။ ရောဂါသည် လူနာတို့ပသကြသောနတ် ဖြစ်သည်။ ရောဂါ ပျောက်ကင်းလိုသောကြောင့် ဖြစ်သည်။ ရောဂါပျောက်ကင်းသောအခါ သူ့ကျေးဇူးကို ဆပ်သည့်အနေဖြင့် ကြက်ဖကို ပသရသော ထုံးစံ ရှိသည်ဟု ဆိုသည်။ ဆော့ခရတ္တိက သူကွယ်လွန်ခါနီး၌ ထိုသို့ဆိုသည်မှာ ဘဝတဏှာရောဂါမှ သူလွတ်မြောက်ပြီ ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်ဟု အဋ္ဌကထာဆရာတို့ ဖွင့်ဆိုကြပါသည်။)
✥﹤--- www.ebooks4mm.org ---﹥✥

ကျမ်းကိုး စာရင်း (လက်ရွေးစင်)
ဓာကိုယ် Plato: Plato: Plato: Plato: Plato: Dialogues. Great Dialogues. Portrait of Socrates. The Symposium. Lysis, Symposium, Gorgias. Laches, Meno Charmides Theaetetus B.Jowett, tr. W.H.D. Rouse, tr. R.W. Livingstone, Ed. W. Hamilton, tr. W.R.M. Lamb, tr. (Loeb Classical Library.) W.R.M. Lamb, tr. (L.C.L.)
W.R.M. Lamb, tr. (L.C.L.) H.N. Fowler, u. (L.C.L.)
Plato: Plato: Plato: ပလေးတိုး အဋ္ဌကထာ၊ ဋီကာ Gomperz, Theodor Burnet, John Dickinson, G. Lowes Taylor, A.E. Taylor, A.E. Greek Thinkers. (Vol.2)
Greek Philosophy. The Greek View of Life. Socrates. Plato: The Man and His Work. ဂရိသမိုင်းနှင့် ယဉ်ကျေးမှု Durant, Will Couch, H.N. Livingstone, R.W. Bowra, C.R. The Life of Greece. (Bk.III,IV) Greece(Classical Civilization.)
The Pageant of Greece. Ancient Greek Literature.  
ဆရာဇော်ဂျီ၏ 'ပလေးတိုးနိဒါန်း မြန်မာဘာသာပြန်ဆိုမှုကို လေ့လာနည်းမှီးနိုင်ရန် “ဆော့ခရတ္တိ၏ ဘဝနိဂုံး' အခန်းမှ ဖီဒိုကထာ စာပိုဒ်ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။
စာပေလောက
PHAEDO
 
Ech. What was the manner of his death, Phaedo? What was said or done? And which of his friends were with him? Or did the authorities forbid them to be present, so that he had no friends near him when he died? 
Phaed. No; there were several of them with him. 
Ech. If you have nothing to do, I wish that you would tell me what passed, as exactly as you can. 
Phaed. I have nothing at all to do, and will try to gratify your wish. To be reminded of Socrates is always the greatest delight to me, whether I speak myself or hear another speak of him. 
Ech. You will have listeners who are of the same mind with you, and I hope that you will be as exact as you can. 
Phaed. I had a singular feeling at being in his company. For I could hardly believe that I was present at the death of a friend, and therefore I did not pity him, Echecrates; he died so fearlessly, and his words and bearing were so noble and gracious, that to me he appeared blessed. I thought that in going to the other world he could not be without a divine call, and that he would be happy, if any man ever was, when he arrived there; and therefore I did not pity him as might have seemed natural at such an hour. But I had not the pleasure which I usually feel in philosophical discourse (for philosophy was the theme to which we spoke). I was pleased, but in the pleasure there was also a strange admixture of pain; for I reflected that he was soon to die, and this double feeling was shared by us all, we were laughing and weeping by truns, especially the excitable Apollodorus-you know the sort of man? 
Ech. Yes. 
Phaed. He was quite beside himself; and I and all of us were greatly moved.  
Ech. Who were present? 
Phaed. Of native Athenians there were, besides Apollodorus, Critobulus and his father Crito. Hermogenes, Epigencs, Aeschines, Antisthencs; likewise Ctesippus of the deme of Paeania. Menexenus, and some others; Plato, if I am not mistaken, was ill. 
Ech. Were there any strangers? 
Phaed. Yes, there were; Simmias the Theban, and Cebes, and Phacdondes: Euclid and Terpsion, who came from Megara. 
