ဟေမာနေဝင်း သီချင်းကဗျာ
မွှေးပျံ့သော ပန်းခင်းမှ ပန်းခြင်းတစ်ခုစာ အပြာရောင်ပန်းများ ခူးယူ ခဲ့ပြီးနောက် ဘယ်သူ့ထံမှောက် အရောက်ခစား၍ ပန်းများကို ပေးအပ်ရပါမည်နည်း။ ဆောင်းဦးပေါက် တစ်နေ့တာအတွက် ကဗျာ များ ဖူလုံစွာ စပ်ပြီးပြီလား။
မနေ့က ကဗျာများသည် သည်ကနေ့ ကဗျာများကို ဖျော့တော့ စွာ ငြင်းဆိုနေကြကြောင်း ကြားသိလိုက်ရသောကြောင့် စိတ်မသက် သာ။ ကဗျာက ငြင်းသည်လား၊ လူကငြင်းသည်လား။ ရောင်ဝါ မထွန်းချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု • • • နေ က ချမ်းသည်လား၊ လူကချမ်းသည်လား။ ။
မြို့မငြိမ်း၏ ရေချိုးဆိပ်အနားက သစ်ဖောင်ပေါ်မှာ ကြောင် တစ်ကောင်ရှိ၏ ထိုကြောင်ကို ဘယ်သူပင်ပန်းကြီးစွာ ရေချိုးပေး နေသည်လဲ။
ပန်းတွေဝေနေအောင် ပွင့်နေသည်။ ပန်းတွေနှင့် ပန်းကလေး တွေနှင့်ဝေ ၊ တွေနှင့်ဝေ။ ဒေါ်စိန်ငုံ သီချင်းဆိုနေသည်။ မောင်ဝဏ္ဏ ရုပ်ရှင်ရိုက်နေသည်။ ပန်းကလေးတွေနှင့်ဝေ၊ ပန်းတွေနှင့်ဝေ၊ ကတ္တီပါပန်းခင်းထဲမှာ ကျက်သရေ ကင်းမဲ့စွာ ရာဘာဖိနပ် သဲကြိုးပြတ် တစ် ဖက်။ ကျေးဇူးပြု၍ မနေတတ်သူများ ထိုဖိနပ်ကို ကာသိကရာဇ်တိုင်း ဖြစ် ပိုးသားစစ်စစ် ပုဆိုးတစ်ထည်ဖြင့် ထုပ်၍ စကြဝဌာအပြင်ဘက် သို့ သွားရောက်ပစ်ချခဲ့ပါ။
ရွာထဲသို့ အရူးဝင်သောအခါ ကလေးတွေဆူ၏။ အကြီးအကျယ် ဆုံး ဟာသ တစ်ပုဒ်ကို ရေခဲတုံးဖြင့် ပန်းပုရုပ် ထုလုပ်နေကြသည်လား။
နေရောင်ချည် ဖြန့်ကျက်သော နံနက်ခင်း၏ နှင်းမြူဇာမှာ ရွှေ ရောင်ငွေရောင် အကွက်အဆင်များ သံစဉ်ညှိ၍ ဖူးပွင့်လာပါစေ။ ထိုအခါ နေခြည်နှင်းမြူဇာကို ထက်အောက်ဆင်တူ ဝတ်စုံချုပ်၍ ကောလိပ်ဂျင်နေဝင်း၏ သမီးကလေးကို မွေးနေ့လက်ဆောင် ပေးလိုက်ကြပါ။ သူသီချင်းဆိုနေပါစေ၊ သီချင်းသံပဲ ကြားပါရစေ။ အေး အေးဆေးဆေး နားထောင်နေစမ်းပါရစေ။ သူတို့မရှိဘဲ သူတို့မပါဘဲ ဘဝသည် အလိုလိုမောနေ၏။ မျောနေ၏။ မွန်းနေ၏။ အမောသမား အမျိုသမား၊ အမွန်းသမားများ သံသရာရေးပြင်မှာ ရေနစ်၍ မသေ၊ အခုတလော နားကြောပြတ်၍ သေကြရလျှင် တစ်စုံတစ်ယောက်တော့ ဝမ်းသာပေလိမ့်မည်။
