ယုဇန မခင်ပျို - ဇော်ဇော်အောင်

 




ယုဇန မခင်ပျို 

 

ရွှေခြည်တွေ ပျပျမှိုင်း၍ လောကတံတိုင်းမှာ အမှောင်ညှို့ပြီ မခင်ပျို။ အရာရာမှာ အသင့်အတင့် နှလုံးသွင်းတတ်သော ရင့်ကျက်ခြင်း အဆင့်ဆင့်သို့ ရောက်ပြီဟု ကိုယ့်ကိုယ်ကို ထင်ထားသည်။ အထင် ဆိုသည်မှာ ရှိတတ်စမြဲပါပဲ။ ထို့ပြင်လည်း အထူးသဖြင့် ဥပေက္ခာတရားရုံးကို လက်ကိုင်ထားနိုင်သူ ဟုလည်း ထင်မိသေး၏။ တခါတုန်းက မခင်ပျို၏ ထမီအနားခတ်လိုက်ပုံသည် ကျွန်တော၏ အသည်းနှလုံးကို ယူဆောင်သွားဖူး၏။ သို့သော်လည်း ခဏတာမျှသာဖြစ်၏။ တပ်မက်ခြင်းလား၊ ရသခံစားမိခြင်းလား မသိခင်မှာပင် ကျွန်တော့် အသည်းနှလုံးပြန်လာပါသည်။ အခုတော့ မခင်ပျိုနေဝင်တော့မည်ထင်ပါသည်။ သွားကြစို့၊ သွားကြစို့ မခင်ပျို။ တယောက် တလမ်းစီဆိုပေမယ့် ဆုံရဦးမှာ သေချာပါသည်။  နီရဲစေးပျစ်သော လက်ဘက်ရည် ပန်ကန်လုံးထဲမှာ နိူ့နှစ်အဆီများဝေ့နေ၏။ ခပ်ဝေးဝေးမှာ ဆိုင်းသံများကြားရသည်။ အေးမြသော လေထုကို ဖြတ်၍ ဆိုင်းတီးသံသည် ချမ်းတုန်းစွာပြေးလာသည်။ မန္တလေးမြို့၏ ညများထဲမှာ အနုပညာ ရနံ့များဝေ့နေ၏။ ကြက်သွေးရောင် ကတ္တီပါ ကားပေါ်မှာ ရွှေခြည် ငွေခြည် ဘော်ကြယ်စာလုံးတွေ ဝင်းလက် ဖိတ်ဖိတ်တောက်နေသည်။ ဒီနေ့ည မခင်ပျို ဘယ်မှာ ကမှာလဲ ရွှေဘုန်းဒိန်မှာလား။ ပုလဲ ငွေရောင်မှာလား။ ရုံးတော်ကြီးမှာလား၊ မလွန်မှာလား။ ဈေးချိုမှာပဲလား။ လူတယောက်ရဲ့ ရင်ထဲမှာလား။ ဘာမှမဟုတ်သော သာမန် ရေမြောင်းကလေးဖြစ်ပေမယ့် ရေနီမြောင်းသည် လူပေါင်းများစွာ၏။ အတွင်းရေးများကို ကျောက်တုံး၊ ရွှံ့နှစ်နှင့် ရေညှိရွက် အကြားမှာ သိမ်းဆည်းထားသူဖြစ်၏။ စိန်မြင့်လာ၍ ကျွန်တော်တို့ နူကြည်အဆောင်ကို သွားကြ၏။ ဟိုကောင်ကို မတွေ့၍ ရေနီမြောင်းဘေးမှာ ကျွန်တော်တို့ ဉာဉ့်နက်အောင်ထိုင်ကြည်သည်။ စိန်မြင့်သည် စကားများပေမယ့် စကားပြောကောင်း၏။ ကဗျာအကြောင်း၊ အလင်္ကာအကြောင်းတွေကို ပြောသည်။ နတ်သျှင်နှောင် အကြောင်း၊ အိုမာခယမ် အကြောင်း၊ နီရူဒါ အကြောင်း၊ ခေတ်စမ်းကဗျာ အကြောင်းတွေပြောသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ကဗျာ၏ အလုပ် အကြောင်းလည်းပြောသည် ထငသ် ည်။ ကျွန်တောသည် ကြက်သွေးရောင် ကတ္တီပါ ကားလိပ်အကြောင်းကိုသာ စိတ်ရောက်နေ၏။ ပွဲဈေးတန်းက မိုနဲ့မောင်နှမ အိုးကင် ညှော်နံ့သင်းပျံ့ပျံ့ကလေးသာ စိတ်ကူးနေမိ၏။ လထွက်ပြီး ထူးထူးဆန်းဆန်း မှတ်နေသည်က ထိုည ကျွန်တော်မခင်ပျိုကို သတိမရ။ စကားစပ်လို့လည်း မပြောမိ။ ထနောင်းပင် ကိုင်းဖျား လတခြမ်းချိတ်သော အချိန်တွင် အချစ်အကြောင်း စကားစပ်မိကြ၏။ စိန်မြင့်နှင့် ကျွန်တော် သဘော ကွဲလွဲခဲ့ကြသည်။ 

 အချစ်ဆိုတာ ဘာလဲ။ ရွှန်းလဲ့ ညိုမှောင် အလိုမကျဟန်ဆောင်တဲ့ မျက်စောင်းကလေးလား။ ဘယ်တဆစ်၊ ညာတဆစ် ချိုးချလိုက်တဲ့ လက်မောင်း သွယ်သွယ်ကလေးရဲ့ အဆုံးမှာ ကော့ညွှတ်ပျံတတ်နေတဲ့ လက်ဖျားကလေးတွေလား။ ဆိုက်မီး အပြောင်းမှာ တချက်ဝင်းလက်သွားတဲ့ ရင်ညွန့်ဝါဝါကလေးလား။ ဒူးကလေးတွေ ညွှတ်ပြီး ဒူးပေါ်မှာ လက်နှစ်ဘက် တနှီးလန်ချလို့ ပခုံးကလေးဘယ်ညာ လှုပ်လို့ ဇာတ်စင် အရှေ့ပိုင်းကို အပြေးကလေး ထွက်လာတဲ့ ဟန်ကလေးလား။ အချစ်ဆိုတာ မခင်ပျိုရဲ့ မျက်နှာလား၊ အသံလား၊ ကိုယ်လုံးလား၊ ဟန်လား။ အချစ်ဆိုတာ အကြောင်းတရားလား အကျိုးသက်ရာက်မှုလား။ လူတွေ ညာပြောနေကြာတာပါ။ တကယ်တမ်းက လူဟာ ဘာသာစကားကို အတော် လုံလုံလောက်လောက် ကျကျနန ပြောတတ်လာတဲ့ အချိန်ကစပြီး မုသားတွေမမြင်သာအောင် ဖုံးဖို့ ဝှက်ဖို့ နေရာကောင်းတခု ရခဲ့တယ်ဆိုတာ ဘယ်ပညာရှင်ကမှ ပြောသံမကြားဖူးပါဘူး။ အချစ်ဆိုတာ ဘယ်ကလာ ပေးဆပ်ခြင်း ဟုတ်ရမှာလဲ မခင်ပျိုရယ်။ ရချင်ယူချင်တာ ပိုင်ဆိုင်ချင်တာပါ မခင်ပျိုရယ်။ ငါတော့ ပေးဆပ်လိုက်ပြီလို့ ထင်နေတဲ့သူကိုတော့ ထင်နေပါစေလေ။ ကျွန်တော်တော့ ရချင်တာ၊ ယူချင်တာ၊ ပိုင်ဆိုင်ချင်တာပါ။ အဲဒီတညကလည်း အရင် ညတွေလိုပါပဲ။ မခင်ပျို ကျွန်တော့ကို ကြည့်ပြီးတော့ သီချင်းဆိုနေတယ်လို့ ထင်မိတာ ဟုတ်မဟုတ် ပြန်စဉ်းစား မနေပါဘူး။ မန္တလေးမြို့ရဲ့ တန်ဆောင်မုန်းညတွေဟာ အားလုံး ကဗျာတွေ ချည်းပါပဲ။ 

