ပိတောက်ချစ်သူများသို့

ပိတောက်ချစ်သူများသို့
ပင်လုံးကျွတ်တွေ ပွင့်ဝေနေတဲ့ပိတောက်ပင်တွေ
တစ်လမ်းလုံး ဟိုဒီနှစ်ဘက်စလုံး အပြည့်နီးပါး၊
ဒါ ပိတောက်လမ်းလား။ ဘယ်မှာပါလိမ့်။
ဟင် ပန်းတွေက ပန်းတွေက အဖြူရောင်တွေပဲ။
ပိတောက်ပန်းက အဖြူရောင် မဟုတ်တာ၊
ပြန်ကြည့် သေသေချာချာ ပြန်ကြည့်လိုက်။
ပိတောက်ပင်မှာ စပါယ်ပွင့်နေသလား။
ပိတောက်ပင်မှာ သဇင်ပန်းများ မပွင့်စေချင်ပါ။
ပိတောက်ပင်မှာ စပါယ်ပန်းများ မပွင့်စေချင်ပါ။
ပိတောက်ပင်မှာ စိန်ပန်းနီများ မပွင့်စေချင်ပါ။
အသွေးအရောင်အနံ့ သူ့သဘာဝသူရှိပါစေ။
ဒီပိတောက်လမ်းမှာ ဘယ်သူနဲ့ ဘယ်တုန်းက လမ်းလျှောက်ဖူးပါသလဲ။
သံသရာ တစ်ကွေ့မှာတော့ သူနဲ့ ရှိကောင်းရှိခဲ့...

မိုးခိုင်
မတ်လ ၂၈၊ ၂၀၁၅

Related Posts