အဝိုင်းမှာ



အဝိုင်းမှာ
ရှေ့ရောက်လိုက် နောက်ရောက်လိုက်
အနောက်မှာလား၊ အရှေ့မှာလား။
ခဏရပ် ပြန်လှည့်ကြည့်တော့
လျှောက်လှမ်းလာတဲ့ ခရီးရယ် တစ်မျှော်တစ်ခေါ်
အကွေ့အကောက်များစွာမှာ
လှည့်ပတ် လည်ပတ် ကာ
အစုံအစုံ အမျိုးမျိုးသော
အဆိုးတွေ အကောင်းရော
ပူးကပ်လိုက် ခွာသွားလိုက်
ဝမ်းသာလိုက် ဝမ်းနည်းလိုက်...
ရပ်နေချင်ပြီ ထိုင်နေတော့မယ်
အိပ်နေလိုက်တော့မယ်
နားနေခွင့်ရယ် မရသေးပါလား၊
မှားယွင်းစွာ
မှတ်သား၊ ကြံစည်၊ ခံစား၊ ပြုပြင်ဆောင်ရွက်မှုတွေ
ချုပ်ပြတ်ငြိမ်းခြင်း မဖြစ်သ၍တော့
အသွင်ပြောင်းပြီး ဆက်သွားနေမှာပေါ့။
မိုးခိုင်
၂၅ ၄ ၂၀၁၅

Related Posts