 နှစ်ပေါင်းများစွာကတည်းက အငြိမ့်မင်းသမီးပေါင်းများစွာဟာ မနလေးမြို့တနေရာက ဇာတ်စင်ပေါ်မှာ မီးရောင်အောက်မှာ ကရင်းဆိုရင်းနဲ့ ကဗျာတွေကို ဖန်တီးသွားခဲ့ကြပါတယ်။ ပွဲပြီး မီးမှိတ်လို့ ကားလိတ်တွေ ရုတ်သိမ်းတဲ့အထိ မရောက်ပါဘူး။ အဲဒီကဗျာတွေဟာ ချက်ချင်းကွယ်ပျောက်သွားကြပြန်ပါတယ်။ ဒါပေမယ့် အဲဒီကဗျာတွေဟာ လောကရဲ့ နှလုံးသားထဲက တနေရာမှာ အားလုံး စုရုံးနေကြတယ်။ သွေးကြောထဲမှာ လှည့်ပတ်နေကြတယ်။ နှလုံးသားထဲမှာ ပြန့်ဝင်နေကြတယ်။ လောကရဲ့ ရင်ခုန်သံ တချက်ကြားရတိုင်း အဲဒီကဗျာတွေ အားလုံးဟာ သီဆိုကခုန်နေကြတယ်ဆိုတာ။ လူတိုင်း သတိပြုမိကြမယ် မထင်ပါဘူး။ သေဆုံးကွယ်လွန်သွားကြတဲ့ အငြိမ့်မင်းသမီးကြီးတွေလည်း အဲဒီကဗျာတွေထဲမှာ ရှိနေကြတယ်။ မခင်ပျို ကပါ၊ ဆိုပါ အနူပညာဆိုတာ မခင်ပျိုရဲ့အလုပ်ပါ။ ကျွန်တော် ပြောပြီးပါပကော။ လူဆိုတာ ညာပြောတတ်တယ်။ လိမ်ပြောတတ်တယ်။ 

ဒါပေမယ့် ခု ဒီတခါတော့ ကျွန်တော်မညာပါဘူး။ ကျွန်တော်ချစ်တာ မခင်ပျိုကိုပါ။  ဝေးလံသော အရပ်တပါးမှ ဓါးပတလားသံ ခပ်သဲ့သဲ့ ခပ်အုပ်အုပ်ကြားနေရသည်။ ဝါးရွက်နှင့် လက်ခတ် ထိတွေ့လိုက်သည့် အခါတိုင်း၊ ဝါးရွက်ပေါ် လက်ခတ်ကျသည့် အခါတိုင်း ရင်မှာပေါက်ကွဲမှု ဖြစ်ရသည်။ ဝေဒနာ၏ နာကျင်စွာသော အဖြစ်သည်ပင်လျှင် နှစ်လိုဖွယ် ကောင်းလှချေသည်။ တောင်တောင်ငယ် တောယံနှင့် မောလေအောင် ဝေးကျူးသီခေါင်၊ ရီမှောင်ညိုညိုဆိုင်းဆိုင်း ဝေမှိုင်းမှိုင်းလေး ပင်တိုင်းသာ မာလာကြိုင်ကြိုင်သင်း။ နှင်းယွန်းဝသန်နွေ၊ စုံမြိုင်ခြေဦး သာဟန်လေ သာဆန်းထူး။ သံသရာ တောအုပ်အတွင်းမှာ မှောင်လွန်းလှသည်။ ဘယ်သော အခါမှ လမ်းမမှားဟု ဟစ်ေ<ကးနေသူသည် သူလမ်းမှားနေကြော်းမသိ။ အင်ကြင်းပန်းတွေ ပင်လုံးဝေေ၀ ပွင့်နေ၏။ ဒီနေရာမှာ ဘယ်သူလာ၍ ကျွန်တော့်ကို ပစ်ချထားခဲ့သနည်။ အထီးကျန်မှု၊ အားကိုးမဲ့မှု။ ဘာဆို ဘာမှ မတတ်နိူင်မှုတို့သည် ခင်းထားသော ကျွန်ုပ်၏ လည်ပင်းပေါ်သို့ အရှိန်ပြင်းစွာကျလာသည်။ လောက တရေးနိူးပြီးလား။ တဖန်သစ်ပြီလား။ တနေ့ဟောင်းသွားပြီလား မသိပါ။ တော အလယ်မှာ မောတယ် မရယ်။ သူတို့ ဘာလိုချင်ကြည်သည်လဲ။ ဘာဖြစ်ချင်ကြသည်လဲ။ ကျွန်တော် ဘာကိုမှ မလိုချင်ပါ။ ဘာမှ မဖြစ်ချင်ပါဟု လိမ်ညာ၍ ပြောလိုက်သောအခါ ကမ္ပာပေါ်မှာ အရှက်မဲ့သူတယောက် တိုးသွားပြီ။ အိုး လှလွန်း လှလွန်းလှပါသည်။ မိန်းမ ဆယ့်သုံးယောက်ကို တွေ့ရ၏။ သေတ္တာထဲမှာ ေ>မအစိမ်းရောင် တဆယ့်သုံးကောင်ခွေနေသည်။ ဘယ်ကို သွားကြမည်နည်း။ ကျွန်တော့ ကိုယ်ပေါ်သို့ နူးညံ့သော ပန်းဝတ်ဆံများ ကတီပါ ပွင့်ဖတ်များ မိုးကဲ့သို့ ဖွဲဖွဲရွာကျလာသည်။ ကျွန်တော့် တကိုယ်လုံးပွင့်ဖတ် ဝတ်ဆံတွေ ဖုံးလွှမ်းသွားတော့သည်။ အနီရောင် ခတာပန်းများ ပွင့်ဖတ်လိန်၍ ဖူးပွင့်နေကြသည်။ အချိန် ခုနှစ်မိနစ် စေ့သွားပြီ။ မောလှချည့်ရဲ့ ...။ တောအုပ်သည် ပို၍ ပို၍ မှောင်လာနေသည်။  မခင်ပျို။ ယုဇန မခင်ပျို။ လွမ်းလိုက်ရတာ မခင်ပျိုရယ်။ အောင်မြင်တာတွေ၊ ကြီးမြင့်တာတွေ။ ကျော်ကြားတာတွေ။ အခုနေ ကျုံးဘေးမှာ လေပြည် တဖြူးဖြူး ရှိနေမှာပေါ့။ ဘယ်သစ်ပင် စိမ်းပုံနဲ့မှမတူတဲ့ ထနောင်းပင် ဖြူဖြူတွေရဲ့ အရိပ်စိမ်းမှာ မခင်ပျို ကျွန်တော့်လက်ကို ရဲရဲတွဲပါ။ ချစ်တယ် ဆိုတာ လက်ချင်းတွဲပြီး ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်ခြင်း တမျိုးပဲလို့ ကြားဖူးတယ်။ ကြည့်စမ်း မခင်ပျို၊ ကော့လိုက် ကွေးလိုက်၊ ညွှတ်လိုက် လှုပ်ရှားလိုက်တာနဲ့ လောကကိုအသက်ရှူတခဏ ရပ်သွားစေနိုင်တဲ့ လက်ချောင်းဖြူဖြူ သွယ်သွယ်ကလေးတွေ။ ဒီလက်ချောင်းကလေးတွေ လှုပ်ရှားရင်းကွေးညွှတ်ကော့ပျံတဲ့ လက်နဲ့စပ်လိုက်တဲ့ ကဗျာလေးတွေကို ကျွန်တော့် မျက်လုံးထဲမှာ သိမ်းထားတယ် သိလား။ အောင်ပင်လယ်တာတရိုးမှာ ရွှေမိုးတွေ ညို့ပြီ မခင်ပျို။ မိုးရွာမယ် မထင်မိပါလို့ တဘက်ကလေး မပါပေမယ့် ကျွန်တော့် ရင်မှာ မိုးခိုလို့ရပါတယ်။ မိုးတွေသည်းလိုက်တာ။ မိုးရွာတဲ့နေ့ကို သတိရလိုက်တာ စုတ်ချာယိုင်ရွဲ့တဲ့ လဘက်ရည်ဆိုင်ကလေးရဲ့ တံစက်မြိတ်စွန်းမှာ နေရောင်ခြည်ကလေးတခက်လက်နေတယ်။ မိုးခက် မိုးပွင့် ကန့်လန့်ကာကို ဖြတ်လာတဲ့ နေရောင်ခြည်ဟာ မခင်ပျိုပြုံးတာနဲ့ သိပ်တူတာပဲ။ ကျွန်တော့် အနားမှာ သစာမဲ့သူတွေ ဝိုင်းဝိုင်းလည် နေလိုက်ကြတာ။ ဘာဆိုတာမှတ်လို့ မခင်ပျိုကတော့ ပြောလိမ့်မယ်။ အဲဒီ အခါမှာ မခင်ပျိုကို သတိရတယ်။ ဘာမှတော့ မဆိုင်ဘူးလေ။ ဒါပေမယ့် ကျွန်တော် အကြိုက်ဆုံးတွေက ရှင်ဥတမကျော်ရယ်၊ ဇော်ဂျီရယ်၊ ဇေယျရယ်၊ ပန်းချီအောင်စိုးနဲ့ ခင်မောင်ရင်ရယ်၊ စိန်ဗေဒါရယ် လွတ်လပ်ခွင့်ရယ်၊ ပိတောက်ပန်းရယ်၊ လဘက်ရည် ချိုပေါ့ကျရယ်။ ခေတ်ပေါ်ဂီတရယ်၊ မခင်ပျိုရယ်။ များတော့ အများသား မကြိုက်ဆုံးအရာတွေက ဟိတ်ဟန်ကြီးတာရယ်၊ ဝက်သားပေါက်စီရယ်၊ သဘောၤသီးအစေ့ရယ်၊ တတိယ တန်းစားဝေဖန်ရေး ဆရာရယ်၊ ကုန်းချောတိုက်တာရယ်၊ မနာလိုမှုရယ်၊ သဇင်ပန်းရယ်၊ ဒံပေါက်ထမင်းရယ်၊ အနီရောင်ရယ်၊ နေကာမျက်မှန်ရယ်၊ စိန်ရွှေရတနာရယ်။ 

