မိုးနဲ့ဆင်


မိုးနဲ့ဆင်

ငယ်ငယ်က
ဆင်တစ်ကောင်ကို
အဓိပ္ပါယ်ဖွင့်ဆိုတဲ့
မျက်မမြင် ၆ ယောက်ကို
ပြက်ရယ်ပြုဖူးခဲ့တယ်။

အရွယ်စဉ်အလျောက်
ဘဝရဲ့ရှင်သန်မှုနဲ့...
တစ်ခါတစ်ရံ မိုးကို
ပထမ မျက်မမြင်လိုထင်ခဲ့တယ်။

တစ်ခါတစ်လေ မိုးကို
ဒုတိယ မျက်မမြင်လို

တစ်ခါတစ်ခါ မိုးကို
တတိယ မျက်မမြင်လို
...
ဒီလိုနဲ့ အရွယ်လွန်လာ
တကယ်တော့ မိုးဟာ
ဆင်တစ်ကောင် မဟုတ်ဘူး ဆိုတာ
အချိန်မီသိဖို့။
မိုးခိုင်
၂၇၄၂၀၂၅ ၂၂ ၅၄

Related Posts