Ech. And was Aristippus there, and Cleombrotus? 
Phaed. No, they were said to be in Aegina. 
Ech. Any one else? 
Phaed. I think that these were nearly all. 
Ech. Well, and what did you talk about? 
Phaed. I will begin at the beginning, and endeavour to repeat the entire conversation. On the previous days we had been in the habit of assembling carly in the morning at the court in which the trial took place, and which is not far from the prison. There we used to wait talking with one another until the opening of the doors (for they were not opened very early); then we went in and generally passed the day with Socrates. On the last morning we assembled sooner than usual. having heard on the day before when we quitted the prison in the cvening that the sacred ship had come from Delos, and so we arranged to meet very early at the accustomed place. On our arrival the jailer who answered the door, instead of admitting us, came out and told us to stay until he called us "For the Eleven," he said, "are now with Socrates, they are taking off his chains, and giving orders that he is to die today." He soon returned and said that we might come in. On entering we found Socrates just released from chains, and Xanthippe, whom you know, sitting by him, and holding his child in her arms. When she saw us she uttered a cry and said, as women will: 'O Socrates, this is the last time that either you will converse with your friends, or they with you.' Socrates turned to Crito and said: 'Crito, let some one take her home. Some of Crito's people accordingly led her away, crying out and beating hersell. And when she was gone, Socratos, sitting up on the couch, bent and rubbed his leg, saying, as he was rubbing: How singular is the thing called pleasure, and how curiously related to pain, which might be thought to he the opposite of it: for they  de ICVCI PISCI U d mal al uic salt ISLAll, Allu y C WII pursues either is generally conipelled to take the other, their bodies are two, but they are joined by a single head. And I cannot help thinking that if Aesop had remembered them, he would have made a fable about God trying to reconcile their strife, and how, when he could not, he fastened their beads together; and this is the reason why when one comes the other follows: as I know by my own experience now, when after the pain in my leg which was caused by the chain, pleasure appears to succeed. When he had done speaking, Crito said: And have you any commands for us, Socrates-anything to say about your children, or any other matter in which we can serve you? Nothing particular, Crito, he replied: only, as I have always told you, take care of yourselves: that is a service which you may be ever rendering to me and mine and to all of us, whether you promise to do so or not. But if you have no thought for yourselves, and care not to walk according to the rule which I have prescribed for you, not now for the first time, however much you may profess or promise at the moment, it will be of no avail. We will do our best, said Crito: And in what way shall we bury you? In any way that you like: but you must get hold of me, and take care that I do not run away from you. Then he tumed to us, and added with a smile:- I cannot make Crito believe that I am the same Socrates who have been talking and conducting the argument; he fancies that I am the other Socrates whom he will soon see, a dead body-and he asks, How shall he bury me? And though I have spoken many words in the endeavour to show that when I have drunk the poison I shall leave you and go to the joys of the blessed, these words of mine, with which I was comforting you and myself, have had, as I perceive, no effect upon Crito. And therefore I want you to be surely for me to him now, as at the trial he was surety to the judges for me: but let the promise be of another sort; for he was surety for me to the judges that I would remain, and you must be my surely to him that I shall not remain, but go away and depart: and then he will suffer less at my death, and not be grieved when he sces my body being burned or buried. I would not have him sorrow at my hard lot or say at the burial, Thus we lay out Socrates. or. Thus we follow him to the grave or bury  bim; for false words are not only evil in themselves, but they infect the soul with evil. Be of good cheer then, my dear Crito, and say that you are burying my body only, and do with that whatever is usual, and what you think best. When he had spoken these words, he arose and went into a chamber to bathe; Crito followed him and told us to wait. So we remained behind, talking and thinking of the subject of discourse, and also of the greatness of our sorrow; he was like a father of whom we were being bereaved, and we were about to pass the rest of our lives as orphans. When he had taken the bath his children were brought to him- (he had two young sons and an elder one); and the women of his family also came, and he talked to them and gave them a few