လက်တစ်ဖက်


လက်တစ်ဖက်
ဒီမနက်နိုးလာကတည်းက သတိရနေတဲ့ လက်တစ်ဖက်။
လှသလား၊ နူးညံ့သလား၊ ဖြူသလား စတဲ့ ရုပ်ပိုင်းဆိုင်ရာတွေတော့ မသိဘူး။
ကျွန်တော်သိတာကတော့ ဒီလက်တစ်ဖက်ဟာ တန်ဖိုးရှိတဲ့အလုပ်တွေလုပ်နေတဲ့၊ အလုပ်များလွန်းတဲ့ လက်တစ်ဖက်ပေါ့။
ဒီတော့ ဒီလက်ကို ကျွန်တော် မငှါးရက်ပါဘူး။ ကျွန်တော့်အတွက်လည်း ဒီလက်က မအားပါဘူး။ အားလည်း အနားယူပါစေ။ ဒါပေမဲ့ ဒီလက်ကို ကျွန်တော် သတိရခွင့်တော့ ရှိတယ်မဟုတ်လားနော်။
သတိရတဲ့ဒီလက်ကို ဒီထက်ပို ပိုပြီးတန်ဖိုးရှိအောင် ဘယ်လိုလုပ်ပေးနိုင်မလဲ စဉ်းစားတယ်။
သေချာပါတယ်၊ ဒီလိုမျိုး စဉ်းစားမိတော့လည်း ဝမ်းနဲခြင်းဆိုတဲ့ မာနဆီမရောက်ပဲ ကောင်းစေချင်တဲ့မေတ္တာနဲ့ ကောင်းတာသိမြင်ရရင် ဝမ်းသာတဲ့ မုဒိတာဆီ အာရုံကိုင်းညွတ်သွားတယ်ပေါ့။
ဒီလက်က စာချုပ်စာတမ်းများစွာမှာ လက်မှတ်ရေးထိုးဖူးပါလိမ့်မယ်။ အလုပ်လုပ်ရင်း ဆက်ပြီးတော့ လက်မှတ်ရေးထိုးပါလိမ့်မယ်။
ဒီစာချုပ်မှာ သူလက်မှတ်ထိုးဖိုးဆုံးဖြတ်ခဲ့ရင်လည်း သက်သေနေရာမှာ ကျွန်တော်ပြုံးနိုင်.....
မိုးခိုင်
၂၀၁၅၀၈၀၁

Related Posts