မိုက်မလင်းနိုင်ဘု၊ မြိုက်ခင်းညာဆီမှာ ခါတော်မီ သီမဝှေ့နိုင်ဘု၊ သည်ကွေ့မှာ၊ ခါတော်မီ သီသီလေးတောင် မစေ့နိုင်ဘု၊ မိုက်မလင်း နိုင်ဘု၊ သည်ကွေ့မှာ ၊ နေကုန်မျောရှာကြ၊ ခါတော်မီ၊ ခါတော်မီ၊ သည် ကွေ့မှာ၊ တစ်နေကုန်အောင် မျော၍၊ ခါတော်မီ၍ သည်ကွေ့မှာ ••• ဟေမာနေဝင်း သီချင်းတစ်ပုဒ်လောက် ထပ်ဆိုပါ။ မင်းအဖေကို တို့ သတိရသည်။ အရှေ့တောင်အာရှမှာ ပါးစပ်အလှဆုံး ၊ သွားအလှဆုံး၊ မေးရိုးအလှဆုံး သမီး ကလေးကို မွေးမှ မွေးတတ်ပလေ။
အရူးတွေမလာနှင့်။ မိမဆုံးမ ဖမဆုံးမ ကလေးတွေ၊ မလာနှင့်။
ပန်းခင်းထဲမှာ ပန်းတွေ ညှိုးလျော်နေသည်လော။ ရေလောင်းပါ။ ပေါင်းသင်ပါ။ မြေကို ဆွပါ။ နှင်းမိုးများ ရွာသွန်းဖြိုးအောင် သိပ္ပံ ပညာကို အကူအညီတောင်းပါ။
အဝါရောင်တိမ်တိုက်များ၏ ဖွားရာဇာတိသည် ပိတောက်ပန်း ဖြစ်၏။ မအူမလည် နိုင်ငံရေး စကားလုံးများ၏ ဖွားရာဇာတိသည် ညစ်ထေးသော သမိုင်းသဲမြေပွပေါ်မှ ခြောက်သွေ့နေသော တံတွေး ကွက်များဖြစ်၏။ အကောင်းဆုံးကတော့ မသိဘဲနှင့် ဝင်ဝင် မပြောပါနှင့်။ ဟိုမှာ သီချင်းသံများ ဝဲပျံလာနေသည်။ မြက်ခင်းပေါ်က သစ် ရွက်ခြောက်ကို ကောက်၍ပစ်။ ကော်ဇော်အသစ်ကို ဖုန်ကောင်းစွာ ခါ၊ ထိုနေရာမှာ ဖြန့်ခင်း၊ သီချင်းသံကို နေရာပေးပါ။
ရင်ထဲမှာ မီးပုံ။ အဂ္ဂဘုံမှာ ကဗျာဆရာများ နေ၏။ သူ၏မှတ်ပုံတင် ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းသည် သူ့ ကဗျာများဖြစ်၏။ သူသည် ထမင်းကို စားသူမဟုတ်၊ ကဗျာကို စားသူဖြစ်၏။ ကဗျာနှင့် နေသည်။ ကဗျာကို နေသည်။ ကဗျာတွင် နေသည်။ ကဗျာအား နေသည်။ ကဗျာကြောင့် နေသည်။ ကဗျာက နေသည်။ ကဗျာမှ နေ သည်။ ကျောက်စီခြယ် ရွှေကလပ်မှာ လိမ်းကပ်သည် မြူမှုန်ဖယ်၍ ကဗျာကို ထားပါ။ ကဗျာကို ဆရာလိုထားပါ။ ကမ္ဘာပေါ်မှာ အကြီး မြတ်ဆုံးဟု ကမ္ပည်းထိုးပါ။ ဆော့ခရတ္တိခေတ်မှာ လူသွား၍ ဖြစ်သူကို စောင်အဖြူတစ်ထည် ကိုယ်မှာပတ်၍ ကျောင်းသား လှေကား ထစ်များပေါ်မှာ မတ်တတ်ရပ်စေ၍ မိန့်ခွန်းခြွေခိုင်းပါ။ ခေါမခေတ်၊ ရောမခေတ်၊ ဘောမခေတ်၊ သောမခေတ်တွေ၏ ရှေ့အဝေးကြီးမှာ ကဗျာရောက်နေပြီဖြစ်ကြောင်းကိုတော့ သူကောင်းစွာသိဖို့လိုမည် မထင်ပါ။ ကဗျာဆရာသည် စပါးစိုက်သူမဟုတ်။ ကားဘော်ဒီထု သူမဟုတ်။ မိုက်ကရိုချစ်(ပ) ထုတ်လုပ်သူမဟုတ် ။ ရက်ကန်း ရက်သူမဟုတ်။ လက်သမားမဟုတ်။ သိပ္ပံပညာရှင် မဟုတ်။ သုတေသီ မဟုတ်။ ကျမ်းသုံးထောင် ကုန်အောင်ဖတ်သော ပါမောက္ခမဟုတ်။ ဆရာဝန်မဟုတ်။ ကချေသည်မဟုတ်။ တပ်မှူးမဟုတ်။ ဂေါ်ဖီထုပ်ရောင်းသူမဟုတ်။ ဒဿနိကဗေဒ ပညာရှင်မဟုတ်။ ဖန်ခွက်ဆိုင်ထဲ ဝင်သည့်ကျွဲလို မည်းမည်းမြင်တိုင်း ဝင်ခတ်သူမဟုတ်။ ဝေဖန်ရေး ဆရာမဟုတ်။ ထိုသူအားလုံး ဟုတ်ချင်ဟုတ်မည်။
ကဗျာဆရာသည် ကဗျာဆရာဖြစ်၏။ ဟေမာနေဝင်း ဘာပြော ချင်သလဲ။ သီချင်းကလေးထဲက အရဲစွန့်ပြီး ပြောစရာမလို။ ရဲရဲဝံ့ဝံ့သာ ပြောလိုက်ပါ။ ကဗျာဆရာသည် ကဗျာဆရာဖြစ်သည်ဟု ရဲရဲ ဝံ့ဝံ့ပြောလိုက်ပါ။ မဆိုင်သောအရာတွေ လေကြောရှည် နေသူများ ကိုလည်း မင်း၏ပျားရည်အသံကလေးဖြင့် ခြေထောက်လှလှကလေး တစ်ချက် ဆောင့်၍ သွားကြစမ်း... တိတ်ကြစမ်းဟု ငေါက်လိုက်ပါ။ ကမ္ဘာလောက၏ ကောင်းချီးပေးသံတို့ဖြင့် သူတို့ကို နှစ်မြုပ်ပြီးသား ဖြစ်သွားပါလိမ့်မည်။ ။
အနာဂတ်အတွက် နေခြည်အသစ်တို့ ဖွင့်လှစ်ပေးသောမိုးကောင်း ကင်မှာ ကဗျာရှိနေမည်မှာ သေချာပါ၏။ ဆာလောင်ခြင်း၊ မွတ်သိပ် ခြင်း၊ မပြည့်စုံခြင်း၊ အထိတ်တလန့်ဖြစ်ရခြင်း၊ ဖြေရှင်းမရခြင်း၊ အနှစ် သာရကင်းမဲ့ခြင်း၊ ရဲဝံ့စွာ မရယ်မောနိုင်ခြင်း ထိုအရာအားလုံးကင်း သောနေရာနှင့် အချိန်က ကဗျာကို မျှော်လင့်စောင့်စား၏။