 ကြိုက်တာတွေ မကြိုက်တာတွေ ပြောမယ့်သာပြောရတာပါ။ တကယ်တမ်းတော့လည်း ဘာမှမဟုတ်ပါဘူး။ ကိုယ်ဘာမှ မဟုတ်ဘူးဆိုတာ မသိလိုက်ခင်မှာပဲ ဘဝဟာ နိဂုံးချုပ်သွားတာပါပဲ။ ဘဝဆိုတာ နေဖို့လား။ နေဖို့ ထိုင်းဖို့ပြင်ဆင်နေလိုက်ကြတာ။ သူတို့တွေရဲ့ မဟုတ်တဲ့ အလုပ်တွေကိုကမာ့အပြင်ဘက်ထါက်ပြီး ခပ်ခွာခွာကြည့်မှ မြင်ရတာမဟုတ်ပါဘူးတဲ့။ ဒီသစ်ပင် အောက် ကြည့်ရင်လည်း တကယ်လို့ကြည့်တတ်ရင်ပေါ့လေ။ မြင်ရပါတယ်တဲ့။ တယောက်ယောက်က ကျွန်တော့်ကို ပြောဖူးတယ်။ ပြောပြီးတော့ သူလည်းနေစရာပြင်ရဦးမယ် ဆိုပြီး ထွက်သွားပေါလေရော။ ရယ်တော့ ရယ်ရသားပဲ။ ဘဝဆိုတာ စကတည်းက မြှးလာတယ် ဆိုတဲံ အကြောင်း၊ ယန်းပေါဆက်ကို ဖတ်ဖူးဖို့ မလိုပါဘူး အစကတည်းက သိတယ်လို့ ကျွန်တော်တော့ ထင်တာပဲ။ ဒါပေမယ့် ဖတ်တော့ ဖတ်ကြည့်ပါတယု် ဖတ်ရှင်ပေါ့လေ။ ကျော်ကြားလှတဲ့ သူရဲ့ ထရိုင်ယော်လော်ဂျီ ဝတုကြီးသုံးပုဒ် ဖတ်တယ် မကြိုက်ပါဘူးဗျာ။ နောက်ဆုံးစာကြောင်းကလေးတွေတော့ သဘောကျသလိုလိုရှိရဲ့ မနက်ဖြန်ဆိုလျှင် အနက်ရောင်ငှက်များ လာကြတော့မယ်တဲ့။ ။ 

 ဒါေပေမယ့် မခင်ပျို။ အဲဒီညက မခင်ပျိုဟာ ဘော်ကြယ်တွေ လက်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့ ကျွန်တော့် မျက်စိထဲမှာတော့ ငှက်ဖြူမလေး တကောင်၊ ခိုဖြူမလေးတကောင်ပါပဲ။ အမြီးကော့ကော့ ထောင်ထောင်နဲ့ ကျွန်တော် အသည်းနှလုံးရှိတဲ့ ရင်ထဲမှာ လိုဏ်ခေါင်းမျာ တောင်ပံ တဖျက်ဖျက် ခက်နေသလိုပါပဲ။ ဆင်စွယ်ယပ်တောင် ဖြူဖြူကလေး ကျွန်တော်ရှိရာ အရပ်ကိုတည့်တည့်ညွန်ပြီး ]]မိဘပေးစား ဒီလူကြီး ဇနီးရပါစေ}} ဆိုတဲ့ သီးချင်းကို မခင်ပျိုဆိုခဲ့တယ်။ နောက်တနှစ်မှာပဲ မိဘပေးစားလို့ ကျွန်တော် ဇနီးရခဲ့တယ်။ အချစ်မပါတဲ့ အိမ်ထောင်ရေးဆိုတာ မသာယာဘူးတဲ့ လူတိုင်းပြောကြတာပါပဲ ဝတုဆရာတွေ ရုပ်ရှင် ဆရာတွေ ဆိုရင်သိပ်ပြေကြတာပဲ။ ထပ်နေပါပြီ။ အဲဒါကိုက ပရမတ်တရားတခုလို၊ တုမတသစာတရားတခုလို ဖြစ်နေတယ်။ ပြောလိုက်ကြတာ ဟိုမှာ မခင်ပျို။ မိုးရွာပြီးစ ခဲသားရောင်ထနေတဲ့ ကောင်းကင်ပြင်ကျယ်ကြီးကို ဗျိုင်းဖြူတအုပ် ြတ်ပျံသွားတာ လှလိုက်တာ။ ကျွန်တော့် အဖို့တော့ အခြားသူတွေ အတွက်တာဝန်မယူနိုင်ပါဘူး။ ကိုယ့်အတွက် ကိုယ်တောင် မနည်းတာဝန်ယူရတာ။   ကျွန်တော့် အဖို့တော့ အချစ်မပါတဲ့ အိမ်ထောင်ရေး မသာယာဘူးဆိုတာ သဘောမပေါက်ပါဘူး။ သီတာကို ကျွန်တော် လက်ထပ်တာ မိဘတွေ ပေးစားလို့။ ပြီးတော့ ကျွန်တော် သူ့ကိုချစ်သလား၊ မချစ်ဘူးလား ဆိုတာ စဉ်းစားချိန်မရလိုက်ပါဘူး။ လေးဘက်လေးတန်က တောင်ကြီးလေးလုံး ပိကျလာသလို ရှောင်မရတဲ့ မိဘဆွေမျိုးအသိုင်းအဝန်း ဘာညာတွေ စုပြုံဖိညှပ်ပြီး သီတာနဲ့ ကျွန်တော့်ကို ပေးစားလိုက်ကြတာပါပဲ။ အဲဒီတုန်းက ကျွန်တော် ငြင်းဖို့ မကြိုးစားမိပါဘူး။ သီတာဟာ သိပ်လှတယ် မခင်ပျို။ သိပ်ကိုလှတယ်။ ရှားရှားပါးပါး ရက်ရက်စက်စက်လှတယ်။ မကွယ်မဝှက် မလိမ်မညာပြောရရင် မခင်ပျိုထက် အများကြီး ပိုလှတယ်။ သူ့အလှမှာ ကျွန်တော့်အထင်တော့ တကယ်အပြစ်မရှိဘူး။ သိပ်လှတာပဲ။ ပြီးတော့ ကျွန်တော့် အယူအဆက 

