သင်္ကြန်အိပ်မက် ၂

သင်္ကြန်အိပ်မက် ၂


သူငယ်ချင်းရေ
မင်းကတော့ ကိုယ်ပိုင်
ဥပဒေနဲ့ မဏ္ဌာပ်မှာ။
ငါလည်း ငါ့ဆေးရုံ
ငါ့ကုတင်မှာ။
မင်းဘေးမှာ
မိတ်ကပ်နဲ့
သင်္ကြန်မယ်လေးတွေ။
ငါ့ဘေးမှာ
သနပ်ခါးမလိမ်းအားတဲ့
သူနာပြု လေးတွေ။
မင်းဘေးမှာ
ကြိုးမဲ့မိုက်နဲ့ ဒူးပေါ်နေတဲ့
တေးဆိုမလေးတွေ။
ငါ့ဘေးမှာ
နားကြပ်ကိုင်နဲ့ ဂျူ တီကုတ်ဝတ်
ဆရာဝန်မလေးတွေ။
မင်းလည်း
အရက်ခွက်ထဲ
ရေချွေတာထည့်သလို
ငါလည်း
ကော်ဖီခွက်ထဲ
ရေချွေတာထည့်လေရဲ့။
ဘာပြဲဖစ်ဖြစ်
ချစ်တဲ့ သင်္ကြန်အိပ်မက်
ရေချွေတာပြီး
ဆက်ပြီးမက်ကြတာပေါ့ကွာ။
မိုးခိုင်
ဧပြီ ၁၄၊ ၂၀၁၆

Related Posts