တဖွဲဖွဲကြွေ၍ မြေပြင်မှာ အဝါရောင်ပန်းကော်ဇောခင်းသည့် ပိတောက်ပင်ခြေရင်းမှာ ပလ္လင်ဆောက်၍ ကဗျာကို လောက၏ ဘုရင် အဖြစ် မြှောက်ကြမည်။ တညင်းသီး၊ ကြွက်စုတ်နှင့် ကွန်မြူနစ်ဝါဒ မရှိသော ကဗျာသောင်စပ်က ကော်ဖီဆိုင် ထီးအကျားအောက်မှာ ကော်ဖီသောက်ရင်း ကဗျာကို စောင့်ကြမည်။ အကောင်းဆုံး အကြံပေးလိုက်မည်။ ခပ်ဝေးဝေးသွားကြ။ ဆာလောင်သည်၊ မွတ်သိပ်သည်၊ မပြည့်စုံ၊ ထိတ်လန့်သည်၊ ဖြေရှင်းမရ၊ အနှစ်သာရ၊ ဗလာ ၊ရဲဝံ့ စွာ ရယ်မော။ ငါတို့သီချင်းနားထောင်နေသည်။ ငါတို့ကဗျာဖတ်ချင်သည်။ ကဗျာသောင်စပ်မှာ ကဗျာဟု စာလုံးရေးလိုက်ပြီးသည်နှင့် လှိုင်ခေါင်းဖြူ အမြှုပ်ဖွေးတို့က ရေဆေး၍ ချလိုက်၏။ သဲပြင်ပေါ် မှာ ကဗျာ၏ ခြေရာ၊ ကဗျာ။ ကျောက်သားပေါ်မှာ ၊ ပန်းပွင့်ပေါ်မှာ၊ လွယ်အိတ်ထဲမှာ၊ လှေကားပေါ်မှာ၊ ပန်းကန်ပြားပေါ်မှာ၊ လရောင် ခြည်ထဲမှာ၊ နှင်းမှုန်ထဲမှာ၊ ဝါးရွက်ကြားမှာ၊ ယုဇနပင်အောက်မှာ၊ သရက်ပင်ထိပ်ဖျားမှာ ပင်လယ်ထဲမှာ၊ ဘဏ်တိုက်ထဲမှာ အက်ဖ် ၁၆ လေယာဉ်ပျံပေါ်မှာ၊ ပင်လယ်ထဲမှာ၊ ဧဝရတ်တောင်ထိပ်မှာ၊ မြစ် ကြီးနားမှာ၊ ပုဂံယွန်းကျောင်းမှာ၊ စိန်ဗေဒါကြီး၏ ကျောက်ရုပ်မှာ၊ တစ်နေ့နေ့ လူသန့်သွားသော ကမ္ဘာကြီးမှာ ... ကဗျာတွေ။ တစ်နေ့နေ့ သန့်သွားသောကမ္ဘာကြီးမှာ... ကဗျာတွေ။ ညင်သာစွာ တီးမှုတ်၍ မန္တလေးကျုံးတော်တွင်းက ရေကင်းသံဖြင့် လူသန့်သွားသောအခါ၊ တစ်နေ့နေ့ ၊ မန္တလေးကျုံးတော်တွင်းက ရေကင်းသံဖြင့် ကဗျာကို ကြို ကြပါမည်။ မန္တလေးမှာ လူသန့်သွားသောအခါ။ တညင်းသီးဆားရည် စိမ်ရယ်၊ ကြွက်စုတ်ရယ်၊ ကွန်မြူနစ်ဝါဒရယ် မရှိသော သောင်စပ်က ကော်ဖီဆိုင်ကလေးမှာ။ ရေခဲစိမ်ကော်ဖီနှစ်ခွက်ကို ကဗျာများများ ထည့်၍ ပါးစပ်အားနေလျှင် ချောင်းဆိုးပါ။ ဝင်ဝင်မပြောပါနှင့်။ လက်အားနေလျှင် တယောထိုးပါ။ တယောထိုးပါ။ ချောင်းဆိုးပါ။ သို့မဟုတ် အိပ်ပျော်အောင် အိပ်လိုက်ပါ။ အိမ်မက်ထဲမှာ နီရိုးဘုရင် ကို တွေ့လျှင် နှုတ်ဆက်ဖြစ်အောင်ဆက်ပါ။ သူ့ကိုကဗျာအကြောင်း သွားမစပါနှင့်။ မိုးဦးစောမည်။ မြစ်ရေကြီးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင်များ ကြိုတင်ပြောကြကောင်းပါရဲ့။ ကဗျာမြစ်သည် ကောင်းကင်မှာ စီးဆင်းနေ၏။ အမှိုက်ပုံထဲမှာ လူတစ်ယောက်၏ ကျောရိုးတစ်ချောင်းနှင့် လူတစ်ယောက်၏ ဦးနှောက်တစ် ခြမ်းပဲ့။ တူးကော် ••• ကဗျာများများ • • • • သကြားချိုချို။
လူသန့်လျှင် အနုပညာသန့်မည်။ ကဗျာသန့်မည်၊ သီချင်းတွေ ချိုမည်။ စိတ်ထားတွေချိမည်။ နားလည်လာ၍ ချိုမည်။ ယုံကြည်လာ ၍ ချိုမည်။ ပြည့်စုံလာ၍ မည်။ စားကောင်းသောက်ဖွယ်များဖြင့် ချိုမည်။ တကယ်ပြည့်စုံလာမည့် ကတိစကားများဖြင့် ုမည်။ အချစ် များဖြင့် ုမည်။ မိုက်မလင်းနိုင်ဘု၊ ကျောက်စီခြယ်ရွှေကလပ်မှာ ကဗျာ သည် ဘုရင်ဖြစ်၏။ ကဗျာမြစ်ကောင်းကင်မှာ စီး၏။ ခါတော်မီ သီ မဝေ့နိုင်ဘု၊ သည်ကွေ့မှာ ကဗျာသည် အကြီးအကျယ် အမြင့်မြတ်ဆုံး ဖြစ်၏။ ကတ္တီပါပန်းခင်းထဲက တမ်းချင်းအသစ်ရွှေကဗျာ။ သံစဉ် သွင်း၍ သီချင်းဆိုသောအခါ ဟေမာနေဝင်း ဆိုပါစေ။ အဝေးဆုံးတစ် နေရာ မြစ်ညှာအရပ်ဆီမှ သစ်ရွက်စိမ်းများ မျှော်နံ့ရသည်။ ပြောင်း ပြန် မြင်ရသော ခပ်ဝေးဝေးက ရေတံခွန်တစ်ခုပမာ၊ မီးခိုးများ ခွေ လိပ် တွန့်တက်နေသည်။ သီချင်းများ၊ ကဗျာများ လွတ်ရာကို ရွှေ့၍ ထားပါ။ အုတ်ခဲနှင့် ကျောက်တုံးများ လူအုပ်ထဲ ရောက်နေသည်။
ရွယ်လယ်မှာ ကလေးတွေဘာကြောင့် ဆူနေကြသလဲ၊ မွှေးပျံ့ သော ပန်းခင်းထဲမှ ပန်းခြင်းတစ်ခုစာ ပန်းအပြာရောင်များ ခူးပြီး နောက် ကဗျာဆရာကို ကမ္ဘာလောက၏ လက်ဆောင်အဖြစ် ပေးအပ် ကြမည်။ ကောလိပ်ဂျင်နေဝင်းသမီးကလေး သဘောတူပါရဲ့လား။ သူတို့ကို ငေါက်ငမ်းပစ်လိုက်စမ်း။ လူသန့်သွားသည်အထိ ကျေးဇူးပြု၍ သီချင်း ဆက်ဆိုပါဦး ကလေးမ။
No comments:
Post a Comment