ဟိုးငယ်ငယ်ကတည်းကရှိခဲ့တာက မိန်းမတယောက်မှာ ရပု ်လှဖို့က အဓိကပဲ။ စိတ်လှဖို့ဆိုတာ သာမည။ အဲဒီ အယူအဆက ခိုင်ခိုင်မာမာပဲ တယောက်ယောက်က မကျေနပ်လို့ ပြင်းလာလျှင်၊ စောဒကတတ်လာလျှင် ကျွန်တော် နိူင်အောင် ပြောနိုင်ချင်မှ ပြောနိုင်မယ်။ ဒါပေမယ့် ဒီ အယူအဆကိုတော့ မစွန့်လွှတ်နိုင်ဘူး။ ပင်လြယ်ပင်မှ နေဝင်သွားတဲ့ မြင်ကွင်းလှတာ ရေးစပ်ကသဲသောင် ဖွေးဖွေးပြန့်ပြန့်လှတာ ပိတောက်ပင်က ပင်လုံးပွင့်လို့လှတာ၊ မှိုင်းညို့မြင့်မားတဲ့ တောင်စဉ်တန်းကြီးတွေ လှတာ။ အုန်းပင်အုန်းလက် တွေပေါ်မှာ ကျနေတဲ့ လရောင်ခြည် လှတာ အဲဒါမျိုးပေါ့။ သီတာ လှတာ အဲလိုပါပဲ။ ကျွန်တော့အဖို့တော့ လက်ထပ်ပြီးလို့ နှစ်ရက်ခွဲလောက်ကြာတဲ့အခါ သီတာ ကျွန်တော့ကို မေးတယ်။ သူ့ကိုချစ်လားတဲ့။ ကျွန်တော် ဘယ်လိုဖြေလိုက်တယ်ထင်သလဲ မခင်ပျို။ မဆိုင်းမတွပါပဲ။ သီတာကို သိပ်ချစ်တယ်လို့ ဖြေလိုက်တယ်။ သီတာ ပြုံးပြုံးကလေး ကျွန်တော့ ပုခုံးပေါ် ခေါင်းတင်ပြီး မျက်စိ မှိတ်ထားတယ်။ အဲဒီ အဖြေကို ပေးလိုက်ပြီးတဲ့ အခါ လောကတခုလုံး တိတ်ဆိတ်သွားတာကို ချောက်ချောက်ချားချား ခံစားလိုက်ရတယ်။ ကျွန်တော်တို့ အိပ်ခန်းထဲက လေအေးစက်သံ၊ ဓါတ်ပြားချိန်ချာမှာလည်း လင်ဒါရွန်စတတ်ရဲ့ သီချင်းတပုဒ်ကို ခပ်သဲ့သဲ့ ကြားနေရတယ်။ ပြီးတော့ သီတာရဲ့ တတွတ်တွတ်ပြောနေတဲ့ ချစ်စကားတွေကိုလည်း ပူနွေးတဲ့ ထွက်သက်နဲ့ရောယှက်ပြီး ကြားနေရတယ်။ 

 ဒါပေမယ့် သူ့ကို သိပ်ချစ်တယ်လို့ ပြောလိုက်ပြီးတဲ့ ခဏ ကျွန်တော် ခံစားိမတဲ့ တိတ်ဆိတ်ခြင်းဟာ ဘာနဲ့မှ မတူပါဘူး။ တသက်မှာ တခါမှ မခံစားဖူးပါဘူး။ သလောကလုံးတိတ်ဆိတ်သွားလိုက်တာ ကြောက်စရာတောင် ကောင်းပါတယ်။ သီတာကတော့ သိပ်ကျေနပ် သိပ်ပျော်သွားမှာပါပဲ။ မပျော်တာက ကျွန်တော် အင်မတန်လှတဲ့ သီတာ ဘာမှပြောစရာမရှိတဲ့ သီတာ သူ့ကို ကျွန်တော် သိပ်ချစ်ပုံရတဲ့ သီတာ သူ့ကို ကျွန်တော် ပိုင်ဆိုင်လိုက်ရပြီ။ မနက်ပိုင်း ဆေးရုံကြီးကို လိုက်ပို့၊ နေ့လည်ပိုင်း ထမင်းစားဖို့ သွားကြိုပြန်ပို့ ညနေကျတော့ ရွှေဘုံသာလမ်းက သူ့ဆေးခန်းကိုလိုက်ပို့ ဆေးခန်းပိတ်ချိန်ပြန်ခေါ် ကျွန်တော် အလုပ်က ဒါပါပဲ။ ကျွန်တော့် ဘဝမှာ ဘာမှမလိုဘူး တော်တော်များများပိုနေတယ်။ အပိုဆုံးကတော့ အချိန်တွေပဲ။ တလောကလုံး အုတ်အုတ်ကျပ်ကျပ် အလုပ်တွေရှုပ်နေကြတဲ့ အချိန်မှာ ကျွန်တော်က အချိန်တွေ ကုန်ဆုံးအောင် ကြံရဖန်ရတဲ့ အလုပ်ကိုလုပ်နေရတယ်။ ကျွန်တော်ပျော်သလားလို့မေးတယ်။ ကျွန်တော် ဘယ်လိုပြောရမယ် စိတ်ညစ်စရာ သောက မရှိတာကို ပျော်တယ်လို့ပြောရင်တော့ ကျွန်တော် ပျော်တာပေါ့။ ကျွန်တော့် အိမ်ထောင်ရေး သာယာသလားမေးရင်လည်း သာယာတယ်လို့ ဖြေရမှာပါပဲ။ ဘာပြသနာမှမရှိတာ အရာအရာ အဆင်ပြေချော့မွေ့နေတာကို သာယာတယ်လို့ ခေါ်ရင်တော့ ကျွန်တော့ အိမ်ထောင်ရေးဟာ သာယာနေတာပါပဲ။ သိပ်လှတဲ့ သီတာဟာ ကျွန်တော့်ကို သိပ်ချစ်တယ် ဆိုတာ ခံစားသိရှိလာရတယ်။ အဲဒီ အချစ်ကို သူဘယ်လို မွေးမြူယူသလဲ။ ကျွန်တော် ခုထိ မသိဘူး။ ကျွန်တော် သူ့ကို ချစ်သလား မခင်ပျို။ အဲဒီမေးခွန်းဟာ တစ်ကနေပြန်စတဲ့ မေးခွန်းမျိုးထက် ပိုတယ်။ တစ်ရဲ့ဟိုဘက် တစ်ရဲ့ရှေ့မှာ ဘာဂဏန်းများ ရှိသေးလဲ။ အဲဒီက စရမယ်။ ချစ်တယ်ဆိုတာ ဘာလဲ မခင်ပျို။ ချစ်တယ် ဆိုတာ ဘာလဲကိုမှ ရေရေရာရာ မသိပဲနဲ့ သီတာကို ကျွန်တော် ချစ်သလားမေးလိုက်ရင် အဆင့်ကျော်နေပြီပေါ့။ ကျွန်တော်ဘယ်လိုလုပ်ဖြေမလဲ။ ချစ်တယ်ဆိုတာ ရယူခြင်း ပိုင်ဆိုင်ခြင်း သစ်ခွပန်းပွင့်ကလေးလိုလှတဲ့ မသီတာကို ကျွန်တော် ရယူပြီး ပိုင်ဆိုင်ခဲ့ပြီး။ ကျွန်တော် သူ့ကို ချစ်သလား ကျွန်တော် သူ့ကိုချစ်သလား။ 