directions in the presence of Crito, then he dismissed them and returned to us. Now the hour of sunset was near, for a good deal of time had passed while he was within. When he came out, he sat down with us again after his bath, but not much was said. Soon the jailer, who was the servant of the Eleven, entered and stood by him, saying:- To you, Socrates, whom I know to be the noblest and gentlest and best of all who ever came to this place, I will not impute the angry feelings of other men, who rage and swear at me, when in obedience to the authorities, I bid them drink the poison- indeed, I am sure that you will not be angry with me: for others, as you are aware, and not I, are to blame. And so fare you well, and try to bear lighuy what must needs be-you know my errand. Then bursting into tears he turned away and went out. Socrates looked at him and said: I return your good wishes, and will do as you bid. Then tuming to us, he said, How charming the man is: since I have been in prison he has always been coming to see me, and at times he would talk to me, and was as good to me as could be, and now see how generously he sorrows on my account. We must do as he says, Crito: and therefore let the cup be brought, if the poison is prepared: if not, let the attendant prepare somc. Yet, said Crito, the sun is still upon the hilltops, and I know that many a one has taken the draught late, and after the announcement has been made to him, he has eaten and drunk, and enjoyed the society of his beloved: do not hurry-there is time cnough.  Socretes said: Yes, Crito, and they of whom you speak are right in so acting, for they think that they will be gainers by the delay; but I am right in not following their example, for I do not think that I should gain anything by drinking the poison a little later; I should only be ridiculous in my own eyes for sparing and saving a life which is already forfeit. Please then to do as I say, and not to refuse me. 66 Crito made a sign to the servant, who was standing by; and he went out, and having been absent for some time, returned with the jailer carrying the cup of poison. Socrates said: You, my goodfriend, who are experienced in these matters, shall give me directions how I am to proceed. The man answered: You have only to walk about until your legs are heavy, and then to lie down, and the poison will act. At the same time he handed the cup to Socrates, who in the casicst and gentlest manner, without the least fear or change of colour or feature, looking at the man with all his eyes, Enchecrates, as his manner was, took the cup and said: What do you say about making a libation out of this cup to any god? May 1, or not? The man answered: We only prepare, Socrates, just so much as we deem enough. I understand, he said: but I may and must ask the gods to prosper my journey from this to the other world - even so—and so be it according to my prayer. Then raising the cup to his lips, quite readily and cheerfully he drank off the poison. And hitherto most of us had been able to control our sorrow; but now when we saw him drinking and saw too that he had finished the draught. we could no longer forbear, and in spite of my self my own lears were flowing fast: so that I covered my face and wept, not for him, but at the thought of my own calamity in having to part from such a friend. Nor was I the first; for Crito, when he found himself unable to restrain his tears, had got up, and I followed: and at that moment, Apollodorus, who had been weeping all the time, broke out in a loud and passionate cry which made cowards of us all. Socrates alone retained his calmness: What is this strange outcry? he said. I sent away the women manly in order that they might not misbehave in this way, for I have been told that a man should die in peace. Be quict then. and have patience. When we heard his words we were ashamed, and refrained our tears, and he walked about until as he said, his legs began to fail, and then he lay on his back. according to the directions, and the man who gave him the poison now and then looked at his feet and legs: and after a while he pressed his fout bard, and asked him if he could  feel; and he said, No; and then his leg, and so upwards and upwards, and showed us that he was cold and stiff. And he felt them himself, and said: When the poison reaches the heart, that will be the end. He was beginning to grow cold about the groin, when he uncovered his face, for he had covered himself up, and said they were his last wordshe said: Crito, I owe a cock to Asclepius; will you remember to pay the debt? The debt shall be paid, said Crito; is there anything else? There was no answer to this question; but in a minute or two a movement was heard, and the attendants uncovered him; his eyes were set, and Crito closed his eyes and mouth. Such was the end, Echecrates, of our friend; concerning whom I may truly say, that of all the men of his time whom I have known, he was the wisest and justest and best.  
