ကျွန်တော်သေဆုံးတဲ့အခါ














ကျွန်တော်သေဆုံးတဲ့အခါ
ကျွန်တော့် အသုဘကို ဘယ်သူ လိုက်ပို့တယ်၊လိုက်မပို့ဘူး၊
ကျွန်တော်မသိနိုင်တော့ဘူးနော်။

ကျွန်တော်သေဆုံးတဲ့အခါ
ကျွန်တော်ရဲ့ Facebook, Blogspot တစ်ခြား Web ပေါ်က Storage တွေ ဘယ်လိုဖြစ်မလဲ
(e.g OneDrive, Google Drive, DropBox)
ကျွန်တော်မသိနိုင်တော့ဘူးနော်။

ကျွန်တော်သေဆုံးတဲ့အခါ
ကျွန်တော့် Desktop, Laptop ကွန်ပျူတာတွေမှာ၊ External Drive (Memory Sticks) တွေမှာ
eLibrary ကျွန်တော်သုံးတဲ့ Folder အောက်မှာ
သီချင်းတွေ၊ ဗွီဒီယိုတွေ၊ Development Studies တွေ၊ VBA တွေ၊ ဘာညာ တွေ
ကျွန်တော်မသိနိုင်တော့ဘူးနော်။

ကျွန်တော်သေဆုံးတဲ့အခါ
ကျွန်တော်ရေးခဲ့တဲ့၊ ရေးနေတဲ့ Database တွေ
ဘယ်သူ ဆက်လက် ဆောင်ရွက်မလဲ
ကျွန်တော်မသိနိုင်တော့ဘူးနော်။

ကျွန်တော်သေဆုံးတဲ့အခါ
(လက်ရှိအနေနဲ့၊ ရုံးကလူတွေကို ကျွန်တော်နောက်ပြောင်ပြောတဲ့)
ရုံးခန်းရှေ့က ကျွန်တော် ဆေးလိပ်သောက်၊ ကော်ဖီသောက်၊ ထမင်းစားတဲ့ ခုံလေးမှာ
ထိုင်နေမှာနော်လို့ ပြောတာလည်း
စိတ်ထဲမထားပါနဲ့။

ကျွန်တော်မသေခင် အချိန်မီ ရှင်းနိုင်မယ် ထင်ပါတယ်။
အထင်နော်၊ It's not promised.
အခုလည်း စတင်ရှင်းလင်းနေပါတယ်။

တကယ်ပဲသေခြင်းတရားက နီးလာပြီလေနော်။

သင့်တင်စွာ နှလုံးသွင်းနိုင်ကြပါစေလို့။

မေတ္တာဖြင့်

မိုးခိုင်
၂၀၁၅၀၉၁၇

Related Posts