 ဟန်ဆောင်ခြင်းများကို အရည်ကျို၍ လောက၏နံရံအား သုတ်လိမ်း ညစ်ညမ်းစေသူကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြပါ။ ကျွန်တော့်တွင် မုသား ရင်နှင့်အပြည့်ရှိပါသည်။ အချစ်၏အစနှင့်အဆုံးကို မသိသေးသော်လည်း ဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွှဲမသွေဖြတ်သန်းသွားရကြောင်း ကျွန်တော် ကောင်းကောင်းသိပါသည်။ အမှန်စင်စစ် ဘယ်သူမှ ဘာမှမဟုတ်ကြပါ။  ထိုအချက်ကို သူကပင် စတင်တွေ့ရှိလေဟန်<ကားဝါ ဂိုက်ထုတ်သော ဇော်ဇော်အောင်သည် ဘာမှ မဟုတ်ပါ။ အချို့လူများ အစာမကြေသော ရောဂါရှိ၏။ သူတို့ပါစပ်မှ မာ့က်စ်ဝါဒလေချဉ်တတ်သော ရနံ့ရသည်။ တခါတရံစကားလုံးများသည် မြေကိုခွဲ၍ ဘွားခနဲပေါ်လာတတ်သည် နေ့ညဘယ်မှကမည်လဲ။  ညနေခင်းသည် ဆည်းဆာတို့အနှံ့ပြန့်လွှတ်နေ၏။ လက်ကိုတွဲဋ္ဋ ရဲရဲဆုပ်ကိုင်၍ ကျွန်တော်နှင့်အတူ အမိုးအောက် ကော်ရစ်ဒါစင်္ကြ ံတလျှောက် ရေညှိများဖြင့် ချောကျိလျက်။ မိုးစက်များ ထိတွေ့သောအခါ ရေအိုင်ထဲက ကံ့ကော်ရွက်များ။ ကျွန်တော့်လက်ကို ရဲရဲတွဲပါ။ ဉလေကတွင် အကောင်းဆုံးသတိရနေခြင်းသည် မေ့လျော့ထားခြင်းပင် ဖြစ်ကြောင်း လောကက ကျွန်တော့်အား ပြောကြားခဲ့သည်ကို မေ့သွားပြီ။ စုတ်ချာသော လဘက်ရည်ဆိုင်ကလေးမှာ သူ့ကိုချစ်ကြောင်းပြော၍ ကလောသို့ ခိုးယူထွက်ပြေားသွားချင်သည်ကို သူသိဖို့ကောင်းပါသည်။ လူတချို့ရင်ထဲမှာ မီးပုံးများရှိကြောင်း ယုံပါပြီ။ အနူပညာ ဆိုသည်မှာ သီတာရေစင်လို အေးမြသည်ဟု ဆိုစကားရှိသော်လည်း သီတာရေစင်ကို ကျွန်တော် မတွေ့မမြင်ဖူးပါ။ ကျွန်တော် ဘယ်ကလာဋ္ဋ ဘယ်ကိုသွားမည်လဲ။ ကျွန်တော်၏ ဆရာသည် ဇော်ဂျီဖြစ်သည်။ ဆရာရှေ့ကသွားပါ။ လောက၏ အစွန်အဖျားတနေရာ နဝမမြောက် တိမ်တိုက်ပေါ်တွင် ဆရာနှင့်ကျွန်တော် ဆုံပါမည်။ တောင်ဆီက မိုးတွေ ညို့လာပြန်ပြီ။ ဘယ်များရောက်နေသလဲ မခင်ပျိုရယ်။  မနလေးအသင်းနှစ်ပတ်လည် ဆုပေးပွဲရှိတယ်လို့ စိန်မြင့်ကပြောတယ်။ ကျွန်တော် မနလေးသား မဟုတ်ပေမယ့် မနလေးအသင်းကို စိန်မြင့်နဲ့သွားနေကျ။ အရက်သောက်၊ ဘိလိယက်ထိုး။ မခင်ပျိုကို စပယ်ရှယ် ဖိတ်ထားတယ်လို့လဲ ပြောတယ်။ ကျွန်တော့်ရင်ထဲ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်စမ်းပါ။ အချစ်ဆိုတာ ဘာမှန်းခုထိမသိသေးပေမယ့် မခင်ပျိုကျတော့ သိပ်ချစ်တယ်လို့ထင်နေတဲ့ ကျွန်တော် ဘယ်လောက် ဝမ်းသာလိုက်မလဲ။ မနလးအသင်းမှာ ယုဇန မခင်ပျို ကမယ်တဲ့။ ဖြစ်ချင်တော့ အဲဒီနေ့က ရက်အား သီတာကို ဆံပင်အလှပြင်တဲ့ဆိုင် လိုက်ပို့ရတယ်။ ကြိုလဲပြောမထားဘူး။ ဆိုင်မှာထားခဲ့ပြီး နောက်မှပြန်ခေါ်မယ်ဆိုလည်းမရ။ တခုရှိတာက သီတာဟာ ဒီလိုနှစ်ယောက်တည်း အတူနေရတဲ့ ရက်အားဆိုရင် ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံဘူး။ သူ့အလုပ်သွားတဲ့အခါလည်း ကျွန်တော်ကို တခါတည်းခေါ်သွားချင်တယ်။ တာနောယကဘီလူးလို လည်ပင်းမှာဆွဲပြီး ရွှေကြုပ်ကလေးထဲ ထည်းခခေါ်သွားချင်တယ်တဲ့။ ကျွန်တော့ကို ထည့်ခေါ်သွားနိုင်လောက်အောင် ဂျူတီကုတ်မှာ အိတ်ထောင်အကြီးကြီး ချုပ်တပ်ထားရကောင်းမလားလို့လဲ ပြောရဲ့။ ယောင်္ကျားကို မျက်စိအောက်က အပျောက်မခံချင်တာဟာ စိတ်မချတာလား၊ သိပ်ချစ်တာလား။  ကျွန်တော့်ကိုတော့ သူစိတ်ချတယ်။ ကျွန်တော်ကလည်း ဝီစကီသောက်တာရယ်၊ ဘိလိယက်ထိုးတာရယ်၊ ဘောလုံးပွဲကြည့်တာရယ်ကလွဲလို့ တခြား ရှုပ်ရှုပ်ပွေပွေမရှိပါဘူး။ ကျွန်တော့မှာ အငမတန်လှတဲ့ အင်မတန် စွဲမက်စရာကောင်းတဲ့၊ အင်မတန်တွတ်တီးတွတ်တာ လုပ်တတ်တဲ့ သီတာရှိနေပြီပဲ။ အဲလေ ဒါနဲ့ဆံပင် အလှပြင်ဆိုင်မှာထိုင်စောင့်နေလိုက်ရတယ်။ ပြီးတော့တခါ မိုးကုတ်က သူ့သူငယ်ချင်း တယောက် ရန်ကုန်လာလို့သွားတွေ့တယ် လိုက်သွားရတယ်။ အဲဒီ အမျိုးသမီးကိုခေါ်ပြီး ညစာစားတယ်။ ပြန်ပို့ရတယ် ည ကိုးနာရီကို ထိုးပါရော။  မခင်ပျိုနဲ့လွဲရတာ စိတ်ထဲမှာ မကောင်းလိုက်တာ။ဒါပေမယ့် ဘာတတ်နိူင်မှာလဲ။ မန္တလေး အသင်းနှစ်ပတ်လည်ပွဲ နှစ်ရက်ဆက်မလုပ်ဘူး။ မခင်ပျိုလည်း နှစ်ခါဆက်ကမှာမဟုတ်ဘူး။ ကျွန်တော် စိတ်မကောင်းလိုက်တာ ညိကိုးနာရီ အိမ်ပြန်ရောက်လို့ အိပ်တဲ့အထိ စိတ်ထဲမှာ ဘယ်ဘိုဖြစ်နေမှန်းမသိဘူး။ ဆယ့်တနာရီလောက် အိပ်ပျော်သွားတယ် ထင်ပါရဲ့။ အဲ ဆယ့်တနာရီထိ မခင်ပျိုနဲ့လွဲရတာ စိတ်မကောင်းဘူး။ အိပ်ပျော်နေတုန်းမှာ ကျွန်တော် အိပ်မက်မမက်တော့ဘူး။ အိပ်ပျော်နေတုန်းတော့ ဘယ်သတိရမလဲ။ မနက်မိုးလင်းတော့ ကျွန်တော်အမှန်ပြောရမလား မခင်ပျို ကျွန်တော် သတိမရတော့ဘူး။ 