✥﹤--- www.ebooks4mm.org ---﹥✥

ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀) ၏ စာပေနှင့် ဘဝဖြစ်စဉ် မှတ်တမ်း 
၁၉၀၇ ။ဧပြီလ ၁၂ ရက်၊ သောကြာနေ့တွင် ဖျာပုံမြို့၌ အဖ ဦးယော၊ အမိ ဒေါ်ညွန့်စိန် တို့မှ ဖွားမြင်သည်။ သားချင်း ကိုးယောက်အနက် အကြီးဆုံး သားဦးဖြစ်သည်။ အမည်ရင်း ဦးသိန်းဟန် ဖြစ်သည်။ 
၁၉၁၂-၁၉ ။ရှေးဦးစွာ ဖျာပုံမြို့၊ ဘုန်းတော်ကြီးကျောင်း၊ ထို့နောက် မြန်မာကျောင်း၊ ထို့နောက် ဖျာပုံမြို့ အင်္ဂလိပ်မြန်မာ အစိုးရအထက်တန်းကျောင်းတို့တွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ 
၁၉၂၀ ။ရန်ကုန်တက္ကသိုလ် ပထမသပိတ်ကြီးတွင် ဖျာပုံကျောင်းသူ ကျောင်းသားများ နှင့်အတူ ဖျာပုံ အမျိုးသားကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့သည်။ 
၁၉၂၄ ။ရန်ကုန်မြို့၊ အမျိုးသားအထက်တန်းကျောင်း (သရက်တောကျောင်းတိုက်) သို့ ပြောင်းရွှေ့ ပညာသင်ခဲ့သည်။ ထို့နောက် အထောက်အပံ့ခံ မြို့မအမျိုးသား (တိုင်းရင်းသား) အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ခဲ့ပြီး ၁၁ ဆင့်တန်း အောင်မြင်ခဲ့သည်။ သစ္စဝါဒီ သတင်းစာတိုက်က ကြီးမှူးကျင်းပသော ကဗျာဘာသာပြန်ပြိုင်ပွဲတွင် စိတ္တသုခလင်္ကာဖြင့် သစ္စာဝါဒီဆု (ရွှေဒင်္ဂါး ငါးပြား) ရရှိခဲ့သည်။ (စိတ္တသုခ လင်္ကာမှာ အင်္ဂလိပ်ကဗျာဆရာ Henry Wotton ၏ The Character of A Happy Life ကဗျာကို ဘာသာပြန်ဆိုခြင်း ဖြစ်သည်။) 
၁၉၂၅-၂၆ ။ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပညာသင်ခဲ့သည်။ ၁၉၂၈ ။နောင်အခါပထမဦးဆုံးသော ခေတ်စမ်းကဗျာဖြစ်လာမည့် ပိတောက်ပန်း ကဗျာကို ဖွဲ့ဆို၍ ရှေးဦးစွာ ဟံသာကြေးမုံ စာစောင်တွင် ဖော်ပြခဲ့သည်။ ထို့နောက် မတ်လထုတ် တက္ကသိုလ် ကျောင်းတိုက်မဂ္ဂဇင်း၌ ထပ်မံဖော်ပြ ခဲ့သည်။ ဥပစာတန်း မြန်မာစာအမှတ်အများဆုံးနှင့် အောင်မြင်၍ သာဒိုးအောင်ဆု ရခဲ့သည်။ (သမိုင်းဘာသာရပ်များဖြင့် အောင်မြင်ခဲ့သည်။) 
၁၉၃၀ ။ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်၌ မြန်မာစာ နည်းပြဆရာအဖြစ် အမှုထမ်း သည်။ 
၁၉၃၁-၃၄ ။ရန်ကုန်၊ မြို့မအမျိုးသားအထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။ 
၁၉၃၄ ။ရန်ကုန်တက္ကသိုလ်၌ မဟာဝိဇ္ဇာသင်တန်းကို တက်ခဲ့သည်။ (အင်္ဂလိပ်စာပေ နှင့် မြန်မာစာပေ နှစ်ဘာသာတွဲယူသည်။) ၁၉၃၆ ။မဟာဝိဇ္ဇာဘွဲ့ ရခဲ့သည်။ 
၁၉၃၆-၃၈ ။မန္တလေးဥပစာကောလိပ်၌ မြန်မာစာနည်းပြဆရာအဖြစ် အမှုထမ်းသည်။
 ၁၉၃၈ ။စာကြည့်တိုက်ပညာ၊ ပညာတော်သင်အဖြစ် လန်ဒန်တက္ကသိုလ်နှင့် ဒဗ္ဗလင် တက္ကသိုလ်တို့၌ ပညာသင်ခဲ့သည်။ ၁၉၄၀ ။စာကြည့်တိုက်ပညာ ဒီပလိုမာ ရရှိခဲ့သည်။ 
၁၉၄၁ ။ရန်ကုန်တက္ကသိုလ်ကျောင်းတိုက် စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။
အောက်တိုဘာလတွင် ဦးဆန်း + ဒေါ်နှင်းဇင် တို့၏ သမီး၊ ရန်ကုန်မြို့မ အမျိုးသမီးကျောင်း၊ အထက်တန်းပြဆရာမ ဒေါ်စောရင် ဘီ အေ၊ ဘီ အီး ဒီ နှင့် လက်ထပ်ခဲ့သည်။ ၁၉၄၂ ။ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ အစိုးရ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးဝန် (စာပေနှင့် စာကြည့်တိုက်ဌာနခွဲ) အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ 
