လမ်း


အဝေးသွားလမ်းမပေါ်
သင့်လျော်အောင် မလျှောက်နိုင်သရွေ့တော့
မျှော်လင့်ရာမဲ့လေပေါ့...
တွေ့လေတဲ့လမ်း မှန်းဆတတ်ဖို့လိုတယ်၊
ဘယ်လား ညာလား လမ်းဆုံးရင် သေချာပေါက်
ချောက်ထဲကျမလား...
ဆရာမှားတယ်ဆိုတာ
မှန်တဲ့ဆရာက ကိုယ်နဲ့တွေ့လို့ မှားလေသလား
မှားနေတဲ့ဆရာကို ကိုယ်ကရွေးတာလား...
ဒီတော့
သွားနေရာက ရပ်အောင်ကြိုးစားမလား
ရပ်နေရာက သွားဖြစ်အောင် လုပ်မလား...
ပေါ်လာတာကို
စူးစမ်း ဆင်ခြင် ဆုံးဖြတ်လိုက်တာ
အရင်အခံပေါ်မှာ တင်ရင်တော့
ဒီအဖြေပဲပေါ့။
မိုးခိုင်
၂၀၁၅၀၅၀၇

Related Posts