မေ


မနက်ဖြန် မေ နှင့် နှစ်ပတ်လည် ပြန်လည် ဆုံတွေ့သည့် အခါ ကျွန်တော်တို့ ရုံးမှာရှိကြောင်း ပြောပြစေချင်ပါသည်။
ယနေ့ ညနေပိုင်းကဲ့သို့ပင် ရုံးအီးမေးလ်နှင့် ရုံး intranet မတော်တဆ ချို့ယွင်းပါစေဟု စိတ်ကူးယဉ် သူများနှင့် ကျွန်တော် သဘောထားမတိုက်ဆိုင်ကြောင်း မေ သိပါလိမ့်မည်။
ကျွန်တော် ချစ်သော မေ သည် ဆရာကြီး ဒဂုန်တာရာ ငယ်ရွယ်စဉ် ရေးဖွဲ့ခဲ့သော မေနှင့် လုံး၀ မတူညီပါ။
S ခိုင်ငြိမ်းဆိုသော ကျွန်တော့်သူငယ်ချင်း၏ မှဲ့နှင့်မေ လည်း မဟုတ်ပါ။ ပရော်ဖက်ဆာ ဒေါက်တာ တစ်ဦးဖြစ်သော မင်းထက်ကိုကို၏ ကဗျာထဲက မေ လည်း မဟုတ်ပါ။ လွမ်မိုး၏ ရင်တွင်းမေ မဟုတ်သလို ကိုင်ဇာ၏ မောင့်အိမ်မက်မေ လည်းမဟုတ်ပါ။ မေ သည် မေသာလျှင်ဖြစ်ကြောင်း ဆိုင်းဘုတ်ထောင်ရန်လည်း မလိုအပ်ပါ။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤကိစ္စနှင့် ပတ်သက်၍ မေနှင့်ကျွန်တော် ထပ်မံတိုင်ပင် ဆွေးနွေး ကြပါမည်။
မေနှင့်အတူ ယခုနှစ် ကဆုန်ညောင်ရေသွန်းပွဲတော် တက်ရောက်မည့် မြန်မာ အမျိုးသမီးပျိုများ ဝတ်စား
ဆင်ယင်မှု တင့်တယ်ပါစေကြောင်း မေမှတစ်ဆင့် အကြံပြုလိုက်ပါသည်။
မိုးခိုင်
၃၀၀၄၂၀၁၅ ၂၃ ၂၆

Related Posts