ပွင့်လျက်မျက်လုံးနဲ့ မက်မိတဲ့အိပ်မက်ထဲက...

အိပ်မက် မက်ဖူးသူများ စာရင်း ပြုစုမယ်ဆိုရင် ကျွန်တော့်နံမည် ချန်မထားပါနဲ့။ 
ကျွန်တော့် သူငယ်ချင်းတွေတော့ သူတို့နံမည်ကိစ္စ သူတို့ ဆုံးဖြတ်ပါလိမ့်မယ်။ 
ကျွန်တော်တို့ အိပ်မက်တွေ တူတယ်လို့ မထင်ဖူးပါဘူး။ တူတာကတော့ အိပ်မက်တွေကို ကြိုးနဲ့ချည်ဖူးကြပါတယ်။ အိပ်မက်လိုပဲ ကြိုးတွေလည်း မတူပါဘူး။
 ဒီလိုနဲ့ သူ့ဘာသာသူ ၇၅နှစ် ပြည့်သွားတဲ့ ရန်ကုန် တက္ကသိုလ်ကို ကိုယ့်ဘာသာကိုယ်လွမ်းတဲ့ အိပ်မက်တွေကိုချည်တဲ့ကြိုး ကဗျာစာအုပ် ရှိဖူးတယ်ပေါ့။ အမှတ်တရ ဆိုတဲ့ စကားလုံး နောက်ကွယ်မှာ ဘာတွေရှိမလဲ။ ဂျူး ပြောပြတဲ့ အမှတ်တရ နဲ့ ကျွန်တော့် အမှတ်တရ ၊ နောက် သူ့ ရဲ့ အမှတ်တရ မတူပါဘူး။ ကျွန်တော်တို့တစ်ချို့ အိပ်မက်တွေ မက်နေအုံးမယ် ထင်ပါတယ်။ ဘယ်လိုကြိုးနဲ့ ချည်နှောင်ရစ်ပတ် ခံနေမလဲ၊ ချည်နှောင်ခံကြိုးကိုပဲ ပြတ်ဖို့ ုစိတ်ကူးလေမလား။ ပွင့်လျက်မျက်လုံးနဲ့ မက်မိတဲ့အိပ်မက်ထဲက အမှတ်တရ တစ်ခု အကြောင်းကိုတော့...။
 မိုးခိုင် 
၂၀၁၅၀၅၁၂

Related Posts