မောဟဆိုတာ




လူတစ်ယောက်ရဲ့ ဝမ်းသာစရာ 
သတင်းကောင်း တစ်ခုဟာ 
အဆင်မပြေဖြစ်နေတဲ့ သူ့မိတ်ဆွေ 
တစ်ချို့အတွက်...။

လူတစ်ယောက်ရဲ့ ဝမ်းနဲစရာ
သတင်းဆိုး တစ်ခုဟာ
ပျော်ရွှင်နေကြတဲ့ သူ့မိတ်ဆွေ
တစ်ချို့အတွက်...။

ဘယ်သူတွေ ဝမ်းနဲလို့
ဘယ်သူတွေ ဝမ်းသာနေလဲ
ဘယ်သူက ခွဲခြားသိနိုင်ပါလဲ။

ပြောသင့်တာ မပြောမိတာလည်း မှား။
မပြောသင့်တာ ပြောမိတာလည်း မှား။

လုပ်သင့်တာ မလုပ်ရင်လည်း မှား။
မလုပ်သင့်တာ လုပ်ရင်လည်း မှား။

ကံကိုကြိယာ မပြောင်းနိုင်သရွှေ့။
ပြု ပြု သမျှ သမုဒယ ဖြစ်နေသရွှေ့။

မိုးခိုင်
၂၀၁၅၁၀၀၅

Related Posts