 အိပ်ယာက နိူးလဲနိူးရော ငယ်ငယ်တုန်းက သူငယ်ချင်းတွေ စောစောစီးစီးပေါက်ချလာတယ်။ မြင့်သိန်းရယ်၊ ကျော်မောင်ရယ်၊ အေးကိုရယ်။ ငှက်ကျားရယ်၊ ဘသန်းတင်ရယ်၊ ကိုသန်းလွင်ရယ် ဘယ်သတိရဖို့ အချိန်ရှိတော့မလဲ။ နောက်ရက်တွေမှာလည်း ကျွန်တော် မေ့တေ့တေ့ဖြစ်နေတယ်။ တခါ တခါတော့ သတိရရဲ့။ ဒီလိုပါပဲလေ နောက် မခင်ပျို မန္တလေး ပြန်သွားတယ်ဆိုတာ ကြားလိုက်ရရဲ့။ ပြန်သွားတော့လည်း ပြီးသွားတာပဲ။ မိုးကုန်လို့ဆောင်းဦးပေါက်ပြီဆိုရင်ပဲ မန္တလေးမှာ အငြိမ့်ပွဲတွေခြိမ့်ခြိမ့်သဲတော့မယ်ဆိုတာ အသိကတော့ တနှစ်တခါပေါ်လာတတ်ရဲ့။ အဲလို အခါမျိုးမှာတော့ မခင်ပျိုကို သတိရတာတော့ မဟုတ်ပါဘူး။ တမ်းတမိတာ မခင်ပျိုကတာ ဆိုတာလေးတါကို ချမ်းချမ်းအေးအေး ဇာတ်စင်ဘေးက ငေးကြည့်နေချင်တဲ့ တမ်းတမှုမျိုး ဉာဉ့်နက်လာတာနဲ့အမျှ အအေးဓါတ်က ပိုလာတယ်။ ပွဲမပြီးပါစေနဲ့ ပွဲမပြီးပါစေနဲ့ဦးလို့ ရင်ထွဲျှာ လှုပ်ရှားရတဲ့အရသာ။ အဲဒါတွေကိုအစားထိုးလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီလောကမှာ ယုဇန မခင်ပျို နှစ်ယောက်မရှိလို့ပါပဲ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းမှာ မခင်ပျိုကို သိပ်တမ်းတမိတာပဲ။ လေထဲမှာ ဝဲပျံလွင့်မျောလာတဲ့ ပတ်မသံ၊ စခွံသံ၊ သံပတ္တလာသံ၊ ကြေးနောင်းသံ၊ အဲဒီအသံတွေမြှ နှင်းရည်စက်တွေ ခိုတွဲလို့ အဲဒီအချိန်မှာ ကျွန်တော်ဟာ ကျွန်တော့် အိပ်ခန်းထဲမှာ ဗီဒီယိုကြည့်နေတယ်။ အရပ်ရှည်တဲ့ ရွှေရောင် မိန်းကလေး ဆူန်အင်တန်ဟာ အားကစားဘောင်းဘီတိုကလေးနဲ့ အပြေးလေ့ကျင့်နေလေရဲ့။ သွယ်ပျောင်းတဲ့ ခြေတံရှည်ကလေးတွေ လှုပ်ရှားပြေးသွားနေတာ ကြည့်ရင်းနဲ့ မခင်ပျိုရဲ့ ထဘီအနားခတ်လိုက်ပုံ၊ ထဘီနားဖြူဖြူကြီးဝဲကျသွားပုံကို မြင်နေမိတယ်။ ကြည့်ပြီးသွားလို့ အိပ်ယာဝင်ကြတော့ တဘက်လှည့် အိပ်ချင်ယောင်တောင်နေတဲ့ သီတာရဲ့မေးရိုးကလေး ဖွဖွညင်သာနမ်းလိုက်တဲ့ အခါမှာတော့ မခင်ပျိုကို သတိမရတာအမှန်ပါပဲ။ ဒါပေမယ့် မခင်ပျိုရယ် ကိုယ့်ဘာသာ ကျိတ်ပြီး အကြိမ်ကြိမ် အခါခါမေးမိတဲ့ မေးခွန်းနှစ်ခု ကျွန်တော်ပြောပြမယ် အချစ်ပါတယ်မပါဘူး ဘာညာ မသိဘူး အခုတော့ သီတာ ကျွန်တော့ကို သိပ်ချစ်တယ် အိမ်ထောင်ရေးသာယာတယ် သီတာ့ကို ချစ်သလားမေးတအဲ့ ခါမျိုးမှာ အဖြေဟာတုံ့ဆိုင်းဝေ့၀ဲပြီးတော့ တခုခုကို မီးခိုးလုံးတွေ ဝေ့ဝိုင်းဖုံးအုပ် သွားသလိုမျိုး အဖြေပျောက်ကွယ်သွားတတ်တယ် မခင်ပျိုကို ချစ်သလားလို့မေးတဲ့အခါ အဖြေဟာ ပါးစပ်ဖျား နှုတ်ဖျား မရောက်ခင်ရင်ထဲက ဖြေပြီးသွားပြီ။ မခင်ပျိုကို ကျွန်တော် ချစ်တယ် ဘယ်လိုလဲရှင်လို့မေးမလို့လား မမေးနဲ့မခင်ပျို ချစ်တယ်ဆိုတာ ရှင်းပြဖို့မဟုတ်ဘူး။ သက်သေထူဖို့မဟုတ်ဘူး ရှင်းပြလို့လည်း ရချင်မှရမယ် ထူစရာသက်သေလည်း ရှိချင်မှရှိမယ် ရှိတယ်ထားဦး ယုံလောက်အောင်လည်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ချစ်တာဟာ ချစ်တာပါပဲ ချစ်တယ်ဆိုတာ ချစ်တာပါပဲ မခင်ပျို။ 

 နေဝင်ချိန် တိမ်တောက်ခြင်းသည် ကဗျာဖြစ်၏ အညိုရောင် မျက်မှန်ကိုင်းနောက်မှ မျက်လုံးများသည် ကဗျာဖြစ်၏ သူတောင်းစားအိုးကြီး၏ ဆုတောင်းသံသည် ကဗျာဖြစ်၏။ မစားရတာကြာပြီဖြစ်သော ကြက်သားဆီပြန်ဟင်းသည် ကဗျာဖြစ်၏ ဆယ်နှစ်ကြာမှ ပန်လာဆပ်သော အေ<ကးငါးကျပ်သည် ကဗျာဖြစ်၏ နှုတ်ခမ်းပါးလှပ်ပါးစပ်ပိတ်ထားသော အပြုံးသည် ကဗျာဖြစ်၏ အမေ၏ခေါ်သံသည် ကဗျာဖြစ်၏ အဖေကျိုပေးသော ရေနွေးကြမ်းတအိုးသည် ကဗျာဖြစ်၏ ခရမ်းရောင်သစ်ခွပန်းသည် ကဗျာဖြစ်၏ ဆံတိုပြတ်နှင့် သမီးလေးသည် ကဗျာဖြစ်၏ အော်ဟစ်ရယမောနေသော သူငယ်ချင်း၏ မျက်နှာသည် ကဗျာဖြစ်၏ စပါးခင်းသည် ကဗျာဖြစ်၏ အရာအားလုံးသည် ကဗျာဖြစ်၏ မခင်ပျိုသည် ကဗျာဖြစ်၏ ကဗျာ၏ ရည်ရွယ်ချက်နှင့် ရည်ရွယ်ချက်သို့ရောက်အောင် ပို့အောင်ပုံကို အပန်းတကြီး ရှာဖွေနေကြသော သူများ ကျွန်တော်နှင့်ကြမ်းသပြေးတည်း။ မထိုင်ပါနှင့်။ အပြင်ဘက်တွင် နူပျိုသော နှင်းဆီပန်းရနံ့များ ကြိုင်လှိုင်စွာ ကူးခတ်လွှင့်မျောလျှက်ရှိနေသည။် အခန်းတွင်းက အံဆွဲထဲမှာ ပိုးဟပ်တကောင်၊ ပျို့ဟောင်းတစောင်နှင့် ပင်အပ်တထုပရ် ှိသည်။ လူတယောက်သည် ကဗျာဆိုသော အရာကို စားမဖြင့် နူပ်နူပ်စဉ်း၍ ညကဗျာကောင်းသည်ဟု ပြောသည်။ 