၁၉၄၆ ။ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး တာဝန်ထမ်းဆောင်သည်။ ။ 
၁၉၄၇-၄၈ ။တိုင်းပြည်ပြုလွှတ်တော်ရုံးနှင့် ရွေးကောက်ပွဲ ကော်မရှင်ရုံးတို့တွင် အထူးအရာရှိ (အခြေခံဥပဒေ အချောကိုင်ကော်မတီ၊ မြန်မာနိုင်ငံတော်အလံ၊ သီချင်းနှင့် တံဆိပ်ကော်မတီ၊ အဖွဲ့ဝင်။) အဖြစ် တာဝန်ပေးခြင်းခံရသည်။ 
၁၉၄၈ ။ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရသည်။ 
၁၉၅၀ ။ချစ်ကြည်ရေးအဖွဲ့ဝင်အဖြစ်ဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။ 
၁၉၅၁-၅၂ ။ပညာရေးလေ့လာရေးအဖွဲ့ဝင်အဖြစ် အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများသို့ သွားရောက်ခဲ့သည်။ 
၁၉၅၂-၅၇ ။ပညာရေးဌာန၊ ကျောင်းသုံးစာအုပ်ပြုစုရေး (ထုတ်လုပ်ရေး) ညွှန်ကြားရေးဝန် အဖြစ် တာဝန်ယူခဲ့သည်။ 
၁၉၅၅ ။ချစ်ကြည်ရေးအဖွဲ့ဝင်အဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။
 ၁၉၅၅ သခင်ကိုယ်တော်မှိုင်း ဋီကာ စာအုပ်အတွက် စာပေဗိမာန်၏ စာပဒေသာဆု ရရှိခဲ့သည်။ 
၁၉၅၉ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌအဖြစ် တာဝန်ပေးခြင်းခံရသည်။ 
၁၉၆၁၊ မေ ။ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခအဖြစ် ဆောင်ရွက်သည်။ သီရိပျံချီဘွဲ့တံဆိပ်ရခဲ့သည်။ ချစ်ကြည်ရေးအဖွဲ့ဝင်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည်။ 
၁၉၆၅-၇၅ ။ပညာရပ်ဝေါဟာရ ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ် ကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ။ ၁၉၆၇ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးအဖြစ်မှ အငြိမ်းစားယူသည်။ ပညာရေး အထူးအရာရှိ ၁၊ မြန်မာနိုင်ငံ သုတေသနအသင်း ဥက္ကဋ္ဌ တာဝန်များထမ်း ဆောင်သည်။ ။ ။နိုင်ငံသမိုင်း သုတေသနဦးစီးဌာန၊ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်သည်။ အိန္ဒိယသို့ ရာမစာတမ်းဖတ်ပွဲ တက်ရောက်ရန် ဦးခင်ဇော် (K) နှင့် အတူ သွားခဲ့သည်။ 
၁၉၇၉ နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြားဝတ္ထုတိုများ ဘာသာပြန်စာအုပ်ဖြင့် အမျိုးသား စာပေ (ဘာသာပြန်ရသစာပေ) ဆုရခဲ့သည်။ 
၁၉၈၁ ။အငြိမ်းစားဘဝကို အပြည့်အ၀ စတင်ခံစားခဲ့သည်။ 
၁၉၈၇ ။ရှေးခေတ် ပုဂံကဗျာများနှင့် အခြားကဗျာများ ကဗျာစာအုပ်ဖြင့် အမျိုးသား စာပေ (ကဗျာ) ဆုရခဲ့သည်။ ၁၉၉၀ စက်တင်ဘာလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၅ နာရီခွဲ အချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘောဇလမ်း၊ အမှတ် ၁၀-က နေအိမ်တွင် ကွယ်လွန်သည်။


...
စာအုပ်ကို Ebook အဖြစ် ပထမ ဖန်တီးသူ - link >> Nyisay Myanmar Ebook Creator >> Facebook
Epub ဖန်တီးသော အဖွဲ့  ✥﹤--- www.ebooks4mm.org ---﹥✥


Related Posts

No comments:

Post a Comment