 နောက်တယောက်က ကဗျာကို မတို့မသိ အဝေးကကြည့်၍ ကောင်းသည်ဟု ပြော၏။ ထိုလူနှစ်ယောက်စလုံးကို ကျွန်တော်က ကားစင်တင်၍ ကွပ်မျက်လိုက်ပြီး။ ကဗျာဆိုတည်မှာ မည်သူ့အတွက် ဖြစ်သည်ဟု မည်မျှပင် ပြောကြစေကာမူ ဉာဏ်တိမ်သူများအတွက် မဟုတ်သည်ကား သောချာ၏။ ညလဘက်ရည်ခွက်ကို ပြန်ယူသွားပါလေ။ ကျွန်တော်အိပ်တော့မယ် ပန်းပေါင်းတစ်ရာဆီဖျန်းပတ်၍ပြတင်းကို ဖွင့်ထားပါ။ ဟိုးလိမ်က အရာအားလုံးတွင် ကဗျာရှိသည်ဟု ပြောဖူးသည်။ 

 ဆန်းတော့အဆန်းသား။ လောကကြီးမှာ ဆရာဝန်တွေလည်း ဖျားတတ် နာတတ်ကြတာကိုး။ တနေ့ကဆို နည်းနည်းတော့ကြာပါပြီ။ မသီတာ ဖျားတယ် တော်တော်လေးဖျားတယ် အပူရှိန်ကြီးလွန်းလို့ထင်ပါရဲ့ နဖူးကလေးပေါ် ရေသဘက်ကလေးတင်ပေးရတဲ့အထိပါပဲ။ သူ့နဖူးကလေး ပေါ်မှာ ရေဆွတ်ထားတဲ့ မွှေးပွလက်ကိုင် ပုဝါလေး အသာအယာတင်ပေးရင်း သူ့မျက်နှာလေးကို ငေးကြည့်နေမိတယ် သိပ်သနားတာပဲ ကျွန်တော့်ရင်ထဲ အလိုလိုပြည့်ကျပ် ခွန်းသိပ်လာတယ် ငိုချင်သလိုလိုပဲ ဖြစ်နိုင်ရင် လူချင်းလဲပြီ ဝေဒနာ ခံလိုက်ချင်ပါတယ်။ တကယ်ပါ မသဲမကွဲညည်းညူပြီ ကယောင်ကတမ်းတွေတောင် ပြောလာတယ် မခင်ပျို ခေါင်းထဲမှာ မိုက်ကနဲဖြစ်ပြီး မျက်လုံးတွေပြာသွားတဲ့ အံ့သြမှုမျိုးကြုံဖူးလား။ လျှပစ်စစ်ဓာတ် အလိုက်ခံရသလို လန့်သွားတာလည်းပါမယ် မခင်ပျို။ မသီတာဟာ ကယောင်ကတမ်းနဲ့ အပူရှိန်ပြင်းပြီး ပြောချင်ရာ ပြောနေတဲ့ စကားတွေထဲမှာ ဘာပါဘာတယ်ထင်လဲ။ ကိုကိုတဲ့ မသီတာ ကျွန်တော့်ကို ကိုကိုလို့ခေါ်တယ် ကိုကိုတဲ့ ကိုကို မခင်ပျိုကို သိပ်ချစ်သလားတဲ့ ကျွန်တော့် တကိုယ်လုံး အစိတ်စိတ် အ>မာ>မာကွဲထွက် လွင့်စင်သွားသလို ခံစားလိုက်ရတယ် သူ့ကိုကိုဟာ မခင်ပျိုဆိုတဲ့ အငြိမ့်မင်းသမီးတယောက်ကို ချစ်နေတာ သူသိနေတာကို..... 

 အချစ်သည် ဤကမာလောကတွင် အကြီးကျယ်ဆုံးသော ဟုတ်ယောင် ထင်မှုဖြစ်ကြောင်း ကျွန်တော့်အား ပြောကြားသော ဒသနိကဗေဒ ပါမောက အိုကြီးသည် ကျောက်ဖြူသား လှေကားထစ်ပေါ်တွင်ထိုင်၍ ငိုက်မျဉ်းနေ၏။ ဘယ်ကစ၍ ဘယ်မှာဆုံးသည်လဲ။ အချစ်ဆိုသည်မှာ အစလားအဆုံး။ အစနှင့်အဆုံးဆိုသော စကားနှစ်ရပ်၏ အဓိပါယ်ကို တိတိကျကျ သိလိုလှပါသည်။ တောင်ပင်လယ် တိမ်စွန်များ မိုးတွေညို့လာပြန်ပါပြီ။ ဒီနေ့မနက် ဘာစားထားသလဲ။ လူအချို့ ကိတ်မုန့်စား၏ လူအချို့ ပီတိကိုစား၏ လူအချို့ အာလူးစား၏ လူအချို့ ကျော်ကြားမှုကိုစား၏ လူအချို့ မနာလိုဝန်တိမှုကိုစား၏ ဇော်ဇော်အောင်သည် မုသားများကိုစား၏။  ပုပ်အဲ့နံစော်နေသော ခံတွင်းကို ရှဲနယ်နံပါတ်(၅)ရေမွှေးဖြင့် ဆေးကော ပလုပ်ကျင်းလိုက်သော အခါ လောကသည် အတွေ့အကြုံရင့်ကျက်စွာ ပြုံး၏။ လူတွေအများကြီး သေဆုံးသွားကြပြီး။ သူတော်စင်တွေ၊ အာဇာနည်တွေ၊ သူရဲကောင်းတွေ၊ လူယုတ်မာတွေ၊ သစ္စာဖောက်တွေ၊ ဖန်တီးသူတွေ၊ ဖြည့်ဆည်းသူတွေ၊ ထည့်ဝင်သယ်ပိုးသူတွေ၊ ဖျက်ဆီးသူတွေ၊ အသရေယုတ်လျော့စေသောသူတွေ၊ ညစ်ညမ်းစေသူတွေ လူပေါင်းများစွာ သေကြေလှပြီ။ ဇော်ဇော်အောင်မသေသေး။ မသေသေးသမျှ နေသေးကြဦးပေါ့။ မျောက်အကောင် နှစ်ဆယ်သည် ရှင်သတမကျော်တောလားကြီးကို သံပြိုင်ရွတ်ဆိုနေကြသည် ကျွန်တော် ခွေးတကောင် မွေးရဦးမည်။ နာတာရှာ ကင်စကီကို စပါးကြီးေ>မတကောင် ရစ်ပတ်ထား၏ တခါတရံ ရယ်စရာဟာသများသည် မရယ်ရ။ အရယ်ရဆုံးဟာသသည် ကျွန်တော်၏ အချစ်ဖြစ်သည် ကျွန်တော့်တွင် အချစ်ဖြစ်သည် ကျွန်တော့်ကို အချစ်ဖြစ်သည် ကျွန်တော့်နှင့်အချစ်ဖြစ်တည် စနေဂြိုလ်၏ တတိယမြောက် ခါးပတ်ထဲမှာ ကျွန်တော်၏ ဒိုင်ယာရီ စာအုပ်ကို သိမ်းထားသည်။ အဝါရောင်တိုက်တလုံးက စောင့်နေပါ။ ကျွန်တော့်ကိုလိုက်၍ တုပနေသော သူများသည် ကျွန်တော်ဒ နောက်ကသာဖြစ်သည် အမှန်စင်စစ် ဘယ်သူမှ ဘာမှမဟုတ်ပါ။ (ဂျိမ်းဂျွိုက်စ်ဒယူလီဆီ၊ ၁၉၆၁ စာမျက်နှာ ၁၆၄) အမုန်း အချစ် အမည် ပညတ်များသာဖြစ်၏။ (စာမျက်နှာ ၂၈၅) အချစ်သည် အချစ်ကို ချစ်ရန်ချစ်၏။ (စာမျက်နှာ -

၃၃၃)ဝါ<ကွားဟန်ရေးပြလိုက်ခြစ်းသည် သရက်မျိုးကောင်း မှည့်မှည့် တလုံးထက်ချိုမြိန်၏။ ဂျက်ကေရိုဗက်၏ ဝတုကိုဖတ်ဖူးပါသလား။ ဗာနေကျလာနယ်ရေးတစ်နှင့်စထရီးအော့ ကွန်စီးရှပ်စ်နက် ကွဲကွဲပြားပြား ခွဲခွဲခြားခြားသိရဲ့လား။ ကျွန်တော်သည် အများသူငါ၏ မုန်းတီးအမြင်ကပ်ခံရခြင်းကို ဈေးကြီးလေ၍ ဝယ်ထားရပါသည်။  မခင်ပျိုရယ် ယုဇန မခင်ပျိုရယ် ကျွန်တော်ချစ်တယ်လို့ ထင်ထားတဲ့ အငြိမ့်မင်းသမီး ယုဇန မခင်ပျိုရယ်။ သတိရလိုက်တာ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ ခဏလေးနော် မသီတာ။  ချစ်စဖွယ် နူထွေးအိသော အပျိုမကလေးကို ပွေ့ချီ၍ ကျွန်တော် ချောင်းကိုဖြတ်ခဲ့သည်။ ချောက်တဘက်တွင် သူ့ကိုထားခဲ့သော်လည်း ကျွန်တော်နေသော နေရာအထိ လိုက်ပါလာသည်။ ထိုအခါ ချောင်းရေသည် စီးသွားပြီ။ အနူပညာလား အတတ်ပညာလား။ လူတချို့တောင် ပိနဲပင်အောက်တွင် အိမ်သလုံးဆောက်ရာ တိုင်မထူပဲ အမိုးမိုးနေကြသည်။ ကိုယ့်အလုပ်ကိုယ် ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ရုံနှင့်မပြီးသေး။ ကိုယ့်အလုပ်ကိုယ် သိကြဖို့လည်း လိုသေးကြောင်း ကျွန်တော် ပြောကြားခဲ့ခြင်းကို မှတ်သားဖို့မလိုပါ။ ဉာဏ်ပညာဖြစ်စေတတ်သော ကိတ်မုန့်တလုံးဖုတ်၍ ကျွေးချင်စမ်းလှသည်။ ကျွေးစမ်းချင်လှသည်။ အတင်းအဖျင်းပြောတတ်သူ တယောက်သည် ရွှေရောင် အကျီကိုဝတ်၍ လာနေပြီ။ ညံ့ဖျင်းစွာ ဖျော်ထားသော ကော်ဖီတခွက်ဟူသော စကားရပ်သည် မြန်မာ မဆန်ပါ။ သိသမျှပြောတတ်သူရှိသော်လည်း ပြောသမျှသိသူတွေလည်း လိုသေး၏။ လှုပ်ယမ်းနေသော သရက်ပင် ကိုင်းဖျားကို ခွေးဟောင်နေသည်။ လွယ်အိတ်ထဲက ပညာများသည် ကျိုးလဲ့တွန့်ကျေလျက် ရှိသည်။ အစီအစဉ်ကျနမှုဟူသော စကားရပ်၏ အဓိပါယ်ကိုလည်း ကျွန်တော်နားမလည်ပါ။ အစီအစဉ်ဆိုသည်မှာ ရှိနှင့်ပြီးသောအရာလာ၊ သဘောလား။ နောက်မှရှိလာတာလား။ တခါရှိလိုက်တာနဲ့ နောင်အမြဲတည်နေတာလား။ ဇော်ဇော်အောင်သည် ကာလ နှစ်ပါးလုံးတွင် အစီအစဉ် မရှိသူဖြစ်သည်။ အနာဂတ်ကာလအတွက် အစီအစဉ် ကြိုတင်ပြောရဲသော အာဂလူမိုက်များ ရှိပါသေးသလား။ ဆယ်နှစ်နာရီ သံချောင်းခေါက်သံကြားရသည်။ နေ့သစ်သို့ ကူးပြီ။ ထိုနေ့သစ်တွင် ကျွန်တော်နေမည်။ မည်မျှကြာကြာနေရမည်ကို ပြေပြထားရန် ကျွန်တော်ငြင်းဆန်ရလိမ့်မည်။  ဆောင်းဦးတခါ ရောက်ပြန်ပြီ လေထဲမှာ လွင့်မျောလာတဲ့ပတ်မသံ။ စခွံသံ၊ သံပတလားသံ၊ ကြေးနောင်းသံတွေဟာ နှင်းရည်စက်တွေ ခိုတွဲလို့ ရင်ထဲကို ဝင်လာတယ်။ ဖြူဖွေးတဲ့ မီးရောင်အောက်မှာ ထဘီနားဖြူဖြူကြီးဝဲလို့ပျံလို့။ အကျီမှာ ဘော်ကြယ်တွေ သက်တန့်ရောင်တလက်လက်နဲ့၊ ပုဏားကွယ်၊ ကတီပါ အစိမ်းစမှာ ညိုမှောင်တဲ့ လှိုင်းရိပ်တွေ ထနေတယ်။ ပွဲခင်ဘေး အကြော်ဖို ဆီဒယ်အုံးထဲက အနံသင်းသင်းလေး ဆီနံ့သင်းသင်းလေး၊ အေးမြနှင်းရည်နဲ့ စိုစွတ်တဲ့ မီးခိုးပြာပြာတွေ ဇာတ်စင်အထက်က မီးရောင်ထဲမှာ ပျံတတ်နေတယ်။ ကဗျာတွေ အလှအပတွေ ရုံးတွင်းချဉ်ဆီထဲ ဝင်နေကြတယ်။ ကပါ၊ ဆိုပါ။ ကတယ်ဆိုတယ်ဆိုတာ အနူပညာရှင်တွေရဲ့အလုပ်ပါ ကကြပါ ဆိုကြပါ အဲဒါတွေအားလုံးကို ဧရာဝတီမြစ်ထဲမှာ ထည့်သိမ်းထားလိုက်မယ် ဘယ်တိုင်းပြည် ဘယ်လူမျိုးကမှ ဘာမှ လုပ်ကိုင်လို့မရပါဘူး။ ဘယ်သူလာလို့မှ ဖျက်ဆီးလို့မရပါဘူး ဘယ်သူလာလို့မှ ပြောင်းလဲပစ်လို့ မရပါဘူး မခင်ပျို။ ကဗျာများ၊ အလှအပများနှင့် မခင်ပျို ဧရာဝတီမြစ်ထဲမှာရှိသည်။ 

 အငြိမ့်မင်းသမီး ယုဇန မခင်ပျို၊ ဆရာဝန် ဒေါက်တာ မသီတာနှင့် ဘာမှအသုံးမကျသော ဇော်ဇော်အောင်တို့ သုံးယောက် ကွယ်လွန်သွားကြသောအခါ သူတို့ သုံးယောက် အသက်ရှင်၍ ကျန်ရစ်ခဲ့လေသည်။


ဇော်ဇော်အောင်  

Related Posts

No comments:

Post a Comment